Thursday, December 6, 2012

မထင်မှတ်ဘဲ လုပ်ဖော်ကိုင်ဖက် ဖြစ်လာတဲ့ ခေါင်းဆောင်နှစ်ဦး

by Myanmar Online News on Thursday, December 6, 2012 at 1:08pm ·
ကတ်ကင်းဘဲလ် တစ်နေ့သောအခါမှာ နိုင်ငံရေးမဟာမိတ်တွေ ဖြစ်လာကြမယ်လို့ ဘယ်သူမှ ထင်
မထားခဲ့ကြတဲ့ ခေါင်းဆောင်နှစ်ဦးဟာ ယခုအချိန်မှာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်
အရှိန်အဟုန် နဲ့ ဦးဆောင်မောင်းနှင်နေကြပါပြီ။

တစ်ဦးကတော့ အထူးအံ့ဩစရာမလို ပါဘူး။ အာဏာရှင်တွေရဲ့ ဖိနှိပ်စိုးမိုးမှု တွေကို အကြမ်းမဖက်
တဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန်ခဲ့လို့ တစ်ကမ္ဘာလုံးရဲ့ အတုယူအားကျစရာဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်း
စုကြည်ပါပဲ။ အခြားတစ်ဦးကတော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ သမ္မတ
ကြီးဦးသိန်းစိန်ပါ။

ဆယ်စုနှစ် ပေါင်းများစွာ မြန်မာနိုင်ငံကို လူ့အောက် သူ့အောက်ကျပြီး ဆင်းရဲမွဲတေတဲ့ဘ၀ ရောက်
အောင် လုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်အုပ်စုတွေထဲက တစ်ယောက်ပဲဖြစ် ပေမယ့် တိုင်းပြည်ကို လမ်း
ကြောင်းသစ်ဆီ ဦးတည်ဆွဲခေါ်သွားရဲလောက်အောင် သတ္တိနဲ့ ပြည့်စုံတဲ့ ဗိုလ်ချုပ်ဟောင်း
တစ်ယောက်ပါ။ ဒီလိုအစဉ်အလာမရှိတဲ့ ဖြစ်ခေါင့် ဖြစ်ခဲ ပူးတွဲမိတ်ဖက်မှုကို သူတို့နှစ်ဦးစလုံး
ဘယ်သူကမှ ရှာဖွေကြံဆခဲ့ကြတာ မဟုတ်ပေမယ့် သူတို့နှစ်ဦးဟာ မမျှော်လင့်ဘဲ ရာစုနှစ်တစ်ဝက်
လောက်အတွင်း မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် ဖြစ်လာခဲ့ပါတော့
တယ်။

ဒုတိယကမ္ဘာစစ်မဖြစ်မီက အာရှရဲ့ ဆန်အိုးကြီးလို့တင်စားပြောဆိုခံခဲ့ရပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံ
သားတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကြွယ်ဝချမ်းသာမှု အဆင့်အတန်းဟာ ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် ကိုလိုနီအမွေဆိုးတွေဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုများအကြားခါးသီးမှုတွေနဲ့ စစ်အေးကာ
လ အတွင်း ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားပြိုင်မှု၊ သဘောတရားရေး
မဟာမိတ်နောက်လိုက် စုရုံးမှုတွေ ရှိနေခဲ့ရာ မဟာဗျူဟာ အနေအထားမှာရှိနေတဲ့ မြန်မာနိုင်ငံဟာ
မလွှဲသာ မရှောင်သာ လူးလိမ့်လိုက်ပါခဲ့ရပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကိုမပြိုကွဲအောင်၊ ပြည်ပစိုးမိုးမှု ပုံစံမျိုးစုံဘေးမှ
ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို တလွဲတချော်
အုပ်ချုပ်လာခဲ့ကြရာမှာ တိုင်းပြည်ဟာ ပျက်စီးခြင်းငါးပါး ဆိုက်ခဲ့ရပါတော့တယ်။

၂၀၀၉ ခုနှစ်လောက်မှာ တကယ့်အပြောင်းအလဲရဲ့ မြင်သာတဲ့လက္ခဏာဆိုလို့ အနည်းငယ်သာ
တွေ့ခဲ့ရတယ်။

ဒါပေမယ့် သမ္မတအိုဘားမားကတော့ မြန်မာနိုင်ငံ အထီးကျန်ဘ၀က ထွက်လာအောင် အစမ်း
သဘောနဲ့ လေ့လာရေး ကြိုးပမ်းမှု ပြုလုပ်ခဲ့တယ်။

၂၀၁၀ ပြည့်နှစ် အစောပိုင်းက ကျွန်တော့ရဲ့ ပထမဦးဆုံးခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ
ထဲမှာ နံပါတ်(၄) အဆင့်ရှိပြီး ၀န်ကြီးချုပ်တာဝန်ယူထားတဲ့ ဦးသိန်းစိန်တို့ နှစ်ဦးစလုံးနဲ့ တွေ့ဆုံခွင့်ရ
ခဲ့ပါတယ်။

သူတို့နှစ်ဦးကြား ခြားနားမှုကတော့ သိသာထင်ရှားလှပါတယ်။ စစ်အေးကာလက ရုရှားတွေ တည်
ဆောက်ပေးခဲ့တဲ့ အင်းလျားလိတ်ဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုခဲ့ ပါတယ်။

သူမကို သူမရဲ့ နေအိမ်အကျယ်ချုပ်ကနေ အင်းလျားလိတ်ဟိုတယ်ကို ခေါ်လာခဲ့ကြတာ ဖြစ်ပါ
တယ်။

ကျွန်တော်တို့ သုံးနာရီလောက် ဆွေးနွေးပြောဆိုခဲ့ကြရာမှာ မြန်မာနိုင်ငံ ခေတ်သစ်ရောက်ဖို့ သူမရဲ့
မျှော်လင့်ချက် တွေအကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒေါ်စုက တော့ အတော်စိတ်ဓာတ်တက်ကြွစရာ ကောင်းပါတယ်။ အရှိ
ကို အရှိအတိုင်း ရှိနေတဲ့ အခြေအနေကြီးမှာတောင် သူမရဲ့ အကောင်း မြင် စိတ်ဓာတ်နဲ့ သံမဏိ
အဓိဋ္ဌာန်တွေ ထင်ဟပ်နေတာ တွေ့ခဲ့ရတယ်။

နေအိမ်အကျယ်ချုပ်နဲ့ နှစ် ၂၀ လောက် နေခဲ့ရ ပေမယ့် အထင်နဲ့အမြင် တခြားစီဖြစ်လောက်အောင်
နိုင်ငံတကာဖြစ်ပေါ်တိုးတက်မှုတွေကို ဆုပ်ဆုပ်ကိုင်ကိုင် နားလည်သိရှိနေတာ တွေ့ရတယ်။

ဘီဘီစီ ကမ္ဘာတစ်လွှားအစီအစဉ်နဲ့ ဗီအိုအေ အသံလွှင့်ဌာနတွေကို နေ့စဉ် ပုံမှန် နားထောင်ရင်း အဲဒီ
အချိန်က စိတ်ကူးလို့တောင်မရပေမယ့် ယခုအချိန်မှာ သူမပါဝင်လုပ်ဆောင်နေရတဲ့ အခန်းကဏ္ဍ
အတွက် ပြင်ဆင်နေသလို နိစ္စဓူဝ အိမ်တွင်းအကျဉ်းသားဘ၀ကို အသေးစိတ်ပြောပြခဲ့ပါတယ်။

နောက် တစ်နေ့ ထွက်လာတဲ့ အစိုးရသတင်းစာမှာ ကျွန်တော့အလည်အပတ်ခရီး ဖော်ပြတဲ့ ဓာတ်ပုံ
မှာ ဒေါ်စုရဲ့ပုံကို ဖြတ်ထုတ်ထားလိုက်ကြတော့တာပါပဲ။

ဦးသိန်းစိန်ကို ကျွန်တော် နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့
ကျွန်တော်တို့ ရဲ့ ကမ်းလှမ်းမှုကို ဘယ်လိုမှမတုံ့ပြန်ခဲ့ကြ သလောက်ပါပဲ။

အဲဒီတုန်းက သူနဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ပြောဆိုဖို့ကိုသော်
လည်း ကောင်း၊ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ဖို့ကိုသော်လည်းကောင်း၊ ဆန္ဒရှိတဲ့ လက္ခ
ဏာတစ်စုံတစ်ရာ မပြခဲ့ကြပါဘူး။

သံလွင်ရွက်အစိမ်းရောင် စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ ဗိုလ်ချုပ်သိန်းစိန်ကို တည်ကြည်သိမ်မွေ့
သော၊ ဖြစ်နိုင်စရာ အလားအလာမရှိသော အာဏာရှင်ဆန်ဆန် ခေါင်းဆောင် တစ်ဦးလို့သာ ထင်ခဲ့
ရပါတယ်။

အဲဒီ ပထမဆုံး တွေ့ဆုံခဲ့ရတဲ့ပွဲမှာ သူ့ရဲ့ သတိထားတဲ့ စစ်မူဟန် စစ်လေသံတွေနဲ့ဆို တော့ အခုလို
ခေတ်ပြောင်းသမ္မတ တစ်ယောက်အဖြစ် သူ့ရဲ့ခေတ်၊ သူ့ရဲ့ အချိန်ကို သက်ဝင်လှုပ်ရှားလာစေမယ့်
ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်တွေရှိတဲ့ လက္ခဏာ လုံးဝမပြခဲ့ပါဘူး။

နောက် သုံးနှစ်အကြာ၊ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် ၄၀
အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ပြည်ထောင်စုကို အလည်အပတ်ရောက် လာပါတယ်။

ဒီတစ်ကြိမ်မှာတော့ အသစ်စက်စက် မြန်မာ့လွှတ်တော်ရဲ့ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခံ
လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရောက်လာတာပါ။



သူမဟာ တခြားဂုဏ်ပြုဆုပေါင်းများစွာအပြင် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ကို လက်ခံရယူရန်
လည်း ကောင်း၊ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်လည်ဆက်သွယ်ပြီး နိုင်ငံတကာ
အသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေးမှုကို ရရှိဖို့ကိုလည်းကောင်း အမေရိကန်ကိုလာတာဖြစ်ပါတယ်။

ဒေါ်စု အမေရိကားမှာ ရှိနေတုန်းမှာပဲ သမ္မတကြီးဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု၊ နယူး
ယော့ခ်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ ရောက်လာပါတယ်။

မြန်မာ့ထိပ်သီးခေါင်းဆောင်ထဲက အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတာ ဆယ်စုနှစ်ပေါင်းများစွာ
အတွင်း သမ္မတဦးသိန်းစိန်ဟာ ပထမဆုံး နိုင်ငံ့ အကြီးအကဲပါပဲ။
အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့လည်း တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

"မြန်မာအစိုးရနဲ့ ပြည်သူတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို နောက်
ကြောင်းပြန် မလှည့်နိုင်တော့ဘဲ အသေအချာ လက်ဆုပ်လက်ကိုင် ခြေလှမ်းတွေနဲ့ သွား နေကြပါ
ပြီ" လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။

နယူးယော့ခ်မှာရှိနေတုန်း သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးခြားတွေ့ဆုံခဲ့ကြပါ
သေးတယ်။

ဒီအရင်ကလည်း ၎င်းတို့နှစ်ဦး အလားတူအကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပါတယ်။ သူတို့ နှစ်ဦးရဲ့ မိတ်ဖက်
ဆောင်ရွက်မှုဟာ ဖြစ်နိုင်စရာ အလားအလာမရှိတဲ့ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါ။

ဒါပေမယ့် နယူးယော့ခ်မှာ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုက သူတို့နှစ်ဦးနဲ့ သူတို့တိုင်းပြည် ဖြတ်သန်း
လျှောက်လှမ်း ပြီးခဲ့တဲ့ခရီးကို အထင်အရှားပြသနေပါတယ်။

သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ၂၀၁၁ ခုနှစ် နွေဦးရာသီတုန်းက ခမ်းခမ်းနားနားကြီး မဟုတ်လှဘဲ
သာမန်မျှသာဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့အိမ်မှာ သမ္မတကတော်က ဒေါ်အောင်ဆန်းစုကြည်ကို
တည်ခင်းကျွေးမွေးခဲ့တဲ့ ညစာစားပွဲနဲ့ အစပြုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနေ့က ညစာစားပွဲရဲ့ အထက်နံရံမှာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့
ဖခင် ဦးအောင်ဆန်းရဲ့ ပုံတူပန်းချီကားကြီးကို ချိတ်ဆွဲထားပါတယ်။

မြန်မာနိုင်ငံ ပြန်လည်မွေးဖွားရေးအတွက် သူတို့ရဲ့မျှော်လင့်ချက်တွေကို မြေစမ်းခရမ်းပျိုး၍ သတိ
ကြီးစွာထားရင်း မျှဝေခဲ့ကြပါတယ်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီးနောက် မြန်မာ နိုင်ငံမှာ
ဖြစ်ပေါ်လာခဲ့တဲ့၊ အသက်ရှူ မှားလောက်တဲ့ အပြောင်းအလဲတွေကိုအဲဒီနေ့က ပထမဆုံးတွေ့ဆုံမှုနဲ့
အစပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး သမ္မတ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေး
ခဲ့တယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုရုံးခွင့်၊ လှုပ်ရှားခွင့်အပေါ် တင်းကျပ်တဲ့ အကန့်အသတ်
တွေကို လျှော့ပေးခဲ့တယ်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေနဲ့ အပစ်အခတ်ရပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်း
ဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာမပေးဘဲ
၂၂ နှစ်ကြာအောင် ဖိနှိပ်ထားခဲ့ရာမှ ရွေးကောက်ပွဲမှာ ပြန်လည်ပါဝင်အရွေးခံခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ ရုတ်တရက် ပွင့်လင်းသွားတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေ အမျိုးမျိုး
ဖွင့်ဆိုခဲ့ကြတယ်။

ပထ၀ီနိုင်ငံရေးကအစ လျော့ပါးမသွားတဲ့ တစ်ကမ္ဘာလုံးရဲ့ ဖိအားပေးမှု အဆုံးပေါ့။ ဒါပေမယ့်
ကျွန်တော် ယုံကြည်တယ်။ ထူးခြားတဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတွေက အများကြီး
စကားပြောလိမ့်မယ် ထင်တယ်။

အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ထဲက အဓိကမဟာမိတ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်
နဲ့ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်တွေရဲ့ ရုန်းကန်မှု အမှောင်ဆုံးကာလမှာ သူတို့ဘက်က မားမား
မတ်မတ် ရပ်တည်ခဲ့တယ်။

ဒါကြောင့် အဆုံးတစ်နေ့ စစ်အစိုးရက အလျှော့ပေးလာရတဲ့အချိန်မှာ မြန်မာ ပြည်ကို ကျွန်တော်တို့
ကူညီမယ်ဆိုတာ သူမ သိနားလည်ထားတယ်။

လမ်းအိုလမ်းဟောင်းကြီးကို အလွန် ကွဲပြားခြားနားတဲ့ နည်းလမ်းနဲ့ မှောက်သွန်ပစ်ဖို့ လိုအပ်နေတဲ့
အချိန်မှာ ဦးသိန်းစိန် ရောက်လာတာပါပဲ။

ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ်အဖြစ်နဲ့ ပြင်ပကမ္ဘာက ဒေသတွင်း အိမ်နီးချင်းမြို့တော်တွေဆီ ရောက်
သွားတယ်။ ဒီမြို့တော်တွေဟာ တစ်ချိန်က နိုင်ငံတကာစာရင်းဝင် ရန်ကုန်မြို့တော်နဲ့ယှဉ်ရင်
ဆင်းရဲနုံချာတဲ့ မြို့တွေသာ ဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာ တက်ကြွတောက်ပနေတဲ့ ခေတ်မီမြို့တော်
တွေ ဖြစ်နေကြပြီဆိုတာ မြင်တွေ့သွားတယ်။

မြန်မာနိုင်ငံ ဆုံးရှုံးပျက်စီးခဲ့ရတယ်ဆိုတာ ငြင်းလို့မရအောင် သိသာထင်ရှားနေပါပြီ။ ကမ္ဘာ့အလယ်
မှာ အပယ်ခံနိုင်ငံတစ်နိုင်ငံ ဖြစ်နေလို့ အာဆီယံနိုင်ငံတွေအဖို့ အနေရခက်နေပြီး ကာကွယ်ပြောဆို
ပေးဖို့ အခက်တွေ့ နေကြပါတယ်။

ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ကို ဆက်လက်ရှင်သန်အောင် ထိန်းထားဖို့ တော့ ခက်ပါလိမ့်မယ်။
တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် နက်ရှိုင်းတဲ့ မယုံကြည်မှုတွေနဲ့ ခါးသီးမုန်းတီးမှု တွေကို
ဘေးဖယ်ပြီး သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတ္တိရှိတဲ့ နမူနာ ရှေ့ဆောင်
လမ်းညွှန်မှုတွေကို ပြည်သူအားလုံး လိုက်နာလုပ်ဆောင်နိုင်မှုအပေါ်မှာ မူတည်ပါမယ်။

ဒီခေါင်းဆောင်နှစ်ဦးဟာ ကောင်းမွန်တဲ့ အနာဂတ်အပေါ်မှာ သူတို့ဘ၀တွေကို ပုံအောထားခဲ့ကြတာ
မို့ သူတို့ရဲ့ ယူနီဖောင်းတွေကို ခွာချခဲ့ကြပါတယ်။

ဒေါ်စုက အပြည်ပြည်ဆိုင်ရာ သူတော်စင်ဝတ်ရုံလွှာကို ခွာချခဲ့ပြီး ဦးသိန်းစိန်ကတော့ သူ့ကို ဒီရာထူး
အာဏာတွေဆီ ပို့ဆောင်ပေးခဲ့တဲ့ စစ်ဘက်ဆိုင်ရာအဆောင်အယောင်ဝတ်ရုံကြီးကို ခွာချခဲ့တာပါပဲ။

ဒီလို အဆောင်အယောင် အပေါ်ဝတ်ရုံလွှာတွေကိုခွာချလိုက်ကြတော့ သူတို့ နှစ်ဦးဟာ သာမန်နိုင်ငံ
သား မျိုးချစ်တွေအဖြစ်နဲ့ ညီတူညီမျှ တွေ့ဆုံခွင့်ရပြီး မြန်မာနိုင်ငံသစ်အတွက် ကြိုးပမ်း ရုန်းကန်
လာနိုင်ကြပြီပေါ့။

ဒီလိုလုပ် ဆောင်ကြရင်း ကျွန်တော်တို့ အပါအ၀င် တစ်ကမ္ဘာလုံးကို စိတ်ဓာတ်တက်ကြွ အားရ
ကျေနပ် ၀မ်းမြောက်ကြစေမှာ အမှန်ပါပဲ။

ကိုကို ဘာသာပြန်သည်။

(ဆောင်းပါးရှင် ကတ်ကင်းဘဲလ် (Kurt M. Campball) သည် အမေရိကန် ပြည်ထောင်စုအစိုးရ
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။)
Myanmar Times

လက်ပံတောင်းအရေးကိစ္စ ဓာတုပစ္စည်း သုံးမသုံး စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား

DVB TV News
လက်ပံတောင်းအရေးကိစ္စ စုံစမ်းစစ်ဆေးတဲ့နေရာမှာ ဓာတုပစ္စည်း သုံးမသုံး ကို ပြင်ပ ပ ညာ ရှင်တွေနဲ့ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ရိုက်ကူး ဇေကြီး



https://www.facebook.com/#!/photo.php?v=232311130235163

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အကြောင်း မှတ်တမ်း

DVB TV News
06122012THU ။
မောင်တူးတင်ဆက်။ ရိုက်ကူး ဒီဗွီဘီ သတင်းထောက်များ။





https://www.facebook.com/#!/photo.php?v=10151286383173535

လက်ပံတောင်းဒေသက သံမဏိမယ်

Monywa Times

လက်ပံတောင်းဒေသက သံမဏိမယ်လို့ ၀ါရှင်တန်ပို့စ်က အမည်ပေးလိုက်တဲ့ ၀က်မှေးရွာသူမသွဲ့သွဲ့ဝင်တစ်ယောက် ဆန္ဒပြ သံဃာတော်များကို ဤကဲသို့ ကန်တော့နေပုံကိုမြင်လိုက်ရတာပါ။

ကျွန်မတို့ ကျောမွဲလူတန်းစားတောင်သူတွေဆိုတာ နေလယ်နေ့ခင်း လူမြင်သူမြင်အချိန်မှာပဲ ရဲရဲဝံ့ဝံ့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်.. သတ္တိရှိတဲ့သူတွေဆိုရင် လူမြင်သူမြင်အချိန်မှာ သပိတ်စခန်းကိုဖြိုခွဲပါလားတဲ့..။ ဒီကိစ္စက သူရဲဘောကြောင်းတဲ့ကိစ္စရပ်ဖြစ်တာကြောင့် .. အနာဂတ်တိုင်ပြည်အတွက်စိုးရိမ်မိရပါတယ်ဟု လက်ပံတောင်းသံမဏိမယ်ကပြောဆို။

သံမဏိမိန်းမသားနှစ်ဦး ဖြစ်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း တို့အကြောင်း နယူးယော့ခ်တိုင်းမ် New York Times သတင်းစာကြီးကပါ ဖွင့်ချချီးကျူးရပေပြီ။

အက်စ်ဒြပ်တွေပျော်ဝင်နေတဲ့ လက်ပံတောင်းတောင်ဒေသအနီက ကံကုန်းကျေးရွာလေးကမရှိမဲပရှိမဲ့ အငှားကျောင်းစားနေရတဲ့ သိုးကျောင်းသားလေးဟာ ဒီနေ့မှာပဲ သူ့ရဲ့သိုးအိုအုပ်က ကြေးစင်တောင်က ထွက်ရှိလာတဲ့ အက်စ်ဒြပ်ပျော်ဝင်နေတဲ့ရေတွေကိုသောက်မိရာက သိုးလေးနှစ်ကောင်သေဆုံးသွားရတယ်။ သိုပိုင်ရှင်ထံကိုသူဘယ်လိုလုပ်ပြီးပေးလျော်ရမလဲဆိုတာကိုတွေးတောရင် ငိုနေမိတယ်တဲ့။ ကြေးနီထုတ်လုပ်ရေးဦးပိုင်းကတော့ သူတို့ဆီကထွက်ရှိတဲ့ရေတွေဟာ ကောင်းရေသန့်တွေပါတဲ့.. ကဲစဉ်းစားကျပေတော့။

ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ဒီလိုဖျက်အားပြင်း မီးလောင်ဗုံးကိုသုံးစွဲဖို့စေခိုင်းခဲ့သူတစ်ယောက်ရဲ့နောက်ကွယ်မှာ အရိပ်မဲကြီးတစ်ခုလိုက်ကောင်းလိုက်နေလောက်ပါပြီ..

လက်ပံတောင်းဒေသက ချစ်စရာကလေးတွေပါ..။

သဘာဝပတ်ဝန်းကျင်အကြောင်းကိုဘယ်လောက်သိသလဲဆိုပြီးစမ်းသပ်ကြည့်ခြင်လို့ စကားတစ်ခွန်ပြောကြည့်တယ်" မင့်တို့ရဲ့ရွာထဲက ဟောဒီသစ်ပင်ကြီးကို ကြေးနီစီမံကိန်းက မြေထိုးကားနဲ့လာတိုရင် မင့်တို့ဘာလုပ်မလဲလို့မေးကြည့်ပါတယ်" ကလေးတွေက စကားနဲ့ပြန်ပြီမဖြေကြပါဘူ။ ဒီဓာတ်ပုံလေးပဲအပြေးရိုက်လိုက်မိရပါတယ်

ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး - ၂

"Beyond the Women" ‎"Beyond the Women"

ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး - ၂

မေး။ ။ လက်ရှိတက္ကသိုလ် ပညာရေးကိုရော ဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။
...
ဖြေ။ ။ ဒါကတော့ အမေတစ်ယောက်တည်း ပြင်ဆင်မှာလည်း မဟုတ်ဘူး၊ ဒါအားလုံးကျွမ်း ကျင်တဲ့ သူတွေ ၊ တကယ်စိတ်ပါဝင်စားတဲ့ သူတွေ နဲ့ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စပါ၊ အဓိကကတော့ တက္ကသိုလ်ပညာရေး ဆိုတာက ကျယ်ပြန့်ရမယ်၊ နက်နဲရမယ်၊ တက္ကသိုလ် ပညာရေးဆိုတာ ဒီ လူငယ်တွေကို ဘဝစိန်ခေါ်ချက် တွေကို ရင်ဆိုင်နိုင်အောင်လို့ သင်ပေး တာပဲ ဖြစ်ရမယ်၊ ဒီလိုဘွဲ့ တံဆိပ်လေး ရရုံနဲ့မရဘူး၊ ဒါကြောင့်မို့ အမေ့တို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝ ရှင်သန်ရေးပေါ့နော်၊ campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမှာ ဒီလိုဘဝ စိန်ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ တတ်လာမယ် ၊နောက်ပြီးတော့ Social Skill လူမှုရေး ကျွမ်းကျင်မှု တွေလည်း ရလာတာပေါ့၊ Lecture တွေ ကိုလည်း အခန်းထဲမှ မဟုတ်ဘူး၊ ကျောင်းခန်းထဲမှ ရတာ မဟုတ် ဘူး၊ ကျောင်းပြင် ကလည်းရတာ၊ အဲဒီအတွက် ဦးတည် ပြီးတော့ တက္ကသိုလ် ပညာရေးကို ပြန်ပြီးထူထောင်ရမှာ ပါ၊

မေး။ ။လက်ရှိ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ် တွေကြားထဲမှာ အားရကျေနပ်မှု ရှိပါသလား၊ မြင်ရတာရော၊ ကြားရတာရောတွေ့ရ တာရောပေါ့။

ဖြေ။ ။ အားရကျေနပ်မှုရှိပါတယ်၊ အမေတို့ ဒီကြားဖြတ် ရွေးကောက်ပွဲ အတွက် စည်းရုံးတဲ့အခါ လူငယ်တွေ တက်ကြွစွာ ပါဝင်လာကြတယ်၊ လူငယ်တွေမှာ အန္တရာယ်တော့ ရှိတာပေါ့နော်၊ လူငယ်ဆိုတော့ စိတ် က နုသေးတာပေါ့၊ စိတ်ကနုတဲ့ အခါကျတော့ တစ်ခါတစ်ခါ ဆွဲဆောင်ရာကို ပါသွားတတ်ကြတယ်။ အဲဒါကတော့ လူငယ် တွေ မပြောပါနဲ့ လူကြီးတွေ တောင် စိတ်ကခိုင်မာတာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေမှာ အပြစ်ကြီး တယ်လို့တော့ အမေမမြင်ဘူး၊ ဒါပေမဲ့ ဒါကို ထိန်းကွပ်ဖို့တော့ အရေးကြီးတာပေါ့၊

မေး။ ။အရှေ့တောင်အာရှ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ယောက်ျား မိန်းမ ခွဲခြားဆက်ဆံမှု နည်းတယ်လို့ပြောကြတယ်၊ အဲဒါမှာ အမေ့ အနေနဲ့ ဘယ်လို သုံးသပ် ထားတာ ရှိပါသလဲ၊ အဲဒါလေး ပြောပေးပါ။

ဖြေ။ ။ နည်းတယ် ဆိုပေမယ့်လည်း ရှိတော့ရှိ သေးတာပဲ ၊ယောက်ျား မိန်းမ ခွဲခြားမှုဟာ ရှိသေးတာပဲ၊ အမြဲပဲပြောတယ်၊ ဟို…သားကို သခင်၊ လင်ကိုဘုရား.. ဆိုတာဒါ ဘယ်လို အဆို လဲ (ပြုံးလျက်) လုံးဝ လက်မ ခံနိုင်ဘူး။ ဒါလက်ခံ နိုင်တဲ့ဟာ မဟုတ်၊ အဲဒါဆိုရင် ခွဲခြားမှု ရှိတယ်ဆို တာတွေပဲ၊ နောက်ပြီးတော့ ကျန်းမာရေး အရ လေ့လာ လိုက်တဲ့အခါဆိုရင် .။ ချို့တဲ့တဲ့ မိသားစုတွေထဲမှာ အာဟာရဓာတ် မပြည့်ဆုံးက အဲဒီ အမျိုး သမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်၊ သူ့ရဲ့သားသမီးတွေ၊ သူ့ရဲ့ ခင်ပွန်း သည် အတွက် အမြဲပဲ ဦးစားပေးတယ်၊ သူက အကျန်လေးတွေကို စားတယ်၊ အသားနှစ်တုံး သုံးတုံးရှိတယ် ဆိုလို့ ရှိရင်လည်း သူက မစားဘူး။ ကျန်တဲ့ မိသားစုတွေ ကျွေးတယ်။ စသဖြင့် နောက်ပြီးတော့ မိသားစု တော်တော် များများမှာလည်း သားယောက်ျားလေး တွေကို မျက်နှာသာပေးတာ ခုထက်ထိ ရှိနေပါတယ်။ နောက်ဆေး တက္ကသိုလ်ကိစ္စ အမေ ခဏ ခဏ ပြောတာလေ ။ အမှတ် ..၊ မိန်းကလေးတွေဆို အမှတ်ပိုများဖို့ လိုတယ် ဆိုတာ၊ ဒါလည်း မိန်းမ ယောက်ျားခွဲခြားဆက်ဆံမှုပဲ။

မေး။ ။ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ဟာ သူ့ရဲ့မိသားစု အပေါ်မှာ တာဝန်ကျေဖို့ရာနှုန်းအားဖြင့် ဘယ်လောက် ရှိမယ် လို့ အမေ ယူဆပါသလဲ။

ဖြေ။ ။ ဒါကတော့ ကိုယ်က ဆုံးဖြတ်ရမှာပေါ့။ တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစု တာဝန်ကိုယူမှာလား၊ ကံကောင်းတဲ့ နိုင်ငံတွေ မှာက ဒီဟာကိုရွေးစရာ မလိုဘူး။ ကိုယ်ကလည်း ကိုယ့် နိုင်ငံရဲ့ တာဝန်ကို ယူရင်းနဲ့ မိသားစုတာဝန်ကို ယူသွားလို့ရတယ်၊ ဒါပေမဲ့ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ ၊ ရွေးတဲ့ အခါ ပြတ်ပြတ်သားသား ရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီး အနေနဲ့ပဲနေ မှာလား၊ နိုင်ငံရေး သမားတစ်ယောက် အနေနဲ့ နေမှာလား၊ နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရပ်တည်မယ် ဆိုလို့ ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။

မေး။ ။ မြန်မာ အမျိုးသမီးတွေက မညံ့ကြပေမယ့် ထိပ်တန်း နေရာတွေ ရောက်တဲ့ နေရာမှာ နည်းနည်း မရှိသလောက် နည်းတယ်လို့ ယူဆရတဲ့ အတွက် ဘယ်လိုပြုပြင် ထိန်းသိမ်းမှုတွေနဲ့ ကြိုး စားအားထုတ်မှုတွေ လိုအပ်မယ်လို့ ထင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါကလေ လူမှုရေးတွေနဲ့ ဆိုင်တာ ပေါ့နော်၊ လူမှုရေးစံနှုန်း ထားတွေနဲ့ ဆိုင်တာပေါ့၊ နောက်ပြီး ဥပဒေတွေနဲ့ ဆိုင်တယ်လို့ အမေ ထင်တယ်။ ဘာလို့လဲဆိုတော့ အခု တချို့နိုင်ငံတွေ တော်တော်များများမှာ အမျိုးသမီးတွေ လွှတ်တော် အတွင်း ပါဝင်ရေးအတွက် လုပ်ထားတာ ကာလ အတိုင်းအတာ တစ်ခုအထိ လိုတယ်။ တစ်ခါ တလေ အမျိုးသမီး တစ်ယောက် အနေနဲ့ တိုးတယ်ဆိုလို့ ရှိရင် တိုးတယ်လို့ မြင်တယ်၊ အမျိုးသား တစ်ယောက် အနေနဲ့ကျလို့ရှိရင်တော့ လုပ်ရဲကိုင်ရဲ တယ်လို့ မြင် ကြ တယ်၊ တာဝန်ယူရဲတယ်။ အမျိုးသမီးကျတော့ တွန်းတယ်၊ တိုးတယ်၊ နေရာယူတယ်။ ဒါပေမဲ့ နေရာယူတဲ့နေရာမှာ အမျိုးသား တွေ ကတော့ ဇော်ပဲ။ (ရယ်လျက်)

မေး။ ။ အမေ့အနေနဲ့ တစ်ယောက်တည်း နေခဲ့ရစဉ် အတွင်းမှာ သားတွေ အပေါ် လွမ်းဆွတ်မှု အတိုင်းအတာ ဘယ်လောက်ရှိခဲ့ပါသလဲ။

ဖြေ။ ။အမေက ကိုယ့်ကိုယ်ကိုယ် မလွမ်းအောင် နေတတ်တယ် ၊ ဒါ ငယ်ငယ်တည်းကပါ။ လွမ်းတယ် ဆိုတဲ့ အလုပ်မလုပ်ဘူးလို့ ဆုံးဖြတ် ထားတယ်။

မေး။ ။ စိတ်ခွန်အားနဲ့ ဥာဏ်စွမ်းအားမှာ ဘယ်အရာက အမေ့အတွက် အလိုအပ်ဆုံးလို့ ယူဆပါ သလဲ ခင်ဗျ။
ဖြေ။ ။ စိတ်ခွန်အားကတော့ အခြေခံဖြစ်ရမှာပဲ၊ ပညာက အလွဲသုံးစား လုပ်လို့ရတယ်။ မမှန်ကန်တဲ့ စိတ်ရှိတဲ့ ပညာရှိ ဆိုရင် အင်မတန် အန္တရာယ် များတယ်။ အဲဒီတော့ စိတ်ဓာတ်က အဓိကလို့ ထင်ပါတယ်။

မေး။ ။ THE LADY ဇာတ်ကားဟာ အမေ့ရဲ့ ဘဝပုံရိပ် ကို ဖော်ပြပေးနိုင် မယ်လို့ ထင်ပါသလား၊ အစစ်အမှန် အငွေ့အသက်လေးပါသလား ခင်ဗျ။

ဖြေ။ ။ မသိဘူး၊ လုံးဝလည်းမကြည့်ဘူး၊ ကြည့် ဖို့လည်း ရည်ရွယ်ချက် မရှိဘူး၊

မေး။ ။ ဗိုလ်ချုပ်ရဲ့ ဇာတ်ကားကို ရိုက်တဲ့အခါ အမေ ဘယ်လို အခန်းကဏ္ဍ ကနေပြီး ပါဝင်မယ်လို့ ယူဆထားပါသလဲ၊ ဇာတ်ကား ဖန်တီးမှုပီပြင်ပါ့ မလားဆိုတဲ့ စိုးရိမ်စိတ်ရော ရှိပါသလားခင်ဗျ။

ဖြေ။ ။အဲဒါကတော့ ပီပြင်ပါ့မလား ဆိုတဲ့ အတွေးလေးက အတိုင်းအတာ တစ်ခုထိ ရှိတာပေါ့၊ ဒါပေမဲ့လည်းတော်တဲ့ အနုပညာရှင်တွေကို အားကိုးနေ တယ်ဆိုတော့ ဒါကိုဖြစ်မြောက်မယ်လို့ထင်တယ်။ တခြားနိုင်ငံတကာ ကလည်း ကူညီချင်တဲ့ စိတ်တွေရှိတဲ့ အခါကျတော့ဒါ အောင်မြင်မယ် လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အမေ့ အနေနဲ့ အနုပညာရှင်တွေ အလုပ်ကို ဝင်ပြီးတော့ နှောင့်ယှက်တာမျိုး မလုပ်ပါဘူး၊ ဝင်ပြီတော့ ချုပ်ချယ်တာမျိုး မလုပ်ပါဘူး၊ ဒါပေမဲ့လည်း တချို့နေရာတွေမှာ အမေ့ကိုလည်း အကြံ ဥာဏ် တောင်းတာတွေတော့ ရှိမှာပေါ့၊ အဲဒီအခါကျလို့ ရှိရင်တော့လည်း အမေမြင်တာတွေ ပြောပြမှာပေါ့။

မေး။ ။ ဒီအသက်အရွယ်မှာ အမြဲတမ်း လန်းဆန်းပြီး သွက်သွက် လက်လက် နေထိုင်နိုင်အောင် ဘယ်လိုများကျင့်ကြံနေထိုင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ စည်းကမ်းနဲ့နေတယ် (ရယ်လျက်)။ နောက်ဆုံး ဒါပါပဲ။ စည်းကမ်း ရှိရှိ နေလို့ရှိရင် ကျန်းမာရေးကောင်းပါတယ်။

မေး။ ။ အခု အမေရေးတဲ့စာတွေကို စာဖတ် ပရိသတ်က သဘောကျ တာတွေ များတယ် ဆိုတော့ စာအုပ်တွေ ဘာတွေရော ထွက်ဖို့ရှိပါသလား ခင်ဗျ၊

ဖြေ။ ။ စာအုပ်..၊ ခု သတ်သတ် လုံချင်း စာအုပ်ထုတ် ဖို့တော့ အချိန်လည်း မရှိဘူး၊ အဲဒီတော့ အစီအစဉ် လည်း မရှိသေးပါဘူး၊

မေး။ ။ အမြဲပဲကျင့်သုံးနေထိုင်တဲ့ ဘဝနေနည်း လေးတစ်ခု၊ အဲဒီနည်းလေး တစ်ခုကို စာဖတ် ပရိသတ်အတွက် မျှဝေပေးနိုင်မလားခင်ဗျ။

ဖြေ။ ။ ဘဝနေနည်း…၊ ဘဝနေနည်း ဆိုတော့ ပြောရတော့ ခက်တယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်။ အမေကတော့ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်မယ်လို့ပဲ စိတ်ထဲမှာ ထားတယ်၊ အဖြစ်ကို အဖြစ်အတိုင်း မရင်ဆိုင် ဘဲနဲ့ ရှောင်လို့ရှိရင် ဘဝမှာ တိုးတက်မှုမရှိနိုင်ဘူး၊ ရှင်သန်ဖို့လည်း မရှိနိုင် ဘူး၊ အဲဒီတော့ ဘာမဆိုရင်ဆိုင် ရဲရမယ်၊ အဲလို ရင်ဆိုင်တဲ့ အခါကျလို့ရှိရင် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ၊ ဒီဆုံးဖြတ်ချက်အတွက် ကိုယ်တိုင် တာဝန်ယူ ရမယ်၊ ဟိုလူ့ကို လွှဲချ ဒီလူ့ကိုလွှဲချ ဒီလို မလုပ်ရဘူး။ တာဝန်ယူတဲ့ တာဝန်ယူစိတ်ရှိရ မယ်။

မေး။ ။ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြော သွားတာပါ၊ သူ့ အနေနဲ့ သမ္မတ ဒုတိယသက်တမ်းကို ပြည်သူ့ဆန္ဒ ရှိရင် သူက အရွေးချယ် ခံမယ်လို့ ပြောထားတာ ကြောင့် အမေ့ရဲ့အမြင် သဘောထားလေး တစ်ချက်လောက်တော့ သိပါရစေ။

ဖြေ။ ။ အဲဒါ နောက်သက်တမ်းမှာ အရွေးချယ်ခံ ချင်တဲ့ ဘယ်သူမဆို အားလုံးကနေပြီးတော့ မျှမျှတတ အခြေခံပေါ် ကနေပြီးတော့ အရွေးချယ် ခံနိုင် အောင်လို့ ကြိုး စားပေးသင့်တယ်။ အခုပြိုင်ရမှာပဲ၊ အခုဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက တရားမှ မတရားတာ၊ တရားမမျှတတဲ့ ဥပဒေ အရတော့ ခေါင်းဆောင်လုပ်ချင်တဲ့ စိတ်မရှိသင့်ဘူးလို့ ဒီလို ပဲ မြင်ပါတယ်။

အောင်ထက် (NYK)

ကုလားကျောင်းသားများ တောင်ကုတ်တက္ကသိုလ်တွင် ပေးတက်သင့်မတက်သင့်ကို ဆွေးနွေးမည်

By Thaung Kwre
စစ်တွေ ၊ ၀၆ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [သတင်း]

အသစ်ဖွင့်လှစ်တော့မည့် တောင်ကုတ် တက္ကသိုလ်တွင် မူဆလင်ကုလားကျောင်းသားများအား တက်ခွင့်ပေးသင့် မပေးသင့်ဆိုသည့် အကြောင်းကို မနက်ဖြန် ဒီဇင်ဘာလ (၇)ရက်နေ့တွင် တောင်ကုတ်မြို့၌ ဒေသခံများဆွေးနွေးကြမည် ဟု ယင်းဆွေးနွေးပွဲသို့ ဖိတ်ကြားခံရသူတစ်ဦးက Coral Arakan အား ပြောကြားသည်။
တောင်ကုတ်မြို့လယ် ဓမ္မာရုံတွင် မနက်ဖြန် မွန်းလွဲ နှစ်နာရီ၌ ကျင်းပမည့် အဆိုပါအစည်းအဝေးကို ပြည်ခိုင်ဖြိုး အလိုတော်ရိ သူဌေး ဦးကျောက်တောင် ဦးဆောင်သော (တောင်ကုတ်မြို့နယ်) ဒေသ ဖွံ့ဖြိုးရေးကော်မတီက ခေါ်ယူကျင်းပခြင်းဖြစ်သည်။
ဦးကျောက်တောင်မှာ အဆိုပါ တောင်ကုတ်တက္ကသိုလ်ဖြစ်မြောက်ရေးအတွက် ဦးစီးဦးဆောင်ပြု ကမကထဆောင်ရွက်သူဖြစ်ပြီး၊ ရခိုင်အချင်းချင်းဒေသခွဲခြားစိတ်ပြင်းထန်ကာ ဒေသဖွံ့ဖြိုးလိုလျှင် ဗမာအစိုးရနဲ့ အလိုက်အထိုက်နေတတ် ပေါင်းသင်းတတ်ရမည်ဟု ပြောဆိုကျင့်ကြံသူ ဖြစ်သည် ဟု ကျော်ဇောကိတ္တိကြီးမားသူဖြစ်သည်။
ဦးကျောက်တောင် ၏ ပင်မ စီးပွား အဖွဲ့အစည်း (flag-ship company) ဖြစ်သော နေလသစ္စာ ကုမ္ပဏီ (သို့မဟုတ်၊ ယင်းနှင့်နာမည်တူ နေလသစ္စာကုမ္ပဏီ) မှ မူဆလင် ဒါရိုက်တာတစ်ဦး ကွယ်လွန်သည်ဟု စက်တင်ဘာလ (၁၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၁၈) ပါ နာရေးကြော်ငြာတစ်ခုတွင် ဖော်ပြဖူးသည်။
၁၉၈၀ ပြည့်လွန်နှစ်များတွင် မူဆလင်ကုလားများ တောင်ကုတ်မြို့ကို စွန့်ခွာသွားကြသည့်အခါမှစ၍ တောင်ကုတ်မြို့တွင် မူဆလင်များ ဘင်္ဂလီကုလားများ မရှိတော့ချေ။
ပြီးခဲ့သည့် ၂၀၁၂-ခုနှစ် မေလ (၂၈)ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အနီးတွင် ဘင်္ဂါလီ ကုလား သုံးဦးက မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးနောက် ခြောက်ရက်အကြာ၊ ဇွန်လ (၃)ရက်နေ့တွင် တောင်ကုတ်မြို့က ဖြတ်သွားသော မူဆလင် ဆယ်ဦး အသတ်ခံခဲ့ရသည်။
ယင်းနောက် ဇွန်လ(၆)ရက်နေ့တွင် မောင်တောမြို့မှ ဘင်္ဂါလီ မူဆလင်ကုလားများက မြန်မာ တိုင်းရင်းသားများအား အစတုံးသတ်ဖြတ်ရန် ကြံစည်လုပ်ဆောင်ကြရာမှ ဇွန်လ ဘင်္ဂါလီဆူပူမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
(သောင်းကြွယ် ရေးသားသည်။)
 class=



ယနေ့ ဒီဇင်ဘာလ (၆)ရက် ဆယ်နာရီခွဲခန့်က စစ်တွေမြို့ တပ်နယ်မြေအတွင်းရှိ အလက(၉) ရဲဘော်ဟောင်းတွင် စာမေးပွဲဖြေပြီးသော ဘင်္ဂါလီလူမျိုး တက္ကသိုလ်ကျောင်းသားကျောင်းသူများ စုပေါင်းအိမ်ပြန်ကြရန် အတွက် ကားပေါ်တွင် ထိုင်စောင့်နေကြစဉ်။
ဓါတ်ပုံ - ဟန်မောင်သိန်း ...



/ Coral Arakan News ။ ======
* * * * * * * * * * * * * * * * * * * * * * * *
ပထမနှစ်ဝက်စာမေးပွဲကိုဖြေဆိုခဲ့ကြသော်လည်း ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဘင်္ဂါလီဆူပူမှုကြောင့် ဒုတိယနှစ်ဝက်စာမေးပွဲကို ဖြေဆိုခွင့်မရခဲ့ကြသော စစ်တွေတက္ကသိုလ်ကျောင်းသူကျောင်းသားများကို အထူးအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၃)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ထွေအုပ်ရုံးများ စသည့် သီးခြားနေရာများတွင် တွင် စာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်ပေးခဲ့သည်။
ဒီဇင်ဘာလ (၃)ရက်နေ့မှစတင် ပြုလုပ်နေသော ဤစာမေးပွဲကို ဖြေဆိုခွင့်ရသူများ အနက် (၅၈၈) ဦးမှာ ဘင်္ဂါလီလူမျိုးဖြစ်ပြီး၊ ကျန်(၃၇)ဦးမှာ မြန်မာတိုင်းရင်းသားများဖြစ်ကြသည်။ ဖြေဆိုခွင့်ရသူ စုစုပေါင်း(၆၂၅)ဦးအနက် ငါးရာကျော်လာရောက်ဖြေဆိုခဲ့ကြသည်။
လာရောက်ဖြေဆိုသော ကျောင်းသားအရေအတွက်မှာ ပထမနေ့ (၅၀၅)ဦး၊ ဒုတိယနေ့ (၅၀၄)ဦး နှင့် တတိယနေ့ (၅၀၃)ဦး တို့ဖြစ်ကြသည်။
ဘင်္ဂါလီကျောင်းသားများ စာမေးပွဲဖြေနိုင်ရန် အထူးစီစဉ်ပေးသော ဤစာမေးပွဲအစီအစဉ် ဖြစ်မြောက်ရေးအတွက် နိုင်ငံတော် သမ္မတရုံးမှ လာသော ညွှန်ကြားချက်က အဓိကတွန်းအားဖြစ်ပြီး၊ ပြည်ထောင်စုပညာရေးဝန်ကြီးနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်တို့က စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်အား ဖိအားပေးခဲ့ကြသည် ဟု ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက Coral Arakan အား ပြောကြားသည်။ ======
(၀က္ကာ ရေးသားသည်။)

၄၈ မီနီဘတ်စ် လူတိုက်ပြီးမောင်းပြေး


ဓာတ်ပုံ-သန်းဌေး — Timeline Photos==== 7DAY NEWS JOURNAL
ရန်ကုန်၊ဒီဇင်ဘာ-၆
လှည်းတန်းမီးပွိုင့်အနီး နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးရှေ့ လမ်းလယ်ကျွန်းတွင် ယနေ့နံနက် ၈ နာရီကျော်က ခရီးသည်တင်ယာဉ်တစ်စီးသည် အမျိုးသားတစ်ဦးအားတိုက်၍ မောင်းပြေးသွားကြောင်း သတင်းရရှိသည်။
"တိုက်သွားတဲ့ကားက ၄၈ မီနီဘတ်စ်ပါ။ ယာဉ်မှုစစ်ရုံးက တာဝန်ရှိသူတွေက ပြုတ်ကျကျန်ခဲ့တဲ့ နောက်ကြည့်မှန်ကိုယူပြီး ကားဂိတ်ကို လိုက်သွားကြပါပြီ"ဟု နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးကပြောသည်။
ယာဉ်တိုက်ခံရသူ အမျိုးသားမှာ အသက်(၆၀)ခန့်ရှိပြီး ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားကာ သွေးထွက်နေသော်လည်း သတိမလစ်ဘဲ မျက်လုံးပွင့်လျက်ရှိနေသည်။ ယာဉ်တိုက်ခံရသူ အမျိုးသားကြီးသည် လှည်းတန်းလမ်းမကြီးအရှေ့ဘက် ယာဉ်ထိန်းရုံးရှေ့မှ လမ်းတစ်ဖက်ခြမ်းသို့ကူးရန် လမ်းလယ်တုံး၌ ရပ်နေစဉ် အရှိန်ဖြင့် ကျော်တက်လာသည့် ၄၈ မီနီဘတ်စ်က တိုက်မိသွားခြင်းဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများကပြောသည်။
"အခုလိုက်နေတုန်းဘဲ မမိသေးဘူး"ဟု အဆိုပါအမှုကို တာဝန်ယူထားသော နယ်မြေ(၂)မှ ယာဉ်မှုစစ်အရာရှိ ဒုရဲအုပ်စောဇော်မင်းဦးကပြောသည်။

အဂတိ လိုက်စားမှု မြန်မာ တတိယ ချိတ်

Myanmar Journal's photo. 
Transparency International
၂၀၁၂ ခုနှစ် အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ရဲ့ စာရင်း ထွက်လာ
၂၀၁၂ ခုနှစ် အတွက် ကမ္ဘာ ပေါ်မှာ အဂတိ လိုက်စားမှု အကင်းရှင်းဆုံး နိုင်ငံများ စာရင်းကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံ တကာ အဖွဲ့ Transperancy International က ထုတ်ပြန် လိုက်ရာမှာ နိုင်ငံအဆင့်ပေါင်း ၁၇၄  ခုရှိသည့် အနက် မြန်မာ နိုင်ငံက နံပတ် ၁၇၂ ချိတ်တဲ့ အတွက် အဆိုးဆုံး နံပတ် ၃ နေရာမှာ ရှိပါတယ်။
ဒီစာရင်းကို နောက်ကနေ ပြောင်းပြန် ရေတွက်ရင် ထိပ်ဆုံးမှာ ရှိနေတဲ့ မြောက်ကိုရီးယား၊ အာဖဂန် နစ္စတန်နဲ့ ဆိုမာလီယာ နိုင်ငံတို့က အဂတိ လိုက်စားမှု အဆိုးဆုံး နိုင်ငံတွေ အဖြစ် ပူးတွဲ ပထမ နေရာမှာ ရှိပါတယ်။
ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ထဲမှာတော့ ဘဏ္ဍာရေး အကျပ် အတည်း ရင်ဆိုင် နေရတဲ့ ဂရိ နိုင်ငံက အမှတ် ၉၄ နေရာမှာ ရှိနေပြီး ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍ တွေမှာ အဂတိ လိုက်စားမှု အရှိဆုံး ဖြစ်နေတာ တွေ့ရပါတယ်။
ယူရိုဇုံ ထဲက စီးပွားရေး ပြဿနာ ရင်ဆိုင် နေရတဲ့ ပေါ်တူဂီ၊ အိုင်ယာလန်နဲ့ အီတလီ နိုင်ငံတို့လည်း အရင်နှစ်တွေ ကထက် အဆင့်တွေ လျော့ကျ သွားခဲ့ ပါတယ်။
အဂတိ လိုက်စားမှု အကင်းရှင်းဆုံး နိုင်ငံတွေ ထဲမှာတော့ ဒိန်းမတ်၊ ဖင်လန် နဲ့ နယူး ဇီလန် နိုင်ငံ တို့ က ပူးတွဲ ပထမ နေရာကို ယူနိုင်ခဲ့ ပါတယ်။
ဆွီဒင်က ဒုတိယ ဖြစ်ပြီး အာရှတိုက်က စင်ကာပူ နိုင်ငံက တတိယ နေရာမှာ ရှိပါတယ်။
အဆိုးဝါးဆုံး အဂတိ လိုက်စားမှု ရှိတဲ့ နိုင်ငံကို သုည မှတ်ပေးပြီး အကင်းရှင်းဆုံး နိုင်ငံကို အမှတ် ၁၀၀ ပေးတဲ့ စနစ်နဲ့ အမှတ်ပေးပြီး အခုလို စာရင်း ထုတ်ပြန် ခဲ့တာပါ။
မြန်မာ နိုင်ငံက အမှတ် ၁၀၀ မှာ ၁၅ မှတ် ရရှိ တာကြောင့် မနှစ်က ရခဲ့တဲ့ ၁ ဒဿမ ၅ ထက်စာရင် ဆယ်ဆ တက်လာတယ်လို့ ပြောနိုင်ပါတယ်။အဂတိ လိုက်စားမှု အကင်းရှင်းဆုံး ထိပ်က ပြေးနေတဲ့ ဒိန်းမတ်၊ ဖင်လန် နဲ့ နယူး ဇီလန် နိုင်ငံ တို့ကတော့ အမှတ် ၁၀၀ မှာ အမှတ် ၉၀ ရပါတယ်။

Source:BBC အဂတိ လိုက်စားမှု မြန်မာ တတိယ ချိတ်
Transparency International
၂၀၁၂ ခုနှစ် အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ရဲ့ စာရင်း ထွက်လာ
၂၀၁၂ ခုနှစ် အတွက် ကမ္ဘာ ပေါ်မှာ... အဂတိ လိုက်စားမှု အကင်းရှင်းဆုံး နိုင်ငံများ စာရင်းကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံ တကာ အဖွဲ့ Transperancy International က ထုတ်ပြန် လိုက်ရာမှာ နိုင်ငံအဆင့်ပေါင်း ၁၇၄ ခုရှိသည့် အနက် မြန်မာ နိုင်ငံက နံပတ် ၁၇၂ ချိတ်တဲ့ အတွက် အဆိုးဆုံး နံပတ် ၃ နေရာမှာ ရှိပါတယ်။
ဒီစာရင်းကို နောက်ကနေ ပြောင်းပြန် ရေတွက်ရင် ထိပ်ဆုံးမှာ ရှိနေတဲ့ မြောက်ကိုရီးယား၊ အာဖဂန် နစ္စတန်နဲ့ ဆိုမာလီယာ နိုင်ငံတို့က အဂတိ လိုက်စားမှု အဆိုးဆုံး နိုင်ငံတွေ အဖြစ် ပူးတွဲ ပထမ နေရာမှာ ရှိပါတယ်။
ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ ထဲမှာတော့ ဘဏ္ဍာရေး အကျပ် အတည်း ရင်ဆိုင် နေရတဲ့ ဂရိ နိုင်ငံက အမှတ် ၉၄ နေရာမှာ ရှိနေပြီး ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍ တွေမှာ အဂတိ လိုက်စားမှု အရှိဆုံး ဖြစ်နေတာ တွေ့ရပါတယ်။
ယူရိုဇုံ ထဲက စီးပွားရေး ပြဿနာ ရင်ဆိုင် နေရတဲ့ ပေါ်တူဂီ၊ အိုင်ယာလန်နဲ့ အီတလီ နိုင်ငံတို့လည်း အရင်နှစ်တွေ ကထက် အဆင့်တွေ လျော့ကျ သွားခဲ့ ပါတယ်။
အဂတိ လိုက်စားမှု အကင်းရှင်းဆုံး နိုင်ငံတွေ ထဲမှာတော့ ဒိန်းမတ်၊ ဖင်လန် နဲ့ နယူး ဇီလန် နိုင်ငံ တို့ က ပူးတွဲ ပထမ နေရာကို ယူနိုင်ခဲ့ ပါတယ်။
ဆွီဒင်က ဒုတိယ ဖြစ်ပြီး အာရှတိုက်က စင်ကာပူ နိုင်ငံက တတိယ နေရာမှာ ရှိပါတယ်။
အဆိုးဝါးဆုံး အဂတိ လိုက်စားမှု ရှိတဲ့ နိုင်ငံကို သုည မှတ်ပေးပြီး အကင်းရှင်းဆုံး နိုင်ငံကို အမှတ် ၁၀၀ ပေးတဲ့ စနစ်နဲ့ အမှတ်ပေးပြီး အခုလို စာရင်း ထုတ်ပြန် ခဲ့တာပါ။
မြန်မာ နိုင်ငံက အမှတ် ၁၀၀ မှာ ၁၅ မှတ် ရရှိ တာကြောင့် မနှစ်က ရခဲ့တဲ့ ၁ ဒဿမ ၅ ထက်စာရင် ဆယ်ဆ တက်လာတယ်လို့ ပြောနိုင်ပါတယ်။အဂတိ လိုက်စားမှု အကင်းရှင်းဆုံး ထိပ်က ပြေးနေတဲ့ ဒိန်းမတ်၊ ဖင်လန် နဲ့ နယူး ဇီလန် နိုင်ငံ တို့ကတော့ အမှတ် ၁၀၀ မှာ အမှတ် ၉၀ ရပါတယ်။

Source:BBC

တောင်ကြီးမြို့ မှ ရဟန်း သံဃာတော်များ ယနေ့နေ့လည်က ဆန္ဒ ထုတ်ဖော်

The Voice Weekly