Saturday, December 8, 2012

မြန်မာ စစ်တပ် ၏ ၀တ်စုံ ပြောင်းပြီ

အခမ်းအနား ၀တ်စုံ အပါအ၀င် ၊မြန်မာ စစ်တပ် ၏ ၀တ်စုံ ပြောင်းပြီ
by FNG on February 19, 2011

ဒီဇင်ဘာလ ၆ ရက်နေ့  ည က မန္တလေး တိုင်း ပြင်ဦးလွင် မြို့  စစ်တက္ကသိုလ်
တွင် ပြု လုပ် သည့်  သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား မှ စတင်
ကာ မြန်မာ စစ်တပ် ၏ ပွဲ တက် ၀တ် စုံ ကို အပေါ် တွင် အဖြူ – အောက်တွင်
အစိမ်း ပုပ် ရောင် ဖြင့် စတင် ပြောင်းလဲ ခဲ့ သည် ။ ယခင်က မြန်မာ စစ်တပ် ၏
ပွဲ တက် ၀တ် စုံ မှာ ကာကီ ရောင် ဖြစ် ပြီး ၁၉၇၂ ခုနှစ် မှ စတင်ကာ နှစ် ၄၀
ကျော်ကြာ အသုံး ပြု ခဲ့ သည်။ ထို သို့  ပြောင်း လဲ ရခြင်း သည်မြန်မာ စစ်တပ် ကို
ယခင် စစ်အစိုးရ လက်ထက် မှ စစ်တပ် အသွင် အဖြစ် လူထု အမြင် တွင် ပြောင်း လဲ
သွား စေချင် သောကြောင့် ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှ အကြီး တန်း အရာ ရှိ
တစ်ဦး က FNG ကို ပြောသည်။ ညစာ စား ပွဲ တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်
ချုပ် ကြီး မင်းအောင်လှိုင် လည်း တက်ရောက် ကာ ပြောင်း လဲ ထားသည့် ညစာ
စား ပွဲ ၀တ်စုံ သစ် ကို ၀တ် ဆင် ထား သည်။

သင်တန်း ဆင်းပွဲ အခမ်းအနား မိန့်  ခွန်း ပြောကြား မှု တွင် ကာကီရောင် မူလ  ၀တ်စုံ
ကိုသာ ၀တ်ဆင်ထာားသည်။

×××××××××××××××××××××××××××××××××××××××××

FNG တွင် ယခင် က ဖော်ပြ ခဲ့ သည့် သတင်း

ဟိန်းခိုင်ထွန်း၊              ၊မြန်မာ စစ်တပ် ၏ ၀တ်စုံ အရောင် ကို မူလ မြင်းချီးရောင် မှ
ဝါဖန့် ဖန့် ကာကီ ရောက် အဖြစ်သို့ ပြောင်းလဲ တော့မည် ဟု သတင်းရရှိသည်။ ကာကီ
ရောင် သည် မူလ က လေတပ် နှင့် ၂၀၀၄ခုနှစ် မတိုင် ခင်က ရဲ တပ်ဖွဲ့ ဝင် များ ၏ တူညီ
ဝတ်စုံ အရောင်ဖြစ်သည်။တူညီ ၀တ်စုံ အရောင် များ ပြောင်း လဲရန် ပြီးခဲ့သည့် သီတင်းပတ် က ကျင်းပခဲ့သည့် နေပြည်
တော် ရှိ အစည်းအဝေး တစ်ခု တွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ က လမ်း ညွှန် ခဲ့ခြင်း ဖြစ်သည်
ဟု အမည် မဖော်လိုသည့် အကြီးတန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြော
သည်။

စစ်တပ် တူညီဝတ်စုံ ပြောင်းလဲမှု တွင် လေတပ် နှင့် ရေတပ် များ ပါပြောင်းလဲ မည် ဖြစ်ပြီး
ရေတပ် အခမ်းအနားဝတ်စုံ အတွက် အရောင် အား  အပေါ်အောက် အဖြူရောင်အဖြစ် ထား
ရရှိမည် ဖြစ်ပြီး နေ့ စဉ် ၀တ်စုံ အတွက် ကို မူ ရွေးချယ်ရ သေးခြင်း မရှိ ဟု သိရသည်။

မြန်မာ စစ်တပ် သည် ယခု ကဲ့ သို့ စစ်ဝတ်စုံ အရောင်များ အပြောင်းအလဲ လုပ်ရခြင်း
မှာ စစ်တပ် ၏ လှုပ်ရှား မှု များ ကို ဂြိုလ်တု ထောက်လှမ်း ရေး နှင့် လှို့ ဝှက်ကင်းထောက်
လေယာဉ် များ ၏ မှတ် ဥာဏ်များ တွင် လွဲ မှား ၍ ထောက်လှမ်းလေ့လာမှု များ မပြုနိုင်ရန်
အတွက်ရည်ရွယ် သည် ဟု သိရှိရသည်။

စစ်တပ်၏ တူညီဝတ်စုံ များ သည် အချို့ နေရာများ တွင် ရှေးမဆွက ပင် ပြောင်းလဲထားခြင်း
နှင့် ပတ်သက်ပြီး ” အရေးကြီးတဲ့ စစ် ရေး စီမံကိန်း ရှိတဲ့ နေရာမှာပေါ့ တချို့ နေရာတွေ မှာ
စစ်တပ် ကမှန်း မသိအောင် တောခါင်းတွေ လို လယ်ဆည် တွေ ရဲ့ ယူနီဖောင်းလို မျိုးပြောင်း
ပြီးဝတ်ထားတာ ရှိတယ်။ စစ်တပ် က လှို့ ဝှ လုပ်နေမှန်း မသိအောင့် ပေါ့ ၊ ရှမ်းပြည်က နေရာ
တစ်ခု မှာ ဆို လီဗိုင်း ဂျင်း ဂျာကင် နဲ့  ဂျင်းဘောင်းဘီ နဲ့  လုံခြုံရေး ယူထားတဲ့ နေရာတွေ
တောင် ရှိတယ်။အဲဒါ ကြောင့် တပ် လှုပ် ရှား တွေ ကင်းထောက် လေယာဉ် တွေ ထိုင်းဖြစ်ဖြစ်
အမေရိကန် ဖြစ် ၀င်လာရင် မသိတာပေါ့ “ဟု Freedom News Group သို့ ပြောသည်။

ပွဲတက်သည့် အခမ်းအနား ၀တ်စုံ အား ကွဲပြားခြား နား သော အရောင် မျိုး စုံ ဖြင့် ပြောင်း
လဲမည် ဖြစ်သည်။

အခြား အတည် မပြု နိုင်သည့် သတင်း များ တွင်လည်း တရုတ် ပြည်တွင် ရောက် ရှိနေသည့်
မြန်မာ စစ်ခေါင်းဆောင် ၏ ကတော်သည် တရုတ် ဗဟို ဘဏ် ၏ ငွေ လွှဲပြောင်းခြင်း ဥပဒေ
အရ ပိုငွေ အချို့ ကို ပိတ်စ များ ၀ယ်ယူထားရခြင်း ကြောင့် ဟု ဆိုကြသည်။

မြန်မာ စစ်တပ် ၏ အခမ်းအနား ၀တ်စုံ တွင် ပြင်ပ လူများ ဟန်ဆောင် ပြီး ၀င်ရောက် နိုင်
ခြင်း မရှိရန် ၁၉၉၂ ခုနှစ် မှ စ၍ လျှို့ ဝှက် အမှတ် အသား တစ်ခု အား ၀တ်စုံ ပေါ်တွင် တီ
ထွင်ခဲ့သည်။

စစ်ဝတ် စုံများ ပြောင်းလဲ ခြင်း နှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်
ဦး ဖြစ် သူ ကိုငြိမ်းချမ်း  က မူ “လူထု အုံကြွမှု တွေ ဖြစ်လာရင် စစ်တပ် က ပစ်သတ် တာ လူမ
သိအောင် လို့  ဒါမှ မဟုတ် စစ် သား တွေ ကို အုံကြွ မှ ဆိုးလို့ စိတ်ပညာ အရ စွဲမြဲနေ တဲ့
အရောင် တွေ ကို ဖျောက်ပြီး မာန်ချ ခိုင်းတယ့် သဘော ဖြစ်မယ်၊ အလုပ်ရှုပ်နေအောင် ထား
တာပေါ့ ဟု သုံးသပ် ပြောကြားသည်။

ဂျာမနီ နိုင်ငံ တွင် အာဏာရှင် ဟစ်တလာ အုပ်စိုး စဉ် က ဂျာမန် စစ်တပ် ၏ ၀တ်စုံများ ကို
နာမည် ကျော် ဖက်ရှင် ဒီဇိုင် နာများ ထံ အပ် နှံ ကာ စစ်ဌာန တစ်ခု စီတိုင်း အတွင် အရောင်
တစ်ခု စီ သတ်မှတ်ပေး ခဲ့သည်။

နာမည် ကျော် ဂျာမန် စစ်တပ် ယူနီဖောင်း ဒီဇိုင်း များ ကို ယခု ကမ္ဘာ တွင် နာမည် လျှမ်းလျှမ်း
တောက် ကျော်ကြား နေ သည့် ဖက်ရှင်း ကုန်ပစ္စည်း တစ်ခု ဖြစ်သည့် BOSS ၏ အရှင် သခင်
ဖြစ်သူ နာဇီ ပါတီ ၀င် Hugo Ferdinand  Boos က ဖန်တီးပေး ခဲ့ခြင်း ဖြစ်သည်။

မြန်မာ စစ်တပ် တွင် လက်မောင်းပတ် ခြင်း ၊ ခါးပတ် နှင့် စလွယ် ပတ် ခြင်း ၊ ဘက်တန်
ကိုင် ခြင်း အလေ့အထ မရှိ ပါ။
http://freedomnewsgroup.com/2011/02/19/dress-code/

မြန်မာနိုင်ငံအကြမ်းမဖက်ရေးကို ဆက်လက်ကျင့်သုံးရန်ဒလိုင်းလားမားတိုက်တွန်း

EMG / Friday, 07 December 2012 12:48
အကြမ်းမဖက်ရေးကို ဆက်လက်ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဗဟိုအချက်အချာဖြစ်သော ဘာသာရေးသဟဇာတ ညီမျမှုကို တည်တန့်အောင်ထိန်းသိမ်းရန် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားတိုက်တွန်း

မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ် တုန့်ပြန်မှုများ လုပ်ဆောင်ရာတွင် အကြမ်းမဖက်ရေးကို ဆက်လက်ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဗဟိုအချက်အချာဖြစ်သော ဘာသာ ရေးသဟဇာတညီမျှမှုကို တည်တန့်အောင် ထိန်းသိမ်းရန် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများနှင့် ပတ်သက်၍ မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရမှုများကို မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း စာနာမှုနှင့်အတူ မေတ္တာပို့သလိုက်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများက ပြော ကြားခဲ့ကြသည်။

ထိုသို့ပြောကြားရာတွင် သီိရိလင်္ကာ၊ထိုင်း၊ဗီယက်နမ်၊ဂျပန်၊ အင်္ဂလန်၊ကနေဒါ၊အမေရိကန်နှင့် ပြင်သစ် စသည့် နိုင်ငံများမှ ဗုဒ္ဓဘာသာ အကြီးအကဲများက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများက ''လက်ရှိ မြန်မာနိုင်ငံဟာ ကောင်းမြတ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် သိသိသာသာ ဖြစ်ပေါ်တိုးတက်နေတာကို တွေ့ရသလို ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်များနှင့် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများ အကြမ်းဖက်မှုများကို ၀မ်းနည်းစွာ တွေ့ရကြောင်း ပြောကြားခဲ့သည်။

မြန်မာပြည်သူများဟာ ခေတ်အဆက်ဆက် အလွန်သန့်စင်မွန်မြတ်သည့် ဗုဒ္ဓတရားဓမ္မကို လိုက်နာကျင့်သုံးသည့် ဂုဏ်သိက္ခာမြင့်မားတဲ့ လူမျိုးများဖြစ်ကြောင်း၊မြတ်စွာဘုရား၏ အဓိကအကျဆုံး တရားတော်များဖြစ်သည့် အကြမ်းမဖက်ခြင်း၊အပြန်အလှန်လေးစားခြင်းတို့ကို ကျင့်သုံးလိုက်နာခြင်းဖြင့် မြန်မာပြည်သူများ ကောင်းကျိုးချမ်းသာ ရနိုင်ကြပါစေလို့ မိမိတို့က အလေးအနက် ဆန္ဒပြုလိုက်ကြောင်း ဗုဒ္ဓဘာသာအကြီးအကဲများက ပြောကြားခဲ့သည်ဟု သိရသည်။

မြတ်စွာဘုရားဟာ သတ္တ၀ါများအား ညှင်းဆဲခြင်း၊သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမည်ဆိုသည့် တရားတော်ကို ဟောကြားခဲ့ကြောင်း လူတိုင်းကို အဆင့်အတန်း အယုတ် အလတ်မခွဲခြားဘဲ တန်းတူညီတူ လေးလေးစားစား ဆက်ဆံရန်နှင့် သတ္တ၀ါတိုင်းအပေါ် ကရုဏာတရားနှင့် စောင့်ရှောက်ရမည်ဆိုတဲ့ တရားတော်ကို ဟောကြားခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများ၏ ပြောကြားမှုတွင် ပါဝင်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများက မြန်မာပြည်သူများအား ပြောကြားရာတွင် ''ကျွန်ုပ်တို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူ မွန်မြတ်တဲ့တရားတော်များနဲ့အတူ ရဲရဲရင့်ရင့် ရပ်တည်လျက်ရှိပါတယ်။ မွတ်ဆလင်များကဖြစ်စေ၊အခြားတိုင်းရင်းသားများက ဖြစ်စေ၊ကမ္ဘာပေါ်က မည်သည့် ရက်စက်တက်သူတွေကဖြစ်စေ အကြမ်းဖက်လာခဲ့လျင်ပင် မွန်မြတ်လှတဲ့ ဗုဒ္ဓတရားတော်များအတိုင်းပဲ ရပ်တည်သွားမှာဖြစ်ကြောင်း ပါဝင်ပါသည်။

ထိုသို့ ဓမ္မလမ်းကြောင်းအတိုင်း ရပ်တည်ခြင်းကသာလျင် မြန်မာပြည်သူများဟာ ကမ္ဘာပေါ်တွင် တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားခြင်း၊သာတူညီမျှစိတ်ထားရှိခြင်း စိတ်ရှည်သည်းခံတက်ခြင်းစသည့် ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြသခွင့်ရရုံသာမက ကမ္ဘာကပါ စံနမူနာပြန်ယူရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာ ဖြစ်ကြောင်း သံဃာတော်အရှင်မြတ်များနှင့် တရားနဲ့အညီနေထိုင်ကြသူများအနေနဲ့ ပြည်သူလူထုအား တရားတော်များအတိုင်း လေးလေးနက်နက်လိုက်နာပြီး ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ သွန် သင်ညွှန်ပြပေးရန် မိမိတို့အနေနဲ့ လေးမြတ်စွာ လျောက်ထားအပ်ပါကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာအကြီးအကဲများက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်တောင်တွင်းကြီးဆေးရုံတွင် အလှူငွေ သိန်း ၈၀ လှူဒါန်း

rPonnya Swe / ပုညဆွေ

ဒေါ်အောင်ဆန်းစုကြည်က တောင်တွင်းကြီးမြို့ နယ်ဆေးရုံတွင် အသုံးပြုရန် ထရန်စဖါမာအတွက် ကျပ်သိန်း ၈၀ ကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းမှ လှူဒါန်း........

The Modern News Journal



Popular Myanmar News Journal
တောင်တွင်းကြီး၊ ဒီဇင်ဘာ ၈

ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီးဆေးရုံတွင် အလှူငွေ သိန်း ၈၀ လှူဒါန်းခဲ့ပြီးနောက် နှုတ်ခွန်းဆက်စကားပြောကြားခဲ့သေးကြောင်းသိရသည်။

နံနက် ၈နာရီ ၄၅ မိနစ်ခန့်က တောင်တွင်းကြီးမြို့၊ ဆတ်သွားရွာတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ဖခင်ဗိုလ်ချုပ်၏သမီးဖြစ်သောကြောင့် မိမိသည်လည်း အညာသူပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရောက်မလာဖြစ်သည့် အကြွေးရှိသောကြောင့် ယခုကဲ့သို့လာရောက်ရခြင်းဖြစ်ပြီး၊ ဒေသခံများကို မေးခွန်းများမေးမြန်းစေခဲ့သည်။

ဒေသခံများက မိမိတို့တွင် ဆည်ရှိသော်လည်း ရေမရခြင်းကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုမေးမြန်းကြပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေကိစ္စများကိုပါ ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။



တောင်တွင်းကြီးမြို့ ဆတ်သွားဘောလုံးကွင်းမှာ လူထုကို မိန့်ခွန်းများပြောကြား