Friday, December 21, 2012

Background story of Letpadaung Mining Protest by Burmese Community

ပီတိတွေစားခိုင်းပြန်ပြီလား။

အမေစုရဲ့ဆရာဝန်တွေအတွက်အဆိုအမိန့်လေးကြားရတော့
သတိရလိုက်တာက.....
ရန်ကုန်မှာမတွေ့တာကြာပြီဖြစ်တဲ့ဆရာမကို
'' ၀လို့လှလို့ပါလား"ဆိုပြီးနူတ်ဆက်တော့
" ပီတိတွေစားပြီးဝနေတာဟေ့ "
ဆိုပြီးပြန်ရွဲ့ဖြေပါတယ်။
တကယ်တော့ဆရာမရဲ့စားဝတ်နေရေးကအဆင်မပြေပါဖူး၊
ကနေဒါမှာလက်ရှိမူလတန်းပြဆရာမတနာရီဒေါ်လာ၃၀ကျော်ရပါတယ်။
အိမ်မှာဝိုင်းကျူရှင်ပြစရာလို့ပါ့မလား။

အထူးကုဆရာဝန်ကြီးတွေဆိုရင်တနာရီဒေါ်လာရာကျော်ပါတယ်။
လူနာတယောက်ဒါဏ်ရာနဲ့ဆေးရုံရောက်လာတယ်ဆိုပါတော့။
ဘယ်လိုကုသသင့်တယ်ဆိုတာယေဘူယဆုံးဖြတ်တဲ့အဖွဲ့ရှိတယ်။
လိုအပ်တဲ့ဆရာဝန်ကြီးတွေကိုချိန်းရတယ်။
အရိုး၊မေ့ဆေးစသဖြင့်ပေါ့။အမြဲတမ်းဆေးရုံမှာရှိနေတာမဟုတ်ဖူးလားမေး
စရာရှိပါတယ်။ဈေးကြီးလို့အစိုးရကတနေ့၅နာရီထက်ပိုမပေးချင်ပါဖူး။
အဲ့ဒီအတွက်သူတို့ကြားမှာလည်းအဖုအထစ်တွေရှိပါတယ်။
ဆရာဝန်စုံဖို့၃ရက်လောက်ကြာသွားတာလည်းဖြစ်ဖူးပါတယ်။
ပြသာနာဖြစ်စရာရှိရင်ဆေးရုံအုပ်ချူပ်သူအဖွဲ့ရဲ့စီမံခန့်ခွဲမှုနဲ့ပဲဆိုင်ပါတယ်။
တကယ်ကုမဲ့ဆရာဝန်နဲ့မဆိုင်ပါဖူး၊ကုသမှုစနစ်လွဲတာပဲသူတို့နဲ့ဆိုင်ပါတယ်။

မြန်မာနိုင်ငံမှာလက်ရှိပြသာနာအများစုဟာဆေးရုံအုပ်ချူပ်သူအဖွဲ့ရဲ့စီမံခန့်ခွဲမှုနဲ့
ပဲဆိုင်တာများပါတယ်၊အဲဒီတော့ကျမ်းမာရေးဝန်ကြီးဌာနနဲ့ဆိုင်ပါတယ်။
နိုင်ငံတော်ရဲ့ကျမ်းမာရေးစနစ်နဲ့ဆိုင်ပါတယ်။နည်းမှန်လမ်းမှန်ကျမ်းမာရေးစနစ်
တခုရဖို့အဲဒီကျမ်းမာရေးဝန်ကြီးဌာနနဲ့လွှတ်တော်ရဲ့အပေးအယူတွေနဲ့ဆိုင်ပါတယ်။
စနစ်ပြီးမှလူကိုပြင်လို့ရမယ်။ စနစ်ကိုကိုင်တွယ်ချင်သူတွေမှာတာဝန်ရှိတယ်။
ခေတ်ပျက်စနစ်ပျက်ကြီးမှာဆရာဝန်တမျိုးထဲသွားပြီးပီတိစားခိုင်းနေလို့အားအင်တွေ
ပြတ်ပြီးဒါးကိုင်တဲ့လက်မတော်ရာမှားခွဲမိမှဖြင့်အမေ့သားကိုယ်ကျိုးနဲရချည်ရဲ့........

ရဲရင့်ငယ်
(၂၂.၁၂.၂၀၁၂)

သက်သေတယောက်ဆရာဝန်တယောက်ပြောတာကတော့...

Tin Aung Moe
အမေစုပြောတာ ဒီလိုမဟုတ်ပါဘူး အမေစုပြောတာက ဆရာဝန်ဖြစ်ရ င်စီးပွားရေးကိုအဓိကမလုပ်နဲ့ ပညာဆက်ပြီး ရှာကြပါလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူအများရှေ့မှာပြောတာပါ တော်သေးတာပေါ့ ကျွန်တော်တို့တတွေ သက်သေရှိလို့ နောက်ဆို အမေစု ဘဝမတွေးဝံ့စရာပါလား ။ လူတွေက ကြောက်စရာကောင်းလိုက်တာ စကား ကားလိုက်တာများ ... စီးပွားလုံးဝမရှာနဲ့လို့မပြောပါဘူး ။ ဒါပေမဲ့ ကျွန်တော် တို့ရတဲ့ လစာက တလမှ ဒေါလာ ၁၅၀ လောက်ပဲရတဲ့ နိုင်ငံတကာမှာ ဈေး အပေါဆုံး ဆရာဝန်တွေပါ ... အနည်းဆုံးတော့ အာဆီယံ စံနှုန်းလောက်တော့ရချင်တာပေါ့

အထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် မိန်းမအရှုပ်တော်ပုံ

အထည်လုပ်ငန်း MD ဦးအောင်ကျော်စိုးသည်လည်း နိုင်ငံတော်ပိုင်ငွေကြေးများစွာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေပီး ရန်ကုန်မြို၊ စမ်းချောင်းမြို့နယ်၊ ဟင်္သာတ လမ်းတွင် ရုပ်ရှင်မင်းသား ဒွေးနေထိုင်ခဲ့သောအိမ်ကိုဝယ်ယူနေထိုင်နေပါတယ်။ သူ့ရဲ့နောက်ထပ်ပိုင်ဆိုင်မှုမှာ ရန်ကုန်မြို့လူကုံထံများနေထိုင်သော ကမာရွတ်မြို့နယ်၊ အင်းယားကန်နားမှ မြကန်သာ (၂) လမ်းတွင် ၂ထပ်တိုက်ကြီးတစ်လုံး ခေတ်ကာလပေါက်ဈေး သိန်း ၃၀၀၀ကျော် ကိုလည်း လက်ရှိဆောက်လုပ်ပြီးစီးထားပါတယ်။ထို့ပြင်ရန်ကုန်မြိုမြေနီကုန်းမြို့နယ် ဒဂုံစင်တာ၂ ၏ဘေးလမ်း ၊ ကျောင်းလမ်းတွင်လည်း ကန်ထရိုက်တိုက်တစ်လုံး ကာလပေါက်ဈေး သိန်း ၁၀၀၀ ကိုလည်းဆောက်လုပ်ထားပါတယ်။ ဓါတ်ပုံများကိုလည်းပူးတွဲတင်ပြပေးပါမည်။
နေပြည်တော်တွင်လက်ရှိနေထိုင်သောအိမ်မှာလည်း ဥတရသီရိမြို့နယ်တွင်တည်ရှိပြီး ပုဂံ(၁)လမ်းတွင် တည်ဆောက်ထားပါတယ်။ခေတ်ကာလပေါက်ဈေး သိန်း ၂၀၀၀ ကျော်ရှိပါသည်။ထိုပြင် သူ၏အမျိုးသမီးဖြစ်သူ မှာ သူဌေးအများစု ဇိမ်ခံကာ စီးသော MARK X ကားအမျိုးအစား ကားနံပတ် ၄ဃ/၈၇၈၃ ဖြစ်ပါတယ်။ ကာလပေါက်ဈေး သိန်း ၃၅၀ အထက်ဖြစ်ပါတယ်။ထို့ပြင် Light Truck ကားအမျိုးအစား တစ်စီး၊ ကာလပေါက် ဈေး သိန်း ၁၅၀၊ ဆူဇူကီး R+ အနီရောင် တစ်စီး ခေတ်ကာလပေါက်ဈေး သိန်း၂၀၀ အစရှိတဲ့ကားများကိုဝယ်ယူပိုင်ဆိုင်ထားပါတယ်။ဦးအောင်ကျော်စိုး၏ တပည့်အရင်းဖြစ်သူကိုင်ရိုအထည်ချုပ်လုပ်ငန်း နှင့် ကိုင်ရိုဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူဦးအောင်ထွေးမှ ဖွင့်ဟ၀န်ခံထားခြင်းဖြစ်ပါတယ်။ အသံဖိုင်ကိုလည်းပူးတွဲတင်ပြပါမည်။
ဦးအောင်ကျော်စိုးအား သူ၏ဇနီး ဒေါ်ညိုညိုဝင်းမှ မယားငယ်ထားမှုဖြင့် စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးနှင့်နိုင်ငံတော်သမတရုံးကိုလည်းလက်ရှိတိုင်ကြားထားပါသည်။ ထိုတိုင်ကြားစာကို သမတရုံးလူကြီးလက်မှ ဦးအောင်ထွေးမှ သူကိုယ်တိုင် သွားရောက်ကာ ပြန်ယူလာကြောင်းကိုလည်း အသံဖိုင်တွင်ပါဝင်ပါသည်။ ဦးအောင်ကျော်စိုးသည် သူနှင့်စီးပွားရေးအကျိုးတူလုပ်ကိုင်သော အမျိုးသမီးတစ်ဦးအား ချစ်ကြောင်း ကြိုက်ကြောင်းမက်ဆေ့ပို့ထားသည်ကို ဦးအောင်ကျော်စိုး၏ အမျိုးသမီးဖြစ်သူဒေါ်ညိုညိုဝင်းမှသိရှိကာ တိုင်ကြားခြင်းဖြစ်ပါသည်။ ထို့ပြင် ဦးအောင်ကျော်စိုးသည် သူ၏လက်အောက်ငယ်သား အမျိုးသမီးဝန်ထမ်း
နှစ်ဦးအပေါ်တွင်လည်း လုပ်ငန်းများပေးမည်ဟု စည်းရုံးသိမ်းသွင်းကာ သားမယားပြုကျင့်ရန် နေပြည်တော်မြို့ရှိ တာမိုးကျော်စားသောက်ဆိုင်သို့ခေါ်ယူကာ အရက်သေစာသောက်စားနေစဉ်တွင်လည်း ၄င်း၏ အမျိုးသမီး ဒေါ်ညိုညိုဝင်းမှ သတင်းအတိအကျရကာ လိုက်လာပြီး စားသောက်ဆိုင်အတွင်း အော်ဟစ်သောင်းကျန်းနေသည်ကို စက်မှု၁ ၀န်ကြီးဌာနမှ စက်ရုံမှူးတစ်ဦးက ထုတ်ဖော်ပြောပြချက်အရသိရသည်။
ထို့ပြင် ဦးအောင်ကျော်စိုးသည်လည်း သူ၏မိန်းမ ဖြစ်သူဒေါ်ညိုညိုဝင်းဖြစ်သူ မယားကျင့်ဝတ်ဖောက်ဖျက်ကာ နယ်စပ်စည်ပင်မှဗိုလ်မှူးကြီး ၀င်းမြိုင်နှင့်ငြိစွန်းကာ ကလေးတစ်ယောက်ရထားခြင်းကိုလည်းကိုင်ရို အထည်လုပ်ငန်းပိုင်ရှင် ဦးအောင်ထွေးမှပြောပြထားပါသည်။ထို့ပြင် ဒေါ်ညိုညိုဝင်းသည် ၄င်းပိုင်ဆိုင်သော ဒဂုံစင်တာအနောက်ဖက် ကျောင်းလမ်းမှ ကန်ထရိုက် တိုက်တွင် ငှားရမ်းနေထိုင်သော ဗိုလ်ကြီး ကျော်စိုးသူနှင့်လည်း ထပ်မံငြိစွန်းနေသည်ကို လက်ပူးလက်ကြပ်တွေ့ ခဲ့ရသဖြင့် ဦးအောင်ကျော်စိုးမှ ကွာရှင်းခွင့်တောင်းဆိုထားသည်ကိုသိရှိရပါသည်။ ဦးအောင်ကျော်စိုးတွင် သမီးတစ်ဦးနှင့် သားတစ်ဦး
ရှိပြီး သမီးအကြီးအမည်မှာ မထက်ထက်ဦးဝေဖြစ်ပီး ယခု ပထမနှစ်ဆေးကျောင်းသူဖြစ်ပါသည်။ဒုတိယ သားဖြစ်သူမောင်စည်သူမှာ ဦးအောင်ကျော်စိုး၏ သားမဟုတ်ကြောင်းကို ဦးအောင်ကျော်စိုးမှ စုံစမ်းစစ်ဆေး ရေးအဖွဲ့ ကို ငြင်းဆိုထားကာ၊ သူ၏အမျိုးသမီး အိမ်ထောင်ရေးဖောက်ပြန်သောကြောင့် သူလွတ်လပ်စွာနေထိုင်သည်မှာ မဆန်းပါကြောင်းပြောင်ပြောင်တင်းတင်း အာဏာရှင်ဆန်ဆန် ထွက်ဆိုထား ပါသည်။ ယဉ်ကျေးမှုလွှမ်းမိုးသော မြန်မာနိုင်ငံတွင် အထူးသဖြင့် ၀တ်စားဆင်ယင်ရသော ၀တ်စုံမှာ မြန်မာ ၀တ်စုံဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်း မြတ်နိုးစွာ ၀တ်ဆင်ကြသော မြန်မာ့အ၀တ်အထည် လုပ်ငန်းကို ဦးစီးဦးဆောင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သော ဦးအောင်ကျော်စိုး နှင့် သူ၏ ဇနီးတို့၏ အိမ်ထောင်ရေးအရှုပ်တော်ပုံ ကို နှစ်ဦးကြားမဖြေရှင်းနိုင်ကြကာ စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးတွင် လက်ရှိဖြေရှင်းနေကြပါသည်။ မြန်မာနိုင်ငံကို အခြားနိုင်ငံများနင့်ရင်ဘောင်တန်းကာ ဂုဏ်ယူဝင့်ကြွားနိုင်ငံ နိုင်ငံတော်သမတကြီးမှအစ ကျားကုတ်ကျားခဲကြိုးစားနေသည့်အချိန် တွင် စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးတွင်တော့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၏ မိန်းမကိတ်စ အရှုပ်တော်ပုံကို ၀န်ကြီး၊ ဒု-၀န်ကြီး နှင့် ညွှန်ကြားရေးမှူးများပါ ၀ိုင်းဝန်းဖြေရှင်းနေကြရပါသည်။
ထို့အတွက် နိုင်ငံတော်၏ အဖိုးတန်အချိန်များ များစွာဆုံးရှုံးနစ်နာနေရပါကြောင်း အများပြည်သူများ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။
အထည်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး

အလှူငွေပေးအပ်သူတစ်ဦး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ

RFA Burmese

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဦးမောင်လှသွယ် ဆိုသူကို မနေ့က ရမ်းဗြဲမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချပြီး ကျောက်ဖြူ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့သိရပါတယ်။

အာဏာပိုင်တွေ ပစ်ခတ်မှုကြောင့် အောက်တိုဘာလက သေဆုံးသွားတဲ့ ဦးဟန်ရွှေဆိုသူရဲ့ ကျန်ရစ်သူမိသားစုတွေကို အလှူငွေပေးအပ်ဖို့သွားသူ ဦးမောင်လှသွယ် ကို အာဏာပိုင်တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးပြီး ပုဒ်မ-၅၀၅(ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ အမှုစွဲတင်ပြီး ရမ်းဗြဲမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဦးမောင်လှသွယ် ကို တရားရုံးမှာ မနေ့က သူတို့ တွေ့ခွင့်မရခဲ့ဖူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

တရားရုံးမှာ စွပ်စွဲချက်တွေကို ခုခံချေပဖို့အတွက် ဦးမောင်လှသွယ် ကို အာဏာပိုင်တွေက ရှေ့နေငှားရမ်းခွင့်မပေးခဲ့ဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ချောင်းဝကျေးရွာအုပ်စု ရေမျက်ဝကျေးရွာမှာရှိတဲ့ သေဆုံးသူ ဦးဟန်ရွှေရဲ့ကျန်ရစ်သူ မိသားစုအတွက် စေတနာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတစ်ချို့က စုပေါင်းလှူဒါန်းတဲ့ ငွေ ၈ သိန်းကို ရမ်းဗြဲမြို့မှာနေထိုင်တဲ့ ဦးမောင်လှသွယ် က သူတို့ကိုယ်စား သွားရောက်ပေးအပ်ရာမှာ အာဏာပိုင်တွေက လမ်းမှာဖမ်းဆီးပြီး အမှုစွဲတင်ခဲ့တာဖြစ်ပါတယ်။

ဦးဟန်ရွှေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဆူပူမှုတွေအတွင်း အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် အာဆီယံ- အိန္ဒိယ မိန့်ခွန်း

 By Hmuu Zaw

    နိုင်ငံတော်သမ္မတဦးသိန်းစိန် အကြိမ် (၂ဝ) မြောက် အာဆီယံ- အိန္ဒိယ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်း (အပြည့်အစုံ)
    ==========================================
    အဆွေတော် ဘုရင်မင်းမြတ်၊

    အဆွေတော်များခင်ဗျား၊

    မိမိအနေနဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့် အိန္ဒိယအစိုးရ တို့ကို (၂၀)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခြင်းနဲ့ မိမိတို့ကို နွေးထွေးစွာ ကြိုဆိုပြီး ဧည့်ဝတ် ကျေပွန်မှုအတွက် အခြားခေါင်းဆောင်များနှင့်အတူ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

    အာဆီယံ-အိန္ဒိယ ဆက်ဆံရေးရဲ့ နှစ်(၂၀)မြောက် အခမ်းအနား ကျင်းပနေချိန်မှာ အာဆီယံနဲ့ အိန္ဒိယအကြား နှစ်(၂၀)ကြာ ဆက်ဆံရေးကာလမှ တွေ့မြင်ရတဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုရဲ့ တိုးတက်မှုကို များစွာ ကျေနပ်အားရပါတယ်။ ယနေ့တွေ့မြင်နေတဲ့ အသီးအပွင့်တွေဟာ မိမိတို့ နှစ်ဘက် ကြိုးပမ်းမှု ရလဒ်တွေဖြစ်ပါတယ်။ ဒီသမိုင်းတွင်မယ့် အခမ်းအနားမှာ မိမိတို့ဟာ အနာဂတ်ဆက်ဆံရေး တိုးမြှင့်ရေးအတွက် အရေးကြီးတဲ့ ကြေညာချက်ကို အတည်ပြုကြမှာဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ ဆွေးနွေးဘက်နိုင်ငံဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေး ပါပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးအတွက် မိမိတို့ရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေးတဲ့ အိန္ဒိယနိုင်ငံကို ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးကြီးဟာ မိမိတို့ရဲ့ဆန္ဒဖြစ်တဲ့ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးကို မဟာဗျူဟာမြောက်တဲ့ အဆင့်အထိ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။

    မိမိတို့ဟာ ကဏ္ဍပေါင်းစုံမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ကြိုးပမ်း နေတဲ့အချိန်မှာ အာဆီယံ-အိန္ဒိယ ထင်ပေါ်ကျော်ကြားသူတွေရဲ့ အစီရင်ခံစာကို ကြိုဆိုပြီး ၎င်းတို့က ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာမှုကို မျှဝေခံစားနိုင်မယ့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်သွားရန် ထောက်ခံတင်ပြခဲ့တာကို တွေ့မြင်ရပါတယ်။

    အိန္ဒိယနိုင်ငံက ၂၀၀၃ခုနှစ်မှာ အရှေ့တောင်အာရှ ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းအပြင် အာဆီယံ ဦးဆောင်တဲ့ ဒေသဆိုင်ရာတွေ့ဆုံ ဆွေးနွေးမှု ယန္တရားတွေမှာ အိန္ဒိယက တက်ကြွစွာပါဝင်ခြင်းနဲ့ ပြောင်းလဲဖြစ်ပေါ်နေတဲ့ ဒေသဗိသုကာမှာ အာဆီယံရဲ့ အချက်အခြာကျမှုကို အိန္ဒိယနိုင်ငံက ထောက်ခံတာ တွေကို အထူး အလေးထားပါတယ်။ ဒီလိုနဲ့ အာဆီယံနဲ့အိန္ဒိယတို့ဟာ နိုင်ငံရေးနှင့် လုံခြုံရေး ကိစ္စတွေမှာ နီးကပ်စွာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းဖြစ်တာနဲ့အညီ အာဆီယံနဲ့အိန္ဒိယတို့အကြား လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကို အထူးအလေးထားပါတယ်။

    နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍတွေမှာ နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာ အာဆီယံနဲ့ အိန္ဒိယအကြား ကုန်သွယ်ရေး တိုးမြှင့်ရေးကို နှစ်ဘက်ကြိုးပမ်း ဆောင်ရွက်နေကြ ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်ကျရင် အာဆီယံနဲ့ အိန္ဒိယ အကြား ကုန်သွယ်ရေးတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံအထိ ရောက်ရှိရေးကို မိမိတို့ကြိုးပမ်းအား ထုတ်သွားမှာဖြစ်ပါတယ်။ အာဆီယံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုရဲ့ တိုးတက်မှုတွေ ကြားသိရတဲ့အတွက် အားတက် မိပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကအခန်းကဏ္ဍ ဆက်သွယ်မှုများ ပိုမိုတိုးတက်ရေးနဲ့ အသေးစား နဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ ထိတွေ့ဆက်ဆံသွားရေးကိုလည်း အားပေးသွားမှာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံက အာဆီယံအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစဉ်ကို ထောက်ခံ အားပေးတာကို အထူးကျေးဇူးတင်ရှိပါတယ်။ မိမိတို့အနေနဲ့ အာဆီယံနဲ့အိန္ဒိယ အကြား သဘောတူ ထားတဲ့ အာဆီယံ-အိန္ဒိယ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနဲ့ ကြွယ်ဝချမ်းသာမှုများ မျှဝေခံစားရေး ပူးပေါင်းဆောင်ရွက်ရေးကို အကောင်အထည်ဖော်မယ့် လုပ်ငန်းအစီအစဉ် အပြည့်အဝ အောင်မြင်ရေးအတွက် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ အိန္ဒိယနိုင်ငံက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနေတဲ့ အာဆီယံပေါင်းစည်းရေး လုပ်ငန်းမှာ ပါဝင် ကူညီနေတာကိုလည်း ကျေးဇူးတင်ရှိပါတယ်။

    အာဆီယံ-အိန္ဒိယ ကားပြိုင်ပွဲ ၂၀၁၂ အောင်မြင်စွာ ပြီးဆုံးတာကို ဝမ်းမြောက်စွာ တွေ့မြင်ရပါတယ်။ ခရီးစဉ်တစ်ခုလုံးမှာ မြန်မာနိုင်ငံကို ဖြတ်သန်းတဲ့ အပိုင်းဟာ အရှည်ဆုံး ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကားပြိုင်ပွဲနဲ့ဆက်စပ်ပြီး ကျင်းပခဲ့တဲ့ အခမ်းအနားနဲ့ အစီအစဉ်တွေဟာ နှစ်ဘက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနဲ့ ပြည်သူ အချင်းချင်း ဆက်သွယ်မှုများ တိုးမြှင့်ရေးကို ရည်ရွယ်ပြီးပြုလုပ်ခဲ့ပါတယ်။ ဒီကားမောင်း ပြိုင်ပွဲဟာ အာဆီယံနဲ့အိန္ဒိယအကြား ဆက်သွယ်ရေးလမ်းကြောင်းရဲ့ အရေးပါမှုကိုပြသပါ တယ်။ ဒါနဲ့ဆက်စပ်လို့ အာဆီယံနဲ့ အိန္ဒိယအကြား ဆက်သွယ်ရေး စီမံကိန်းတွေမှာ အိန္ဒိယကပါဝင်မယ့် ကတိကဝတ်ပေးခဲ့တာကို ချီးကျူးပါတယ်။

    မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ဝင် ဖြစ်တဲ့အတွက် အာဆီယံနဲ့ အိန္ဒိယအကြား တည်ရှိတဲ့ အစဉ်အလာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုကို လွန်စွာတန်ဖိုးထားပါတယ်။ ဒီသမိုင်းဝင်အထိမ်းအမှတ်ပွဲမှာ ပါဝင်တက်ရောက်တာကို အခြေခံပြီး အာဆီယံ-အိန္ဒိယဆက်ဆံရေး တိုးမြှင့်ဖို့ ကျန်အာဆီယံနိုင်ငံတွေနဲ့အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတဲ့ မိမိတို့ရဲ့ဆုံးဖြတ်ချက်ကို ထပ်လောင်း အတည်ပြုပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။

    ကျေးဇူးတင်ပါတယ်။

 http://www.president-office.gov.mm/zg/briefing-room/news/2012/12/21/id-2055

Mayan လူမျိုးတွေက ပြက္ခဒိန်တစ်ခုအသစ်လုပ်ဖို့ ပျော်ရွှင်နေကြပါပြီ ။

သက်တန့်ချို's photo.
ဒီအကြောင်းလေးကို ၂၀၀၉ ခုနှစ်တုန်းကလည်း ဘလော့ဂါမှာ တဂ်ပို့စ်လေးရေးဖူးပါတယ် ။ အခု ၂၀၁၂ ရောက်လာတော့ တချို့လူတွေ့ မသိလိုက်မသိဖာသာ တချို့ကတော့ တကယ့်ကို ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြတယ် ။ ဘာသာရေးယုံကြည်မှုတွေအရရော သိပ္ပံနည်းကျ လေ့လာမှုတွေအရရော တချိန်ချိန်မှာတော့ ကမ္ဘာပျက်မယ်ဆိုတာ ကျွန်တော်လက်ခံပါတယ် ။ဘယ်လိုပျက်မလဲဆိုတာကိုလည်း ကျွန်တော် မှီသလောက်လေး လေ့လာကြည့်မိခဲ့တယ် ။ ထားပါတော့ အာကာသနဲ့တယ်လီစကုတ်ပညာရှင် တွေကတော့ မနက်ဖြန်မှာ ကမ္ဘာကြီးမပျက်ဆီးသေးဘူးဆိုတဲ့ “ The world will not end tomorrow ” ဆိုတာကို တွင်ကျယ်စွာပြောလာခဲ့ကြတယ် ။ ဒါပေမယ့် တချို့ကတော့ ကမ္ဘာပျက်မယ်ဆိုတဲ့ Count down ကိုရေတွက်နေကြတုန်းပါပဲ ။ 

နှစ် ငါးထောင်ကြာခဲ့ပြီဆိုတဲ့ Mayan လူမျိုးတွေရဲ့ ပြက္ခဒိန်က တကယ်တော့ ကမ္ဘာကြီးရဲ့အဆုံးသတ်ကိုရည်ညွှန်းခဲ့တာမဟုတ်ပါဘူး ။ အနောက်နိုင်ငံတွေရဲ့ ပြက္ခဒိန်တွေမှာ နှစ်တစ်နှစ်ရဲ့အဆုံးကို ဒီဇင်ဘာ ၃၁ နဲ့သတ်ထားသလို ဒါဟာ ကမ္ဘာကြီး ပျက်ဆီးသွားမယ်လို့ ဘယ်တုန်းကမှ ရည်ညွှန်းခဲ့ခြင်းမရှိပါဘူး ။ ကမ္ဘာပျက်ဖို့ဆိုတာ ဒီနေ့သာမက နောက်ထပ် နှစ်သန်းပေါင်းများစွာ လိုနေပါသေးတယ် ။ Mayan လူမျိုးတွေရဲ့ပြက္ခဒိန်ကလည်း ၂၁ ဒီဇင်ဘာမှာ ဆုံးသွားရင် နောက်ထပ်အသစ်ကို ရိုးရှင်းစွာ ဇန်န၀ါရီ ၁ ရက်ကနေ ပြန်စနေမှာဖြစ်ပါတယ် အကယ်၍ ဒီနေ့မှာ တကယ်ပဲ ကပ်ဆိုးကြီးတွေကျရောက်လာခဲ့မယ်ဆိုရင်တောင် ဒါဟာ Mayan တွေရဲ့ ပြက္ခဒိန်တွေကြောင့်မဟုတ်ပဲ အရင်ကတည်းကဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ကမ္ဘာ့ရာသီဥတု ၊ ပြတ်ရွေ့ကြော နဲ့ နေပတ်လမ်းကြောင်းတွေကြောင့်သာဖြစ်ပါလိမ့်မယ် ။ 

ဒါပေမယ့် ကမ္ဘာကြီးပျက်မယ်ဆိုပြီးအတည်ပေါက် ပြောနေတဲ့သူတွေရဲ့ သက်သေပြချက်တွေကို ကျွန်တော်တို့လည်းတစ်ခါလောက်လေ့လာကြည့်သင့်ပါတယ် ။ 

၁ ။ Asteroid Impact (ဂြိုလ်သိမ်ဂြိုလ်မွှားတွေ လွင့်စင်ရိုက်ခတ်မှု ) 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ မီလီယံလောက်တုန်းက ငှက်တွေမှလွဲ၍ ဒိုင်နိုဆောလိုမျိုး သတ္တ၀ါတွေဟာ ဒီဂြိုလ်မွှားတွေကမ္ဘာပေါ်ကို လွင့်စင်လာမှုကြောင့်သေကြေခဲ့ရ မျိုးတုန်းခဲ့ရတယ်လို့ဆိုခဲ့ကြတယ် ။ ဒါပေမယ့် ကမ္ဘာတစ်ခုလုံးပျက်ဆီးရလောက်အောင်တော့လည်း မဟုတ်သေးပါဘူး ။ ဒါဟာ တကယ့်ကိုရီစရာကောင်းတဲ့အကြောင်းပြချက်ပါပဲ ။ ဒါပေမယ့်လူတချို့စိုးရိမ်နေကြတာက အကယ်၍သာကြီးမားတဲ့ဒီဥက္ကာပျံတွေ ဂြိုလ်မွှားတွေသာ ပါကစ္စတန်သို့မဟုတ် အိန္ဒိယ လိုနူကလီးယား ပါဝါရှိတဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်စေခဲ့ရင် မမျှော်လင့်တဲ့ နူးကလီးယားစစ်ပွဲတွေက လူတွေအများကြီး သေစေနိုင်လိမ့်မယ်ဆိုတာပါပဲ ။ ဒါပေမယ့် အမေရိကန် နိုင်ငံ Air Force က ဂြိုလ်တုတွေကပြောခဲ့တာကတော့ ကံကောင်းထောက်မစွာပဲ ကမ္ဘာဖက်ဦးတည်နေတဲ့ ဥက္ကာပျံတွေဟာ တခြားဂြိုလ်တွေကို သာထိခိုက်စေနိုင်တယ် ကမ္ဘာကို ရောက်ဖို့တောင်နောက်ထပ် အလင်းနှစ်သန်းပေါင်းများစွာ လိုသေးတယ်လို့ဆိုထားတယ် ။ 

၂ ။ Gamma-Ray Burst (ဂမ်မာရောင်ခြည်ပေါက်ကွဲထွက်မှု ) 

ကမ္ဘာပျက်မယ်ပြောသူတွေဟာ အိုဇုန်းလွှာပါးလာတာနဲ့အမျှ ဂမ်မာရောင်ခြည်တွေပေါက်ကွဲထွက်လေထုထဲရောက်စေပြီးအောက်ဆီဂျင်ရှားပါးမှုနဲ့ရင်ဆိုင်ရကာ လူတွေသေကြေကြလိမ့်မယ်လို့လည်း ထပ်ပြောကြပြန်တယ် ။ ဂမ်မာရောင်ခြည်တွေပေါက်ကွဲထွက်စေနိုင်လိုက်တဲ့ ကြယ်အစုအဝေးဟာ တကယ်တော့ ကမ္ဘာ့အန္တရာယ်ဇုန်ထဲမှာရှိမနေခဲ့ပါဘူး ။ လတ်တလော လေ့လာချက်တွေအရတော့ ကြယ်တွေဟာ GRB လို့ခေါ်တဲ့အလင်းတန်းတွေထုတ်လွှတ်နိုင်ပေမယ့် အဲဒီလို ဂမ်မာရောင်ခြည်လွှတ်နိုင်တဲ့ကြယ်တွေဟာ အရမ်းကိုရှားပါးပြီး ကျွန်တော်တို့ နေစကြ၀ဌာအဖွဲ့အစည်းထဲရှိမနေခဲ့ပါဘူးတဲ့ ။ ဒါကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့မနက်ခင်းမှာ ကျွန်တော်တို့အားလုံး ပုံမှန်လည်ပတ်နေကြဦးမှာပါ ။ 

၃ ။ Natural Disasters ( သဘာဝကပ်ဘေးများ ) 

ဘယ်သူကမှ ဘယ်လို ဘဘာဝကပ်ဟာ ကမ္ဘာတစ်ခုလုံးပျက်စေနိုင်လိမ့်မလဲဆိုတာ မသိကြပါဘူး ။ မှန်ပါတယ် ကပ်ဘေးတွေကြောင့်ငလျှင်တွေကြောင့်မီးလောင်မှုတွေကြောင့်လူတွေအများကြီးသေနိုင်ပါတယ် ။ ဒါပေမယ့် ကမ္ဘာတစ်ခုလုံးကြီါ်ပျက်ဆီးသွားရလောက်အောင်မဟုတ်ပါဘူး ။ အခု ဆိုရင်လူတွေကြောင့်ပဲ သဘာဝ သယံဇာတတွေရှားပါးလာတယ် ပတ်ဝန်းကျင်ဂေဟစနစ်ပျက်ဆီးလာတယ် သဘာဝနဲ့လူဟာ သယဇာတမဖြစ်တဲ့အခါ ကပ်ဘေးတွေဆိုက်လာတယ် ။ ရောဂါတွေထူပြောလာတယ်။ ကမ္ဘာကြီးဟာ ၂၁ ရက်နေ့မှ ၀ုန်းဒိုင်းပျက်သွားတာတော့မဟုတ်ပါဘူး ။ တဖြည်းဖြည်းတော့ ကမ္ဘာကြီးနဲ့အတူလူတွေလည်းတစ်နေ့တစ်နေ့မွေးလိုက်သေလိုက်နဲ့ ပျက်ဆီးနေကြတာပါပဲ ။ 

၎ ။ Magnetic Reversal ( သံလိုက်စက်ကွင်းပြောင်းပြန်ဖြစ်ခြင်း ) 

ကမ္ဘာကြီးဟာပြောင်းပြန်လည်နေတာလားအတည့်လည်နေတာလား လွန်ခဲ့တဲ့နှစ်ပေါင်း ၇၈၀၀၀၀ တုန်းကတော့ သံလိုက်ဝန်ရိုးစွန်း ဟာ ပြောင်းပြန်ဖြစ်ခဲ့ကြတယ်လို့ဆိုခဲ့ကြတယ် ။ အခုရော အဲဒီလိုပြောင်းပြန်ပြန်ဖြစ်တဲ့အခါ ကမ္ဘာကြီးဒီတစ်ရက်တည်းပျက်သွားမှာလားလို့ စိုးရိမ်ပူပန်မှုတွေနဲ့မေးလာကြပြန်ပါပြီ ။ ကမ္ဘာဟာ သူ့ ရာဇ၀င်နဲ့သူ နေပတ်လမ်းထဲမှာ စနစ်တကျ သံလိုက်ဝန်ရိုးစွန်းတွေနဲ့လည်ပတ်နေလျှက်ရှိပါတယ် ။ ရှေးဟောင်းလေ့လာပညာရှင် Homo erectus က “ ကမ္ဘာဟာ သံလိုက်ဝန်ရိုးစွန်းပြောင်းလဲမှုကြောင့် လူသားတွေကို ဖျက်ဆီးနိုင်စေတယ်ဆိုရင်တောင် လူသားတွေရဲ့တည်ရှိမှု အရှိတရားကိုတော့ မခြောက်လှန့်နိုင်ပါဘူး ” လို့ ရဲဝင့်စွာပြောခဲ့တယ် ။ 

၅ ။ Thermonuclear War ( အပူ - နူးကလီးယား စစ်ပွဲတွေ ) 

ကမ္ဘာကြီးကို တစ်ရက်တည်းပျက်ဆီးစေနိုင်တဲ့အကြောင်းကတော့ အမေရိက နဲ့ရုရှားကြားမှာသာ နူးကလီးယားစစ်ပွဲတွေဖြစ်လာခဲ့ရင် ဖြစ်နိုင်ပါလိမ့်မယ်လို့ ဆိုကြတယ် ။ သူတို့မှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေရှိကြတယ် လေယာဉ်ပျံနဲ့ကျဲချနိုင်ပြီး ဆိပ်ကမ်းတွေကို ဖြိုဖျက်နိုင်တယ် ။ နူးကလီးယားစစ်ပွဲတစ်ခုဟာ လူပေါင်းသန်းနဲ့ချီပြီးတစ်နေ့တည်းမှာ သေစေနိုင်တယ် ။ စိုးတော့စိုးရီမ်သင့်ပါတယ် ။ ဒါပေမယ့်အရမ်းကြီးတော့စိတ်ပူမနေပါနဲ့ဦး ။ အမေရိကနဲ့ ဆိုဗီယက် ယူနီယံက နူးကလီးယားစစ်ပွဲတွေကိုရှောင်ပါ့မယ်ဆိုတဲ့လမ်းကိုဦးတည်နေလို့ နည်းနည်းတော့စိတ်အေးရပါတယ် ။ ဒီဇင်ဘာ ၂၁ ကတော့ ဘာမှမထူးခြားတဲ့ရက်တစ်ရက်အဖြစ်ကုန်ဆုံးသွားဦးမှာပါပဲ ။ 

နာဆာကလည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အကြောင်းသက်သေအမျိုးမျိုးပြထားပါတယ် ။ ဒီတော့ စိတ်အေးကြယုံပါ ။ Mayan လူမျိုးတွေက ပြက္ခဒိန်တစ်ခုအသစ်လုပ်ဖို့ ပျော်ရွှင်နေကြပါပြီ ။သင်ကရော ဘာလို့ ယုံမှားသံသယတွေနဲ့ထိတ်လန့်နေမလဲ ။ 

သက်တန့်ချို
http://www.skyandtelescope.com/news/Will-the-World-End-on-December-21st-184268391.html
http://www.newsnet5.com/dpp/news/local_news/cleveland_metro/Mayan-calendar-ends-on-12212012-Will-it-mean-the-end-of-the-world ဒီအကြောင်းလေးကို ၂၀၀၉ ခုနှစ်တုန်းကလည်း ဘလော့ဂါမှာ တဂ်ပို့စ်လေးရေးဖူးပါတယ် ။ အခု ၂၀၁၂ ရောက်လာတော့ တချို့လူတွေ့ မသိလိုက်မသိဖာသာ တချို့ကတော့ တကယ့်ကို ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြတယ် ။ ဘာသာရေးယုံကြည်မှုတွေအရရော သိပ္ပံနည်းကျ လေ့လာမှုတွေအရရော တချိန်ချိန်မှာတော့ ကမ္ဘာပျက်မယ်ဆိုတာ ကျွန်တော်လက်ခံပါတယ် ။ဘယ်လိုပျက်မလဲဆိုတာကိုလည်း ကျွန်တော် မှီသလောက်လေး လေ့လာကြည့်မိခဲ့တယ် ။ ထားပါတော့ အာကာသနဲ့တယ်လီစကုတ်ပညာရှင် တွေကတော့ မနက်ဖြန်မှာ ကမ္ဘာကြီးမပျက်ဆီးသေးဘူးဆိုတဲ့ “ The world will not end tomorrow ” ဆိုတာကို တွင်ကျယ်စွာပြောလာခဲ့ကြတယ် ။ ဒါပေမယ့် တချို့ကတော့ ကမ္ဘာပျက်မယ်ဆိုတဲ့ Count down ကိုရေတွက်နေကြတုန်းပါပဲ ။

နှစ် ငါးထောင်ကြာခဲ့ပြီဆိုတဲ့ Mayan လူမျိုးတွေရဲ့ ပြက္ခဒိန်က တကယ်တော့ ကမ္ဘာကြီးရဲ့အဆုံးသတ်ကိုရည်ညွှန်းခဲ့တာမဟုတ်ပါဘူး ။ အနောက်နိုင်ငံတွေရဲ့ ပြက္ခဒိန်တွေမှာ နှစ်တစ်နှစ်ရဲ့အဆုံးကို ဒီဇင်ဘာ ၃၁ နဲ့သတ်ထားသလို ဒါဟာ ကမ္ဘာကြီး ပျက်ဆီးသွားမယ်လို့ ဘယ်တုန်းကမှ ရည်ညွှန်းခဲ့ခြင်းမရှိပါဘူး ။ ကမ္ဘာပျက်ဖို့ဆိုတာ ဒီနေ့သာမက နောက်ထပ် နှစ်သန်းပေါင်းများစွာ လိုနေပါသေးတယ် ။ Mayan လူမျိုးတွေရဲ့ပြက္ခဒိန်ကလည်း ၂၁ ဒီဇင်ဘာမှာ ဆုံးသွားရင် နောက်ထပ်အသစ်ကို ရိုးရှင်းစွာ ဇန်န၀ါရီ ၁ ရက်ကနေ ပြန်စနေမှာဖြစ်ပါတယ် အကယ်၍ ဒီနေ့မှာ တကယ်ပဲ ကပ်ဆိုးကြီးတွေကျရောက်လာခဲ့မယ်ဆိုရင်တောင် ဒါဟာ Mayan တွေရဲ့ ပြက္ခဒိန်တွေကြောင့်မဟုတ်ပဲ အရင်ကတည်းကဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ကမ္ဘာ့ရာသီဥတု ၊ ပြတ်ရွေ့ကြော နဲ့ နေပတ်လမ်းကြောင်းတွေကြောင့်သာဖြစ်ပါလိမ့်မယ် ။

ဒါပေမယ့် ကမ္ဘာကြီးပျက်မယ်ဆိုပြီးအတည်ပေါက် ပြောနေတဲ့သူတွေရဲ့ သက်သေပြချက်တွေကို ကျွန်တော်တို့လည်းတစ်ခါလောက်လေ့လာကြည့်သင့်ပါတယ် ။

၁ ။ Asteroid Impact (ဂြိုလ်သိမ်ဂြိုလ်မွှားတွေ လွင့်စင်ရိုက်ခတ်မှု )

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ မီလီယံလောက်တုန်းက ငှက်တွေမှလွဲ၍ ဒိုင်နိုဆောလိုမျိုး သတ္တ၀ါတွေဟာ ဒီဂြိုလ်မွှားတွေကမ္ဘာပေါ်ကို လွင့်စင်လာမှုကြောင့်သေကြေခဲ့ရ မျိုးတုန်းခဲ့ရတယ်လို့ဆိုခဲ့ကြတယ် ။ ဒါပေမယ့် ကမ္ဘာတစ်ခုလုံးပျက်ဆီးရလောက်အောင်တော့လည်း မဟုတ်သေးပါဘူး ။ ဒါဟာ တကယ့်ကိုရီစရာကောင်းတဲ့အကြောင်းပြချက်ပါပဲ ။ ဒါပေမယ့်လူတချို့စိုးရိမ်နေကြတာက အကယ်၍သာကြီးမားတဲ့ဒီဥက္ကာပျံတွေ ဂြိုလ်မွှားတွေသာ ပါကစ္စတန်သို့မဟုတ် အိန္ဒိယ လိုနူကလီးယား ပါဝါရှိတဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်စေခဲ့ရင် မမျှော်လင့်တဲ့ နူးကလီးယားစစ်ပွဲတွေက လူတွေအများကြီး သေစေနိုင်လိမ့်မယ်ဆိုတာပါပဲ ။ ဒါပေမယ့် အမေရိကန် နိုင်ငံ Air Force က ဂြိုလ်တုတွေကပြောခဲ့တာကတော့ ကံကောင်းထောက်မစွာပဲ ကမ္ဘာဖက်ဦးတည်နေတဲ့ ဥက္ကာပျံတွေဟာ တခြားဂြိုလ်တွေကို သာထိခိုက်စေနိုင်တယ် ကမ္ဘာကို ရောက်ဖို့တောင်နောက်ထပ် အလင်းနှစ်သန်းပေါင်းများစွာ လိုသေးတယ်လို့ဆိုထားတယ် ။

၂ ။ Gamma-Ray Burst (ဂမ်မာရောင်ခြည်ပေါက်ကွဲထွက်မှု )

ကမ္ဘာပျက်မယ်ပြောသူတွေဟာ အိုဇုန်းလွှာပါးလာတာနဲ့အမျှ ဂမ်မာရောင်ခြည်တွေပေါက်ကွဲထွက်လေထုထဲရောက်စေပြီးအောက်ဆီဂျင်ရှားပါးမှုနဲ့ရင်ဆိုင်ရကာ လူတွေသေကြေကြလိမ့်မယ်လို့လည်း ထပ်ပြောကြပြန်တယ် ။ ဂမ်မာရောင်ခြည်တွေပေါက်ကွဲထွက်စေနိုင်လိုက်တဲ့ ကြယ်အစုအဝေးဟာ တကယ်တော့ ကမ္ဘာ့အန္တရာယ်ဇုန်ထဲမှာရှိမနေခဲ့ပါဘူး ။ လတ်တလော လေ့လာချက်တွေအရတော့ ကြယ်တွေဟာ GRB လို့ခေါ်တဲ့အလင်းတန်းတွေထုတ်လွှတ်နိုင်ပေမယ့် အဲဒီလို ဂမ်မာရောင်ခြည်လွှတ်နိုင်တဲ့ကြယ်တွေဟာ အရမ်းကိုရှားပါးပြီး ကျွန်တော်တို့ နေစကြ၀ဌာအဖွဲ့အစည်းထဲရှိမနေခဲ့ပါဘူးတဲ့ ။ ဒါကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့မနက်ခင်းမှာ ကျွန်တော်တို့အားလုံး ပုံမှန်လည်ပတ်နေကြဦးမှာပါ ။

၃ ။ Natural Disasters ( သဘာဝကပ်ဘေးများ )

ဘယ်သူကမှ ဘယ်လို ဘဘာဝကပ်ဟာ ကမ္ဘာတစ်ခုလုံးပျက်စေနိုင်လိမ့်မလဲဆိုတာ မသိကြပါဘူး ။ မှန်ပါတယ် ကပ်ဘေးတွေကြောင့်ငလျှင်တွေကြောင့်မီးလောင်မှုတွေကြောင့်လူတွေအများကြီးသေနိုင်ပါတယ် ။ ဒါပေမယ့် ကမ္ဘာတစ်ခုလုံးကြီါ်ပျက်ဆီးသွားရလောက်အောင်မဟုတ်ပါဘူး ။ အခု ဆိုရင်လူတွေကြောင့်ပဲ သဘာဝ သယံဇာတတွေရှားပါးလာတယ် ပတ်ဝန်းကျင်ဂေဟစနစ်ပျက်ဆီးလာတယ် သဘာဝနဲ့လူဟာ သယဇာတမဖြစ်တဲ့အခါ ကပ်ဘေးတွေဆိုက်လာတယ် ။ ရောဂါတွေထူပြောလာတယ်။ ကမ္ဘာကြီးဟာ ၂၁ ရက်နေ့မှ ၀ုန်းဒိုင်းပျက်သွားတာတော့မဟုတ်ပါဘူး ။ တဖြည်းဖြည်းတော့ ကမ္ဘာကြီးနဲ့အတူလူတွေလည်းတစ်နေ့တစ်နေ့မွေးလိုက်သေလိုက်နဲ့ ပျက်ဆီးနေကြတာပါပဲ ။

၎ ။ Magnetic Reversal ( သံလိုက်စက်ကွင်းပြောင်းပြန်ဖြစ်ခြင်း )

ကမ္ဘာကြီးဟာပြောင်းပြန်လည်နေတာလားအတည့်လည်နေတာလား လွန်ခဲ့တဲ့နှစ်ပေါင်း ၇၈၀၀၀၀ တုန်းကတော့ သံလိုက်ဝန်ရိုးစွန်း ဟာ ပြောင်းပြန်ဖြစ်ခဲ့ကြတယ်လို့ဆိုခဲ့ကြတယ် ။ အခုရော အဲဒီလိုပြောင်းပြန်ပြန်ဖြစ်တဲ့အခါ ကမ္ဘာကြီးဒီတစ်ရက်တည်းပျက်သွားမှာလားလို့ စိုးရိမ်ပူပန်မှုတွေနဲ့မေးလာကြပြန်ပါပြီ ။ ကမ္ဘာဟာ သူ့ ရာဇ၀င်နဲ့သူ နေပတ်လမ်းထဲမှာ စနစ်တကျ သံလိုက်ဝန်ရိုးစွန်းတွေနဲ့လည်ပတ်နေလျှက်ရှိပါတယ် ။ ရှေးဟောင်းလေ့လာပညာရှင် Homo erectus က “ ကမ္ဘာဟာ သံလိုက်ဝန်ရိုးစွန်းပြောင်းလဲမှုကြောင့် လူသားတွေကို ဖျက်ဆီးနိုင်စေတယ်ဆိုရင်တောင် လူသားတွေရဲ့တည်ရှိမှု အရှိတရားကိုတော့ မခြောက်လှန့်နိုင်ပါဘူး ” လို့ ရဲဝင့်စွာပြောခဲ့တယ် ။

၅ ။ Thermonuclear War ( အပူ - နူးကလီးယား စစ်ပွဲတွေ )

ကမ္ဘာကြီးကို တစ်ရက်တည်းပျက်ဆီးစေနိုင်တဲ့အကြောင်းကတော့ အမေရိက နဲ့ရုရှားကြားမှာသာ နူးကလီးယားစစ်ပွဲတွေဖြစ်လာခဲ့ရင် ဖြစ်နိုင်ပါလိမ့်မယ်လို့ ဆိုကြတယ် ။ သူတို့မှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေရှိကြတယ် လေယာဉ်ပျံနဲ့ကျဲချနိုင်ပြီး ဆိပ်ကမ်းတွေကို ဖြိုဖျက်နိုင်တယ် ။ နူးကလီးယားစစ်ပွဲတစ်ခုဟာ လူပေါင်းသန်းနဲ့ချီပြီးတစ်နေ့တည်းမှာ သေစေနိုင်တယ် ။ စိုးတော့စိုးရီမ်သင့်ပါတယ် ။ ဒါပေမယ့်အရမ်းကြီးတော့စိတ်ပူမနေပါနဲ့ဦး ။ အမေရိကနဲ့ ဆိုဗီယက် ယူနီယံက နူးကလီးယားစစ်ပွဲတွေကိုရှောင်ပါ့မယ်ဆိုတဲ့လမ်းကိုဦးတည်နေလို့ နည်းနည်းတော့စိတ်အေးရပါတယ် ။ ဒီဇင်ဘာ ၂၁ ကတော့ ဘာမှမထူးခြားတဲ့ရက်တစ်ရက်အဖြစ်ကုန်ဆုံးသွားဦးမှာပါပဲ ။

နာဆာကလည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အကြောင်းသက်သေအမျိုးမျိုးပြထားပါတယ် ။ ဒီတော့ စိတ်အေးကြယုံပါ ။ Mayan လူမျိုးတွေက ပြက္ခဒိန်တစ်ခုအသစ်လုပ်ဖို့ ပျော်ရွှင်နေကြပါပြီ ။သင်ကရော ဘာလို့ ယုံမှားသံသယတွေနဲ့ထိတ်လန့်နေမလဲ

သက်တန့်ချို
http://www.skyandtelescope.com/news/Will-the-World-End-on-December-21st-184268391.html
http://www.newsnet5.com/dpp/news/local_news/cleveland_metro/Mayan-calendar-ends-on-12212012-Will-it-mean-the-end-of-the-world

ကချင်အရေး လွှတ်တော်တွင် အရေးတကြီးဆွေးနွေးမည်

မဆုမွန် / 21.12.2012
ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးရနိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေးမှာ ကချင်ပြည်နယ်အရေး အရေးတကြီးအဆို တင်သွင်းပြီး ကချင်ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေကို ပိုပြီး သိရှိနိုင်အောင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကိုယ်တိုင် ကချင်ပြည်နယ်ကို ရောက်ရှိလေ့လာနေပါတယ်။ ဒီအကြောင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အကြောင်းစုံ ပြောပြပေးပါမယ်။

အခုဆိုရင် ကချင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကေအိုင်အေကြား တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတဲ့ အနေအထားဖြစ်နေတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အင်မတန်ကြီးမားတဲ့ အခက်အခဲ အကျပ်အတည်းကို ဖြစ်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နမ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ တပြည်နယ်လုံး၊ ပြည်နယ်သူ၊ ပြည်နယ်သား အားလုံး ဒုက္ခဖြစ်နေတာနဲ့ ကျနော်တို့ ပြည်နယ်ရဲ့ ဒီအခက်အခဲကလည်း ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းအတွက်လည်းပဲ ဖြောင့်ဖြူးဖို့အတွက် ခက်တဲ့အတွက်ကြောင့် ဒီဟာကတော့ နှစ်ဖက်စလုံးကို ယုံကြည်မှု မြန်မြန်တည်ဆောက်ပြီးတော့ ယုံကြည်မှု မြန်မြန်ရစေချင်တာနဲ့ အပစ်အခတ် အမြန်ဆုံး ရပ်စေချင်တာကတော့ ရင်ထဲက စကား၊ ရင်ထဲက အပြည့်အဝရှိတဲ့အနေအထားပေါ့။”

ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေဟာ နှစ်နဲ့ချီကြာမြင့်လာတာနဲ့အမျှ နှစ်ဘက်စလုံးက တိုက်ပွဲအရှိန်ကို ပိုပြီးတော့ မြှင့်လာတဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေရေးထိုင်ရေး၊ ကျမ်းမာရေးအပြင် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေး၊ကုန်ထုတ်လုပ်ရေးတွေကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်စေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

“အကုန်လုံးအဆင်ပြေဖို့ကတော့ ငြိမ်းချမ်းသွားမှပဲ ဖြစ်နိုင်တဲ့အနေအထားပါ။ အခုက အစစအရာရာ ပညာရေး၊ ကျမ်းမာရေးကအစ အားလုံး၊ အားလုံးပေါ့၊ စိုက်ရေးပျိုးရေး၊ မွေးမြူရေး အကုန်လုံး၊ နေတာထိုင်တာကအစ ကြာလာလေ၊ လူဦးရေများလာလေ။ ကြာလာလေ စိတ်ဓာတ်ကျလေ၊ ကြာလာလေ ဒုက္ခများလေ အဲ့လိုဖြစ်နေတယ်။"

ဒါ့အပြင် နှစ်ဘက်ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် သိန်းဂဏန်းလောက်ထိ မြင့်တက်လာတဲ့ အချိန်မှာ ကလေးငယ်တွေအတွက် ပညာသင်ယူနိုင်ရေး ကိုပါ ထိခိုက်ပျက်ပြားစေနေတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို အချိန်ကြာလာတာနဲ့အမျ ဒေသတွင်း တည်ငြိမ်မှုမရှိဘဲ အခြေအနေဆိုးဝါးလာနေတဲ့ ကချင်ပြည်နယ်အရေး ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတင်ပြနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးဖြစ် ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဦးခက်ထိန်နန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အခုလွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စာတင်ထားတယ်။ အခုလာမယ့် ဆဌမအကြိမ်မှာ ဆွေးနွေးခွင့်ရမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့လည်း ကိုယ့်ဒေသကို ကိုယ်ပြည်နယ်ကို ရောက်လာတာ အခုနှစ်ရက်၊ သုံးရက်ရှိလာပြီဆိုတော့ ဒီကိစ္စလည်း ဒီမှာဆွေးနွေးပြီးတော့ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဆွေးနွေးဖို့၊ တတ်နိုင်ဘက်က အကြံညဏ်တောင်းဖို့ ဒီဟာတွေတော့ ကျနော်တို့ အစီအစဉ်တွေတော့ ဆွဲနေပါတယ်။”

အခုဆိုရင် ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ထိုးစစ်ဆင်နိုင်ဖို့အတွက် မြန်မာစစ်တပ်ဘက်က စစ်သည်အင်အားတွေ တိုးပြီးချလာဖို့ လုပ်ဆောင်နေသလိုပဲ တိုက်ပွဲတွေအတွင်းမှာလည်း အဆင့်မြင့်စစ်တပ်သုံးလေယာဉ်တွေ၊ လက်နက်ကြီးတွေပါ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေဟာ အခြေအနေ ပိုပြီးတော့ ဆိုးဝါးလာနေတယ် လို့လည်း ကချင်သတင်းစဉ်က ကိုနော်ဒင်းက ပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်သာမကပဲနဲ့ ကချင်ပြည်နယ်တခုလုံးမှာ တိုက်ပွဲ အရှိန်အဟုန်တွေက မြင့်မားလာနေတာကို တွေ့ရတယ်။ အစိုးရဘက်က တိုက်လေယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အတော်လေး အသုံးပြုလာတာကိုလည်း တွေ့ရတာပေါ့။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကလည်း ရထားသုံးစီးလောက်နဲ့ အောက်မြန်မာပြည်က စစ်သား သောင်းဂဏန်းလောက် ကချင်ပြည်နယ်ထဲကို ပို့ထားလိုက်ပြီ။ အခုလည်း စစ်ရေးအရ ကေအိုင်အိုကို သူတို့က ချေမှုန်းဖို့အတွက် အခြေအနေတွေရှိတော့ ကချင်တွေဘက်က တိုက်စစ်လည်း မဆင်သေးဘူး။ ထိုးစစ်လည်း မလုပ်သေးဘူး အစိုးရကို။”

အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ ကေအိုင်အေရဲ့ တပ်စခန်းချထားတဲ့နေရာအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ထိုးစစ်တွေ အပြင်းထန်ဆုံး မြှင့်တင်လာတဲ့ မြန်မာအစိုးရနဲ့ ခံစစ်နဲ့ ပြန်တိုက်နေတဲ့ ကချင်တပ်တွေကြား ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာအနေအထားကို ရောက်ရှိနေပြီး ဒုက္ခသည်စခန်းတွေက စစ်ပြေးပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့ ကျမ်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့အတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေကနေ ကြိုးစားနေကြတယ်လို့လည်း ကချင်ပြည်နယ်အရေးစောင့်ကြည့်နေသူတွေ ပြောပါတယ်။

http://burmese.voanews.com/content/kachin-army-and-burmese-army-fighting/1569771.html

ကိုမိုးသီးဇွန်ကလည်းပြန်တရားစွဲချင်တယ်....

စစ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ရထား မိုင်းခွဲခံရ

စစ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ရထား မိုင်းခွဲခံရ
<br />

21 December 2012 Written by ရွှေဟင်္သာသတင်းဌာန

စစ်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ရထားတစင်းသည် မန္တလေး -မြစ်ကြီးနား ရထားလမ်းပိုင်း နမ္မားဘူတာနှင့် မြို့သစ်ဘူတာအကြား မိုးညှင်းအလွန် မိုင်တိုင် ၆၄၃/၂၂-၂၃ ကြားတွင်ယနေ့ နံနက် ၁ နာရီခန့်တွင် KIA က မိုင်းခွဲ ခဲ့ ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA ပြောခွင့်ရသူ ဦးလာနန်းက ဆိုပါသည်။

“ စစ်ပစ္စည်းတွေ တင်လာတယ်ဆိုတာကို အတိအကျသိရလို့ ခွဲလိုက်တာပါ။ သူတို့က ကျနော်တို့ကို စစ်ဆင်ဖို့ လိုအပ် နေတဲ့ လက်နက်ကြီးတွေ လက်နက်ခဲယမ်းမီးကျောက်နဲ့ ရိက္ခာတွေ တင်လာတာဖြစ်တယ်။ အရပ်သား ရထားတော့ မဟုတ်ဘူး။ ဒါကြောင့် အရပ်သားတွေ ထိခိုက်မှု မရှိတာဖြစ်ပါတယ်။ ကျနော်တို့ကလည်း ဒီရထားမျိုးကို ခွဲပစ်ရမှာဘဲ။” ဟု ဆိုပါသည်။

မိုင်းဒဏ်ကြောင့် မန္တလေးမြို့ဟောင်း -မြစ်ကြီးနား ကုန်တင်ရထား အမှတ် (၉၃၇) ၏ စက်ခေါင်း DD-1137 လမ်းချော်ပြီး ကုန်တွဲသုံးတွဲနှင့် နားနေတွဲတစ်တွဲ တိမ်းမှောက်ခဲ့ကာ ကုန်တွဲတစ်တွဲ လမ်းချော်ခဲ့ပါသည်။ ဤသို့ကြောင့် ရထားစက် ခေါင်းမောင်း ဦးကျော်မြင့်၊ လက်ထောက်ဦးနေလင်းထွန်းနှင့် လက်ထောက်စက်ခေါင်းမောင်း ဦးဥာဏ်ထွန်းတို့ ဒဏ်ရာ ရရှိခဲ့သည်။ ဒါဏ်ရာမှာ ပြင်းထန်မှုမရှိပေ။

ဤကဲ့သို့မိုင်းခွဲခံရသဖြင့် စစ်ပစ္စည်းများအချိန်မှီမရောက်ရှိသဖြင့် KIA ကို စစ်ဆင်ရန် ပြင်ဆင်နေမှုများလည်း ထိခိုက် လာဖွယ်ရှိမည်ဟု KIA ဖက်က ဆိုပါသည်။ စစ်ပစ္စည်းတင်ဆောင်လာသည့် အဆိုပါရထား ဖြတ်သန်းသွားစဉ် အချိန်တွင်လည်း တပ်ဖွဲ့လုံခြုံရေးမှတပါး အခြားမည်သူတဦးတယောက်မှ ဖြတ်သန်းသွားလာခွင့်မရှိစေရန် ကြပ်မတ်ထားခဲ့သည် ဟု KIA က ဆိုပါသည်။ ဤသို့ကြောင့် အရပ်သား ထိခိုက်မှု မရှိခြင်း ဖြစ်ပါသည်။

အဆိုပါကုန်တင်ရထား တိမ်းမှောက်သွားသဖြင့် လမ်းပိတ်ပြီး ခေတ္တ ရပ်နားနေရသော မန္တလေး -မြစ်ကြီးနား အစုန်အ ဆန်ရထားအချို့မှ ခရီးသည်များကို ရွှေ့ပြောင်းပေးသည့် နည်းဖြင့် ပို့ဆောင်သွားမည်ဟု မီးရထားဝန်ထမ်းများက ဆိုပါ သည်။ ရထားလမ်းကိုလည်း နက်ဖြန်၌ ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး မန္တလေးဘူတာကြီးမှ မြစ်ကြီးနားရထားများ ကို လည်း ပုံမှန်အတိုင်း ထွက်ခွာစေမည်ဟု မီးရထားဝန်ထမ်းများက ခရီးသည်များကို ပြောကြားထားပါသည်။

လဲ့လဲ့ဝင်းဆွေ လိမ်နေပြီ။

တာမွေကြံ့ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေတစ်ယောက် ဘာအရူးကွက်နင်းပြန်ပြီလဲမသိဘူး။

စတန့်တစ်မျိုးထွင်ပြန်ပြီ။

ပြည်သူတို့၏လိုအပ်ချက်များကို ဥပဒေဘောင်အတွင်းက ကူညီဖို့ဆိုပြီး (၂၃.၁၂.၁၂)နေ့မှာ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်မယ်ဆိုဘဲ။ တရားကျစရာကောင်းလိုက်ပါဘိသနဲ့။

လွန်ခဲ့တဲ့နှစ် (၂၀၁၁)က သူ့တပည့် ခိုင်ထွန်းအောင်ဆိုတဲ့ကောင်နဲ့ ကျော်သူရတိုးဆိုတဲ့ ကြံ့ဖွတ်မြို့နယ်ကော်မတီဝင် (၂)ယောက် အရက်တွေမူးပြီး တာမွေ၊ ဘိုလိန်းအောင်မင်္ဂလာရပ်ကွက်ထဲက ကျောင်းသားလေးတွေနဲ့ ရန်ဖြစ်တဲ့အမှုတုန်းကတော့ လွှတ်တော်အမတ် လဲ့လဲ့ဝင်းဆွေနဲ့ လင်တော်မောင် မင်းသိမ်း၊ တပည့်ကျော် အောင်ကိုတို့ တာမွေရဲစခန်းကိုသွားပြီး လွှတ်တော်အမတ်အရှိန်အ၀ါနဲ့ ရဲတွေကို အမှုပေါ့အောင်လုပ်ခိုင်းခဲ့တာတွေ၊ သူ့တပည့်တွေဖက်က ပြန်စွဲတဲ့ တန်ပြန်အမှုကျတော့တာမွေတရားရုံးကိုအမြန်တင်ခိုင်းပြီး တစ်ဖက်ကစွဲတဲ့အမှုကျတော့ တရားရုံးကို ယခုထိမတင်ဖြစ်အောင် ရဲကို ဖိအားပေးထားခဲ့တာတွေကြတော့ ဘယ်လိုရှင်းပေးမှာလဲ လွှတ်တော်အမတ်ကြီးရယ်လို့ မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။ အဲသည့်အမှုက အခုထိမပြီးသေးပါဘူး။ ကျောင်းသားမိဘလေးတွေရဲ့နစ်နာချက်ကျတော့ ဘယ်လိုလုပ်ပေးမှာလဲ။

အခု တရားရုံးလိုလို၊ ဘာလိုလိုနဲ့ သူကရုံးဖွင့်ပြန်ပြီ။ သူ့လုပ်ရပ်ကရောတရားရဲ့လား။ ဒီလိုထင်ရာစိုင်းလုပ်လာတဲ့လူက အခုလိုရုံးခန်းဖွင့်တာရော ကြံ့ဖွတ်က ဦးရွှေမန်းတို့ ကိုဌေးဦးတို့ရောသိရဲ့လား။

တရားရေးအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသိန်းညွန့်တို့၊ ဦးဝင်းမြင့်တို့တောင် ဆိုင်းဘုတ်မတင်ဘဲလဲ့လဲ့ဝင်းဆွေက ဘာလို့တင်ရတာလဲ။ အဲသည့်နေ့ကျရင် သွားပြီးကန့်ကွက်ကျမယ်လို့ ရပ်ကွက်ထဲမှာ ပြောနေသံတွေကိုလဲ ကြားနေရပါတယ်။ ဖွင့်ပွဲနေ့ကျ တက်မယ်သူမရှိမှာစိုးလို့ မိခင်ကလေး+ရယက+သာသနာရေးအဖွဲ့တွေကိုလည်း အရှက်မရှိဖိတ်ထားတယ်လို့လဲ သိရပါတယ်။

ဒီလိုလုပ်လို့ရပါသလား။ ကြည်ံပြီးထိန်းကြပါအုံ အရပ်ကတို့ရေ.....။ တစ်ချိန်တုန်းက သတင်းစာမှာရေးခဲ့တယ်။ ဘီဘီစီ...ညာနေသည်။ ဗွီအိုအေ...လိမ်နေသည်။ ဒီဗွီဘီ....... ညာနေသည်။ အာရ်အက်ဖ်အေ... ရန်တိုက်ပေးနေသည်တဲ့။

အခုတော့

လဲ့လဲ့ဝင်းဆွေ ပြည်သူကို လိမ်နေသည်။

လဲ့လဲ့ဝင်းဆွေ ပြည်သူကို ညာနေသည်။

လဲ့လဲ့ဝင်းဆွေ ပြည်သူနဲ့ ရဲတွေကို ရန်တိုက်ပေးနေသည်....လို့ တင်ပြလိုက်ပါတယ်။

ကေကေတီ