Thursday, December 20, 2012

ကြေးနီစီမံကိန်းနှင့် KIA တိုက်ပွဲ ဆက်စပ်မှု


ကြေးနီစီမံကိန်းနှင့် KIA တိုက်ပွဲ ဆက်စပ်မှု စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး

ဒီဇင်ဘာလ 20 ရက် 2012 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး

ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသည့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက် ဆန္ဒပြမှုများ လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းက ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ အပြီး ယခုလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA အဖွဲ့တို့အကြား နှစ်ဘက် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့သည် ။

ထိုသို့ ဖြစ်ရခြင်းမှာ ကြေးနီစီမံကိန်းကန့်ကွက်မှုများအပေါ် တရုတ်ပြည်မှ မကျေနပ်သဖြင့် KIA အဖွဲ့ကို ထောက်ခံအားပေး နေ၍ ဖြစ်ကြောင်း ပြည်သူလူထုအကြား သတင်းများ ထွက်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ တရုတ် နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံးမေးမြန်း ထားချက်များအား တင်ပြလိုက်ပါတယ်။

မေး - လက်ပန်တောင်းတောင်ကိစ္စ အပြီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေပိုဖြစ်လာတာပေါ့နော် ဘာကြောင့် တိုက်ပွဲတွေ ဖြစ်လာသလဲဆိုတာ အရင်ပြောပေးပါ။

ဖြေ - လက်ပန်တောင်းတောင်ကိစ္စ အပြီး တိုက်ပွဲတွေပိုများလာတာ ဆိုတဲ့ကိစ္စက အောက်တိုဘာလကုန်ပိုင်း ရွေလီ ဆွေး နွေးပွဲ အပြီးမှာ အစိုးရဘက်က Target ပြောင်းသွားတယ်လို့ ယူဆရတယ်။ မူလက အဲဒီငြိမ်းချမ်းရေး မလုပ်ခင် မြင်နေရတာက ချွေစစ်သဘောမျိုး အမြဲမပြတ်ထိတွေ့ပြီး ချုံ့ထားတဲ့ အနေအထား နေရာအနှံ့ သေနတ်သံမြည်နေအောင် လုပ်ထားတာပေါ့။


ပိုင်းဖြတ်ချက်ရှိတဲ့ စစ်ပွဲလက္ခဏာမျိုးမတွေ့ရဘူး တပ်တွေအများကြီးသုံးမယ် ဖြန့်ထားတယ် ထိတွေ့မှု ယူတယ် အမြောက် ကြီး တွေနဲ့ပစ်တယ် အနှောက်အယှက်လုပ်တယ် အဲလိုပေါ့ တိုတိုပြောရရင် ချုံ့ငင်တဲ့စစ်ပွဲတစ်ခုကို ဖန်တီးထားတာ။

ဒီလိုတိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတဲ့အခါကျတော့ အရာရာတိုင်းမှာ ဖိအားရှိနေတယ် ဒီအကျပ်အတည်း တွေထဲကနေ ပြည်သူ နဲ့ ကေအိုင်အေတပ် ၊ အထက်နဲ့အောက် သွေးကွဲအောင်ဖန်တီးထားတာ ဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ ဗမာတပ်ဘက်ကစဉ်းစားချက်ပြောင်းသွား ပုံရတယ် ကေအိုင်အေနဲ့တိုက်ခဲ့တဲ့ စစ်ပွဲကာလမှာ သူ့ဘက်က အဆုံးအရူံးကများတယ် နောက်တစ်ခေါက်နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် အပေါ်စီးရတဲ့ ဆွေးနွေးမှုမျိုးလိုချင်တယ် အဲဒီ တော့ အစိုးရဘက်က လုပ်နိုင်တဲ့ဟာနှစ်ခုရှိတယ် တစ်ခုက ကေအိုင်အေဗဟိုကို ထိန်းချုပ်တာရယ် ဗဟိုနဲ့အောက်မှာ ရှိနေ တဲ့တပ်တွေကို ပြတ်သွားအောင်ကြိုးစားတာရယ်ပေါ့။

မေး - အဲဒီစစ်ပွဲအနေအထားကို ထင်သာမြင်သာရှိအောင် ပြောပြပေးပါ ။

ဖြေ - အခုလတ်တလော လဂျားယန်မှာ ဖြစ်သွားတဲ့ တိုက်ပွဲတွေမှာ သိပ်သိသာတယ် MI24 ကိုအဓိကကျတဲ့ နှစ်နေရာ မှာ ရည်မှန်းချက်ရှိတဲ့နှစ်နေရာကိုပစ်တယ် ဘွန်လွယ်ကိုပစ်တယ် တကယ်လို့ဘွန်လွယ်ကိုရသွားရင် ကေအိုင်အေ ဗဟို ဒေသ ကို ထိန်းချုပ်နိုင်မယ်လို့ ယူဆပုံရတယ် ဒါကြောင့်ဘွန်လွယ်ကို အကြီးအကျယ် ထိုးဖို့ပြင်တာ နောက်လည်း ထပ်ထိုးမဲ့ အလားအလာတွေ မြင်နေရတယ်။

ကေအိုင်အေဆီကနေ သူလိုချင်တဲ့ စခန်းတွေရရင် စစ်ရေးအသာစီးနဲ့ စားပွဲပေါ် ရောက်အောင်ခေါ်မယ် အဲလိုစဉ်းစားပုံ ရတယ်။ အဲဒါကြောင့် နံပတ်တစ်က ဘွန်လွယ်စခန်းကိုထိုးတယ် နောက် တစ်ခုက ပန်ဝါနားမှာကပ်နေတဲ့ နယ်စပ်မျဉ်း ၅၊၆ နားကစခန်းကို ထိုးတယ်။

ဒါနဲ့ပတ်သက်လို့ နောက်တစ်ခေါက်ငြိမ်းချမ်းရေးစကားမပြောခင်မှာ ပန်ဝါနားမှာ ကေအိုင်အေမရှိရေးဆိုတဲ့ပေါ်လစီ ဗမာ အစိုးရမှာ ရှိပုံရတယ် အဲဒီမှာလည်း အထူးအလေးထားချက်အရ MI 24 တွေကိုသုံးခဲ့တယ်။

မေး - နောက်တစ်ခုက ပြည်တွင်းလူထုကြားမှာ ကေအိုင်အေကို တရုတ်က ထောက်ခံအားပေးနေတယ်လို့ ပြောသံတွေ ကြားနေရတော့ ဒီကိစ္စအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ - ကေအိုင်အေဟာ အိမ်နီးနားချင်းနိုင်ငံကြီးရဲ့ ထောက်ပံ့မှုတွေရထားလို့ တိုက်ပွဲတွေ မပြတ်တိုက်နိုင်တယ်လို့ပြော နေတာက လက်တွေ့မကျဘူး။

ပြည်တွင်းမှာ ဗမာအစိုးရဟာ သူ့ရဲ့စစ်ရေးရူံးနိမ့်မှုတွေကို ကာကွယ်တဲ့အနေနဲ့ စိတ်ဓါတ်စစ်ဆင်ရေးသုံးပြီး ၀ါဒဖြန့် နေတာ ဖြစ်တယ် အခုလက်ပန်တောင်းတောင်ကိစ္စဖြစ်တယ် တရုတ်ပြည်ကမကျေနပ်ဘူး ဒါကြောင့်မို့ ၀တွေ ကချင်တွေကို မြှောက်ပေးတယ် ဆိုတဲ့ အရပ်သားစဉ်းစားနည်းမျိုးဖြစ်အောင် ဗမာအစိုးရက ဖြန့်ချီနေတာ ဖြစ်တယ်။

မေး - KIA နဲ့တရုတ်ဆက်ဆံရေး အခြေအနေရော ဘယ်လိုရှိပါသလဲ

ဖြေ - ကေအိုင်အေက တရုတ်အစိုးရနဲ့ အိမ်နီးနားချင်း လက္ခဏာဆောင်တဲ့ ဆက်ဆံရေးရှိတာ မှန်တယ် ဆိုလိုတာက ကေအိုင်အေနဲ့ဆိုရင် ထိန်ချုံးအထူးခရိုင်၊ တယ်ဟုန်အထူးတိုင်း ၊ ပေါင်စန်းစစ်ဒေသခွဲစတဲ့ ဒီလို နယ်စပ်ခြင်းကပ်နေတဲ့ ဒေသတွေ က တစ်စုံတစ်ရာ ဆက်စပ်မှုရှိတာအမှန်ပဲ။

တရုတ်အစိုးရအနေနဲ့ အရင်တုန်းက ကွန်မြူနစ်ပါတီကို ကူညီခဲ့သလိုမျိုး အခုနောက်ပိုင်းမှာ ဘယ်သူ့ကိုမှမကူညီဘူး ကေအိုင်အေဘက်က ပိုရှင်းတယ် ကေအိုင်အေခေါင်းဆောင်အားလုံးဟာ တရုတ်ပြည်က ကချင်တစ်ယောက်မှ မပါဘူး ဗမာ ပြည်က ကချင်တွေဖြစ်တယ်။

နောက်တစ်ခုက တရုတ်ပြည်ဟာဆိုလို့ရှိရင် ဗမာအစိုးရရဲ့လေသံကိုလိုက်ပြီး သူ့ပြည်တွင်းထဲမှာရှိနေတဲ့ ဒုက္ခသည်တွေကို ကေအိုင်အေနယ်ထဲကိုမောင်းသွင်းတယ် မောင်းသွင်းတဲ့အတွက် ကေအိုင်အေမှာ ကြီးစွာအထုတ်အပိုးဖြစ်ခဲ့တယ်။

မြစ်ဆုံကိစ္စမှာ ဆိုရင်လည်း တရုတ်အစိုးရဟာ ကေအိုင်အေကို တော်တော်လေးကို နာကျဉ်းတယ် မြစ်ဆုံကိစ္စကို စတင် ကန့်ကွက်တာ ကေအိုင်အေဖြစ်တယ် မြစ်ဆုံမှာ လုပ်တဲ့ကုမ္ပဏီကြီးရဲ့ဋ္ဌာနချုပ်မှာ တနှစ်လောက်က ဗုံးကွဲမှုဖြစ်တယ်။

နောက်တစ်ခုက ကေအိုင်အေက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်စပ်မှုရှိတယ် ဘာသာရေးအရလည်း အနောက်နိုင်ငံတွေကြိုက်တဲ့ ဘာသာရေးကိုးကွယ်မှုရှိတယ် အဲဒီတော့ တရုတ်ပြည်ဟာ ကေအိုင်အေနဲ့ပတ်သက်ပြီး သံသ ယတွေ အများကြီးရှိတယ် ကျနော်တို့သိသလောက်ပြောရရင် ကွန်မြူပါတီကတဆင့်ရခဲ့ဖူးတဲ့ လက်နက်ခဲယမ်းက လွဲရင် တရုတ်ပြည်က ဘာမှမရပါဘူး။

မေး - နှစ်ဘက် စစ်ရေးအခြေအနေကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။

KIAဘက်က နိုင်ငံရေးစင်မြှင့်တစ်ခုရဖို့ မလွဲသာ ၊ မရှောင်သာ တိုက်နေရတယ်လို့ ထင်ပါတယ် ၊ သူ့အတွက် ၀န်ထုတ် ၀န်ပိုး သိပ်ကြီးပါတယ် ၊ စစ်ပွဲကိုလိုလားတဲ့အနေအထားမရှိပါဘူး ဒါကြောင့် အပြန်အလှန်လက်ခံနိုင်မယ့် နိုင်ငံရေးစင်မြင့် တစ်ခုရပြီ ဆိုရင် သူ့ဘက်က မုချအပစ်ရပ်မဲ့အနေအထားပါ။

လတ်တလေစစ်ပွဲမှာ သိသာပါတယ်။ ကေအိုင်အေက ခံစစ်သေသက်သက်လုပ်သွားတယ်၊ ခံစစ်ရှင်လိုမျိုး ပြန်လှန် ထိုးတာတို့ ၀ိုင်းပတ်တာတို့ ထိုးစစ်ဆင်တာတို့ လုပ်ခဲ့ရင် အစိုးရတပ်ဟာဒီထက်မကနာနိုင်ပါတယ် ဥပမာကုန်းတစ်ကုန်းကို ထိုးတယ်ဆိုရင် ရန်သူ့ဘက်က လှန်ကျသွားတယ်ဆိုရင် အောင်ပွဲကိုချဲ့ထွင်တဲ့အနေနဲ့ ပြေးတဲ့တပ်ကို ပတ်တာတို့ ၀ိုက်တာ တို့ ပိတ်တာတို့ပေါ့နော် အဲလိုအလုပ်တွေ ကေအိုင်အေက မလုပ်ခဲ့ဘူး သူ့စခန်းကို သူစောင့်တာပဲ သူ့ဆီဝင်လာ ရင်ပစ် တယ် မဝင်ရင်မပစ်ဘူး။

အစိုးရဘက်ကတော့ နည်းပရိယာယ်အရ ကေအိုင်အေရဲ့အဓိကစခန်းတွေကို သိမ်းပြီး စစ်ရေးအရအားပျော့ သွားအောင် အပေါ်စီးက ရအောင်ယူပြီး စကားပြောဖို့ပြင်တာဖြစ်တယ်။

ဒါပေမဲ့လည်း လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေ ဘယ်လောက်သုံးသုံး ဗမာစစ်တပ်ရဲ့အခြေအနေဟာ အတော် လေးကို ဆိုးဝါးနေတယ် တိုက်ခိုက်ရေးစိတ်ဓါတ်အနိမ့်ဆုံးဖြစ်တယ် အပေါ်ကခေါင်းဆောင်တွေက အတင်းတိုး တိုက်ခိုင်း ပေမဲ့ အောက်မှာ တိုက်နိုင်တဲ့ အင်္ဂါရပ်မရှိတော့ဘူး အဓိကကတော့ မသေမပျောက်နဲ့ပြန်ရဖို့ပဲ စစ်တိုက်နေရတာပေါ့ စစ် တပ်ထဲမှာ ရဲဘော်စိတ်မရှိတော့ဘူး။

လိုင်ဇာဌာနချုပ်ကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် အစိုးရပြင်ဆင်


Thursday, 20 December 2012 20:25
Written by ရွှေဟင်္သာသတင်းဌာန


Ghoအစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက်သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။

“ ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့ ပြင်ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် - ဝိုင်းမော်လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း - ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို စစ်ဆင်ရေးကြီးလုပ်မယ့် အနေအထားရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။

ဒေါ့ဖုန်းယန်း - ဗန်းမော် လမ်းကြောင်း၌ အစိုးရတပ် အင်အား (၄၀၀) ခန့် ရောက်ရှိ နေကြကာ စုစည်းလျက် ရှိသည်။ စတန်ပါ ဗျူဟာ လမ်းကြောင်း၌မူ အင်အား (၄၀၀) နီးပါးခန့် ရှိနိုင် သည်ဟု ခန့်မှန်းပါသည်။ ဂန်တောင်ယန် - ဝိုင်းမော် လမ်းကြောင်း၌ စစ်ကား (၁၀) စီးဖြင့် အင်အား (၂၀၀) ကျော်နှင့် လက်နက်ကြီးများ ရောက်ရှိနေသည်ဟု ဆိုပါသည်။ ဤအင်အားသည် အနည်းဆုံး တပ်ရင်း (၈) ရင်းခန့် ရှိပါသည်။

ထို့အပြင် ယခုစစ်ဆင်ရေးအတွက် အသုံးပြုရန် အထူးတပ်ရင်းများ (ကွန်မန်ဒို) များလည်း ပါဝင်နေသလို ရဟတ်ယာဉ်များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီး လက်နက်ကြီးများကို ယခင်ကထက် ပိုမိုအသုံးပြု ဖွယ် ရှိနေပါသည်။

အစိုးရ၏ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်း ပစ်ကူများသည် ရှေ့တန်းမြေပြင်ရှိ ခြေလျင်တပ်ဖွဲ့များ ရှေ့သို့ မတိုးနိုင်သည့် အခြေ အ နေ၌ ရှေ့တိုးနိုင်ရန်အတွက် KIA ခံစစ်ကြောင်း ယူထားသည့် နေရာများကို အဓိကပစ်ကူပေးရန် ဖြစ်သည်ဟု ဆိုပါသည်။

“ဒီလို ပြင်ဆင်မှုတွေကိုကြည့်ရင် ဒါဟာ ကျွှန်တော်တို့ လိုင်ဇာကို စစ်ဆင်ရေး လုပ်မယ့် အနေအထားလို့ တွက်လို့ရပါတယ်၊ ဒီနေရာမှာ သူတို့ကလက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိကထားပြီး ပြင်းပြင်းထန်ထန်ကို အရင်တိုက်လာနိုင်ဖွယ်ရှိပါတယ်၊ ဒါပေမဲ့ သူတို့ထင် သလို ဖြစ်ချင်မှဖြစ်မှာပါ” ဟု ဆိုပါသည်။

လက်ရှိအခြေအနေ၌ အစိုးရတပ်များသည် လိုင်ဇာဌာနချုပ် အနီးဆုံနေရာ အနီးသို့ အစိုးရတပ်များ ချဉ်းကပ်ရောက်ရှိနေပြီး ဖြစ်သည့်အ တွက် ယခုရက်ပိုင်းများအတွင်း တိုက်ပွဲကြီးများ ပြင်းထန်စွာ ထပ်မံဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု KIA မှ တွက်ဆထားပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) လဂျားယန်စစ်ဆင်ရေး၌ အစိုးရသည် အင်အား (၄၀၀) ခန့်သုံးပြီး စစ်ဆင်ရာတွင် တရာကျော် ခန့်သည် ထိ ခိုက်ဒါဏ်ရာရခဲ့ပြီး အလောင်းများပြန့်ကျဲပြီး ကျန်ခဲ့သည့်အပြင် သုံ့ပန်းပါ ဖြစ်စေခဲ့ပါသည်။ သုံ့ပန်းများ၏အဆိုအရ အစိုးရတပ်ဖွဲ့တွင် အ ခြေအနေအရ ဒါဏ်ရာရရဲဘော်များကို ထားပစ်ခဲ့ရမည်ဆိုလျှင် ပစ်သတ်ရန်အမိန့်ပေးထားခဲ့သည်ဟု ထွက်ဆိုခဲ့ပါသည်။ လဂျားယန် တိုက်ပွဲ၌ မိသော ဒါဏ်ရာရ သုံ့ပန်းများအဆိုအရ ၄င်းတို့၏ ရဲဘော်ရဲဖက်များက မပစ်သတ်ဘဲ ထားခဲ့လို့သာ အသက်ရှင်သန်ခွင့် ရခဲ့ကြောင်း ဆိုပါကြပါသည်။

ထို့အပြင် အစိုးရအမြောက်တပ်၏ ကျည်ဆံများသည် အများအားဖြင့် မိမိတို့တပ်အပေါ်၌သာ ပိုမိုကျရောက်ခဲ့သဖြင့် ထိရောက်မှု မရှိခဲ့ပေ။ တပ်ထဲတွင်လည်း တပ်သားများတွင် ကလေးငယ်သာဖြစ်ကြပြီး အတွေ့အကြုံမရှိကြပေ။ ကြီးနိုင်ငယ်ညှင်းစနစ်ကြောင့် အရာရာတွင် အမိန့် ဖြင့်သာ မောင်းနှင်နေကြရာ တပ်တွင်း၌ စည်းလုံးညီညွတ်မရှိသည်ကို လက်တွေ့ တိုက်ပွဲများက သက်သေပြလျက်ရှိပါသည်။

ဤကဲ့သို့စိတ်ဓါတ်အခြေအနေကြောင့် အစိုးရတပ်မတော်သည် လာမည့်စစ်ဆင်ရေးတွင်လည်း မိမိကိုယ်ကို ဒါဏ်ရာမရရေးသည် အဓိ ကဖြစ်ရာ တပ်ဖွဲ့ခေါင်းဆောင်များ မည်မျှပင် အမိန့်ဖြင့် အတင်းခိုင်းနေသည်ဖြစ်စေ အကျအဆုံးများစွာနှင့် ရည်မှန်းချက် အောင်မြင်ရန်ခက် ခဲသော စစ်ဆင်ရေးသာ ဖြစ်လိမ့်မည်ဟု အကဲခတ်များကဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2542-2012-12-20-13-44-57.html

မောင်တောမှ ဖမ်းဆီးခံမြန်မာစစ်သည်များအရေး အဖြေမပေါ်သေး

By Maungdaw Nat

မောင်တော ၊ ၂၀ ဒီဇင်ဘာ ၂၀၁၂ ၊ Coral arakan News ၊ [ သတင်း ]

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနယ်ခြားအရာရှိများ တွေ့ဆုံ ဆွေးနွေးရာတွင် နိုဝင်ဘာလ ခြောက်ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြန်မာ ဂျီအီးတပ်သား သုံးဦးအရေးကို မြန်မာဘက်မှ မေးမြန်းရာ၊ ထူးခြားမှုမရှိသေးကြောင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဘက်မှ ဖြေကြားခဲ့သည်ဟု နစက အသိုင်းအ၀ိုင်းမှ သတင်းရင်းဖြစ်တစ်ခု က Coral Arakan အား ပြောကြားသည်။

မောင်တောမြို့ပေါ် ခန်းမတစ်ခု၌ ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲတွင် မြန်မာဘက်မှ နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေး အဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့မှ ရာထူးအဆင့်တူ အကြီးအကဲများတက်ရောက်ဆွေးနွေးခဲ့ကြသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးတွင် လမ်းတည်ဆောက်ရေး လုပ်ငန်းလုပ်နေကြသော ဂျီအီးတပ်ဖွဲ့မှ တပ်သား လေးဦးကို (အာရ်အက်ဆို မွတ်ဆလင် လက်နက် ကိုင်အဖွဲ့ ဟု ယူဆရသော) လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က နိုဝင်္ဘာလ ၆ ရက်နေ့တွင် တစ်ဖက်နယ်စပ်မှ ၀င်ရောက် ပစ်ခတ်ခဲ့သည်။

ဂျီအီးတပ်ဖွဲ့မှ ကျော်ကျော်ဝေမှာ တိုက်ခိုက်ခံရသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကာ တပ်ကြပ်ကြီး ခင်မိုးအောင် နှင့် အခြား နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဖမ်းဆီးခံရသူ သုံးဦးကို သတ်ပစ်လိုက်ပြီ ဖြစ်သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း အဆိုပါသတင်းကို အတည်မပြုနိုင်သေးချေ။

(မောင်တောနတ် ရေးသားသည်။)


ရခိုင် ကဏန်းမျှားသမားများကို ဘင်္ဂါလီများက ၀ိုင်း လုယက် ဟု ဆို

By Phoe Khaung

စစ်တွေ ၊ ၂၀ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈)ရက်နေ့က ပေါက်တော်မြို့နယ်အတွင်းတွင် ကဏန်းမျှားနေသော ရခိုင်တိုင်းရင်းသား နှစ်ဦးအား လက်နက်ကိုင် ဘင်္ဂါလီဆယ့်သုံးဦးက ၀ိုင်းဝန်းလုယက်သဖြင့် လက်လွတ် ထွက်ပြေးလာရကြောင်း ပေါက်တောဒေသခံများက Coral Arakan အား ပြောကြားသည်။

ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာသား ဂျော်ဂျီမောင် နှင့် အဖော်တစ်ဦးတို့ သပြာကျွန်းအငူထိပ်၌ ကဏန်းမျှားနေကြစဉ် ဇီးချောင်းပေါက်မှ (ဇီးချောင်းဝ မှ) ဘင်္ဂါလီလေးဦးရောက်လာပြီး ဖမ်းမိထားသော ကဏန်းများကို ပေးရမည်ဟု တောင်းဆို (ဓါးပြတိုက်) သည် ဟု ဆိုသည်။

ထိုဘင်္ဂါလီကုလားများလက်ထဲတွင် သေနတ်တစ်လက်ကိုင်ထားသည် ဟုဆိုသည်။

ထိုကဲ့သို့ တင်းမာမှု စဖြစ်ခါစတွင် နောက်ထပ် ဘင်္ဂါလီကိုးဦး ရောက်ချလာပြီး ဓါးများဖြင့် ရေထဲသို့ ဆင်းလိုက်သဖြင့် ဖမ်းမိထားသော ကဏန်းများနှင့် လှေတစ်စီးကို ထားရစ်ကာ အခြားလှေတစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့သည် ဟု ဆိုသည်။

ရခိုင်အမျိုးသားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရခြင်းမရှိသော်လည်း ကဏန်းအလုံး ငါးရာခန့်နှင့် ငွေသား တစ်သိန်း ခုနစ်သောင်းကျော်ကို လှေပေါ်တွင် ထားခဲ့ရသည် ဟု ပေါက်တော ဒေသခံတစ်ဦးက ဆိုသည်။

ထိုအမျိုးသားနှစ်ဦးမှာ အဆိုပါလုယက်မှုကို အမှုဖွင့်ရန်အတွက် ပေါက်တောမြို့ပေါ်သို့ ယနေ့ ရောက်လာသည် ဟု အဆိုပါ အမှုကို ကူညီတောင်ရွက်ပေးမည့် သဇင် ပြည်သူ့ရှေ့နေအဖွဲ့မှ ဦးငြိမ်းချမ်းက Coral Arakan အားပြောကြားသည်။

(ဖိုးခေါင် ရေးသားသည်။)


ဝါကာ အူးဒင်း ၏ အစ်ကို ဖြစ်သူကို UNHCR ၀န်ထမ်းများ ဆက်သွယ်တွေ့ဆုံနေ

By San Mra Shrwee

မောင်တော ၊ ၂၁ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်းတို ]

အမေရိကန်တွင် အခြေစိုက်ကာ ရခိုင်ပြည်တွင်းနေ ခိုးဝင်ဘင်္ဂါလီတို့အား နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူ ဒေါက်တာဝါကာအူဒင်း၏ အစ်ကိုဖြစ်သူ အေဂျရမ် အား UNHCR ၀န်ထမ်းသုံးဦးတို့က ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် ၄င်း၏ မောင်တောမြို့ပေါ် နေအိမ်သို့လာရောက်တွေ့ဆုံကာ အင်တာဗျုးလုပ်ခဲ့သည် ဟု မောင်တောဒေသခံတစ်ဦးက Coral Arakan အား ပြောကြားသည်။

ခိုးဝင်ဘင်္ဂါလီများ နိုင်ငံသားအဖြစ်ရရှိရေးကို UNHCR က အစဉ်တစိုက်ကြိုးပမ်းလာခဲ့သည်ကို တရားဝင် ပြောကြားမှု များရှိသည့်အပြင်၊ UNHCR ၀န်ထမ်းဟောင်း ဒေါက်တာထွန်းအောင် နှင့် ၄င်း၏ သမီးဖြစ်သူ မြနန္ဒာအောင် တို့မှာ ခိုးဝင်ဘင်္ဂါလီတို့က ရခိုင်ဒေသခံတို့အား လက်စတုံးသုတ်သင်ရန် အကွက်ချကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့သည်ဟု စွပ်စွဲအဖမ်းခံခဲ့ရသည်။

(စံမြရွှီ ရေးသားသည်။)


အယ်ဂျာဇီးယား ရုပ်သံဖိုင်အား AZG ၀န်ထမ်းများ၏ အကူအညီဖြင့် ရိုက်ကူးခဲ့သည် ဟု ယူဆနေ

[ သတင်းတို ]

The Hidden Genocide ဟု အမည်ပေးထားသည့် အယ်ဂျာဇီးယားသတင်းဌာနက တင်ဆက်သည့် ရုပ်သံ ဗီဒီယိုကို ရိုက်ကူးခြင်း အင်တာဗျူးများအတွက် စီစဉ်ချိတ်ဆက်ပေးခြင်း တို့အား မောင်တော နှင့် ရခိုင်ပြည်နယ် အခြားမြို့နယ်များတွင် လှုပ်ရှားနေကြသော AZG ၀န်ထမ်းများ၏ အကူအညီဖြင့် ပြုလုပ်ခဲ့သည်မှာ သေချာသလောက်ရှိသည်ဟု မောင်တောအခြေစိုက် ထောက်လှမ်းရေးအရာရှိအချို့က Coral Arakan အား ပြောကြားသည်။

(Coral Arakan News)

ဦးဆောင်သူ ၀က်မှေးရွာခံ မဖြူဖြူဝင်းဒဏ်ရာများအနာကျက်သည်အထိအနားယူမည်

rMonywa Times's photo.

မီးလောင်ဒဏ်ရာများအား လ၀က်ခန့်ကြာ ဆေးဝါးကုသမှုခံယူရသူ လက်ပံတောင်းတောင် အထွေထွေသပိတ်စခန်း ဂိတ်ဝမ်းတွင်ဦးဆောင်သူ ၀က်မှေးရွာခံ မဖြူဖြူဝင်းသည် မနေ့ညက ကောင်မွန်ကျန်းမာစွာ ရွာသို့ပြန်လည်ရောက်ရှိပြီး ဒဏ်ရာများအနာကျက်သည်အထိအနားယူမည်ဟုသိရှိရသည်။
မီးလောင်ဒဏ်ရာများအား လ၀က်ခန့်ကြာ ဆေးဝါးကုသမှုခံယူရသူ လက်ပံတောင်းတောင် အထွေထွေသပိတ်စခန်း ဂိတ်ဝမ်းတွင်ဦးဆောင်သူ ၀က်မှေးရွာခံ မဖြူဖြူဝင်းသည် မနေ့ညက ကောင်မွန်ကျန်းမာစွာ ရွာသို့ပြန်လည်ရောက်ရှိပြီး ဒဏ်ရာများအနာကျက်သည်အထိအနားယူမည်ဟုသိရှိရသည်။

နိုငံတော်ပိုင် စီမံကိန်းမှ ပျောက်ဆုံးနေသော ၅၆.၁ ရာခိုင်နှုံး...။

Khu Daun's photo.

သေရွာပြန်ကျောင်းသူတစ်ယောက် မြို့တွင်းသို့အဝင်မခံ

မုံရွာတိုင်းမ် သတင်းအဖွဲ့
ဒီဇင်ဘာလ(၂၀)

စာဖတ်သူအပေါင်းတို့ခင်ဗျား...
ကျနော်များ သတင်းဌာနမှ မေတ္တာရပ်ခံလိုပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးကို ကြားသိရခြင်း အလွန်ကို ဆို့နင့် ကြေကွဲဖွယ်ရာ သတင်းအဖြစ် ဖော်ပြချင်ပါတယ်။ ဖြစ်စဉ်က မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေဆုံးသွားသူအတွက် ယူကြုံးမရ ဖြစ်နေရတဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေအပေါင်းတို့က ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ ဆွေမျိုးတော်စပ်ခြင်းမရှိပါတဲ့ လူတွေလည်း ဒီသတင်းအပေါ် ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာအဖြစ်က ပေါ်လာတယ်။ သေဆုံးပြီးလူလို့ သတ်မှတ်ပြီးရင် အသက်ပြန်ရှင်လာသော်လည်း လူရှင်များနေထိုင်ရာ မြို့ရွာတွင်းသို့ ဝင်ရောက်ခွင့် မပြုကြတော့ပါဘူး။ မြို့ရွာ ထိခိုက်နစ်နာတယ် အမင်္ဂလာ ကိစ္စလို့ ပြောဆိုပြီး ပြန်လည်ခေါ်ဆောင်သွားဖို့ ကန့်ကွက်ကြတယ်။

ပြုံးသူမှာ မျက်ရည်စတွေနဲ့ ဖြစ်ရပါပြီ။ တကယ်ကို ဝမ်းသာလို့ပြုံးပျော်နေပြီး မျက်ရည်ကျရအောင် ပျော်ရွှင်နေတဲ့ သူမရဲ့ အသိုင်းအဝိုင်းမှာ ဝမ်းနည်းပြီး ရှိုက်ကြီးတငင် ငိုယိုကြရပါပြီ။ ကျနော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းက ဘယ်လောက်များ ကြေကွဲစရာဖြစ်ခဲ့သလဲဗျာ..

ကျနော်တို့ စာဖတ်သူအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြမယ်လို့ ယူဆမိပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ကံသာပဓာနလို့ ခံယူထားပါတယ်။ ကိုယ်ပြုတဲ့ ကောင်းခြင်း ဆိုးခြင်းကို ကိုယ်သာ ပြန်ခံစားရတယ်လို့ ဆိုထားပါတယ်။ အခြားသော အယူဝါဒတွေဟာ ဗုဒ္ဓဝါဒမဟုတ်ဘဲ ရောထွေးယှက်တင် ဖြစ်နေခြင်းပါ။ ရှေးရိုးအယူဝါဒတွေကို မစွန့်လွှတ်နိုင်သေးတဲ့သူတွေကို အယူသည်းသူတွေလို့ အများစုက ခေါ်ဆိုကြပါတယ်။ မလိုအပ်တော့တဲ့ အယူဝါဒတွေကို စွန့်ပယ်ဖို့ လိုအပ်ပါပြီ။ လူသားတစ်ဦး ပြန်အသက်ရှင်လာတာကို နွေးထွေးစွာ ကြိုဆိုသင့်တယ်။ ဒီလိုမှ မဟုတ်ခဲ့ရင် သူမဟာ နောက်တစ်ကြိမ် ပြန်သေသွားပါလိမ့်မယ်။ အသက်သေခြင်းမဟုတ်ဘဲ လူသားတစ်ဥိးအတွက် ဘဝသေခြင်း ဖြစ်သွားမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

တောင်းပန်ချက်- ဘာသာရေးရာကျွမ်းကျင်သူ၊ အယူဝါဒရေးရာ ကျွမ်းကျင်နှံ့စပ်သူ၊ သမိုင်းသုတေသီ များမှ အဆိုပါဖြစ်ရပ်အပေါ် ဖြေကြားရှင်းလင်းမှုဖြင့် သေရွာပြန် လူသားတစ်ဦးကို ဆက်လက်အသက်ရှင်ခွင့် ပေးသင့် မပေးသင့်ဆိုသည်ကို ဆွေးနွေးပေးကြပါရန်။


-----------------------------------------------------------------------------
ဒီနေ့မန္တလေး ကြာနီကန်သုဿန်မှာ ဖြစ်ပွါးတဲ့ထူးခြားတဲ့ဖြစ်ရပ်။

ဒီနေ့မွန်းလွဲ၁၂နာရီ၁၅မိနစ်မှာ ကုန်ထုတ်ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘမီးသဂြိင်္ုခါနီး မိခင်ဖြစ်သူမှနောက်ဆုံးအနေနှင့် နမ်းလိုက်စဉ်နှလုံးခုန်သံကြားရ၍ ဆရာဝန်ပင့်စမ်းသပ်ရာ အသက်ရှင်နေကြောင်းသိရှိရ။ မိခင်ဖြစ်သူမှာဝမ်းသာလွန်း၍ထကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာစိုးလို့ဟုဆိုကာ မြို့ထဲသို့အဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင်ငိုပါတော့သည်။ အခြားအသုဘတစ်ခုလာပို့သူ မန္တလေးသိန်းဇော်ကိုယ်တိုင် ဝင်ခွင့်ပြုရန်တောင်းပန်ပြောဆိုသော်လည်း မြို့လူထုကလက်မခံသဖြင့် မိဘများမှမြို့ပြင်တွင် အိမ်ဆောက်ပေး၍ နေစေမည်ဟုသိရပါသည်။ ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့် မဟာတန်းကျောင်းသူတစ်ယောက် လူထဲမတိုးတော့မည့်အဖြစ်မျိုးကား ထိုမိန်းကလေးဘဝအတွက် နစ်နာလွန်းလှပါသည်။ တတ်စွမ်းသူများ ထိုမိန်းကလေးကို ကူညီကြပါခင်ဗျာ။)