Tuesday, December 18, 2012

ရဲတွေလည်းကွဲ ဆိုက်ကားသမားတွေလည်း ကွဲတဲ့ပွဲ

စောစောက လမ်း၄၀၊ ဗိုလ်ချုပ်လမ်းထိပ်မှာ ရဲတွေနဲ့ ဆိုက်ကားသမားတွေ ထိုးကြိတ်ရိုက်နှပ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေက အဲဒီနားမှာရှိတဲ့ ဖဲဝိုင်းကို လာဖမ်းတာမှာ ဖဲဝိုင်းမရှိဘဲ ၀ိုင်းထိုင်နေတဲ့ ဆိုက်ကားသမားတွေကို သွားဖမ်းတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် ထိုးနှက်ရိုက်ကြတဲ့ ခိုက်ရန်ဖြစ်ပွားမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေလည်းကွဲ ဆိုက်ကားသမားတွေလည်း ကွဲသွားကြပါတယ်။ နောက်တော့ ဆိုက်ကားသမား ၃ဦးခန့်ကို ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်ကြပါတယ်။ အဲဒီရန်ပွဲဟာ မိနစ်၂၀ခန့် ကြာခဲ့တဲ့ အတွက် ဗိုလ်ချုပ်လမ်းပေါ်မှာ ၀ိုင်းဝန်းကြည့်ရှုသူများနဲ့ ပြည့်နှက်စည်ကားခဲ့ပါတယ်။ ရဲများလာဖမ်းတဲ့ ဖဲဝိုင်းကိုတော့ ဖမ်းမိခြင်း ဖဲထုပ်မိသွားခြင်းလည်း မရှိခဲ့ပါဘူး။

Zayar Myatkhaing

အပန်းဖြေနားရက်များ (၃) (အောင်ဆန်းစုကြည်)

> by Naymin Tun

ပုဂံမှာ ကျမတို့သွားဖူးတဲ့ တတိယမြောက် ပုထိုးက သဗ္ဗညု ဖြစ်ပါတယ်။ ရှေးပောင်းဘာသာရေး အဆောက်အ အုံတွေထဲ အမြင့်ဆုံးဖြစ်ပြီး ပြေပြစ်တဲ့အချိုးအစားနဲ့ ပစ္စယံအဆင့်တွေကြောင့် သိပ်ကိုသပ္ပာယ်တဲ့ စေတီပုထိုး တွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေ အထိ လာရောက် ဖူးမြော်သူများကို ပစ္စယံတွေ အပေါ် တက်ခွင့်ပေးတာကြောင့် ပုဂံ လွင်ပြင်တခုလုံးရဲ့ ငြိမ်းချမ်းပြီး အတုမရှိတဲ့သက်ငြိမ် အခင်းအကျင်းကို လှမ်း ကြည့်နိုင်ပါတယ်။ “ငါ ဒီကို ရောက်ခဲ့တယ်” ဆိုတဲ့ ဓာတ်ပုံတွေရိုက်ဖို့ အကောင်းဆုံးနေရာဖြစ်ပြီး ကျမ ကိုယ် တိုင်လည်း ငယ်စဉ်က ဒီ ပစ္စယံ အဆင့်တဆင့်မှာ ဝမ်းကွဲမောင် တယောက်ရယ်၊ ဦးလေးတယောက်တို့နဲ့ အ တူ ရိုက်ထားတဲ့ပုံတွေ ရှိပါတယ်။ ပုံတွေထဲမှာ ကျမတို့အားလုံး ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ဘဝကို ကျေနပ်အား ရနေကြပုံ ပေါ်ပါတယ်။

ထိန်းသိမ်းရေး အလိုငှာ ပစ္စယံတွေပေါ် ဘယ်သူ့ကိုမှ တက်ခွင့်မပေးတော့ကတည်းက သဗ္ဗညုကိုလာတဲ့ ဧည့် အရေအတွက် အတော်ကို လျော့ပါးသွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဒီပုထိုးကြီးဟာ ပြန်လည် ဖော်ထုတ်တာ စောင့်နေတဲ့ အပစ်ပယ်ခံ အလှတခုလို ဆွေးရိပ်တွေ လွှမ်းနေပါတယ်။ အတွင်းနံရံတွေမှာ သုတ်ထားတဲ့ ထုံး ဖြူကြမ်းကြမ်းအောက်က နံရံဆေးရေးတွေကို ကျွမ်းကျင်တဲ့ ပန်းချီ ထိန်းသိမ်းသူ ပညာရှင်များရဲ့အစွမ်းနဲ့ ပြန် လည် ဖော်ထုတ်နိုင်ပါလိမ့်မယ်။ ထိန်းသိမ်း စောင့်ရှောက်မှုကတော့ လုပ်ပါတယ် ဆိုလောက်အောင်သာ ရှိ တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီလောက် ယဉ်ကျေးမှုအရ၊ သမိုင်းအရ အရေးပါလှတဲ့ အဆောက်အအုံးကြီး အတွက် ဝမ်းနည်း စိတ်ပျက်ဖွယ်ရာအခြေအနေ ပါပဲ။

ပုဂံနဲ့ပတ်ဝန်းကျင်မှာ စောင့်ရှောက်ဖို့လိုအပ်တာ အများကြီးပါ။ စမယ်ဆိုရင် ဒီ သာသနိက အဆောက်အအုံး တွေကပဲ စရပါမယ်။ ၁၉၉၀ နောက်ပိုင်း လုပ်ခဲ့တဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေဟာ အကောင်းဆုံးဖြစ်ဖို့ ထက် မြန်မြန်ပြီးဖို့ကိုသာ ပညာရှင်တွေရဲ့ အကြံဥာဏ်မပါဘဲ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အနုပညာနဲ့ ရှေးဟောင်း သုတေသနလုပ်ငန်း မြတ်နိုးတဲ့သူတွေ ပုဂံရဲ့ အခုအခြေအနေကို မြင်တိုင်း မျက်ရည်လည်ကြ တယ်လို့ ကျမ ကြားရပါတယ်။

ဘုရားပုထိုးတွေနဲ့ ပြည့်နေတဲ့ လွင်ပြင်ကြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတခုဖြစ်အောင် အလျင်စလို တွန်းပြီး လုပ်ဆောင်ခဲ့ကြလို့ ပျက်စီးသွားခဲ့ရတဲ့ မြတ်နိုးဖွယ် ရှေးပုထိုး စေတီဟောင်းတွေဟာ ဂရုစိုက်မှု၊ ကျွမ်း ကျင်မှုတွေနဲ့ ဆိုရင် တကယ့်မူလပုံ ပြန်လည်ပေါ်လာနိုင်လောက် ပါသေးတယ်။ ဂူကျောင်းအငယ်တွေ တော် တော်များများဟာ မပြင်ဆင်ရသေးတဲ့အတွက် ကံကောင်းတယ်လို့ပြောရပါလိမ့်မယ်။ ၎င်းတို့ကို နဂို အနေအ ထားနဲ့ နီးစပ်တဲ့ သွင်ပြင်အတိုင်း ပြန်လည်တည်ဆောက်ခြင်း၊ ဒါမှမဟုတ် ပျက်စီးနေပုံ အဆင့်ဆင့်အတိုင်း ထိန်းသိမ်းထားတဲ့ နည်းအားဖြင့် မြို့ဟောင်းကြီင်္းကို အချိန်က တိုက်စားခဲ့ပုံရဲ့ မျက်မြင်သမိုင်းအဖြစ် ရှိစေခြင်း တွေ လုပ်ဆောင်နိုင်ပါသေးတယ်။ ဒါတွေက ကျွမ်းကျင်သူတွေရဲ့ကဏ္ဍ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ငန်း မစခင်မှာ ကျမတို့တွေက ပုဂံဟာ ကျမတို့ နိုင်ငံရဲ့သမိုင်းမှာ အရေးပါတဲ့အထိမ်းအမှတ် တခုသာမက ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် တစိတ်တပိုင်းလည်းဖြစ်လို့ ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ အသိ ကျယ် ပြန့်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။

ရှေးဟောင်း သာသနိကအဆောက်အအုံးတွေတင် ဂရုစိုက်ဖို့ ၊ ကာကွယ်ဖို့လိုနေတာ မဟုတ်ပါဘူး။ ပုဂံဝန်း ကျင် ဒေသတဝိုက်လုံးဟာလည်း အမြတ်တနိုးထားဖို့ ၊ ထိန်းသိမ်းဖို့ တောင်းဆိုနေပါတယ်။ တနာရီလောက် ကားနဲ့သွားလိုက်ရင် ဒီ ဒေသမှာ နောက်ဆုံးကျန်နေတဲ့ အင်ကြင်း တောအုပ်ကိုရောက်ပါတယ်။ ခြောက်သွေ့ ကြမ်းတမ်းတဲ့ ကန္တာရအလယ်က ရဲရဲဝံ့ဝံ့ အိုအေစစ်ကလေး ပါပဲ။ အင်ကြင်း (pentacme siamensis) ဆိုတာ သိပ်ထူးဆန်းတဲ့သစ်ပင်တမျိုး ဖြစ်ပါတယ်။ အပင်အိုလာလို့ သေသွားတဲ့အခါ သူ့အသားဟာ အခြားသစ်တွေလို ဆွေးမြည့်မသွားဘဲ ကျောက်သားလို အသွင်ပြောင်းသွားပါတယ်။ သစ်တောထိန်းသိမ်းရေး ဥပဒေအရ အပင် ခုတ်လှဲတာကို တားဆီးထားတယ် ဆိုပေမဲ့လည်း အပင်တွေကြည့်ရတာ ပိန်ပိန်လှီလှီနဲ့ အားရစရာမရှိတဲ့အပြင် အပင်ပျိုလေးတွေ တက်လာနေတဲ့ အရိပ်အရောင်လည်း မရှိလှပါဘူး။

ကျမတို့ရဲ့ သစ်တောလေ့လာရေးခရီးမှာ သတင်းထောက် အယောက်၂၀ လောက်လည်း ပါလာပါတယ်။ ကျမ အနေနဲ့ ကျမတို့ရဲ့ ပုဂံခရီး အပန်းဖြေရက်တွေကို သီးသီးသန့်သန့် ရှိစေချင်ပေမယ့် မျှော်လင့်သလို ဖြစ်မလာ ခဲ့တဲ့အတူတူ သတင်းထောက်တွေကို ကျမတို့ရဲ့ တိုးလာတဲ့ အဖွဲ့ဝင်တွေလို့ပဲ သဘောထားလိုက်ပါတယ်။ ကံ ကောင်းတာကအားလုံးဟာ ခင်ခင်မင်မင်နဲ့ အဆင်ပြေအောင် ဝိုင်းလုပ်ပေးကြပါတယ်။ သစ်တောရဲ့ ဆိတ်ငြိမ် တဲ့ တနေရာမှာ အေးအေးဆေးဆေး နေ့လယ်စာ ပျော်ပွဲစားကြမယ်လို့ ကျမတို့ စီင်္စဉ်ခဲ့ပါတယ်။ ဒါပေမဲ့ တော အုပ်လေးကို ရောက်သွားတော့ အနီးရှိ ရွာတစ်ရွာက လူတွေ တော်တော်များများ ကျမတို့ကိုတွေ့ဖို့ စောင့်နေ တာ တွေ့ရပါတယ်။ ဒီရွာရဲ့ နာမည်က ကဗျာဆန်ဆန်လေးပါ။ ‘ဇီးအိုသစ်လှ နတ်ထိန်း အင်ကြင်းတော’ တဲ့၊ ဟိုက္ကူ ကဗျာတပုဒ် ကျနေတာပါပဲ။

ဒီရွာကလေးနဲ့ ဂျပန်နိုင်ငံအကြား မျှော်လင့်မထားတဲ့ ဆက်သွယ်မှုတခု ရှိနေပါသေးတယ်။ ကျမက ရွာက အ မျိုးသမီးတွေကို သူတို့ရွာမှာ အလိုအပ်ဆုံးက ဘာလဲလို့ မေးတဲ့အခါ ရေ လို့ ဖြေကြပါတယ်။ သူတို့ ရွာမှာ လွန် ခဲ့တဲ့နှစ်အနည်းက (bridge asia japan) အဝီစိတွင်းတူးပေးထားလို့ အရင်ကလို မခက်ခဲတော့ဘဲ ရေရလာပြီ ဖြစ်ပေမယ့် ရေတွင်းနဲ့ဝေးတဲ့သူတွေ အတွက်ကတော့ နေ့တိုင်း လမ်းအဝေးအကြီးလျှောက်ပြီင်္း ခပ်နေရသေး တယ်ဆိုတဲ့ အကြောင်းတွေ ရှင်းပြကြပါတယ်။ ဒါ့အပြင် ရေပန့်ကို မောင်းဖို့ ဒီဇယ်ဖိုးပေးရပါတယ်။ ဈေးကသင့် တင့်တယ်ဆိုပေမယ့် သူတို့လို ထန်းနဲ့ လုပ်စားရတဲ့ တောင်သူအများစုအတွက်တော့ ဝန်တခုလို ဖြစ်နေပါ တယ်။ ဒီလို ခြောက်သွေ့ပူပြင်းတဲ့ အညာဒေသမှာ ရှင်သန်နိုင်တဲ့ ထန်းပင်တွေဟာ ဖျာတွေ၊ တောင်းတွေ ရက် လုပ်လို့ရတဲ့ ယပ်လိုအရွက်တွေ စားလို့ရတဲ့အသီးတွေ ထွက်ပါတယ်။ အဓိကကျတဲ့ ထုတ်ကုန်ကတော့ ချိုမြတဲ့ ပင်ကျရည်ပါ။ ဒီအတိုင်း လတ်လတ်ဆတ်ဆတ် သောက်စရာ အနေနဲ့ ဖြစ်ဖြစ်၊ အချဉ်ခံပြီး ကျေးလက် ယမကာ ပြင်းပြင်းလို ဖြစ်ဖြစ်၊ ကျိုချက်ပြီး အင်မတန် စားကောင်းတဲ့ ထန်းလျက်အနေနဲ့ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

ကျမကျောင်းသူ ဘဝတုန်းက အလွတ်ကျက်ခဲ့ရတဲ့၊ အင်မတန် ကျော်ကြားတဲ့ ၁၂ ရာစု ကဗျာတပုဒ်ကနေ ထန်းတက်သမားတွေရဲ့ ခက်ခဲတဲ့ ဘဝကို သိခဲ့ရတယ်။ မနက်စောစော မြူခိုးထချိန်ကတည်းက အန္တရာယ် အ လွန်များပြီး (ထန်းပင်က ကျတာတွေ မကြာခဏဖြစ်ပြီး ဒဏ်ရာကလည်း ပြင်းထန်နိုင်ပါတယ်) ပင်ပန်းလှတဲ့ ထန်းတက်သမားဘဝကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေရုံမက ယခုခေတ်အထိတောင် တိကျမှန်ကန်တဲ့ ပုံဖေါ်မှုဖြစ်တယ်ဆိုတာကို ကျမ ရွာသားတွေနဲ့ စကားပြောကြည့်တော့ သိရပါတယ်။ သူတို့ဟာ အရင်ရှေး ရာစုများစွာက သူတို့ ဘိုးဘွားတွေလျှောက်လှမ်းခဲ့တဲ့ သက်သာရာမရှိတဲ့ လမ်းကြမ်းကြီးကိုဆက်ပြီး လျှောက် လှမ်းနေရဆဲ ဖြစ်ပါတယ်။ အရင်ကနဲ့သိသိသာသာ ကွာလာတာတခုကတော့ ဒီကနေ့ ‘ဇီးအိုသစ်လှနတ်ထိန်း အင်ကြင်းတော’ ရွာက ထန်းတက်သမားတွေထဲ တက္ကသိုလ် ဘွဲ့ရတွေ ရှိနေတာပါပဲ။

အောင်ဆန်းစုကြည်

(၂၆၊ စက်တင်ဘာ၊ ၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြ ပြီး)

သမီးတော်ကြီးစိုးသော စာနယ်ဇင်းလောက

လက်ရှိ မြန်မာပြည်ရဲ့ စာနယ်ဇင်းလောက က သမီးတော်ကြီးစိုးသောစာပေလောကကြီး ဖြစ်နေတာပေါ့၊

မဂ္ဂဇင်း၊ ဂျာနယ် အားလုံးရဲ့ ၈၀% ကျော်ဟာ ဘယ်ဗိုလ်ချုပ်သမီး၊ ဘယ်ဗိုလ်ချုပ်တူမ၊ ဘယ်ဝန်ကြီးဟောင်းသား၊ ဘယ်ဝန်ကြီးသမီးတို့နဲ့ ဖွဲ့စည်းတယ်။
...အာဏာရှင်ဟောင်းများ ရဲ့ ဂျာနယ်တွေဟာ၊ လက်ရှိအာဏာရှင်သစ်တွေကို
ဝေဖန်ရေးလုပ်ပြီး သူတို့ကို သူတို့ ဒီမိုကရေစီဘက်တော်သားတွေသဖွယ် အမြင်သွေဖီနေတယ်။
တချိန်က ဒေါ်စု ကို ခါးခါးသီးသီးဆန့်ကျင်တဲ့သူတွေ၊ မုန်းတဲ့သူတွေဟာ
ခုချိန်မှာ ဒေါ်စု ပုံမျက်နှာဖုံးလှိုှုင်လှိုင်တင်ပြီး သန်းချီ အမြတ်အစွန်း ရှာတတ်၊အရသာတွေ့တတ်သွားပြီ။

လွန်ခဲ့တဲ့ နအဖ ခေတ် နှစ် ၂၀တွင်းမှာ
စစ်ဗိုလ်ချုပ်တွေရဲ့ ဆွေတော်မျိုးတော်တို့ ရယ်၊
သူတို့နဲ့ ပုလင်းတူဗူးဆို့ ခရိုနီတို့ရယ်၊
ယုံကြည်ချက်ကို အရောင်းအ၀ယ်လုပ်ခဲ့တဲ့
တော်လှန်ရေးမီးကျိုးမောင်းပျက်(ကျော်ဝင်းတို့လို) တွေရယ်နဲ့
မြန်မာ့ စာနယ်ဇင်းလောကကြီး ချီတက်ခဲ့တာ ဒီနေ့ထက်တိုင်မပြောင်းသေးပါ။

စာပေစိစစ်ရေး ဖျက်သိမ်းလိုက်တဲ့အခါမှာ ကျနော်မေးခွန်းတခု ထုတ်ခဲ့ပါတယ်။
လွတ်လပ်စွာ ထုတ်ဝေခွင့်ရပြီလား လို့။
ခုချိန်မှာ ဆွေတော်မျိုးတော်အများစု ထိန်းချုပ်ထားသော ထုတ်ဝေသူလောက နဲ့
အဲဒီ ထုတ်ဝေသူတို့က ရွှေကြိုး၊ ငွေကြိုးတို့ဖြင့် ချည်နှောင်ထားသော အယ်ဒီတာတို့ ရဲ့ ကိုယ်စားမောင်းနှင်မှုနဲ့ စာပေစိစစ်ရေး ပုံသဏ္ဍန်သစ် သွားလို့နေတယ်။

ပုံနှိပ်ထုတ်ဝေခွင့် ကိုပါ လွတ်လပ်ခွင့်ပြုလာရင်တော့
(၀ါ) မည်သူမဆို လွတ်လပ်စွာ မဂ္ဂဇင်း၊ ဂျာနယ်၊ ထုတ်ဝေခွင့်တွေရမယ်၊
လွတ်လပ်စွာ ပုံနှိပ်ခွင့်တွေ ရမယ် ဆိုရင်တော့ မြန်မာပြည် စာပေလွတ်လပ်ခွင့် အရှိန်အဟုန် ဒါ့ထက်ပိုမြင့်လာမယ် လို့ မြင်ပါတယ်။
ခုထိတော့ အမှန်တကယ် လွတ်လပ်တဲ့ စာပေလွတ်လပ်ခွင့် လို့ မမြင်မိသေးပါဘူး။

ချိုတူးဇော်

အဆင်ပြေရင်လှမ်းခေါ်သံလေးကြားချင်ပါတယ်

လယ်တီဆရာတော်ဘုရားကြီး၏ စေတီ နှင့် သိမ်ကျောင်းကိုမပျက်စီးအောင်နိုင်ငံတော်သမ္မတရုံးကထိန်းသိမ်းပေးပါမယ်

ကို စိန်သန်း's photo.
လယ်တီဆရာတော်ဘုရားကြီး၏ စေတီ နှင့် သိမ်ကျောင်းကိုမပျက်စီးအောင် ထိန်းသိမ်းပေးမည်ဆိုပါကယခင်တူးဖော်ထားသော မြေသားပြန်လည်ဖို့ပေးရန် နှင့် ၎င်းအနီးရှိတောင်အား မဖြိုရန်လိုအပ်မည်ဟု မုံရွာဒေသခံဆရာတော်များကဆို

မူလပထမလယ်တီဆရာတော် ဘုရားကြီး၏စေတီနှင့်သိမ်အဆောက် အအုံကို နိုင်ငံတော်က မပျက်စီး အောင်ထိန်းသိမ်းကာကွယ်ပေးမည် ဆိုလျှင် ယခင်တူးဖော်ထားသော မြေသားများကို ပြန်ဖို့ပေးရန်နှင့် အဆိုပါစေတီနှင့် သိမ်ကျောင်းပတ် ၀န်းကျင်နှင့် အနီးဆုံးတွင်ရှိသော တောင်ကိုမဖြိုဖျက်ရန်အထူးလို အပ်မည်ဖြစ်ကြောင်းမုံရွာဒေသခံ ဆရာတော်များ၏ပြောပြချက် အရ သိရသည်။

“အခုနိုင်ငံတော်သမ္မတရုံးက အကောင်းဆုံးဖြစ်အောင်ထိန်း သိမ်းပေးပါမယ်ဆိုတဲ့ ပြန်ကြား စာတစ်စောင်ကို ရွှေကျင်ဓမ္မာရုံ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တအဂ္ဂသာရထံ ရောက်လာတယ်။ အကြောင်းကြား စာပို့နေရုံနဲ့ တင်မပြီးပါဘူး။

လက်တွေ့ အကောင်အထည်ဖော်ပေးဖို့လိုအပ် ပါတယ်။ အခုလက်ရှိပုံစံအတိုင်း ထားမယ်ဆိုရင်လာမယ့်နှစ်မိုးရာသီ မှာတင် ပြိုကျပျက်စီးသွားမှာသေ ချာတယ်။

ထိန်းသိမ်းတယ်၊ စောင့် ရှောက်တယ်ဆိုတဲ့စကားကို လွယ် လွယ်လေးမပြောစေချင်ဘူး။ အချိန်မီထိန်းသိမ်းဖို့လိုပါတယ်”ဟု မြို့မဂါတ်ကျောင်းမှ ဆရာတော် တစ်ပါးက မိန့်တော်မူခဲ့ပါသည်။

“လူမှုရေးဦးတည်ချက် (၄) ရပ်မှာ နံပါတ်(၂)နေရာမှာပါတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး နှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုတဲ့အချက်ပါ နေတယ်။ နိုင်ငံတော်အစိုးရအနေ နဲ့ အခုလိုသာ လယ်တီဆရာတော် ဘုရားကြီးရဲ့ ၀တ္ထကမြေဖြစ်တဲ့ စေတီနဲ့ သိမ်ကျောင်းပျက်စီးမှာကို ထိထိရောက်ရောက်သာ ကာကွယ် ထိန်းသိမ်းမှုတွေ မလုပ်နိုင်ဘူးဆို ရင် သူတို့ပြဋ္ဌာန်းချက်က
ို သူတို့ ဘာသာချိုးဖောက်သလိုဖြစ်ပါလိမ့် မယ်။ ဒါဟာ နိုင်ငံတော်အစိုးရ ပြောတဲ့ အမျိုးသားရေးလက္ခဏာ ဆိုတဲ့ စကားလုံးထက်ကြီးပါတယ်။ အမျိုးသားဘာသာရေးသာသနာ ရေးလက်္ခဏာလို့တောင်ပြောရမှာပါ” ဟု လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးကဆိုပါတယ်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မုံရွာခရိုင် (၈) မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်အပါး (၈၀၀)ကျော်ခန့် လက်မှတ်ရေးထိုး ကာ ဒေါ်အောင်ဆန်းစုကြည်ထံ သို့ စာတစ်စောင်ပေးပို့ထားသည် ဟုလည်း သိရသည်။

စိုးမိုးထွန်း(မုံရွာ)
Hot News Weekly လယ်တီဆရာတော်ဘုရားကြီး၏ စေတီ နှင့် သိမ်ကျောင်းကိုမပျက်စီးအောင် ထိန်းသိမ်းပေးမည်ဆိုပါကယခင်တူးဖော်ထားသော မြေသားပြန်လည်ဖို့ပေးရန် နှင့် ၎င်းအနီးရှိတောင်အား မဖြိုရန်လို အပ်မည်ဟု မုံရွာဒေသခံဆရာတော်များကဆို

မူလပထမလယ်တီဆရာတော် ဘုရားကြီး၏စေတီနှင့်သိမ်အဆောက် အအုံကို နိုင်ငံတော်က မပျက်စီး အောင်ထိန်းသိမ်းကာကွယ်ပေးမည် ဆိုလျှင် ယခင်တူးဖော်ထားသော မြေသားများကို ပြန်ဖို့ပေးရန်နှင့် အဆိုပါစေတီနှင့် သိမ်ကျောင်းပတ် ၀န်းကျင်နှင့် အနီးဆုံးတွင်ရှိသော တောင်ကိုမဖြိုဖျက်ရန်အထူးလို အပ်မည်ဖြစ်ကြောင်းမုံရွာဒေသခံ ဆရာတော်များ၏ပြောပြချက် အရ သိရသည်။

“အခုနိုင်ငံတော်သမ္မတရုံးက အကောင်းဆုံးဖြစ်အောင်ထိန်း သိမ်းပေးပါမယ်ဆိုတဲ့ ပြန်ကြား စာတစ်စောင်ကို ရွှေကျင်ဓမ္မာရုံ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တအဂ္ဂသာရထံ ရောက်လာတယ်။ အကြောင်းကြား စာပို့နေရုံနဲ့ တင်မပြီးပါဘူး။

လက်တွေ့ အကောင်အထည်ဖော်ပေးဖို့လိုအပ် ပါတယ်။ အခုလက်ရှိပုံစံအတိုင်း ထားမယ်ဆိုရင်လာမယ့်နှစ်မိုးရာသီ မှာတင် ပြိုကျပျက်စီးသွားမှာသေ ချာတယ်။

ထိန်းသိမ်းတယ်၊ စောင့် ရှောက်တယ်ဆိုတဲ့စကားကို လွယ် လွယ်လေးမပြောစေချင်ဘူး။ အချိန်မီထိန်းသိမ်းဖို့လိုပါတယ်”ဟု မြို့မဂါတ်ကျောင်းမှ ဆရာတော် တစ်ပါးက မိန့်တော်မူခဲ့ပါသည်။

“လူမှုရေးဦးတည်ချက် (၄) ရပ်မှာ နံပါတ်(၂)နေရာမှာပါတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး နှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုတဲ့အချက်ပါ နေတယ်။ နိုင်ငံတော်အစိုးရအနေ နဲ့ အခုလိုသာ လယ်တီဆရာတော် ဘုရားကြီးရဲ့ ၀တ္ထကမြေဖြစ်တဲ့ စေတီနဲ့ သိမ်ကျောင်းပျက်စီးမှာကို ထိထိရောက်ရောက်သာ ကာကွယ် ထိန်းသိမ်းမှုတွေ မလုပ်နိုင်ဘူးဆို ရင် သူတို့ပြဋ္ဌာန်းချက်ကို သူတို့ ဘာသာချိုးဖောက်သလိုဖြစ်ပါလိမ့် မယ်။ ဒါဟာ နိုင်ငံတော်အစိုးရ ပြောတဲ့ အမျိုးသားရေးလက္ခဏာ ဆိုတဲ့ စကားလုံးထက်ကြီးပါတယ်။ အမျိုးသားဘာသာရေးသာသနာ ရေးလက်္ခဏာလို့တောင်ပြောရမှာပါ” ဟု လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးကဆိုပါတယ်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မုံရွာခရိုင် (၈) မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်အပါး (၈၀၀)ကျော်ခန့် လက်မှတ်ရေးထိုး ကာ ဒေါ်အောင်ဆန်းစုကြည်ထံ သို့ စာတစ်စောင်ပေးပို့ထားသည် ဟုလည်း သိရသည်။

စိုးမိုးထွန်း(မုံရွာ)
Hot News Weekly

အပြင်းထန်ဆုံး စစ်ဆင်ရေးအတွက် KIA ပြင်ဆင်နေ

=============================
အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ လိုင်ဇာစစ်ဌာနချုပ်ကို အလုံးအရင်းနှင့် စစ်ဆင်ရန် ပြင်ဆင်နေပြီးဖြစ်ကြောင်း KIA စစ်သတင်းနှင့် နီးစပ်သော စစ်ကြောင်း အရာရှိတဦးက ဆိုပါသည်။

“စစ်ရေးအခြေအနေက အစိုးရတပ်ဘက်က လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေ တအားလှုပ်လာနေတယ်။ မြစ်ကြီးနားမှာကော ဗန်မော်မှာကော တွေ့နေရ ကြားနေရတာ ရှိပါတယ်။ ရဟတ်ယာဉ်ကလဲ ဒီနေ့မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။ မြစ်ကြီးနားကနေ ဒေါ့ဖုန်းယန်းဖက်ကိုပေါ့။ တကယ်လို့ လဂျားယန် တိုက် ပွဲက လူနာတွေသယ်ရင်တောင် တရက်ထဲနဲ့ ပြီး တဲ့ကိစ္စပါ အခုတော့ (၄) ရက်ရှိပြီးဆိုတော့ အဲဒါမဖြစ်နိုင်ဘူးပေါ့။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အရန်တပ်တွေကို လည်း ရွှေ့နေတယ်လေ” ဟု ဆိုပါသည်။
...

မြစ်ကြီးနားမြို့ ဒေါ့ဖုန်းယန်မြို့သို့လည်း ရဟတ်ယာဉ်များ ခေါက်တုန့်ခေါက်ပြန် တက်ဆင်းနေသည်ဟု ဆိုပါသည်။ ထို့အတူ ဒေါ့ဖုန်းယန်မြို့ ခန်းကိုင်တောင်မှ အမှတ် (၃၇၀) အမြောက်တပ်ရင်းသည်လည်း လိုင်ဇာမြို့သို့ ၁၀၅ မမဟော်ဝစ်ဇာဖြင့် ည ၁၂ နာရီမှာ တကြိမ် နှင့် ယနေ့မနက် (၉) နာရီ၌ တကြိမ် ပစ်ခတ်ခဲ့ပြီး အမြဲတမ်းလိုလိုလည်း ပစ်ခတ်နေခဲ့ပါသည်။

ဒီဇင်ဘာ (၁၄) ရက်နေ့၌ဖြစ်သော လဂျားယန်တိုက်ပွဲသည် အစိုးရဖက်မှထိခိုက်ကျဆုံးမှု များစွာဖြင့် ဆုတ်ခွာခဲ့ရသော်လည်း ယခုစစ်ဆင်လာမည့် ထိုးစစ်သည် အဆပေါင်းများစွာ အင်အားများလာဖွယ်ရှိသည်ဟု တွက်ဆထားပါသည်။ အစိုးရသည် လဂျားယန် စစ်ဆင်ရေး၌ အင်အား (၄၀၀) ခန့် အသုံးပြုခဲ့ပါသည်။

အစိုးရသည် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့၌ အရန်အင်အားအဖြစ် စုထားသော တပ်မ (၃၃) နှင့် အနောက်မြောက်တိုင်း တပ် များမှတပ်ရင်း (၁၀) ရင်းခန့်ရှိနေပါသည်။ ဤအင်အားများကိုလည်း ရဟတ်ယာဉ်များဖြင့် ယနေ့မနက်ပိုင်းမှစပြီး အခေါက် ခေါက်အခါခါ ဒေါ့ဖုန်းယန်မြို့ဖက်သို့ သယ်ဆောင်နေခဲ့သည်ဟု အဆိုပါ KIA စစ်အရာရှိကဆိုပါသည်။

ထို့အပြင် လာမည့်စစ်ဆင်ရေးတွင် ရဟတ်ယာဉ်များကိုပါ ပန်ဝါစစ်ဆင်ရေးထက် ပိုမိုအသုံးပြုလာဖွယ်ရှိ နေသည်ဟု KIA ဖက်မှ တွက်ဆထားကြောင်း ဆိုပါသည်။

ထို့အပြင်အစိုးရသည် မိမိတို့အသုံချနေသော မီဒီယာများကိုပါ ပြင်ဆင်လာပါသည်။ ယနေ့ထုတ် ၄င်းတို့၏ မီဒီယာများတွင် ဖါးကန့်ဒေသရှိ မိုးကောင်းရဲစခန်းတစ်ခုဖြစ်သော ကာမိုင်းရဲစခန်း အတိုက်ခံရသည့်သတင်းကို ပြည်တွင်းထုတ် ၄င်းတို့ မီဒီယာအတော်များများက စတင်ရေးလာကြပါသည်။ ဤလက္ခဏာသည် ရှေ့လာမည့် KIA စစ်ဆင်ရေးတွင် လက်သုံးမီဒီ ယာများပါ ၀ိုင်းပြီးဝါဒဖြန့်ရန် စတင် အသုံးပြုလာဖွယ် ရှိနေပါသည်။

ဤသို့ကြောင့် KIA သည် အစိုးရပြင်ဆင်ထားသမျှကို တုန့်ပြန်နိုင်ရန် ABSDF ကျောင်းသားတပ်များနှင့်အတူ ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဆိုပါသည်။

စစ်ရေးအကဲခတ်များကမူ အစိုးရသည် KIAကို အပိုင်းလိုက် ချေမှုန်းရန် အားစမ်းခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် အခြားတပ်မဟာများမှ KIA တပ်များ ၄င်းဗဟိုသို့ စစ်ကူမပို့နိုင်ရန်လည်း လိုအပ်သောတပ်ဖွဲ့များဖြင့် ရံထားခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ ဤအချိန်မျိုး၌ KIAသည် မိမိတို့၏အရန်တပ်များကို အချိန်မှီရရှိရန်အတွက် ပြင်ဆင်ထားသင့်သည်ဟု ဆိုပါ သည်။- ရွှေဟင်္သာသတင်းဌာန-(16-12-2012) >> http://www.phophtaw.org/burmese/index.php/news/local-news/2534--kia-.html

ဒီဇင်ဘာ ၁၇၊၂ဝ၁၂ မွန်းလွဲ ၂း၂၄ နာရီ ခန့် က မင်္ဂံလာဒုံလေယာဉ်ကွင်းမှစစ်လေယာဉ် တစ်စီးကို ကားလမ်းဖြတ်ပြီးသယ်ဆောင်စဉ်

Cho Lay's photo.

ထိုင်းနိုင်ငံ လူကုန်ကူးခံရသူ ၈ ဦး ပြန်လည်လွတ်မြောက်

RFA Burmese
2012-12-18

လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊ နခွန်ပသွန်မြို့ ပန်းခြံမှာ အလုပ်စေခိုင်းခြင်း ခံနေရတဲ့ မြဝတီမြို့နယ် ကျောက်လုံးကြီးရပ်ကွက်က မြန်မာပြည်သား(၈)ဦးကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများ အသင်း (MAT) အဖွဲ့က မနေ့ညက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

...
ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့ (DSI)၊ မြန်မာသံရုံး၊ နခွန်ပသွန်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိများနဲ့ MAT ပူးပေါင်းအဖွဲ့တို့က မနေ့ည(၂)နာရီက ဝင်ရောက်ဖမ်းဆီးရာမှာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့ စွပ်စွဲခံရတဲ့ အသက်(၃၉)နှစ်အရွယ် မသူဇာနဲ့ သူမရဲ့လက်ထောက် အမျိုးသားတဦးကို ဖမ်းဆီးရမိတာပါလို့ MAT အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်းက ပြောပါတယ်။

"နခွန်ပသွန် နယ်မြေက သစ်ခွပန်းခြံထဲမှာ မြန်မာအလုပ်သမားတွေကို ရောင်းစားတဲ့ ပွဲစားဂိုဏ်းခေါင်းဆောင် အမျိုးသမီးနဲ့ သူရဲ့လက်ထောက်ပွဲစား အမျိုးသားတယောက်ကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေကနေပြီးတော့ မနေ့ညက လက်ရဖမ်းဆီးနိုင်ခဲ့တယ်ပေါ့ သူတို့နဲ့အတူ ရောင်းစားခံရတဲ့ အလုပ်သမား(၈)ယောက်ကိုလည်းပဲ ကျနော်တို့ ကယ်တင်နိုင်ခဲ့တယ်၊ အဲဒီအမျိုးသမီးရောင်းစားထားတဲ့ လူတွေက အများဆုံးတနှစ်ကျော်ကျော်၊ အနည်းဆုံး (၂)လကျော်ကျော် ကြာတဲ့သူတွေဖြစ်တယ်"

အရောင်းစားခံရသူတွေဟာ မြဝတီကနေ ကိုလင်းဆိုသူပွဲစားကနေ အကြွေးနဲ့ပေးပို့လို့ (၅)လပိုင်းကတည်းက ထိုင်းနိုင်ငံ အတွင်းက လူပွဲစားမသူဇာဆီ ရောက်ရှိလာတာဖြစ်ပါတယ်၊ ဒီလူတွေဟာ ယခင်က ကန်ချန ဘူရီခရိုင်၊ ဝိုင်တနာနတ်သီးဖျော်ရည်ထုတ် စက်ရုံမှာ အလုပ်စေခိုင်း ခံထားရပြီး အဲဒီကမှတင်ရှိနေတဲ့ အကြွေးကျေဖို့ တလအကုန်(၁၀)လပိုင်းမှာ ဒီပန်းခြံကိုထပ်မံ ရောင်းချစေခိုင်း တာပါလို့ လွတ်မြောက် လာသူတဦးဖြစ်တဲ့ အသက်(၁၉)နှစ်အရွယ် ကိုသူရိန်(ခေါ်) ကိုမိုးဇက်ကပြောပါတယ်၊ သူတို့တွေ အလုပ်လုပ်စဉ်ကာလ အနှိပ်စက် ခံရပုံကိုလည်းသူက အခုလို ရှင်းပြပါတယ်။

"ကျနော်တို့ကို မြန်မာပြည်မှာ ကျနော်တို့ ခေါ်တက်တာပေါ့ (၉၅၀၀)ဆိုပြီးတော့ ဒီရောက်တော့သူ (၁၃၀၀၀)ယူတယ်၊ ဒီအလုပ်လုပ်တာပေါ့နော် လုပ်ပေးတယ် မလုပ်နိုင်ဘူးဖျားတယ်နာတဲ့အခါကြတော့ သူတို့ကဆဲလည်းဆဲတာပေါ့နော် ပြောတယ်၊ သူတို့စကားနားမထောင်လို့ရှိရင်ပေါ့ ထိုးတယ် ၇ိုက်ရင်လည်း ရိုက်တယ်ပေါ့ အဲဒီမသူဇာရဲ့ ယောင်္ကျားက၊ ထစ်ကနဲဆိုလို့ရှိရင် သူများကို သံဒုတ်နဲ့ရိုက်တာတို့၊ ကျနော့်သူငယ်ချင်းနဲ့ စကားများတော့ စကားများရကောင်းလားလို့ ကျနော့်ကိုလည်းရိုက်တယ် ကျနော့်ပါးစပ်ထဲကသွေးထွက်တယ်၊ ကျနော့်မိန်းမကြတော့ အဲဒီနေ့က နေမကောင်းလို့ အလုပ်မဆင်းထားဘူး မသူဇာက မျက်နှာကိုနင်းပြီးတော့ ခြေထောက်နဲ့ ဆောင့်ကန်ထည့်တယ် အဲဒါနှာခေါင်းထဲက သွေးထွက်တယ် နှစ်ခါ"

ပန်းခြံသန့်ရှင်းရေးအဖြစ် ထပ်မံရောင်းစားခံရပြီးတဲ့အခါမှာလည်း ပန်းအိုးကျကွဲလို့ အလုပ်ရှင် ထိုင်းသူဌေးက လိုက်ရိုက်ရာမှာ ထွက်ပြေးရင်း ဘန်ကောက်မြို့နေ မိခင်ဖြစ်သူဆီရောက်ခဲ့ပေမယ့်၊ မိန်းမဖြစ်သူမအေးအေးမာ ကျန်နေလို့ မိခင်ဖြစ်သူ ဒေါ်မိမိခိုင်ဆီက ဗီဒီယိုကင်မရာကို ယူသွားပြီးပြန်ရွေးဖို့ သွားတာမှာ သူ့ကိုတော့ လှေကိုရောင်း စားပြီး၊ မိန်းမဖြစ်သူကို ပြည့်တန်ဆာရုံကို ပို့မယ်လို့ ပြောဆိုကြောင်းလဲ သူက ပြောပါတယ်။

ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမေရိကန်သံအမတ်ကြီး သွားရောက် ကြည့်ရှု

RFA Burmese's photo.

ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမေရိကန်သံအမတ်ကြီး သွားရောက် ကြည့်ရှု
2012-12-18

ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လ်နဲ့ အထူးကိုယ်စားလှယ် Mr W. Patrick Murphy တို့ဟာ ဒီကနေ့မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က သရက်တော သာဂရဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ စင်တာတစ်ခုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။

ကချင်ပြည်နယ်ထဲမှာဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုအခြေအနေတွေကို လေ့လာသုံးသပ်နိုင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့ ပထမဆုံးအကြိမ်လာရောက်ရတာပါလို့ RFA ကို အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။

ဒါအပြင်အမေရိကန်အစိုးရအနေနဲ့လည်း စစ်ဘေးဒုက္ခသည်တွေအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့သွားမှာဖြစ်ကြောင်း  ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အမြန်အဆုံးသတ်စေလိုကြောင်းလဲ  မစ္စတာဒဲရစ်မစ်ချယ်က ပြောပါတယ်။

အမေရိကန်သံအမတ်ကြီးရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဒီကနေ့မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ရိုမန်ကက်သလစ်နဲ့ ကချင်နှစ်ချင်းအသင်းတော် ဘုရားကျောင်းတွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း၊ ဝိုင်းမော် သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနဲ့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရက်ကွက်မှာရှိတဲ့ Hope Center အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စောင့်ရှောက်ကုသရေးဋ္ဌာတို့ကိုသွားရောက်ခဲ့ပြီး မြစ်ကြီးနားအခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

မနေ့ကတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ တိုင်ရင်းသားရေးရာဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် HIV/AIDS ရောဂါဝေဒနာရှင်တွေကို ကုသပေးနေတဲ့ မြစ်ကြီးနားမြို့ မိုင်းလားရပ်ကွက်က HOPE  Center ကို သွားရောက်ပြီး ဝေဒနာသည်တွေနဲ့ တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သလို ကချင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် နဲ့ အဖွဲ့ဟာ  ဒီဇင်ဘာလ ၁၇ ရက် မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ကိုရောက်ရှိလာတာဖြစ်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ -

Myanmar Online News's photo.

ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ -
Tuesday, 18 December 2012

မြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက် ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သားရုပ်တုတွေရှိ တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြကွက် နေရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက် ထဲက ဓါးတွေဟာ ကြေးနဲ့သွန်းလုပ်ထ
ားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက်သွားပြီ။ သူခိုး အခိုးခံရတယ်လို့ ဆိုတယ်။ ခိုးတာကလည်း ဓါးတွေကို ရသလောက်ဖြတ်ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေ ကတော့ ကြေးကို ပြန်ရောင်းစားဖို့ လာခိုးသွားတယ်လို့ ယူဆနေတယ်။

ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးလေ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့်နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိရသေး။

Bangkok Post သတင်းစာပါ Look, there’s something missing ကို ပြန်ဆိုသည်။
Blue Cat

Tuesday, 18 December 2012

မြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက် ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သားရုပ်တုတွေရှိ တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြကွက် နေရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက် ထဲက ဓါးတွေဟာ ကြေးနဲ့သွန်းလုပ်ထားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက်သွားပြီ။ သူခိုး အခိုးခံရတယ်လို့ ဆိုတယ်။ ခိုးတာကလည်း ဓါးတွေကို ရသလောက်ဖြတ်ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေ ကတော့ ကြေးကို ပြန်ရောင်းစားဖို့ လာခိုးသွားတယ်လို့ ယူဆနေတယ်။

ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးလေ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့်နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိရသေး။

Bangkok Post သတင်းစာပါ Look, there’s something missing ကို ပြန်ဆိုသည်။
Blue Cat

"ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ စင်မြင့် ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်"

Popular Journal

"ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ စင်မြင့် ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်"

ဒီဇင်ဘာ ၄ ရက်နေ့ က အမိ မြန်မာပြည်သို့ ခေတ္တ ပြန်လည်ရောက် ရှိလာသော ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာနိုင်ငံ၌ ပထမ ဆုံး ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။

“ဇန်နဝါရီ ၁၂ ရက် နေ့မှာ လုပ်မှာပါ။ လုပ်ချင် တာကတော့ သုဝဏ္ဏ မှာ လုပ်ချင်တယ်။ ရ၊ မရ တော့ မသိသေးဘူး။ တင်တော့ တင်ထားတယ်။ တကယ်လို့ မရရင်တော့ ပြည်သူ့ ရင်ပြင်မှာ ပဲလုပ်ဖြစ်မယ်။ အခုပါမယ့် အဆိုတော်တွေ စပြီး ညှိနေပြီ။ သီချင်းတိုက်ဖို့ ရက်လည်း ရွေးပြီးပြီ။ လူကြီးလူငယ် အရွယ်စုံပါမှာပါ” ဟု အဆိုပါ ပွဲကို စီစဉ်သူ ဘိုဘို အင်တာတိန်းမန့်မှ ကိုဘိုစန်းက ပြောသည်။
 တေးသံရှင်ကြီး မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စီစဉ် ကျင်းပဖြစ်ပုံနဲ့ ပါတ်သက်ပြီး လည်း ကိုဘိုစန်းက..
“ကျွန်တော်တို့  ငယ်ငယ်က တည်းက လေးစားခဲ့၊  ကြိုက်နှစ်သက်တဲ့သူ ဆိုတော့ အရင်ကတည်းက ပွဲလုပ်ချင်တာပါ။ ဘာပဲပြောပြော သူ့ကို ကမ်းလှမ်းတဲ့ သူတွေ အများကြီး ထဲက ကျွန်တော်တို့ကို ရွေးချယ်ခဲ့တဲ့ အတွက် အန်တီမာမာအေးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို ကျင်းပ ခွင့်ရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူပါ တယ်” ဟု ကိုဘိုစန်းက ပြော ပြီး ဒေါ်မာမာအေး ပြန်မည့်ရက်ကိုတော့ အတိအကျ မသိသေးကြောင်းလည်း ပြောသည်။

ရဲရဲ

ဒီဇင်ဘာ ၄ ရက်နေ့ က အမိ မြန်မာပြည်သို့ ခေတ္တ ပြန်လည်ရောက် ရှိလာသော ဂန္ထဝင် တေးသံရ...ှင်ကြီး မာမာအေး၏ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာနိုင်ငံ၌ ပထမ ဆုံး ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။

“ဇန်နဝါရီ ၁၂ ရက် နေ့မှာ လုပ်မှာပါ။ လုပ်ချင် တာကတော့ သုဝဏ္ဏ မှာ လုပ်ချင်တယ်။ ရ၊ မရ တော့ မသိသေးဘူး။ တင်တော့ တင်ထားတယ်။ တကယ်လို့ မရရင်တော့ ပြည်သူ့ ရင်ပြင်မှာ ပဲလုပ်ဖြစ်မယ်။ အခုပါမယ့် အဆိုတော်တွေ စပြီး ညှိနေပြီ။ သီချင်းတိုက်ဖို့ ရက်လည်း ရွေးပြီးပြီ။ လူကြီးလူငယ် အရွယ်စုံပါမှာပါ” ဟု အဆိုပါ ပွဲကို စီစဉ်သူ ဘိုဘို အင်တာတိန်းမန့်မှ ကိုဘိုစန်းက ပြောသည်။
တေးသံရှင်ကြီး မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စီစဉ် ကျင်းပဖြစ်ပုံနဲ့ ပါတ်သက်ပြီး လည်း ကိုဘိုစန်းက..
“ကျွန်တော်တို့ ငယ်ငယ်က တည်းက လေးစားခဲ့၊ ကြိုက်နှစ်သက်တဲ့သူ ဆိုတော့ အရင်ကတည်းက ပွဲလုပ်ချင်တာပါ။ ဘာပဲပြောပြော သူ့ကို ကမ်းလှမ်းတဲ့ သူတွေ အများကြီး ထဲက ကျွန်တော်တို့ကို ရွေးချယ်ခဲ့တဲ့ အတွက် အန်တီမာမာအေးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို ကျင်းပ ခွင့်ရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူပါ တယ်” ဟု ကိုဘိုစန်းက ပြော ပြီး ဒေါ်မာမာအေး ပြန်မည့်ရက်ကိုတော့ အတိအကျ မသိသေးကြောင်းလည်း ပြောသည်။

ရဲရဲ

ညှို့မဂ္ဂဇင်း ကို နန်းခင်ဇေယျာ ကန့်ကွက်

ညှို့မဂ္ဂဇင်း အတွဲ(၁)၊အမှတ်(၁)တွင်ကာယကံရှင် ခွင့်ပြုချက်မယူပဲ ဖော်ပြခဲ့မူအပေါ်နန်းခင်ဇေယျာ ကန့် ကွက်

အသုံးပြုဖော်ပြခြင်းအတွက် ဆောင်း
ပါးရှင် အပါအ၀င်ညှို့မဂ္ဂဇင်းမှတာဝန်
ရှိသူများကို လေးစားစွာအသိပေး
အကြောင်းကြားကန့်ကွက် သွား
မည်ဖြစ်ကြောင်း ပရိသတ်များအား အသိပေးရှင်းလင်းချက်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွက် (ယခုရက်ပိုင်းတွင်)ထွက်ရှိလာသော ညှို့မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)တွင် ညီမနှင့်ပတ်သက်သည့်ဆောင်းပါးနှင့် ထိုဆောင်းပါးနှင့်အတူ ညီမ၏ဓါတ်ပုံများဖော်ပြ ပါရှိလာပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ညီမ(နန်းခင်ဇေယျာ)ကို အစဉ်တစိုက် အားပေးပံ့ပိုးခဲ့ကြသောပရိသတ်များ၏ မေးမြန်းမှုများ၊ ဝေဖန်အကြံပြုမှုစာများကို လက်ခံရရှိခဲ့ပါသည်။

အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်
 (ဇော်မင်းဝင်း-ဥပဒေ) ညွှန်းဆိုထားသော ဆောင်းပါး၏ ဆိုလိုရင်းရည်ရွယ်ချက်မှာ နိုင်ငံတကာပြိုင်ပွဲများတွင်ကြိုးစားယှဉ်ပြိုင်ခဲ့သော ညီမ၏ လုပ်ရပ်အပေါ်တွင် ချီးကျူးညွှန်းဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ)၏ ဤကဲ့သို့ အသိအမှတ်ပြု ရေးသားဖော်ပြမှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။

သို့သော် ညှို့မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)တွင်ပါရှိလာသည့် အဆိုပါဆောင်းပါးနှင့် ညီမ၏ဓါတ်ပုံများကို ဖော်ပြခြင်းအတွက် ဆောင်းပါးရှင်အပါအ၀င် မည်သည့်တာဝန်ခံတစ်စုံတစ်ဦးကမျှ ညီမထံသို့ကြိုတင်အသိပေးခြင်း၊ အကြောင်းကြားထားခြင်းများမရှိခဲ့ပါ။ ထို့ကြောင့် ညီမကိုယ်တိုင်ပင်လျှင်ပရိသတ်များ၏ ဝေဖန်အကြံပြုစာများရရှိမှသာ သိရှိခဲ့ရပါသည်။

ညီမ(နန်းခင်ဇေယျာ)သည် ပရိသတ်၊ ပြည်သူများနှင့် အနုပညာရှင်တို့အား အဓိကပေါင်းကူးဆက်သွယ်ပေးနေသော ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများနှင့် အွန်လိုင်းမီဒီယာများအားလုံးကို အစဉ်အမြဲလေးစားတန်ဖိုးထားပြီး လိုအပ်သလို ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများကို အခွင့်သင့်သလို ပြုလုပ်ပေးလျက်ရှိပါသည်။

ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် အစရှိသော မည်သည့်ပုံနှိပ်မီဒီယာများကိုမှ ညီမ၏သတင်းလှုပ်ရှားမှုများ၊ ဆောင်းပါးများနှင့် အခြားဖော်ပြမှုများအတွက် ကန့်သတ်ထားခြင်း၊ တစ်စုံတစ်ရာတောင်းဆိုထားခြင်းများ လုံးဝမရှိပါ။

သို့ပါသော်လည်း ယခုထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည် မြန်မာပရိသတ်အချို့၏အမြင်တွင် သာမန်ထက်ပိုမိုထူးခြားနေခြင်း၊ ပထမဆုံးအကြိမ်ဖြန့်ချီထုတ်ဝေသော စာအုပ်အမျိုးအစားဖြစ်နေခြင်းနှင့် လက်ရှိထုတ်ဝေဖြန့်ချီလျက်ရှိသော အခြားပုံနှိပ်မီဒီယာများနှင့် အမျိုးအစားကွဲပြားနေခြင်းတို့ကြောင့် အသုံးပြုမည့်ဆောင်းပါးနှင့် ဖော်ပြလိုသည့်ဓါတ်ပုံများအတွက် ကာယကံရှင်(အနုပညာရှင်)အား ကြိုတင်အသိပေးသင့်သည်ဟု ယုံကြည်ယူဆပါသည်။ ထိုသို့ကြိုတင်အသိပေးထားခြင်း မရှိသည့်အတွက်လည်း ညီမ၏ပရိသတ်များနှင့် ထပ်တူ အံ့သြ၀မ်းနည်းမိပါသည်။

ညီမအနေဖြင့်ပရိသတ်၊ ပြည်သူတို့၏အားပေးမှုဖြင့်ရရှိလာသောအောင်မြင်မှုနှင့် ရပ်တည်နေရသော အနုပညာရှင်တစ်ဦးအနေဖြင့်သာမက Miss Myanmar တစ်ဦးအနေဖြင့်ပါ ကြိုးစားရပ်တည်နေဆဲဖြစ်ပါသည်။

ထို့ကြောင့် ပရိသတ်နှင့် ပြည်သူများ၏အထင်လွဲမှားမှုများဖြစ်ပွားနိုင်သော အကြောင်းအရာတစ်ခုဖြစ်လာနိုင်သည့် ညီမ၏ဓါတ်ပုံများကို ကြိုတင်အသိပေးခြင်းမပြုလုပ်ဘဲ ညှို့မဂ္ဂဇင်းတွင် အသုံးပြုဖော်ပြခြင်းအတွက် ဆောင်းပါးရှင် အပါအ၀င် ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး အကြောင်းကြားကန့်ကွက် သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်။

နန်းခင်ဇေယျာ

ညှို့မဂ္ဂဇင်း အတွဲ(၁)၊အမှတ်(၁)တွင်ကာယကံရှင် ခွင့်ပြုချက်မယူပဲ ဖော်ပြခဲ့မူအပေါ်နန်းခင်ဇေယျာ ကန့်ကွက်

အသုံးပြုဖော်ပြခြင်းအတွက် ဆောင်းပါးရှင် အပါအ၀င်ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး
အကြောင်းကြားကန့်ကွက် သွားမည်ဖြစ်ကြောင်း ပရိသတ်များအား အသိပေးရှင်းလင်းချက်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွက် (ယခုရက်ပိုင်းတွင်)ထွက်ရှိလာသော ညှို့မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)တွင် ညီမနှင့်ပတ်သက်သည့်ဆောင်းပါးနှင့် ထိုဆောင်းပါးနှင့်အတူ ညီမ၏ဓါတ်ပုံများဖော်ပြ ပါရှိလာပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ညီမ(နန်းခင်ဇေယျာ)ကို အစဉ်တစိုက် အားပေးပံ့ပိုးခဲ့ကြသောပရိသတ်များ၏ မေးမြန်းမှုများ၊ ဝေဖန်အကြံပြုမှုစာများကို လက်ခံရရှိခဲ့ပါသည်။

အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်
(ဇော်မင်းဝင်း-ဥပဒေ) ညွှန်းဆိုထားသော ဆောင်းပါး၏ ဆိုလိုရင်းရည်ရွယ်ချက်မှာ နိုင်ငံတကာပြိုင်ပွဲများတွင်ကြိုးစားယှဉ်ပြိုင်ခဲ့သော ညီမ၏ လုပ်ရပ်အပေါ်တွင် ချီးကျူးညွှန်းဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ)၏ ဤကဲ့သို့ အသိအမှတ်ပြု ရေးသားဖော်ပြမှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။

သို့သော် ညှို့မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)တွင်ပါရှိလာသည့် အဆိုပါဆောင်းပါးနှင့် ညီမ၏ဓါတ်ပုံများကို ဖော်ပြခြင်းအတွက် ဆောင်းပါးရှင်အပါအ၀င် မည်သည့်တာဝန်ခံတစ်စုံတစ်ဦးကမျှ ညီမထံသို့ကြိုတင်အသိပေးခြင်း၊ အကြောင်းကြားထားခြင်းများမရှိခဲ့ပါ။ ထို့ကြောင့် ညီမကိုယ်တိုင်ပင်လျှင်ပရိသတ်များ၏ ဝေဖန်အကြံပြုစာများရရှိမှသာ သိရှိခဲ့ရပါသည်။

ညီမ(နန်းခင်ဇေယျာ)သည် ပရိသတ်၊ ပြည်သူများနှင့် အနုပညာရှင်တို့အား အဓိကပေါင်းကူးဆက်သွယ်ပေးနေသော ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများနှင့် အွန်လိုင်းမီဒီယာများအားလုံးကို အစဉ်အမြဲလေးစားတန်ဖိုးထားပြီး လိုအပ်သလို ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများကို အခွင့်သင့်သလို ပြုလုပ်ပေးလျက်ရှိပါသည်။

ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် အစရှိသော မည်သည့်ပုံနှိပ်မီဒီယာများကိုမှ ညီမ၏သတင်းလှုပ်ရှားမှုများ၊ ဆောင်းပါးများနှင့် အခြားဖော်ပြမှုများအတွက် ကန့်သတ်ထားခြင်း၊ တစ်စုံတစ်ရာတောင်းဆိုထားခြင်းများ လုံးဝမရှိပါ။

သို့ပါသော်လည်း ယခုထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည် မြန်မာပရိသတ်အချို့၏အမြင်တွင် သာမန်ထက်ပိုမိုထူးခြားနေခြင်း၊ ပထမဆုံးအကြိမ်ဖြန့်ချီထုတ်ဝေသော စာအုပ်အမျိုးအစားဖြစ်နေခြင်းနှင့် လက်ရှိထုတ်ဝေဖြန့်ချီလျက်ရှိသော အခြားပုံနှိပ်မီဒီယာများနှင့် အမျိုးအစားကွဲပြားနေခြင်းတို့ကြောင့် အသုံးပြုမည့်ဆောင်းပါးနှင့် ဖော်ပြလိုသည့်ဓါတ်ပုံများအတွက် ကာယကံရှင်(အနုပညာရှင်)အား ကြိုတင်အသိပေးသင့်သည်ဟု ယုံကြည်ယူဆပါသည်။ ထိုသို့ကြိုတင်အသိပေးထားခြင်း မရှိသည့်အတွက်လည်း ညီမ၏ပရိသတ်များနှင့် ထပ်တူ အံ့သြ၀မ်းနည်းမိပါသည်။

ညီမအနေဖြင့်ပရိသတ်၊ ပြည်သူတို့၏အားပေးမှုဖြင့်ရရှိလာသောအောင်မြင်မှုနှင့် ရပ်တည်နေရသော အနုပညာရှင်တစ်ဦးအနေဖြင့်သာမက Miss Myanmar တစ်ဦးအနေဖြင့်ပါ ကြိုးစားရပ်တည်နေဆဲဖြစ်ပါသည်။

ထို့ကြောင့် ပရိသတ်နှင့် ပြည်သူများ၏အထင်လွဲမှားမှုများဖြစ်ပွားနိုင်သော အကြောင်းအရာတစ်ခုဖြစ်လာနိုင်သည့် ညီမ၏ဓါတ်ပုံများကို ကြိုတင်အသိပေးခြင်းမပြုလုပ်ဘဲ ညှို့မဂ္ဂဇင်းတွင် အသုံးပြုဖော်ပြခြင်းအတွက် ဆောင်းပါးရှင် အပါအ၀င် ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး အကြောင်းကြားကန့်ကွက် သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်။

နန်းခင်ဇေယျာ

အပန်းဖြေနားရက်များ(၂)--အောင်ဆန်းစုကြည်

Naymin Tun's photo.

အပန်းဖြေနားရက်များ(၂)

    ၁၅၊ စက်တင်ဘာလ၊ ၂၀၁၁၊ ကြာသပတေးနေ့၊ အတွဲ့ (၂)၊ အမှတ် (၆၀) ပြည်သူ့ခေတ်ဂျာနယ်   မှ ဆောင်းပါးဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမှားပါလျှင် ကျွန်တော်၏ အမှားသာဖြစ်ပါသည်။

    မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ(၂)အောင်ဆန်းစုကြည်

    Bagan Hotel (River View) ပုဂံဟိုတယ်(မြစ်ရှုခင်းသာ) ဆိုတဲ့အတိုင်းသစ်ပင် ပန်းပင်တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ ဟိုတယ်ဝင်းရဲ့ အနောက်ဘက်အနားစွန်း တစ်လျှောက် ပျင်းရိပျင်းတွဲ စီးဆင်းနေတဲ့ ဧရာဝတီရဲ့ ခမ်းနားလှပတဲ့ ရှုမြင် ကွင်းကို မြင်ရပါတယ်။ မုတ်သုံရာသီထဲ ထဲထဲဝင်ဝင်ရောက် နေပေ မယ့်ကျွန်မတို့  ပုဂံမှာ နေခဲ့တဲ့ လေးရက် အတွင်း မိုးလေးတစ်ပြိုက် (ဖျန်းတယ်ဆိုရုံလေး) ရွာတာသာရှိလို့ ညတိုင်းမှာ ဒီရှေးမြို့တော်ဟောင်းရဲ့ကျော်ကြားလှတဲ့နေ၀င်ချိန် ရှုခင်းတွေနဲ့ ကြည်းနူး ခဲ့ရပါတယ်။ ကျွန်မတို့နေတဲ့ ဘန်ဂလိုလေးရဲ့ဝရန်တာကနေပြီး အနီရောင် စက်ဝိုင်းကြီး တရွေ့ရွေ့နဲ့ ဣနြေ္ဒကြီးစွာ နိမ့်ဆင်းလာတာ၊ သူ့ရဲ့အလင်းနဲ့ မဖြစ်နိုင်လွန်းတဲ့ ဟင်္သပြဒါးတွေ၊ လိမ္မော်တွေ၊ အ၀ါတွေနဲ့ကောင်းကင် တစ်ခုလုံးကို လိမ်ကျံထားလိုက်ပြီး ဆန်းပြားလှတဲ့ တိမ်စိုင်ပုံရိပ်တွေကို အလင်းပေးတာတွေဟာ မြစ်တစ်ဖက်ကမ်းက မရန်းစေ့ရောင်နဲ့ မဲနယ်ပြာရောင် စွန်းနေတဲ့ တောင်တန်းနောက်ကို ပုန်းလျှိုမသွားမ ချင်း တွေ့နေရပါတယ်။ ခရီးသွားလမ်းညွှန်း လက်ကမ်းကြော်ငြာထဲက ဓာတ်ပုံတစ်ပုံ အသက်ဝင်လာ သလိုပါပဲ။

      ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့အလည် ရောက်လာကြသူတွေက ပုဂံရဲ့ဆွတ်ပျံ့ဖွယ်၊ အံ့မူး ဖွယ်တွေကို အများကြီး ရေးခဲ့ကြ ပြီးပါပြီး။ ဒီမိုးခေါင်ရေရှားလွင်ပြင်မှာ ဘာသာရေး အဆောက်အအုံ တွေ အရွယ်စုံ ထောင်နဲ့ချီပြီး ရှိပါတယ် (ရှေးဟောင်း သုတေသနဌာန ရဲ့စာရင်း အရ သေးငယ်တဲ့ အုတ်ပုံအပါအ၀င် စုစုပေါင်း ၃၀၀၀ ကျော်)။ သးသေး ကြီးကြီး တစ်ခုချင်းစီဟာထိပ်မှာ အဖျားချွန် သဏ္ဌာန်နဲ့ မိုးကောင်ကင်း အမြင့်ဆီ ဦးတည်နေတာ ချည်းပဲမို့ ရုပ်ပိုင်ဆိုင်မှုထက် ပိုမိုတဲ့မြင့်မြတ်တာ တစ်ခုခုကို မျှော်မှန်းနေကြတဲ့ သဘောကို ဗိသုကာအမြင် အရဖော်ပြနေပါတယ်။ အကြိမ်ပေါင်းများစွာ ရေးဆွဲထားကြပြီးဖြစ်တဲ့ ပုံကို တစ်ထပ်တည်းတူအောင်ဆွဲဖို့ မလိုတော့တာကြောင့် ကျွန်မ အပေါ်စွဲထင် မှုလေးတွေနဲ့ပဲ  ခြယ်သလိုက်ပါရစေ။ မှောင်ရိပ်ပျိုးလာ တော့ ဘာသာရေးနဲ့ မွှမ်းထားတဲ့ မြို့ဟောင်းဟာ အတိတ်ကလည်းမဟုတ်၊ ပစ္စုပ္ပန်ထဲမှာလည်း မရှိတဲ့၊ အချိန်ကာလတွေက ကင်းလွတ်နေတဲ့လောက တစ်ခုကို ရောက်သွားပါတော့တယ်။ ပုထိုး စေတီငယ်လေး အများစုကတော့ ပြိုလဲပျက်စီးပုံ အဆင့်မျိုး စုံနဲ့ယိုယွင်းတဲ့အဘော၊ အနိစ္စ သဘောတရားနဲ့ မာယာအိပ်မက်တွေ ပြိုကွဲ ကျေပျက်ရတဲ့ သဘောတို့ ကို လှစ်ပြနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာထွန်းကာရာ မြေမှာသာမက တန်ခိုးအာဏာရှင်တွေက သူတို့ သြဇာဂုဏ် အရှိန်အ၀ါတွေကို ထာဝရမှတ်ကျောက် တင်ဖို့ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘယ်နေရာမှာပဲ မဆို သင့်တော်တဲ့သင်ခန်းစာ ဖြစ်ပါတယ်။ ပုဂံဟာကွယ်ပျောက် သွားပြီးဖြစ်တဲ့ ခမ်းနား ကြီးကျယ်ခြင်းနဲ့ ဆုံးရှုံးသွားပြီး ဖြစ်တဲ့ယဉ်ကျေးမှု ခေတ်ကြီးတွေကို သတိရ ဆင်ခြင်စေ ပါတယ်။ ရှယ်လီရဲ့ကဗျာကသ ရုပ်ဖော်သလို အဆုံးမရှိတဲ့ သဲကန္တာရထဲမှာ အပိုင်းအစ တုံးကြီးတွေ အဖြစ်သာ ကျန်နေတော့တဲ့ ကျောက်သားမဲ့ပြုံးပိုင်ရှင် အိုဇီမန်ဒီယပ်ရဲ့ သနားစရာ့မာနမာန်ကို အမှတ်ရစေပါတယ်။ “အသင် အင် အား ကြီးလှသူများ၊ ငါ့လုပ်ဆောင် ချက်တွေကြည့်ပြီး စိတ်လျှော့ကြလော့”

      မိမိရဲ့ဘာသာရေး ကိုင်းရှိုင်းမှုကိုဒီလို အုတ်တွေ၊ သရွတ်တွေနဲ့သက်သေထူခဲ့ကြတဲ့ ရှင်ဘုရင် တွေ၊ မိဖုရားတွေ၊ မင်းညီမင်းသား မှူးကြီးမတ်ရာတွေထဲကဘယ်နှယောက်က တကယ့်ကို သံသရာက လွတ်မြောက် ချင်ခဲ့ကြသလဲ။ ဘယ်နှယောက်က မိမိတို့ရဲ့လောကီ တန်ဖိုးကိုအဖိုးကြီး အဆောက်အ အုံတွေ ထူခြင်းနဲ့သက်သေပြုဖို့ ကြိုးစားခဲ့ကြသလဲ။ ဘယ်နှယောက်က နိဗ္ဗာန်ရဲ့ သဘောတရားကို မခြုံငုံနိုင်တာကြောင့် သံသရာမှာ လည်နေသရွေ့ လောကီစည်းစိမ်ရှိဖို့အတွက် အာမခံအနေနဲ့ ဒီ ဆောက်လုပ် မှုတွေကို ဆောင်ရွက်ခဲ့ကြသလဲ။DASSK3

      ပုဂံပြည်ကို စိုးစံခဲ့ကြတဲ့ မင်းဧကရာဇ်စာရင်းက ရှည်လျားလှတဲ့ ဆိုပေမယ့်ကျွန်မ စိတ်ကူးစိတ် သန်းကို ဖမ်းစားနိုင်တာ တစ်ဦးပဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျန်စစ်သားမင်း ပါပဲ။ ကျွန်မတို့ငယ်ငယ် က သင်ရတဲ့ သမိုင်းသာအုပ်တွေအရ သူဟာ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အ နော်ရထာဘုရင်ရဲ့သားပါပဲ။ ဒါပေမယ့် ပညာရှင်တွေရဲ့တွေ့ရှိချက်တွေ အရတော့ သူတို့နှစ်ယောက် ဟာ သွေးမတော်စပ်ပါဘူး။ ကျန်စစ်သားက သာမန် မျိုးရိုးထဲကပဲဖြစ်နိုင်ပေမယ့် သူက သာမန်မဟုတ် တဲ့အရည်အချင်းတွေ ပိုင်ပါတယ်။ သူရသတ္တိနဲ့ ပြည့်စုံပြီး ရဲရင့်တယ်။ ဘုရင်တပ်မတော်ရဲ့ အကြီးအကဲ စစ်ဗိုလ်ချုပ်အထိ တက်လှမ်းခဲ့ပြီး ကျော်ကြားတဲ့သူရဲကောင်း တစ်ယောက် ဖြစ်လာတယ်။ ဒါတွေ ကြောင့် ဘုရင်အိုကြီး မနာလိုဝန်တိုဖြစ်ခဲ့ပြီး သူ့ကို ပုန်ကန်မယ့် လူလို့ သံသယတွေ ၀င်ခဲ့ပုံရပါတယ်။ အနော်ရထာ လွန်တော့ ပျော့ညံ့ပြီး အရည်အချင်းနည်းတဲ့ သားတစ်ဦး နန်းတက်ခဲ့ပေမယ့် ခဏတာပါပဲ။ ဒီနောက် ကျန်စစ်သားဟာ အန်တုမှုမရှိ နန်တက်နိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် အနော်ရထာရဲ့ အဆက်အနွယ်ထဲက ဆက်ခံမယ့်သူတွေ မကျန်တော့ဘူးပဲ ယူဆရပါတယ်။ ကျန်စစ်သားဟာ အမြော် အမြင်၊ စွမ်းရည် သတ္တိနဲ့လုံးရည် ပြည့်ဝတယ် ဆိုတာ ပြနိုင်ခဲ့ပြီး သူဆောက် လှူခဲ့တဲ့ အာနန္ဒဂူ ဘု ရား ဟာ သူ့ရဲ့ဆွဲဆာင်မှုရှိလှတဲ့ ပင်ကိုဥပဓိတွေ ထင်ဟပ်နေ ပါတယ်။ ပြေပြစ်တင့်တယ်တဲ့ အချိုးအစားရှိ ပြီး၊ အလင်းနဲ့ အရိပ်ကို လိုသလို ရအောင်ဆောက်ထားတာဖြစ်လို့ ခံယူချက်ရော၊ တည်ဆောက်ပုံရော က အင်မတန် လှပပါတယ်။ အာနန္ဒကို ဖူးတယ် ဆိုတာဂူကျောင်းထဲက ထူခြားလှတဲ့ ရုပ်ပွား တော်ကြီး တွေထံ စိတ်ဝိညာဉ် ခိုလှုံရာအနေနဲ့  ဦးခိုက်ရသလို၊ ရှားပါးလှတဲ့ အုပ်စိုးသူ မင်းတစ်ပါးကို လေးစားသမှု ပြုရသလိုလည်း ဖြစ်ပါတယ်။

     ဟိုတယ်ဝင်းထဲမှာ ကျွန်မတို့အတွက် တကယ့်ကို အံ့အား သင့်ရ စေတာက ဂူစေတီလေး နှစ်ဆူစ လုံးဟာ ကျန်စစ်သားနဲ့ သက်ဆိုင်တယ်လို့ သိခဲ့ရ ပါတယ်။ တစ်ဆူက သူ့နန်းသက် အစောပိုင်းမှာ ရန် သူတွေကို အောင်မြင်နိုင်ခဲ့ခြင်း အတွက် ကျေးဇူးအောက်မေ့တဲ့ အနေနဲ့ တည်ထားတာဖြစ်ပြီး နောက် တစ်ဆူကတော့ သူ့ ဘ၀နောက်ဆုံးပိုင်း အရောက် ဘ၀တစ်လျှောက်လုံး စစ်သူရဲကောင်း ဘ၀နဲ့သူပြုမူ ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အတွက် သံဝေဂရပြီး ပြောရာပြေကြောင်း ရည်းစူးတည်ခဲ့ တာလို့ ပြောပြကြပါတယ်။ အရွယ်အစားသင့်ရုံ ဒီဂူကျောင်း နှစ်ဆူဟာ ညနေ တိုင်း စောင်းတီး ခတ် ဖျော်ဖြေ တတ်တဲ့ ညစာခန်းမ ကပြင်အနားက ပန်းခြံထောင့် တစ်နေရာမှာရှိနေတယ်။ သီးသန့် ဘုရားကျောင်းလေးလို ဖြစ်နေတဲ့နေရာမှာ ဖယောင်းတိုင် မီးပူဇော် ရတာဟာ ခမ်းနား ကျော်ကြားလှတဲ့ ဘုရားတွေကိုဖူးရတာနဲ့မတူတဲ့ အတွေ့အကြုံ ခံစားမှုပါပဲ။DASSK1

      ကျွန်မသားနဲ့ ကျွန်မက ပုဂံ အနှံ့အပြားမှာ ရှိနေတဲ့ ဘုရားစေတီ အားလုံးကို ဖူးမနေတော့ဘူး လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာနန္ဒာနဲ့ ဟိုတယ်ဝင်းထဲက ကျန်စစ်သားရဲ့ ကောင်းမှု စေတီလေးတွေက လွဲရင်တော့ သဗ္ဗညုနဲ့ မနူဟာစေတီကို သွားဖူးခဲ့ပါတယ်။ မနူဟာစေတီကို အဖမ်းဆီးခံ မွန်ဘုရင် မနူ ဟာတည်ခဲ့တယ်လို့ ယူဆခဲ့ကြတာကြောင့်ထူခြားတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ ကာလကြာရှည် လက်ခံခဲ့ကြတဲ့ သမိုင်းပုံပြင်ကို ပညာရှင်တွေကြား ခုနောက်ပိုင်းမေးခွန်း ထုတ်လာကြပေမယ့် ဒီဂူဘု ရားဟာ လွတ်လပ်မှုကို မွတ်သိပ်တဲ့၊ ထိုင်းမှိုင်းလေးလံတဲ့အာဝါသအဖြစ် ပေါ်လွင်အောင်တမင် ဒီဇိုင်း ထုတ်ထားတယ် ဆိုရင်ငြင်းနိုင်မှာ မဟုတ်ပါဘူး။ အထဲကဗုဒ္ဓရုပ်ပွားတော်ကြီးတွေဟာ ရှိနေတဲ့နေရာအ ကျယ်အ၀န်းနဲ့ မကိုက်လောက်အောင် ကြီးမားနေပြီး ဖူးမြော်သူကို ပိတ်လှောင် မွန်ကျပ်ခြင်းနဲ့ မကိုက်လို မှု ပြင်းပြနေတဲ့ ၀ိညာဉ်ရဲ့ရုန်းကန် အသက်ရှူနေခြင်းတို့နဲ့ ထိတွေ့ရသလို ခံစားရစေ ပါတယ်။ အဲဒီ ဘုရားသွားဖူးတာ ကျွန်မတို့ နိုင်ငံမှာသိပ်ကို လိုအပ်နေတဲ့အရာနှစ်ခုကို သတိပြုစေ ပါတယ်။ လူမျိုးစု တိုင်းရင်းသားတွေကြားထဲ ညီညွှတ်မျှတမှု ရက်ယှက်ဖို့နဲ့ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတိုင်း လွတ်မြောက်ဖို့တို့ ဖြစ်ပါတယ်။ ဒီအသိတွေ ကနေတော့ အပန်းဖြေအနား ယူနိုင်တယ် ရယ်လို့ မဖြစ်နိုင်ပါ ဘူး။

                                                                         အောင်ဆန်းစုကြည်

    (၂၂.၈.၂၀၁၁နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်ဖော်ပြပြီး)

အပန်းဖြေနားရက်များ(၂)

၁၅၊ စက်တင်ဘာလ၊ ၂၀၁၁၊ ကြာသပတေးနေ့၊ အတွဲ့ (၂)၊ အမှတ် (၆၀) ပြည်သူ့ခေတ်ဂျာနယ် မှ ဆောင်းပါးဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမှားပါလျှင် ကျွန်တော်၏ အမှားသာဖြစ်ပါသည်။

လက်နက်ချဖို့ခိုးကြောင်ခိုးဝှက်အိမ်ပြန်တဲ့ခရီးမဟုတ်ပါဘူး လို့ဆိုတဲ့ဆလိုင်းယောအောင်-ABSDF

Makha Mediagroup

လက်နက်ချဖို့ခိုးကြောင်ခိုးဝှက်အိမ်ပြန်တဲ့ခရီးမဟုတ်ပါဘူး  လို့ဆိုတဲ့ABSDF ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် မေးခွန်း(၉)ခု

Tuesday, 18 December 2012
၂၄နှစ်ကြာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ABSDF ကျောင်းသား တပ်မတော် ဥက္ကဌ ကိုသံခဲအပါအ၀င် ထိတ်ပိုင်းခေါင်းဆောင်(၁၀)ဦးမှာ ဒီဇင်ဘာ(၁၈)ရက်နေ့၌ ရန်ကုန်သို့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အဆိုပါ ခရီးစဉ်အခြေ အနေ
နှင့် ပတ်သက်၍ ABSDFဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကို ဆက်သွယ်မေးမြန်းဖြစ်သည် များအား ဖော်ပြအပ်ပါသည်။

မေး-  အခုလိုလေ့လာရေးခရီးစဉ်ဟာ ABSDFအတွက်ဖြစ်စေ ၊မြန်မာပြည်သူတွေအတွက် ဖြစ်စေ ဘယ်
လောက်အရေးပါသလဲ?

ဖြေ-  တိုင်းပြည်အပြောင်းအလဲမှာ ငြိမ်းချမ်းရေးက အဓိကလိုအပ်တယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုပဲ ရှေ့ရှုပြီး ဒီလေ့လာရေးခရီးကို အစပြုတာပါ။ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီစနစ်ဆီ ဦးတည်
နေချိန် ကျွန်တော်တို့အနေနဲ့ လေ့လာကြားနာဖို့လည်း လိုလားပါတယ်။ကျွန်တော်တို့ တဖွဲ့ထဲ အကျိုး စီးပွားကိုမကြည့်ပဲ ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားအပေါ် ရပ်တည်ပြီး ဆုံးဖြတ်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ် တယ်။ ဒီခရီးစဉ်ကနေ အစိုးရဘက်ကအသံ၊ အတိုက်အခံအဖွဲ့အစည်းတွေဘက်က အသံတွေကျွန်တော်တို့ နားထောင်မယ်။

အခုပထမဆုံးအကြိမ်ခရီးစဉ်မှာ အစိုးရနဲ့ ဘာမှအပေးအယူလုပ်ညှိနှိုင်းဆွေးနွေးဖို့ မရှိပါဖူး။ ကျွန်တော်တို့ ၂ ဘက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တောင် မရှိသေးပါဖူး။ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေ ရဲ့ ကျွန်တော်တို့ အပေါ်ဖြစ်စေချင်တဲ့ သဘောထားတွေ ကြားနာစုစည်းပြီး၊ နောက်တခါအစိုးရနဲ့ တွေ့ဆုံဆွေးနွေး ဖို့အတွက် ပြင်ဆင်ထားမှာပါ။

မေး-  ဒီခရီးစဉ်အတွင်းမှာပဲ ကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော်နဲ့ အစိုးရအဖွဲ့တွေ ကြား တိုက်ပွဲ တွေလည်း ဖြစ်နေတယ်။ ဒီခရီးကြောင့် အဲဒီတိုက်ပွဲတွေ တစုံတရာအပြောင်းအလဲ ရှိနိုင်မလား? ပြီးတော့ နှစ်ဖက်တိုက်ခိုက်နေချိန်၊ အပစ်အခတ်ရပ်ဖို့ သဘောမတူပဲ ပြည်တွင်းလေ့လာရေး လာတဲ့ ခရီးစဉ်ဟာ အများဝေဖန်စရာ ဖြစ်မနေဖူးလား?

ဖြေ-  မကဒတ(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)မှာ ထူးခြားတဲ့ ဖြစ်တည် မှုတွေရှိပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်နယ်စပ် တကြော တိုင်းရင်းသားတွေရှိတဲ့ နေရာမှာ ဖြစ် တည်နေတာပါ။ မွန်ဒေသ၊ ကရင်နီ၊ ကရင်ပြည်နယ်၊ ကချင်ဒေသနဲ့အနောက်ဖက်မှာရော ကျွန်တော်တို့ တပ်တွေရှိနေတယ်။ ကချင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲမှာမကဒတလည်း ကျွဲကူးရေပါရှိမှာပဲ။ ကျွန်တော် တို့က ခုခံရေးစစ်ပဲ၊ ကိုယ်ကသွားတိုက်တာ မဟုတ်ဖူး၊ ကိုယ့်ဆီသူတို့က ကျူးကျော်တိုက်ခိုက်နေတာ ဖြစ်တယ်၊ ပြီးတော့ ကချင်မှာဖြစ်နေတဲ့စစ်ပွဲကြောင့်ဆိုပြီး ကျွန်တော်တို့ ရည်မှန်းထားတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မထိခိုက်နိုင်ဘူးလို့ မြင်ပါတယ်။

မေး- ဒါဆို ဒီခရီးစဉ်ကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့် ရောက်သွားနိုင်မလား?

ဖြေ-  ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတာမဟုတ်ဖူး။ အပစ်အခတ်ရပ်စဲရေး ကိစ္စဆွေးနွေး ဖို့လည်းမဟုတ်ဖူး။ ကျွန်တော်တို့က ဒီနေ့တိုင်းပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အနေအထားတွေ လေ့လာဖို့နဲ့ ဒီအပေါ်အမြင်သဘောထားတွေ ကြားနာဖို့သက်သက်ပဲဖြစ်တယ်။

မေး-  မကဒတဟာ ပြည်တွင်းခရီးစဉ်နဲ့အစိုးရနဲ့ ဆွေးနွေးမှုဖြစ်စဉ်ကိုပြည်သူကို အသိပေးသတင်းထုတ် ပြန် မယ်လို့ တချိန်ကပြောဖူးပါတယ်။ အခုခရီးစဉ်မှာ မီဒီယာတွေကို အသိပေးတာမတွေ့ရပါဖူး၊ ဘာကြောင့် ပါလဲ?

ဖြေ- ကျွန်တော်တို့ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ တွေ့တဲ့အခါ ပြော ပါတယ်။ လက်နက်ချပြီး အိမ်ပြန်မဲ့ခရီးစဉ်မဟုတ်ဖူး ဆိုတာပါ။ ဒီနေ့သွားတဲ့ခရီးစဉ်ကလည်း လက်နက် ချဖို့ခိုးကြောင်ခိုးဝှက် အိမ်ပြန်တဲ့ခရီးမဟုတ်ပါဖူး။ ကျနော်တို့နှစ်ဘက် သဘောတူထားတာ တွေရှိနေ လို့လောလောဆယ်မီဒီယာတွေနဲ့ မတွေ့နိုင်ပေမဲ့ခရီးစဉ်ပြီးဆုံးတဲ့အခါ သတင်းစာရှင်းပွဲလုပ်ပြီး သတင်း ထုတ်ပြန်မှာပါ။

မေး-ပြည်ပဒီမိုကရေစီအင်အားစုတော်တော်များများက ဒီနေ့အစိုးရရဲ့ အပြောင်းအလဲနဲ့ နိုင်ငံရေး အရွေ့တွေ အပေါ်သံသယရှိနေပါတယ်။ ယုံကြည်မှုလည်းနည်းတယ်။ မကဒတရဲ့ခရီးစဉ်ဟာ ကိုယ့် အချင်းချင်းကြား ယုံကြည်မှုကို မထိခိုက်စေဖူးလား?

ဖြေ- ကျနော်တို့အားလုံးမှာတိုင်းပြည်ကိုပြောင်းလဲဖို့လိုအပ်ပြီဆိုတဲ့စိတ်ကတူညီနေကြပါတယ်။ငြိမ်းချမ်း ရေးတည်ဆောက်ရာမှာ အပေးအယူဆိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူကသာတယ်၊ ဘယ်သူ ကနာတယ်လို့မဟုတ်ပဲ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားပေါ်ရပ်တည်ကြရမှာပါ။၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ကိုယ်ကနိုင်ငံရေးအရ အောက်စီးရောက်တယ်၊ သူကတော့အပေါ်စီးက ကစားတယ် ဆိုတဲ့ အတွေးတွေနဲ့လုပ်မယ်ဆို ကျွန်တော်တို့ကြားထဲမှာ တစုံတရာအခက်အခဲတွေရှိနေမှာပဲ။ ဒီနေ့ပြုပြင်ပြောင်းလဲ ရေးကိုသွားတဲ့အခါ ၂၀၀၈ဖွဲ့စည်းပုံဟာ အကန့်အသတ်တွေဖြစ်နေမယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒီတော့ အဲဒီအကန့်အသတ်တွေကို ဘယ်လိုကျော်လွှားနိုင်မလဲ၊ ဒီအတွက်သွေးထွက်သံယိုမှုနည်းတဲ့ နည်းလမ်းတွေရှာဖွေရမှာပါပဲ။

မေး- အစိုးရဘက်ကနဲ့ အတိုက်အခံဘက်က ဘယ်သူတွေနဲ့တွေ့ဖို့ရှိလဲ?

ဖြေ- ကျွန်တော်တို့အစိုးရ၀န်ကြီးဌာနတွေအပြင်၊ဌာနဆိုင်ရာအကြီးအကဲတွေနဲ့တွေ့ပြီး တိုင်းပြည်ပြုပြင် ပြောင်းလဲရေးအတွက် တာဝန်ယူဆောင်ရွက်နေတာတွေကို လေ့လာမယ်၊နောက်တခါ အတိုက်အခံ ဘက်က ၈၈ကျောင်းသားအုပ်စုတွေ၊ နိုင်ငံရေးပါတီအဖွဲ့တွေ၊ NLDနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း တွေ့ခွင့် တောင်းထားပါတယ်။

မေး..အရင်ကရော အစိုးရနဲ့ဆွေးနွေးဖူးတာရှိသလား? ဘယ်လိုရလဒ်တွေရခဲ့လဲ?

ဖြေ- ပြီးခဲ့တဲ့ဇွန်န်လ၂၆ရက်တုန်းက ဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ ဆွေးနွေးတော့ လက်နက်ချဖို့ကိစ္စသူတို့ပြော တယ်။ အဲဒီတော့မဖြစ်နိုင်လို့ ရပ်သွားတယ်။ နောက်တခါ ဥက္ကဌအပါအ၀င် ကျွန်တော်တို့ဗဟိုကော်မတီ ၀င်တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ ကျွန်တော်တို့ကတွေ့ဆုံဆွေးနွေးရေး အပေါ်ထားတဲ့ သဘော ထား နိုင်ငံရေးရည်မှန်းချက်(၃)ခုကို ဆွေးနွေးပြတယ်။ ပထမ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း
ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ.မကဒတကပါချင်တယ်။ ဒုတိယက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စေ ချင်တယ်။ တတိယတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကိစ္စပါ။ အဲဒီဆွေးနွေးပွဲကနေ သဘောတူညီချက်(၃)ခု တော့ရခဲ့တယ်။

၁။နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်သွားမယ်။

၂။ပြည်တွင်းလေ့လာရေးသွားဖို့ကိစ္စ။

၃။နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိစ္စကျိုးစားဆောင်ရွက်ပေးပါ့မယ်ဆိုတဲ့ သဘောတူညီ ချက်တွေ ဖြစ်တယ်။

(အဲဒီသဘောတူညီချက် နောက်ဆက်တွဲအဖြစ် နိုဝင်ဘာ၁၉ရက်နေ့မှာလွှတ်ပေးတဲ့ အကျဉ်းသား (၆၅)ယောက်မှာ သေဒဏ်ကျခဲ့ဖူးတဲ့ ကျွန်တော်တို့ရဲဘော်(၁၀)ယောက်ပါလာပါတယ်)

အခုလေ့လာရေးခရီးစဉ်ဟာ ဆွေးနွေးပွဲဖြစ်လာစေဖို့တံခါးစဖွင့်တဲ့ခရီးစဉ်ပဲ.. ။ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဟာ အပစ်အခတ်ရပ်စဲရေး မလုပ်သေးပဲ၊ ပြည်တွင်းထဲသွားတယ်ဆိုတာ၊ ကျွန်တော်တို့တစ်ဖွဲ့ထဲ ရှိတာကလည်း ထူးခြားမှုတခုပါ။

မေး-ဘယ်တွေကို သွားလေ့လာကြမှာလဲ?ဘယ်လောက် ကြာမလဲ?

ဖြေ- အဖွဲ့လိုက်အနေနဲ့တော့ ရန်ကုန်နဲ့နေပြည်တော်ပဲ သတ်မှတ်ထားပါတယ်။

ကျန်တာကမိသားစုတွေနဲ့ ကိုယ့်ဖာသာတွေ့ကြဖို့ပါ။ ၂ပတ်လောက်ကြာမယ်။ လာမဲ့နှစ်သစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမှာပါ။

မေး- ဒီခရီးစဉ်ကနေ ဘယ်လောက်ထိ ရလဒ်ကောင်းတွေ မျှော်လင့်နိုင်မလဲ?ဲ..

ဖြေ- ပွင့်ပွင်းလင်းလင်းပြောရရင်အများကြီ်းမျော်လင့်ထားတာတော့မရှိပါဖူး။ အစိုးရအသွင် ကူးပြောင်းရေး ဆိုတာလည်းမြင်နေတာပဲလေ၊ ဒီကနေ့အပြောင်းအလဲနဲ့ပတ်သက်လို့ သူတို့ထဲမှာလည်း တကယ်ကြီး မားတဲ့ပြဿနာရှိနေတယ်ဆိုတာကို ဦးအောင်မင်းနဲ့ဦးလှမောင်ရွှေတို့ကလည်း ပြောပြတယ်။ တကယ့် အပြောင်းအလဲကိုသမ္မတနဲ့ အတူတူနဲ့ နီးစပ်သူတွေကပဲလုပ်နေတာလေ၊နောက်တခုက ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အစိုးရဆီမှာခေါင်းစဉ်မရှိတာကို မြင်နေရတယ်။ သူတို့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးဘယ်
လောက်ဆွေးနွေူးဖို့စိတ်ဝင်စားမှု ရှိ/မရှိမသိရဖူး။

ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့မျက်နှာကိုကြည့်ပြီး တတ်နိုင်သလောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့လုပ်ဆောင်သွားမှာပါ။

ကိုညို(မြစ်မခ)

အပန်းဖြေနားရက်များ - ၁ (အောင်ဆန်းစုကြည်)

Naymin Tun's photo.

အပန်းဖြေနားရက်များ - ၁ (အောင်ဆန်းစုကြည်)

(ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးပါ။ ဖေ့စ်ဘုတ်မှာ စာစီပြီး မျှထားတာတွေ့လို့ ကူးယူပါတယ်။)

ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျတ်ခနဲ မှတ်တမ်းထားမိလိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။

ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။

မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။

ခတ္တမန္ဒူမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို.. နာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။

မြန်မြတ်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊ အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ...။

အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။

အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ …။

တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့ ကစားမြူးထူး၊ နေကြတာ။

ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ အဲဒါကြောင့်ပဲ သားငယ် ထိန်းလင်း (ကင်မ်) တစ်ယောက် ဇွန်လထဲမှာ ကျွန်မရဲ့မွေးနေ့ကို ရောက်လာပြီး၊ အပန်းဖြေခရီးတစ်နေရာရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျွန်မအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။

နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစားကြည့်ကြပြီးတဲ့ အခါမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေခရီးတို သွားဖို့ဆိုတာ သဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ အစီအစဉ်ဆွဲကြည့်ခဲ့ကြတယ်။

မုတ်သုံရာသီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း တစ်နေရာကိုပဲ ရွေးချယ်ဖို့ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်မှာပါ။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ စစ်တပ် ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှားခဲ့တဲ့ မန္တလေးမြို့ရှိတယ်။ ဒါမှမဟုတ် ကာလာကြာမြင့်စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခမ်းနားခဲ့မှုကို သက်သေပြနေတဲ့ ထောင်ပေါင်းများစွာသော ဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေး၊ ယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ် အဲဒီသုံးခုစလုံး အချိုးအစားအမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေမှုလား။

ပုဂံကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ ရွေးချယ် ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ ပုထိုးစေတီတွေနဲ့ မြို့ဟောင်း ပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှုရှိလှပါတယ်။ ဒါပေမဲ့ သွားမယ့်အချိန်က ဧည့်သည် ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့အေးအေးချမ်းချမ်းနဲ့အနားရလိမ့်မယ် ထင်ခဲ့ပါတယ်။ ကျွန်မတို့သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊ ဘာသာရေးအဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မအတွက် လေးနက် အဓိပ္ပာယ်ရှိတဲ့၊ ထူးခြားတဲ့နေရာ အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးကြီးဆုံးတစ်ချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊ ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ် (ဒါဟာ မိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာ ထားရစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး မဟုတ်လား)၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ တစ်ခုကို ရှာဖို့ပါပဲ။ ဒါအတွက် အကောင်းဆုံးနေရာတစ်ခုကို ဦးခွန်သာမြင့်က ကျွန်မတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တခြားအကြောင်းအရာ တစ်ခုကို ပြောင်းပြီး ပြောပြချင်ပါတယ်။

ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင်မြို့နယ်က ရှစ်ဆယ်ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ရွေးချယ်ခံခဲ့ရတဲ့ ဦးဟံသာမြင့်ရဲ့ ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ဖခင်နဲ့ ကျွန်မရဲ့ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ်သမဂ္ဂကို နိုင်ငံရေးလမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေ သူငယ်ချင်းများ၊ လက်တွဲခဲ့ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မတို့ ဖေဖေတို့ဟာ နိုင်ငံရေးမှာ သဘောချင်း အမြဲတူညီခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးသားလွတ်လပ်ရေး၊ နောက်ဆုံးတိုက်ပွဲ ကာလတွေမှာ မိတ်ဆွေ သူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေး သဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့ အမြင်တွေကို အပြန်အလှန်လေးစားမှု ရှိကြတာ၊ ဂိုဏ်းဂဏနဲ့ အာဃာတတွေ ကင်းဝေးကြတာ စတာတွေကို သူတို့ရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်မတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့တစ်တွေဟာ လုပ်ဖော်ကိုင်ဖက်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေအတူ လုပ်နိုင်ခဲ့ကြတယ်။ ကျွန်မတို့မှာ ရှိတဲ့အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေးမဟုတ်ပါ) တွေက ကျွန်မတို့ကို ပိုပြီး စုစည်းပေါင်းစပ်ပေးပါတယ်။

၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန်ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျွန်မရဲ့အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ဗိသုကာတစ်ယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာအနေနဲ့၊ ပြီးတော့ မိတ်ဆွေရင်းတွေ ဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေကြီးကြပ်ပေးသူ ကိုနီတို့နဲ့ အတူပေါ့။ သူတို့တွေဟာ ကျွန်မအိမ် ပြန်လည်ပြင်ဆင်တဲ့ အလုပ်အတွက် နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော်၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ဖခင်များဟာလည်း ရန်ကုန်တက္ကသိုလ်မှာကတည်းက သိကျွမ်း၊ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေတွေလည်းပါမှာပါ) တစ်ချိန်ချိန်မှာ ရေးရပါဦးမယ်။ ဒီနေရာမှာတော့ စာလေးတစ်ကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲဒါက ခုလိုမိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျွန်မကို ဖေးမထောက်ပံ့သူတွေ၊ ခင်မင်ရတဲ့မိတ်ဆွေတွေကို ဘ၀ရဲ့လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။

ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတစ်ဦးအဖြစ် စတင်ခဲ့ရာက သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေ များလာပါတယ်။ ကျွန်မရဲ့လုံခြုံရေးအရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီး စီမံ ပြင်ဆင်ပေးသူပေါ့။

ကိုခွန်သာ ရွေးချယ်တဲ့ ပုဂံဟိုတယ်လောက် ကျွန်မတို့ အုပ်စု (အားလုံးဆယ့်ခြောက်ယောက်) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာနဲ့ ဘာသာရေး ဆိုင်ရာ အထင်ရှားဆုံးသော ပုထိုး၊ ထူပါစေတီတွေ တော်တော်များများဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာရှိတဲ့ သိပ်လှပတဲ့နေရာပါ။

အရေးကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်။ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လို ခင်မင်သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ ပြည့်စုံကြပါတယ်။

အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁

(ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးပါ။ ဖေ့စ်ဘုတ်မှာ စာစီပြီး မျှထားတာတွေ့လို့ ကူးယူပါတယ်။)

ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျတ်ခနဲ မှတ်တမ်းထားမိလိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။

ဟိမ၀န္တာမှာရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။

* အကျန်အကြွင်းတွေရဲ့ နားပန်ကျင်းမခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ် အကုန်သွင်းကြ * (ဟံသာဝတီဦးဝင်းတင် )

ခွန် ဒီးယမ်'s photo.

* အကျန်အကြွင်းတွေရဲ့ နားပန်ကျင်းမခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ် အကုန်သွင်းကြ * 
(ဟံသာဝတီဦးဝင်းတင် )

ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေလှမ်း ပြင်လာကြသလားဗျာ” တဲ့။"

ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ”

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့”

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”

“သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာချိန်ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ”

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”

“ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”

“ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”

“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ”

“ဟ.....ဟ ဘာဆော်တာလဲ”

“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”

“အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့....”

“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။ အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထုအပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင်ဝိုင်းတွန်းကြရမှာဗျို့”

“အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်းအကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ဒီနေ့တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်းဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့”။

ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)

( @[100002407425994:2048:Philosophermg Myathar] )

ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း... တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

( Philosophermg Myathar )

တရုတ်ကျောထောက်နောက်ခံရှိသည့် ၀ တပ်မတော်အကြောင်း..။

by ငရဲ သား on Thursday, July 26, 2012 at 6:00am ·
ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နက်ကိုင်
တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။  မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။

ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။

၁၉၈၈ အပြီးမှာ န၀တ/နအဖ အစိုးရရဲ့ စစ်ရေး မဟာဗျူဟာနဲ့ ငြိမ်းချမ်းရေးပေါ်လစီတွေအားနည်းချက်ကြောင့် အပစ်အခတ်ရပ်စဲတာကို ငြိမ်းချမ်းရေးရခဲ့တယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖြည်းဖြည်းနဲ့ အင်အားကြီးထွားလာကြပါတယ်.။ အဲဒီတုန်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ပေါ်လစီဟာ တကယ်တော့ နားလည်မှုရှိစွာ နိုင်ငံရေး၊ တိုင်းရင်းသားရေး အရ ငြိမ်းချမ်းရေးယူထားတာမဟုတ်ဘဲ သေနတ်မပစ်ရင်ပြီးရောမူဝါဒချပြီး အခွင့်အရေးများစွာပေးကာ ပြည်တွင်းမှာ စီးပွားရေးကို လုပ်ချင်သလို လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်..။ အဲဒါကြောင့် ၀ တပ်မတော် (UWSA) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာ ခေတ်မီတောင့်တင်းတဲ့ လက်နက်ကိုင်များအဖြစ် အင်အားကြီးထွားလာကြပါတယ်.။

လက်ရှိအချိန်မှာ ကေအိုင်အေနဲ့ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနည်းလမ်းကျစွာ ငြိမ်းချမ်းသောဖြေရှင်းမှု၊ ကို လက်ခံဆွေးနွေးခဲ့ကြပေမယ့် တရုတ်ရဲ့အထောက်အပံ့ကို ပေါ်တင် ရရှိခဲ့တဲ့ ၀ တပ်မတော်ကတော့ အားလုံးထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး တရုတ်ရဲ့ တရားဝင်ပံ့ပိုးမှုမှုကြောင့် ယခုထက်ထိ အစိုးရကို လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။

ထူးခြားတာက ၀တပ်မတော် အဲဒီလို အင်အာကြီးမားလာတာ တရုတ်ကြောင့်ဖြစ်ပေမယ့် တရုတ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့စကားလုံးကို ယခင်/ယခုအစိုးရကကော တပ်မတော်ကပါ မသုံးစွဲဝံ့တာက အံ့သြစရာဖြစ်ပါတယ်။ ထို့အတူ   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဆိုပြီ မြို့နယ် (၆) မြို့နယ် နဲ့ ဖွဲ့စည်းခွင့်ပေးလိုက်ရပါတယ်..။ အဆိုးဆုံးတစ်ချက်က ပြည်ထောင်စုအစိုးရရဲ့ ပေါ်လစီနဲ့ ညွှန်ကြားချက်မလိုပဲ ၀ ပြည်နယ်အစိုးရနဲ့ တရုတ်နဲ့ တိုက်ရိုက် ဆက်ဆံခွင့်အာဏာကို ပေးလိုက်ရတာဖြစ်ပါတယ်..။ အမေရိကန်မှာတောင် ဖက်ဒရယ်ပြည်နယ်အစိုးရအဆင့်က အခြားနိုင်ငံအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံခွင့် မရှိပါဘူး။

ဝ ပြည်နယ် (၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း) နှင့် UWSA ၀ တပ်မတော် ဖြစ်ပေါ်လာပုံ..။

ဝပြည်သွေးစည်းညီညွတ်ရေးအလံ..။

ဝ တောင်ပိုင်း မြောက်ပိုင်း။

ငြိမ်းချမ်းရေး နှစ် နှစ်ဆယ်ပြည့် အခမ်းအနားတွင် ၀ တပ်မတော် ဦးစီးချုပ် တပ်စစ်နေပုံ.. ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ရှိသော်လည်း (ကားတွင် မြန်မာ-တရုတ်) အလံနှစ်ခု ထောင်ထားသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ ၁၉၇၀ နောက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ တရုတ်ရဲ့အထောက်အပံ့နဲ့ တပ်မတော်ကို ကြီးကျယ်စွာတိုက်ခိုက်ရင်ဆိုင်ခဲ့ပါတယ်.။ ၁၉၇၈ ကစပြီး တရုတ်က ထောက်ပံ့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဗကပအင်အားချည့်နဲ့လာပါတယ်..။ နောက်ပိုင်းမှာ ဘိန်းစိုက်ဘိန်းရောင်းပြီး ရပ်တည်ခဲ့ပါတယ်။ ၁၉၈၉ မေလမှာ ရှမ်းအရှေ့ဒေသက ကိုးကန့်နဲ့ ၀တွေဟာ ဗကပကို တော်လှန်ခွဲထွက်ခဲ့တာ သီးခြားရပ်တည်ခဲ့ပါတယ်..။ ဘိန်းလုပ်ငန်းကို ကိုးကန့်နဲ့ ၀ နှစ်ဖွဲ့စလုံး အကြီးအကျယ်လုပ်ခဲ့ကြပါတယ်.။ အဲဒီနှစ်မှာပဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ရခဲ့တဲ့အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို နှစ်ရှည်လများ  ကြီးမားစွာ ရင်းနှီးမြုပ်နှံမှု ရရှိခဲ့ကြသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးခဲ့ပါတယ်..။  အဲဒီလိုတွေ အခွင့်အရေးတွေပေးပြီး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ အပစ်အခတ် ရပ်စဲခဲ့ခြင်းဟာ တစ်ချိန်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအများစုက သုံးသပ်ခဲ့ကြပါတယ်..။
တကယ်လည်း ဒီအတိုင်းဖြစ်လာခဲ့ပါတယ်.. အခုအချိန်မှာ ၀ (UWSA) ဟာ စီးပွားရေးလုပ်ငန်းပေါင်းစုံ၊ နည်းလမ်းပေါင်းစုံက ရတဲ့ ၀င်ငွေများစွာနဲ့ အင်အားကြီးမားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲဒါကြောင်  “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ” မှာ ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ထည့်သွင်း ပြဌာန်းခဲ့ပါတယ်..။
ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်း(ပန်းခမ်း) မြို့နယ်များကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားပါတယ်။  အဲဒီမြို့အားလုံးဟာ သံလွင်အရှေ့ဘက်ခြမ်း တ၇ရုတ်နယ်စပ်မှာ ရှိပါတယ်..။

အစိုးရက အခြေခံဥပဒေအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပေမယ့် အခြေခံဥပဒေပါ ပြဌာန်းချက်နောက်တစ်ခုအရ အပစ်ရပ် အဖွဲ့များသည် ရွေးကောက်ပွဲ ပြီးသည့်အခါ လက်နက်ချရမည် ဆိုတဲ့ စကားကို တရုတ်အားကိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ကို လုံးဝ ဂရုမစိုက်တဲ့ တစ်ခုတည်းသော အဖွဲ့ဖြစ်ပါတယ်..။ ကျန်တဲ့ အဖွဲ့များက ငြိမ်းချမ်းရေးကို ညှိနှိုင်းလို့ရပေမယ့်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ပြီး ကြိုးစားခဲ့ကြပေမယ့်  ၀ ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုမဟုတ်သလိုပုံစံမျိုးနဲ့ရပ်တည်နေတာကို ထူးခြားစွာပဲ အစိုးရက ဘယ်လို့မှ မတုန့်ပြန်ခဲ့ပါဘူး.။

ခေါ်ဝေါ်ပုံ
ဝပြည် သွေးစည်းရေး တပ်မတော်
ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ

    ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
    ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း

အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP) မှ ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီးပါတယ်။

ဝ တပ်မတော်၏ စစ်အင်အားနှင့် စီးပွားရေး

တရုတ်မှ ၀ယ်ယူထားသော သံချပ်ကာကားများ..။

တရုတ်တပ်မတော် ဒီဇိုင်းနှင့် ၀ တပ်မတော် ရဲမေများ..။

တရုတ်မှ ၀ယ်ယူထားသော ခေတ်မှီ သံချပ်ကာကား တစ်မျိုး

ငြိမ်းချမ်းရေး နှစ် ၂၀ ပြည့်အခမ်းအနားတွင် တရုတ်မှ စက်ရုံတည်ပေးသော AK 47 အသစ်စက်စက်များကို ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးများ မချိပြုံးဖြင့် ကြည့်နေခဲ့ရသည်။

၂၀၀၉ ခုနှစ်က ပြုလုပ်သော အခမ်းအနားသို့ ပါဝင်တက်ရောက်သူ မြန်မာ စစ်အရာရှိကြီးများ

ဝမြို့တော် ပန်ဆန်း

တရုတ်မှ ၀ယ်ယူထားသော စစ်သည်တင်ယာဉ်များ

၂၀၁၀ ၀န်းကျင်က လေ့လာချက်အရ ၀ ပြည်သွေးစည်းရေးပါတီရဲ့ ၀ တပ်မတော် UWSA ဟာ တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိပါတယ်။ စစ်သည်တင်မော်တော်ယာဉ် အစီး ရာကျော်၊ သံချပ်ကာ ကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားပါတယ်.။  စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းခဲ့ကြောင်း ၂၀၀၉ မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။ တရုတ်လက်နက်ကုန်သည်များနဲ့ တခြားနိုင်ငံက သူပုန်များအကြားကို ပွဲစားလုပ်ပေးတဲ့အတွက် မျိုးမျိုးမြက်မြက် ရရှိခဲ့တယ်လို့ သိရပါတယ်.။
ဝမြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနို လောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီ ဆောက်လုပ် ထားတဲ့ ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော် ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်တုန်းက လက်နက်ကိုင် အရေအတွက် ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ (၈)  ခု ရှိတဲ့ အင်အားကြီး တပ်မတော်တရပ် ဖြစ်နေပါပြီ။

ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ အသားနီစပ်စပ် တောင်ပေါ်သားတွေ အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ကြီးရဲ့ ပံ့ပိုးမှုနဲ့ လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။  သေချာတာကတော့ သူ့ကို မညှိနှိုင်း မကိုင်တွယ်နိုင်ရင် ဆိုးကျိုးတွေ များလာပါလိမ့်မယ်..။ ရှမ်းပြည် အရှေ့ခြမ်းတစ်ခုလုံး မီးလောင်သွားမယ့် မီးတုတ်ကို တရုတ်က လောင်စာပေးတာခြင်းပါ..။

ဝ UWSA နှင့် မြန်မာအစိုးရသစ်၏ ပေါ်လစီ
ဝ” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါတယ်။ ဗဟို အစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀” ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀” ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။
အစိုးရဟာ ၀ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပြီး တရုတ်အစိုးရနဲ့ ၀ပြည်နယ်အစိုးရတို့ တိုက်ရိုက် ဆက်ဆံဖို့ တောင်းဆိုတာကို ခွင့်ပြုပေးခဲ့ရပါတယ်..။ ဒါတွေကို ကြည့်ရင် ယခင်စစ်အစိုးရဟာ (UWSA) ကို သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် ပြုပေးလိုက်တာ ဖြစ်ပါတယ်။  မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို လက်နက်ကိုင် တပ်တွေကို လက်ရှိအချိန်မှာ ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို ကေအိုင်အေကိုတိုက်သလို မတိုက်ရဲတာကို ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။

၁၉၆၇ က တရုတ်သံရုံးကိုထိခိုက်ခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းအပြီးမှာ ရှမ်းပြည်အရှေ့ပိုင်းက ဗကပများကို တိုက်ထုတ်နေတဲ့ မြန်မာ့တပ်မတော်ဟာ တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဗကပ အမည်ခံပြီး ဗကပယူနီဖောင်းဝတ်ထားတဲ့ တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာခုခံခဲ့ရတာကို မမေ့သင့်ပါ။ အဲဒီနောက်ပိုင်း ဆယ်နှစ်ကျော်လောက်အထိ တရုတ်ရဲ့အထောက်အပံ့နဲ့ တိုက်ခိုက်လာတဲ့ ဗကပအမည်ခံတွေကို မနည်းတွန်းလှန်ခဲ့ရတာကလည်း သာဓကပါ..။

မြန်မာနှင့် တရုတ်ကြားက ၀ ဒေသ နှင့် UWSA ၀ တပ်မတော်..
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင် ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့ အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊ တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ် တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့ “ကုတ်တံ” ဖြစ်နေပါတယ်။

“၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။
“၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။

ကေအိုင်အေနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင်များကို စုတ်ပြတ်စွာ ဝေဖန်နေကြသော အွန်လိုင်းသူရဲကောင်းများကကော  ကိုယ့်နိုင်ငံ အချုပ်အခြာ အာဏာအတွက် အရေးကြီးသည့် ၀ တပ်မတော်အား တရုတ်ကြီးမှ ၀င်ရောက်စွက်ဖက် လက်နက်ထောက်ပံ့ထားခြင်း မဟာဗျူဟာအရ မွေးထားခြင်းတို့ကို စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဖြင့် ဘာ့ကြောင့် ဝေဖန်ဆွေးနွေးခြင်း ဗဟုသုတပေးခြင်းကို မလုပ်ဝံ့ကြတာပါလဲ..။

အိမ်နီးချင်း ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။  ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက် ၀င်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။

မည်သူမဆို ရှဲနိုင်ပါတယ်..။

ကိုးကား
Photo http://mmmilitary.blogspot.com
ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား (ဆောင်းပါးရှင် -လှရွှေ)