Monday, December 10, 2012
ဒေါ်အောင်ဆန်းစုကြည်၏မကွေးခရီးစဉ်ဓါတ်ပုံတချို့
News and Information Department of NLD's Page
ဂျက်လီ ကျောင်း၃ကျောင်းကို ပြန်လည်ပြုပြင်ပေးမည်
မန္တလေး-ဒီဇင်ဘာ၃
မင်းသားဂျက်လီ တည်ထောင်ထားသော One Foundationအဖွဲ့မှ သပိတ်ကျင်း၊စဥ့်ကူး၊ကျောက်မြောင်းမြို့နယ်အတွင်းမှ ရွှေဘိုငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းအားရွေးချယ်၍ပြန်လည်ပြုပြင်ပေးရန်မန္တလေးကောင်စစ်ဝန်ရုံးနှင့်ညှိုနှိုင်းနေကြောင်းသိရသည်။
ငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းရွေးချယ်ရာတွင်အထိအခိုက်ပျက်စီးမှုပမာဏ၊ကျောင်းသားဦးရေနှင့်ကျောင်းဧရိယာ
တို့ကိုကြည့်ရှု့ရွေးချယ်သွားမည်ဖြစ်ပြီးစာသင်ကျောင်းဆောင်များအပါအ၀င် ဘက်စုံအားကစားအဆောက်အအုံများပါဝင်ထည့်သွင်း ဆောက်လုပ်လှူဒါန်းသွားမည်ဟုသိရသည်။
(singaporefeel.blogspot.com)
အယ်လ်ဂျားဇီးယား ရုပ်သံအရှုပ်တော်ပုံ
ကာတာ အခြေစိုက် အယ်လ်ဂျားဇီးယား ရုပ်သံက ထုတ်လွှင့်နေတဲ့ ရခိုင်ပြည်နယ် ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်း ထုတ်လွှင့် ချက်တွေဟာ အမှန်တရားနဲ့ ဆန့်ကျင် နေတယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ လူမျိုးတုန်း သတ်ဖြတ်မှု တွေရှိနေတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်သွားတဲ့ ဒီရုပ်သံမှတ်တမ်းကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားကနေ ဒီဇင်ဘာ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အာရပ်ဘာသာ၊ ဒီဇင်ဘာ ၉ ရက်ကနေ ၁၃ ရက်နေ့အထိ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတာပါ။
ဒီရုပ်သံမှာ ရခိုင်ပြည်နယ် အဓိကရုဏ်း ဖြစ်ပွားမှုအတွက် ရခိုင်အမျိုးသား တိုးတက်ရေးပါတီကို စွပ်စွဲထားချက်တွေပါဝင်ပြီး ဒီပဋိပက္ခမှာ တာဝန်အရှိဆုံးသူဟာ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဖြစ်တယ်လို့ ရုပ်သံမှာ ပါဝင်ပြောကြားခဲ့သူ တဦးကလည်း စွပ်စွဲပြောကြား ထားပါတယ်။
ဒေါက်တာ အေးမောင်ကတော့ ဒီရုပ်သံမှတ်တမ်းဟာ တဖက်သတ်ဆန်ပြီး လုပ်ကြံဖန်တီးထားတဲ့ သဘောမျိုးဖြစ်တယ်လို့ ပြောပါတယ်။
“တစ်အချက်က တဖက်သတ် ဆန်တယ်။ ဖြစ်စဉ်အပေါ်မှာ ခြုံငုံသုံးသပ်တာတွေက စတူဒီယိုမှာ ဖန်တီးပုံဖော်သွားတဲ့ ဇာတ်လမ်းမျိုးအဖြစ် ယူဆတယ်။ ပြီးတော့ သူတို့လုပ်ကြံဖန်တီးထားတဲ့ ဇာတ်ကောင်ပေါ့နော်။ အမျိုးသမီးတယောက်ဆိုရင် မုဒိမ်းကျင့်ခံရတယ်၊ ဆေးရုံတက်တယ်၊ ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဆေးသွားကုတယ်။ အဲအမျိုးသမီးကိုလည်း သတ်ပစ်လိုက်ပြီ၊ သေသွားပြီဆိုတဲ့ သဘောမျိုးတောင် လုပ်လိုက်တော့ ကျနော်တို့က ပြန်လှန်မေးမြန်းခွင့်တို့ ဘာတို့ မရလိုက်တဲ့အခါ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ ဒီဖြစ်စဉ်အပေါ် သုံးသပ်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးဟာ၊ ဥပမာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကနေ ပွင့်ပွင့်လင်းလင်း ဒီဖြစ်စဉ်အပေါ် ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်။ တခုချင်းဖြစ်စဉ်အမှန်၊ ကမ္ဘာကသိအောင် လူထုသိအောင် တကွက်ချင်း တကွက်ချင်းပေါ့။ မောင်တောဖြစ်သွားတဲ့အခြေအနေ၊ တောင်ကုတ်မှာဖြစ်သွားတဲ့ အခြေအနေ၊ စစ်တွေမှာဖြစ်သွားတဲ့ အခြေအနေတွေကို အဖြစ်မှန်တွေ ကမ္ဘာကိုပြန်ပြီး မြန်မာ့ရုပ်မြင်သံကြားကဖြစ်ဖြစ် သတင်းဖြန့်ချိရေးကဖြစ်ဖြစ် ပြန်လည်တင်ပြဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။”
ဒီသတင်းအတွက် တွေ့ဆုံမေးမြန်းသွားတဲ့ သတင်းထောက်က အယ်လ်ဂျာဇီးယား သတင်းဌာနကလို့ ပြောဆို အင်တာဗျူးတာမဟုတ်ဘဲ လန်ဒန်က သတင်းဌာနတခုအတွက် ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် သူ့အနေနဲ့ ဖြေကြားခဲ့တာလို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒီရုပ်သံမှတ်တမ်း ထွက်ပေါ်လာတဲ့အပေါ်ကိုလည်း ဦးအေးမောင်က အခုလို ပြောပါတယ်။
“မှတ်တမ်းရုပ်ရှင်ကားဆိုတာ၊ ဒီလို ကာလမျိုးပေါ့။ ဒုတိယအကြိမ် ဖြစ်သွားပြီးနောက် အခြေအမြစ်မရှိ ပေါ်လာတာရယ်၊ တခုခုကို လှုံ့ဆောာ်သလိုမျိုး ဖြစ်သွားမယ်ဆိုရင် ဒီအယ်လ်ဂျားဇီးယား သတင်းဌာနဟာ သတင်းတခုကို ဖော်ပြတာမျိုး မဟုတ်ဘဲနဲ့ တတိယအကြိမ် ပြဿနာတခုကို ပြန်စေ့ဆော်သလို၊ ပြန်ဆွပေးသလိုမျိုး ဖြစ်သွားစေနိုင်တဲ့ သတင်းမျိုးထုတ်လွှင့်တာမျိုးကို ဒီလိုကာလမှာ ထုတ်လွှင့်တာကို ကန့်ကွက်ပါတယ်။ ဆင်ဆင်ခြင်ခြင်နဲ့ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာသတင်းဌာနကြီးအနေနဲ့ သုံးသပ်ပြီးကာမှ တကယ် အရည်အသွေးပြည့်ဝတဲ့ သတင်းထောက်တွေ သတင်းယူတဲ့အဖွဲ့တွေနဲ့ ပြန်လှန်စိစစ်ပြီးမှ ဒါကို ပြန်သုံးသပ်သင့်တယ်လို့ ယူဆပါတယ်။”
မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသဖို့ အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
အလားတူ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း လူမျိုးစုမျိုးနွယ်တုံးအောင် ကြိုးပမ်းတဲ့ ပုံစံအနေအထားမျိုးဖြစ်အောင် သတင်း ထင်ယောင်ထင်မှား ပုံဖော်ကြိုးစား ရေးသားမှုတွေ ရှိခဲ့ကြောင်း၊ ဒါတွေဟာ အမှန်တရားနဲ့ ဆန့်ကျင်တယ်လို့ ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည်နယ်ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။
အယ်လ်ဂျားဇီးယား သတင်းဌာနကတော့ ကြည့်ရှုသူတွေက ဒီရုပ်သံမှတ်တမ်းကို ကိုယ်ပိုင်ဆုံးဖြတ်ပါ ဆိုပြီးတော့ အစိုးရ ထုတ်ပြန်ချက်ကို တုံ့ပြန်လိုက်ပါတယ်။
ဒီမှတ်တမ်းအတွက် ရုပ်သံကို ရိုက်ကူးတဲ့ ဖီလ်းရီလ်းကလည်း ရုပ်သံအတွက် ခိုင်လုံတဲ့ အထောက်အထားတွေကို စုစည်းနိုင်ခဲ့တယ်လို့ သတင်းဌာနရဲ့ ကြေညာချက်မှာ ဆိုပါတယ်။ ဒါပေမယ့် ရုပ်သံမှတ်တမ်းထဲမှာတော့ တချို့ပြောဆိုတဲ့ အချက်အလက်တွေဟာ အတည်မပြုနိုင်တဲ့အကြောင်း ထည့်သွင်းပြောကြားထားပါတယ်။
ကိုထွေး DVB - ၁၀ ဒီဇင်ဘာ၊ ၂၀၁၂
အရမ်းရှက်သွားပြီး ကိုယ့် ကိုယ်ကို သတ်သေသွားခဲ့သူ
Alex Rain's photo.
.ဟိုတနေ့က Kate Middleton ကိုယ်ဝန်ကြောင့် morning sickness တက်ကုတာ မှတ်မိကြမယ်ထင်ပါတယ်။ ဒီ ဓါတ်ပုံထဲ ပါတဲ့ Jacintha Saldanha က အဲဒီ ဆေးရုံက နာစ်ပါ။ Ausi radio station တခုကနေ အပြောင်အပြက် အနေနဲ့ Queen & Charles အယောင်ဆောင်ဖုန်းခေါ်ပြီး Kate အကြောင်းမေးတာကို သူက မသိဘဲ တကယ်မှတ်ပြီး ဖြေခဲ့ပါတယ်။ ဟို radio station က ဟာသ အနေနဲ့ လွှင့်တာ သိသွားတဲ့ နောက် အရမ်းရှက်သွားပြီး ကိုယ့် ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။
http://www.dailymail.co.uk/news/article-2245604/Jacintha-Saldanha-Hoaxed-nurse-died-shame-As-backlash-phone-prank-DJs-grows-brother-victim-says-sister-devastated.html
ဦးဂမ္ဘီရ အာမခံနဲ့ ပြန်လွှတ်
BBC Burmese
သင်္ဃ္န်းကျွန်းက မဂ္ဂင် ကျောင်းတိုက် အပါအဝင် ဘုန်းကြီးကျောင်း သုံးကျောင်းကို ခွင့်ပြုချက်မရှိဘဲ ချိတ်ဖွင့်ခဲ့တယ် ဆိုတဲ့ကိစ္စနဲ့ ဒီဇင်ဘာ ၁ရက်နေ့က ဖမ်းထားတဲ့ ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို တနင်္လ࿿ာ နေ့ည ၈နာရီ ကျော်မှာ သန်လျင် မြို့နယ် တရားရုံးက သိန်း ၄ဝ နဲ့ လူ ၂ ယောက် အာမခံ ယူပြီး ပြန်လွှတ် ပေးလိုက် ပါတယ်။
ဦးဂမ္ဘီရ ဘဝ ကနေ လူဝတ်လဲ ထားတဲ့ ကိုညီညီလွင်က သူ့ကို လက်ပံတောင်း သံဃာ့ လှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး ဖမ်းဝရမ်း မပါဘဲ အင်းစိန်ထောင်မှာ တိုက်ပိတ် ထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။
ဦးဂမ္ဘီရဟာ ၂ဝဝ၇ သံဃာ့ လှုပ်ရှားမှု အပြီးမှာ ထောင်ဒဏ် ၆၈ နှစ် ချခံရပြီး ဒီနှစ် ဇန်နဝါရီ လလယ်က သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့ပါတယ်။
----------------------------------------
ဦးဂမ္ဘီရ(ခ) ကိုညီညီလွင်ကို အင်းစိန်ထောင်မှယနေ့ညနေတွင်ထုတ်လာပြီး
သန်လျင်တရားရုံးတွင်ကြားဖြတ်အာမခံဖြင့်ယနေ့ည၈နာရီခန့်တွင်လွှတ်ခဲ့ရာ မိသားစုဝင်များနှင့်အတူသန်လျင်တရားရုံးတွင်တွေ့ရစဉ်
ဓါတ်ပုံ - ဂျေပိုင်
 Irrawaddy
VOA ဆိုင်းဘုတ်ရန်ကုန်မြို့မှာစိုက်
Sithu Naing's photo
ပြသနာကို မီးလောင်ဗုံးပစ်ပြီး ရှာသတဲ့...
သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့  ၁၂ ၊ ၁၂၊ ၂၀၁၂ အတွက် ကြေညာချက်
“ရန်ကုန်ဆေးရုံကြီး အတွက် ငွေကျပ် သိန်း၁၀၀ ကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ လှူဒါန်းခဲ့တဲ့ ထွန်းအိန္ဒြာဗို”
Popular Journal news
ထွန်းအိန္ဒြာဗိုဇနီးမောင်နှံ ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ ပြု ကန်တော့
ထွန်းအိန္ဒြာဗိုက ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံကာ ရန်ကုန်ဆေးရုံကြီးအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ပြီး ထွန်းအိန္ဒြာဗို တို့ဇနီးမောင်နှံက ဒေါ်အောင်ဆန်းစုကြည်ကို ၀ါကျွတ်အထိမ်းအမှတ်အဖြစ် ဂါရ၀ပြု ကန်တော့ခဲ့ပါတယ်။
အယ်လ်ဂျာဇီးယားက ပြနေတဲ့  လိမ်လည်မှုပြကွက်များ
ဒီနေ့ မှာ အယ်လ်ဂျာဇီးယားက ပြနေတဲ့  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကြောင်းတွေကို ထုတ်လွှင့်တာကို ကြည့်ဖြစ်တယ် ။ ဒီရုပ်သံကို မြန်မာအစိုးရက မထုတ်လွှင့်ဖို့  တားမြစ်ကန့် ကွက်ခဲ့ ပါတယ် ။ ဒါပေမဲ့ သူတို့ က ထုတ်လွှင့်တော့ ကြည့်ဖြစ်ရပါတယ် ။
   ရှေးဦးစွာ ရခိုင်ပြည်နယ် မှာ မိန်းခလေးတဦးကို မုဒိမ်းကျင့်ပြီး လူသတ်ခဲ့ တယိုတာပြတယ်။ မူဆလင်သုံးယောက်က အဲဒီလို စော်ကားခဲ့ လို့  ဆက်ဖြစ်လာတယ် ။ ဆိုပြီးတော့ ပြကွက်တွေနဲ့  ပြသတယ် ။ သတိထားမိတာက မူဆလင်လို့  သုံးတဲ့ စကားလုံးဘဲဖြစ်တယ် ။
    မုတ်ဆိတ်ဖြူဖြူနဲ့  ကုလားအဘိုးအိုတယောက်က ပြောတာကို ပြတယ် ။
( သူတို့ တွေဟာ အလောင်းကောင်တွေကို သဂြိုလ်လိုက်ကြတယ် ။ ကျနော်ကတော့ ကျနော်ကိုယ်တိုင်ဘဲ သူတို့ ကို သဂြိုလ်ချင်တယ်  ) –
သူ့ ရဲ့ နောက်ခံ ပြကွက်က မောင်တောမြို့ မှာ မီးလောင်နေတဲ့  ပြကွက်ဖြစ်တယ် ။ ဒီလိုပြကွက်ကို ပြရင် မောင်တောမြို့ မှာဘဲ လူသေအလောင်းတွေကို သဂြိုလ်လိုက်တယ် ဆိုတဲ့ သဘောဘဲ ။  ဒီလိုဆိုရင် အဲဒီသဂြိုလ်တဲ့ နေရာကို သူတောင် သိတယ်ဆိုရင် မောင်တောမှာ ရှိတဲ့  လူတိုင်းသိကြမှာပေါ့ ။ ဒါကို အစိုးရက အဲဒီသဂြိုလ်တဲ့ နေရာက ဘယ်မှာလဲ ဆိုတာ မေးစမ်းရတော့မလိုဖြစ်နေပြီ ။ဒါဟာ လိမ်ညာတာ သက်သက်ဘဲ ဆိုတာ ရှင်းရမှာဖြစ်ပါတယ် ။
   နောက် အသက်( ၁၁ ) နှစ်လောက် ရှိမဲ့  ကုလားမလေး တယောက်က ပြောနေတယ် ။
( ကျမဲ့  မောင်နှမ ၀မ်းကွဲ -၅- ယောက်ကို သတ်လိုက်ကြတယ် ။ အဲဒီကျမရဲ့ မောင်နှမ၀မ်းကွဲ -၅-ယောက်စလုံးကို ကျမရှေ့မှာတင် မီးသဂြိုလ်လိုက်ကြတယ် - ( မီးထဲ ဆွဲထည့်လိုက်တယ် ဆိုတာ ပြောတာ) -- )
    ပြနေတဲ့  ပြကွက်က မောင်တောမြို့  မီးလောင်နေတဲ့  ပြကွက်ဆိုတော့ ဒါဟာ မောင်တောမြို့ မှာဘဲ ဖြစ်နေတာပေါ့ ။
  ဒီတော့ ကုလားမလေးက လူ--၅-ယောက်ကို သတ်ပြီး မီးထဲ ထည့်လိုက်တယ် ဆိုတဲ့  ပြကွက်ကို ပြဖို့ ရာမှာ မောင်တောမြို့ လမ်းမပေါ်မှာ လူတွေအများကြီး ထွက်လာနေကြတာကို ပြထားတယ် ။ မီးတွေလောင်နေတဲ့ ပြကွက်ကို ပြထားတယ် ။ အိမ်တွေဆီက မှန်တွေ ကွဲရှသံတွေ ကြားနေရတယ် ။ သဘောက ရခိုင်လူမျိုးတွေဟာ မူဆလင်ကုလားတွေကို သတ်လို့  မီးထဲ ထည့်လိုက်တယ် ဆိုတာမျိုး ပြကွက်အဖြစ် ပြချင်လို့ တမင် ပြကွက်ကို ပြနေတာဖြစ်တယ် ။
  ရဲတွေဟာ လက်နက်ကိုယ်စီနဲ့  ရပ်ကြည့်နေတာကို မြင်ရတယ် ။ အဲဒီလိုရပ်နေတာကို လုံခြုံရေးအရ ရဲတွေဟာ မူဆလင်ကုလားအုပ်စုကို ဘယ်လိုမှ ဟန့် တားမရလို့  မသွားနိုင်လို့  ရပ်နေကြရတယ် လို့  မပြောဘူး ။
   နောက်ထပ် ကုလားတယောက်က ပြောတာပြတယ် ။
( ရခိုင်လူမျိုးတွေဟာ ကြွေးကြော်သံတွေနဲ့  အော်ဟစ်ပြီး ကျွန်တော်တို့ ကို တိုက်ခိုက်ပါတယ် ။ လယ်ကွင်းပြင်မှာ ဆိုရင် လူသေအလောင်းတွေအများကြီးဘဲ ။ သွေးအိုင်တွေထဲမှာ  သွေးတွေ တရွှဲရွှဲနဲ့  အပြည့်ဘဲ ရှိနေတယ် )
  သူကလဲ မောင်တောမြို့ မှာဘဲ ဖြစ်ပျက်တာကို ပြောနေတာဖြစ်တယ် ။ မောင်တောမြို့ မှာ မူဆလင်လူဦးရေ များလွန်းလို့  အဲဒီနေ့ က လမ်းမပေါ်ထွက်လာတဲ့ အခါ ရခိုင်လူမျိုးတွေဟာ အသက်ကို ဖက်နဲ့ ထုတ်ပြီး နေကြရချိန်ဖြစ်တယ် ။  ဒီတော့ မောင်တောမြို့ မှာ ရခိုင်လူမျိုးတွေက လမ်းမပေါ်ထွက်လာပြီး ကြွေးကြော်သံတွေ အော်ဟစ်ပြီး တိုက်ခိုက်ဖို့  လာခဲ့ တာဆိုတာကို ဘယ်သူက ယုံကြည်ကြမှာပါလဲ ၊
နောက်ပြကွက်တခုက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို ကွန်ဖရင့်လုပ်နေတာကို ထည့်ပြထားတယ် ။ ဒါကို ထည့်ပြစရာ မလိုအပ်ဘဲနဲ့  ပြထားတယ် ဆိုကတည်းက စွပ်စွဲချင်လို့  ထည့်ထားတယ်ဆိုတာကို ပြကွက်အဖြစ် သုံးထားတာဖြစ်တယ် ။ အဲဒီပြကွက်မှာ ဒေါက်တာအေးမောင်က ရှင်းလင်းဖွင့်ဆိုထားတာဟာ လူင်္ကြးလူကောင်းဆန်ပြီး ပဋိပက္ခကို ဘယ်လိုဖြေရှင်းနည်းနဲ့  ဖြေရှင်းရင် သင့်တော်မလဲဆိုတာ အကောင်းဆုံးတင်ပြထားတာ တွေ့ ရတယ် ။ တဖက်မှာ ဘင်္ဂလီဖက်က ပြောဆိုတဲ့  မျက်နာအမူအရာအရ အသုံးအနှုံးတွေဟာ လူကြီးလူကောင်း မဆန်သလို သူတို့ ရဲ့ အကျင့်စရိုက်ကို ဖေါ်ပြထားတာကိုလဲ ခန့် မှန်းလို့  ရတယ် ။
   လေးဝတီ-၀ပ်ဆိုက်ကို ဖေါ်ပြထားတဲ့ အခါမှာလဲ အဲဒီသတင်းတွေဟာ အဲဒီအချိန်တုံးက ၀ပ်ဆိုက်တိုင်း ဘလော့တိုင်းမှာ ဖေါ်ပြကြတာဘဲ ဖြစ်တယ် ။ ရခိုင်စာနဲ့  ရေးသားထားတဲ့  လေးဝတီဝပ်ဆိုက်ကို တမင်ဖေါ်ပြလိုက်တာဟာ သတင်းကို ဖေါ်ပြနေတယ် ဆိုတာထက် သွေးထိုးလှုံ့ ဆော်တဲ့  ၀ပ်ဆိုက်ဆိုပြီး ဖေါ်ပြလိုက်တာဖြစ်တယ် ။ ( မှတ်ချက်- လေးဝတီဝပ်ဆိုက်ဟာ သတင်းများက အခြားဝပ်ဆိုက်များ၏   မြန်မာစာနဲ့  ရေးသားထားတာများကို ရခိုင်စာနဲ့  ဖေါ်ပြထားခြင်းသာဖြစ်တယ် )  ။ သမိုင်းလိမ်ဘင်္ဂလီကုလားတွေရဲ့  ဘလော့ကျတော့ စကားအဖြစ်သာ သုံးနှုံးပြီး ပြောဆိုသွားတာရှိတယ် ။  ( ဒီလို အင်တာနတ်ဝပ်ဆိုက်တွေကို ဖေါ်ပြလိုက်တယ်ဆိုတာဟာ ပဋိပက္ခဖြစ်စေမဲ့  သွေးထိုးလှုံ့ ဆော်မှုများ ရှိနေတယ်ဆိုတဲ့  သဘောမျိုးဖြစ်နေတယ်ဆိုပြီး ဖေါ်ပြလိုက်လို့  အခုဆိုရင် လေးဝတီဝပ်ဆိုက်ဟာ ဘန်းခံလိုက်ရပြီဖြစ်တယ် ။ ) တကယ်ဆိုရင်  ကုလားတန်ဝပ်ဆိုက်တို့  အခြားကုလားဘလော့တို့  အများကြီးရှိတာပါဘဲ ။ သူတို့ က အဲဒီဝပ်ဆိုက်တွေ ဘလော့တွေကို ဘာကြောင့်များ မဖေါ်ပြကြတာလဲ ။ မဖေါ်ပြကြတာကိုက မရိုးသားမှု ရှိနေတယ်ဆိုတာ သိနိုင်ပါတယ် ။  ဖေါ်ပြလိုက်ရင် သူတို့  ရဲ့  ၀ပ်ဆိုက်တွေ ဘလော့တွေမှာ ဘာတွေ ရှိနေတယ်ဆိုတာ သိသွားပြီး ဘန်းခံရမှာကို သိလို့ ဘဲ ဖြစ်ပါတယ် ။  သွေးထိုးလှုံ့ ဆော်မှု ဆိုတာကို ကုလားဝပ်ဆိုက်တွေ ဘလော့တွေမှာ အများကြီး တွေ့ ရလိမ့်မယ် ။
   နောက် မူဆလင် မော်လပီ  တယောက်က ပြောလာတယ် ။ ဒါပေမဲ့  သူက ဘာသာရေးဆရာ မော်လပီ မဟုတ်သလို ပြောတာဖြစ်တယ် ။ မူဆလင်ဘာသာဝင်တွေမှာ မော်လပီဘာသာရေးဆရာ လုပ်တယ်ဆိုရင် မုတ်ဆိတ်တွေ ထားရတယ် ။ ခုလဲ မုတ်ဆိတ်နဲ့  ကုလားက မော်လပီ မဟုတ်သလို ဟန်ဆောင်ပြီး ပြောနေတာကို ပြတယ် ။ ဒီတော့ သူတို့ ဟာ လိမ်ညာရမယ်ဆိုရင် သူတို့ ရဲ့  ဘုရား အလ္လာကိုတောင် လိမ်ကြတာ သိနိုင်တယ် ။ သူပြောတာက ဒီလိုပါ ။
(  သူတို့ တွေမှာ သနားကြင်နာမှုတွေ မရှိကြဘူး ။ သူတို့  က ကျွန်တော်တို့ ကို ဘယ်လိုနှိပ်စက်တယ်ဆိုတာကို  တခုတည်းသော ဘုရားကသာ သိပါတယ် ) –
 သူပြောတော့ ငိုသံပါပါနဲ့  ပြောတယ် ။ လိမ်ညာလို့ မရတာက တခုတည်းသော ဘုရားကို တိုင်တည်ပြီး ပြောတာနဲ့  ဒီလူဟာ မော်လပီဆိုတာ သိနိုင်တာပါဘဲ ။  ကုလားမှာ မုတ်ဆိပ်ထားခွင့်ရပြီဆိုရင် မော်လပီ လုပ်ရလို့ ဘဲ ဖြစ်ပါတယ် ။
    သူကငိုသံနဲ့  ပြောတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လှေနဲ့  ထွက်ပြေးပါတယ်ဆိုတဲ့  လူ-၄-ယောက်လောက်က လှေကလေးနဲ့  ပြကွက်ကို ပြတယ် ။ ဒါပေမဲ့  အဲဒီမူဆလင်ကုလားတွေက စွပ်ကျယ်အင်င်္ကျီနဲ့  လှေစီးပြီး ရိုက်ပြထားတာဖြစ်တယ် ။ လုပ်ကြံပြီး ရိုက်ကွင်းဖန်တီးထာသာဖြစ်တယ် ။  သတင်းထောက်ဟာ သူဒီလို ပြကွက်ရိုက်ဖို့  ဖန်တီး ယူခဲ့ တယ်ဆိုတာ သိသာနိုင်တယ် ။ အဲဒီပြကွက် ပြတဲ့ အခါမှာမှ ( so call rohingar ) အသံကို စတင်သုံးစွဲ လာတာ ကြားရတယ် ။
  ကုလားအဖိုးကြီးက မောင်တောမြို့ မှာ ဘုရားဝတ်ပြုဖို့  ခွင့်မပြုဘူးလို့  ပြောတယ် ။ တကယ်လို့  လုပ်မယ်ဆိုရင် သူတို့ ကလဲ အဆင်သင့်ဘဲလို့  ပြောတယ်တဲ့  ။ ဒါဟာ လိမ်ညာပြီး ဘာသာရေးဝတ်ပြုလို့  မရဘူးဆိုတာ ချပြလိုက်တာဖြစ်တယ် ။ တကယ်တော့ ဒေါက်တာထွန်းအောင်ခေါ် နူရောလာက် က ခွင့်ပြုချက်ယူပြီး မောင်တောမြို့ မှာ ဘာသာရေးဆုတောင်းပွဲကို သောကြာနေ့ မှာ လုပ်ခွင့်ရခဲ့ တာဖြစ်တယ် ။
    မော်လပီမဟုတ်သလို ဟန်ဆောင်ထားတဲ့  ကုလားက ဒီလိုပြောတယ် ။
( တဘက်မှာ ရခိုင်လူမျိုးတွေ ရှိနေတယ် ။ ကျွန်တော်တို့  မူဆလင်တွေက ဘုန်းကြီးကျောင်းထဲမှာပေါ့ ၊ အဲဒီမှာဗျာ - ရခိုင်လူမျိုးတွေက ခဲနဲ့  ဘာသာရေးပလီကျောင်းထဲကို ပစ်တာပေါ့ ။ မူဆလင်တွေဟာ တချို့ ဆိုရင် ဒဏ်ရာတွေ အများကြီး ရကြပါတယ် ) –
   မဖြစ်နိုင်တဲ့  စကားကို ပြောတာ လူတိုင်း သိပါတယ်- ဘယ့်နှယ်ဗျာ- သောကြာနေ့ မှာ မောင်တောမြို့ မှာ အဓိကရုဏ်းဖြစ်လို့  သဇင်တည်းခိုရိပ်သာ မီးလောင်ခံရတာကို ရဲတွေနဲ့  လူတိုင်းက လက်ပိုက်ကြည့်နေခဲ့ ကြရပါတယ် ။ ဘယ်သူက ကုလားပလီကို ခဲနဲ့  ပစ်ရဲပါ့မလဲ ဗျာ ။
  သူပြောနေချိန်မှာ မောင်တောမြို့ လမ်းမပေါ်မှာ ကုလားတွေထွက်လာတာကို ပြထားတယ် ။
 စောစောက ကုလားမက အခုလို ပြောတယ်။
( ရခိုင်လူမျိုးတွေဟာ တဦးစီတိုင်းကို ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း လုပ်ကြတယ် ။ အရပ်သားရခိုင်လူမျိုးတွေရဲ့  လက်ထဲမှာ ဒါးတွေနဲ့  ဖြစ်သလို ရဲတွေမှာလဲ သေနတ်ကိုယ်စီနဲ့ ပေါ့ ) ။
အရပ်သားဟန်ဆောင်တဲ့  မော်လပီက ပြောတဲ့ပြကွက်မှာ ခုလို ဆက်ပြောသေးတယ် ။
( ရဲတွေဟာ လေထဲကို သေနတ်နဲ့ေ ထာင်ပစ်တယ် ။ နေရာတိုင်းကို လှမ်းပစ်တယ် ။ ရဲကပစ်လို့  မူဆလင်ကုလားတယောက်သေတယ် ။ အခြားလူတွေ ဒဏ်ရာတွေ အများကြီးရကြတယ် ) ။
သူပြောနေချိန်မှာ လမ်းမပေါ်မှာ လူတွေ ထွက်လာနေတာကိုပြတယ် ။  လာတဲ့ လူတွေဟာ ရဲကသေနတ်နဲ့  ပစ်လို့  ကြောက်လန့် ပြီး ပြေးလာကြတဲ့  လူတွေ မဟုတ်ဘူး ဆိုတာ မြင်နေရတယ် ။ ဒါပမေဲ့  ပြနေတဲ့  ပြကွက်က အဲဒီလို ကြောက်လန့် လို့  လာတဲ့  သဘောမျိုး ပြကွက်မျိုး ဖန်တီးလုပ်ကြံတာဖြစ်တယ် ။
   နောက်ပြကွက်တွေမှာ ကုလားတွေ ( လူ-၃၀- ) သေတယ်ဆိုတာလဲ ပြောတယ် ။  အစကပြောတော့ တယောက်သေဆုံး- အများကြီး ဒဏ်ရာရတယ် တဲ့  ။ နောက်ဆုံးအင်တာဗျုး လုပ်တဲ့ အမျိုးသမီးကတော့ ဒီသတင်းကားရိုက်ပြီးတာနဲ့  ဒဏ်ရာတွေကြောင့် သေဆုံးသွားရပါတယ်လို့  ပြကွက်မှာ ပြသွားတယ် ။ သဘောက နုတ်ပိတ်လိုက်ပြီး ဇါတ်ကို နာစေလိုက်တာပါဘဲ ။ ဒီနောက်ဆုံးအမျိုး သမီးဟာ မောင်တောမြို့ က ဒေါက်တာထွန်းအောင် ခေါ် နူရာလောက် ရဲ့  သမီးနဲ့  ရုပ်ချင်း ဆင်တူနေတာ တွေ့ ရတယ် ။ နောက်မှဘဲ သေသေချာချာ လေ့လာကြည့်ရမှာဖြစ်ပါတယ် ။
အောင်သာနီ
ခပ်မြန်မြန်လေးလုပ်ကြစမ်းပါ
ပုပ္ပား ကိုကို
အယ်ဂျာဇီးယားက documentry ကိုဘာမှုစရာမှမလိုဘူး
Media ကို Media နဲ့ပြန်တိုက်ပါ။
မောင်းတောနဲ့စစ်တွေကို ကုလားတွေအလုံးအရင်းနဲ့ ၀င်သောင်းကြမ်းတာတွေနဲ့ ရခိုင်ဒုက္ခသည်တွေရဲ့ ရင်ဖွင့်သံတွေကို documentry ပြန်တင် MITV တင်မကဘူး Sky net, မြ၀တီ ကနေ english version နဲ့ထုတ်လိုက် ခင်ဗျားတို့နဲ့ရင်းနှီးတဲ့ CCTV လိုနိုင်ငံတကာ Media ကိုအကူအညီတောင်းပြီး Repeater လုပ်ခိုင်း။ဒါဆိုရင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားမယ်။
ကိုယ်ခံရတာကို ကမ္ဘာာကိုချပြရမှာပေါ့။
လုပ်ကြစမ်းပါ
ခပ်မြန်မြန်လေးလုပ်ကြစမ်းပါဗျာ
ကျွန်တော် ရေးချင်သော ဇါတ်လမ်းပမာ
လွန်ခဲ့ သော-၁၀-စုနှစ်များက ကျွန်တော်သည် ရေဒီိယို ဇါတ်လမ်းပမာအသံလွှင့်များကို ရေးသားထုတ်လွှင့်နေခဲ့ ဖြစ်သည် ။ -DVB-မြန်မာပိုင်း အသံလွှင့်အစီအစဉ်မှ စနေနေ့ တိုင်း ထုတ်လွှင့်နေကျ ရေဒီိယို ဇါတ်လမ်းပမာကို ကျွန်တော် ။ ရဲရင့်အောင် ( သြစတေးလဲယား ) ၊ ဒေါက်တာဇေါ်ဝင်းအောင်တို့ မှာ အပါတ်စဉ် တလ -လေးကြိမ်စီ ရေးသားလွှင့်ထုတ်ခဲ့ ကြသည် ။ တလတွင် အနည်းဆုံး နှစ်ပုဒ်ခန့်  ကျွန်တော့်မှာ ရေးသားပေးနေခဲ့ ရာ ၂၀၁၀-မှ -၂၀၀၈-ခုနှစ်အထိ ဇါတ်လမ်းပေါင်းများစွာ ရေးသားခဲ့ ပြီးပြီဟု ပြောရတော့မည်ဖြစ်သည် ။ သို့ အတူ -RFA- ပေါ်လာစက ပြည်တွင်းမှနေပြီး ဆောင်းပါးများကို ရေးသားပေးပို့  လွှင့်ထုတ်နေခဲ့ ရာ ပြည်ပရောက်သောအခါတွင်လည်း ကျွန်တော့်မှာ ရေဒီိယိုအ၀ိုင်းအ၀န်းနှင့် သံယောဇဉ်တွေ ကြီးမားခဲ့ ကြရပါသည် ။
     ပြောရလျှင် ကျွန်တော်သည် ရေဒီိယိုများနှင့် ဘီဘီစီ အင်တဗျူး ၊ ဗွီအိုအေနှင့် အင်တာဗျူးများစွာကို ပြုလုပ်ခဲ့ သည်လည်းဖြစ်ရာ ရေဒီယိုနားထောင်ကြသူတိုင်း ကျွန်တော့အသံနှင့် နာမည်ကို မှတ်မိသိရှိနေကြသူ များပြားပါသည် ။ ခုတော့ ဆယ်စုနှစ် နှစ်ခုကို ရောက်လာမည့်အချိန်တွင် သာမန်အားဖြင့် ကျွန်တော့်ကို လူတွေက ရေဒီိယို နားထောင်နေလိမ်မည်ဟု ထင်မှတ်နေကြဆဲ ဖြစ်နေသေးသည် ။ ကျွန်တော် တိတိကျကျ ပြောပြပါမည် ။ ရေဒီိယိုကို ကျွန်တော် နားမထောင်ဖြစ်သည်မှာ ကြာမြင့်လှပါပြီ ။ နားမထောင်ဖြစ်ခြင်း ဆိုတာထက် နားမထောင်လို၍ နားမထောင်ခြင်းဖြစ်ပါသည် ။
      ကျွန်တော်တို့ မှာ မီဒီိယာသမားများဖြစ်၍ မီဒီယာသမားတွေက မည်သို့ ခြေလှမ်းများ လှမ်းကြသည်ကို ကောင်းစွာ သိရှိသူများဖြစ်သည် ။ သို့ အတူ နိုင်ငံရေးလောကမှ ကျင်လည်ကျက်စားသူများလည်းဖြစ်ရာ နိုင်ငံရေးလောကတွင် မည်သို့ မည်ပုံ ခြေချင်းလိမ် ယှက်နွယ် နေကြသည်ကိုလည်း ရေထဲမှာ အရုပ်ရေးပြသည်ထက် သိရှိသူများဖြစ်ပါသည် ။ ထို့ ကြောင့် ကျွန်တော့်အနေဖြင့် မီဒီယာသမားများကို တောင်းပန်ခြင်း ။ နိုင်ငံရေးသမားများကို မေတ္တာရပ်ခံခြင်းများ အခါခပ်သိမ်း ပြုလုပ်တတ်ပါသည် ။ သို့ သော် ကျွန်တော်တို့ လောက် စာတပုဒ် ၊ ကဗျာတပုဒ် ၊ ၀တ္ထုတပုဒ် ၊  ခေါင်းကြီး တပုဒ် ။ ယုတ်စွအဆုံး နိုင်ငံရေးကြေညာချက်တစောင်တောင် မရေးတတ်ကြသော မီဒီယာသမားဟန်ဆောင်သူများနှင့် နိုင်ငံရေးလောကမှ အညှီအဟောက်များတို့ ၏ ရှေ့ဆက်ပြုလုပ်ချင်တိုင်း ပြုလုပ်နေလွန်းသောကြောင့် ရေဒီိယိုများကို ကျွန်တော်သည် လုံးဝဥသုံ နားမထောင်ဖြစ်တော့ ။  ရေဒီိယို ရုပ်မြင်သံကြားမှ ရုပ်ပုံများ အသံများကို ရွံရှာလွန်းသောကြောင့် ဖြစ်သည် ။။။။။။
   တချိန်တည်းမှာပင် ကျွန်တော် မကြိုက်သော ဂျာနယ်များ ၊ ၀ပ်ဆိုက်များတွင်လည်း မရးသားဖြစ်တော့ ။  ကြိုက်သောဝပ်ဆိုက်များ ဘလော့များတွင်မူ ရေးသားနေဆဲဖြစ်ပါသည် ။ တနေ့ က ရေဒီိယို နားထောင်လိုက်ပါဟု အင်မတန်လေးစားသော နိုင်ငံရေးလောကမှ (  အမျိုးသမီး ) လူကြီးတဦးက ပြောလာသည် ။ နားထောင်လိုက်ပါမည်ဟု တုန့် ပြန်ပြောဆိုလိုက်သော်လည်း တကယ်တမ်းတော့ ကျွန်တော့်မှာ နားမထောင်ဖြစ်တော့ပါ ။ သို့ သော် အယ်လ်ဂျာဇီးယားမှာ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ရုပ်သံသတင်းလွှင့်မည်ဟု ကြေညာထားသည်ကို ကြားသိရသည် ။ ၄င်းကြေညာထားသည်ကို မြန်မာအစိုးရမှ ကန့် ကွက်တားမြစ်သည်ဟုလည်း ကြားရသည် ။ ထို့ ကြောင့် ၄င်းရုပ်သံလွှင့်သတင်းကားကို ကြည့်ဖြစ်မိပါသည် ။ စာသတင်းများဆိုလျှင် ကျွန်တော် ဖတ်ချင်တတ်သည် ။ ရေဒီိယိုတို့ -ရုပ်သံတို့ ဆိုလျှင် ကျွန်တော့မှာ နားမထောင်ဖြစ် မကြည့်ဖြစ်သည်က များပါသည် ။ သည်အခါ ကျွန်တော် ကြည့်နေရသော အယ်လ်ဂျာဇီးယား သတင်းကားကို လိမ်ညာတင်ဆက်နေမှန်း သိလာရပြီ ။ ကာယံကံရှင်များကို အင်တာဗျူးထားခြင်းဖြစ်သည်ဟု ဆိုသော်လည်း လုပ်ကြံထားမှုများကို မြင်နေရသည် ။ အတည်ပြုချက်ကို မပေးနိုင်သော ကာယကံရှင်များကို အင်တာဗျူးထားသည်ဟုဆိုရာ ကျွန်တော့် အနေဖြင့် ပို၍တောင်မျှ  လက်မခံလို ။ အကြောင်းမှာ အင်တာဗျူးပြောဆိုသော သူများကို မည်သူမျှ ဆက်သွယ်ပေးနိုင်ကြမည်ဟု မထင်၍ ဖြစ်သည် ။
     သည်အခါ ကျွန်တော့မှာ တကယ့်အစစ်အမှန် ကာယကံရှင်များကို အင်တာဗျူးပြုလုပ်ကာ ဇတ်လမ်းပမာ သတင်းကားကို ရေးချင်လာတော့သည် ။ ၄င်ဇါတ်လမ်းပမာသည် ပဋိပက္ခများကို နောင်တွင် ရခိုင်ပြည်နယ်ပြသနာ အရေးမှာ မဖြစ်ပွါးရအောင် မည်သို့ မည်ပုံ အဖြေရှာမည့် ဇတ်လမ်းများ အဖြစ် ရေးချင်လာသည် ။ ကာယကံရှင်များ ဆိုရာ၌ မူဆလင်ဘာသာဝင် ဘင်္ဂလီများ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ ရသော ကျန်ရစ်သူမိသားစုများကို အင်တာဗျူး ပြုလုပ်ချင်ခြင်းဖြစ်သည် ။ ပြီးတော့ သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံတွင် ၄င်းတို့ လူမျိုး မရှိကြောင်း ပြောဆိုထားသော ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာအန်တိုနီ ဂူးတာရက်စ် ကို ပြောကြားနေခြင်း ထည့်သွင်းချင်သည် ။ VOA-မှ ပအို့ လူမျိုး ဦးသန်းလွင်ထွန်းအား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါန ၀န်ကြီး ဦးခင်ရီ တို့ ပြောဆိုသော အင်တာဗျူး ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ပြောဆိုသော အင်တာဗျူး ၊ ရခိုင်လူမျိုး ရုပ်ရှင်မင်းသား ခန့် စည်သူက နိုင်ငံတော်၏ ဂုဏ်ထူးဆောင် ဆုတံဆိပ် လက်ခံယူခြင်းနှင့် ရခိုင်ဒုက္ခသည်များအား အလှူရံပုံငွေများ ပေးအပ်ခြင်းများ ၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်တို့  အလှူရံပံငွေများ ပေးအပ်နေပုံများနှင့် အင်တာဗျူးတွေ ထည့်ရေးချင်သည် ။
    ပြီးတော့ တကယ်ဖြစ်ပျက်နေသော မောင်တောမြို့ လမ်းမပေါ်မှာ ဘင်္ဂလီတွေ  လူစူလူဝေးဖြင့် ထွက်လာသည်ကို မြင်တွေ့ လိုက်ရသော မောင်တောမှ ရခိုင်လူမျိုးများကို ဗွီဒီိယို ရိုက်ကွက်နှင့် အင်တာဗျူးများ ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဒုက္ခသည်ဖြစ်နေသော ရခိုင်ဒုက္ခသည်များကို အင်တာဗျူးများ ပြုလုပ်နေသော ကိုခိုင်ကျော်မိုးတို့ ကို ထည့်သွင်းရေးချင်လာသည် ။ သို့ သော် ကျွန်တော် ရေးသောဇါတ်လမ်းပမာတွင် ရခိုင်မိန်းခလေးများကို သနပ်ခါးလိမ်းပြီးတော့ အင်တာဗျူး မပြုလုပ်ချင် ။ လှချင်၍ လိမ်းသည်ဆိုခြင်းထက် ဒုက္ခသည်ပီပီ ၀မ်းနည်းသောအဆင်အပြင်မျိုးနှင့် မချိတင်ကဲ သဏ္ဍန်များဖြင့် ဇါတ်လမ်းရေးချင်သည် ။  ကြေကွဲ ရမှန်း မသိ ၊ ဒေါသထွက်မှန်း မသိသော ကျွန်တော်တို့  ရခိုင်မိန်းခလေးငယ်များကား ဗုဒ္ဒဘာသာ သာနာတော်၏ ဆိုဆုံးမကို ခံယူကြသူများဖြစ်ရာ သူတို့ လေးတွေမှာ နာကြင်စွာဖြင့် အင်တာဗျူးများ ပြုလုပ်သည်ကို မမြင်ဖူး မတွေ့ ဖူးသေး ။ ထို့ ကြောင့် ကျွန်တော် ရေးချင်သော ဇါတ်လမ်းပမာတွင် သူတို့ အား နာကြင်နေသော မျက်လုံးများဖြင့် အင်တာဗျူးများ ပြုလုပ်ချင်သည် ။
မီးလောင်ပြင်ဖြစ်နေပြီး ဘ၀က ပြာကျသွားခဲ့ သော သူတို့ လေးတွေ၏ အနာဂါတ်ကား အလွန်တရာပင် အရုပ်ဆိုးအကျဉ်းတန်စေခဲ့ ပါပြီ ။ ကျဆုံးကွယ်လွန်ခဲ့ ရသော သူရဲကောင်းများ၏ သင်္ချိုင်းမြေပုံတွင် မိသားစုများက ဒူးထောက်ငိုကြွေးယင်း ထိုင်ကန်တော့နေခြင်းကို ဇါတ်လမ်းပမာမှာ ရေးထည့်ချင်သည် ။ မိသားစုများက ထိုင်ကန်တော့နေစဉ် ရခိုင်ပြည်နယ် အနှံ့ မီးလောင်နေပြီး ဒုက္ခသည်ကယ်ဆယ်ရေးစခမ်းများက အလှူရံပုံငွေများ လာရောက်ပေးအပ်ကြခြင်းများ ၊ ဒဏ်ရာရသူများကို ဆေးဝါးကုသပေးနေခြင်း ၊ အစိုးရမှ ကူညီပံ့ပိုးနေပုံများကို ဇါတ်လမ်းပမာမှာ ရေးထည့်ချင်လာသည် ။ ပြီးမှ အကောင်းဆုံးသတင်းကားကို ရိုက်နိုင်မည့် ဒါရိုက်တာတဦးကို ပေးချင်လာသည် ။ သီချင်းသံတပုဒ်မျှ မပါဘဲ အင်္ဂလိပ်စာတမ်းထိုး ဖြစ်သည့် ၄င်းသတင်းကားသည် သွေးထိုးလှုံ့ ဆော်မှု မပါရှိသော သတင်းကားမှတ်တမ်းတင်မျိုးကားဖြစ်သလို ကာယကံရှင်များကိုယ်တိုင် ပြောဆိုသော တကယ်ဖြစ်ရပ်မှန် ဇတ်လမ်းပမာ ဖြစ်အောင် ကျွန်တော် ရေးချင်လာသည် ။ သည်အခါ ရေဒီိယိုကိုလည်း နားထောင်ချင်စိတ်ပေါက်လာနိုင်သလို တီဗွီရုပ်သံလွှင့်သတင်းတွေကိုလည်း ကျွန်တော့် မှာ ဆက်၍ ကြည့်ဖြစ်မိလေမည်လား မပြောတတ်တော့ပါ ။ သေချာသည်မှာတော့ ဇါတ်လမ်းပမာကို ကျွန်တော် ရေးဖြစ်မည်မှာ သေချာလွန်းမက သေချာနေပါကြောင်း ပြော၍တော့ ရသည် ။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
အောင်ပွဲခံမြန်မာအမျိုးသမီး ယူ-၁၉ အသင်းနှင့် ပရိတ်သတ်
https://www.facebook.com/#!/photo.php?v=521921744498293 https://www.facebook.com/photo.php?v=522304321126702