Monday, December 17, 2012

လာဒ်ယူသူတိုင်ကြားရန်

by Hmuu Zaw

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်ဒီမိုကရေစီဆု

မမိုးဖြူ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu  ဂုဏ်ထူးဆောင် ဒီမိုကရေစီ ဆုချီးမြှင့်လိုက်တယ်လို့ အမေရိကန်အခြေစိုက် Wilson သုတေသနအဖွဲ့က  ကြေညာလိုက်ပါတယ်  ။  လာမယ့်လထဲမှာ ချီးမြှင့်မယ့် ဒီဆုပေးပွဲ အကြောင်း ပြည့်ပြည့်စုံစုံ သိရအောင် ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။

“The Ion Ratiu Democracy Award” ဆိုတဲ့ ဒီမိုကရေစီဂုဏ်ပြုဆုကို ကမ္ဘာတလွှား ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ စိတ်ကူးဥာဏ်ရည်၊ ကြံ့ကြံ့ခိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူတွေရဲ့ လက်ရုံးရည်၊ နှလုံးရည်တွေကို အသိအမှတ်ပြု ချီးမြှင့်လေ့ ရှိပါတယ်။  Romania နိုင်ငံရေးသမား Ratiu ရဲ့ အမည်ကို ရည်ညွှန်းထားတဲ့ ဒီဆုကိုလာမယ့် လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ဖို့  အမေရိကန်အခြေစိုက် Wilson မူဝါဒရေးရာ သုတေသန အဖွဲ့ရဲ့ နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်များအဖွဲ့ GWLI က စီစဉ်ဆောင်ရွက်နေပါတယ်။ ခါတိုင်းနဲ့ မတူပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အခုချီးမြှင့်မယ့်ဆုက သမိုင်းဝင် ဂုဏ်ပြုဆုဖြစ်တယ်လို့ GWLI  ညွှန်ကြားရေးမှူး Rangita de Silva de Alwis က VOA ကို ပြောပါတယ်။

“ဒီဆုဟာ နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုကရေစီရေး ကြိုးပမ်းမှုကို နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ၊ ပင်ပမ်းစွာ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် သူ့နိုင်ငံ၊ သူ့လူထုရှေ့မှာ ချီးမြှင့်ပေးအပ်မှာမို့ Ratiu Democracy ဆုသမိုင်းမှာ အင်မတန်ကို ထူးခြားပါတယ်။ နောက်တချက်က သူအင်မတန် လေးစားမြတ်နိုးတဲ့ အမျိုးသမီးလွတ်လပ်မှု အခွင့်အရေးအတွက်လည်း သူ့နိုင်ငံက အမျိုးသမီးထုရှေ့မှာ ဒီဆုကို ပေးအပ်မှာပါ။”

ဒီမိုကရေစီရေးကြိုးပမ်းမှုခရီးလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အာဏာပိုင်တွေကိုရော ဆုချီးမြှင့်ထိုက်တယ် လို့ မထင်ဘူးလား၊ ဥပမာ အသားရောင် ခွဲခြားရေးပြဿနာ အဆုံးသတ်နိုင်ဖို့အတွက် အရေးပါသူ တဦးဖြစ်တဲ့  တောင်အာဖရိက သမ္မတဟောင်း De Klerk ဟာလဲ  နယ်လ်ဆင်မန်ဒဲလားရဲ့ဒီမိုကရေစီတိုက်ပွဲမှာ အရေးပါသူတဦးအဖြစ် ကမ္ဘာ့သမိုင်းလေ့လာသူတချို့က ယူဆကြတယ်မဟုတ်လားလို့ မေးတဲ့အခါ သူ့အမြင်ကို ပြန်ရှင်းပြပါတယ်။

“ကျမအထင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှ နိုင်းယှဉ်လို့မရအောင် ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သူပါ။”

ဟုတ်ပါပြီ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေစတင်နေတဲ့ လက်ရှိမြန်မာသမ္မတရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဘယ်လိုနှိုင်းယှဉ် သုံးသပ်ပါလဲဆိုတဲ့မေးခွန်းကိုတော့ သူကခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့။ ဒီနေရာမှာ အရေးကြီးတာက သမ္မတက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်တိုက်ပွဲဝင်ရတဲ့ လုပ်ငန်းမျိုး၊ ဖြည့်စည်းပြီးဆောင်ရွက်ပေးရတဲ့ လုပ်ငန်းမျိုးကို၊ ပိုပြီးဆောင်ရွက်ရတာလို့ ထင်ပါတယ်။ မြန်မာဒီမိုကရေစီရေးအတွက် ဆယ်စုနှစ် ၂ခုကြာ နေအိမ်အကျယ်ချုပ်ချထားတဲ့ ကြားက ဒေါ်အောင်ဆန်းစုကြည်က ရုန်းကန်ကြိုးစားခဲ့တာပါ။”

လတ်တလော မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေအပေါ်သူ့အမြင်ကို မေးတဲ့ အခါမှာတော့ ဒီမိုကရေစီအတွက်ပထမလှမ်းရမဲ့ ခြေလှမ်းကို မြန်မာနိုင်ငံက လှမ်းလိုက်ပါပြီ။ လမ်းကြောင်းမှန်ပေါ်ကိုလဲရောက်နေပါပြီ။ ဒါပေမဲ့ ရှေ့ဆက်လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ မှတ်ချက်ပေးပါတယ်။  ဒါဖြင့် အဲဒီအများကြီးထဲက ဘယ်အချက်ကို အရေးအကြီးဆုံးအနေနဲ့ စလုပ်သင့်တယ်ထင်ပါလဲလို့ဆိုတော့ သူကအခုလိုဖြေပါတယ်။

“ ကျမအမြင်တော့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးသလို အဲ့ဒီ့အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်တွေက အမျိုးသမီးတွေက အဓိက အခန်းကဏ္ဍပါဝင်ဖို့ လိုပါတယ်။”

နိုင်ငံတကာအမျိုးသမီးခေါင်းဆောင်များအဖွဲ့ GWLI ကွန်ယက်ဟာ ၂၀၁၁ ခုနှစ်ကစလို့ Wilson မူဝါဒသုတေသနလုပ်ငန်းနဲ့ အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဦးဆောင်တဲ့ အမျိုးသမီးပြည်သူ့ဝန်ထမ်းလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ကြတဲ့ အခြေခံ လုပ်ငန်းအဖွဲ့ လည်းဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုမယ့် The Ion Ratiu Democracy Award ဆုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ Wilson မူဝါဒရေးရာ သုတေသနအဖွဲ့ ရဲ့ညွှန်ကြားရေးမှူး Jane Harman က ပေးအပ်မှာ ဖြစ်ပါတယ်။
http://burmese.voanews.com/content/dassk-will-receive-ion-ratiu-award/1566911.html

စမ်းချောင်းမြို့နယ်ရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုဖြစ်ပွား

Eleven Media Group

စမ်းချောင်းမြို့နယ်ရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၏ မြေညီထပ် အက်ကွဲမှုတစ်ခု ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။                     

ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါ အဆောက်အအုံ၏ နောက်ဘက်တွင် မြောင်းရေစိမ့်ပြီး မြေအိသွားကာ ယင်းအဆောက်အအုံ အမှတ် (၁၀၁) ၏ မြေညီထပ် အခန်း A-1 ၏ မီးဖိုခန်း တစ်ခန်းလုံး ကွဲအက်သွားခဲ့ပြီး လက်ရှိအခြေအနေတွင် အဆောက်အအုံရှိ ကျန်ရှိသော အခန်းများမှာ အက်ကွဲသွားခဲ့ခြင်းမျိုး မရှိပါဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးချုပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ ဦးငွေစိုးသောင်းက ပြောပြသည်။

အက်ကွဲမှုဖြစ်ပွားခဲ့သော အခန်းပိုင်ရှင် ဒေါ်နုရည်ဇင်က ''ကျွန်မဒီမှာနေတာ ၄၊ ၅ နှစ်လောက်ရှိပြီ၊ နေကတည်းက တိုက်ကအသစ် ဖြစ်ပါတယ်။ ဖြစ်တာကတော့ အောက်က မြေကျွံသွားတယ်လို့တော့ ပြောနေကြတယ်။ ပြီးတော့ ကျွန်မတို့အခန်းပဲ ဖြစ်သွားတာပါ။ ကျန်တဲ့အခန်းတွေတော့ ဘာမဖြစ်ပါဘူး'' ဟု ပြောပြသည်။

လက်ရှိတွင် အဆောက်အအုံ၌ နေထိုင်သူများကို ကြိုတင်ကာကွယ်သောအနေဖြင့် ပြောင်းရွေ့ခိုင်းဖို့အတွက် စီစဉ်လျက်ရှိကြောင်းနှင့် ယင်းအဆောက်အအုံ၏ ကန်ထရိုက်ကို ပြန်လည်ပြုပြင်ခိုင်းထားကြောင်း မု့န်လက်စောင်း (တောင်ရပ်ကွက်) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦကျော်ကျော်ဦးက ပြောပြသည်။

ယင်းအဆောက်အအုံ၏ ပထမထပ်တွင်ရှိသော NLD ဆန်းမေတ္တာ ပညာဒါနကျောင်းမှ မြို့နယ်ကိုယ်စားလှယ် ဦးဇမ္ဗုစိုးက ''ချက်ချင်း ပြောင်းရမယ်ဆိုရင်တော့ အခက်အခဲတွေ ရှိတယ်။ ဘယ်လိုစီစဉ်မှာလဲတော့ မသိဘူး။ အခုဒီမှာက တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေ ရှိတယ်။ စားမေးပွဲကလည်း နီးလာပြီဆိုတော့ စိတ်တော့မကောင်းပါဘူး။ ကျောင်းသားဦးရေက ၆၀ နီးပါးလောက် ရှိပါတယ်'' ဟု ပြောပြသည်။

အထက်ပါ အဆောက်အအုံသည် ပြီးခဲ့သော ၂ ရက်ခန့်ကတည်းက အက်ကွဲကြောင်းများ ပေါ်နေကြောင်း သိရပြီး ယနေ့မှသာ အက်ကွဲကြောင်းများ ကြီးသွားသည်ဖြစ်ကြောင်းကို ယင်းအဆောက်အအုံ၏ ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။

အဆိုပါ အဆောက်အအုံကို ဆောက်လုပ်ခဲ့သော ရတနာမြေ ဆောက်လုပ်ရေးမှာ ပြန်လည်ပြုပြင် ဆောက်လုပ်ရန်ပြင်ဆင်နေပြီး ယင်းအဆောက်အအုံကို ၂၀၀၅ ခုနှစ်ခန့်က ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။

____________________________________
Reference and Credit to -Eleven Media Group
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

မြန်မာပန့်ရော့ခ်ဂီတအဖွဲ့ Side Effect ဂျာမနီတွင် ပရိသတ်အားပေးမှုရခဲ့

7Day News Journal's photo.

မြန်မာပန့်ရော့ခ်ဂီတအဖွဲ့ Side Effect ဂျာမနီတွင် ပရိသတ်အားပေးမှုရခဲ့

ဘာလင်၊ဒီဇင်ဘာ-၁၇

မြန်မာနိုင်ငံမှ လူငယ်ပန့်ရော့ခ်ဂီတအဖွဲ့ Side Effect သည် မကြာမီက ဂျာမနီနိုင်ငံ မြို့တော်ဘာလင်တွင် ဖျော်ဖြေခဲ့ရာ ဂျာမန်ပရိတ်သတ်များ၏ အထူးနှစ်သက်အားပေးမှု ရခဲ့ကြောင်း ဂျာမန်သတင်းဌာနတစ်ခုဖြစ်သော DW က သတင်းဖော်ပြသည်။

Side Effect အဖွဲ့သည် ဘာလင်သို့ ဂါထေးအင်စတီကျု Goethe-Insitute ၏ စီစဉ်ပေးမှုဖြင့် ဂျာမန်ပန့်ခ်ဂီတအဖွဲ့ Priscilla Sucks ဖြင့် ပူးတွဲဖျော်ဖြေရန် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ Side Effect အဖွဲ့သည် ဘာလင်တွင် မဖျော်ဖြေခင် ဟမ်းဘတ်မြို့၌လည်း ကလပ်တစ်ခု၌ သီဆိုဖျော်ဖြေခဲ့သည်။ ဘာလင်၌ ဖျော်ဖြေပွဲတွင်မူ ၎င်းတို့အဖွဲ့၏ ပထမဆုံးသီချင်း သီဆိုမှု၌ပင် ပရိသတ်များက ကခုန်အားပေးခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် ခန်းမတစ်ခုလုံးအပြည့် ခုန်ပေါက်ကခုန်ကာ အချို့မှာ စင်ပေါ်တက်၍ ပရိသတ်ထဲ ပြန်ခုန်ချကာ သောင်းသောင်းဖြဖြ အားပေးခဲ့ကြကြောင်း သိရသည်။ အဖွဲ့၏ အဆိုရှင်နှင့် လိဒ်ဂစ်တာသမား ဒါကိုက ပွဲနှင့်ပတ်သက်၍ "ဒါဟာ ကျွန်တော်တို့ ပထမဆုံးအနေနဲ့ စင်ပေါ်ကခုန်ချတာ ကြုံဖူးတာပါပဲ။ ကျေးဇူးတင်တယ် ဘာလင်ရေ"ဟု ပြောခဲ့သည်။ ၂၀၀၄ တွင် တည်ထောင်သည့် မြန်မာပန့်ရော့ခ်ဂီတအဖွဲ့ Side Effect အဖွဲ့သည် ပွဲတွင် ၎င်းတို့၏ အင်္ဂလိပ်ဘာသာသီချင်း Change ကို သီဆိုပေးခဲ့ပြီး ပရိသတ်များကလည်း အတူတကွ လိုက်ဆိုအားပေးခဲ့ကြသည်။

Side Effect အဖွဲ့သည် ယခင်ကလည်း ကနေဒါရှိ ဂီတမိတ်ဆွေများ၏ အကူအညီဖြင့် ၎င်းတို့၏ အယ်လ်ဘမ်ကို ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခု ရောင်းချကာ အလှူငွေ ဒေါ်လာ ၃၀၀၀ ခန့် ရရှိခဲ့ဖူးပြီး ထိုစဉ်ကမူ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရှိနေဆဲဖြစ်သောကြောင့် ထိုငွေကို လက်ခံရရှိခဲ့ခြင်း မရှိပေ။ အဖွဲ့တွင် အဆိုတော်၊ လိဒ်ဂစ်တာသမား ဒါကို၊ ဒရမ်တီသူ ဇာထူးနှင့် ဒါကို၏ညီ ဂျိုးဇက်ဖ်(ဘေ့စ်ဂစ်တာသမား)တို့ သုံးဦးပါဝင်သည်။

မြန်မာ့ဂီတလောကတွင် အနောက်နိုင်ငံများမှ အောင်မြင်ကျော်ကြားသော တေးသီချင်းများကို ပြန်လည်မှီငြမ်းရေးသားထားသော တေးသီချင်းအများစုသာ နေရာယူထားကြောင်း ယင်းသတင်းဌာနက ရေးသားထားသည်။ Side Effect အဖွဲ့မှာ ကိုယ်ပိုင်သံစဉ် ပန့်ခ်နှင့်ရော့ခ်ဂီတများကို တစ်စိုက်မတ်မတ် ဖန်တီးနေသောအဖွဲ့ဖြစ်သည်။

ဂျာမနီဖျော်ဖြေပွဲခရီးစဉ်မှ ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး အဖွဲ့၏သီချင်းလေးပုဒ်ကို ဘာလင်မြို့ရှိ စတူဒီယိုတွင် အသံသွင်းယူလာမည်ဖြစ်ကြောင်း အဆိုတော်ဒါကို၏ဇနီးက ပြောသည်။ “ဒီအဖွဲ့အောင်မြင်မှုကိုကြည့်ရင် နိုင်ငံတကာကို မြန်မာဂီတထိုးဖောက်ဖို့ ကိုယ်ပိုင်ဖန်တီးမှုတွေရှိမှ ရတော့မယ်ဆိုတာ တွေ့နိုင်တယ်။ ကိုယ်ပိုင်သံစဉ်ဖန်တီးနိုင်မှု ကျွန်တော်တို့ဆီမှာ အားနည်းသေးတယ်။ ဂီတဖန်တီးသူတွေ ကိုယ်ပိုင်သံစဉ်ကို များများဖန်တီးနိုင်ဖို့လိုတယ်”ဟု ဂီတရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

-Ref: dw.de

ကျောင်းသားတပ်မတော်ဗိုလ်မှုးမင်းဋ္ဌေးနှင့်စွန့်ပစ်ခံမြန်မာ့စစ်သည်အင်တာဗျူး

မူရင်းလင့်-https://www.facebook.com/photo.php?v=256915777769527&set=vb.100003533203578&type=2&theater

တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲ

........ ခဏခဏ ခရီးသွားရလို့ ကျွန်မအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာ ကတော့ ခွေးလေးတိုင်ချီးတိုးကို ထားခဲ့ရတဲ့ ကိစ္စပါပဲ။ "သွားပြီ ပြန်လာမယ်" လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာမလဲ ဆိုတာ ဘယ်လို သိနိုင်မှာလဲ။ အမေရိကန် ပြည်ထောင်စု ခရီးက ၁၉ ရက်တောင် ကြာခဲ့တော့ ပြန်လာစ အခါမှာ တိုင်ချီးတိုး ကျွန်မကို လုံးဝသူ့မျက်စိ အောက်က အပျောက်မခံနိုင် ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်
တာနဲ့ ကျွန်မ ခြေတောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုယ်နဲ့ ကျွန်မခြေတောက်တွေကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေတောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲလို့ တခါတရံ တွေးမိပါတယ်။

ဒီတပတ်တော့ ဒီမျှသာ။

အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ်)

Credit to . . ဒီမို ဖက်တီး ‎........ ခဏခဏ ခရီးသွားရလို့ ကျွန်မအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာ ကတော့ ခွေးလေးတိုင်ချီးတိုးကို ထားခဲ့ရတဲ့ ကိစ္စပါပဲ။ "သွားပြီ ပြန်လာမယ်" လို့တော့ အမြဲပြောသွားပေ မယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာမလဲ ဆိုတာ ဘယ်လို သိနိုင်မှာလဲ။ အမေရိကန် ပြည်ထောင်စု ခရီးက ၁၉ ရက်တောင် ကြာခဲ့တော့ ပြန်လာစ အခါမှာ တိုင်ချီးတိုး ကျွန်မကို လုံးဝသူ့မျက်စိ အောက်က အပျောက်မခံနိုင် ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်
တာနဲ့ ကျွန်မ ခြေတောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုယ်နဲ့ ကျွန်မခြေတောက်တွေကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေတောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲလို့ တခါတရံ တွေးမိပါတယ်။

ဒီတပတ်တော့ ဒီမျှသာ။

အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ်)

Credit to . . ဒီမို ဖက်တီး

စစ်ဗိုလ်တစ်ဦး အပြစ်မဲ့ရွာသားကို ထိုးကြိတ်ရိုက်နှက်

ဆီဆိုင်မြို့နယ် တပ်ရင်းအမှတ် ၄၂၆ မှ စစ်ဗိုလ်တစ်ဦး အပြစ်မဲ့ရွာသားကို ထိုးကြိတ်ရိုက်နှက်
By ခွန်စိုးပေ | ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အခြေစိုက် စစ်အစိုးရခြေမြန်တပ်ရင်းအမှတ် ၄၂၆ က စိန်းဇာနည်ဆိုတဲ့ စစ်ဗိုလ်တစ်ဦးဟာ ဒီဇင်ဘာလ ၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်ညနေအချိန် ထီထဲုင်ထိုးမီးရထားဘူတာမှာ ရွာသားနှစ်ဦးကို အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပုံကတော့ အဲဒီ ဒီဇင်ဘာ ၈ ရက်နေ့မှာ အက်ဒရာ (Addra) ဆိုတဲ့ လူမှုကူညီရေး အဖွဲ့ရဲ့အကူအညီအထောက်အပံ့နဲ့ ဆီဆိုင်မြို့အရှေ့တောင်ဘက်ရှိ တောင်းတပ်ကျေးရွာနဲ့ ဆီဆိုင်မြို့သို့ ဆက်သွယ်သွားတဲ့လမ်းမကို ကျေးရွာသူ/ရွာသားဝိုင်းပြီးစုပေါင်းပြီးတော့ လမ်းပြင်ခဲ့ကြပါတယ်။

အဲဒီနေ့ လမ်းပြုပြင်တာ မိုးအတော်ချုပ်မှ ပြီးတဲ့အတွက် ရွာသားများက ထော်လဂျီကားအငယ်နဲ့ ဝိုင်းစီးပြီးတော့ရေဆင်းချိုးအပြီး အပြန်လမ်းမှာ ထော်လဂျီစက်က မီးမပါတဲ့အတွက် ရွာသားအချို့က ရှေ့မီးပါတဲ့မော်တော်ဆိုင်ကယ်တွေ ထော်လဂျီရှေ့က ဦးဆောင်မောင်းပြီး
အပြန်လမ်းမှာ ဆိုင်ကယ်မီးအလင်းရောင်က ဆိုင်တစ်ဆိုင်အတွင်းမှာရှိနေတဲ့ ခြေမြန်တပ်ရင်း ၄၂၆ က စိန်းဇာနည် ဆိုတဲ့စစ်ဗိုလ်ကို မတော်တဆ ထိုးမိတဲ့အတွက် သူ့ကို အဲဒီလိုဆိုင်ကယ်မီးနဲ့ ထိုးမောင်းရမှာလားဆိုပြီး ရွာသားနှစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။

အဲဒီစစ်အစိုးရ ခြေမြန်တပ်ရင်း ၄၂၆ က စိန်းဇာနည်ဆိုတဲ့ စစ်ဗိုလ်ဟာ ထီထဲုင်ထိုးဘူတာရုံမှာ စောင့်ဖို့လုံခြုံရေးတာဝန်ကျသူဖြစ်ပြီး ဆိုင်အတွင်းမှာ အရက်အထိုင်သောက်နေစဉ် အပြင်ဘက်က ဆိုင်ကယ်မီးနဲ့ ဆိုင်အတွင်းမှာရှိတဲ့သူ့ကို မတော်တဆ ထိုးမိတော့ ဒေါသထွက်ပြီး ရွာသားကို ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီခြေမြန်တပ်ရင်း အမှတ် ၄၂၆ က စစ်တပ်တွေဟာ အမြဲတမ်းအရပ်ဝတ်နဲ့ တောင်းတပ်ကျေးရွာသို့ သစ်အခွန်နဲ့ အခြားသော အကောက်အခွန်များ အမြဲလာကောက်နေကြ ဖြစ်ကြောင်းနဲ့ ရွာရောက်တိုင်းအရက်ဆိုင်မှာ အမြဲလိုလို အရက်ဝင်သောက်နေကြကြောင်း အမည်မဖေါ်လိုတဲ့ ဒေသခံရွာသားများက ပြောခဲ့ပါတယ်။
http://www.taunggyitime.com/2012/12/blog-post_17.html

အကြမ်းနည်းမသုံးဖို့ ဦးတင်ဦးပြော

ဒီစကား-ဒေါ် အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ်)

Khin Kalayah Soe's photo.

အမေ ရေးခဲ့တဲ့ "ဒီစကား" ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး မျက်ရည်ဝဲမိတယ်။ အမေ့ကို အသေးစိတ်က အစ ဂရုစိုက်ပေးတဲ့ အန်တီငယ်ကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ အမေ့အသက် အမေ့အရွယ် အမေ ရင်ဆိုင်ခဲ့ရတာတွေ အားလုံးအတွက် ဒီလူတွေကို နာကျည်းမိပါတယ်။ နားလည် ခွင့်လွှတ်ပေးပါ အမေ။ အမေ့ကို လေးစားချစ်ခင်သူများ အားလုံး ဖတ်နိုင်ဖို့ အတွက် အစအဆုံး ပြန်ရေးပြီး မျှဝေလိုက်ပါတယ်။

ဒီစကား
====
ကျွန်မတို့ ငယ်ငယ်တုန်းက "ဘ၀သံသရာ" ဆိုတဲ့ ရုပ်ရှင် အင်မတန် နာမည်ကြီးပါတယ်။ ကြည့်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲက သီချင်းကို ခဏခဏ ကြားဖူးလို့ စာသားတွေခုထိ မှတ်မိနေပါတယ်။ "ဘဝသံသရာတဲ့ ရှည်လျားထွေပြား မနေမနား၊ တသွားတည်း သွားရတာ"။ အခုတစ်လော ဟိုသွားရ၊ ဒီသွားရနဲ့ ရပ်နားခြင်း မရှိသလို ဖြစ်နေတော့ကိုယ့်ကိုယ်ကို သံသရာ ခရီးသည်လိုလို၊ အခြေတကျ မရှိတဲ့ သိုးထိန်းအုပ်စုဝင် လိုလို ခံစားမိပါတယ်။ သွားပုံလာပုံကလည်း လွယ်လွယ်တည့်တည့် မဟုတ်ပါဘူး။ မုံရွာသွားဖို့ နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ဆင်း၊ နောက်လေယာဉ်နဲ့ပဲ ရန်ကုန်ကနေ မန္တလေးတက်၊ မန္တလေးက မုံရွာကို ကားနဲ့သွား၊ မုံရွာကတခါ နေပြည်တော်ကားနဲ့ပြန်၊ နောက်တစ်ကျော့ ကြတော့ လေယာဉ်နဲ့ပဲ ရန်ကုန်ပြန်ဆင်း၊ အလုပ်တွေ ပြီးတော့ နေပြည်တော် ပြန်တက်၊ နေပြည်တော်က တောင်တွင်းကြီး၊ နတ်မောက်၊ မကွေးကားနဲ့သွား၊ မကွေးကနေ ညောင်ဦးကားနဲ့သွားပြီး ညောင်ဦးက ရန်ကုန်လေယာဉ်နဲ့ ပြန်ဆင်း။

ဘဝခရီးမှာ ပါလာတာကတော့ ကံနဲ့ လောကဓံပါ။ ဘဝရဲ့ ယခုအပိုင်းမှာတော့ ခရီးရှည်ဖြစ်ဖြစ်၊ တစ်မြို့တွင်း ခရီးတိုလေးပဲ ဖြစ်ဖြစ် ကျွန်မ အဖော်တွေက ဒေါက်တာတင်မာအောင်ရယ်၊ သူ့ရဲ့လက်ကိုင်ဖုန်းရယ်၊ စာရွက်စာတမ်းတွေရယ်၊ အချိန်ကိုအမြဲ လုလုပ်နေရတာကြောင့် ကားထဲကပဲ ဖုန်းနဲ့ လုပ်စရာတွေ တော်တော်များများ လုပ်ရပါတယ်။ ဒေါက်တာတင်မာအောင်က "No, No, No" တွင်တွင်ပြောနေပြီ ဆိုရင်တော့ ဟိုဘက်က ပြောတာ မကြားရပေမယ့် အသည်းအမည်း တွေ့ချင်ပါတယ် ပြောနေသူ တစ်ယောက်ယောက်ကို အသည်းအသန် ငြင်းနေရတယ် ဆိုတာ သိနေပါပြီ။

ကျွန်မက ကားမူးတတ်လို့ ကားသွားရင်း စာမဖတ်နိုင်ဘူး။ ကံကောင်းထောက်မစွာ ဒေါက်တာတင်မာအောင်မှာ ဒီပြဿနာမရှိပါ။ ဒီတော့ကားထဲမှာပဲ ကျွန်မကို စာတွေ၊စာတမ်းတွေ ဖတ်ပြပြီး အလုပ်တချို့ကို ဖြတ်ရပါတယ်။ ခရီးရှည်သွားရင်တော့ အဆင်ပြေသလို အစား စားရတဲ့ အလုပ်က ပိုလာပါတယ်။ ပြည်ပ ခရီးဖြစ်ဖြစ်၊ ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ ထမင်းမစားနိုင်တာ ခဏခဏ ဖြစ်လို့ ရိက္ခာ အနည်းငယ် သယ်တဲ့အကျင့် ပါနေပါပြီ။ စားရပုံကလည်း တစ်တခါတလေ ရယ်ချင်စရာပါပဲ။ ဒေါက်တာ တင်မာအောင် သန့်စင်ခန်း မဝင်မနေနိုင်တော့ပါ ဆိုပြီး အတင်းခေါ်သွားတာ၊ သန့်စင်ခန်းထဲရောက်မှာ ဘီစကွတ်မုန့်လေးတွေ ထုတ်ကျွေးတာ ရှိခဲ့ဖူးပါတယ်။ ကားထဲမှာ သွားရင်း လာရင်း စောင့်ကြိုနေတဲ့ ပြည်သူတွေကို နှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာတင်မာအောင် ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာ စားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာတင်မာအောင်က ကျွန်မကို အစိုတစ်ရှုးစက္ကူ၊ အခြောက်တစ်ရှုးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလို လုပ်နေလို့ကတော့ အချိန်မီ စားပြီးမှာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင် ညစ်ညစ်ပတ်ပတ်ပဲ စားတော့မယ်ဆိုပြီး ကျွန်မတစ်ခါတည်း လှမ်းယူဖန်များတော့လည်း ဆရာဝန်မကြီး လက်လျော့ရတာပေါ့။

လမ်းမှာစားလို့ အကောင်းဆုံးကတော့ ပြည်သူတေါ မေတ္တာနဲ့ ပေးတဲ့ မုန့်လေးတွေပါပဲ။ ဒီတခါ အညာခရီးမှာ ရွာလေးတစ်ခုက လူတွေပေးလိုက်တဲ့ ထန်းသီးမုန့် အဖြူနဲ့ အကြော်စုံလေးတွေက လတ်လတ်ဆတ်ဆတ် ဒေသလက်ရာတွေဆိုတော့ တကယ့်ကို အရသာရှိပါတယ်။ ဒေါက်တာတင်မာအောင်က လိမ္မော်သီးလေးတွေရရင် သိပ်ကျေနပ်တာပဲ။ ကျွန်မ အာခေါင်ခြောက်တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်းက ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ခရီးတွေ သွားရတုန်းကနဲ့ မတူ၊ ထူးထူးခြားခြား မကွေးခရီးမှာ တရက်နည်းနဲ့ အသံဝင်၊ လည်ချောင်းနာချင်တာတယ်။ ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြောတာ များတာနဲ့ အားလုံး ပေါင်းလိုက်လို့နဲ့ တူပါတယ်။ မကွေးအဝင်မှာ လူငယ်လေး တစ်ယောက်က ပန်းသီးလေး တစ်လုံး ပေးလိုက်တာ ချက်ချင်း ကိုက်စားတဲ့ အခါ လန်းသွားရပါတယ်။ တည်းခိုနေတဲ့ နေရာရောက်မှ ရေနွေးနဲ့ ဆားနဲ့ငုံ၊ ဖီးကြမ်းငှက်ပျောသီးနဲ့ ပျားရည်စားတာ စသဖြင့် လည်ချောင်းအမြန်ကုနည်းတွေ စမ်းရပါတယ်။ ဒါပေမယ့် အခုထိ အားက ပုံမှန် မဖြစ်သေးပါဘူး။

နေပြည်တော်က မကွေးခရီးစဉ် တစ်လျောက် ရှုးခင်းတွေက စုံပါတယ်။ ပထမပိုင်းမှာ တောင်ပတ်လမ်းတွေနဲ့ လှပသာယာတယ်။ မြေပြန့်ကို ရောက်တော့ ထန်းတောလေးတွေ၊ ရွာတွေနဲ့ ခပ်ဝေးဝေးမှာ အိပ်စက်နေတဲ့ အုတ်ဂူလေးတွေကတော့ လွမ်းစရာ၊ စဉ်းစားစရာပါပဲ။ ခရီးသွားတိုင်း အမြင်သစ်၊ အတွေးသစ်တွေ အမြဲရပါတယ်။ ခဏခဏ ခရီးသွားရလို့ ကျွန်မအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာကတော့ ခွေးလေးတိုင်ချီးတိုးကို ထားခဲ့ရတဲ့ ကိစ္စပါပဲ။ "သွားပြီ ပြန်လာမယ်"လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာမလဲ ဆိုတာ ဘယ်လိုသိနိုင်မှာလဲ။ အမေရိကန် ပြည်ထောင်စု ခရီးက ၁၉ ရက်တောင် ကြာခဲ့တော့ ပြန်လာစအခါမှာ တိုင်ချီးတိုး ကျွန်မကို လုံးဝသူ့မျက်စိ အောက်က အပျောက်မခံနိုင် ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်တာနဲ့ ကျွန်မခြေတောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုနဲ့ ကျွမခြေတောက်တွေကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေတောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲလို့ တခါတရံ တွေးမိပါတယ်။ ဒီတပတ်တော့ ဒီမျှသာ။ 

အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ်)

အမေ
----
ရေးခဲ့တဲ့ "ဒီစကား" ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး မျက်ရည်ဝဲမိတယ်။ အမေ့ကို အသေးစိတ်က အစ ဂရုစိုက်ပေးတဲ့ အန်တီငယ်ကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ အမေ့အသက် အမေ့အရွ ယ် အမေ ရင်ဆိုင်ခဲ့ရတာတွေ အားလုံးအတွက် ဒီလူတွေကို နာကျည်းမိပါတယ်။ နားလည် ခွင့်လွှတ်ပေးပါ အမေ။ အမေ့ကို လေးစားချစ်ခင်သူများ အားလုံး ဖတ်နိုင်ဖို့ အတွက် အစအဆုံး ပြန်ရေးပြီး မျှဝေလိုက်ပါတယ်။

မျဉ်းကြားကမကူးတဲ့စစ်လေယာဉ်

Cho Lay's photo.
ယနေ့ ဒီဇင်ဘာ ၁၇၊၂ဝ၁၂ မွန်းလွဲ ၂း၂၄ နာရီ ခန့် က မင်္ဂံလာဒုံလေယာဉ်ကွင်းမှစစ်လေယာဉ် တစ်စီးကို ကားလမ်းဖြတ်ပြီးသယ်ဆောင်စဉ်

နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကိုဦးခင်ရီ သွေးဖြင့် ဆုံးဖြတ်

Messenger News Journal
မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံဖြစ်ကြောင်း လဝကဝန်ကြီး ဦးခင်ရီပြော
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှုမဖြစ်မှုကို ဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ဆုံးဖြတ်ခြင်း၊ အချိန်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ခြင်းနှင့်သွေးပေါ်တွင်မူတည်ဆုံးဖြတ်ခြင်းစသည့်အချက်သုံးချက်ရှိသည့်အနက် မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှုကို သွေးဖြင့်ဆုံးဖြတ်သော နိုင်ငံဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံခြားရေးရာ
ဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
''ကျွန်တော်တို့နိုင်ငံက သွေး နဲ့ဆုံးဖြတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလို နိုင်ငံမျိုးတွေက ကမ္ဘာပေါ်မှာ အများ ကြီးရှိပါတယ်'' ဟု ဝန်ကြီးဦးခင်ရီ က ပြောသည်။
နိုင်ငံတစ်နိုင်ငံ အချိန်ကြာမြင့် စွာနေထိုင်ပါက အလိုအလျောက် နိုင်ငံသားအဖြစ် ဆုံးဖြတ်သောနိုင်ငံ များရှိသော်လည်း မြန်မာနိုင်ငံတွင်မူ အဆိုပါစနစ်ကို မကျင့်သုံးကြောင်း ၄င်းက ဆက်ပြောသည်။
''သွေးပေါ်မူတည်ပြီးတော့ဆုံးဖြတ်တယ်ဆိုတာကဒီနိုင်ငံမှာရှိနေတဲ့ နိုင်ငံသားရဲ့သွေး၊ နိုင်ငံသား ဖြစ်နိုင်တဲ့သွေးနဲ့ရောတဲ့ သွေးပါမှလို့ ပြောတာပါ။ ဝန်ကြီးဦးခင်ရီပြော တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ အင်မတန်မှ ကိုက်ညီ တဲ့ အဖြေဖြစ်ပါတယ်''ဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများသည် တိုင်းတစ်ပါး၏ မြေကို ကျူးကျော်နေထိုင်ခြင်းမျိုး မရှိသည့်အတွက် မြေပေါ်တွင် မူ တည်၍ နိုင်ငံသားအဖြစ် ဆုံးဖြတ်မှု ဖြင့် လည်းကောင်း၊ အချိန်ပေါ်တွင် မူတည်၍လည်းကောင်း နိုင်ငံသား ဖြစ်မှုအတွက် ဆုံးဖြတ်ရန်မဖြစ်နိုင်ဘဲ သွေးဖြင့်သာ ဆုံးဖြတ်သည့် နိုင်ငံ ဖြစ်ကြောင်း ပြောဆိုခဲ့မှုကို ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီးတစ်ယောက် အနေဖြင့် အပြည့်အဝထောက်ခံ ကြောင်းလည်း ၄င်းက ပြောသည်။
''သွေးနဲ့ဆိုတာက ကျွန်တော် တို့က Mixed ဖြစ်နေတာမျိုးပေါ့။ ဘိုး ဘွားအဖေအမေက ဒီမှာနေခဲ့တယ်၊ နှစ်ပေါင်းငါးဆယ်ကျော်ခြောက်ဆယ် နေထိုင်ခဲ့ကြပြီးပြီ၊ မြန်မာပြည်ရဲ့ ကောင်းမွေဆိုးမွေကိုလည်း မျှဝေခံ စားခဲ့ကြပြီးပြီ၊ နိုင်ငံခြားသွားဖို့လည်း ရည်ရွယ်ချက်မရှိတော့ဘူး။ အဲလိုလူ မျိုးတွေကို ဧည့်သည်အမျိုးအစားအ ဖြစ်လက်ခံတာ၊ သူတို့ရဲ့တတိယ Generation ရောက်တော့မှပေးတယ်ဆိုတာ ဟာအင်မတန် Fair ဖြစ်တဲ့ ဥပဒေ ပါ' ဟု ဝန်ကြီးဦးခင်ရီက ဆိုသည်။
နိုင်ငံသားဆိုရာတွင်မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ ပြုလုပ်ထား သောနိုင်ငံသားဟူ၍ နှစ်မျိုးရှိကြောင်း ၁၈၂၃ ခုနှစ်က မြန်မာနိုင်ငံ၏ ပြည် နယ်အချို့ဗြိတိသျှလက်အောက် မကျ ရောက်မီကတည်းက မှီတင်းနေထိုင် ခဲ့ကြသည့် လူမျိုးစုကြီးရှစ်စုနှင့် ¤င်း တို့နှင့် ဆက်နွှယ်သည့် လူမျိုး ၁ဝ၁ ပါးမှာ မွေးရာပါ နိုင်ငံသားများဖြစ် ကြပြီး ဥပဒေအရ ပြုလုပ်ထားသော နိုင်ငံသားများမှာ ဥပဒေကြောင်းအရ အဆင့်ဆင့်လျှောက်ထားပြီးမှ ဖြစ်လာ သူများဖြစ်ကြောင်းအဆိုပါ ဥပဒေ အကြောင်းအရ ပြန်လည်လက်ခံသည့် နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများဟု ပြော၍မရဘဲ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ခွင့်အတွက် မှတ်ပုံတင်ထား သူများသာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီ က ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ထုတ်ပေးသော Registeration Card ဟု ခေါ်သည့် သုံးခေါက်ချိုးကတ်များမှာ ဤနေရာ တွင် သည်လူရောက်ရှိနေထိုင်သည် ဟူသောအချက်ကို စာအုပ်တွင် ရေး သား၍ မှတ်ပုံတင်ထားခြင်းသာဖြစ် ကြောင်း၊ အဆိုပါကတ်တွင်လည်း၊ ဤကတ်ပြားထုတ်ပေးခြင်းခံရသူသည် ဤနိုင်ငံသားအဖြစ် အလျဉ်းသက် သေခံခြင်းမဖြစ်စေရဟူ၍ ရေးထိုးထား ကြောင်း ဝန်ကြီးဦးခင်ရီက ဆက် လက်ပြောဆိုသည်။

ကချင်ပြည်နယ်စစ်ရေး

Published on 17 Dec 2012

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေသည့် စစ်မက်တွေနှင့် ပတ်သတ်ပြီး ဦးအောင်ကျော်ဇောအား ဘားမားဗီဂျေမီဒီယာမှ ဆက်သွယ်မေးမြန်းထားပါသည်။

လဲ့လဲဝင်းဆွေသြဇာလွှမ်းမိုးပုံက.

ကေကေတီ
 
MTV Exit ရဲ့ ဖျော်ဖြေပွဲ ရန်ကုန်မှာ ကျင်းပ

2012-12-16 လူကုန်ကူးမှုတိုက်ဖျက်ရေးကို အဓိက ထား ဆောင်ရွက်နေတဲ့ MTV Exit နဲ့ အခြားသော မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေက ရန်ကုန်မြို့၊ဒဂုံမြို့နယ်က ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo:RFA/YGN

 ပြည်လမ်းရှိ ပြည်သူ့ ရင်ပြင်တွင် ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဖျော်ဖြေပွဲတွင် ကမ္ဘာကျော် ဂရမ်မီဆုရှင် အဆိုတော် Jason Marz ဖျော်ဖြေနေစဉ်။

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးကိစ္စကို တားဆီးကာကွယ်တဲ့နေရာမှာ  ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်စေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး၊မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးကိစ္စကို အမေရိကန် နိုင်ငံက အစဉ်အမြဲ အကူအညီပေးနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖျော်ဖြေပွဲကို နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ဂရမ်မီဆုရှင် Jason Mraz၊ ထိုင်းနိုင်ငံက နာမည်ကျော် တေးဂီးတအဖွဲ့ဖြစ်တဲ့ Slot Machine၊MTVExit ရဲ့ သံတမန်တွေ ဖြစ်ကြတဲ့ အဆိုတော် Rဇာနည်နဲ့ ဖြူဖြူကျော်သိန်း၊သြစတေးလျ အခြေစိုက် Walk Free အဖွဲ့ရဲ့ သံတမန် အဆိုတော် ဖြိုးကြီးတို့ အပြင် အဆိုတော် လင်းလင်း၊စိုင်းစိုင်းခမ်းလှိုင်နဲ့ချစ်သုဝေတို့ကလည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
MTV Exit ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဖျော်ဖြေပွဲကို ရန်ကုန်မြို့ခံ ငါးသောင်းကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

The Voice Weekly

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ

2012-12-17 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။

RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖိတ်ကြားချက်အရ မြစ်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြောပါတယ်။

"အမေရိကန်သံအမတ်ကြီးက ကျနော်တို့ ကချင်ပြည်နယ်ကို ဒီကနေ့ပဲ ရောက်လာမယ်လို့ ပြောပါတယ်၊ သူရောက်လာတဲ့အချိန်မှာ ကျနော်တို့ PCG အဖွဲ့တွေကိုလည်း တွေ့ဆုံချင်တယ်လို့ ကျနော်တို့ကို ဖိတ်ထားတာရှိပါတယ်၊ အမေရိကန်သံရုံးကနေ ကျနော်တို့ဆီကို လှမ်းပြီးအကြောင်းကြားတာပါ၊ အကြမ်းဖျင်းတော့ ဘာတွေဆွေးနွေးမယ်ဆိုတာ မသိထားသေးဘူးခင်ဗျ၊ သူတို့ရောက်လာရင် ကျနော်တို့နဲ့တွေ့ဆုံမယ်လို့ပဲ သိထားပါတယ်၊ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမေးလာရင် ကျနော်တို့သိသလောက် အားလုံးပြောဆိုဖို့ အစီအစဉ်ရှိပါတယ်၊ အေးချမ်းဖို့တည်ငြိမ်ဖို့အတွက်လေ၊ ဒါတော့ အဓိကဖြစ်မယ်လို့ ကျနော်တို့ထင်ပါတယ်"
အမေရိကန်သံအမတ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေဆုံမှာဖြစ်သလို ဒီဇင်ဘာလ၁၈ရက်နေ့မှာတော့ကချင်ပြည်နယ်ထဲက ပြည်တွင်း ပြည်ပလူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကချင်ပြည်နယ်ကို လာရောက်ဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ခဲ့ဘူးလို့လည်း မြစ်ကြီးနားမြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။
http://www.rfa.org/burmese/news/usembassor-arrive-kachin-12172012094523.html

သံဃာတော်တစ်ပါး ပုပ်ပွပျက်စီးသွားခြင်း မရှိဘဲခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်

Thu Zar's photo.
တောင်ငူခရိုင်၊ ထန်းတပင်ကျေးရွာတွင် ၀ါတော် ၇၅ ၀ါရှိ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၆ ရက်ရှိပြီ ဖြစ်သော်လည်း ပုပ်ပွပျက်စီးသွားခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွားသကဲ့သို့ ဖြစ်ပေါ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော်
(၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည် ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့ ကေတုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။ ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင် ဆရာတော်၏ ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော ပွင့်ဖတ်ဖြူဖြူပုံစံများ ပေါ်ပေါက်နေသည်ကို သတိထားမိရာမှ သိမ်ကျောင်းဂေါပက လူကြီးများနှင့် ရွာသူရွာသားများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြလျှောက်ထားကြပြီး ရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုးထားခြင်း မရှိကြောင်းနှင့် ရွာသူရွာသားများကလည်း မီးသင်္ဂြိုဟ်ရန် ဆန္ဒမရှိသေးဘဲ ရုပ်ကလာပ်အား ဆက်လက်ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ မှန်းခေါင်းအတွင်း ထားရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင်သိမ်ကျောင်း ဂေါပကအဖွဲ့ဝင် ဦးချစ်လှိုင်က ပြောကြားသည်။

ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီး၏ ဦးခေါင်းအား တွေ့ရစဉ်
“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က ပျော့ပျောင်းနေတယ်၊ အေးပြီးတောင့်နေတာမျိုး မရှိဘူး၊ ၁၅ ရက်လောက်ကြာပြီး ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်တော့ ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူး” ဟု ဆရာတော်၏ ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က ပြောကြားသည်။

ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော်ဦးခိုင်လေး၊ မယ်တော်ဒေါ်ထွေးညိုတို့မှ ဖွားမြင်ကာ မွေးချင်း ၇ ယောက်အနက် သုံးယောက်မြောက် သားဖြစ်ပြီး ငယ်နာမည်မှာ မောင်ဟန်တင်ဖြစ်သည်။ ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့စိုးမြစ်ဆိပ်သို့သွားရာ အရှေ့ဘက် ကျောက်လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊ စစ်တောင်းမြစ်အနီး မြစ်ကမ်းပါးအတိုင်း တောင်ဘက် တောင်သာရွာသို့ ဆိုင်ကယ်ဖြင့် ၂၅ မိနစ်ခန့် မောင်းနှင်ရပြီး ထိုမှမြစ်ကို စက်လှေဖြင့်ကူးကာ တောင်ဘက်သို့ ငါးမိနစ်ခန့် ဆိုင်ကယ်မောင်းလျှင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ရှိရာ ကြိမ်တောမြောင်ကျေးရွာ သိမ်ကျောင်းတော်သို့ ရောက်ရှိကြောင်း သိရှိရသည်။ ဇော်ဝင်းချစ်(တောင်ငူ)

ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီးအား တွေ့ရစဉ်

Eleven Media Group

ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီးအား တွေ့ရစဉ်

တောင်ငူခရိုင်၊ ထန်းတပင်ကျေးရွာတွင် ၀ါတော် ၇၅ ၀ါရှိ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၆ ရက်ရှိပြီ ဖြစ်သော်လည်း ပုပ်ပွပျက်စီးသွားခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွားသကဲ့သို့ ဖြစ်ပေါ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည် ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့ ကေတုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။ ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင် ဆရာတော်၏ ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော ပွင့်ဖတ်ဖြူဖြူပုံစံများ ပေါ်ပေါက်နေသည်ကို သတိထားမိရာမှ သိမ်ကျောင်းဂေါပက လူကြီးများနှင့် ရွာသူရွာသားများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြလျှောက်ထားကြပြီး ရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုးထားခြင်း မရှိကြောင်းနှင့် ရွာသူရွာသားများကလည်း မီးသင်္ဂြိုဟ်ရန် ဆန္ဒမရှိသေးဘဲ ရုပ်ကလာပ်အား ဆက်လက်ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ မှန်းခေါင်းအတွင်း ထားရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင်သိမ်ကျောင်း ဂေါပကအဖွဲ့ဝင် ဦးချစ်လှိုင်က ပြောကြားသည်။

ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီး၏ ဦးခေါင်းအား တွေ့ရစဉ်
“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က ပျော့ပျောင်းနေတယ်၊ အေးပြီးတောင့်နေတာမျိုး မရှိဘူး၊ ၁၅ ရက်လောက်ကြာပြီး ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်တော့ ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူး” ဟု ဆရာတော်၏ ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က ပြောကြားသည်။

ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော်ဦးခိုင်လေး၊ မယ်တော်ဒေါ်ထွေးညိုတို့မှ ဖွားမြင်ကာ မွေးချင်း ၇ ယောက်အနက် သုံးယောက်မြောက် သားဖြစ်ပြီး ငယ်နာမည်မှာ မောင်ဟန်တင်ဖြစ်သည်။ ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့စိုးမြစ်ဆိပ်သို့သွားရာ အရှေ့ဘက် ကျောက်လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊ စစ်တောင်းမြစ်အနီး မြစ်ကမ်းပါးအတိုင်း တောင်ဘက် တောင်သာရွာသို့ ဆိုင်ကယ်ဖြင့် ၂၅ မိနစ်ခန့် မောင်းနှင်ရပြီး ထိုမှမြစ်ကို စက်လှေဖြင့်ကူးကာ တောင်ဘက်သို့ ငါးမိနစ်ခန့် ဆိုင်ကယ်မောင်းလျှင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ရှိရာ ကြိမ်တောမြောင်ကျေးရွာ သိမ်ကျောင်းတော်သို့ ရောက်ရှိကြောင်း သိရှိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)

Eleven Media Group

ကချင်ပြည်နယ်လဂျားယန်တိုက်ပွဲတွင်ဖမ်းဆီးမိသောမြန်မာစစ်တပ်မှ သုံ့ပန်းများကို ABSDFကျောင်းသားတပ်မတော်မှပြုစုစောင့်ရှောက်ထား

by Myat Thi Ha on Monday, December 17, 2012 at 1:31pm · Monday, December 17, 2012

Photo..ကိုမင်းဌေး
at 12:34 AM Posted by Htut Htut

ဒေါ်အောင်ဆန်းစုကြည်ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့လာရောက်ကြည့်ရှု

Burma VJ Media Network

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉နာရီ ၄၀မိနစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိလာပြီး လူနာဆောင်များ၊ အိမ်သာများ၊ ဆေးသိုလှောင်ခန်းများနှင့် ဆေးပေး ဆေးယူ ကိစ္စများကို ကြည့်ရှုစစ်ဆေးနေကြောင်းသိရသည်။ ပါမောက္ခဦးချစ်စိုး အခန်းသို့လည်း ၀င်ရောက်ကြည့်ရှုခဲ့ကြောင်း၊ ဆေးရုံကြီး၏ လေ၀င်လေထွက် ကောင်းမကောင်း၊ သောက်ရေ သန့်ရှင်းမှုများကိုလည်း မေးမြန်းနေကြောင်း၊ လူနာဆောင် (၁၊၂) ။ လူနာဆောင် (၇၊၈) တို့အပြင် သွားဆေးဘက်ဆိုင်ရာ အခန်း နှင့် တွေ့ဆုံ အားပေးခဲ့ ပြီး လူနာများအား ရင်းရင်း နှီးနှီးတွေ့ဆုံကာ အဆင်ပြေမှုများရှိမရှိ မေးမြန်းခဲ့သည်။

ထို့ပြင် ဆေးရုံ အတွင်းပိုင်းများ မှ ပြင်ဆင်ရန် လို အပ်ချက်များနှင့် လက်ရှိ လုပ်ဆောင်နေမှုများ ကို ဆေးရုံတာဝန်ရှိပဂ္ဂိုလ် များကလည်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ ပြီး၁၀နာရီ၄၅မိနစ်တွင်ရန်ကုန်ဆေးရုံကြီးအတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း
သိရသည်။
ယခု ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် အစီအစဉ် ကြောင့် ဆေးရုံအတွင်း ကြိုတင် ပြင်ဆင်လုပ်ဆောင်ထားမှု မရှိကြောင်း လူနာများ၏ပြောပြချက်အရ သိရသည်။