Wednesday, December 19, 2012
အမေရိကန်မြန်မာ စစ်ရေးပူးပေါင်းမှူစတင်ပြီ
*************
( ဓာတ်ပုံ။ အမေရီကန်စစ်သဘောင်္ပေါ်တက်ရောက်လေ့လာနေသော မြန်မာရေတပ်သားများ)
 Burma-Newselite
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှူတွေကို ပိုမိုအားပေးတဲ့ အနေနဲ့  အမေရီကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်၇ွက်မှူ ပထမအဆင့်တွေကို စတင်တော့မယ်လို့  အမေရီကန်ပင်တ၈ွန်စစ်ဌာနချူပ်က အကြီးအကဲတဦးက ဒီကနေ့ ပြောကြားလိုက်ပါတယိ။ အခုစတင်မယ့် စစ်ရေးပူးပေါင်းဆောင်ရွှက်မှုမှာ လက်နကိမပါတဲ့ အကူအညီတွေပေးမှူတွေ ကို အဓိကထားဆောင်ရွက်မှာဖြစ်ပြီး လူ့ အခွင့်အရေး အကူအညီတွေနဲ့ စစ်တပ်သုံးဆေးဝါးတွေ အတွက် မြန်မာစစ်အရာရှိတွေကို သင်တန်းပေးသွားမှာလို့ သိရပါတယ်။ အဲဒိကနေမှတဆငိ့ အခြေအနေတွေကို လေ့လာပြီး အနာဂတ်မှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အဲဒိအရာရှိက သတင်းထောက်တွေကို ပြောပါတယိ။ အမေရိကန်ပြည်ထောင်စုဟာ ၁၉၈၈ခုနှစ် အရေးအခင်းမတိုင်ခင် မြန်မာစစ်အရာရှိတွေကို အမေရိကန်နိုင်ငံမှာစစ်ပညာသင်တန်းတွေပေးခဲ့ ဘူးပြီး မြန်မာစစ်အစိုးရရဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ တာဖြစ်ပါတယ်။
- ကိုးကား AFP/de
ဒီမိုကရေစီလမ်းပေါ်လျှောက်နိုင်အောင် ယခင်စစ်အုပ်စုခေါင်းဆောင်တွေ လုပ်ပေးခဲ့တယ်ဆိုတာလုံးဝလက်မခံပါဘူး(ဟံသာဝတီဦးဝင်းတင်)
r“ဒီမိုကရေစီလမ်းပေါ်လျှောက်နိုင်အောင် ယခင်စစ်အုပ်စုခေါင်းဆောင်တွေ လုပ်ပေးခဲ့တယ်ဆိုတာလုံးဝလက်မခံပါဘူး´´၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီဦးဝင်းတင် နှင့်တွေ့ဆုံခြင်း
December 18, 2012Home, အင်တာဗျူး
လက်ရှိမြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်အား စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရခေါင်းဆောင်များ၏ ဆောင်ရွက်ပေးခဲ့မှုဖြစ်ကြောင်းနှင့် ယခင်စစ်အစိုးရခေါင်းဆောင်များ လုပ်ဆောင်ပေးခဲ့သဖြင့် ပြည်သူများ ဒီမိုကရေစီအရသာအား စတင်ခံစားနေရပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူအချို့မှ ပြောနေခြင်းအပေါ် ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား Hot News Weekly သတင်းထောက်မှ တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးနိုင်ခြင်း အပေါ် ယခင်စစ်အစိုးရခေါင်းဆောင်များ၏ အခန်းကဏ္ဍအပေါ် အမြင်သုံးသပ်ချက်အချို့အား မေးမြန်းဖြစ်ခဲ့သည်။လက်ရှိအစိုးရခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံး လာနိုင်တာ ယခင်စစ်အစိုးရခေါင်း ဆောင်တွေ လုပ်ပေးခဲ့လို့လို့ ပြောနေ ကြပါတယ်။ ဒီအပေါ် ဘဘရဲ့ အမြင် လေးကို သိပါစေ။
ခုသမ္မတဦးသိန်းစိန်နဲ့ အသိုင်း အ၀ိုင်းကလည်း ဒီလို ပြောနေတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကကို ထုတ်ဖော်ပြောခဲ့တာပဲ။ ခု ဒီမို ကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်စစ်အာဏာရှင်အစိုး ခေါင်းဆောင် တွေက လုပ်ပေးခဲ့တာပါ၊ လမ်းခင်းပေး ခဲ့တာပါလို့ သူတို့ပြောနေကြတာတွေကို လုံးဝလက်မခံပါဘူး။ သူတို့ကပြောရင်
ယခင် နှစ် နှစ်ဆယ်ကျော်ထဲက ဒီမို ကရေစီစနစ်တည်ဆောက်ဖို့ စီစဉ်ပြီး သားပါဆိုတာတွေ ပြောကြတယ်။ အဲဒီ အချိန်ကတည်းကပြောရရင် ၁၉၈၈/၈၉ ထဲက တိုင်းပြည်ကိုဖျက်ဆီးခဲ့တာ၊ နှိပ်ကွပ် ခဲ့တာ စစ်အုပ်စုတွေပဲ။ သူတို့က ဒီမို ကရေစီနဲ့ တိုင်းပြည်ကိုသွားဖို့ ဖွင့်ပေးခဲ့ တာမဟုတ်ဘူး၊ ဒီမိုကရေစီကို ပိတ်ခဲ့ တာ။
၁၉၉၀ အထွေထွေရွေးကောက်ပွဲကြီး တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးစော မောင်က အနို င်ရ NLD ကို အခြေခံ ဥပဒေဆွဲခိုင်းတယ်လို့ သိရပါတယ်။ အဲဒီတုန်းက တိုင်းပြည်ရဲ့အခြေအနေ တွေအပေါ် ဘဘအနေနဲ့ ဘယ်လို သုံး သပ်ပါသလဲ။
အဲဒီအချိန်က လူထုက စစ်အုပ်စု တွေကို မလိုလားလို့ NLD ကို မဲပေးခဲ့ တာ အပြတ်အသတ်နိုင်ခဲ့တာပဲ။ ဒီတော့ ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့တာပဲ။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရတဲ့သူကို အာ ဏာလွှဲပေးမယ်။ ပြီးရင် သူတို့တွေ စစ် စခန်းတွေကို ပြန်မယ်။ ဒီတော့ လိုအပ် တဲ့အခြေခံဥပဒေဆွဲပါလို့ ပြောတယ်။ ဒီဟာက ကမ္ဘာ့သတင်းစာတွေမှာတောင် နေရာယူခဲ့တာ။ အဲဒီတုန်းက အခြေ အနေတွေကို သုံးသပ်ရရင် NLD နိုင်ခဲ့ တယ်။ NLD နိုင်တယ်ဆိုတာက သိပ် ကောင်းလို့မဟုတ်ဘူး။ အဲဒီ ရွေးကောက် ပွဲရဲ့ရလဒ်ကို စစ်အုပ်စုတွေအောက်မှာ နှစ်ပေါင်းများစွာ ချုပ်ချယ်မှုတွေနဲ့ နေ လာခဲ့ရတဲ့ ပြည်သူတွေက စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေကို လက်မခံတော့ ကြောင်း ပြလိုက်တာ NLD ပွဲကလည်း တစ်နှစ်နဲ့ ၇ လကျော်ပဲရှိတာ။ ဒါဟာ စစ်အာဏာရှင်အုပ်စုကို ပြည်သူက ငြင်း ပယ်လိုက်တာပဲ။ မင်းတို့တွေသွားလို့ မောင်းထုတ်လိုက်တာပဲ။ အဲဒီတုန်းက လူထုက ဒီမိုကရေစီလိုချင်တယ်ဆိုတာ ထက် စစ်အုပ်စုကို အလိုမရှိဘူးဆိုပြီး ငြင်းလိုက်တာပဲ။
အဲဒီတုန်းက အနိုင်ရတဲ့ NLD က လွှတ်တော်ခေါ်ပေးဖို့ န၀တအစိုးရကို တောင်းဆိုတုန်း ၁/၉၀ ကြေညာချက် ထုတ်ပြန်မှုအရ အမျိုးသားညီလာခံကြီး ကျင်းပရတဲ့အပေါ်ရော ဘယ်လိုမြင်မိ ပါသလဲ။
၁၉၉၀ မှာ NLD က ရွေးကောက်ပွဲ နိုင်တယ်။ အဲသလို နိုင်ပြီးတဲ့နောက် န၀တကို လွှတ်တော်ခေါ်ပေးဖို့ တောင်း ဆိုတယ်။ နှစ်လအထိ အစိုးရက လွှတ် တော်မခေါ်ဘူး။ အဲဒါနဲ့ နောက်တစ်လ ထပ်စောင့်မယ်။ အဲဒီလိုစောင့်တာမှ မရ ရင် ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော် ခေါ်မယ်ဆိုပြီး န၀တကို ရာဇသံပေး လိုက်တယ်။ အဲဒီမှာပဲ န၀တက ၁/၉၀ ကြေညာချက်ဆိုပြီးထုတ် ဒီတော့ အစိုးရ က အာဏာလွှဲပြောင်းဖို့တာ ဟုတ်ပြီ။ အခြေခံဥပဒေဆွဲပါ။ တကယ်တော့ စစ် အုပ်စုတွေက အာဏာလည်း မလွှဲချင် ရော အမျိုးသားညီလာခံ ခေါ်ပြီးမှ အခြေခံဥပဒေဆွဲပါ။ အဲဒီညီလာခံမှာ NLD ကိုယ်စားလှယ်တွေလည်း တက် ပါ။ တကယ်တက်ခွင့်ရတော့ အနိုင်ရ NLD အမတ် ၄၀၀ ထဲက လေးပုံတစ်ပုံ ပဲ တက်ရတယ်။ ညီလာခံကိုယ်စားလှယ် တွေနဲ့ယှဉ်ရင် ၈ ပုံ ၁ ပုံပဲ တက်ရတယ်။ ဒါဟာ အစိုးရရဲ့ တစ်ဖက်သတ်ဖိနှိပ်တဲ့ သဘောကို ပြခဲ့တာပဲ။ အနိုင်ကျင့်တဲ့ သဘောကို ပြခဲ့တာပဲ။ ကျွန်တော် ဆွဲ ပြောနေတာ မဟုတ်ဘူး ဒီလိုပဲမြင်တယ်။
အဲဒီညီလာခံကြီးရဲ့ ရလဒ်တွေအရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တာတို့၊ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်ခဲ့တာရော ရှိခဲ့ပါသလား။
အဲဒီညီလာခံကြီးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ် အခတ်ရပ်စဲရေးဆိုတာလည်း လုပ်ခဲ့တာ ပဲ။ ပြဿနာကို အဖြေရှာခဲ့ကြတာပဲ။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ လောက်ပဲ လုပ်နိုင်ခဲ့တယ်။ သူတို့ရဲ့ နိုင်ငံ ရေးပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် မဆွေးနွေးနိုင်ခဲ့ဘူး။ အဖြေမရှာနိုင်ခဲ့ဘူး။ အဲသလို ဘာမှ အဖြေတိတိကျကျ မထွက် ခဲ့တဲ့ ညီလာခံက ထွက်ပေါ်လာတဲ့ အခြေ ခံဥပဒေလည်း ဘာမှ အသုံးမကျဘူး။ တိုင်းပြည်အတွက်ရော ညီလာခံတက်ခဲ့ တဲ့ တိုင်းရင်းတွေအတွက်ရော ဘာမှ အသုံးမကျခဲ့ဘူး။
ခု သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။
ခုသမ္မတက တိုင်းရင်းသားတွေကို လာခဲ့ကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် လွှတ်တော်ထဲဝင်ကြပါ။ ပါတီ တွေဖွဲ့ကြပါ။ ပြီးလျှင် လွှတ်တော်ထဲက နေ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြပါလို့ ပြောတယ်။ မသိတဲ့ လူကျတော့ ဒီအစိုးရ သိပ်ကောင်းတာပဲ။ သိပ်ပွင့်လင်းတာပဲ။ သင်ကြမယ်။ တကယ်တော့ ဒီလိုလုပ်နေတာတွေ၊ ဒီလို ပြောနေတာတွေဟာ ဒီမိုကရေစီကို သူတို့ပေးတာ၊ ဒီမိုကရေစီကို သူတို့ဖန်တီး တာဆိုတာမျိုး ဖြစ်အောင်ပြောနေတာ ကျွန်တော်က ဒီလိုပဲမြင်တယ်။
ဘဘခင်ဗျား… လက်ရှိမြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီပြောင်းလဲလာမှုကရော ဘယ်အတိုင်းအတာထိ ရှိပါသလဲ၊ အဲဒီ အပေါ်မှာရော ဘဘအနေနဲ့ ဘယ်လို မြင်မိပါသလဲ။
လက်ရှိဒီမိုကရေစီ ပြောင်းလဲမှုဖြစ် စဉ်က အရမ်းကို အရှိန်အဟုန်မြင့်နေ တယ်လို့ မသိတဲ့လူတွေက ထင်ကြတယ်။ ပြီးတော့ ဒီအစိုးရကိုလည်း ဒီမိုကရေစီကို ဖွင့်ပေးတဲ့အစိုးရ၊ ယခင် စစ်ခေါင်းဆောင် တွေကိုလည်း ဒီမိုကရေစီသွားနိုင်အောင် လုပ်ပေးခဲ့သူတွေလို့ မြင်ကြတယ်။ တကယ်တော့ စစ်အစိုးရ အသွင်ပြောင်း အုပ်စုတွေက ဒီမိုကရေစီကို ဖွင့်ပေးတဲ့ သူတွေ၊ ဒီမိုကရေစီရအောင် လုပ်ပေးသူ တွေမဟုတ်ဘူး။ ဒီမိုကရေစီမရအောင် ပိတ်သူတွေပဲ။ ပြီးတော့ သူတို့လုပ်လို့ ရတယ်ဆိုတဲ့ ဒီမိုကရေစီကလည်း ရေ ပေါက်လေးပမာပဲ။ သူတို့တွေ ပိတ်ဆို့တဲ့ ကြားကနေ ပြည်သူတွေရဲ့ လိုလားမှုနဲ့ စိမ့်ထွက်လာတဲ့ ရေပေါက်လေးပမာပါပဲ။ ဒီတော့ ဒီကနေ့ ဒီမိုကရေစီဟာ ဘာမှ မပြည့်ဝသေးတဲ့ ဒီမိုကရေစီ လုံးဝပြည့်ဝမှု မရှိသေးတဲ့ ဒီမိုကရေစီပဲလို့ မြင်တယ်။
ဟုတ်ကဲ့၊ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘဘ။
ခန့်ခန့်(ဒဿနိက)
 The Hot News
အပျိုကြီး သမ္မတ တကယ်လုပ်မှာလား
Burma-Newselite
****************
ထားထားမြင့် ( Burma Newselite)
မနက်ဖန်လာမယ့် ဒီဇင်ဘာလ(၁၉)ရက့် နေ့ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲသမိုင်းမှာ ရာဇ၀င်တွင်မယ့် နေ့လို့ ဆိုနိုင်ပါတယိ။
။ဘာလို့ လဲဆိုတော့ အမျိုးသားတွေကြီးဘဲ အမြဲအုပ်စိုးထားတဲ့ တောင်ကိုရီးယားနိုင်ငံရေးလောကမှာ
ပထမဆုံးအကြိမ် အမျိုးသမီးတဦးက သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေလို့ ပါ။ ပြီးတော့ အဲဒိအမျိုးသမီးဟာ အိမ်ထောင်မရှိတဲ့ အပျိုကြီးတဦးပါတဲ့။ ဒါပေမဲ့ အာဏာရ Saenur ပါတီရဲ သမ္မတလောင်းအဖြစ် ရွေးချယ်ခံမယ့် သူမကတော့ လောလောဆယ် ရွေးကောက်ပွဲ မဲဆွယ်မှူမှာအလေးသာနေတဲ့ အပြင် တောင်ကိုရီယားနိုင်ငံကို ၁၈နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင်သမ္မတဟောင်းပက်၈ျွန်ဟီးရဲ့ သမီးဖြစ်သူ ပက်ဂျွန်ဟေး Park Geun-hye ဖြစ်ပါတယိ။
အာဏာရှင်သမ္မတဟောင်းပက်၈ျွန်ဟီးရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ 
ပက်ဂျွန်ဟေး Park Geun-hye ကို ၁၉၅၂ခုနှစ်မှာမွေးဖွားခဲ့ ပြီး ကိုရိးယားနိုင်ငံရေးလောကမှာ သြဇာအာဏာကြီးတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ၁၉၇၄ခုနှစ်သူ့ အမေသမ္မတကတော်ဟာ
ခင်ပွန်းသည်သမ္မတ ပက်ဂျွန်ဟီးကို လုပ်ကြံသူတွေကြောင့် သေဆုံးခဲ့ ပါတယ်။
အဲဒိတုန်းက သမီးဖြစ်သူ ပက်ဂျွန်ဟေးက သူ့ အမေတာဝန်ဖြစ်တဲ့  First lady သမ္မတကတော်ဆောင်ရွက်၇မယ့်  တာဝန်တွေကို ထမ်းဆောင်ခဲ့ သူပါ.သူဖခင်သမ္မတပက်၈ျွန်ဟီးလည်း ၁၉၇၉ မှာ လုပ်ကြံခံခဲ့ရတာမို့ နိုင်ငံရေးလောကရဲ့ ရင်နာစရာ ဇတ်လမ်းတွေကိုလည်း ကိုယ်တိုင်ခံစားဖူးသူဖြစ်ပါတယ်။ သူ့ အဖေသမ္မတရှိစဉ်တုန်းက အဖေဖြစ်သူရဲ့ အတိုက်အခံတွေအပေါ် ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့တဲ့ အတွက် Parkကို မုန်းသူတွေလည်းရှိပါတယ်။
မူလလက်ဟောင်း the Grand National Party ကို အမည်ပြောင်းထားတဲ့ လက်၇ှိအာဏာ ပါတီ Saenuri Party က ပြီးခဲ့တဲ့၂၀၁၁ခုနှစ် ဒီဇင်ဘာလမှာ ပက်ဂျွန်ဟေးကို ပါတီခေါင်းဆောင်ဥက္ကဌအဖြစ်ေ၇ွးချယ်ခဲ့ တဲ့ အတွက် အခုလို သမ္မတရွေူးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာပါ။
ပက်ဂျွန်ဟေး (Park Geun-hye )နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် သူကတော့ လူအခွင့် အရေးရှေ့နေတဦးလည်းဖြစ်တဲ့ 
အတိုက်အခံDemocratic Unitedပါတီက မွန်ဂျေအင်းပါ။ မွန်ဂျေအင်းကလည်း တောင်ကိုရီးယားနိုင်ငံက ဆင်းရဲ ချမ်းသာ ကွာဟမှုကို တိုက်ဖျက်ပေးမယ်လို့  ကတိပေးထားတာကြောင့် လူငယ်မဲ ဆန္ဒရှင်တွေရဲ့ ထောက်ခံမှုအားကောင်းနေပါတယ်။
ဒါပေမဲ့  အမျိုးသမီး အများစုကတော့ ပက်ဂျွန်းဟေး( Park Geun-hye) ကိုသာ သောင်းသောင်းဖြဖြထောက်ခံကြပါတယ်။
Park သာ သမ္မတဖြစ်ရင်တော့ တောင်ကိုရီးယားသမိုင်းမှာ အမျိုးသမီးတွေရဲ့  အကြီးမားဆုံးအောင်မြင်မှုလို့ ပြောရမှာဖြစ်သလို ရင်ဆိုင်စရာ့ ပြသာနာတွေကလည်းဒုနဲ့ ဒေးရှိနေပါတယ်။
ပထမဆုံး အမြဲတမ်းအနီးဆုံးရန်သူဖြစ်နေတဲ့ မြောက်ကိုရီင်္းယားက လက်တလောဒုံးပျံလွှတ်တင်လိုက်တဲ့ ကိစ္စကလည်း
တောင်ကိုရီးယားနိုင်ငံကို အတော်ကသိကအောက်ဖြစ်စေပါတယ်။
ဒါတင်မက အလုပ်အကိုင်ရှားပါးမှူ။ လုပ်ငန်းခွင်တွေမှာ သက်ကြီးရွယ်အိုတွေ များပြားလာတာ ။အမျိုးသမီးအမျိုးသား လစာခံစားခွင့်မညီမျှဖြစ်နေတာ။ဆင်းရဲချမ်းသာကွာဟမှုများလာတာတွေကလည်း
တောင်ကိုရီးယားနိုင်ငံရဲ့ လက်တလောပြသာနာတွေပါ။
ပက်ဂျွန်ဟေးဟာ နိုင်ငံအတွက် အသက်၂၀ကျော်ကျော်မှာ ကွယ်လွန်သူ မိခင်နေရာကို တာဝန်ယူထမ်းဆောင်ဖို့ ပြင်သစ်မှာ ပညာသွားသင်ကြားရမယ့် အခွင့်အရေးကို စွန့် လွတ်ခဲ့သူပါ။ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပေမယ့် နိုင်ငံရေးမှာ ဘ၀ကို မြုပ်နှံခဲ့ပါတယ် ။
သူမကတော့ နိုင်ငံကလွဲပြီး ချစ်စရာမရှိလို့ အိမ်ထောင်မပြူခဲ့ဘဲ အပျိုကြီးလုပ်ခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့  ပက်ရဲ့ အိမ်ထောင်မပြု သားသမီးမရှိတဲ့ အဖြစ်ကို ပြိုင်ဘက်နိုင်ငံရေးသမားတွေ က အခုသမ္မတေ၇ွးကောက်ပွဲမဲဆွယ်ပွဲမှာ အားနည်းချက်အဖြစ် ထောက်ပြကြပါတယ်။
ဒါပေမဲ့ အခုလောလောဆယ် ပက်ရျွန်ဟေးကတော့ေ၇ွးကောက်ပွဲမှာ အခြေအနေအားသာနေပါပြီ။ မနက်ဖန်ရွေးကောကိပွဲနောက်ဆုံးရလာဒ်အရ ပက်ရျွန်ဟေး သမ္မတသာဖြစ်ခဲ့ရင်တော့ တောင်ကိုရီးယားအမျိုးသမီးတွေရဲ့ 
အောင်မြင်မှူပါဘဲ။
တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံက အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြညိကလည်း လာမညိ့ ၂၀၁၃ခုနှစ်ဇန်န၀ါရီလမှာ Gwangju လူ့ အခွင့်အရေးဆုကို လက်ခံရယူဖို့ တောင်ကိုရီးယားကို သွားရောက်ဖို့ ရှိပါတယိ။
ဒေါ်အောင်ဆန်းစုကြည်သွားဖြစ်ခဲ့ရင်တွေ့ ဆုံရမယ့် တောင်ကိုရီယားသမ္မတဟာ အပျိုကြီးသမ္မတဖြစ်မဖြစ်ဆိုတာကတော့
မနက်ဖန်ဒီဇငိဘာလ (၁၉)ရက်မှာ အသေအချာပြောနိုင်ပါလိမ့်မယ်။
အပျိုကြီးသမ္မတ တကယ်ဖြစ်သွားပြီ
**********************************
ထားထားမြင့် 
၂၀၁၂ခုနှစ်ဒီဇင်ဘာလ(၁၉)ရက်နေ့ ကတော့ တောင်ကိုးရီးယားနိုင်ငံရဲ့ သမိုင်းစာမျက်နာသစ်ပါ။အမျိုးသားတွေကြီးသာစိုးမိုးလာတဲ့  တောင်ကိုရီးယားနိုင်ငံရဲ့ အုပ်ချူပ်ရေးလောကမှာ အမျိုးသမီးသမ္မတတဦး ပထမဆုံး ပေါ်ထွက်လာခဲ့ပါပြီ။ သူကတော့ အာဏာရှင်ဟောင်း Park Chung-hee,ရဲ့ သမီးဖြစ်သူ ပက်ဂျွန်ဟေး Park Geun Hye ပါ။
တောင်ကိုရီးယားအမျိုးသမီးထုရဲ့ ထောက်ခံမှုတခဲနက်ရခဲ့ တဲ့ Ms Park ဟာ မဲအရေအတွက် ၅၁.၆၄ ရာခိုင်နှုန်းရရှိခဲ့ ပြီး ပြိုင်ဘက် သမ္မတလောင်း Moon Jae-in ကတော့ ၄၇.၉၃ ရာခိုင်နှုန်းရရှိခဲ့ တာမို့ အတော်လေး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ ရတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်
။ပြိုင်ဘက် Moon Jae-in ဟာ လူ့ အခွင့်အရေးကို အစဉ်အမြဲထောက်ခံအားပေးတဲ့ေ၇ှ့ နေတဦးမို့ 
သူလိုလူကိုအနိုင်ရဖို့ ဆိုတာတော်ရုံတန်ရုံအရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး။
အခုလို သူအနိုင်ရလိုက်တာဟာ တောင်ကိုရီးယားနိုင်ငံကို အခက်အခဲအတားအဆီးတွေကြားထဲက ကျော်လွှားနိုင်ဖို့ 
ဆန္ဓရှိတဲ့ ပြည်သူတွေရဲ့ အောင်ပွဲပါလို့ Ms Park က ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်.
သူရဲ့ အဖေဟာ တောင်ကိုရီးယားကိုဆယ်ရှစ်နှစ်ကြာအုပ်စိုးခဲ့ တဲ့ 
အာဏာရှင်လည်းဖြစ်တဲ့ အပြင် သမ္မတလုပ်စဥိကလည်းအတိုက်အခံတွေကို အတော်လေးနှိပ်ကွပ်ခဲ့ သူမို့ Ms Parkေ၇ွးကောက်ပွဲဝင်တဲ့ အခါမှာ လူတွေက အာဏာရှင်ရဲ့ သမီးအဖြစ်ထောက်ပြကြပါတယ်။
ဒါတင်မက အိမ်ထောင်မရှိသားသမီးမရှိတဲ့  အပျိုကြီးတယောက်ဖြစ်တာကိုလည်း အားနည်းချက်အဖြစ် အတိုက်အခံတွေက ထောက်ပြဝေဖန်ခဲ့ပါသေးတယ်။ အဲလိုဝေဖန်တာတွေကို Park Geun hye က
" ကျမ မှာ ပြန်လည်ထောက်ထားကြည့် စရာ မိသားစုလည်းမရှိဘူး. အမွေပေးရမယ့် သားသမီးလည်းမရှိဘူး.
ရှင်တို့ တိုင်းသူပြည်သားတွေသာ ကျမမိသားစုဖြစ်ပြီး ရှင်တို့ တွေပျော်ပျော်ရွှင်ရွှင်နေရအောင်လို့ သာ
ကျမ နိုင်ငံရေးလုပ်ခဲ့ရတာပါ"လို့ ဘဲPark Geun Hye က ပြန်လည် တုံပြန်ခဲ့ပါတယ်"
။ဒီစကားတခွန်းက တောင်ကိုရီးယားပြည်သူတွေရဲ့ ရင်ထဲကို
ထိုးဖောက်ရောက်ရှိခဲ့ တယ် လို့ လေ့ လာသူတွေက ခန့် မှန်းကြပါတယ်။
ဘာလို့ လဲဆိုတော့ အခုတော့ အပျိုကြီးတယောက် တောင်ကိုရီးယားသမ္မတနေရာကို အရယူသွားနိုင်တယ်မဟုတ်ပါလား။။။။။။
မြန်မာနိုင်ငံမှာ( OIC ) သူတို့ ကို ခြေချခွင့် မပေးသင့်
မကြာခင်အတွင်းမှာ -OIC - အတွင်းရေးမှူးချုပ် -Ekmeleddin Ihsanoglu- (
ဖေါ်ပြပါ ဓါတ်ပုံ )  က မြန်မာနိုင်ငံကို လာရောက်ရန် ရှိသည်ဟု
သတင်းကြားရသည် ။ သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက် ရှိနေသော်လည်း
မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေနေကြောင့် မသွားရောက်နိုင်ခဲ့ ၍
.ယခုအချိန်တွင် သွားရောက်မည်ဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည် ။
လက်ရှိမြန်မာနိုင်ငံအခြေအနေသည် မည်မျှအထိ တည်ငြိမ်အေးချမ်း နေပြီလဲ
ဆိုသည်ကို မြန်မာနိုင်ငံအစိုးရက သိရှိသလို
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးပေါင်းစုံ သိရှိနားလည်ကြပါသည် ။
အိမ်သာမှ ဧည့်လာသည်ဆိုသော မြန်မာစကားပုံရှိသည် ။ ခုကော အိမ်သာနေပြီလားဟု
မေးစရာရှိသည် ။ အတင်းအဓမ္မအိမ်သာနေပြီလို့ ပြောလေဦး ။ အိမ်သာလျှင်လည်း
အကျင့်စာရိတ္တ မကောင်းသော ဧည့်သည်မျိုးကို လက်မခံ မဖိတ်ကြားရပေ ။
မိန်းမတွေကို ထည်လဲယူကာ ပေါင်းသင်းနေတတ်သော လူမျိုးအား  အိမ်ကို
မဖိတ်တတ်ဘဲ ရှိနေကြတတ်ပါသည် ။ ၄င်းလူစားမျိုး လာပြီး သောက်ရေသောက်ရန်
ခွင့်တောင်းသည့်တောင်မှ သောက်ရေခွက်ကို ဒုတ်ထိုးပြီး ပြတင်းပေါက်ကနေ
လှမ်းပေးရမည်ဟု ဆိုရိုးစကားများ ရှိကြပါသေးသည် ။ ဤသည်မှာ
မလာအပ်သောဧည့်သည်များကို တင်စား၍ ပြောဆိုခိုင်းနိုင်းထားသော
စကားပုံများဖြစ်သည် ။
     ယခုလည်း -OIC- က မြန်မာနိုင်ငံကို လာရောက်တော့မည်ဆိုသောအခါ
ရှေးဦးစွာ မြန်မာနိုင်ငံ၏ ပြသနာ ပဋိပက္ခများနှင့် အဓိကရုဏ်းများကို
တွေးတောရန်လိုသည် ။ သမိုင်းလိမ်ဘင်္ဂလီကုလားများကို ဖြေရှင်း၍
မပြီးဆုံးသေးသော ပြသနာများမှာ လက်ငင်းပြသနာဖြစ်နေသည် ။ အကြမ်းဖက်
ပဋိပက္ခပြသနာများက ပြီးဆုံးတည်ငြိမ်စဖြစ်နေသော်လည်း ၄င်းတို့ ၏
အစိုးရအပေါ်ခြိမ်းခြောက်နေမှုများမှာ မသေးလှ ။ ကမ္ဘာ့ကုလသမ္မဂ လူ
့အခွင့်အရေးကိုယ်စားလှယ် ကင်တာနားက သူ့ ကိစ္စ သူမလုပ်ဘဲ မြန်မာနိုင်ငံ၏
-၂၀၀၈- ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို ပြောင်းလဲ ရမည်-သို
့မဟုတ် ဖျက်သိမ်းရန်လိုသည်ဟု အတိအလင်း ၀င်ရောက်စွက်ဖက် ပြောဆိုနေသည် ။
သူဖြစ်စေချင်သည်မှာ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို
ဖျက်သိမ်းပြီး ရှိနေသမျှသော ခိုးဝင်နေသည့် သမိုင်းလိမ်ဘင်္ဂလီကုလားများ
အားလုံးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု ပေးစေလိုခြင်းဖြစ်သည်။ လူ
့အခွင့်အရေးပြသနာကို မပြောဘဲ နိုင်ငံတနိုင်ငံ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံကို
ဗြောင်ကျကျ ဝေဖန်ပြောဆိုသွားသည်မှာ မကြသေးပေ ။ ယခု -OIC-
အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံကို လာမည်ဆိုတော့ သူတို့ တွေ၏
ချိန်ကိုက်ဗုံးကို သိသာနိုင်ပါသည် ။ သူတို့ သည် တအုပ်စုဘဲ ဖြစ်သည် ။
        OIC- သည်လည်း -၁၉၈၂-ခုနှစ် မြန်မာနိုင်ငံ၏
နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို လုံးဝဖျက်သိမ်းစေရေးအတွက်
ဆောင်ရွက်သွားမည်ဟု ကြေညာထားရာ သူတို့ ၏ လှုပ်ရှားမှု အတိုင်းအတာကို
လျှော့တွက်၍မရ ။ ကံကောင်းသည်ဟု ပြောရမည်လား မသိ ။ အီဂျစ်နိုင်ငံ ၊
ဆီးရီးယားနိုင်ငံတို့ တွင် မွတ်ဆလင်ဘာသာဝင်တွေ အကြီးအကျယ်
ပဋိပက္ခပြသနာဖြစ်ပွါးနေ၍ မြန်မာနိုင်ငံ၏ ပြသနာကို သူတို့  အနှောင့်အယှက်
မပေးနိုင်သည့်အချိန်ဖြစ်နေသည် ။ သို့ မဟုတ်က သူတို့ ၏ ပယေဂကလည်း လွန်စွာ
ဆိုးဝါးလိမ့် မည်ဖြစ်သည် ။ ယခုလောလောဆယ်တွင်
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်က ဖိတ်ခေါ်ထားခဲ့ ခြင်းကြောင့်
ယခုလာရောက်တော့မည် ဆိုသောအခါ အစိုးရအနေဖြင့် ဤပြသနာကို
စဉ်းစားရန်လိုသည်ဟု ထင်မြင်ယူဆသည် ။ သူတို့ အား လာရောက်စေသည့်အတွက်
မြန်မာနိုင်ငံအစိုးရအဖို့  မည်မျှ အကျိုးသက်ရောက်မှု
ရှိလေမည်နည်းဆိုသည်ကို ရှေးဦးစွာ အဖြေရှာ တွက်ချက်ရန်လိုသည် ။
လာချင်သည့်အခါ လာပြီး ပြောချင်သည့် စကားမျိုး ပြောသွားသည်ကို
သမ္မတဦးသိန်းစိန်က ကြား၍ လက်သင့်ခံနိုင်သည်ဆိုသော်လည်း ပြည်သူများက
လက်သင့်မခံ နိုင် ၊ သည်းညဉ်းမခံနိုင်ကြ ။
      လွန်ခဲ့ သောအပတ်က ကုလသမ္မဂမှ တာဝန်ရှိအမျိုးသမီးက ရခိုင်ပြည်နယ်မှာ
သမိုင်းလိမ်ကုလားနာမည်ကို ဘာကြောင့်ထုတ်ဖေါ်ပြောဆိုပါသနည်း ဆိုသော
မေးခွန်းကို သတင်းထောက်က မေးမြန်းခဲ့ သည် ။ ယင်းမေးခွန်းကို သူတို့ (
ကုလား လူမျိုး ) က ပြော၍ ယင်းသို့  ခေါ်ဝေါ်သုံးစွဲရပါကြောင်း
ဖြေဆိုသွားသည်ကို တွေ့ ရသည် ။ ၄င်းအမျိုးသမီးသည် မြန်မာနိုင်ငံ သမ္မတ
ဦးသိန်းစိန်၏ စကားကို အသိအမှတ်မပြုဘဲ လမ်းဘေးက လူလိမ်လူညာများ၏ စကားကို
အသိအမှတ်ပြု ပြောဆိုသွားရာ သူတို့ ၏ အဆင့်အတန်းကို သိသာနိုင်သည် ။
တနည်းအားဖြင့် သူတို့ က မည်သည့်အကွက်မျိုးကို ချိုးနေကြသနည်းဆိုသည်ကို
သိသာနိုင်ပါသည် ။  ထို့ ကြောင့် ပြောချင်ရာပြောဖို့  လာချင်တိုင်းလာကြသော
မြန်မာနိုင်ငံကို ဖါသည်မနိုင်ငံအဖြစ် မပြုလုပ်မိရန်
သမ္မတဦးသိန်းစိန်နှင့် အစိုးရသည်၎င်း ၊ ပြည်သူ့ လွှတ်တော်သည်၎င်း
သတိထားစွာ စဉ်းစားရန်လိုပါသည် ။ ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုသော
စကားမျိုးအတိုင်း မဖြစ်မိစေရန် လက်ရှိမြန်မာအစိုးရသည် ကျင့်သုံးရန်
လိုသည် ။
     အိမ်သာ၍ ဧည့်လာခြင်းမှာ အဆန်းမဟုတ်သော်လည်း ယခုကား
အိမ်သာနေခြင်းမဟုတ် ။ ခေါင်မိုးကမလုံ၍ တအိမ်လုံး စိုစွတ်နေသည်မှာ
အမှန်ဖြစ်သည်ဟု ပြောမှာထက် တအိမ်လုံး ရေနစ်မြုပ်ပြီး တနိုင်ငံလုံး
မီးလောင်နေသည်ဟု ပြောရတော့မည်ဖြစ်သည် ။ မြန်မာနိုင်ငံ၏ မြေပုံကို
ကြည့်လိုက်ပါက အေးချမ်းသာယာသောနယ်မြေဟု မတွေ့ ရ ။ ပြည်နယ်တိုင်းမှာ ပြသနာ
ပဋိပက္ခမီးတောက်နေသည်ကို တွေ့ မြင်ရမည်မှာ အမှန်တကယ်ဖြစ်သည် ။
၎င်းပြည်နယ်များမှာထက် ရခိုင်ပြည်နယ်ဖက်က ပဋိပက္ခကား ပို၍ဆိုးဝါးနေသော
လက္ခဏာမျိုး ကြုံနေရသည် ။ တလောက အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်အစီအစဉ်မှ
ပြသနေသော ပုန်းကွယ်နေသော လူမျိုးတုံးလူသတ်မှုများဆိုသော အစီအစဉ်မှာ
မြန်မာနိုင်ငံအား ချက်ချင်းမီးလောင်တိုက်သွင်းပြီး  မွတ်ဆလင်ကမ္ဘာက
စစ်ရေးအရ ၀ါးမျိုးတိုက်ခိုက်အောင် ဖန်တီးလုပ်ကြံခြင်းဖြစ်သည် ။
ယင်းအစီအစဉ်ကို ပြန်လည်တုန့် ပြန်ရန် အစိုးရမှ ယခုအချိန်ထိ ဘာတခုမျှ
မဆောင်ရွက်သေးကြောင်း မြင်နေရသည် ။  ဘာကြောင့် မီဒီယာမှ တိုက်ခိုက်သည်ကို
မီဒီယာမှ မဖြေရှင်းသနည်း ဆိုသည်ကို စဉ်းစားမရဖြစ်မိပါသည် ။
        OIC- အတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံသို့  လာရောက်ခြင်းမှာ
အကောင်းမြင်သဘောမျိုးနှင့် လာရောက်ခြင်းမဖြစ်နိုင်ကြောင်း သူတို့ ၏
ပြောဆိုချက်မျိုးကို ဆန်းစစ်ကြည့်ခြင်းအားဖြင့် သိသာနိုင်သည် ။ သူတို
့နှင့် အစိုးရသည် မည်သည့်စာချုပ်ကိုမျှ ပြည်သူတို့ မသိဘဲ ချုပ်ဆိုခြင်း
မပြုလုပ်မိရန် ယခုအချိန်၌ အထူးအရေးကြီးသည် ။  တချိန်တည်းမှာပင်
ရန်ကုန်တွင်၎င်း ၊ နေပြည်တော်တွင်၎င်း ၊ မြန်မာနိုင်ငံမည်သည့်
ပြည်နယ်များတွင်၎င်း ရုံးဖွင့်ခြင်း ၊ ပလီဖွင်လှစ် တည်ဆောက်ခြင်း ၊
ကျောင်းများ တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်စေလိုခြင်း ၊ ၄င်းနောက်
မည်သည့်အလှူအဒန်းကိုမျှ ရခိုင်ပြည်နယ်တွင် မပြုလုပ်စေခြင်း စသော
သတိထားရမည့် အကြောင်းအရာများကို ဂရုစိုက်ထားရန်လိုပါသည် ။ အကယ်၍ ၄င်းတို
့မှ စေတနာကြီးမားသည်ဆိုပါက ၄င်းမွတ်ဆလင် ဘာသာဝင် ဘင်္ဂလီလူမျိုးတို့ အား
မွတ်ဆလင်ကမ္ဘာသို့  ခေါ်ယူသွားပါလို့  တိုက်တွန်းရုံသာ ရှိသည်  ။
တိကျစွာပြောရလျှင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖေါ်ရေး
ပဋိပက္ခပြီး ဆုံးသွားပြီးပြီဖြစ်ရာ နောက်တဖန် တတိယအကြိမ် တကြော့ပြန်ပြီး
ကုလား-ရခိုင် အဓိကရုဏ်းကို ဖြစ်ပေါ်စေဖို့ အတွက် -OIC- ကို
မြန်မာနိုင်ငံမှာ ခြေချခွင့်မျိုးအား မည်သည့်နည်းနှင့်မျှ မပြုလုပ်သင့် ။
 အထူးသဖြင့် -OIC- အတွင်းရေးမှူးချုပ်အား ရခိုင်ပြည် နယ်သို့  လုံးဝ
သွားရောက်ခွင့် မပြုစေရန်  သတိထားဖို့ လိုသည် ။  ရခိုင်လူမျိုးတို့ သည်
၎င်းအား မည်သည့် နည်းနှင့်မျှ လုံးဝ သည်းညဉ်းခံမည့် သူများ မဟုတ်ဟု
သူများအား စိန်ခေါ်လိုက်ခြင်းသည် အိမ်မသာကြောင်းကို ပြသတော့မည့်
လက္ခဏာများသာ ဖြစ်ပါကြောင်း အထူးဆင်ခြင် သတိပြုရတော့မည့်
အချက်ဖြစ်နေပါပြီဟု ပြောရပါတော့မည် ။
ကျော်ခဏ်းနွယ်