Wednesday, December 12, 2012

ငါ ဘာကောင်မှ မဟုတ်ပါလား၊(ဦးရဲထွဋ္ဋ် -ပြန်ကြားရေး)၀န်ခံ

Ye Htut


မနေ့ ( ဒီဇင်ဘာ ၁၁ ) တစ်နေကုန် ဘာလင်မှာ ဆွေးနွေးပွဲတွေလေ့လာတာတွေလုပ်ပြီး ည ၈ နာရီမှာ ဘာလင်ကထွက်ပါတယ်။ လေယာဉ်ခရီးစဉ်နဲ့ ညဆယ်နာရီမှာ ဘွန်းကိုရောက်ပါတယ်။ မနက် ကိုးနာရီကစပြီး ဆွေးနွေးပွဲတွေလုပ်လိုက်တာ ညနေ ၆ နာရီမှ ပြီးပါတယ်။ သူတို့က မီဒီယာ ကိစ္စတွေရှင်းပြ၊ ကျွန်တော်တို့က သိချင်တာတွေမေးပေါ့။

မနှစ်က စပြီး မီဒီယာလေ့လာရေးခရီးစဉ်နဲ့ နိုင်ငံအတော်များများရောက်ခဲ့ပါတယ်။ မိမိနိုင်ငံရဲ့ မီဒီယာ ပြုပြင်ပြောင်းလဲရေးအတွက် အကျိုးရှိတဲ့အချက်တွေအများကြီးသိခဲ့ရပါတယ်။

အဲဒါတွေထက် ပိုပြီး အကျိုးရှိတာကတော့ များများခရီးသွားပြီး များများမေးမြန်းလေ့လာခွင့်ရလေ
ငါ ဘာကောင်မှ မဟုတ်ပါလား၊ ဘာမှမသိသေးပါလား ဆိုတာ ပိုပိုပြီး နားလည်လာမိတာပါပဲ။

နိုင်ငံဘဏ္ဍာငွေသည် ပြည်သူများ၏ ရပိုင်ခွင့်ဖြစ်

ရွှေအောင် - DVB - ၉ ဒီဇင်ဘာ ၂၀၁၂

နိုင်ငံဘဏ္ဍာငွေနဲ့ လုပ်ကိုင်ဆောင်ရွက်ထားသမျှဟာ ပြည်သူတွေရဲ့ရပိုင်ခွင့်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေဆိုတာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တာကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က ဒေသခံလူထုကို တနင်္ဂနွေနေ့က မိန့်ခွန်းပြောကြားရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူးတင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေ ဆိုတာ မမေ့ပါနဲ့။ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ လုပ်သမျှဟာ ပြည်သူလူထုရဲ့ ရထိုက်ပိုင်ခွင့်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေဟာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ အမြဲမှတ်ထားပါ။ ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံတွေကို မှန်မှန်ကန်ကန် သုံးနေရဲ့လားဆိုတာကို ဆင်ခြင်ကြပါ။ တချို့ကျတော့ နိုင်ငံတော်ရဲ့ပိုက်ဆံထုတ်သုံးပြီးတော့ ကိုယ်တိုင်လုပ်ပေးနေသလိုမျိုး ပုံစံထုတ်တာမျိုး ရှိသေးတယ်။ ဒါတွေကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းအတွင်း စနေနေ့ကစလို့ ခရီးထွက်နေပြီး တနင်္ဂနွေနေ့မှာတော့ မကွေးမြို့၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ လူထုနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဒီခရီးဟာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာလက မလာဖြစ်တဲ့ မကွေးတိုင်းကို အကြွေးဆပ်တဲ့ အနေနဲ့ လာရောက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“အရင်တခေါက်က မလာဖြစ်လို့။ ရွေးကောက်ပွဲမတိုင်ခင်လာမယ်ဆိုပြီး ပျက်သွားတယ်။ ပြန် အကြွေးဆပ်တာဗျ။ အရင်တုန်းကမသွားဖြစ်ခဲ့လို့ အခု ပြန်ပြီး အချိန်အားရတဲ့အခါမှာ နယ်မြေကိုပြန်လှည့်တာ။ အဓိကကတော့ နတ်မောက်မှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားလေး ကျင်းပတယ်။ ဒေါ်အောင်ဆန်းစုကြည်က နတ်မောက် အမျိုးသားအေင်ပွဲနေ့ အခမ်းအနားကို တတ်ရောက် မိန့်ခွန်းပြောကြားရင်း တောင်တွင်းကြီး၊ မြို့သစ်၊ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း။ ကျောက်ပန်းတောင်းကနေပြီးတော့ မြောက်ဦးလေဆိပ်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်း လူထုတွေ့ဆုံပွဲတွေကို ဒေသခံလူထု ထောင်သောင်းချီ တက်ရောက်ခဲ့ကြတာ တွေ့ရတယ်လို့လဲ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောက်ပန်းတောင်းလူထုနဲ့ တွေ့ဆုံရာမှာ မကွေးတိုင်းထဲက လူငယ်တွေ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုဖြစ်အောင် ကြိုးစားကြဖို့လဲ အခုလို တိုက်တွန်းသွားပါတယ်။

“ကျမက အမြဲပဲ မကွေးဆိုတာ ကျမတို့ဆွေမျိုးတွေရဲ့ ရပ်မြေလို့ သတ်မှတ်ပါတယ်။ ဖေဖေကလဲ မကွေးမှာပဲမွေး၊ မကွေးမှာပဲ ပညာသင်ပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ရောက်သွားတာပါ။ မကွေးကလူငယ်တွေကိုလည်း ဖေဖေ့လိုပဲ တိုးတက်စေချင်တယ်။ အခု ကျမ ကျောက်ပန်းတောင်းကိုလာတဲ့လမ်းမှာဆိုရင် ကျောင်းစိမ်းလေးတွေ တွေ့ခဲ့ရတယ်။ ကျောင်းစိမ်းလေးတွေ၊ လူငယ်လေးတွေ တွေ့တဲ့အခါကျရင် ကျမရင်ထဲမှာ အင်မတန်မှ အေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလေးတွေဟာ အခုကတည်းကနေ စပြီးတော့ နိုင်ငံရေးမှာ ပါဝင်ချင်တဲ့စိတ်ဓာတ်တွေရှိတာကို ကျမ သိပ်ပြီး သဘောကျတယ်။”

သမိုင်းအမှန်ကို မသိရင် သမိုင်းအသစ်ကို ရေးလို့ မရဘူးဟု ကိုမင်းကိုနိုင် ဆို



အောင်ကြွေပြားစက်ရုံအလုပ်သမားခေါင်းဆောင်ကိုဇေယျာမင်း လှော်ကားရဲစခန်းမှာကျဆုံး

သတိမေ့တက်တဲ့ အရှင်ဂမ္ဘီရ


BurmaVJMedia

Published on 11 Dec 2012


အင်းစိန်ထောင်မှာ ​ဖမ်းဆီးခံခဲ့ရတဲ့ ​၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင်
အရှင် ​ဦးဂမ္ဘီရ ​ခေါ် ​ကိုညီညီလွင်ကို သန်လျင်တရားရုံးကနေ ​ ​အာမခံကြေးသိန်း(၄၀)နဲ့ 
ဒီဇင်ဘာလ ​၁၀ ​ရက်၊ ​အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ညက လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
ပုဒ်မ(၄၂၇)၊ ပုဒ်မ(၄၈၄)၊ ပုဒ်မ(၄၅၄) တို့နဲ့ တရားစွဲခံထားရတာဖြစ်ပြီး ကျန်းမာရေးအခြေအနေနဲ့
သူ့ဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတွေကို အရှင် ​ဦးဂမ္ဘီရ ​ခေါ် ​ကိုညီညီလွင်က ပြောကြားခဲ့ပါတယ်။




သူငယ်တန်းကျောင်းသားသံပေတံစာမိ

(မစုမွန်)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် အမက (၃) ကျောင်းမှသူငယ်တန်းကျောင်းသား မောင်ဇာနည်လမင်းကို အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲကြေး၁၀၀ ကျပ်မပေးနိုင်သဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် သံပေတံဖြင့် ၂ ချက်ရိုက်နှက်လိုက်ရာ လက်ကျိုးအက်သွားခဲ့သည်။

အနဂ္ဂနှင့်သံသာဝင်း လက်ထပ်မင်္ဂလာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်

r7Day News Journal



ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက်တွင် ကျင်းပသည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှအကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့်အကယ်ဒမီလူမင်းတို့စုံတွဲတက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။


photo By Sun Ny

photo Myat Myat Min

ကိုယ်တော်များ ....တောင်းပန်ရင် တကယ်ကျေနပ်ကျမှာလား


Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် ကလေးဆေးရုံမှာ လက်ပံတောင်းမီးသင့်ကလေးများကို သွားရောက်အားပေး

လက်ပတောင်းက ကလေးတွေပါ မီးသင့်ခံရတယ်

ဓါတ်ပုံ - ဆန်နီ (၁၂-၁၂-၁၂)

ကလေးဆေးရုံ ၀န်ထမ်းအိမ်ရာမှာ


 ကော့မှုးရောက် ဒေါ်အောင်ဆန်းစုကြည်

 ကော့မှုးမြို့နယ်ဆေးရုံ

မကောင်းတာလုပ်စားတဲ့အသွင် ဖော်ပြချက်ကြောင့် The Voice Weekly တောင်းပန်

rပတ်ဝန်းကျင်မှ တွေ့ရာ မိန်းကလေးများပုံကို ဓါတ်ပုံရိုက်ယူပြီး မကောင်းတာလုပ်စားတဲ့အသွင် ဖော်ပြချက်ကြောင့် The Voice Weekly တောင်းပန်ရ

The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင် ဘဝနွံထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်း တာလုပ်စားသော(ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါး တစ်ပုဒ်ဖော်ပြခဲ့ရာတွင် ထိုဆောင်းပါးတွင် ပိါသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင် အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင်မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော် ခဲ့ပါသည် ။ ထို့နောက် ယခုအခါ ထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်းစဉ်တပ်ကာ ထိုအမျိုးသမီး ၄ ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန်လည်ရေးသားသော်လည်း တောင်းပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကြေတန်းကြေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည် ။

ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီးတစ်ဦးဖြစ်သူ (ထဘီဝတ်ဆင်ထားသူ) သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင် ကုမ္မဏီတွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါဆေးခန်းတစ်ခုတွင် depression ခေါ် စိတ်ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်

www.facebook.com/photo.php?fbid=447401255322846&set=a.304212609641712.75952.304190662977240

စကာင်္ပူနိုင်ငံ Jurong Shipyard မှာ ၉၀ ဒဏ်ရာ ရရှိ


Khin Kalayah Soe's photo. မြန်မာနိုင်ငံသား တော်တော်များများ အလုပ် လုပ်ကိုင်လျှက် ရှိတဲ့ စကာင်္ပူနိုင်ငံ Jurong Shipyard မှာ ဒီဇင်ဘာ ၃ ရက် မနက်က Accident တခုဖြစ်ခဲ့ရာ ၀န်ထမ်းပေါင်း ၉၀ ဒဏ်ရာ ရရှိသွားပါတယ်။ အဲ့ဒီအထဲကမှ ၂၂ ယောက်ဟာ ဒဏ်ရာ အတော် ပြင်းထန်ပါတယ်။ ညနေ ပိုင်းမှားတော့ ဒဏ်ရာ မပြင်းထန်တဲ့ ၀န်ထမ်း ၅၀ ကျော် ဆေးရုံးက ဆင်းသွားပါပြီလို့ သိရပါတယ်။ ဒါကြောင့် မိမိရဲ့ အသိမိတ်ဆွေများ ရှိခဲ့ရင် မေးကြည့်ကြပါ။ အားလုံး အန္တရယ် ကင်းကြပါစေ။

==========================
At least 90 injured as oil rig tilts in Singapore

About 90 workers were injured Monday when an oil rig being built at a shipyard in Singapore tilted to one side, the Ministry of Manpower said, amid reports of explosions and snapping cables.
One worker was in critical condition and 22 others were seriously injured during the incident at the Jurong Shipyard, the ministry said in a statement.

"Preliminary findings indicate that the jack-up mechanism of one of the legs of a three-legged jack-up rig had failed, causing the rig to tilt to one side," the ministry said.
"Some 90 workers have been sent to four hospitals -- the majority had minor injuries with one worker in a critical condition and 22 seriously injured."
It said that all work activities on the rig, being built at the shipyard, had stopped.

Local media reports quoted workers as saying they heard loud explosions and saw cables snapping as the oil rig tilted.
Jurong Shipyard Pte Ltd is a wholly owned subsidiary of Sembcorp Marine Ltd, one of two major oil rig makers in Singapore, the other one being Keppel Corp.

AFP & CNA

တရုတ်သံအမတ်ကြီး ကကြားပွဲခ ကော်မရှင် မရှိဘူးလို့ ငြင်းဆို


အိုဘားမားပြန်သွားပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ပြဿနာတွေ တောက်လျှောက် ပေါ်လာပါတယ်။ ခရိုနီစီးပွားရေးတွေကို ဆက်လုပ်လိုတဲ့ လက္ခဏာတွေ၊ သတင်းမီဒီယာ ဖွံ့ဖြိုးရေးတွေကို
နောက်ပြန်သွားစေတဲ့ လက္ခဏာတွေ၊ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ၊အစိုးရအနေ နဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ပတ် သက်ပြီး နောက်ပြန်သွားမယ့်အသုံး အနှုန်းဖော်ပြချက်တွေတွေ့လာရတယ်။ Hard Liners တွေ အစိုးရအဖွဲ့အနား ရောက်လာတယ် ထင်ပါတယ်။ အဆိုးဆုံးကတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ ‘၀’ ပြည်နယ် တိုးမြှင့်ဖို့တောင်းဆိုချက်ပဲ ဖြစ်ပါတယ်။

‘၀’ဒေသမှာ ‘၀’ လူမျိုးဟာ ခြောက်သိန်းခန့်ပဲရှိပြီး’၀’အမြဲတမ်းနဲ့ အရန်စစ်တပ်ဟာ အင်အားသုံးသောင်း ကနေ ငါးသောင်းအထိရှိပါတယ်။ ခေါင်းဆောင်အများစုက တရုတ်နိုင်ငံ အတွင်းမှာမွေးဖွားခဲ့သူတွေဖြစ်ပါတယ်။ ‘၀’ဒေသအတွင်းမှာ တရုတ်စကားဟာ ဒေသသုံးစကားဖြစ်ပြီး တရုတ်စာက ရုံးသုံးစာလို ဖြစ်ပါတယ်။ တရုတ်ငွေကြေးကိုသာ သုံးစွဲပြီး တရုတ်နိုင်ငံနဲ့ သီးခြား နိုင်ငံခြားဆက်ဆံရေး ရှိပါတယ်။ တရုတ်ဘာသာနဲ့ထုတ်လွှင့်တဲ့ ရုပ်မြင် သံကြားဌာနတစ်ခုလည်း ရှိပါတယ်။ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များဟာ ခဲမဖြူတူးဖော်ရေးလို လုပ်ငန်းမျိုးကို မြန်မာအစိုးရကို အသိမပေးဘဲ လုပ်ကိုင်ပါတယ်။ ဆိုလိုတာက ‘၀’ ဒေသဟာ State Within the State ပါ။ ‘၀’ဒေသဟာ လူဦးရေအရ၊ သမိုင်းကြောင်းအရ၊ ဘာသာစကားအရ ပြည်နယ်တစ်ခု ပေးနိုင်တဲ့အနေအထားမှာ မရှိပါဘူး။ တရုတ်နိုင်ငံကို ရုရှား၊ မြန်မာကို ဂျော်ဂျီယာ၊ ‘၀’ဒေသကို သြဇက်တီးရှားဒေသလို့ နှိုင်းယှဉ်ရင် ‘၀’ပြည်နယ်တောင်းမှုဟာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ပေးဖို့ တောင်းတာထက် အဆပေါင်းများစွာ အန္တရာယ်ကြီးတယ် ဆိုတာကိုတော့ သတိပြုရပါမယ်။

------------------------------------------------------------------------------------------------------------------------
လက်ပံတောင်းတောင် ကိစ္စဟာ ဆက်လုပ်သင့်မလုပ်သင့် ဆိုတာ ကော်မရှင်က ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် တောင်ကုတ်ကော်မရှင်၊ ရခိုင်ကော်မရှင်တွေဆီက ဘာသံမှမကြားရတော့ ဒီတစ်ခါ ကော်မရှင်အနေနဲ့ ဆင်ခြေရာရှာတာမျိုးထက် ပိုအလုပ်လုပ်ဖို့တော့ လိုပါတယ်။ ကျွန်တော့်အမြင်အရ ဆိုရင်တော့ ဒါဟာ ဒုတိယမြစ်ဆုံလိုမျိုးတော့ မဟုတ်ပါဘူး။ တစ်ခုပါပဲ ပွင့်လင်းမြင်သာရမယ်။ နိုင်ငံနဲ့ ဒေသ အတွက် အကျိုးရှိရမယ်။ ဒေသခံ ပြည်သူတွေ မနစ်နာစေရပါဘူး။ ဒီစီမံကိန်းဟာ ယခင်သတ္တုတွင်းဝန်ကြီးဌာန နဲ့ အိုင်ဗင်ဟိုတို့ရဲ့လုပ်ငန်းကို ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီက ၀ယ်ယူခဲ့တာဖြစ်ပြီး ဦးပိုင်က သတ္တုတွင်းဆီက ဒေါ်လာသန်း ၁၀၀ နဲ့ဝယ်ယူပြီး ဒီငွေကို ၀မ်ပေါင်က ပေးချေခဲ့တာလို့ သိရပါတယ်။ ကြားထဲမှာ ထူးထရေးဒင်းက ပါဝင် ပတ်သက်မှု ရှိခဲ့တယ်လို့သိရပြီး တရုတ်သံအမတ်ကြီးကတော့ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုမှာ ကြားပွဲခတွေမရှိဘူး။ Commission မရှိဘူးလို့ ငြင်းဆိုသွားပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင် ရဲ့တာဝန်ဖြစ်သွားပါပြီ။

ဒီရင်းနှီးမြှုပ်နှံမှု ၉၉၇ သန်းမှာ မတည်ရင်းနှီးငွေက ၁၀ သန်းပဲ ဖြစ်ပြီး ၉၈၇ သန်းက ချေးငွေဖြစ်နေတာ ကလည်း စဉ်းစားစရာပါ။ မြစ်ဆုံစီမံကိန်းလိုနှစ် ၃၀ ကျော်မှ နိုင်ငံကအကျိုးအမြတ်(သို့) အခွန်ရမယ့်ပုံမျိုးလား ကော်မရှင်က စုံစမ်းထုတ်ပြန်ရမှာပါ။ နားလည်သလောက်တော့ နိုင်ငံအနေ နဲ့ဓာတ်သတ္တုခွန် ၄ ရာခိုင်နှုန်းပဲရမှာ ဖြစ်ပြီး ကျန်တာက အမြတ်ရမှ ခွဲယူရမှာလို့ နားလည်ပါတယ်။ ဒါပေမယ့် ပြင်ဆင်တဲ့ Basic Mine Design မှာ စက်ပစ္စည်း အရန်တန်ဖိုးက ဒေါ်လာ ၃၆ ဘီလျံတောင် ရှိတဲ့အတွက် အမြတ်သာမရရင် နိုင်ငံရောဦးပိုင်ပါ ငါးပါး မှောက်မယ့်ကိန်းပါ။ ဒေသခံပြည်သူတွေ နစ်နာတယ်။ နိုင်ငံလည်း အကျိုးမရဘူး။ နောက်ဆုံးဦးပိုင်က တပ်မတော်သား ပင်စင်စားတွေ၊ ဒုက္ခရောက်တဲ့သူတွေတောင် အကျိုးရှိရဲ့လား။ ဒီစီမံကိန်းဟာ ဘယ်သူပဲ အကျိုးရှိမှာလဲ။ အစိုးရရော ဦးပိုင်ပါ သေသေချာချာ စုံစမ်းစိစစ်ကြပါဦး။ သတင်းထုတ်ပြန်ကြပါဦး။ ခုထက်ထိလည်း အကျိုးအမြတ်မရ၊ ဒေသခံတွေလည်း ညှဉ်းဆဲဒုက္ခရောက်၊ သံဃာတော်တွေလည်း အကြမ်းဖက်ခံရ၊ နာမည်ကောင်း နေတဲ့ သမ္မတကြီးရဲ့ပြည်တွင်းနဲ့ နိုင်ငံတကာ ယုံကြည်မှုတွေလည်းထိခိုက်၊ အထွေထွေသပိတ်သံတွေ၊ မကျေနပ်မှုတွေကြောင့် တည်ငြိမ်မှုလည်းပျက်ပြား၊ ဘယ်သူတွေက ဒီလိုလုပ်ခဲ့သလဲ၊ ဒီလို လုပ်ဖို့ သူတို့ရဲ့ Proxy တွေ၊ လက်ဝေခံခရိုနီတွေ၊ သူတို့မွေးထားတဲ့ ပဉ္စမံ တပ်သား သူလျှိုတွေကပဲ လုပ်ခဲ့တာလား၊ မေးစရာမေးခွန်းတွေ အများကြီးရှိပါတယ်။

တကယ်တော့ ဒီစီမံကိန်းကို ရပ်ဆိုင်းမယ့် လှုံ့ဆော်မှုတွေ ရှိနေသည့်တိုင် အေးအေးချမ်းချမ်း ဖြေရှင်းဖို့ အခွင့်အရေးတွေ ရှိပါတယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို မကျင့်သုံးနိုင်တာ၊ မကျင့်သုံးတတ်တာ ဒီမိုကရေစီအစိုးရ တစ်ရပ်အဖြစ် အတွေ့အကြုံ၊ အလေ့အကျင့်မရှိတာက ပြဿနာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်အာဏာရှင် စနစ်ဟောင်းကို ဆက်ခံခဲ့ရတဲ့ စိတ်နေစိတ်ထားများက ပြဿနာဖြစ်ပါတယ်။
--------------------------------------------------------------------------------------------------------------------------------
(ဒေါက်တာသန်းထွဋ်အောင်) ....

ပြောပြချင်ပါတယ်.. (၉)
http://www.weeklyeleven.com/index.php?option=com_content&view=article&id=16713%3A2012-12-09-03-29-03&catid=78%3A2009-11-13-06-25-17&Itemid=135