Saturday, December 22, 2012

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်

Konay Man
ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိ
ုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်
ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိ
ုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်

အစွမ်းထက်တဲ့ ဒုံးကျည်ထုတ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

rVoa Burmese
ပြီးခဲ့တဲ့သတီတင်းပတ်က တာဝေးပစ် ရော့ကဒ်ဒုံးကျည် အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ပြီးတဲ့နောက် ပိုပြီးတော့ အားကောင်းတဲ့ ရော့ကတ်ဒုံးကျည်တွေ လုပ်သွားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း က ပြောလိုက်ပါတယ်။ သောကြာနေ့က ပြုံရမ်းမှာ ရော့ကတ်ဒုံးကျည် ဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့အတူ ညစားစားပွဲမှာ ကင်မ်ဂျုံအွန်းက မြောက်ကိုရီးယား အနေနဲ့ ပိုပြီး အစွမ်းထက်တဲ့ ရော့ကတ်ဒုံးကျည်တွေကို ထုတ်လုပ်သွားဖို့ တိုက်တွန်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အစိုးရအတော်များများ ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ တာဝေးပစ် ဒုံးလက်နက် စမ်းသပ်မှုတွေ မလုပ်ဖို့ တားမြစ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တယ်လို့ ဆိုပြီး မြောက်ကိုရီးယားကို ပြစ်တင် ရှုတ်ချထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကတော့ ဒီစမ်းသပ်ပစ်လွှတ်မှုဟာ ကြီးမားတဲ့ တိုးတက်မှုလို့ ဆိုပြီး ဂုဏ်ယူ ပြောဆိုနေတာပါ။ အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့တဲ့ အဆင့်သုံးဆင့်ပါတဲ့ ရော့ကတ်ဒုံးကျည်ကို မိုးလေ၀သ အခြေအနေတွေ စောင့်ကြည့်တဲ့ စတလိုက်ဂြိုလ်တုကို အာကသထဲ လွှတ်တင်နိုင်ဖို့ ခုလို စမ်းသပ်ပစ်လွှတ်ခဲ့တာလို့ မြောက်ကိုရီးယားက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အစောပိုင်းက ဒုံးကျည် တပ်ဆင်မှုအပိုင်းမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ တချို့ ရှိနေတယ် ဆိုတဲ့ ယူဆချက်တွေနဲ့ သတင်းတွေ ထွက်ခဲ့တာကြောင့် ခုလို မြောက်ကိုရီးယားက ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ် လိုက်ချိန်မှာတော့ လေ့လာသူတွေ အများအပြားနဲ့ အနောက်နိုင်ငံတွေ အံ့အားသင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းထဲကို ပစ်လွှတ် စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယား ရော့ကတ်ဒုံးကျည်။ 

နယ်ချဲ့စနစ်ရဲ့  ကိုလိုနီဖြစ်ခဲ့ သူ ဘုရင်ကို အာဏာရှင်စနစ်ရဲ့  ကိုလိုနီဖြစ်နေသူက ဂုဏ်ပြု



အိန္ဒိယနိုင်ငံကို အလည်အပါတ်ရောက်ရှိနေတဲ့  မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန်ဟာ တချိန်တုံးက ဗြိတိသျှနိုင်ငံ အင်္ဂလိပ်အစိုးရရဲ့  နယ်ချဲ့ 
ကျူးကျော်တိုက်ခိုက်ခြင်းခံရပြီး ကိုလိုနီဖြစ်သွားရတဲ့  မြန်မာဘုရင်
သီပေါမင်းရဲ့  အုဋ္ဌ်ဂူကို ဂါဝရပြုခဲ့ တယ် ။ -၁၈၈၅-ခုနှစ်မှာ အရှေ့အိန္ဒိယ
သစ်ကုမဏီက ၀န်ထမ်းတဦးကို ဖမ်းဆီးတဲ့ အခါ  ပြသနာဖြစ်ခဲ့ ရာကနေ
မြန်မာနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲပြီး ကိုလိုနီကျွန်သဘောက်ဘ၀ကို
ကျရောက်ခဲ့ ရတယ် ။ အဲဒီအချိန်ကာလတုံးက မြန်မာနိုင်ငံဟာ
ကိုယ့်မင်းကိုယ့်ချင်းနဲ့  နေထိုင်လာခဲ့ ရာကနေပြီး စစ်လက်နက်တောင့်တင်းသူ
နယ်ချဲ့  အင်္ဂလိပ်အစိုးရကို မခုခံနိုင်ခဲ့ လို့  ကိုလိုနီကျွန်ဘ၀ကို
ရောက်ရှိခဲ့ ရတာဖြစ်ပါတယ် ။ လက်နက်အင်အား တောင့်တင်းသူများက နယ်ချဲ
့နိုင်ပြီး ကျွန်အင်ပါယာကို ထူထောင်တဲ့ ကာလမှာ မြန်မာနိုင်ငံရဲ့ 
နောက်ဆုံးဘုရင်ဖြစ်တဲ့  ဘုရင်သီပေါမင်းဟာ သားကောင်ဖြစ်ခဲ့ ရတယ် ။
အကျဉ်းစံဘုရင်ဘ၀နဲ့  နောက်ဆုံးမှာ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ မှာ
မြန်မာနိုင်ငံကို အလောင်းမြေချ မသွားခဲ့ ရဘဲ ငိုမဲ့ သူမရှိ -ကြေကွဲမဲ့ သူ
မရှိခဲ့ ရဘဲ နတ်ရွာစံကွယ်လွန်သွားခဲ့ ရပါတော့တယ် ။
    နယ်ချဲ့  အင်္ဂလိပ်တွေဟာ   ပြင်သစ်နိုင်ငံက စစ်ဘုရင်ကြီးဖြစ်တဲ
့နပိုလီယန်ကို ဖမ်းဆီးပြီးတော့ စိန့် ယယ်လင်ကျွန်းမှာ အကျဉ်းစံဘ၀နဲ့ 
ဖမ်းဆီးထောင်ချထားသလို မြန်မာနိုင်ငံက အကျဉ်းစံသီပေါမင်းကိုလဲ
အိန္ဒိယနိုင်ငံကို ပို့ ဆောင်ပေးခဲ့ တဲ့  အင်္ဂလိပ်အစိုးရဟာ နောင်အချိန်မှာ
တော်လှန်ထကြွမှု မရှိစေရအောင် အခုလို သူတို့ ရဲ့ ပြည်သူတွေနဲ့ 
ဝေးလံခေါင်သီတဲ့  နေရာဒေသတွေမှာ ထားတတ်ခဲ့ ကြတယ် ။ နယ်ချဲ
့ကျူးကျော်သူများနဲ့  အာဏာရှင်တွေဟာ လူခွဲ ဖမ်းဆီး အကျဉ်းစံခိုင်းတဲ့ 
ဆောင်ရွက်မှုများကို အခုလိုဘဲ စီမံကိန်းချပြီး ဆောင်ရွက်တတ်ကြပါတယ် ။
အိန္ဒိယနိုင်ငံက နောက်ဆုံးဘုရင် ဇါရှာဖါးကိုတော့ မြန်မာနိုင်ငံ
ရန်ကုန်မြို့ မှာ အကျဉ်းစံ ထားခဲ့ လို့  ရန်ကုန်မြို့ မှာဘဲ ကွယ်လွန်ခဲ
့ရပါတယ် ။  ( မှတ်ချက်---အဲဒီလို လုပ်ခဲ့ တဲ့ အတွက်
ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
-ဗိုလ်ချုပ်ကြီးခင်ညွန့် တို့ ဟာ အဲဒီပညာရပ်ကို အသုံးပြုခဲ့ တယ် ။
ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ကိုကိုးကျွန်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းပီး
ထောင်သွင်းအကျဉ်းချခဲ့ တယ် ။ ဗိုလ်သန်းရွှေ - ဗိုလ်ခင်ညွန့် တို့ လဲ
မြန်မာနိုင်ငံတနံတလျားမှာ ထောင်တွေဆောက်ပြီး ဖမ်းထားခဲ့ တာ ဒီအတိုင်းပါဘဲ
။ )
         အခုတော့ မြန်မာနိုင်ငံရဲ့  အကျဉ်းစံ ဘုရင် သီပေါဟာ သူ့ ရဲ
့ဘ၀မှာ မျှော်မှန်းခဲ့ တဲ့  မြန်မာနိုင်ငံကို မြန်မာလူမျိုးတွေက
အုပ်ချုပ်ပိုင်ခွင့်ဆိုတဲ့  ပြန်လည်ဖြစ်ပေါ်လာမဲ့ ဘုရင်စနစ်ကို မမြင်တွေ
့ခဲ့ ရပေမဲ့  မြန်မာနိုင်ငံကို မြန်မာလူမျိုးတွေ အုပ်ချုပ်ခွင့် ရနေလို
့မြန်မာသမ္မတ ဦးသိန်းစိန်က သူလဲလျောင်းရာ အုဋ္ဌ်ဂူမှာ ငြိမ်သက်စွာ အလေးပြု
နေလာခဲ့ တာကို တမလွန်ဘ၀က မချိတင်ကဲ ကြည့်နေမိမယ် ထင်ရတယ် ။
ဗုဒ္ဒဘာသာဝင်များရဲ့  ထုံးတမ်းစဉ်လာ ကိုးကွယ်ယုံကြည်မှုအရ သရဏဂုဏ်သာ
မတင်ဖြစ်သေးဘူးဆိုရင် အမျှအတန်းမဝေရသေးတဲ့ အတွက် အကျဉ်းစံ ဘုရင်သီပေါဟာ
တမလွန်ဘ၀မှာ မျက်ရည်စက်လက် ရင်ကွဲပက်လက်နဲ့  သမ္မတဦးသိန်းစိန်ကို
အမျှမယူနိုင်ဘဲ ကြည့်ဖြစ်နေမိမယ်ထင်တယ် ။ တကယ်လို့ အကျဉ်းစံဘုရင်သီပေါကသာ
သမ္မတဦးသိန်းစိန်ကို အကောင်းဆုံးအကြံညဏ်ပေးပြီး မြန်မာနိုင်ငံ
ပြည်သူပြည်သားတွေကို တခုတည်းသော မိန့်  မြွက်ချက်ကိုသာ ပေးဖြစ်မယ်ဆိုရင်
ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်နဲ့  ကိုယ့်ကြမ္မာဖန်တီးပိုင်ခွင့်ဆိုတာကို
ပြည်သူတွေကို ခံစားရရှိစေဖို့ နဲ့  သမ္မတဆိုရင်လဲ သမ္မတတဦးရဲ့ 
ကိုယ်ပိုင်လုပ်ပိုင်ခွင့်နဲ့  ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပြီး
တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့ သို့  အုပ်ချုပ်စေဖို့ 
မှာကြားလိမ့်မယ်လို့  ထင်မိပါတယ် ။ ဘာဖြစ်လို့ လဲဆိုရင် ဘုရင်သီပေါမင်းဟာ
အကျဉ်းကျခံနေရသူဖြစ်လို့ အကျဉ်းစံကျဖူးသူတိုင်း မည်သူမဆို
ကိုယ်ချင်းစာနာတရားကို လက်ကိုင်ထားဖို့ နဲ့  ရန်သူကိုယ်တောင်
ခွှင့်လွှတ်တတ်ကြဖို့  စိတ်ထားတွေ ပေါ်ပေါက်လာတတ်ကြလို့ ဘဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့်လဲ ဘုရင်တဦးဖြစ်စေ သမ္မတ ဖြစ်စေ မြန်မာနိုင်ငံမှာ
အုပ်ချုပ်လာခွင့်တွေရရှိလို့  ဖြစ်လာခဲ့ မယ်ဆိုရင် အဲဒီလို အကျဉ်းစံဘုရင်
သီပေါက သေသေချာချာ ပြောကြားလိမ့်မယ်လို့  ယူဆရပါတယ် ။
      အကျဉ်းစံဘုရင်သီပေါဟာ အခုအချိန်မှာ သင်္ခါရသဘောတရားနဲ့  ကျွန်ဘ၀ဆိုတဲ
့ လောကမျက်မှောက် သံသရာဖြစ်စဉ်များကို သမ္မတ ဦးသိန်းစိန်အား
သွန်သင်ဆုံးမပေးလိုက်ပြီဖြစ်တယ် ။ ဘုရားရှင်တော်တောင်မှ မလွန်ဆန်နိုင်ခဲ
့တဲ့  သင်င်္ခါရ ဖြစ်စဉ်မှာ ဆယ်ပါးသီလဆောက်တည်ဖို့ ရာကို အမြဲမပြတ်
စောင့်ထိမ်းဖို့  ညွှန်ကြားတော်မူတဲ့ အတွက် ဗုဒ္ဒဘာသာကို
သက်ဝင်ယုံကြည်သူတိုင်း ဆည်းကပ်ရပါတယ် ။ သို့ အတူဘဲ ကျွန်ဘ၀ဆိုတဲ့ 
မလွပ်မြောက်ရတဲ့  နိုင်ငံရေးအကျဉ်းစံဘ၀မှာလဲဘဲ ဒုက္ခ၏
ဆင်းရဲကြပ်တည်းခြင်းများနဲ့  ထွက်ပေါက်လမ်းများကို ရှာဖွေခြင်းဆိုတဲ့ 
နိယာမတရာများကို သွန်သင်ပြတတ်ကြတဲ့ အတွက် ဒီတရားသဘောကို
သမ္မတဦးသိန်းစိန်က မျက်ဝါးထင်ထင် မြင်တွေ့ သွားရပြီဖြစ်တယ် ။
ဘာဝနာတရားရှုမှတ်ပြီး အကျဉ်းစံ ဘုရင်သီပေါရဲ့  အုဋ္ဌ်ဂူကို ကြည့်နေချိန်မှာ
သမ္မတဦးသိန်းစိန်အဖို့  ကြေကွဲခြင်းများစွာနဲ့  ကိုယ့်မြန်မာနိုင်ငံရဲ့ 
အရှင်သခင်တဦးကို ကျွန်ဘ၀မှာ အသေဆိုးနဲ့  သေပွဲဝင်ခဲ့ ရပုံကို
ကရုဏာသက်စွာ ခံစားမိမှာဖြစ်ပါတယ် ။
   သင်္ခါရဆိုတာ ဒါပါဘဲ ။ အနိစ္စ အမြဲမရှိတဲ့  တရားကို အကျဉ်းစံသီပေါက သူ
့ရဲ့  ဘ၀နဲ့  သက်သေပြနေတဲ့ အခါ သမ္မတ ဦးသိန်းစိန်အနေနဲ့  သေသေချာချာ
သတိထားရမဲ့ ဟာက ဗုဒ္ဒဂုဏ်တော်ဘဲဖြစ်ပါတယ် ။ တချိန်တည်းမှာ
နေရာချင်းပြောင်းလဲပြီး အကျဉ်းစံဘုရင်သီပေါနေရာမှာ သမ္မတ ဦးသိန်းစိန်က
ဝင်ပြီး သမ္မတဦးသိန်းစိန်နေရာမှာ ဘုရင်သီပေါ နေရာယူလိုက်ပြီဆိုရင်
ဘယ်လိုခံစားဖြစ်မလဲ ဆိုတာ တွေးကြည့်ပေးသင့်ပါတယ် ။ နယ်ချဲ့ စနစ်ရဲ့ 
ကိုလိုနီကျွန်ဘ၀ကို ရောက်ရှိခဲ့ သူ မြန်မာနိုင်ငံရဲ့  နောက်ဆုံး ဘုရင်
သီပေါကို လက်ရှိမြန်မာနိုင်ငံရဲ့  စစ်အာဏာရှင်စနစ်ရဲ့  ကိုလိုနီဖြစ်နေရသူ
သမ္မတ ဦးသိန်းစိန်က အလေးပြုဦးညွတ်နေတာဟာ မင်္ဂလာတပါးဖြစ်သလို
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းမင်္ဂလာမည်ပါတယ် ။ ဘုရင်သီပေါဟာ
မင်းကျင့်တရားဆယ်ပါးနဲ့ အညီ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ တဲ့ 
နောက်ဆုံးမင်းဖြစ်ပါတယ်။ သူ့ လက်ထက် အဲဒီအချိန်မှာ ကမ္ဘာ့အနှံ့အပြားမှာ
စစ်လက်နက်အားကိုးနဲ့  နယ်ချဲ့ စနစ်ဒဏ်ကို ခံစားခဲ့ ရတဲ့  အာရှိတိုက်က
လက်နက်အင်အား နည်းပါးခဲ့ လို့  ကိုလိုနီဖြစ်သွားရတာပါ ။
     အကျဉ်းစံဘုရင်သီပေါဟာ အကျဉ်းစံဘ၀နဲ့  မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက်
ဘာမှ မဆောင်ရွက်နိုင်ခဲ့ ပေမဲ့  သူ့ ကို ကြည့်ပြီး
မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ သူကတော့
ရခိုင်လူမျိုးဆရာတော် အရှင် ဦးဥတ္တမဖြစ်ပါတယ် ။ အိန္ဒိယနိုင်ငံ
ကာလကတ္တားမှာ တက္ကသိုလ်တက်နေတဲ့ ဆရာတော် ဦးဥတ္တမဟာ အကျဉ်းစံဘုရင်သီပေါကို
သွားရောက်တွေ့ ဆုံခဲ့ ပြီးနောက် ဘုရင်သီပေါကို တွေ့ ခဲ့ ရတဲ့ အတွက်
ကြက်သီးဖြန်းဖြန်းထ ခံစားခဲ့ ရပါတယ်လို့  မှတ်တမ်းတင်ရေးထားပါတယ် ။
တချိန်တုံးက မြန်မာဘုရင်ကို အကျဉ်းသွင်းပြီး ထားတာကို မခံမရပ်နိုင်ခံတဲ့ 
ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံကိုလာရောက်တဲ့ အခါ သူ့ ကျွန်ဘ၀က
လွပ်မြောက်ရေးအတွက် လွပ်လွပ်ရေးတရားကို ဟောပြောခဲ့ တဲ့  မြန်မာနိုင်ငံမှာ
တဦးတည်းသော ရှေးဦးဆုံးဗုဒ္ဒသားတော် ရဟန်းသင်္ဃာတော်တပါးဖြစ်ပါတယ် ။
ဆရာတော် ဦးဥတ္တမမျိုးစေ့ချပေးခဲ့ လို့ ဘဲ လွပ်လွပ်တဲ့  မြန်မာနိုင်ငံရဲ့ 
သမ္မတဦးသိန်းစိန်ဟာ အကျဉ်းစံ မင်းသီပေါရှေ့မှာ အခစားရောက်ရှိနေပါပြီကော ။
မြန်မာနိုင်ငံလွပ်မြောက်နေသော်ငြားလဲဘဲ  အခုအချိန်ထိ အင်္ဂလိပ်နယ်ချဲ
့အစိုးရဟာ အကျဉ်းစံဘုရင်သီပေါကို အကျဉ်းချ အပြစ်ပေးထားခြင်းမှ
လွှတ်ပေးခြင်းကို မကြားရသေးပါဘူး ။
   တက္ကသိုလ်စိန်တင်ရေးတဲ့  အကျဉ်းစံ ဘုရင်သီပေါစာအုပ်ကို လွန်ခဲ့ တဲ
့-၁၅- နှစ်လောက်က အိန္ဒိယနိုင်ငံမှာ နေထိုင်ခဲ့ စဉ် ဖတ်ဖူးခဲ့ ပါတယ် ။
ဒါပေမဲ့  အဲဒီလို အကျဉ်းချ အပြစ်ပေးခြင်းမှ လွှတ်ပေးခဲ့ တယ်လို့  မဖတ်ခဲ
့မိလို့  ထင်ပါတယ် ။ မလွှတ်ပေးဖြစ်သေးရင်  အကျဉ်းစံဘုရင်သီပေါကို
သွားးလိုရာ သွားခွင့်ပေးဖို့  သက်ဆိုင်ရာ အင်္ဂလိပ်အစိုးရက အမိန်
့ပြန်တမ်းနဲ့  အကျဉ်းသားအဖြစ်မှ လွှတ်ပေးဖို့  လိုအပ်နေပါသေးတယ် ။
ခုအချိန်မှာတော့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဦးဆွေးဆံမြေ့ ထမ်းရွက်ခဲ
့တဲ့  ဘုရင်သီပေါမှာ သူ့ ရဲ့  မျိုးဆက်တွေဟာလဲဘဲ မြန်မာနိုင်ငံရဲ့ 
နိုင်ငံရေးမျိုးဆက်အဖြစ် စွမ်းစွမ်းတမံ ဆောင်ရွက်သူများ မရှိကြတဲ့ အတွက်
မျိုးဆက်သစ် နိုင်ငံရေးသမားများအဖို့  အရေးတကြီး စဉ်းစားရမဲ့ 
အခြေအနေဖြစ်ပါတယ် ။ အကယ်၍ ဆရာတော် ဦးဥတ္တမသာ မပေါ်ထွန်းခဲ့ ရင်
မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် မဆောင်ရွက်ခဲ့ ရင် မြန်မာနိုင်ငံရဲ့ 
ပထမလွပ်လွပ်ရေးဟာ ပေါ်ပေါက်လာခဲ့ မှာ မဟုတ်ပါဘူး ။ ဘုရင်ကွယ်လွန်လို့ 
ဘုရင်ဖြစ်တဲ့  ပဒေသရစ်စနစ်လို ကျန်ရစ်သူသားသမီးတွေက တထောင့်တနေရာမှာ
မြန်မာနိုင်ငံအရေးကို ထမ်းရွက်ခဲ့ မယ်ဆိုရင် အကျဉ်းစံသီပေါဟာ
ကောင်းကင်ဘုံတနေရာက အကြေနပ်ကြီး ကြေနပ်နှစ်သိမ့်မိမှာ မြင်ယောင်တယ် ။
ခုတော့ သီပေါမျိုးဆက် ပြတ်သွားလွန်းတာ ရင်ကျိုးရအောင်
မြန်မာနိုင်ငံသားတွေက ခံစားနေရတာထက် ဘုရင်မင်းသီပေါက ပိုလို့ တောင်
နာကြည်းခံစားမိမှာပါ ။
    ဒါတွေကို အကျဉ်းစံသီပေါက သမ္မတဦးသိန်းစိန်ကို သခင်္ဏးစာတွေ
ပေးနေပါလိမ့်မယ် ။ တချိန်တုံးက ကျွန်ဘ၀နဲ့  သေဆုံးကွယ်လွန်ခဲ့ ရတဲ့ 
ဘုရင်တပါးဟာ သူ့ ရှေ့မှာ သူ့ လိုဘဲ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ 
သမ္မတတဦးကို မြင်ယောင်နေရပါပြီ ။ သူရှိစဉ်က မြန်မာနိုင်ငံကို
တသွေးတသံတမိန့် နဲ့  အုပ်ချုပ်ခွင့် ရရှိနေခဲ့ ပေမဲ့  သူ့ လို
သက်ဦးဆံပိုင် ပဒေသရစ်စနစ် မဟုတ်ပြန်တဲ့ အခါ အခုလက်ရှိ ဒီသမ္မတ
ဦးသိန်းစိန်ဟာ ညီလာခံလွှတ်တော်နဲ့  အုပ်ချုပ်နေတာကို ကြားသိခဲ့ ရရင်
စိတ်ချမ်းသာကောင်း ချမ်းသာပါလိမ့်မယ် ။ ဒါပေမဲ့  လက်နက်အားကိုးနဲ့ 
အာဏာရှင်စနစ်က နောက်ကနေပြီး ရှိနေသေးတယ်လို့ သာ သိရှိသွားရင်
အကျဉ်းစံဘုရင်သီပေါဟာ နောက်ထပ်တကြိမ် အခုလိုဘဲ အကျဉ်းစံဘ၀မျိုးနဲ့ 
သံသရာမှာ ၀ဋ်လည်ပြန်လေမလားလို့  တွေးတောမိမှာ အသေအချာဖြစ်တယ်  ။
ဘာဖြစ်လို့ လဲ ဆိုတော့ အကျဉ်းစံဘုရင်သီပေါဟာ နယ်ချဲ့  စနစ်နဲ့ 
လက်နက်အားကိုးသူများရဲ့  သားကောင်ဖြစ်ခဲ့ လို့ ပါဘဲ ။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

မာလာလာက သူမအမည်ဖြင့် ပါကစ္စတန်ရှိ ကောလိပ်ကို အမည်မပြောင်းရန် တောင်းပန်

( မောက္ခပညာရေးမှ ကူးယူဖေါ်ပြပါသည် )

ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီးများပညာရေးအတွက် တိုက်ပွဲဝင်ကာ တာလီဘန်များကသေနတ်ဖြင့် အပစ်ခံရ၍ လန်ဒန်တွင် ဆေးကုသမှု ခံယူနေရသည့် မာလာလာ ယူဆပ်ဖ် ဇိုင်ယာသည် သူမကို ဂုဏ်ပြုသောအားဖြင့် ကောလိပ်တစ်ခုအား သူမအမည်ဖြင့် ပြောင်းလဲခေါ်မည်ဆိုသည့်ကိစ္စကို တောင်းပန်လိုက်ကြောင်း သတင်းရရှိသည်။ ထိုကောလိပ်တွင် တက်ရောက်သင်ကြားနေသူများကို အကြမ်းဖက်တိုက်ခိုက်မှုများ ခံရနိုင်သဖြင့် ထိုသို့ မပြုလုပ်ရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ဆိုသည်။

အသက် ၁၅ နှစ်အရွယ်ရှိ မာလာလာသည် တာလီဘန်အကြမ်းဖက်မှုများကို ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းရှိသည့် နိုင်ငံ၏ သံမဏိမိန်းကလေးအသွင် ဂုဏ်ပြုခြင်းခံနေရသကဲ့သို့၊ သူမမွေးရပ်မြေ မင်ဂိုရာတွင် တာလီဘန်များက နံရံများတွင် ကပ်ထားသည့် သူမပုံများကို ဆွဲဖြဲခြင်း၊ သူမ တက်ခဲ့သောကျောင်းကို ၀င်ရောက် ဖျက်ဆီးခြင်းများ ကို ပြုလုပ်လျက်ရှိသည်။ သို့ဖြစ်ရာ သူမအမည်ကို ကောလိပ်တစ်ခုအား ပြောင်းလဲပေးလိုက်မည်ဆိုလျှင် ထိုကောလိပ်ကိုလည်း အကြမ်းဖက် ဖျက်ဆီးနိုင်သဖြင့် မိမိအမည်ကို လွှဲပြောင်းပေးအပ်ခြင်းမလုပ်ရန် တောင်းပန်ခြင်းဖြစ်သည်။

အစိုးရ အရာရှိ ကမ်မရမ် ရာမန်က သူ့ကို မာလာလာသည် လန်ဒန်မှ ဖုန်းဖြင့်ခေါ်ပြီး ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ တာလီဘန်တို့ကလည်း အမျိုးသမီးများ ပညာသက်ကြားရေးကို မာလာလာ ဦးဆောင်ပြီး လုပ်နေသဖြင့် ပစ်မှတ်ထားကာ သေသည်အထိ တိုက်ခိုက် လုပ်ကြံသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

မာလာလာ၏ အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေးတိုက်ပွဲကြောင့် ပါကစ္စတန်ကို ကမ္ဘာကပိုမိုသိရှိသွားခဲ့ သလို၊ မာလာလာသည်လည်း အမျိုးသမီးများ အခွင့်အရေးတိုက်ပွဲဝင်သူအဖြစ် ကျော်ကြားခဲ့ရသည်။

http://www.maukkha.org/index.php/news-menu/international-news-maukkha/2729-2012-12-22-05-02-36
ကနေဒါတိုရန်တိုမြို့ကောင်ဆယ်လာမှငြိမ်းချမ်းရေးနိုဘယ်ဆုအမည်စာရင်းတင်သွင်းထားပြီးဖြစ်သည်။

မြေငလျင်သတင်း - 22.12.2012

USGS သတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၂ ရက် စနေနေ့  မြန်မာစံတော်ချိန် ည ၂၃ နာရီ ၁၁ မိနစ် ၄၄ စက္ကန့် အချိန် တွင် မုံရွာမြို့ ၏ အနောက်မြောက်ဘက် ၃၂ မိုင်ခန့်  ၊ ရွှေဘိုမြို့ ၏ အနောက်ဘက် ၆၀ မိုင်ခန့်  ၊ မြင်းခြံ မြို့ ၏ အနောက် အနောက်မြောက်ဘက် ၇၇ မိုင်ခန့်  ၊ ပခုက္ကူ မြို့ ၏ အနောက် အနောက် မြောက်ဘက် ၇၈ မိုင်ခန့် အကွာ မြေအောက် အနက် ၁၂၆.၆ ကီလိုမီတာ (၇၈.၇ မိုင်) တွင် အင်အား ရစ်ချစ်တာစကေး ၅.၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်သွားကြောင်း သိရပါသည်။



http://earthquake.usgs.gov/earthquakes/recenteqsww/Quakes/usc000eewi.php

ကော့သောင်းမြို့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင်ဘောလုံးကွင်း ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်

"ယခုအချိန်မှာဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ပြောကြတယ်။ အဲဒီတော့ ကျွန်မတို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အလိုအပ်ဆုံးက ဘာလဲဆိုတော့ စိတ်ဓာတ်တွေ ပြုပြင်ပြောင်းလဲဖို့ပါပဲ။ တချို့က မေးကြတယ်။ ကျွန်မတို့နိုင်ငံ ဘယ်တော့ပြောင်းလဲမလဲ။ ကျွန်မပြောချင်တာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ်က ဘယ်တော့ပြောင်းမလဲ၊ ကိုယ့်စိတ်တွေကို ဘယ်တော့ပြောင်းမလဲ၊ ကိုယ်က နိုင်ငံရဲ့ တာဝန်တွေကို ဘယ်တော့ထမ်းဆောင်မယ်ဆိုတဲ့စိတ် ဘယ်တော့မွေးမယ်အပေါ်မှာ မူတည်ပြီး ကျွန်မတို့နိုင်ငံ ဘယ်တော့ပြောင်းမလဲဆိုတာ အဖြေပေါ်မှာပါ"

"နိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ နိုးနိုးကြားကြားရှိရမယ်။ ဘယ်သူတွေက ဘာလုပ်နေလဲ၊ ဘာအတွက်လုပ်နေလဲ၊ ဘာရည်ရွယ်ချက်နဲ့လုပ်နေလဲ၊ သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာ စဉ်းစားရပါမယ်။ လူများတွေ ပြောတာကို လွယ်လွယ်နဲ့ မယုံနဲ့။ ကျွန်မပြောတာလည်း လွယ်လွယ်နဲ့မယုံပါနဲ့။ ပြောတာတွေကို သေသေချာချာစဉ်းစားပါ။ လက်တွေ့ကျလား၊ မကျဘူးလားဆိုတာ ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်ပါ"

"ကျွန်မတို့ နိုင်ငံတကယ်ဂုဏ်ရှိဖို့ဆိုတာ ကျွန်မတို့နိုင်ငံရဲ့ သီလ၊ သမာဓိ၊ ပညာပေါ်မှာ မူတည်တယ်။ ပြင်ပကလာမယ့် အထောက်အကူတွေပေါ်မှာ မူတည်တာမဟုတ်ဘူးဆိုတာ ကျွန်မ သေသေချာချာပြောချင်ပါတယ်။ ပြင်ပကတော့ အထောက်အကူတွေပေးချင်တယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးဘက်ကို သွားနေတယ်ဆိုပြီးတော့ အင်မတန်မှ ကျွန်မတို့နိုင်ငံပေးမှာ သဒ္ဓါပွားနေကြတယ်။ သို့သော် ကျွန်မတို့ နိုင်ငံဟာ သွားသင့်တဲ့လမ်းကိုမသွားလို့ရှိရင် သဒ္ဓါစိတ်တွေဟာလည်း ပျောက်သွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ခြင်းအားဖြင့် ကျွန်မတို့ဟာ အများရဲ့ ထောက်ခံမှုလည်းရမယ်။ အကူအညီလည်းရမယ်။ လူမစွမ်း နတ်မတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်မတို့ ပြည်သူတွေဟာ လူအများချစ်အောင်လို့၊ လူအများလေးစားအောင်လို့ နေမှ ရေရှည်အကူအညီတွေကို ရမှာပါ။ တကယ်မသိသေးရင်တော့ပေးမှာပေါ့။ တကယ်လို့ ဒီတိုင်းပြည်ဟာ ပေးရကျိုး မနပ်ဘူး၊ မပေးသင့်ဘူးဆိုရင် ဆက်ပေးမှာ မဟုတ်ဘူး"

ဘင်္ဂလာဒေ့ရှ်အရာရှိများက RSOများကို လေ့ကျင့်ပေး

Coral Arakan News Agency

မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ဘင်္ဂလာဒေ့ရှ်အရာရှိများက RSO ရိုဟင်ဂျာအမည်ခံ သောင်းကျန်းသူများကို လေ့ကျင့်ပေးနေသည် ဟု ဆို

By Oo-du Khin-sai

စစ်တွေ ၊ ၂၂ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ breaking news ]

မောင်တောမြို့နယ်အလွန် မြန်မာ-ဘင်္ဂလာနယ်ခြားတွင် ရိုဟင်ဂျာအမည်ခံ RSO ကုလားဆိုး သောင်းကျန်းသူ များအား အခြေစိုက်စခန်းတည်ရှိခွင့်ပေးထားရုံမျှမက ဘင်္ဂလာဒေ့ရှ် စစ်ဘက်အရာရှိများ ဟု ယူဆရသူများကပါ အဆိုပါသောင်းကျန်းသူများကို လေ့ကျင့်ပေးနေကြောင်း ထိုအခြေစိုက်စခန်းအနီးသို့ ရောက်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားတစ်ဦးက Coral Arakan အား သတင်းပေးပို့သည်။

“RSO ဌာနချုပ်မှာက ကုလားဆိုး (၁၈၀)ရှိတယ်။ လက်နက်က ရှစ်ဆယ်လောက်ရှိတယ်။ ရှစ်ဆယ်က လက်နက်ကိုင်ပြီး ကျန်တစ်ရာလောက်က လက်နက်မရကြသေးဘူး။ ဒါပေမဲ့ ဒါက အကုန်လုံးမဟုတ်သေးဘူး။ အနီးအနား တစ်မိုင်နှစ်မိုင် ပတ်လည်မှာ ဖြန့်ကျက်ထားထာတွေ၊ အနီးအနားကျေးရွာတွေမှာ စခန်းချထား တာတွေနဲ့ ပေါင်းလိုက်ရင် သူတို့မှာ လူအင်အား လေးရာလောက်ရှိတယ်” အဆိုပါ အမည်မဖော်လိုသော သတင်းပေးသူက Coral Arakan အားပြောကြားသည်။

အဆိုပါ RSO ဌာနချုပ်တည်ရှိရာနေရာမှာ Garjania မြို့မှ အရှေ့မြောက်ယွန်းယွန်း (၆၃.၈၆ ဒီဂရီ ဦးတည်ချက် ဖြင့် တိုင်းလျှင်) ခုနစ်မိုင်ကျော်ကျော်ကွာဝေးပြီး ယင်းနေရာကို အိမ်ခြေနည်းပါးသော မြိုကျေးရွာငါးရွာနှင့် အခြားရွာနှစ်ရွာက အနီးအနားတွင် ပြန့်ကျဲဝိုင်းရံလျက်ရှိသည်။

ယင်းကျေးရွာများ၏အလွန် အနောက်တောင် ဘက် လေးမိုင်ခန့် ကွာဝေးသောနေရာတစ်ခုတွင် BGB (Border Guard Bangladesh) စစ်စခန်း တစ်ခု ရှိနေသည့် အတွက်၊ ဘင်္ဂလာဒေ့ရှ်အစိုးရအနေဖြင့် RSO ဌာနချုပ် ရှိနေကြောင်းကို သိရှိရမည်မှာ အမှန်မုချ ပင်ဖြစ်သည်ဟု ၄င်းသတင်းပေးသူက ပြောကြားသည်။

မြန်မာနိုင်ငံ မောင်တောမြို့နယ် မြောက်ဘက်အလွန် တွင် ရှိသော ယင်း RSO ဌာနချုပ်တွင် ဘင်္ဂလာဒေ့ရှ် အစိုးရအရာရှိ တချို့ လက်နက်ကိုင်လေ့ကျင့်မှုပေးနေသည်ကို တွေ့ခဲ့သည်ဟု ၄င်းက ဆက်လက် ပြောကြား သည်။
“အစိုးရဘက်က လူတွေ လို့ပြောကြတာပဲဗျ။ ဒါပေမဲ့ ဘယ်ဌာန ဘယ်အဖွဲ့အစည်းကမှန်း မသိဘူး” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနယ်ခြားအရာရှိများ၏ အလံတင်ဆွေးနွေးပွဲ၌ တွေ့ဆုံ ဆွေးနွေးကြရာတွင် နိုဝင်ဘာလ ခြောက်ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြန်မာ ဂျီအီးတပ်သား သုံးဦးအရေးကို မြန်မာဘက်မှ မေးမြန်းရာ၊ ထူးခြားမှုမရှိသေးကြောင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဘက်မှ ဖြေကြားခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးတွင် လမ်းတည်ဆောက်ရေး လုပ်ငန်းလုပ်နေကြသော ဂျီအီးတပ်ဖွဲ့မှ တပ်သား လေးဦးကို (RSO များ ဟု ယူဆရသော) လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က နိုဝင်္ဘာလ ၆ ရက်နေ့တွင် တစ်ဖက်နယ်စပ်မှ ၀င်ရောက် ပစ်ခတ်ခဲ့သည်။

ဂျီအီးတပ်ဖွဲ့မှ ကျော်ကျော်ဝေမှာ တိုက်ခိုက်ခံရသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကာ တပ်ကြပ်ကြီး ခင်မိုးအောင် နှင့် အခြား နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ ဖမ်းဆီးခံရသူ သုံးဦးကို သတ်ပစ်လိုက်ပြီ ဖြစ်သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း အဆိုပါသတင်းကို အတည်မပြုနိုင်သေးချေ။

RSO အရေး၊ ဘင်္ဂါလီ ခိုးဝင်သူများအရေးနှင့် ပတ်သက်၍ ရခိုင်လူမှုကွန်ရက်၏ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ဇောဦး၏ ထင်မြင်ချက်ကို Coral Arakan က မေးမြန်းရာ ၄င်းက “ဒါတွေဟာ နှစ်ဆယ်ပေါင်းများစွာ စနစ်တကျ မူဝါဒ ချမှတ်ပြီး ဟိုဘက်နိုင်ငံက အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။ သူတို့နဲ့ ဘာသာတူ လူမျိုးတူ ဘာသာစကားတူ ဒီအန်အေတူတဲ့ ခိုးဝင်သူတွေကို မြန်မာနိုင်ငံဘက်ကို ခိုးထွက်ရင် အလွယ်တကူ ခိုးထွက်ခွင့်ပေးဖို့၊ ဘင်္ဂလာကို ပြန်လာဖို့ကြိုးစားရင် မလာရအောင်တားဆီးဖို့၊ ဒီလူတွေဟာ ငါတို့နဲ့ မဆိုင်ပါဘူးလို့ ပြောဖို့၊ ဒါပေမဲ့ အဲဒီသူပုန်တွေ အခြေစိုက်စခန်းလိုချင်ရင် နေရာချထားပေးဖို့၊ ဒီထက်မကသော အခြားအခြားသော အစီအစဉ်ပေါင်းများစွာကို အကွက်ကျကျ နှစ်ပေါင်း ဆယ်ပေါင်းများစွာ လုပ်ဆောင် လာခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်မှာကတော့ ဒါလေးကိုတောင် သတိမူမိဖို့ခက်နေသေးတယ်။ ဘင်္ဂါလီအရေးဟာ မသီတာထွေး အသတ်ခံရတာကို အခြေခံပြီးဖြစ်လာတဲ့ အဓိကရုဏ်းတွေလို့ အိပ်မှုံစုံမွှား ပြောနေကြတဲ့ လူတွေလည်း ရှိနေသေးတယ်။ တကယ်တော့ ဒီဘင်္ဂါလီဆူပူမှုဖြစ်စဉ်တွေ အားလုံးမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်္ဂလာဒေ့ရှ်အစိုးရတွေ နိုင်ငံရေးပါတီတွေသာမက ကြီးမားတဲ့အင်အားစုကြီးတစ်ရပ်က အကွက်ချလုပ်ဆောင်ပေးနေခဲ့တာဖြစ်တယ်” ဟု Coral Arakan အားပြောကြားသည်။

RSO (Rohingya Solidarity Organization) ကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မိုဟာမက်ယူနွတ်စ် က ဦးဆောင်ဖွဲ့စည်းခဲ့သည်။
အဖွဲ့ရဲ့ရည်မှန်းချက်က မြန်မာအစိုးရတပ်တွေကို ပြောက်ကျားနည်းစနစ်အားဖြင့် တိုက်ထုတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်သော အစ္စလမ္မစ် ရခိုင်ပြည်နယ် ကို တည်ထောင်ရန် ဖြစ်သည်။

အစ္စလမ္မစ်ဘာသာရေးဘက်ကို အလေးကဲထားသော RSO အဖွဲ့ကို ထောက်ပံ့ကြသူများထဲတွင် ဘင်္ဂလာဒေ့ရှ် နှင့် ပါကိစ္စတန်တွင် လှုပ်ရှားသော JeI အဖွဲ့ ၊ အိန္ဒိယနိုင်ငံ ဂျမူး နှင့် ကတ်ရှမီးယားဒေသမှ Hizb-ul-Mujahideen (HM) အဖွဲ့ ၊ မလေးရှားနိုင်ငံမှ Angkatan Belia Islam sa-Malaysia (ABIM) အဖွဲ့ နှင့် မလေးလူငယ်အဖွဲ့ကြီး (the Islamic Youth Organisation) တို့ ပါဝင်ကြသည်။

အာဖဂန် တာလီဘန်ကိုယ်စားလှယ် နှစ်ဦးဖြစ်သော Al Ha-Saud နှင့် Al Ja-hid တို့ ၂၀၁၁-ခုနှစ် နိုဝင်ဘာလ အတွင်းတွင် RSO တို့၏ ကန်းဂြတ်ချောင်းစခန်း (Kann-Grat-Chaung camp) သို့ ရောက်လာကြပြီး၊ RSO ခေါင်းဆောင်များ ARNO ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြဖူးသည်။

(ဥတုခင်စိုင်း က Coral Arakan အတွက် ရေးသားသည်။)

ကော့သောင်းမြို့ရောက်အ မေစုပုံရိပ်များကော့သောင်းမြို့ရောက် မေစုပုံရိပ်များ

National League for DemocracyNational League for Democracy