Sunday, December 9, 2012

အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်

"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်...ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေး ရှိပါတယ်။ ပြောလည်းပြောပါ။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။
အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့ သွားနိုင်မှာဖြစ်ပါတယ်"

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ (8-12-2012)
ခွန် ဒီးယမ်

မြန်မာနိုင်ပြီ

AFC U-19 Women Championship 2013 ခြေစစ်ပွဲ Play-off ပွဲစဉ်အဖြစ်
ယနေ့ညနေ(၆း၃၀)နာရီ၊ ဟိုချီမင်းမြို့ Thong Nhat ကွင်းတွင် ထိုင်းအမျိုးသမီးအသင်းနှင့်မြန်မာအမျိုးသမီး
ယူ-၁၉ အသင်း တို့ယှဉ်ပြိုင်ကြရာ မြန်မာအသင်းမှ ထိုင်းအသင်းအား တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ယူခဲ့ပါသည် ။


ဓါတ်ပုံ MNL facebook

ဗိုလ်ချုပ်အောင်ဆန်းဧ။်တူ ချိုအောင်သန်း

(၈.၁၂.၂၀၁၂) သံဃာတော်များချီတက် ဆန္ဒပြပွဲတွင် ပူးပေါင်းချီတက်လာသော ဗိုလ်ချုပ်အောင်ဆန်းဧ။်တူ ချိုအောင်သန်း(ဦးအောင်သန်းဧ။်သား) အား သံဃာတော်များနှင့်အတူတွေ့ရစဉ်။

ဓာတ်ပုံ- အောင်မင်း

စစ်တပ်လက်ဝေခံအစိုးရ

ဘာမှပြန်မလုပ်ပဲမလှုပ်မရှားဆန္ဒပြသူကိုဖမ်းဆီးထိန်းသိမ်းရာမှာပလပ်စတစ်လက်ထိပ်ကြိုးနဲ့တုပ်ပြီး လမ်းလျှောက်ပြီးမလိုက်ရင်တောင်...မပြီးကားပေါ်တင်ကြရတယ်။ လက်ပံတောင်းတောင်ကသံဃာတွေအချို့ကမေတ္တာသုပ်ရွတ်နေတယ်၊အချို့ကကျိန်းနေတယ်။ ဘာလို့မီးလောင်ဗုံးနဲ့ပစ်ရတာလဲ.. အဖြေက...စစ်တပ်အကျိုးစီးပွားလာထိရင်ဒီလိုခံရမယ်ဆိုပြီးဥပမာပေးလုပ်ပြလိုက်တာ။ @#$%%%^^&^&&**&^&&****...ဖားတပိုင်းငါးတပိုင်းစစ်တပ်လက်ဝေခံအစိုးရ.....


မှတ်တမ်း ။
xxxxxxxxxxxxxx
မျက်ရည်ယိုဗုံးသုံးခဲ့သည်ဟုဆိုသော်လည်း မီးတောက်များအကြီးအကျယ်နှင့် မီးလောင်ပြင်ကြီးဖြစ်နေသောမြင်ကွင်း ။ အကြမ်းဖက်ဖြိုခွဲခဲ့သော ရဲတပ်ဖွဲ့၏ အလည်မှ အကြမ်းဖက်ခြင်း အလျှင်းမရှိသော ထိုင်သံဃာတော် သုံးပါး ။ ၀မ်ပေါင်း ရုံးတွင်းမှ အမည်မသိရိုက်ကူးတင်ပြသူကို ကျေးဇူးတင်ပါသည် ။



ဒီမို ဖက်တီး



The Voice ဂျာနယ်မှာ သပိတ်စခန်းတွေ မီးလောင်ဗုံးသုံး ဖြိုခွင်တဲ့ ကိစ္စမှာ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးတင်ထွန်းနှင့် မေးခွန်းနှစ်ခုမှာ
မေး -- ညက ဖြေရှင်းဖို့လာတဲ့...ညွန်ကြားချက်က တိုင်းဒေသငကြီး ညွန်ကြားချက်လား၊ ပြည်ထောင်စုအစိုးရက ညွန်ကြားချက်လား

ရဲမှူး ဖြေ -- ဒါကတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဥပဒေနဲ့အညီလုပ်ခြင်းဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇ မှာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးတစ်ခုကို ဖြိုခွင်းရမယ်လို့ ပါပါတယ်။. ကျွန်တော်တို့က တည်ဆဲဥပဒေကို လိုက်နာပြီးတော့မှ တည်ဆဲ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်....

လို့ ဖြေကြားခြင်းဟာ တိုင်းဒေသကလည်း ခိုင်းတာ မဟုတ်ဘူး ပြည်ထောင်စုအစိုးရကလည်း ခိုင်းတာမဟုတ်ဘူးဆိုတော့ သူခိုင်းစေတာ သူလုပ်တာ လို့ဝန်ခံလိုက်တာပဲ ....
ပုဒ်မ ၁၂၇ အရ ဘာလက်နက်မှ မပါနဲ့ သံဃာတော်တွေကို မီးလောင်ဗုံးသုံးပြီ ဖြိုခွင်းရမယ့်လို့ ပါလို့လား။ ဖြိုခွင်းတားဆီးမှုအပေါ်မှာ ဒီလောက် ရက်စက်ကြမ်းတမ်းမှုနည်းနဲ့ ဖြိုခွင်းရမယ်လို့ ပါလား။ စစ်ပွဲတွေမှာတောင် မသုံးရတော့တဲ့ လက်နက်ကို ပုဒ်မ ၁၂၇ အရ သုံးတာပါဆိုတာ နောက်လဲ ဥပဒေအရ ဥပဒေအရဆိုပြီတော့ လူတွေကို တိရစ္ဆာန်လေးတွေ သတ်သလို့မျိုး လိုက်သတ်နေကြဦးမှာပဲ။

(ဓါတ်ပုံနှင့် စတေးတပ် အောင်နေမျိုး)



မန္တလေးဆေးရုံကြီး လက်ပံတန်းတောင်မီးလောင်ဒဏ်ရရ ဆရာတော်အား (၈၈)ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ၊ ကြို့ပုံးချို ၊ စမ်းချောင်းကိုကိုကြီး ၊ မဝါ ၊ မယုယုလှိုင် တို့ မှ လည်း ကန်တော့စဉ်




.ကြေးနီတောင် စီမံကိန်းသပိတ်စခန်းမှာ ဒဏ်ရာရ သံဃာ ငါးပါးကို ထိုင်းနိုင်ငံမှာ ကုသမည်
2012-12-09
(သံဃာတော်များ ထိုင်းနိုင်ငံမှာ ဆေးဝါကုသမှုနဲ့ စားရိတ်တွေကို ထိုင်းနို...င်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်က တာဝန်ယူမယ်)
မန္တလေးမှာ ဆေးဝါးကုသမူ ခံယူနေကြတဲ့ လက်ပံတောင်းတောင် ဆန္ဒပြပွဲမှာ မီးလောင်ဒဏ်ရာရခဲ့ရှိတဲ့ သံဃာတော် ၅ ပါးကို ထိုင်းနိုင်ငံကို ပို့ဆောင်ပြီးဆေးဝါးကုသမူခံယူဘို့ ဆောင်ရွက်နေပါတယ်။
ထိုင်းနိုင်ငံကိုပို့ဆောင်မယ့် သံဃာတော်တွေအနက် ဒီကနေ့ ညနေပိုင်းမှာ ဒဏ်ရာပြင်းထန်တဲ့ ဆရာတော် ဦးသိက္ခဥာဏကို ပထမဆုံးရန်ကုန်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေ ဆေးဝါးကုသမူအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့က ဦဇန္ဒက အခုလိုမိန့်ပါတယ်။ သံဃာတော်များ ထိုင်းနိုင်ငံမှာ ဆေးဝါကုသမှုနဲ့ စားရိတ်တွေကို ထိုင်းနိုင်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်က တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းကလည်း ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒဏ်ရာရရှိကြတဲ့ သံဃာတော်များကို မန္တလေးဆေးရုံကြီးနဲ့ ကန်တော်နဒီ ဆေးကုခန်းတွေမှာ သွားရောက်ကြည့်ရူပြီး ဒဏ်ရာရသံဃာတွေအပြင် သံဃာတွေကိုပြုစုစောင့်ရှောက်နေတဲ့ ဆရာတော်များ အဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့မှာရှိတဲ့အလှူရှင်တွေက ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကတစ်ဆင့် လှူလိုက်တဲ့ အလှူငွေ ကျပ် ၁၄သိန်း ၈သောင်းကို လှူဒါန်းခဲ့ပါတယ်။
ဒီကနေ့ ကန်တော်နဒီ ဆေးခန်းမှာ တက်ရောက်ကုသနေတဲ့ သံဃာတော်တွေထဲက ဒဏ်ရာ သက်သာလို့ သံဃာ ၈ပါးဆေးရုံက ဆင်းခဲ့ပြီး မနေ့က သံဃာ ၁၂ ပါးဆေးရုံက ဆင်းတယ်လို့ သိရပါတယ်။
News By RFA



မုံရွာတိုင်မ်းသတင်းဌာနက လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်ပြီး သတင်းသွားရောက်ယူခဲ့စဉ်က အာဏာပိုင်းများက သတင်းမှတ်တမ်းရယူနေပုံလေး

အစ္စလာမ်မြေပေါ် ဗမာမထားနိုင်ဘူး

(ကုလားညီးအစ်ကိုနှစ်ယောက်ရှိတယ် ဦးကိုလေးနှင့် ဦးဖေစိန်လို့ခေါ်တယ်။ ဦးကိုလေးက ဒေါ်အေးအေးနှင့် အိမ် ထောင်ကျသွားပြီး ဗုဒ္ဓဘာသာခံယူသွားတယ်။ ဖခင်ဖြစ်သူ ဦးဖိုးဆောင်းက ညီအစ်ကိုနှစ်ယောက်လုံးကို အိမ်ဝိုင်းတစ်ဝိုင်း ထဲမှာ ၃၁၇/၂၀၀၀ နှင့် ၃၁၈/၂၀၀၀ အိမ်ခွဲအမွေပေးခဲ့တယ်။ ဦးကိုလေးသေဆုံးသွားတဲ့အခါ ၎င်း၏ညီ ဦးဖေစိန်က ‘အစ္စလာမ်မြေပေါ် ဗမာမထားနိုင်ဘူး’ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ဒေါ်အေးအေးကိုနှင်ချဖို့ လုပ်ကြံတယ်။

ဒေါ်အေး ခရီးထွက်ချိန်မှာ ဒေါ်အေး၏ မောင်ဖြစ်သူ အိမ်စောင့်နေခိုက် တရားစွဲတာပါ။ ကာယကံရှင်ဒေါ်အေးက အမှုရင်ဆိုင်မှု လုံးဝမပြုလိုက်ရဘဲ ဂရံတုနှင့် စတင်တိုက်ခိုက်တာကို ထုံးစံအတိုင်း မြန်မာ့ရဲ၊ မြန်မာ့တရား သူကြီးနှင့် မြန်မာ့အာဏာပိုင်တို့က ကုလားနှင့်ပူးပေါင်းပြီးဝိုင်းဝန်းအနိုင်ကျင့်လိုက်တာပါ။
ဖခင်ဖြစ်သူ ဦးဖိုးဆောင်သေတာက ၁၉၆၂-ခု၊ ဦးကိုလေးအိမ်ဆောက်တာက ၁၉၈၂-ခု၊ ဖခင်ဦးဖိုးဆောင်အမည်နှင့် ဂရံလုပ်တာက ၂၀၁၂-ခု၊ ဂရံအတုကိစ္စကို အာဏာပိုင်များက ဖုံးကွယ်ထားလောက်အောင် ညီဖြစ်သူဦးဖိုးစိန် (ကုလား မြေပေါ်မှာ ဗမာမထားနိုင်ဘူး ဟု ပြောဆိုသူ) ပေါက်ရောက်နေသည်မှာ ကိုယ်ပျောက်လက် အဖွဲ့တော့ ရှိနေမှာသေချာ ပါတယ်။ နေရာတကာမှာ စနစ်တကျနဲ့ ဗမာတွေကို အနိုင်ကျင့်နေတာတွေဟာ ကိုယ်ပျောက်လက် အဖွဲ့အစည်းကြီးရဲ့ ဗျူဟာမြောက် ဂျီဟဒ်အနုစားလေးလား………?
အတူနေမူဆလင်တွေကိုယ်တိုင်က ဒေါ်အေးမတရားခံရတာ ဦးဖေစိန်မတရားလုပ်တာ သက်သေပြကြပေမယ့်၊ ကိုယ်ပျောက်လက်ရဲ့ လက်ချက်နှင့် ဒေါ်လာမှိုင်းမိကုန်ကြတဲ့ တာဝန်ရှိတွေရဲ့ သစ္စာမဲ့မှုတွေပါ။
မြန်မာမြေပေါ်မှာ ကုလားတွေ လူဝါးဝလွန်းနေပြီနော်။ ကုလားယူတဲ့ အမျိုးသမီးတွေ သေတဲ့အထိ အခုလို ပညာ အပြ ခံရလိမ့်မယ်နော်…….။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
27.11.2012


သို့/
ဒေါ်အောင်ဆန်းစုကြည်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
နေပြည်တော်။
ရက်စွဲ-၂၀၁၂-ခုနှစ်၊ နိုဝင်ဘာ၂၆ ရက်
အကြောင်းအရာ။ ။ ကျွန်မပိုင်သောအိမ်ဝိုင်းအား တရားမ၀င်သော မူလအမှုတွဲပျောက် ဆုံးနေသော ဂရံဖြင့် အိမ်ဝိုင်းအတွင်းမှ နှင်ထုတ်နေသည်ကို အသနားခံတင်ပြ အကူအညီေ တာင်း ခံခြင်း။
အထက်ပါ အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ကျွန်မ ဒေါ်အေးအေးသည် သာစည်မြို့ အမှတ်(၄) မြို့မ ရပ်ကွက်တွင် ဦးအောင်ကျော်(ခ) ဦးကိုလေးနှင့် (၁၉၇၈)ခုနှစ်တွင် လက်ထပ်ခဲ့ပါသည်။ ထို့နောက် ဦးကိုလေးနှင့်အတူ ယခု လက်ရှိအိမ်ဝိုင်းအတွင်း နေထိုင်ခဲ့ပါသည်။ ဦးကိုလေးသည် ယခုလက်ရှိဂရံ အမှုတွဲ ပျောက်ဆုံးနေသည့် ဂရံကိုင်ဆောင်သူ ဦးဖေစိန်နှင့် ညီအစ်ကိုအရင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဦးဘိုးဆောင် သေဆုံးသောအခါ ဂရံအမှတ်-၃၁၇/၂၀၀၀-မှာ ဦးကိုလေး နေထိုင်ပြီး ဂရံအမှတ် ၃၁၈/၂၀၀၀-မှာ ဦးဖေစိန် နေထိုင်ခဲ့ပါသည် မူလအမည်ပေါက် ဦးဘိုးဆောင် သေဆုံးသောအခါ ဦးကိုလေးမသိဘဲ ဦးဖေစိန်မှ နှစ်ဝိုင်းလုံးအား ဂရံအမည် ဖေါက်ခဲ့ပါသည်။
ကျွန်မခင်ပွန်း ဦးကိုလေးသည် ကျွန်မနှင့်လက်ထပ်ပြီး ဗုဒ္ဒဘာသာသို့ ကူးပြောင်းခဲ့ပါသည်။ ထိုနောက် ရပ်ကွက်ဘာသာရေး အဖွဲ့အစည်းများတွင် ဦးဆောင်ဦးရွက်ပြုခဲ့ပါသည်။ ထိုသို့ပြုလုပ်သည်ကို မကျေမနပ်ဖြစ်ပြီး ၁၆-၆-၂၀၀၄-ခုနှစ်တွင် ဦးကိုလေး သေဆုံးသောအခါ ဦးဖေစိန်မှ ကျွန်မအား ကုလားပိုင်သောမြေပေါ်တွင် ဗမာ မထားနိုင်ပါ-ဟု ပြောသောအခါ ကျွန်မကတရားဥပဒေနှင့် အညီဖြေရှင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ထိုသို့ ပြောဆိုခဲ့ခြင်းကြောင့် ကျွန်မအား ဒေသဆိုင်ရာအာဏာပိုင်များ၊ တရားရုံးများနှင့် ပူးပေါင်းပြီး အိမ်ဝိုင်းအတွင်းမှ နှင်ထုတ်ခဲ့ပါသည်။ ထိုသို့ နှင်ထုတ်ရာတွင် တရားရုံးမှ ဂရံကို ပြန်လည်စီစစ်ပေးရန် တင်ပြသော်လည်း အာဏာပိုင်နှင့်သာ သက်ဆိုင်သည်ဟု ငြင်းဆိုခဲ့ပါသည်။ သက်ဆိုင်ရာဒေသအာဏာပိုင်များသို့ တရားဝင် အထောက်အထားများ တောင်းဆိုခဲ့ခြင်းမပြုပါ၊ ကျွန်မသက်သေတင်သည့် ရပ်ကွက်အာဏာပိုင်များ၊ ကျွန်မအိမ်ဝိုင်း၏ ပတ်ဝန်းကျင်အိမ်များမှ ပုဂ္ဂိုလ်များ၏ သက်သေထွက်ချက်များအား မျက်ကွက်ပြုပြီး ဦးဖေစိန်အား အနိုင်ဒီဂရီ ပေးခဲ့ပါသည်။ ဂရံကိုပြန်လည်စီစစ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ် ရေးမှူးတို့အား ကျွန်မတင်ပြခဲ့သော်လည်း ဦးဖေစိန်အား ဂရံထုတ်ပေးသည့် အမှုတွဲပျောက်ဆုံးနေသည့် အတွက် အကြောင်းပြကာ ယနေ့အထိ ဖြေရှင်းပေးခြင်းမရှိပါ။
၆-၇-၂၀၁၂-(သောကြာနေ့)က တရားရုံးမှ ဒေါ်မာမာအေး ဦးဆောင်သော ၀န်ထမ်းများနှင့် ရဲမေများ၊ ရဲများနှင့်ဝိုင်း၍ ကျွန်မအား အိမ်ဝိုင်းအတွင်းမှ ဆွဲထုတ်ရန် ပြုလုပ်ခဲ့ပါသည်။ အိမ်နှင့်အိမ်ရှိပစ္စည်များအား ဘီလစ်စာရေးနှင့် ရဲများဆွဲထုတ်ရန် ပြောဆိုခဲ့ပါသည်။ ကျွန်မ၏အိမ်သည် ဗလီနှင့် ကပ်လျှက်ရှိပြီး ဗလီလာသော အစ္စလာမ်များနှင့် ဗုဒ္ဒဘာသာဝင်ရပ်ကွက်နေ ပြည်သူများ၊ ရဟန်းသံဃာများ အဓိကရုဏ်းဖြစ်လျှင် ပို၍ရှုပ်ထွေး လာနိုင်ပါသဖြင့် ကျွန်မအား အချိန်ပေးရန်နှင့် ၎င်းအမှုတွဲ သာစည်တရားရုံးတွင်ရှိပါသည်-ဟု ပြောဆိုခဲ့ပါသည်။ အိမ်အဖျက်မခံချင်လျှင် လူနှင့်ပစ္စည်း အပြင်မရောက်ချင်ရင် လက်မှတ်ထိုးပေးရန် ဘီလစ်စာရေးမှ ပြောဆိုသည့်အ တွက် နေစရာမရှိ၍ ကြောက် ရွံ့ပြီး လက်မှတ်ကို ရေးထိုးပေးခဲ့ပါသည်။
ကျွန်မအား လျှောက်လွှဲချက်တင်ရန် ရုံးချိန်းပေးခဲ့ပါသည် ဇာရီမြေအပ်ဝရမ်ကို ဆက်လက်ဆောင်ရွက်မည် မဆောင်ရွက်မည်ကိုတော့ မသိရသေးပါ။ ဂရံမှ မူလလျှောက်ထားစဉ် မြေစရင်း ပုံစံ(၁၀၅)တွင် “ရေးကူးသည့် အကြောင်းအရာ "ခေါင်းစဉ်တွင်'' ဂရံ သက်တမ်းတိုးလျှောက်ထား” ဟုဖော်ပြထားသော်လည်း သက်တမ်းတိုးခြင်း မဟုတ်ဘဲ အမည်ပြောင်းထားပါ သည်။ ခေါင်းစဉ်အောက် တွင် (ဖော်ပြပါ အကြောင်းအရာအတွက်သာ အသုံးပြုခွင့်ရှိသည်)ဟု ရေးသားထားပါသည်။ ဂရံပေါ်တွင်လည်း မူလပိုင်ရှင်အမည်သည် “ဦးဖိုးဆောင်”ဟု ဖော်ပြထားသော်လည်း ဂရံတွင် ဦးဖေစိန်-ဟု အမည်ပြောင်းထားပါသည်။ ဦးဖိုးဆောင်သည် ၁၉၆၂-ခုနှစ်ခန့်က ကွယ်လွန်ခဲ့ပါသည်။ ကျွန်မနှင့် ကျွန်မခင်ပွန်းဦးကိုလေးတို့ ၁၉၈၂-ခုနှစ် အိမ်ဆောက်စဉ်ကလည်း စည်ပင်သာယာ အမိန့်ဖြင့် ဆောက်လုပ်ခဲ့ပါသည်။ ထိုအချိန်က သူတို့ပိုင်ဆိုင်ကြောင်း ကန့်ကွက်ခဲ့ခြင်းမရှိပါ။ ဂရံအမည်ပြောင်း ရာတွင်လည်း ကျွန်မတို့နှစ်ဦး မသိအောင်ဆောင်ရွက်ခဲ့ပြီး ကျွန်မတို့၏ အိမ်သို့လည်းကောင်း အိမ်ပတ်ဝန်းကျင်မှ ပုဂ္ဂိုလ်များအား မေးမြန်းခြင်း စစ်ဆေးခြင်းမရှိခဲ့ပါ။ ယခုမှ ဦးဖေစိန်သည် မူလအမှုတွဲပျောက်ဆုံးနေသော ဂရံကိုင်ဆောင်ပြီး သက်ဆိုင်ရာအာဏာပိုင်များ၊ တရားရုံးများနှင့် ပူးပေါင်းပြီး ကျွန်မအား အိမ်ဝိုင်းအတွင်းမှ အတင်းနှင်ထုတ် နေခြင်းအား ကူညီဆောင်ရွက်ပေးပါရန် အသနားခံတင်ပြအပ်ပါသည်။
ကျွန်မ ဒေါ်အေးအေးအား သက်ဆိုင်ရာ တရာရုံးအဆင့်ဆင့်မှ စစ်ဆေးခြင်း၊ မေးမြန်းခြင်းများ တစ်စုံတစ်ရာမရှိခဲ့ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပေါက်ကျော်မှ နှစ်ဦးနှစ်ဖက်အား အမွေကြောင်းနှင့် ပတ်သက်၍ စစ်ဆေးခဲ့သည်များကိုလည်း မေးမြန်းတောင်းခံခြင်းမပြုခဲ့ပါ။ ကျွန်မလည်း သက်သေထွက် ဆိုချက်များကိုလည်း ဂရုမပြုခဲ့ပါ။ တရားလိုနှင့် တရားလိုသက်သေ ဒေါ်နွဲ့နွဲ့ဝင်း(တရားလိုဇနီး)တို့၏ ထွက်ဆိုချက်ဖြင့် အမိန့်ချခဲ့သော တရားသူကြီး ဒေါ်ဖြူပြာအေး(တ/၂၁၃၂)အား အရေးယူဆောင် ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
၎-၁၂-၂၀၁၂-နေ့တွင် မြေအပ်ဝရမ်း အမိန့်ကို ရဲနှင့်ဆွဲထုတ်ရန် ချိန်းဆိုခဲ့ပါသည်။ (၁၂/၂၀၀၈)အမှုတွဲနှင့် ဆက်စပ်လျက်ရှိသော တိုင်းဒေသကြီးတရားလွှတော်၊ မန္တလေးမြို့တွင် တရားမကြီး(၂၄/၂၀၁၂)အမှုတွဲရှိပါလျက်နှင့် ဇာရီမြေအပ်ဝရမ်း အမိန့်ုကို သာစည်မြို့နယ်တရားသူကြီးမှ (၂၀-၁၁-၂၀၁၂)နေ့ ချမှတ်ခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိပါ၍ များစွာနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါသဖြင့် အသနားခံတင်ပြ အပ်ပါသည်။
ဒေါ်အေးအေး ၉/သစန (နိုင် ) ၀၀၄၀၉၆ အမှတ်(၄)မြို့မ ရပ်ကွက်၊
သာစည်မြို။ ဖုန်း- ၀၆၄-၆၉၁၁၉
ဆရာတော်ဦးဝီရသူ(မစိုးရိမ်)
http://www.virathu.com/ ဆိုဒ်မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး တစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

“ရဲ၊ ဆေးရုံ၊ ကုလားတို့ ပေါင်းပြီး အိမ်ဖော်မလေး မနှင်းနှင်းလှိုင်အမှုပိတ်ပစ်ဖို့ ကြံစည်နေ

မန္တလေး နိုဝင်ဘာ(၁၆)

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ၅-၁၁-၂၀၁၂ ရက်နေ့က ဆေးကုသမှုခံယူနေသော မကွေးမြို့၊ ကန်ဖျားရွာမှ အိမ်ဖော်မလေး မနှင်းနှင်းလှိုင်(၁၂)နှစ်နှင့် ၎င်း၏အစ်မ မတင်တင်ဌေး (၁၄)နှစ်(လူနာစောင့်) တို့ အမှုကို ကုလားမိသားစုမှ ငွေသိန်းသုံးဆယ်ကျပ်ပေးပြီး လူမသိသူမသိ ပိတ်ပစ်ဖို့ ကြံစည်မှုတစ် ရပ် ဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ ညီနောင်စတီးဆိုင်ပိုင်ရှင် မိသားစုက မနှင်းနှင်းလှိုင်တို့ ညီအစ်မနှစ်ယောက်၏ မိခင်ဒေါ်ခင်မာရီကို တိတ်တဆိတ်စည်းရုံးပြီး ကြေအေးလက်မှတ်ထိုးခိုင်းခြင်းဖြစ် သည်။ ကြေအေး လက်မှတ်ထိုးဖို့အတွက် ငွေကျပ်သိန်းသုံးဆယ် ပေး၍ စည်းရုံးကြောင်းသိရသည်။ ကျူးလွန်သူ အစန်း(ခ)ဖတ်တီး(ခ)မုဆိတ်၏ မိခင်ကြီးမှာ အစန်းထောင်ကျသွားလျှင် စိုးရိမ်သောကရောက်၍ အသက်သေဆုံးသွားနိုင်သည့်အတွက် အကူအညီတောင်း အသနားခံကာ တောင်းပန်ကြသော ကြော င့် ဒေါ်ခင်မာရီက လက်မှတ်ထိုး၍ ကြေအေးပေးလိုက်ခြင်း ဖြစ်ကြောင်းသိရ၏။
အမှတ်(၈)ရဲစခန်းမှ အမှုစစ် ဦးလှဦးကလည်း ဆေးစာမကျသေး၍၎င်း၊ တရားရုံးမတင်ရသေး၍၎င်း၊ အမှုပိတ်၍ရသည်ဟုဆိုကာ ကျူးလွန်းခံရသူ ကာယကံရှင်ကို အသိမပေးဘဲ မိခင်ကြီးကို ကြေအေးလက် မှတ်ထိုးခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ထို့သို့ ကာယကံရှင်ကို အသိမပေးဘဲ ကြေအေးလက်မှတ်ထိုးခိုင်းသည့် ကိစ္စကြောင့် အမှတ်(၈) ရဲစခန်းမှ စခန်မှူးနှင့် ပါဝင်ပတ်သတ်သူများကို တိုင်းရဲတပ်ဖွဲ့က စစ်ဆေးအရေးယူဖို့ ပြင်ဆင်နေကြောင်း၊ ဘယ်ပုံဘယ်နည်း အရေးယူမည်ကို မသိရသေးကြောင်း၊ ကာယကံရှင်မပါဘဲ မိခင်တစ်ယောက်တည်း သဘောနှင့် ကြေအေးခွင့်ရနိုင်ကြောင်းသိရသည်။
၅-၁၁-၂၀၁၂-ရက်နေ့မှ စ၍ ၄င်းအမှုကို ဦးဝီရသူစိတ်ဝင်စားခဲ့ကြောင်း၊ ခိုကိုးရာမဲ့သော အညတရ မိသားစု ဖြစ်၍ ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းခဲ့ရာ ယခုဆိုလျှင် အလှူရှင်များစွာ ပေါ်ထွန်းလာ ခဲ့ကြောင်း၊ ဆေးရုံဆင်းလျှင် စားစရိတ်၊ နေစရိတ်၊ အမှုရင်ဆိုင်စရိတ်စက ကုန်ကျမှုများကို ကူညီဖို့နှင့် အလုပ်အကိုင် ရှာဖွေပေးသည့် အဆင့်ထိ ကူညီမည်ဖြစ်ကြောင်း ကတိစကားပြော အားပေးခဲ့ကြောင်း သိရသည်။
ဆေးရုံအုပ်ကြီးနှင့် ဆေးရုံတာဝန်ခံ ဆရာဝန်ကြီး ဦးဌေးဦးတို့၏ ကုလားမိသားစုကို တံခါးမရှိ ဓားမရှိ ဝင်ခွင့်ပေးထားခြင်း၊ ဗမာများကို ပိတ်ပင်ထားခြင်း၊ ဗမာများကို တွေ့ခွင့်ပေးလျှင်လည်း နည်းမျိုးစုံတင်းကြပ်၍ အစောင့်အကြပ်များ ချထားခြင်း၊ ခြိမ်းခြောက်ဟိန်းဟောက်လွှတ်ခြင်း၊ အမှတ်(၈)ရဲစခန်းမှူးမှ “ပစ္စည်းကိုင်ခိုင်းတိုင်း တရားစွဲလို့မရဘူး၊ သက်သေရှိလား၊ သက်သေမရှိဘဲ လာမပြောနှင့်” စသည်ဖြင့် ကုလားဘက်မှ အကာအကွယ်ပေးကာ ဗမာများကို ချိုးနှိပ်ပစ်ခြင်းတို့မှာ ရဲ၊ ဆေးရုံနှင့် ကုလားတို့ ပူးပေါင်း၍ မြန်မာအချင်းချင်း မရိုင်းပင်းပဲ ဝိုင်းဝန်းညှဉ်းပန်း နေကြောင်း သိသာစေပါသည်။
ယခု အမှုကြေအေးဖို့အတွက် ကုလားမိသားစုမှ ငွေကျပ်သိန်းတစ်ရာကျော် ကုန်ကျခံရ မည် ဖြစ်ကြောင်း၊ ကလေးမလေးအတွက် သိန်းသုံးဆယ်ဆိုလျှင် တစ်ခြားဌာနများအတွက်လည်း သိန်းသုံးဆယ်အောက် လျှော့မည်မထင် ကြောင်း၊ ဌာနဆိုင်ရာအရာရှိတစ်ယောက်က မှတ်ချက်ပြုပြော ကြားခဲ့ပါသည်။
သွေးမတော်သားမစပ်ဘဲ ဝိုင်းဝန်းထောက်ပံ့ကူညီလှူဒါန်း စောင့်ရှောက်လျှက်ရှိသော ရဟန်းရှင် လူ ပြည်သူများ၏ မျက်နှာကို မထောက်ထား သမီးဖြစ်သူမျက်နှာကို မငဲ့ညှာဘဲ ငွေသိန်းသုံး ဆယ်နှင့် ကြေအေးခဲ့သော မိခင်ဒေါ်ခင်မာရီမှာ ငိုပြသူကို သနားအားနာခြင်း၊ ငွေကြေးချို့တဲ့ခြင်းတို့ ကြောင့် ဖြစ်ကြောင်း၊ ဝေဖန်ပြောဆိုနေကြလျှက် ရှိကြပါသည်။

(လူထုသတင်းထောက်(၉၆၉)

ဆရာတော်ဦးဝီရသူ(မစိုးရိမ်) ဆိုဒ်မှ ကူးယူဖော်ပြသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ဒီမိုကရေစီနှင်. အတူ ဖြစ်ရသော အကျင်.ပျက်ခြစားမှု တိုက်ဖျက်ရေးစံနှုန်းများ

by Aye Aye Soe Win on Saturday, December 8, 2012 at 9:02pm ·

2006 AP Photo by Khin Maung Win: U Shwe Man and two ailing ex-generals Than Shwe and Maung Aye. ၂၀၀၆ အေပီ သတင်းဌာန၏ ဓါတ်ပုံဖြစ်ပါတယ်။


ခု သူတို. ၃ ယောက်မှာ ဦးရွှေမန်း တစ်ယောက်ပဲ လွှတ်တော်မှာတာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်။
ကျန်တဲ. ၂ ယောက်က အငြိမ်းစားတွေ ဖြစ်ကြပါတယ်။ ထို ၂ယောက် မကျန်းမာကြပါ။
သူတို.သြဇာခံ ထားသူတွေက အပြောင်းအလဲတွေကို ကြောက်ရွံ.စိုးရိမ် နေကြပါတယ်။
သူတို.ဘ၀၊ သူတို. အာဏာစက် ခိုင်သလား၊မြဲသလား။ ဒါကို အချိန်ကပဲ စကားပြောသွားပါလိမ်.မယ်။

ဒီမိုကရေစီနှင်. အတူ ဖြစ်ရသော အကျင်.ပျက်ခြစားမှု တိုက်ဖျက်ရေးစံနှုန်းများ------

Tunisia: ဒီပို.စ်မှာ တူနီး ရှားနိုင်ငံ အကြောင်းနဲနဲပြောချင်ပါတယ်။

--အာရပ်တော်လှန်ရေးတွေ၏ အစ ခေါင်သူကြီး နိုင် ငံက တူနီးရှားဖြစ်ပါတယ်။ တူနီးရှား၏ လူထု လှုပ်ရှားမှု၂ ၀၁၀ ဒီဇင်ဘာ ကနေ -၂၀၁၁ နှစ်ဆန်းလျှင်ဆန်းခြင်း  ထိုနိုင်ငံက ၏ခြစားသမ္မတ အာဏာ ရှင် ဘင်အာလီ က လူထု၏ဒေါသနဲ.ပေါက်ကွဲမှုတွေကို ရင်မဆိုင်နိုင်တဲ.အဆုံး  ဆော် ဒီ အာရေးဘီးယား ကို  ၂၀၁၁ ဂျန်န၀ါရီလမှာ တိမ်းရှောင် ထွက်ပြေးသွားပါတယ်။ ရောက်ပြီး တလအတွင်း၂၀၁၁ ဖေဖေါ်ဝါရီမှာပဲ  ဆော်ဒီနိုင်ငံက ဆေးရုံမှာ နှလုံးရောဂါနဲ.  ဗုန်းဗုန်းလဲပါတယ်။ သူ.ကို တူနီရှားအစိုးရသစ်က အမှုရင်ဆိုင်ဖို. အမြန်ဆုံး မင်းမိန်.နဲ. ဆင်.ခေါ်သည်.တိုင်  တူနီးရှားကို သူပြန်မလာ ရဲပါဘူး။ ဆော်ဒီ အစိုး ရရဲ. စောင်.ရှောက်မှုနဲ.ခုထိ ဆော်ဒီ နိုင်ငံမှာပဲ ခို လှုံနေရပါတယ်။ ဒါပေမဲ. တူနီးရှား အစိုးရသစ်က  ပြီးခဲ.တဲ. ၂၀၁၁ နွေက  တူနီး ရှား ခုံ ရုံးမှာ  တရားခံ မတက်ရောက်တဲ. absentee on trial အနေနဲ.  ရုံး တင် စစ်ဆေး အပြီး ထောင် ၃၅ နှစ်ချလိုက်တယ်။ ဒီနှစ် ၂၀၁၂  ဂျွန်လမှာလည်း ဘင်အာလီကို ၂၀၁၁ တူနိးရှားလူထု အုံကြွမှုမှာ ဆန္ဒပြသူ ၄၃ ဦးကို သတ်ဖြတ်ဖို. အမိန်.ပေးခဲ.တဲ. အတွက် သူ.ကို လွတ်လမ်းမ ရှိ  တသက်တကျွန်းထောင်ဒဏ်ထပ်ချခဲ.ပါသေးတယ်။

ဆော်ဒီသို. ထွက်ပြေးသွားသော တူနီး ရှားသမ္မတဟောင်း ဘင် အာလီနှင်.ဇနီး


ဘင်အာလီကို ကူညီခဲ.တဲ.တူနီးရှား ပြည်ထဲရေးဝန်ကြီးဟောင်းလက်မရွံ. မစ္စတာ ကဆင် လည်း ၂၀၁၂ ဇွန်လမှာ ထောင် ၁၅နှစ်ကျသွားပါတယ်။   ဒီလို  လုပ်ရပ်မျိုး မြန်မာပြည်မှာ ကြားဖူးမြင်ဖူး ချင်လှတယ်။သူများနိုင်ငံတွေမှာ  ဒီမိုကရေစီ ရောင်ခြည်သမ်း ရုံပဲ ရှိသေး။ ခေါင် ဆိုတဲ.ခေါင်တွေ ခွေးပြေးဝက်ပြေး ပြေးနေရ၊ လူကြားထဲ ထွက်လို.မရ။ သူတို.ဆွေမျိုးတွေပါ စတင် အရေးယူခံနေရ အဆွဲခံနေရပြီ ဖြစ်တယ်။  ဘင်အာလီ ၏ ယောက္ဖတော်သူ လည်း မီဒီ ယာ သူဌေးမင်း တိုင်ကုန်း လုပ်ပြီးအာဏာရတွေနဲ.ပူးပေါင်း  ခြစားမှုတွေကြောင်. ၂၀၁၂ မှာ အရေးယူခံရတယ်။

-တူနီူ ရှား---

တူနီး ရှား မှာ ဆီကျူလာ ဖြစ်၊ လူမှုဘ၀ဖူလုံရေးကို ဦးစားပေး၊ ၊ လူ ဟာ လူ လို ပဲ ပြည်.ပြည်.စုံစုံ နေရမယ်ဆိုတဲ. ဘာသာရေး အစွန်း မရှိတဲ. အာရပ် နိုင်ငံသား ပညာတတ်တွေရှိတယ်။ စာရေးတတ်တဲ. ဘလော.ဂါတွေ၊ အတိုက်အခံကောင်းတွေ ရှိတယ်။ ပြည်သူ.လူထုဖက်ကပြတ်ပြတ်သားသား ရပ်တည်တဲ. သတင်းစာသမားတွေ  ရှိတယ်။ ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေးတွေ အားလုံး၏ ပထမ တွန်း အား က တူနီး ရှား လူထု က  ၂၀၁၁ နှစ်ဆန်းမှာ အာဏာ ရှင် သမ္မတဘင်အာလီ ကို ဖြုတ်ချနိုင်ခြင်းပဲ။ ဒုတိယ အဆင်.က သူ.လူထုက သူ.ကို တလအတွင်း စိမ်ခေါ်တရားစွဲခြင်း ဖြစ်တယ်။ ဒီတော. ဘင်အာလီ ဆော်ဒီအာရေးဗီးယားကို ထွက်ပြေးရ။ ထွက်လေသူ နန်းကခွာ ပြန်လာ လို. မရလေတော. ဆော်ဒီမှာပဲ သေဖြစ်လိမ်.မယ် လို. လူတွေက တွက်ထားကြတယ်။

နိုင်ငံတိုင်းမှာ သူရဲကောင်းတွေ ရှိတယ်။

 ၂၀၁၀ ဒီဇင်ဘာ လ မှာ တူနီးရှား နိုင်ငံ ကတောမြို.လေးတခု မှာ (မြန်မာပြည် အာအိုင်တီက ဘုန်းမော် ကျဆုံးခြင်းနဲ. အလားတူ) ကြေကွဲ ထိပ်လန်.စရာ အဖြစ်တခု ပေါ်ပေါက်ခဲ.တယ်။ ဒီ ကြေကွဲစရာဇတ်လမ်း ဟာ တူနီး ရှားနိုင်ငံရဲ.  ခေတ်သစ်တော်လှန်ရေး ဒီမိုကရေစီ တိုက်ပွဲမှာ သိပ်အရေးပါတဲ. ရှေ.ပြေးဖြစ်ရပ် ဖြစ်တယ်။ နိုင်ငံတခု ကောင်း ဖို.ရောက်မူ၊ သူရဲ ကောင်းအချို.မှာ ပျက်ရကာရှာ၊ ဓမ္မတာတည်း ဟုလို. စိတ်မကောင်းခြင်းများစွာနှင်.ဆိုရပါမယ်။ ဒီဖြစ်ရပ်ဟာ အခြား အာရပ် နိုင်ငံအမြောက်အမြားမှာ ဒီမိုကရေစီ အသွင်ပြောင်းလဲမှု တွေကို ဆက်တိုက်ဖြစ်စေမဲ.၊ ပထမ မီးပွားဖြစ်ခဲ.တယ်။

မိုဟာမက်ဘိုဇီဇီ  (၁၉၈၄- ၂၀၁၁)


တူနီး ရှား က မိုဟာမက်ဘိုဇီဇီ ၂၀၁၁ ဂျန်န၀ါရီ ၄ ၇က်နေ.မှာ သေဆုံး၊ အာရပ်နွေဦးတော်လှန်ရေး၏ ပထမမီးပွားကို အသေခံပြီးစရှို.ခဲ.သူ၊
ဆိဒီဘူဇိ လို.ခေါ်တဲ.တောမြို.လေးတခုမှာ သစ်သီး တွန်းလှည်းလေးတစ်ခု အရင်းပြုပြီး လူ ၈ ဦး ရှိတဲ.မိသားစု တစ်စုကို လုပ်ကြွေးနေ၇တဲ. ၂၆နှစ်အရွယ် လူငယ်လေး ဖြစ်တယ်။ ဒီဇင်ဘာ ၁၆ ရက်ညမှာပဲ ဘိုဇီဇိ ဟာ ငွေတိုးချေးစားသူတဦးစီက အမေရီကန်ဒေါ်လာ ၂၀၀နဲ. ညီမျှတဲ.ငွေကို ချေးငှားခဲ.ပါတယ်။ နောက်တနေ.ဒီဇင်ဘာ ၁၇ ရက် ၂၀၁၀ မနက်ခင်း၊  ၈နာရီ ၃၀ မိနစ်  လောက်မှာ ချေးထားတဲ. ငွေလေးနဲ. လှည်းအပြည်. ပစ္စည်းဖြည်.၊ ဒီလို အရင်းပြန်မတည်  ဈေး ရောင်းစထွက်ဖို. လမ်းပေါ်ရောက်လာတဲ. ဘိုဇီဇီ သူ. ကြမ္မာဆိုးကို ဖန်တိးမဲ. ရဲမ တဦးနဲ. ထိပ်တိုက်တိုးပါတယ်။   ညက သူ ပိုက်ဆံဒေါ်လာ ၂၀၀ အသစ်ချေးငှားထားတဲ. သတင်း ကိုလည်း အရပ်ထဲက ရဲတွေ သတင်းရထားပြီး ဖြစ်ဟန်ရှိပါတယ်။ ထုံစံအတိုင်းပဲ လမ်းပေါ်မှာ ဖီဒါ ဟမ်မ်ဒီFaida Hamdi အမည် ရှိတဲ. ပုလိပ်မ က စအနိုင်ကျင်. ပါတယ်။ ကောင်လေး ဘိုဇီဇီ က သူ. ၀မ်းစာ ဟင်း ရွက်လှည်းလေးနဲ. ဟင်းသီးဟင်းရွက်တွေသစ်သီးတွေကို မသိမ်းဖို. ပုလိပ်မ  ကို အမျိုးမျိုးတောင်းပန်ရှာပါတယ်။ အရင်ကလည်း ဒီလို ဗိုလ်ကျ အနိုင်ကျင်.တာ ခံနေကြပါ။ သူတို. လို ခေါင်း ရွက် ဗျတ်ထိုးဈေးသည်လေးတွေ၏ တနေ. လုပ်ခ ဆိုတာ အဆင်ပြေပါမှ အမေရိကန်ဒေါ်လာ ၇ဒေါ်လာ (တူနီးရှားငွေနဲ. ၁၁ ဒင်နာ- 11 dinars)ပဲ ရပါတယ်။ ပျမ်းမျှ အရ ဆို ဘိုဇီဇိဟာ တလလုံးဈေးရောင်းမှ အမရိကန် ၁၅၀ နဲ. ၂၀၀ ကြားပဲ ရတာပါ။  ထုံးစံ ဆို ရဲနှောက်ယှက်တာခံရတဲ.အခါ လမ်းဘေးဈေးသည်လေးတွေက သူတို. လုပ်အားခလေးတွေကို တူနီးရှား ရဲကအဓမ္မ တောင်းရင်ကြောက်ကြောက်နဲ. ပေးလိုက် ကြတာပဲ။

ဒါပေမဲ. သမိုင်းဝင် အဖြစ်အပျက်တစ်ခုဖြစ်လာမဲ. ၂၀၁၀ ခုနှစ် ဒီ ဇင်ဘာ ၁၇ ရက် နံနက်ခင်းမှာ--ပုလိပ်မ ဖီဒါ က ဘိုဖီဇိလေး၏ လှည်း၊ ဟင်းရွက် တွေသစ်သီးတွေကို ကောင်လေး အမျိုးမျိုးတောင်းပန်နေတဲ.ကြားထဲက ပစ္စည်းသိမ်းရုံတင်မက ကောင်ကလေးဘိုဇီဇီ ကို ရန်စ စော်ကားမော်ကား လုပ်ပါတယ်။
ဆင်းရဲလို. သစ်သီးရောင်း စားနေရတဲ.ကောင်လေးကို နှိမ်တယ်။ ဟားတယ်။  သေသွားတဲ. သူ. ဖခင် ပါ မကျန် ဆဲဆို စော်ကား၊ လက်နဲ.ပါ နှိပ်စက် ရိုက်ပုတ်ခဲ.ပါတယ်။ပုလိပ်မက သူ. လက်ထောက်တွေနဲ.၊  သူ. အဖေါ်အပေါင်းတွေနဲ.  ကောင်းလေးရဲ.မျက်နှာကို အကြိမ်ကြိမ် ရိုက်ခဲ.၊ အရှက်ခွဲခဲ.ပါတယ်။သူ.လှည်းလေးကိုလည်းရဲတွေ က  ဗိုလ်ကျကျ ဆောင်.တွန်း၊  သူ.ဟင်းရွက်တွေ၊ သစ်သီးတွေကို လမ်းပေါ်မှာဖြန်.ကြဲ ဖျက်ဆီးပစ်ကြတယ်။ (သူတို.ဖျက်ဆီးတဲ. ဟင်းသီး ဟင်း၈ွက်တွေ သစ်သီးတွေ ၏တန်ဖိုးက သူ. တလလုံးလုပ်မှ ရတဲ. လုပ်အားခနဲ.ညီပါတယ်။)  မျက်ရည်တွေကျ စိတ်ထိခိုက်ပေါက်ကွဲနေတဲ. ဘိုဇီဇိ လေးဟာ သူတို.မြို.က မြူနီစပါယ် ရုံးကို တန်းသွားပြီး ဒီ လို ဖြစ်ခဲ.တာကို တိုင်တန်းခဲ.ပါတယ်။ သူ. လှည်းလေးသူပြန်လိုချင်ပါတယ်တဲ.။ လူ၈ ယောက် ရှိသော မိသားစု ၀မ်းရေးအတွက် ဒီ လှည်းလေးပြန်ရဖို. သူ ကြိုးပမ်းခဲ.ပေမဲ.၊ ဘိုဇီဇီ အောင်မြင်မှု မရခဲ.ပါ။

မြို.နယ် အုပ်ချုပ်ရေး ရုံးကလူတွေက လည်း ပုလိပ်မ နဲ. နင်လား ငါလား အတူတူပါပဲ။ ဘိုဇီဇီကို ခပ်ရင်.ရင်. ဆက်ဆံပြီး သူ.အား  မြူနီစပါယ်ရုံး တာဝန်ခံနဲ.တွေ.ခွင်. မပေးခဲ.ပါ။ အဲဒီ.အချိန်မှာ သူ. လှည်းလေး အလုခံအသိမ်းခံရ၊ ပြီးတော. အမျိုးသမီး ရဲမ တဦးစော်ကားတာခံရ အပြီး   စိတ်ခံစားချက်တွေ အမြင်.ဆုံးရောက် ထိခိုက်ပေါက်ကွဲနေပြီဖြစ်တဲ. ဘိုဇီဇီ ဟာ လူမဆန်တဲ. ဒီမြူနီစပယ် အုပ်ချုပ်ရေး ရုံး ရှေ.က ခဏ ခွာပြီး ဓါတ်ဆီတစ်ဗုံးသွား ရှာပါတယ်။ ပြီးတော.--  နောက်တခေါက်ပြန်လာပြီး သူ.ကိုယ်သူ ဓါတ်ဆီလောင်း မီးတင် ရှို.ပြခဲတယ်။ သူ.ကိုယ်သူ  မီးခြစ်ဆံကမီးနဲ. မတို.ခင်မှာ သူ တခွန်းအော် ပြောသွားတယ်။

"ကျနော် ဘယ်လိုလုပ်   အလုပ်လုပ်စား လို.ရပါ.မလဲ၊ ကျနော်တို.လို လူတွေရဲ. ဘ၀ရပ်တည် ခွင်.ဘယ်မှာလဲ၊"


၂၀၁၀ ဒီဇင်ဘာ ၁၇ နံနက် ၁၁ နာရီ မှာ သူ.ကိုယ်သူ မြူနီစပါယ် ရုံးရှေ.မှာမီးတင်ရှို.ခဲ.သူ မိုဟာမက်ဘိုဇီဇီ၊ ၂၀၁၁ ဂျန်န၀ါရီ ၄ ရက် နေ.တွင် ဆေး ရုံမှာ သေဆုံးခဲ.တယ်။


ပြီးတော.။ သူ မီးခြစ်ကို  ခြစ်ပြီး ဓါတ်ဆီတွေ ရွှဲနေတဲ. ပုခုန်းပေါ် အသာတင်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၇ရက် ၂၀၁၀ မနက် ၁၁ နာရီ ဆီဒိဘူစိ မြူနီစပါယ် ရုံးရှေ.က (အပေါ်ကပုံထဲကလို) သူ.တကိုယ်လုံးကို ပြင်းထန်စွာလောင်ကျွမ်းစေခဲ.တဲ. မီးညွန်.တွေဟာ ဖေ.ဘွတ်ခ် နဲ. ဆဲလ်ဖုန်း တွေက တဆင်. တူနီးရှားတနိုင်ငံလုံးကို နာရီပိုင်း အတွင်းကူးပြန်.သွားပါတော.တယ်။ တူနီရှားတနိုင်ငံလုံး ၏နိုင်ငံရေးစာမျက်နှာသစ် က ဒီလို မီး လောင်မြိုက်ခံရပြီးသေဆုံးသွားတဲ. ဘိုဇီဇီ  ရဲ.ပုံရိပ်လွှာတွေပဲဖြစ်ပါတယ်။ သူ. တကိုယ်လုံးမှာ မျက်လုံးတွေ၊ နားတွေ၊ ကလီစာတွေ အားလုံး ၉၀% ခန်. ပျက်ဆီး လောင်ကျွမ်းသွားတဲ. မီးလောင်ဒဏ်ကြောင်. ၂၀၁၁ ဂျန်န၀ါရီ ၄ ရက် ညနေ ၅ နာရီမှာ ဘိုဇီဇီ ဆေးရုံမှာပဲသေဆုံးခဲ.ပါတယ်။

ဘိုဇီဇီ မီးပွားကစသော တော်လှန်ရေးမီးတောက်

ဆီဒိဘူစိမြို.လေးတမြို.က လူငယ်လေးတယောက်၏ ပြင်းထန်မှု က တူနီးရှားနိုင်ငံရဲ. ဒီမိုကရေစီတိုက်ပွဲသာမက အာရပ်နွေဦးတော်လှန်ရေး မီးတောက်အတွဲကြီးတစ်ခုလုံးကို စတင်ခဲ.တဲ.  ပထမဆုံး မီးပွားဖြစ်တယ်။ သူ. ဈာပနက ရိုးရိုးလေးပဲ။ ရွာနီး စပ်ချုပ် စုစုပေါင်း လူ ၅၀၀၀ လောက် တက်ရောက်ဂုဏ်ပြုကြတယ်။ သံလွင်ပင်၊ ဗာဒန်ပင်၊ တွေကြားမှာ တူနီး ရှားနိုင်ငံ၏အလံ အောက်မှာ သူ အိပ်စက်လဲလျောင်းနေတယ်။ သူသေဆုံးသွားပြီး တက်လာတဲ. တူနီး ရှားအစိုးရသစ်လက်ထက်မှာ ဘိုဇီဇီ ကို ဂုဏ်ပြုပြီး တံဆိပ်ခေါင်းတွေ ထုတ် ခဲ.တယ်။

ဘိုဇီဇီ မီးပွားက စခဲ.တဲ. တူနီး ရှား နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုက်ပွဲဟာ အချိန်တိုတိုအတွင်း အတော်.ကို အောင်မြင်ခဲ.ပါတယ်။  တစ်နှစ်အတွင်း Tunisia's Corruption Perception's Index (CPI)တူနီး ရှားနိုင်ငံအတွင်းခြစားမှုကိန်းဂဏန်းဖက်ကလည်း ၅ လ အတွင်း ၃ မှတ်တက်လာတယ်။ ၂၀၁၀ နှင်. ၂၀၁၁ မှာ တူနီရှားဟာ လွတ်လပ်တဲ.နိုင်ငံမဟုတ်သေး၊  ၂၀၁၂ အစ က ခု ၂၀၁၂ နှစ် အဆုံးနားမှာ တဖြည်းဖြည်းနဲ.လွပ်လပ်လာစ ပြုနေပြီလို.ပြောလျှင်ရတယ်။ အရင် ၂၀၁၁ မတိုင်ခင်က အမှတ်ပေါင်း ၁၀၀ အနက်  ၄၁ နဲ. ၄၂ ကြားရခဲ.တဲ. တူနီး ရှား နိုင်ငံဟာ ခု ၄၅ မှတ်ရထားတယ်။ ဒါ သူတို.နိုင်င့မှာ ခြစားမှုတွေကို စတင် အရေးယူနေပြီဆိုတဲ. ထင်ရှားတဲ. သက်သေပဲ။

တူနီးရှား ဟာ Rank: ၇၅ /၁၇၆
Score: ၄၁ /၁၀၀

ကျွန်ုပ်တို. ဦးသိန်းစိန်၏မြန်မာနိုင်ငံဟာ Rank: ၁၇၂ /၁၇၆
Score: ၁၅/၁၀၀
၁--၁၀၀  ဆိုတဲ. အကျင်.ပျက်မှု ကိန်းပြနှုန်းအမှတ်စဉ်တန်းမှာ အမှတ် နိမ်.လေလေ၊ သိက္ခာ မရှိလေလေ၊ လူ.အခွင်.အရေးမဲ.လေလေ၊ အာဏာ ရှင် ထွန်းကားလေလေ လို. ဘာသာပြန်ရပါမယ်။

ဒီတော.ဦးအောင်မင်း ရှာ အရိုးမပါပဲရှောက်ပြောနေသလို ၊  စစ်အာဏာရှင်တွေ၏ပြန်ကြားရေး ၀န်ထမ်း တပည်.များ၊အခြောင်သမားများ  ၀ိုင်းညာနေကြသလို--သက်သာသာဓကမရှိတဲ.ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းမှာ --အသားပါတဲ. ဥပမာတခုပဲစစ်စစ်မှန်မှန်တွေ.လိုပါတယ်။ အစိုးရအပါအ၀င် အစိုးရက အကာအကွယ်ပေးနေဆဲဖြစ်တဲ. သူခိုးတွေ ဓါးပြတွေကိုအရေးစယူနိုင်မဲ. ဗွေဆော်ဦး ကေ.စ်တစ်ခု မြန်မာပြည်မှာ ပေါ်ပေါက် ခဲ.ပါသလား။ (ကမ္ဘာပေါ်က ၁၇၆ နိုင်ငံ အနက် အဆိုးဆုံးနိုင်ငံတွေ ကတော. ဆိုမားလီးယား ၊မြန်မာနိုင်ငံ ၊ မြောက်ကိုရီးယားနဲ. အာဖဂန်နစ်စတန်နဲ.ဆူဒန် နိုင်ငံတွေပါပဲ )

သူများနိုင်ငံတွေက  ဒီမိုကရေစီ အသွင်ပြောင်းကာလတွေမှာ ကြည်. ချင်စရာ၊ အတု ယူစရာတွေ က မြောက်မြားစွာ။ သူတို. လုပ်နေကြတာတွေက အားရစရာ၊ ၂၀၁၂ ဒိဇင်ဘာ ၈ ရ
က်နေ.က တူနီး ရှားက လူထုက ဆန္ဒပြပွဲမှာ ဘင်အာလီ၏ ခရိုနီ လူတန်းစားကို ထောင်ထဲထည်.၊ အရေးယူကြတဲ.။ ဒီလို ဆော် အောကြတယ်။

ရီမင်က က သံမဏိ အမျိုးသမီးကလေး
မနှစ်က  တာဝါ ကူ ကာ မင် သူမ၏ ရဲဝင်.တဲ. လူထုကြား အခြေခံလှုပ်ရှားမှုတွေ သူမ. ရေးသား ချက်တွေကြောင်. ၂၀၁၁မှာ  ပူးတွဲ ငြိမ်းချမ်းရေး နိုဘယ်လ် ဆု ရသွားတယ်။


From Yemen: Tawakkul Karman, journalist, politician, and human rights activist. Also 2011 Nobel Peace Prize winner


Tawakkul Karman from Yemen.ရီမင် နိုင် ငံသူ တာဝါကူ ကာမင်-- မနှစ်က Liberia က အခြား အမျိုးသမီး ၂ ဦးနဲ. အတူ နိုဘယ် ငြိမ်းချမ်းရေးဆုကို ၂၀၁၁ က ရသွားခဲ.သူ။

ခု ထရန်ပဲ ရန်စီ အင်တာနေရှင်နယ်မှာ သူ.နိုင်ငံအတွက် အလုပ် လုပ်ပေးနေတယ်။တိုင်ပတ်ပြေးနေတဲ. ရီမင် သမ္မတဟောင်း ဆာ.လာ. ကို  အိုင်စီစီမှာ ခုံရုံးတင်ဖို. ကုလသမ္မဂ မှာ လော်ဘီလုပ်တယ်။ ဦးဆောင်တိုက်ပွဲဝင်တယ်။ သူဟာ စစ်မှန်တဲ.သတင်း သမားပီပီ သူ. အလုပ်ပဲသူလုပ်တယ်။ ၂၀၁၁ ဂျန်န၀ါ၇ီ ၁၄ မှာ တူနီး ရှားက ဘင်အာလီ အပြုတ်မှာ သူမ ရေးခဲ.တဲ. စာတွေထဲက ထင်ရှားတဲ. တကြောင်း က "Heroes! We are with you in the line of fire against the evil rulers!"
သူရဲကောင်းတို.--ကမ္ဘာမြေပေါ်က ယုတ်မာ ရိုင်းစိုင်းတဲ. အုပ်ချုပ်သူတွေကို မီး လျှ့များအပြည်.နဲ. ဒီ ရှေ.တန်းမှာ အသေခံပြီး ဆန်.ကျင်ခြင်းအရာမှာ  ငါတို.သည် မင်းတို. နှင်.အတူတူ---တဲ.။ အမေရိကမှာ ဆေးလာကုတဲ. ရီမင် အာဏာ ရှင် အဘဒူ ဆာလာ. ကို ရီမင်က မီဒီယာမှာ ပြန်ပြန်တွေ.နေရလို. သူတို. ၇ီမင် လူထု က ကြီးစွာသော သတိထားကြတယ်။ ပြုတ်သွားတဲ. ရာထူးမရှိတော.တဲ. သမ္မတဟောင်းက ဘာလို.များ ပုန်းအောင်းနေသော်လည်း ( ဦးသန်းရွှေကြီးလို) ဆက် သြဇာရှိနေသေးတာလဲ။

ရီ မင် ကလူထုအုံကြွတော်လှန်မှုကြောင်. အဘဒူ ဆာ လာ. ပြုတ်သွားသလိုလို ရှိပေမဲ. သူ.ကို ယီမင် မီဒီယာတွေ က မကြာမကြာ တင်ပေး နေသေးတယ်။ ဒါကြောင်. ယီမင်မှာ လက်သီးပုန်းပြနေသူများ တပိုင်းတစ အားကောင်းနေဆဲမို.  ရွေးကောက်ပွဲလုပ် နောက်လူသစ် သမ္မတ ကို တင်ထားသည်.တိုင် ( မြန်မာပြည်မှာ ဦး သန်း ရွှေကြီး နောက်က ကြိုးကိုင်သလို) မူလလက်ဟောင်း သြဇာတွေကြွင်းကျန်နေသရွေ.တော. သူတို.နိုင်ငံမှာ တော်လှန်ရေး   မပြီးသေးဘူး လို.  သူတို.ပြည်သူတွေကသိကြတယ်။ (မီဒီယာနဲ. သူယုတ်မာ အာဏာ ရှင် ပူးပေါင်းမိရင် ကမ္ဘာပျက်တတ်တယ်။)

ဒီတော. ဆက်တိုက်ပွဲဝင်နေဆဲ ယီမင်ပြည်သူတွေက တချက်မှ အလစ်မပေးရဲဘူး။  သမ္မတဟောင်း အဘဒူ ဆာလာ.ကို သူ၏ အကြမ်းဖက် သတ်ဖြတ်ထားတဲ. အမှုတွေ၊ တိုင်းပြည်ဘဏ္ဍာ အလွဲသုံးစား လုပ်ထားတဲ.အမှုတွေ၊ အခြားလူ.အခွင်.အရေးဖေါက်ဖျက်မှုတွေကြောင်.၊ ရီမင်ပြည်သူတွေက မဖြစ်မနေ အရေးယူကြပါလိမ်.မယ်။ဒါ ရီမင်ပြည်သူတွေ၏ ဆန္ဒ အစစ်ပဲ။

စစ်တပ်အခြေပြု ခရိုနီ စီးပွားရေးခေါင်းပုံဖြတ်စနစ်ပဲ ရှိတဲ. မြန်မာနိုင်ငံမှာ၊ ဘာကို ဘယ်ကစ တွန်းလှန်မလဲ။

ကြေးနီတောင်စီမံကိန်း၊ တရုတ် ကြီးစိုးမှု၊ ဒါတွေက ကြေးနီတောင် မှာ တ ရုတ် ကုမ္ပစီ ရောက်နေလို. ကြေးနီတောင်တိုက်ပွဲ တ ရုတ်ကြီးစိုးခေါင်းပုံဖြတ်လုပ်ငန်း ဆန်.ကျင်ရေးဆိုတဲ.  အမည် တခုသာ၊

ခြုံကြည်. ရင် -- တိုင်းပြည်ရဲ. ရန်သူက တစ်မျိုးထဲ၊ တရောင်ထဲ။ ဒီရန်သူကို တချက်သွားပုတ်လိုက်တာနဲ.-- ရန်သူက သံဃာတွေကို မီးလောင်တိုက်သွင်းတယ်။ ဆက်ကြောက်နေဖို.ထက် ၊ ကိုယ်လုပ်ရမှာတွေ ကိုယ်သိနေခြင်း၊ အရွေ.တွေဖြစ်အောင်လုပ်နေခြင်း၊ဒါတွေကသာ  ပို အရေးကြီးပါတယ်။ ။ မြန်မာပြည်မှာ ဘာ ဒီမို ကရေစီမှ မ ရှိသေးဘူး။မရှိသေး မရသေး တဲ.ဒီမိုကရေစီခြောက်ခမ်းသွားမယ်လို.  မခြောက်နဲ.။ ဒီမိုကရေစီကို ဦးတည်နေတယ်လို. ပိုင်နိုင်စွာပြောချင်လျှင်-- မြန်မာ ဥပဒေအထက်က ခြစား၊ လူသတ် လူရမ်းကားကြီးတွေကို ဘယ်လောက် အတိုင်းအတာအထိထိန်းချုပ်နိုင်သလဲ၊ မြန်မာလူထု၏ လူမှု စီးပွား ဘ၀ မည်မျှလွတ်လပ်ခိုင်မာသလဲ ။ ဒီမေးခွန်းတွေကို လုံလောက်စွာဖြေနိုင်မဲ. ဥပမာများနဲ. ဒီမိုကရေစီ ၏စံနှုန်းကို ရှာရမှာ၊ တိုင်းရမှာ  နှိုင်းယှဉ် ရမှာဖြစ်တယ်။

သူတို.ကို တကယ်အရေးယူနိုင်မဲ. ကော်မရှင်မျိုးမြန်မာနိုင်ငံမှာ ဖွဲ.စည်းဖို.အခွင်.အရေး ရှိပါသလား။

တေဇနဲ. မတိမ်းမယိမ်းချမ်းသာတဲ.ဦး အောင်မင်း ၊ ဦးစိုးသိန်း အုပ်စုက ဘာလဲ။ ဇော်ဇော်နဲ.တေဇလို ငတေအုပ်စုတွေကို ရောအရေးယူလို.ရလား။ ဦးသန်းရွှေမိသားစုတွေ၊ ဦး ရွှေမန်းမိသားစု တွေ၊ပြန်ကြားရေးဝန်ကြီး ဌာနနဲ. သူတို.၏လောက်ကောင်များ၊ တိုင်းမှုးများ၏ လုပ်ပိုင်ခွင်.တွေကို မြန်.မာ. ဥပဒေနဲ.  ကန်.သတ်လို. ရလား။ သူတို.လားရာက ဘယ်မှာလဲ။

နိုင်ငံအတွင်းမှာ--ဖြစ်နေတဲ.၊ တဖက်စောင်းနင်း စီးပွားရေး အမြတ်ထုတ်မှု ၊ နှစ်၅၀ လုံးလုံး လူထု ကို အကြမ်းဖက် နှိပ်ကွတ်မှု ဒါတွေကို တိုက်ဖျက်မဲ. အင်အားစုတွေ ရှိနေပါပြီလား။ ရှိနေလျှက် သူတို. ဘယ်လို ရပ်တည်နေကြသလဲ။ အများကြီး မဟုတ်တောင် အတိုင်းအတာတခုအထိ အားကောင်းလာနေပါပြီလား။ ဒီလိုလူမျိုးတွေ လွတ်လပ်စွာ ပြောဆို လှုပ်ရှားနိုင်တဲ. နိုငငံမျိုးမှာပဲ ဒီ မို က ရေစီဆိုတာကို၊ တရားမျှတမှု ဆိုတာ ကို စိတ်ကူး ကြိုယဉ်လို.ရတယ်။ ဥမမာ--တူနိ ရှား။ တူနီး ရှား က ဘလော.ဂါတွေ။ သတင်းသမားတွေ၊ နိုးကြားတဲ. ပညာတတ်တွေဟာ  သူတို.၏လူထု တိုက်ပွဲနဲ. အာဏာ ရှင် သမ္မတ ဘင်အာလီ ကို ဖြုတ်ချနိုင် ရုံသာမက အခြား နိုင်ငံတွေမှာ ပါ အာဏာ ရှင်တွေကို ဒီ လို ဖြုတ်ချလို. ရတယ်လို. နမူနာကောင်းပေးခဲ.တယ်။

တူနီးရှား ကစသော အီဂျစ် ၊လစ် ဗျား၊  နဲ. ရီမင် က အနတ္တနိုင်ငံရေး လက္ခဏာများ။

တူနီရှားမှာလိုပဲ--လစ် ဗျား၊ အီဂျစ် နဲ. ရိမင် မှာ လည်း အာဏာ ရှင်တွေပြုတ်ကျခဲ.တယ်။ ၂၀၁၁ မှာ တူနီး ရှား က မိန်းမလက်ဆွဲပြီး  ထွက်ပြေးတဲ. ဘင်အာလီ က
တလ တတွင်းမှာပဲ မှာပဲ သူတို. လင်မယားခို လှုံနေတဲ.ဆော်ဒီ နိုင်ငံမှာ လေဖြတ် နှလုံး ရော ဂါ ဆိုးဆိုးဝါးဝါးဖြစ် ကြိတ် ကုနေရပါတယ်။ တူနိ ရှား ခုံရုံးက ၂၀၁၁ ဂျွန်မှာ ဘင်အာလီနဲ. သူ.မိန်းမ ကို တိုင်းပြည် ငွေတွေ ခိုးထား လိမ်ထားလို. ထောင် ဒဏ် ၃၅ နှစ် တဲ. ၊ ဆာ် ဒီ က နေ တူနီ ရှားသမ္မတဟောင်း ဘင်အာလီ လက်မခံဖို. တူနီး ရှားအစိုးရသစ်က တောင်းဆိုသော်လည်း၊ ဆော်ဒီဘုရင်ဟာ ကမ္ဘာ.ရာဇ၀တ်သားတွေနှင်. သင်.မြတ်အလွမ်းသင်.တဲ. အစဉ်အလာကိုပဲ ထိန်းထားနေဆဲပါ။ သမ္မတဟောင်း ပြည်ပြေး ဘင် အာလီ မပြန် ရဲပါဘူး။ ဒီတော. နိုးကြားသူတွေက ဆက် ဆော်အော်ကြတယ်။ ရှိနေသေးတဲ. ဘင်အာလီ အဆွယ်ပွား ခရိုနီ လက်ကျန်တွေကို ထောင်ထဲ ထဲ.ကြမယ်တဲ.။



Libyan leader Moammar Gaddafi, center, with then-Egyptian President Hosni Mubarak, right, his Yemeni counterpart Ali Abdullah Saleh, center left, and then-Tunisian president Zine El Abidine Ben Ali, far left during a group picture with Arab and African leaders during the second Afro-Arab summit in Sirte, Libya, Sunday, Oct. 10, 2010. (Amr Nabil - AP)

ရှေ.ဆုံးတန်း ၀ဲမှာယာ--တူနီးရှားသမ္မတ ဘင်အာလီ၊ ယီမင် သမ္မတ အဘဒူ ဆာလာ.၊ လစ်ဗျားကအာဏာရှင်ကြီးဂဒါဖီ၊ အီဂျစ်သမ္မတ မူဘာရက်၊ သူတို.အားလုံး၏ အာဏာရှင်စနစ်များ၂၀၁၁ အရောက်မှာ  ဖရိုဖရဲ ပျက်ဆီးသွားခဲ.ပြီ။

ဘာမှ မခိုင်ဘူး။ ဘာမှမမြဲဘူး။အပေါ်က ဒီပုံ ဟာ ၂၀၁၀ နှစ်ကပုံ။ ၂၀၁၁ အာရပ်တော်လှန်ရေးတွေ မစခင် တနှစ်အလိုမှာ ပုံထဲက အာဏာ ရှင် ၄ ဦးဟာ ဟာ ယုံကြည်မှုတွေ အပြည်.နဲ.ပြုံးနေကြတယ်။ တနှစ်ကြာတော.--သူတို. ပြေးရှောင်လို. မရတော.တဲ. ကံ အလှည်.တွေသင်.လာတယ်။

ပထမ--တူနီရှား အာဏာ ရှင်သမ္မတ ဘင်အာလီ ပြုတ်တယ်။ ခု ဆော်ဒီရောက် နေပြီး ပြည်ပြေးဘ၀နဲ.ပြင်းထန် တဲ. နှလုံး ရော ဂါ စွဲ ကပ်နေပြီ။

ဒုတိယ--အီဂျစ်သမ္မတမူဘာရက်  ပြုတ်တယ်။ ထောင်ထဲ ရောက်သွားတယ်။  သူ. မတရားယူထားတဲ.ငွေေ မကြာခင်မှာ အီဂျစ်ကလူထု ပြန်ရလိမ်.မယ်။ သူ.ကိုသေဒဏ်ပေးထားတယ်။ ထောင်ထဲမှာနေမကောင်းဘူး။

တတိယ--လစ်ဗျားမှာ တော်လှန်ရေးဖြစ်တယ်။ လစ်ဗျား အာဏာ ရှင် ပြုတ်ရု့သာမက သူ.နောက်ဆုံးရက်တွေမှာ-- ဂဒါဖီ ဟာ အသေဆိုးနဲ. မချိမဆန်. လမ်းဘေးမှာ သေရတယ်။ အသတ်ခံရတယ်လို.ပြောရင်ပိုမှန်မယ်။

စတုတ္ထ--ယီမင်က အာဏာရှင် ပြုတ်တယ်။ အမေရီကမှာဆေးတောင် ဖြောင်.ဖြောင်.မကုနိုင်ရှာဘူး။ ပြင်းထန်တဲ. ယီမင်ပြည်သူလူထုက လမ်းပေါ်အသေခံထွက်ပြီး သူ. ကို ရအောင်ဖြုတ်သွားတယ်။ ကံကောင်းလို.သူ.ကို စက်တင်ဘာက လုပ်ကြံတာ မအောင်မြင်သော်လည်း. သူ တပည်.တွေ လုပ်ကြံခံရတယ်။ ယီမင်က အာဏာ ရှင်အဘဒူဆာလာ. ဟာ ဆင်းသွားရကတည်းက တထိပ်ထိပ်တလန်.လန်.နဲ.။  ခု ဦးသန်းရွှေကြီး တပည်.များလို လို ဖြစ် နေပုံရပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုပိုင်ရှင် တာဝါကူ ကာမင် နဲ.တကွ လှုပ် ရှားတက်ကြွတဲ. အဖွဲ.အစည်းတွေက သူ.ကို အိုင်စီစီ မရောက်ရောက်အောင်ပို.ကြမယ်လို. အာမခံထားတယ်။

မြန်မာပြည်မှာလဲ အဲ သလို တောင်းဆိုတတ်ရမယ်။ တောင်းဆိုစိမ်ခေါ်ရကောင်းမှန်းလည်းသိရမယ်။

မြန်မာနိုင်ငံမှာတော.--ပြည်သူလူထု အကျိုးစီးပွားအတွက် အလုပ် လုပ်နေတဲ. အင်အားစုတွေကို မနေ. တနေ.က အထိ၊ ဒီ နေ. အထိ အကြမ်းဖက် ဖြိုခွဲနေဆဲပဲ။  ဦးသိန်းစိန်နဲ. ဥိးသန်းရွှေ နားမလည်တာက --တော်လှန်သောပြည်သူလူထု၏စိတ်ဓါတ်ကို ဘာနဲ.မှ ဖြိုခွဲလို.မရဘူး ဆိုတဲ.အချက်နဲ. သူတို. နအဖ ထာဝရ မခိုင်မြဲ နိုင်ဘူးဆိုတဲ.ဓမ္မတရားပါ။  ခြစားမှုတွေကို မတိုက်ဖျက်နိုင်ပဲနဲ.တော.၊ အယောင်ဆောင် ဒီမိုကရေစီ ဆိုတာ၊ တော်လှန်ရေး၏အမှိုက်တစ သာ  ဖြစ်ပါလိမ်.မယ်။  ။ဦးပိုင်ဆိုတာ ကိုဖြိုခြင်းဟာ  ခြစားမှုကို ဖြိုတာနဲ.အတူတူ လို. အဓိပ္ပါယ် ရောက်သလို ဒီမိုကရေစီ ၏အခြေခံ အုပ်မြစ်လည်းဖြစ်ပါတယ်။ ဒီအခြေခံအုပ်မြစ်ကိုချဖို. လူထုကြီးက မြန်မာ. လွှတ်တော်ကို စိတ်ရှည်စွာ ထပ်စောင်.ဆိုင်း ပေးနိုင်လိမ်.မယ်လို. မထင်ပါ။

ယီမင်နိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုပိုင်ရှင် အမျိုးသမီးလေး တာဝါကူ ကာမင် ၏ တိုက်ပွဲခေါ်သံ စာ တကြောင်းနဲ. ဒီစာကို အဆုံးသတ်ချင်ပါတယ်။ ကြေးနီတောင်တိုက်ပွဲက ဆရာတော်တွေ ရဟန်းတွေအားလုံးကို ဥိးထိပ်ထားပါတယ်။  သူရဲကောင်းတို.--ကမ္ဘာမြေပေါ်က ယုတ်မာ ရိုင်းစိုင်းတဲ. အုပ်ချုပ်သူတွေကို မီး လျှံ့များအပြည်.ရှိနေသော ဒီ ရှေ.တန်းမှာ အသေခံပြီး ဆန်.ကျင်ခြင်းအရာမှာ  ကျွန်ုပ်တို.သည်  အသင်တို.နှင်.အတူတူ---တဲ.။

၂၀၁၂ နှစ်အကူး ၊ ၂၀၁၃ အစက စလို.  မြန်မာနိုင်ငံမှာလည်း အများလိုလားတဲ. အပြောင်းအလဲတွေ ဖြစ်လာကြပါစေ။

ကျေးဇူးပါ။
aye aye soe win
December 9, 2012

လူပြိန်းတွေး၍ မေးကြည့်ချင်တာလေးတွေပါ။

rby ကိုဝိုင် ဝိုင်ကေ on Friday, December 7, 2012 at 11:03am ·

.“ ယခုဖြစ်စဉ်မှာ ထူးခြားချက်က သပိတ်တွင် ဦးဆောင် ပါဝင်ခဲ့သော လူပုဂ္ဂိုလ်များ သည် ဖြိုခွဲချိန်တွင် မရှိသည့် အတွက် တစ်ဦးမှ မထိခိုက်ခဲ့ခြင်းက ထူးခြားချက် ဖြစ်ပါကြောင်း ” ဟု သာသနာရေးက မဟန ကိုလျှောက်တော့ ထည့်ပြောသွားတယ်။
အဲတော့ လျှောက်စဉ်းစားမိတာက -
၁။ လူကိုပါ မီးလောင်စေချင်တာ မချင့် မရဲ ဖြစ်တာလား ။
၂။ လူတွေကပဲ သတင်းကြိုရလို့ ရှောင်နေ သယောင်ယောင် ။ ( တော်ကြာ ထောက်လှမ်းရေးလို့ များ စွတ်စွဲ နေလေမလား မသိ )
၃။ အဲဒီမှာ ဘုန်းကြီး နဲ့ လူတွေ နဲ့ ရောရော နှောနှော နေတာ မသင့်တော်လို့ အစကတည်းက (အရင်ရက်တွေ ကတည်းက) နေရာခွဲထားတာကို နယ်မြေခံ အက်စ်ဘီ အပါအဝင် ထောက်လှမ်းသူတွေ က မတင်ပြတာလား။
၎။ ညကြီးမင်းကြီး သံဃာတော်တွေက သင်္ကန်းတရုန်းရုန်း နဲ့ ဟိုသွားလိုက် ဒီသွားလိုက် စည်းကမ်းမဲ့ လမ်းသလားလို့ ဖြစ်မလား ။ လူတွေလို ဆိုင်ကယ် နဲ့ ရွာ နဲ့ စခန်းတွေ ကူးချည် သန်းချည် နေပါ့မလား ။ အဲဒီတော့ ဘုန်းကြီးတွေပဲ ရှိတော့မပေါ့ဗျာ ။
၅။ အဲဒီနေ့ က တစ်တိုင်းပြည်လုံး ပျော်နေတဲ့ တန်ဆောင်တိုင် လပြည့်နေ့ ဆိုတာ သတိမေ့လျောနေတာလား ။
၆။ နံနက်မှ ဖြိုခွဲလို့ ရပါရဲ့နဲ့..။ ရာသီ အေးအေးနဲ့ အလွန် အိပ်ကောင်းတဲ့ (ကွေးကောင်းတဲ့) အချိန်ကိုမှ ရွေးပြီး အငိုက်ဖမ်း ဖြိုခွဲတာကိုတော့ နည်းနည်းလေးတောင် လျှောက်တင် မသွားပါဘူး။
၇။ အဲဒီလို လူမရှိပဲ သံဃာတော်တွေ ချည်း ရှိတာ သိရဲ့နဲ့ ဘာလို့ ပြင်းပြင်းထန်ထန် ဆောင်ရွက်တာလဲ ဆိုတာ မပြောသွားဘူး ။ ( သတိလက်လွတ် ဆိုရင်တောင် သံဃာတော်တွေ ထံက မေတ္တာသုတ် ရွတ်သံကြားတဲ့ အချိန် သတိ မဝင်ပဲ ဆက်လက် ဆောင်ရွက်ပါတယ်။ )
၈။ ဆောင်ရွက်ရမှာ မသိနားမလည်လို့ မကျွမ်းကျင်လို့ ယခုလို ဖြစ်ရတာပါ ဆိုတော့ ရာထူးတွေက ဘာတွေ တတ်လို့ ပေးထား/ရထားတာလဲ။ မထိုက်တန်သူတွေ အဆင့်မမီသူတွေ လို့ မိမိတပ်ဖွဲ့ဝင်တွေကို လွဲချရုံနဲ့ ပြီးပါသလား ။
၉။ တောင်းပန်ပွဲ (၂) ခုမှာ ဘယ်သူက ညွှန်ကြားလို့ ဘုရားတပည့်တော်တို့ အမိန့် အတိုင်း ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း လေသံ မဟကြသေးတာလဲ စဉ်းစားမိပါတယ် ။
၁၀။ တိုင်းပြည်ရဲ့ အစိုးရ အဖွဲ့ဝင်တွေ ဆိုတာ စကားလုံး ကျစ်လစ် ခိုင်လုံစွာ ပြောကြားသင့်ပါတယ်။ နိုင်ငံတကာမှာ ပြီးစလွယ်ပြောတဲ့ အနေအထားဟာ တိုင်းပြည် သိက္ခာကို ကျစေသလို ၊ မိမိ အစိုးရကို မိမိ ကိုယ်တိုင်က အကြည်ညို ပျက်အောင် ဖန်တီးနေသလို ဖြစ်နေတာ အရာရှိမင်းများ သတိပြု ဆင်ခြင်သင့်ပါတယ်။
အထက်ပါ အချက်တွေက အရှိတရား အချို့ကို လူပြိန်းတွေး တွေးကြည့် ပြီး ရေးလိုက်တာပါ။
စိတ် အနှောင့် အယှက် ဖြစ်စေရင်တော့ နားလည် ပေးပါ။ လွဲလွဲ လေးပဲ ကောင်းပါတယ် လို့ စိတ်ဖြေပြီး မနေနိုင်လို့ပါ။



ကိုဝိုင်ဝိုင်ကေ

၇-၁၂-၁၂

လူမျိုးတုန်းသတ်ဖြတ်မှုပြည်ပမီဒီယာများ၏ ဖော်ပြချက် မှန်ကန်ခြင်းမရှိကြောင်းဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကပြော

7Day News Journal's photo.

လူဦးရေတိုးပွားနှုန်းကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ပြည်ပမီဒီယာများ၏ ဖော်ပြချက် မှန်ကန်ခြင်းမရှိကြောင်း သက်သေပြနိုင်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကပြောသည်။
ရခိုင်ပြည်နယ်အခြေအနေများနှင့် စပ်လျဉ်း၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကာတာအခြေစိုက် အယ်လ်ဂျားဇီရားသတင်းဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်လွှင့်မည့်ရုပ်သံအစီအစဉ်နှင့် ပတ်သက်၍ ၀န်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရုပ်သံအစီအစဉ်ကို Geonocide (လူမျိုးတုန်းသတ်ဖြတ်မှု) ဟု ခေါင်းစဉ်တပ်ထားကြောင်း၊ ၁၉၈၀ ၀န်းကျင်က ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူမျိုး နှစ်သိန်းခွဲခန့်ရှိပြီး ယခု ၂၀၁၂ ခုနှစ်တွင် တစ်သန်းရှိကြောင်း၊ သို့ဖြစ်၍ မျိုးတုန်းသတ်ဖြတ်မှု ရှိ၊ မရှိကို ဦးနှောက်သုံး၍ စဉ်းစားသိရှိနိုင်ကြောင်း ၀န်ကြီးကပြောကြားခဲ့သည်။


Sandy Thin Mar Oo

America, UK, Frence, Germany and other European countries do not tune/watch Aljazeera Tv at all because they create a lot of news to provoke "World Peace". မြန်မာနိုင်ငံမှာ ဒီအန္တရယ်သတင်းဌာနကိုလုံးဝမထားသင့်တော့ပါ။ အမျိုးသားရေးနိုးကြားကြပါ။ အင်္ဂလန်နဲ့ အမေရိကန်က ပြည်သူတွေရဲ့ ဆန္ဒကို ရှယ်လိုက်ပါတယ်နော်။ Long live Myanmar(Burma)!
*(ဒီကိစ္စဟာ နာဂစ်ဆိုင်ကလုံး နဲ့မတူဖူး။ တနိုင်ငံလုံး လူမျိုးခြားလက်ထဲကျမဲ့ကိစ္စဖြစ်တယ်။ကြိုတင်ပြီး ပြင်းပြင်းထန်ထန် ကာကွယ်ကြပါ။)

* "Aljazeera is started lyiny to the whole World and against the '60' millions of Myanmar people's firm desire! Be aware the truth everyone around the World. They
made one sided vision by ignoring the fact that host Arakan(Rakhine) Ethnics were brutally raped, killed, burned downed their houses and monasteries by the illegal immigrants Bengalis extremists in Arakan(Rakhine) State. Human Trafficking gangs also involving in these circumstances. Be careful everyone around the World! With Metta, SandyThi...nMarOo."

 "မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့... စည်းလုံးကြလော့၊ နိုးကြားကြလော့၊ အသင့်ပြင်ထားကြလော့။ နိုင်ငံခြားသတင်းဌာန Aljazeera(အယ်ဂျာဇီယာ) သည် Documentary(ဇတ်လမ်း) အတုဖြင့် တကမ္ဘာလုံးကို ညာရန်ဆက်တိုက် ကြံစည်နေပါသည်။ ဒီနေ့မနက်ပဲ မကျေမနပ်ဖြင့် ကြေငြာသွားပါသည်။ တကယ်တော့ ရခိုင်ပြည်နယ်အရေးအခင်းစတာဟာ အပြစ်မဲ့ သီတာထွေးလေးကို မတရားဖျက်စီး၊သတ်ဖြတ်ပစ်ရာကစတာပါ။ ဒါပေမဲ့ အကွက်ချောင်းနေတဲ့ ကျားလိုပဲ၊ နိုင်ငံတကာကို လူရိုက်စားနေတဲ့ အဖွဲ့နဲ့ မြန်မာပြည်ရဲ့ တည်ငြိမ်မှုကို မလိုလားတဲ့အဖွဲ့တွေ၊ မြန်မာနိုင်ငံရဲ့မြေပုံ၊ အဖြစ်အပျက်တချို့နဲ့ လုပ်စားနေကြအဖွဲ့တွေဟာ ဒီ Documentary(ဘင်္ဂလီဇတ်လမ်း) ဖြစ်လာဖို့ နှစ်နဲ့ချီပြီးကြိုးစားနေကြပါတယ်။ အခြား Middle East တိုင်းပြည်တွေကရတဲ့ အလှူငွေတွေဟာလည်း မြန်မာပြည်တိုးတက်ဖို့ တခါမှ မသုံးခဲ့ကြပါဖူး။ သူတို့ကောင်းစားဖို့ သူတို့ နိုင်ငံတကာလှည့်ပြီးလုပ်စားနေတာပါ။ ဒါကြောင့် ဒီလိုလူတွေရဲ့ လှည့်စားမှုအောက်ကို ကျရောက်မသွားကြပါစေနဲ့။ အမိမြန်မာပြည်ကို တိုင်းတပါးလက်အောက်မကျရောက်အောင် စည်းလုံးညီညွတ်စွာဖြင့် အထူး ကာကွယ်စောင့်ရှောက်ကြပါ။

မေတ္တာဖြင့် စန္ဒီသင်းမာဦး...
" { နွားကွဲရင် ကျားဆွဲမယ်။ ချောင်းနေကြတယ်.}