Friday, December 7, 2012

လွှတ်တော် အမတ် စတိုင်

ဒီမို ဖက်တီး

ထူးထူးခြားခြား ငှက်ပျောဖီး

မြ၀တီ



နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာနေ (အငြိမ်းစား) ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီ၏ နေအိမ်ခြံဝင်းအတွင်းရှိ ငှက်ပျောပင်မှ ငှက်ပျောခိုင် တစ်ခိုင်တွင် ငှက်ပျောဖီး ၁ဝ ဖီးရှိသည့် အနက် ထူးထူးခြားခြား ငှက်ပျောဖီးတစ်ဖီးတွင် ငှက်ပျောသီး အလုံးရေ ၆၇ လုံးပါရှိသည်ကို ထူးခြားစွာ တွေ့ရှိရပြီးအခြား ငှက်ပျောဖီးများမှာ ၁၈ လုံးမှ အလုံး ၂ဝ အထိသာ အများဆုံးပါရှိကြောင်း သိရသည်။

၇ွာတည်သူတွေတောင်မောင်းထုတ်ခံရ

by နေမျိုးဝေ

ရွာတည်သူတွေအမှုဖြစ်

ကျောက်ပုထိုးဘုရားကြီး ဆိုတာကတော့ ချောင်းသာရွာကို တည်ထောင်ခဲ့တဲ့မိသားစုတွေ တည်ခဲ့တာ ပါဘဲ ချောင်းသာတစ်ရွာလုံးက အဲဒီမိသားစု တွေထဲက အဘေး (ဦး...စိုး+ဒေါ်စိန်ယဉ်) တို့ အဖေ ဦးဖိုးသန့် နှင့် ဇနီးက ချောင်းသာရွာ ကြီးကိုစတင်တည်ထောင်ခဲ့တာလို့ အားလုံးကအသိအမှတ်ပြု ကြပါတယ် ။ ကျောက်ပုထိုး ဘုရားကြီး ကိုတည်ခဲ့တာကတော့ (ဦးစိုး+ဒေါ်စိန်ယဉ်) တို့၏အဆက်အနွယ်တွေဖြစ်တဲ့ ဦးတွတ် + ဒေါ်ရွှေမိ တို့ဖြစ်တယ် ။ အခု ခြံစည်းရိုးခတ်လို့ မြေယာအငြင်းပွါးမှုပြဿနာတွေဖြစ်နေပါတယ် ။ - ကျောက်ပုထိုးဘုရားကြီးကိုတည်ခဲ့သူ (ဦးတွတ်+ဒေါ်ရွှေမိ)တို့ရဲ့မြေးမြစ်တီတွတ်တွေဖြစ်ကြပါတယ် ။


ဒေါ်သီတာ

ငါတို့က ကျောက်ပုထိုးဘုရားကြီးတည်တဲ့ အမျိုးတွေဘဲ - ချောင်းသာဆိုတာ ငါတိုက ဟာလို့ကို ပြောလို့ ရတယ် ။ အခုအမ်ဘို (AMBO) ဟော်တယ် ပင်လယ်ဘက်အခြမ်းက ၂.၀၇ ဧက ငါ့အမည်ပေါက်ဘဲ ။ ၁၉၈၉ လည်းရောက်ရော မ၀တ က ပါးစပ်နဲ့ဘဲလာသိမ်းတယ် မြေစာရင်းကအောင်တင်မြင့်ပါတယ် ။ ခြံထဲမှာ သုံးပင်နှစ်ခန်းပျဉ်းကတိုးတိုင်နဲ့ အိမ်တစ်လုံးရှိတယ် ခြံကိုလည်းပတ်ပတ်လည် ၀ါးနက်ဝါး တွေနဲ့ ကာထားတာ ဟော်တယ် ဆောက် ဖို့မြေနေရာသိမ်းတာ ညည်းဟော်တယ်ဆောက်နိုင်လား တဲ့ ။ စာပေးပို့တာတော့ ဘာတို့ဘာမှမလုပ်ဘူး ။ မကျေနပ်ရင်တရားစွဲ တဲ့ ။ နှစ်ရက်သုံးရက်လောက်ကြာတော့ ရွာကလူကြီးတွေနဲ့လာပြီး ဟော်တည်ဆောက်မဲ့မြေနေရာဆိုပြီး အိမ်ကိုလည်း ဖျက်ပြီး မီးရှို့တယ် ။ ခြံစည်းရိုးတွေလည်းဖျက်ပြီးမီးရှို့တယ် ။ မီးသတ်ပါ ပါလာတယ် ။ လျော်ကြေးငါးပြားတောင်မရဘူး ။ ကြောက်လွန်းလို့ ဘာမှကိုဆက်မလုပ်တော့ဘူး ။ အဲဒါနဲ့ သူများခြံက အုန်းသီးတွေလိုက်ဝယ် - အုန်းသား လုပ် ပုသိမ်သွားရောင်း ပုသိမ်ကအပြန်ကျတော့ ကြက်သွန်ငရုပ်သီးတွေနဲ့အုန်းသီးခိုးလဲ ပြန်လဲ - ခိုးလဲ ဆိုတာက အဲဒီအချိန်မှာ အုန်းသီး အုန်းသားက မှောင်ခိုကုန်ဖြစ်နေတယ် ။ စက်မှု(၁)ကချောင်း သာကူးတို့ဆိပ်မှာ အုန်းအ၀ယ်ဒိုင်ဖွင့်ထားတယ် ။ တောင်သူတွေက တစ်ခြားမှာရောင်းလို့မရဘူး - သူတို့ကလည်းခိုးရောင်းရတာ ငါတို့ကလည်းခိုးဝယ်ရတာ ။ အုန်းသီးအခွံ့ခွါတာ ၊ အုန်းသားထွတ်တာ ၊ အုန်းသားလှန်းတာ ၊ ကြပ်တိုက်တာတွေ အကုန်လုံးက ခိုးလုပ်ရတာ ။ ၁၉၈၉ ကထဲက သိမ်းလိုက်တဲ့ ငါတို့မြေကွက်ကြီး မနှစ်ကအထိ ပစ်စလတ်ခတ်ထားတာ ခြုံတွေထူပြီး ဘာမှကိုမလုပ်ဘူး ငါတို့သာ လုပ်စားလို့မရတော့တာ လယ်ယာမြေကော်မရှင်ဖွဲ့ပြီးတော့မျ အတင်းတွန်း ဆောက်တာ - ဧရာဝတီတိုင်းရေကြီးနေတုံး ရတဲ့သစ်တွေနဲ့(တောင်သရက်တွေနဲ့အဖြစ်ဆောက်ထားတာ) အခုတော့ငါ့ခြံကြီးကတော့ အမ်ဘို တောင်သရက်သား ဟော်တယ် ကြီးဖြစ်သွားပြီ ။ ဒါမျိုးနဲသာ ချမ်းသာ စတမ်းဆိုရင် ငါ့မြေကြီး က အခုဆို သိန်းပေါင်း နှစ်သောင်းလောက်ချမ်း သာတယ်သာ မှတ်လိုက် ပေတော့ ။


ဟိုတယ်လုပ်ငန်းရှင်များ ည ပိုင်း တည်ဆောက်ရေးလုပ်ငန်းများ ခိုးလုပ်နေ

ချောင်းသာကျေးရွာအတွင်းရှိ ဟိုတယ် လုပ်ငန်းရှင်များအားလုံးကို ၂၀ - ၁၁ - ၂၀၁၂ ရက်နေ့က ရွှေသာင်ယံမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းများတိုးချဲ့ဆောင်၇ွက်ခြင်းမပြုလုပ်၇န် တားမြစ်စာပို့ထားသောလည်း ည ၁၂ နာရီအထိ လုပ်ငန်းများ ကို ခိုးပြီးလုပ်ဆောင်နေကြာင်းသက်သေခံမှတ်တမ်းဓါတ်ပုံများရရှိထားပါတယ် ။ မနေ့ည ၁၂ နာရီက သွား ရိုက် ဒီမနက် တင်ပေးလိုက်တာဖြစ်ပါတယ် ညက ဖုန်းလိုင်းတွေပိတ်လိုက်လို့ ပါ ။


ဘိလပ်မြေ အိပ်တွေသက်သေရ ညတွင်းချင်း ခြံစည်းရိုးတွေခတ်ကြ

အုပ်ချုပ်ရေးတားမြစ်စာကို လုပ်ငန်းရှင်တွေဖောက်ဖျက်ကြ ခွေးဟောင်တာ သာ လူကြား ၀က်ကုန်းတာ လူမသိ ရွာသားတွေဆန္ဒပြတာသာလူကြား လုပ်ငန်းရှင်တွေ ခိုးလုပ်တာ လူမသိ ဥပဒေကြောင်းအရ လက် ရှိဖြစ်သကဲ့သို့ အသွင်ပြရန် ခြံစည်းရိုးအတင်းခတ်နေကြတာသာဖြစ်သည်။


ငါက အရင်ကသူဌေးကွ - ဟိုဘက်ခေတ် ဆယ်တန်းတောင်အောင်လာတာ ပညာတတ်ဘဲကွ ။ အခုကျမှ ဒီဘ၀ရောက်လာတာ ။

ဦးကျော်လှိုင်
ဦးလေးက ချောင်းသာသားစစ်စစ်ပါ - တစ်ဧကခွဲလောက်ရှိတဲ့အုန်းခြံလေးကိုအဘိုးအဖေတွေတည်ခဲ့တာ - အုန်းခြံလေးနဲ့လုပ်ကိုင်စားသောက်နေခဲ့တယ် ။ ကျနော် ၁၉၇၀ ခုနှစ်မှာ ဆယ်တန်းထိတက်ခဲ့ဘူးတယ် ။ ဦးတရုပ် ဒေါ်သိန်းကြွယ်တို့သမီးနဲ့အိမ်ထောင်ကျပြီး မိသားစုသုံးယောက်ရှိတယ် ။ အုန်းခြံဧက ၂၀ အုန်းပင် ၁၈၀၀ မှာ မိသားနှစ်စု အတူ လုပ်ကိုင်စားသောက်လာတာ - ၁၉၈၉ ခု နှစ်မှာ တိုင်းက ဟော်တယ်ခရီးအတွက်သိမ်းမယ်လို့ပြောလာတယ် - ဒါလေးကိုလုပ်ကိုင်စားသောက်ရတာဆို တော့ - အုန်းပင်ဖိုးပေး မယ်လို့ပြောပြီး အားလုံး ပေါင်း သုံးသိန်းလောက်ရတယ် ။ ။ ခြံသိမ်း မယ်ဆိုတော့ အဘိုကြီးအဘွားကြီးက ညနေစာတောင်မစားတော့ဘူး - သေသည်အထိ အဲဒီခြံဘက် ခြေဦး မလှည့်ကြတော့ဘူး စိတ်မကောင်းလွန်း လို့လေ ။ အိမ်တွေကိုအတင်း ပြောင်း ခိုင်းတယ်။ ချက်ခြင်းကြီးကို ပြောင်းရွှေ့ခိုင်းတာ မပြောင်းရင်ဘူဒိုဇာနဲ့ ထိုးမယ် ဘာမယ် တွေပြောတော့ အိမ်တွေ ဘာ တွေကိုယ့်ဘာ သာဖျက် ရွာထဲမှာ သီးသန့်ဝယ်ပြီး အိမ်ရွှေ့ဆောက်ရတယ် ။ ကျန်နေတဲ့လယ်လေးတွေကို မိသားစုတွေ လုပ်ကိုင်စားသောက်တယ် - ခြံတစ်ခြံ တစ်ဧကခွဲက ရွာထဲမှာကျန်သေးတယ် ။ အဲဒီဟာလေးတွေနဲ့မှီခိုပြီး လုပ်ကိုင်စားသောက်တယ် ။ လယ်နဲ့ ခြံကလေးတွေကိုလည်း ၁၉၉၅ မှာ တစ်ချီ ( ၃ ဧက ခွဲ ) ပါပြန်ရော ။ သားတွေ သမီးတွေကိုလည်း ခယ်မဆိုင်ကိုပိုကပြီးဈေးလည်းဝိုင်းရောကျောင်းလည်းထား လုပ်ရတယ် ။ အဲဒါပြီးတော့ နောက်တတိယနောက်ဆုံး တစ်ခါ ၂၀၀၁ ခုထဲမှာ ပုစွန်ကန်အတွက်ဆိုပြီး ထပ်သိမ်းတော့ နောက်ထပ် ( ၃ ဧက ခွဲ ) ပါပြန်ရော ။ ကုန်ရောဆိုပါတော့ - အားလုံးပေါင်းလိုက်ရင် - ၂၇ ဧက ကုန်ရော ကွ ။ အခုကျတော့ တောင်ပေါ်က မယားညီကိုခြံကို ၀ိုင်းဝန်းလုပ်ကိုင်ပေးပြီးစားသောက်ရတာ ။ ငါက အရင်ကသူဌေးကွ - ဟိုဘက်ခေတ် ဆယ်တန်းတောင်အောင်လာတာ ပညာတတ်ဘဲကွ ။ အခုကျမှ ဒီဘ၀ရောက်လာတာ ။

ဆိုင်ကယ်တစ်စီးအား ပါဂျဲရိုးကားတစ်စီးမှ နောက်မှနေ၍ အရှိန်ပြင်းစွာလိုက်လံတိုက်



ယနေ့ည( ၇.၁၁.၂၀၁၂) ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန်ခန့်က မုံရွာမြို့၏ လူစည်ကားရာ မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးအား ပါဂျဲရိုးကားတစ်စီးမှ နောက်မှနေ၍ အရှိန်ပြင်းစွာလိုက်လံတိုက်လျက်ရှိကြောင်း ညဈေးတန်းတွင်းဈေးရောင်နေသူများက ပြောကြားသည်။ "ဆိုင်ကယ်ကိုကားကလိုက်ပြီးတိုက်နေတာပါ။ ဆိုင်ကယ်သမားက (ယခင်)ဒဂုန်စားသောက်ဆိုင်လမ်းကြားဘက်ကိုကွေ့ဝင်ချိုးသွားတဲ့အခါမှာ ကားက လမ်းလယ်ကျွန်ကိုဝင်တိုက်မိပြီ...း လယ်ကျွန်းက အုတ်ခဲ့တွေလွင့်စင်သွားတာကြောင်း အနီးမှာရှိနေတဲ့ အသက်(၅၀)ကျော်အဘိုးတစ်ယောက်ကိုမှန်သွားပြီးဒဏ်ရာရသွားပါတယ်"ဟု ကိုယ်တိုင်မြင်တွေ့လိုက်ရသူတစ်ဦးကပြောပြပါတယ်။ အနီးမှာရဲနှစ်ယောက်ရှိတယ် အမှတ်(၁) ရဲစခန်းက ရဲတပ်ကြပ် ကျော်မင်းလွင်ဆိုသူနဲ့ ယခင် အထိုင်စက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦးကလည်းအခင်းဖြစ်အရပ်မှာရှိနေတာကိုမြင်လိုက်ရပါတယ်။ အခုတော့ ရမ်းကားနေတဲ့ကားက လူစည်ကားရာမြို့လယ်ထဲမှာတင် ပျောက်ချင်းမလှပျောက်နေပြါ့ပီ။
Photo From :Monywa Times



ကြားဖြတ်သတင်း

လွန်ခဲ့သော နာရီအနည်းငယ်ခန့်က (အောက်တွင်ဖော်ပြပြီ) မုံရွာမြို့၏ လူစည်ကားရာလမ်းမကြီးပေါ်တွင် ပါရာဒို ယာဉ်အမှတ် ၁ခ/ ၁၃၈၃ ခဲဖြူရောင်တစ်စီးသည် ဆိုင်ကယ်တ စ်စီးအားနောက်မှလိုက်လံတိုက်ခိုက်ရာ လမ်းလယ်ကျွန်အားဝင်ရောက်တိုက်မိပြီး ကားဘီပေါက်ခဲ့ကြောင်း၊ သတင်းများထွက်ပေါ်လာပြီးနောက် ယခုအချိန်တွင် မုံရွာမြို့ ဆူလေကုန်ရပ်ကွက် ပေပင်ကျောင်းတိုက်မြောက်ဘက်ရှိ ရွှေစင်သန့် တိုက်ရှေ့လမ်းမပေါ်တွေင်ရပ်ထားလျက်ရှိကြောင်း၊ ကားဘီးများဖာထေးပြီးစီနေပြီကိုမြင်တွေ့ရနိုင်ကြောင်း မြို့ခံတစ်ဦးက ဆက်သွယ်ပြောကြားသည်။ အခင်ဖြစ်ပွားသည့်နေရာမှ ၎င်း ကားအားဘေးလွှတ်ရာသို့ ကူညီပေးသူမှာ ဇရပ်ဝိုင်းဘုရားအနောက်ဘက်အနီးရှိ နေရှင်နယ် စတိုးဆိုင်မှ တရုတ်လူမျိုးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

Kyikone Kyikone Kyikone's Photos..Monywa Times

တရုပ်ပြည်ကြီးဆီက သင်ခန်းစာ

by Aung Moe Win on Thursday, December 6, 2012 at 10:17pm ·


စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ လူမှုရေးမတည်ငြိမ်မှု နဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ဘယ်လိုဆက်စပ်နေပါသလဲ။
တရုပ်ပြည်ကြီးမှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေအပေါ် ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို လေ့လာသုံးသပ်သင့်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံရဲ့ ဒီဇင်ဘာ (၆) ရက်နေ့ညပိုင်း အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား

မကြာသေးမီရက်များအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပန်တောင်းတောင် ဆန္ဒပြပွဲအပေါ်ဖြိုခွဲမှု မြင်ကွင်းတွေဟာ ပြည်တွင်းပြည်ပနိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှာ စိတ်မချမ်းသာစရာ၊ ဒေါသထွက်စရာတွေဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရခိုင်ဒေသတွေမှာ ပြည်တွင်းစစ်ပွဲတွေနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားနေချိန်မှာ ဒဏ်ရာရနေတဲ့ ဘုန်းတော်ကြီးတွေ၊ ငိုယိုနေတဲ့ ကျေးလက်ပြည်သူတွေရဲ့ ဘဝတွေကို မြင်တွေ့ခံစားနေကြရသူတွေအဖို့ တပူပေါ် နှစ်ပူဆင့်ဆိုသလို ဖြစ်ခဲ့ကြရပါတယ်။ တချို့ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲနေချိန်မှာ ဒါမျိုးတွေဖြစ်လေ့ဖြစ်ထရှိတယ်လို့ လွယ်လွယ်ကူကူကောက်ချက်ချခဲ့ကြပေမဲ့၊ တချို့ကတော့ ခရိုနီ အရင်းရှင်စံနစ်ကြီးထွားလာချိန်မှာ ကြုံတွေ့နိုင်တဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ထောက်ပြသတိပေးနေသူတွေလည်း ရှိနေပါတယ်။ တကယ်တော့ ခြစားအကျင့်ပျက်မှုနဲ့ခရိုနီစီးပွားရေးသမားတွေရဲ့ တာဝန်မဲ့မှုကြောင့် လူမှုရေးမတည်ငြိမ်မှုတွေ နဲ့ နိုင်ငံခေါင်းဆောင်ပိုင်းတွေရဲ့ သမိုင်းကို ညစ်ထေးနာမည်ပျက်စေခဲ့တဲ့ဖြစ်ရပ်တွေက ကျနော်တို့ အိမ်နီးနားချင်း နိုင်ငံတခုဖြစ်တဲ့ တရုပ်ပြည်ကြီးမှာလည်း ကြုံတွေ့နေရပါတယ်။



တရုပ်ပြည်ရဲ့ မြေယာဆိုင်ရာ ဝန်ကြီးဋ္ဌာနရဲ့ တရားဝင် ဝန်ခံချက်အရ၊ ၁၉၉၈- ၂၀၀၅ ခုနှစ်အတွင်း လယ်ယာမြေ တွေ အပေါ် တရားမဝင် သိမ်းပိုက်မှု အဖြစ်အပျက် စုစုပေါင်း တသန်းကျော်ရှိခဲ့တယ် လို့ ဆိုပါတယ်။ သိမ်းပိုက်ခံရတဲ့ လယ်မြေဧက ကိုးသိန်းကျော် မှာ ပြုလုပ်ခဲ့တဲ့ စီမံကိန်းတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင်၊ စီမံကိန်းအားလုံး ရဲ့ ၂၂ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းနီးပါးဟာ တရားမဝင် စီမံကိန်းတွေဖြစ်တယ်။
လယ်သမားတွေဟာ အစပိုင်းမှာ တရုပ်ကွန်မြူနစ်ပါတီရဲ့တိုင်းပြည်ခေတ်မှီတိုးတက်ရေး ဆိုတဲ့ကြွေးကြော်သံကို လိုက်လျောတဲအနေနဲ့ သူတို့လယ်ဧကထောင်ပေါင်းများစွာကို ပေးဆပ်ခဲ့ပါတယ်။ ဒါပေမဲ့ ခြစားအကျင့်ပျက်တဲ့အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ကိုယ်ကျင့်သိက္ခာမရှိတဲ့ စီးပွားရေးသမားတွေရဲ့ အကျိုးတူ လောဘရမက်ကြီးထွားမှုအောက်မှာ ဓါးစားခံဖြစ်ခဲ့ကြရတယ်။ သူတို့ရဲ့လယ်မြေတွေက နှင်ထုတ်ခံရပါတယ်။ တဘက်မှာတော့ လယ်ယာမြေတွေကို အသုံးပြုပြီး စီးပွားရေးလုပ်ခဲ့တဲ့ အကျိုးအမြတ်ဟာ ၂၀၁၀ ခုနှစ်မှာ ဘီလျှံ ၄၂၀ နီးပါး ရခဲ့ပါတယ်။ အဲ့ဒီ ဒေသတွေဆီမှာ တနှစ်အတွင်းမှာ ၇၀ ရာခိုင်နှုန်းကျော်အထိ စီးပွားတက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လယ်သမားအများစုကတော့ ရော်ကြေးငွေ အနည်းငယ်သာရပြီး သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုရှင်သန်ရမှန်းမသိခဲ့ဘူး။

တကယ်တော့ တရုပ်ပြည်မှာ တနှစ်အတွင်း လယ်သမားဆန္ဒပြပွဲစုစုပေါင်း တသိန်းနီးပါးရှိတယ် လို့ ဆိုပါတယ်။
မသေချာမရေရာတဲ့ အနာဂတ်တခုကို ရင်ဆိုင်ကြုံတွေ့လိုက်ပြီးတဲ့ နောက်မှာ၊ ခြစားအကျင့်ပျက်မှုတွေ ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရှုတ်ချလိုက်ကြပြီး၊ သူတို့ရဲ့ တရားဝင် အခွင့်အရေးတွေအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတော့တယ်။ တချို့ကတော့ အစိုးရပိုင်အဆောက်အဦတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြသလို၊ တချို့ကတော့ လယ်မြေတွေကို ဘူဒိုဇာနဲ့ထိုးမြေလှန်ဖို့ကြိုးစားနေတဲ့ စက်ယန္တယားတွေရှေ့မှာ စုံရုံး တားဆီးအာခံလေ့ရှိကြပါတယ်။ ဒေသဆိုင်ရာလုံခြုံရေးရဲအရာရှိတွေကလည်း ဆန္ဒပြပွဲကို အလျော့မပေးစတမ်း အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ မျက်ရည်ယိုဗုံး ပစ်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေနဲ့သာ အဆုံးသတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြေရှင်းမှုတွေရဲ့ အကျိုးဆက်ဟာ တရုပ်ပြည်ကွန်မြူနစ်ပါတီရဲ့အကြီးအကဲတွေကို ခေါင်းခဲစေခဲ့ပါတယ်။ ပြဿနာတွေဟာ မီးခိုးကြွက်လျှောက်ဖြစ်လာပြီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို တသီကြီးဖေါ်ထုတ်တွေ့ရှိခဲ့ကြပါတော့တယ်။


******Zhang Musheng ဆိုတဲ့လူက ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုကို အဓိကလေ့လာ သုံးသပ်နေတဲ့ ပညာရှင်တယောက် ဖြစ်တယ်။ သူ့ရဲ့ ယဉ်ကျေးမှု နှင့် သမိုင်း အပေါ် ပြောင်းလဲလာသော ကျနော်တို့ရဲ့ အမြင်များ ဆိုတဲ့စာအုပ်ကို စစ်သိပ္ပံတက္ကသိုလ် က ထုတ်ဝေခဲ့ပြီး သူ့ရဲ့ မြေယာပြုပြင်ပြောင်းလဲရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအမြင်တွေကို တရုပ်ကွန်မြူနစ်ပါတီရဲ့ လယ်ဝဲလက်ယာ နိုင်ငံရေးသမားတွေ အပါအဝင်၊ စစ်ခေါင်းဆောင်အများစုက ကြိုက်နှစ်သက်ခဲ့ကြတယ်။ သူက.......


ကျနော်တို့ရဲ့ တရုပ်ပြည်ဟာ ချမ်းသာကြယ်ဝလာတာ မှန်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးစုကျော်အတွင်းမှာ လယ်သမားတွေရဲ့ သူတို့ရဲ့ မြေအကျယ်အဝန်း၊ စကွဲယားကီလိုမီတာ နှစ်သိန်းကျော် ကို တိုင်းပြည်အတွက် ပံ့ပိုးလှူဒန်းခဲ့ကြတယ်။ ဒါကြောင့်လည်း တရုပ်ပြည်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ထွီလျှီ ၁၀၀ ရမ်မီဘီ အရင်း စုဆောင်းထားနိုင်ခဲ့တယ်။

လွန်ခဲ့တဲ့ အတိတ်တုံးကတော့ အင်ပါယာနိုင်ငံဟာ သူများနိုင်ငံတွေအပေါ် လက်နက်ရောင်းပြီး ကြီးပွားချမ်းသာအောင် လုပ်ခဲ့ပါတယ်။ ခုတော့ ကျနော်တို့ဟာ ကျနော်တို့ ပြည်သူတွေအပေါ်မှာ လုယက်ပြီး ကြီးပွားချမ်းသာအောင် လုပ်သလို ဖြစ်နေပြီ။ ခရိုနီတွေကြီးစိုးတဲ့ အရင်းရှင်စံနစ်ဟာ ချည်းနင်းဝင်ရောက်လာခဲ့ပါပြီ။ ကျနော်တို့ဟာ အင်မတန်ရွံ့စရာကောင်းတဲ့ မငြိမ်သက်မှုတွေကို ဖန်တီးခဲ့မိပြီ။ ဒီဟာတွေကို ရှင်းလင်းပစ်မှဖြစ်မယ်။ ဒီကနေ့တရုပ်ပြည်မှာ အလွှာပေါင်းစုံက ဖိအားပေးနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတောင်းဆိုသံတွေဟာ ၁၉၇၈ ကာလတုံးက တောင်းဆိုခဲ့ကြတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အသံတွေထက် အင်အားပြင်းထန်နေပါတယ်။ ဆွေးနွေးငြင်းခုန်ဖို့ မလိုဘူးဆိုတဲ့ကြွေးကြော်သံဟာ ခေတ်မရှိတော့ပါဘူး။ လယ်သမားတွေရဲ့ ဘဝတွေဟာ အဆင်ပြေသွားပါလိမ့်မယ်ဆိုတဲ့ ဆင်ခြေတွေလည်း ရပ်လိုက်ပါတော့။ ဒီကနေ့ဟာ တရုပ်ပြည်အတွက် အကြီးမားဆုံးနိုင်ငံရေးအကြပ်အတည်းကာလပါ။ ကျနော်တို့တတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြရပါမယ်။ ******

ဒါပေမဲ့  Zhang Mushang က  ဒီလိုကိစ္စကို ဖြေရှင်းကြတဲ့အခါ နိုင်ငံခေါင်းဆောင်တွေ သတိထားလုပ်ဆောင်ရမဲ့ နိုင်ငံရေးအစီအစဉ်တွေကို ချပြခဲ့ပါတယ်။ သူက သူ့အယူအဆကို အခုလိုတင်ပြခဲ့ဘူးပါတယ်။
 တရုပ်ပြည်ကို ကယ်တင်မဲ့သူဟာ တရုပ်ကွန်မြူနစ်ပါတီဖြစ်တယ်။
တရုပ်ကွန်မြူနစ်ပါတီကို ကယ်တင်မဲ့အရာကတော့ ဒီမိုကရေစီသစ်ဖြစ်တယ် ဆိုပြီး ကွန်မြူနစ်ခေါင်းဆောင်တွေကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အပြင်းအထန် တိုက်တွန်းခဲ့ပါတယ်။


သောတရှင်များခင်ဗျား
တရုပ်ဝန်ကြီးချုပ်ဝန်ကျားပေါင် ကတော့ လယ်သမားတွေရဲ့လယ်မြေတွေကို တရားမဝင်သိမ်းပိုက်နေမှုဟာ သမိုင်းဆိုင်ရာအမှားတခုဖြစ်တယ်။ အာဏာပိုင်တွေကို အသုံးချပြီး ခြစားအကျင့်ပျက်နေတဲ့ စီးပွားရေးသမားတွေ၊ ပါတီခေါင်းဆောင်တွေကို စစ်ဆေးအရေးယူရမယ် လို့ ဆော်သြခဲ့ဘူးပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်တဲ့ကာလမှာ သက်ဆိုင်ရာ အစိုးရတွေ ကိုယ်တိုင်က လူမှုရေးမတည်ငြိမ်မှုတွေ၊ ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေကို မပြုလုပ်ဖို့လိုပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ ဘဝလုံခြုံရေးတွေကို မဖြည့်ဆည်းပဲ၊ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလများကလို နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အမှောင်ခေတ်ဆီကိုပြန်သွားချင်တဲ့ ဆန္ဒတွေကို ချိုးနှိမ်ထားဖို့လိုပါလိမ့်မယ်။ သောတရှင်မြန်မာပြည်သူတွေလည်း စီးပွားရေး၊ နိုင်ငံရေးပြေလည်အောင် ဖန်တီးပေးနိုင်မဲ့ အစိုးရတွေနဲ့ ဆုံဆည်းနိုင်ကြပါစေ။

" RFA "တရားစွဲခံရပြီ


RFA ကနေ အောက်တိုဘာလပိုင်းက အလုပ်ဖြုတ်လိုက်တဲ့ မြန်မာဌာနက ၀န်ထမ်း (၄)ဦးအပါဝင်
ကမ္ဘောဒီးယားဌာနက ၀န်ထမ်း (၃)ဦးနဲ့ လာအိုဌာနက ၀န်ထမ်း (၁)ဦး တို့နဲ့ပတ်သက်လို့ အမေရိကန်အလုပ်သမားသမဂ္ဂကနေ RFA ကို နိုဝင်ဘာလတွင်း ပြန်ပြီးတရားစွဲလိုက်ပါတယ်။

RFA အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်း (၈)ဦးလုံး အလုပ်နေတဲ့အချိန်မှာ ဘာအပြစ်မှမရှိပဲ လုံခြုံရေးအစောင့်အရှောက်တွေကို အသုံးပြုပြီး ရုံးကနေချက်ချင်းထွက်ဖို့နဲ့ RFA မှာ အလုပ်မလုပ်တော့ဘူးဆိုတဲ့စာချုပ်ကို လက်မှတ်ရေးထိုးဖို့ပြုလုပ်ခဲ့ပါတယ်။

အုပ်ချုပ်ရေးပိုင်းက လက်မှတ်ရေးထိုးခိုင်းတဲ့ စာချုပ်မှာပါတဲ့အချက်တော်တော်များများဟာ အမေရိကန်ပြည်ထောင်စုကပြဌာန်းထားတဲ့ ဥပဒေတွေအပါအ၀င် အလုပ်သမားသမဂ္ဂနဲ့ RFA သဘောတူထားတဲ့ အချက်တွေကိုပါ ချိုးဖောက်ထားပါတယ်။

 ဒါအပြင် အလုပ်ထုတ်ခံရသူတွေကို နစ်နာကြေးသဘောမျိုးပေးမယ်ဆိုတဲ့ စာချုပ်ကို အလုပ်သမားဥပဒေအရ ပြန်လည်ညှိုနှိုင်းပြင်ဆင်ဆောင်ရွက်ဖို့ကိုလည်း RFA ကပျက်ကွက်ခဲ့ပါတယ်။

RFA က၀န်ထမ်းတွေအလုပ်ထုတ်ခံရတဲ့ကိစ္စကို အလုပ်သမားသမဂ္ဂအနေနဲ့ ဥပဒနဲ့အညီ RFA ကိုတရားစွဲ စိန်ခေါ်လိုက်ပါပြီ။ အဓိကအားဖြင့် အလုပ်ဖြုတ်ဖို့အတွက် ၀န်ထမ်းတွေကိုအသိပေးထုတ်ပြန်တဲ့စာနဲ့ပတ်သက်လို့ သမဂ္ဂနဲ့သဘောတူစာချုပ်အတိုင်း RFA အုပ်ချုပ်ရေးပိုင်းက သတ်မှတ်တဲ့အချိန်အလုံအလောက်မပေးတာ၊ အလုပ်ထုတ်ဖို့ဝန်ထမ်းတွေကိုရွေးချယ်ရာမှာ RFA ကမှန်မှန်ကန်ကန်မဆောင်ရွက်တာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အလုပ်ဖြုတ်တာ စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး တရားစွဲထားပါတယ်။

ဥပမာ မြန်မာနဲ့ ကမ္ဘောဒီးယားဌာနက အထုတ်ခံရတဲ့ ၀န်ထမ်းနှစ်ဦးဆိုရင် အလုပ်သမားသမဂ္ဂ၀င်အဖြစ် တက်တက်ကြွကြွဆောင်ရွက်ခဲ့ပြီး သမဂ္ဂနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို RFA အုပ်ချုပ်သူတွေ ချိုးဖောက်တယ်ဆိုရင် ပြန်ပြီးထောက်ပြခဲ့တဲ့ အစဉ်အလာရှိသူတွေဖြစ်ပါတယ်။

ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ ၀န်ထမ်း (၈)ဦးစလုံးဟာ သူတို့ဌာနအသီးသီးမှာ အထုတ်မခံရပဲ ကျန်နေတဲ့ဝန်ထမ်းအများစုထက် လုပ်သက်ရင့်သူတွေဖြစ်ပါတယ်။

မြန်မာဌာနကအဖြစ်အပျက်မှာဆိုရင် လုပ်သက်တစ်နှစ်တောင်မပြည့်သေးတဲ့ဝန်ထမ်းတဦး အပါဝင် နောက်ဝန်ထမ်းတဦး စုစုပေါင်းနှစ်ဦးကို အယ်ဒီတာအဖြစ်ခန့်လိုက်ကြောင်း RFA အုပ်ချုပ်ရေးတာဝန်ရှိသူက ကြေညာပြီးနောက် တချိန်တည်းမှာပဲ ကျန်တဲ့ဝန်ထမ်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို မြန်မာဌာနတွင်း အလုပ်ဖြုတ်ဖို့ရှိတယ်ဆိုတဲ့ကြေညာချက်ကိုပြုလုပ်ခဲ့ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ RFA မြန်မာဌာနက အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေနေရာမှာ အချိန်ပိုင်းခန့်ထားသူတွေ အစားထိုးအလုပ်ခိုင်းစေတာဟာ အလုပ်သမားသမဂ္ဂနဲ့သဘောတူထားတဲ့စာချုပ်ကို RFA ကထင်ထင်ရှားရှားချိုးဖောက်နေပါတယ်။

ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေအပေါ် ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်တွေကို ပြန်လည်ညှိုနှိုင်းဖို့RFA အုပ်ချုပ်ရေးပိုင်းကပျက်ကွက်တဲ့အချက်ကိုလည်း အလုပ်သမားသမဂ္ဂအနေနဲ့တရားစွဲထားပါတယ်။
http://shwemyanmarmediagroup.blogspot.ca/2012/12/rfa.html

ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ သတိထားစားသုံးသင့်


class="img"

ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ
သတိထားစားသုံးသင့်ဟု စားသုံးသူကာကွယ်ရေးအသင်းပြော


ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍
... ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး
မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေ
အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။

“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက်
တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှု အများဆုံးကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာက ငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆို
ရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာ
တယ်။ ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့ ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက်
လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့
အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။

ယူရီးယား ဓာတ်မြေသြဇာ ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို
ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

“ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေး
ပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင် မသမာတဲ့ နည်းလမ်းတွေက
ပါလာပြီ။ အန္တရာယ်တွေလည်း အများကြီးရှိလာနိုင်တယ်။ စားသုံးသူ
တွေအနေနဲ့ စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆိုသည်။

သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်
ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့် အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍
ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွား
မည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။

စားသုံးသူကာကွယ်ရေးအသင်းတွင် ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက
ဈေးကွက်အတွင်းမှအချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့သည်။

- ဂျူးမေဇင်
http://www.thefarmermedia.com/

ဒေါ်မာမာအေးသည် မြန်မာနိုင်ငံတွင် ၃ လခန့် နေထိုင်မည်


7Day News Journal's photo.

class="img"

အဆိုတော်မာမာအေးသည် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံသို့ပြန်ရောက်လာသည
်။ အဆိုတော် မာမာအေးက သူမအား လာရောက်ကြိုဆိုသူ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ဂီတလောက... သားအချို့နှင့် ပရိသတ်များကို "မာမာအေးကို သီချင်းဆိုဖို့ ပြောထားတာတွေရှိတယ်။ မာအေးသီချင်း ဆိုပြချင်ပါတယ်။ ကျန်းမာနေသရွေ့ပေါ့။ " ဟု ရန်ကုန်လေဆိပ်တွင် နှုတ်ဆက်စကားပြောကြားသည်။

ဒေါ်မာမာအေးသည် မြန်မာနိုင်ငံတွင် ၃ လခန့် နေထိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အသက် ၇၆ နှစ်အရွယ် ဒေါ်မာမာအေးသည် ၀ှီးချဲအသုံးပြု လာရောက်သည်ကိုတွေ့ရပြီး လေဆိပ်တွင် ကြိုဆိုနေသူများကြား ပြုံးရွှင်လန်းဆန်းနေသည်ကို တွေ့ရသည်။ သူမ၏ ကျန်းမာရေးမှာ လေဖြတ်ထားဖူးပြီး နှလုံးရောဂါအခံရှိကာ ခန္ဓာကိုယ်ဝိတ်များ၍ ချော်လဲထားဖူးသည်မှာ နှစ်ခါရှိပြီဖြစ်သောကြောင့် မြန်မာပြည်ခရီးစဉ် လာရောက်ရာတွင် ၀ှီးချဲအသုံးပြုကာ လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း သူမ၏ သမီးဖြစ်သူ ဒေါ်မေချိုကပြောသည်။ ဒေါ်မာမာအေးသည် ရန်ကုန်တွင် ဘိုဘိုအန်တာတိန်းမန့်နှင့် ပူးပေါင်း၍ ဂီတဖျော်ဖြေပွဲ ပြုလုပ်ရမည်ဖြစ်ပြီး ယခု ဒီဇင်ဘာလအတွင်း ပုဂံရှိ တန့်ကြည့်တောင်ဆရာတော်ထံတွင် တရားစခန်းဝင်မည်ဟု သိရသည်။

အဆိုတော် မာမာအေးသည် ၁၉၉၈ ခုနှစ်က ဥရောပနိုင်ငံအချို့သို့ အလည်အပတ်ခရီးထွက်ရာမှ ပြည်ပရောက် အတိုက်အခံအချို့ကို တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၁၀ ကျော်ကြာ ပြန်မလာဖြစ်ရာမှ ယခု ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န)