Friday, December 14, 2012

ဦးဝမ်ပိုင်ပေါင်မလျော်ရအောင်ဆင်ကြံကြံပြီ။

တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်

International news for myanmar's photo. <br />

---

ယနေ့တိုင် တရုတ်ပြည်မှာ ထွန်းကားနေတဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတယ်။ တကယ်ပဲ ချမ်းသာသူတို့ လူစားထိုး ပြစ်ဒဏ...်ကျခံစေတဲ့ စနစ် ဖြစ်ပါတယ်။ ၎င်းကို Ding zui လို့ ခေါ်ပါတယ်။

ကွန်မြူနစ် စနစ် ထွန်းကားတဲ့ တရုတ်ပြည်မှာ ယင်း အစားထိုး ထောင်ကျစေ၊ အပြစ်ဒဏ်ကျခံစေတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိပါတယ်။ ၂၀၁၂ ခုနှစ် မှာတောင် နိုင်ငံခြားသားကို သတ်လိုက်တဲ့ အမျိုးသမီး နိုင်ငံရေးသမား Gu Kailai ဟာ သူ့အစား အခြား လူကို ပြစ်ဒဏ်ကျခံစေထားတယ်ဆိုတာ တစ်မ္ဘာလုံးက သိနေပါတယ်။ ယင်း ယဉ်ကျေးမှု ပျောက်ကွယ်အောင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များ၊ မီဒီယာများက တိုက်ခိုက်ပေမယ့် ယနေ့ချိန်ထိ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

ငွေချမ်းသာသူတို့က ရုပ်ဆင်တူယိုးမှား အခြား လူတစ်ယောက် ဆင်းရဲသား ကို ငှားပါတယ်။ မတူလည်း ခွဲစိတ်ဆရာန်များ နဲ့ ပြန်လည် ပြုပြင် ပေး ပါတယ်။ ပြီးတော့ ထောင်ဒဏ် ၁၀ နှစ်ဆိုလည်း ၁၀ နှစ် အနှစ် ၃၀ ဆိုလည်း ၃၀ ငွေကြး အလုံအလောက် ပေးပြီး လူစားထိုးပါတယ်။ အချို့  ဆို သေဒဏ် ကျခံပေးတဲ့ အထိတောင် စတေး ကြပါတယ်။

ဒါကြောင့် ခေတ်မှီ စက်ကိရိယာများနဲ့ တကယ့် တရားခံ ဟုတ်မဟုတ် စစ်ဆေးတဲ့ နည်းပညာများ အသုံးပြုဖို့ နိုင်ငံတကာက ဖိအားပေးပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ သို့ပေမယ့် Ding zui လို့ခေါ်တဲ့ လူစား ထိုး ပြစ်ဒဏ် ကျခံစေတဲ့ စနစ်ဟာ ကွန်မြူနစ်စနစ် ရှိနေသမျှ ဆက်လက် တည်ရှိနေအုံးမယ်လို့ နိုင်ငံတကာက သုံးသပ်ထားကြောင်း သိရပါတယ်။
---
Ref: wiki

http://www.innewsmyanmar.com/2012/12/blog-post_14.html

---

မီးလောင်ဗုံးထိတာဆိုးရွားခြင်းမရှိပါ(မြန်မာ့အလင်း)


ဦးအောင်ကြည်ကိုရေနွေးနဲ့လောင်းကြည့်ပါလား။။။။

မန္တလေးမြို့မှာ အဖမ်းခံရတဲ့ ကြေးနီတောင် စီမံကိန်း ဆန္ဒပြသူတွေ အာမခံမယူ


RFA Burmese

မန္တလေးမြို့မှာ မနေ့ကအဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ သူတို့ကို တရားသေလွှတ်တာမဟုတ်ပဲ အာမခံနဲ့ တရားရင်ဆိုင်ရမယ်ဆိုတဲ့စနစ်ကို လက်မခံဘူး ဆိုပြီး ပယ်ချလိုက်ကြောင်း RFA ကို ပြောပါတယ်။

ယုံကြည်ချက်နဲ့ဆောင်ရွက်မှုကို သူတပါးကဝင်ပြီး ငွေနဲ့အာမခံပေးရတယ်ဆိုတဲ့အပေါ် အာမခံပေးရသူတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်တာကတကြောင်း၊ ကိုယ်တိုင်အာမခံတဲ့အခါမှာလဲ လက်မှတ်ထိုးရမယ့်စာပေါ်မှာ တရားခံလို့သုံးနှုန်းထားတာ၊ တရားရုံးလာဖို့ပျက်ကွက်ရင် ငွေ ၅ သိန်းလျော်ရမယ်ဆိုတာကိုလဲ လက်မခံနိုင်တာကတကြောင်းကြောင့် ဒီစနစ်ကို ဆန့်ကျင်တာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော်က ပြောပါတယ်။

ဒါကြောင့် ဒီနေ့ညနေမှာတော့ သူတို့ကို ရဲက မန္တလေးအိုဘိုထောင်ကို ပြောင်းရွှေ့ချုပ်နှောင်လိုက်ပါတယ်။ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နဲ့ ကိုသိန်းအောင်မြင့်တို့ကို ၁၂ ရက် နေ့က သံဃာတွေရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့လို့ ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ရဲက ဖမ်းဆီးတရားစွဲလိုက်တာပါ။ ဒီပုဒ်မသဘောအရ ပြင်ပပုဂ္ဂိုလ်တွေက ငွေကြေးအာမခံပေးရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်အာမခံရင်ဖြစ်ဖြစ် လွှတ်ပေးခွင့်ရှိပြီး၊ တရားစွဲခံရသူအနေနဲ့ ပြင်ပကနေ တရားရုံးတက်ရမှာဖြစ်ပါတယ်။

အသုံးအနှုန်းကို မနှစ်သက်၍ အောင်မှိုင်းဆန်းနှင့်အဖွဲ့ အာမခံယူရန်ငြင်းဆန် -
...........................................................................................
........
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 14 Dec, 2012


အာမခံခံဝန်လက်မှတ်ရေးထိုးရာစာရွက်ပေါ်၌ သုံးနှုန်းထားသော အသုံးအနှုန်းများအား မနှစ်သက်၍ အာမခံယူရန် ငြင်းဆန်ရခြင်းဖြစ်သည်ဟု ဗကသကျောင်းသား အောင်မှိုင်းဆန်းက သီးသန့်ပြောကြား လိုက်သည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ပြန်လည်ခေါ်ထုတ်လာစဉ် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေး ယူခြင်းခံထားရသူ အောင်မှိုင်းဆန်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“အခု ဖမ်းတယ်ဆိုတာလည်း တရားတယ်လို့ ကျွန်တော်တို့ မယူဆပါဘူး ၊ နောက်ပြီးတော့ သုံးနှုန်း ထားတဲ့ အသုံးအနှုန်းတွေကလည်း ကျွန်တော်တို့ကို တရားခံဆိုပြီး သုံးနှုန်းထားပါတယ် ၊ အဲဒါကို ကျွန်တော်တို့ လက်မခံပါဘူး ´´ ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းအား ဒီဇင်ဘာ (၁၂)နေ့ညမှ စတင်ဖမ်းဆည်းခဲ့ခြင်းဖြစ်ပြီး လက်ပံတောင်းအရေးဆန့်ကျင်မှု အတွက် စီတန်းလှည့်လည်စဉ် ပူးပေါင်းပါဝင်ခဲ့မှုအတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
စီတန်းလှည့်လည်ရာတွင် ပါဝင်သူများအနက် ဗကသ အဖွဲ့မှ အောင်မှိုင်းဆန်း ၊ မင်းနိုင်လွင် ၊ သန်းထိုက်နှင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ သိန်းအောင်မြင့်တို့ အဖမ်းခံထားရပြီဖြစ်ပြီး ၀ရမ်းတွင် ပါဝင်သူ ဗကသမှ ထွန်းထွန်းကျော်မှာ ယခုတိုင် တိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
စီတန်းလှည့်လည်ခွင့်ဥပဒေသည် လုပ်ပိုင်ခွင့်နည်းနည်း ပေးထားပြီး ချုပ်ကိုင်မှုများနေကြောင်း ၊ အဆိုပါဥပဒေကို ပြန်လည်စဉ်းစား သင့်ကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့အနေနှင့် မြန်မာတစ်နိုင်ငံလုံးတွင် သံဃာ့လှုပ်ရှားမှုမှန်သမျှကို ပူးပေါင်းပေးရန်ရည်မှန်းချက်ရှိကြောင်းကိုလည်း ဗကသကော်မတီဝင် မိုးထက်နေက ပြောကြားခဲ့သည်။
“လပြည့်ညက ဖြေရှင်းသွားတဲ့ပုံက အင်မတန်ကို စိုးရိမ်စရာဖြစ်ပါတယ် ၊ ကျွန်တော်တို့ရှိနေရဲ့သားနဲ့ ဒီလိုမျိုး အဖြစ်မခံပါဘူး” ဟု မိုးထက်နေက ပြောသည်။
များကို မထိခိုက်သည့် စီတန်း လှည့်လည်ခွင့်များကို အခြေခံဥပဒေက ပြဌာန်းပေးထားသော်လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးများက ငြင်းဆိုနေခြင်းမှာ အခြေခံဥပဒေနှင့်မညီကြောင်းနှင့် စီတန်းလှည့်လည် မှုကြောင့် အမှုရင်ဆိုင်ရတော့မည်ဖြစ်သည့်သူများဘက်မှ ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းညွန့်က လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“စီတန်းလှည့်လည်မှု လုပ်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှုးဆီ ခွင့်တင်ရတယ် ၊ တကယ့် တကယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အများပြည်သူရဲ့ ငြိမ်ဝပ်ပိပြားမှုကိုမထိခိုက်ဘူးဆိုရင် လွတ်လပ် စွာ စီတန်းလှည့်လည်ခွင့်ရှိတယ် ၊ အဲဒီအခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးကို မြို့နယ်ရဲတပ်ဖွဲ့ မှူးတွေကို ငြင်းပယ် ခွင့်ပေး ထားတာ အခြေခံဥပဒေနဲ့ လုံးဝမညီဘူး ´´ ဟု မိုးထက်နေက သုံးသပ် ပြောကြားခဲသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂)ရက်နေ့က ပြုလုပ်ခဲ့သည့် သံဃာများစီတန်းလှည့်လည်မှုတွင် လူထောင် ပေါင်းများစွာပါဝင်သော်လည်း ယခုလို ငါးဦးသာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းနှင့် ပတ်သတ်၍ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအား တွေ့ဆုံမေးမြန်းရာ ၎င်းတို့တွင် ဖြေကြားရန် အခွင့်အရေးမရှိဟု တရားရုံး သို့လိုက်ပါလာသည့် အရာခံဗိုလ်တစ်ဦးက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများကို လာမည့် (၂၀)ရက်နေ့တွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များကိုဖြတ်ကာမီးရှို့၇န် ကြိုးစားလာခြင်းသည်အံ့သြစရာ

r Infinity Power's photo.
လုံခြုံရေးတပ်ဖွဲ့ဝင်များ သေချာစွာ စောင့်ကြည့်ထားသည့်တိုင် ပညာရေး မှူး ရုံးအားကျော်လွန်ပြီး ကားလမ်းကိုဖြတ်ကာ ရပ်ကွက်တွင်းသို့ ဓါတ်ဆီပုံများ ကိုင်ဆောင်ပြီး မီရှို့၇န် ကြိုးစားလာခြင်းသည် လွန်စွာ အံ့သြစရာဖြစ်နေ


ယနေ့နံနက် (၄း၀၀)နာရီပတ်ဝန်းကျင်တွင် ဘင်္ဂလီ(၂)ဦး(မည်သူမှန်းမသိရသေး)သည် ဓည၀တီ(တိုးချဲ့)ရပ်ကွက်သို့ဓာတ်ဆီပုံးဖြင့် မီးရှို့ရန်ရည်ရွယ်ချက်ဖြင့်
ဝင်ရောက်လာခဲ့သည်ဟုသိရသည်။

အဆိုပါဘင်္ဂလီ(၂)ဦးအား ရပ်ကွက်အတွင်းမှ ရပ်ကွက်သားများက လိုက်လံ ဖမ်းဆီးရာ (၁)ဦးသာဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွား ခဲ့သည်။

ယခုအချိန်တွင် အမှတ်(၁) ရဲစခန်းသို့ရောက်ရှိနေပြီဖြစ်ပြီး ဆီးစစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ယင်းနယ်မြေတွင် တာဝန်ကျသောလုံခြုံရေးတပ်ဖွဲ့ ၀င်များက ၄င်းတို့၏ ပေါ့လျော့မှုကြောင့် ရပ်ကွက်အတွင်းသို့ ထိုဘင်္ဂလီများ ရောက်ရှိသွားခြင်းဖြစ်ပြီး ထိုကိစ္စအား ဗဟိုအဆင့်သို့ သတင်းပေးပို့ခြင်း မပြု ရန် တားဆီးလာခြင်းများရှိနေကြောင်းလည်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ သေချာစွာ စောင့်ကြည့်ထားသည့်တိုင် ပညာရေး မှူး ရုံးအားကျော်လွန်ပြီး ကားလမ်းကိုဖြတ်ကာ ရပ်ကွက်တွင်းသို့ ဓါတ်ဆီပုံများ ကိုင်ဆောင်ပြီး မီရှို့၇န် ကြိုးစားလာခြင်းသည် လွန်စွာ အံ့သြစရာဖြစ်နေ ကြောင်း သိရပါသည်။

Shwe Myanmar
ယနေ့နံနက် (၄း၀၀)နာရီပတ်ဝန်းကျင်တွင် ဘင်္ဂလီ(၂)ဦး(မည်သူမှန်းမသိရသေး)သည် ဓည၀တီ(တိုးချဲ့)ရပ်ကွက်သို့ဓာတ်ဆီပုံးဖြင့် မီးရှို့ရန်ရည်ရွယ်ချက်ဖြင့်
ဝင်ရောက်လာခဲ့သည်ဟုသိရ... သည်။

အဆိုပါဘင်္ဂလီ(၂)ဦးအား ရပ်ကွက်အတွင်းမှ ရပ်ကွက်သားများက လိုက်လံ ဖမ်းဆီးရာ (၁)ဦးသာဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွား ခဲ့သည်။

ယခုအချိန်တွင် အမှတ်(၁) ရဲစခန်းသို့ရောက်ရှိနေပြီဖြစ်ပြီး ဆီးစစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ယင်းနယ်မြေတွင် တာဝန်ကျသောလုံခြုံရေးတပ်ဖွဲ့ ၀င်များက ၄င်းတို့၏ ပေါ့လျော့မှုကြောင့် ရပ်ကွက်အတွင်းသို့ ထိုဘင်္ဂလီများ ရောက်ရှိသွားခြင်းဖြစ်ပြီး ထိုကိစ္စအား ဗဟိုအဆင့်သို့ သတင်းပေးပို့ခြင်း မပြု ရန် တားဆီးလာခြင်းများရှိနေကြောင်းလည်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ သေချာစွာ စောင့်ကြည့်ထားသည့်တိုင် ပညာရေး မှူး ရုံးအားကျော်လွန်ပြီး ကားလမ်းကိုဖြတ်ကာ ရပ်ကွက်တွင်းသို့ ဓါတ်ဆီပုံများ ကိုင်ဆောင်ပြီး မီရှို့၇န် ကြိုးစားလာခြင်းသည် လွန်စွာ အံ့သြစရာဖြစ်နေ ကြောင်း သိရပါသည်။

Shwe Myanmar

အမေဆရာမကိုလည်းအသေပစ်သတ်

Burma-Newselite's photo.

ကျွန်တော်တို့ နှလုံးသားတွေကြေကွဲရပါပြီ( သမ္မတအိုဘားမား)

ဒီကနေ့ဖြစ်ခဲ့ တဲ့ ကောနက်တီကတ်ပြည်နယ်ကအလယ်တန်းကျောင်းက ၅နှစ်ခြောက်နှစ်အရွယ်
ကလေးငယ်တွေအများစုအပါအ၀င် လူ၂၆ယောက်သေဆုံးခဲ့တဲ့  သေနတ်ပစ်ခတ်မှုအတွက် သတင်းစာရှင်းလင်းပွဲမှာ စိတ်ထိခိုက်မျက်ရည်ကျနေတဲ့ သမ္မတအိုဘားမားပါ။
...
ဒီလိုကိစ္စတွေနဲ့ ကြုံရင် သမ္မတတဥိးထက် သမီးနှစ်ဦးရဲ့ ဖခင်
မိဘတဦးအနေနဲ့ ပိုပြီးခံစားရပါတယ်လို့ မျက်ရည်သုတ်ရင်း အရေးပေါ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
သူကပြောကြားခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ ပစ်ခတ်မှူကြောင့် ကလေးအယောက် (၂၀) နဲ့ လူကြီးခြောက်ယောက်သေဆုံးခဲ့ပါတယ်။ ပစ်ခတ်သူသေနတ်သမားကတော့ ကျောင်းက ဆရာမတဦးရဲ့ သား ကျောင်းသားတဦးလို့ သိရပြီး သူ့ အမေဆရာမကိုလည်းအသေပစ်သတ်ခဲ့ ပါတယ်.

သူကိုယ်တိုင်လည်းသေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ ရပါတယ်လို့ NBS ရု့ပ်သံသတင်းအရသိရပါတယ်။

ဓာတ်ပုံ AP

ဝန်ကြီးဦးအောင်မင်း နဲ့ အဖွဲ့ မနက်ဖြန် မန္တလေးမှာ တောင်းပန်မယ်

DVB TV News

14.12.2012.FRI
သံဃာတွေကို အစိုးရကိုယ်စား ၀န်ကြီးဦးအောင်မင်း နဲ့ အဖွဲ့ မနက်ဖြန် မန္တလေးမှာ တောင်းပန်မယ်လို့ မန္တလေး ဆရာတော် ဦးသောဘိတက မိန့် ကြားလိုက်ပါတယ်။ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင် က ဦးသောဘိတကို ဖုန်းဆက် မေးမြန်းထားချက် ကြားဖြတ်သတင်း.။ မောင်တူး တည်းဖြတ် တင်ဆက်



Kyaw Swar Myint
နိုင်ငံတော်အစိုးရကိုယ်စား သံဃာတော်များအား သမတရုံးဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သောအဖွဲ.မှ တောင်းပန်မှုပြုလုပ်ရေး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ.မှ ကိုကိုကြီး ဦးဆောင်၍ ညှိနှိုင်းဆောင်ရွက်ပေး။
...................................................
မနက်ဖြန် နေ.လည်တွင် လက်ပန်းတောင်းတောင်သပိတ်စခန်းများအား လုံခြုံရေးတပ်ဖွဲ.များမှ ဖြိုခွင်းမှုများတွင် သံဃာတော်များ ပြင်းထန်စွာ ထိခိုက်မှုများနှင့် စပ်လျဉ်းပြီး၊ နိုင်ငံတော်အစိုးရအဖွဲ.ကိုယ်စား သမတရုံး ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်သော အဖွဲ.မှ မန္တလေးမြို.၊ အတုမရှိကျောင်းတော်ကြီးတွင် တောင်းပန်ပွဲ ကျင်းပနိုင်ရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ.မှ ကိုကိုကြီး ဦးဆောင် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ နိုင်ငံတော်အစိုးရကိုယ်စား တောင်းပန်ပွဲတွင် အတွက် မန္တလေးမြို.မှ ဦးဆောင်သံဃာ (၅) ပါးမှ မုံရွာမြို.သွားရောက်ပြီး၊ ဆရာတော်ကြီးများနှင့် လျှောက်ထားတင်ပြ သဘောထားတောင်းခံခြင်း၊ ဒဏ်ရာရသံဃာတော်များ ၏သဘောထား လျှောက်ထားခြင်းများပြုလုပ်ခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း သိရှိရပါသည်။ အဆိုပါ တောင်းပန်ပွဲတွင် အောက်ဖော်ပြပါ အချက်အလက်များ ပါဝင် နိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်းထားကြောင်း သိရှိရပါသည်။
(၁) တောင်းပန်ခြင်းအား နိုင်ငံတော်အစိုးရအဖွဲ.ကိုယ်စားဟု သမတရုံး ၀န်ကြီးဦးဆောင်သောအဖွဲ.မှ လျှောက်ထားရန်။
(၂) သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် မဟနဆရာတော်ကြီးများအား လျှောက်ထားခဲ့စဉ်က အသုံးအနှုန်းများ မပါဝင်စေရန်။
(၃) တောင်းပန်စကားလျှောက်ထားရာတွင် သပိတ်တိုက်ပွဲတွင်ပါဝင်ခဲ့ပြီး ဒဏ်ရာများရရှိထားကြသော သံဃာတော်များ၏ ဂုဏ်သိက္ခာကိုထိခိုက် စေမည့် အသုံးအနှုန်းများ မပါဝင်စေရန်။

အဆိုပါ နိုင်ငံတော်ကိုယ်စား တောင်းပန်ပွဲသို. မုံရွာမှ ဇောတိကာရုံဆရာတော် ကြီး၊ မြို.မဆရာတော်ကြီး၊ ပုဂံကျောင်းဆရာတော်ကြီးများ နှင့် ပခုက္ကူမှလည်း ဗောဓိမဏ္ဍိုင်ဆရာတော်ကြီး၊ ရှင်မတောင်ဆရာတော်ကြီးများ အားလည်း ပင့်ဖိတ်မည်ဖြစ်ကြောင်းအပြင်၊ ဒဏ်ရာရဆရာတော် သံဃာတော်များကိုလည်း ပင့်ဖိတ်တက်ရောက်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

ခေတ်သစ် သောနုတ္ထိုရ်

တနှစ်တာမြန်မာ့အလုပ်ပိတ်ရက်ထွက်ရှိ

r ဒီဇင်ဘာလ ၁၄ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာပါ ဖော်ပြချက်

ကိုမိုးသီးဇွန်ကိုတရားစွဲရန်အမှုဖွင့်