Thursday, December 13, 2012

"ဒေါ်အောင်ဆန်းစုကြည် ပြောဖို့ကောင်းတာက အစိုးရလဲ ဝန်ခံပါ"

ဟု ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင် ပြော ပြီ ....

မန္တလေးတိုင်းအတွင်း ကြေးနီတောင်အရေးဆန္ဒထုတ်ဖော်သူတွေအဖမ်းခံရ

BurmaVJMedia

  .Published on Dec 13, 2012
မန္တလေးတိုင်းအတွင်း ကြေးနီတောင်အရေး သံဃာ့အထွေထွေသပိတ် ဆန္ဒထုတ်ဖော်မှုမှာ ဝန်းရံပါဝင်ခဲ့သူ ဗကသမှ ၃ ဦး လူထုပုံရိပ်သတင်းထောက် ၁ ဦး ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ အထက်ဗမာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်အပါအဝင် ၅ ဦးကို အာဏာပိုင်တွေက ဒီကနေ့ည ၈း၃၀နာရီ ဝန်းကျင်မှာ ဖမ်းဆီးသွားပါတယ်။ အဲဒီလိုလာရောက်ဖမ်းဆီးရာမှာ ဖမ်းဝရန်း မပါဘူးလို့ သိရပါတယ်။ အလားတူ မုံရွာမှာ သံဃာတော်တွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုရဲရင့်ကျော်နဲ့ အန်တီနုဆိုသူကိုလည်း ဒီကနေ့ညမှာပဲ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို Burma VJ Media မှ ဆက်သွယ်မေးမြန်းထားပါတယ်။

ဒကာလူထုရှေ့ကသံဃာတွေဟာ အတုမဟုတ်

ကျော်ပြီးသနားနေတဲ့ဒုဝန်ကြီးဦးရဲထွဋ္ဋ်

Ye Htut
ဆေးရုံတက်နေတဲ့ မင်းသားဝီလျံရဲ့ ဇနီး Catherine တက်နေတဲ့ဆေးရုံကို သြစတေးလျနိုင်ငံ 2Day FM အသံလွှင့်ဌာနက သတင်းထောက်နှစ်ယောက်က ဗြိတိသျှ ဘုရင်မကြီးနဲ့ ကြင်ယာတော် အယောင်ဆောင်ပြီး ဖုန်းဆက်တယ်။ ပြီးတော့ မင်းသမီးအခြေအနေကို မေး ပါတယ်။ လက်ခံနားထောင်တဲ့သူနာပြုဆရာမက အမှန်ထင်ပြီး တာဝန်ရှိသူတွေဆီ ဖုန်းလွှဲမိ ဖြေမိ၊ ပြောမိ တော့ နောက်... ဆက်တွဲပြဿနာတွေတက်ကုန်ပါတယ်။ နောက်ဆုံးတော့ အဲဒီ သူနာပြုဆရာမ ကြိုးဆွဲချပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့တယ်။ သူ့ မှာ ခင်ပွန်းရယ်၊ ကလေးနှစ်ယောက်ရယ် ကျန်ခဲ့ ပါတယ်။

ဒီအယောင်ဆောင်သတင်းယူမှုနဲ့ နောက်ဆက်တွဲ ကြေကွဲစရာအဖြစ်တွေ အတွက် ဘယ်သူက တာဝန်ယူမှာလဲ။ အသံလွှင့်ဌာနကတော့ သတင်းထောက်နှစ်ယောက်ကို တာဝန်က ရပ်စဲပြီး သေဆုံးသွားတဲ့ သူနာပြု ဆရာမမိသားစုအတွက် ရန်ပုံငွေထူထောင်ပေးမယ်လို့ဆိုတယ်။ အဲဒါဟာ ကျန်ရစ်သူမိသားစုအတွက် လုံလောက်ပါ့မလား။ အောက်က လင့်ခ်မှာ အပြည့်အစုံဖတ်နိုင်ပါတယ်

http://www.independent.co.uk/news/uk/home-news/nurse-at-centre-of-duchess-of-cambridge-phone-call-hoax-was-found-hanged-in-flat-alongside-suicide-note-8405954.html