Monday, December 24, 2012

အင်ဂျင်မီးလောင်၍ အဲပုဂံလေယာဉ် ဟဲဟိုးလေဆိပ်တွင် အရေးပေါ်ဆင်းသက်

The Voice Weekly

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်(w9-011) မှာ ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် ကျောက်ဆောင် နှင့်တိုက်မိကာ အောက်အင်ဂျင်တစ်လုံး မီးဆွဲလောင်သွားသဖြင့် လေယာဉ်ကွင်းနှင့် ၂-မိုင်အလို အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း အဲပုဂံနှင့် အဆိုပါလေဆိပ်ထံမှ စုံစမ်းသိရှိရသည်။

ယင်းလေယာဉ်တွင် ခရီးသည် 65 ယောက်ပါဝင်ပြီး ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း အဲပုဂံကထုတ်ပြန်သည်။

သို့သော် ခရီးသည်အချို့ထိခိုက် ဒဏ်ရာရရှိသွားကြောင်းနှင့် အရေးပေါ်ကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အဆိုပါလေဆိပ်မှ ထပ်မံသိရှိရသည်။

ဖာလွှတ်တော်ကြီးလည်းဖြစ်သွားလိမ့်မယ်နော်..... တကယ်..တကယ်....။

ပြည့်တန်ဆာလိုင်စင် တရားဝင် ရအောင် လွှတ်တော်မှာ တင်သွင်းမယ်ဆို
တာတကယ်ကြီးလား.....
အမေရိကားတို့၊ကနေဒါတို့ကလွှတ်တော်တွေထက်တောင်ဒို့လွှတ်တော်
ကြီးကသာသလိုပဲ.....
ဖာလွှတ်တော်ကြီးလည်းဖြစ်သွားလိမ့်မယ်နော်.....
တကယ်..တကယ်....။
တံတားဆောက်မယ်၊လမ်းဖေါက်မယ်မစဉ်းစားဖူး။ဖါရုံထောင်ဖို့ကအရင်..
ကိုရီးယားမှာမနိုင်တော့လို့အစိုးရခေါင်းစားနေပြီ။
လိုင်စင်ရ၂၅နှစ်အထက်ကရှေ့မှာဟန်ပြအနောက်ပေါက်ဝင်ပြီးတကယ်
အလုပ်လုပ်နေတာကကျောင်းသူအစစ်တွေ....၁၉၊၂၀။
၁၉၊၂၀မရှိတဲ့ရုံကြပြန်တော့လူမ၀င်ဖူး။
ငါ့သမီးလေးကျောင်းသွားတယ်ပဲသိထားတာ။။
ဖါရုံထဲမှာသွားဆုံမှပဲငါ့သမီးပြောတဲ့ဒုတိယနှစ်ဆိုတာ
ဖါတက္ကသိုလ်မှန်းသိရတော့တဲ့အဖြစ်တွေကြုံကြရလိမ့်မယ်။

မြန်မာပြည်မှာလက်ရှိလုပ်စားနေသူတွေမေးကြည့်တကယ်စိတ်ပါလို့လုပ်
တဲ့သူနဲ့အဆင်မပြေရာကနေစုံလုံးမြှပ်သူဘယ်သူကပိုများလည်း၊
အလုပ်အကိုင်အခွင့်အလမ်းနဲ့ပညာပေးရေးလုပ်မယ်မကြံပဲဖါရုံထောင်
ဖို့အရင်စဉ်းစားတဲ့ဟာတွေ...
မလုပ်ရဖူးလို့ဘူးခံနေတာမဟုတ်ဖူး။
အချိန်မကျသေးဖူး။ဘူးသီးနုနုထိပ်ကလှီးချလိုက်သလိုပဲစီးပွားရေး
အဆင်မပြေတာကလက်ရှိများနေတော့ဖါလိုင်စင်ရုံရှေ့ရုပ်ရှင်ရုံတန်းစီ
သလိုဖြစ်လာရင်ပြဌာန်းပြီးသားတံတွေးပြန်လျက်ဖို့အဲ့ဒီအခါကျ
ဝန်မလေးကြလေနဲ့၊
ထိုင်းတို့ကိုးရီးယားတို့မှာပြည့်တန်ဆာလုပ်ပြီး
မိဘကိုလုပ်ကျွေးတာရိုးရာတခုလိုဖြစ်နေပြီ။
မြန်မာနိုင်ငံကမိဘတွေအဲ့ဒီလိုလုပ်စာမျိုး
ထိုင်စားဖို့အဆင်သင့်ဖြစ်နေပြီလား????

ရဲရင့်ငယ်
(ခရစ်စမတ်၊၂၀၁၂)

သမ္မတ ကြီးရဲ့ အင်တာဗျူး

 https://www.facebook.com/photo.php?v=152908558185061&set=vb.100003977531249&type=2&theater

တစ်ကျပ်ခွဲတန်း ၁၅၀ တန်း က ကောင်တွေ

by Kyaw Thurein on Monday, December 24, 2012 at 2:53pm ·

ဆရာကြီး ဦးညီလှငယ်ရဲ့ နည်းပညာကျောင်းတွေအတွက် လိုအပ်တဲ့ ဆရာဆရာမကိစ္စနဲ့ ပတ်သက်တဲ့ စာတမ်းတစ်ခုကို ကြုံကြိုက်ပီး ၂၀၀၂ ဇန်နဝါရီ (နောက်ဆုံးနှစ် စာမေးပွဲပီးပီးချင်း) အနည်းငယ် ဖတ်ဖူးပါတယ်။ အကုန်မဖတ်မိ မမှတ်မိပေမယ့် သင်တန်းသားအနေနဲ့မွေးမယ်ဆိုရင် ဆိုပီး ၁၅၀တန်းနဲ့ ပတ်သက်လို့ သုံးသပ်ပြထားတာကတော့ အခုဖြစ်နေတာတွေကို ကြိုရေးထားသလိုပါပဲ။ (၅၀% ကျော် အပြင်ရောက်နေတဲ့ကိစ္စ) အပါအဝင်ပေါ့။ စာတမ်းရဲ့ သဘောထားကတော့ ဆရာကြီးက ဒီသင်တန်းကို သဘောမတူဘဲ ကန့်ကွက်တဲ့ဘက်ကပိုပါတယ်။
၁၅၀ တန်း တစ်ကျပ်ခွဲတန်း ဦးသောင်းတန်း ဝန်ကြီးတန်း ခေါ်တယ် နှိမ်တယ် ခွဲခြားတယ် ဆိုတဲ့ကိစ္စကတော့ စိတ်ထဲ သိပ်မရှိလှပါ။ သိပ်မခံစားရပါဘူး။ ကလေးချင်း ထုပ်ဆီးတိုးရင် ထမင်းရည်ပူစည်း နင်းတယ် မနင်းဘူး ငြင်းသလောက်ပါပဲ။ အဲဒါတွေက ငါတို့ ၆ တန်းတုန်းက လုပ်ခဲ့တာကွ ဆိုတာလိုပါပဲ။
ဒါတွေက ဒီလိုပဲ ဖြစ်မှာပါပဲ၊ အဲဒီအချိန်တုန်းက ကျောင်းတွေပိတ်ထားတယ်၊ မင်းကို ရွေးစရာပေးထားပါတယ် စစ်တပ်ထဲဝင်မလား ထောင်ထဲဝင်မလား ပြော ကြိုက်တာပြော ဆိုတာလိုပါပဲ။ စစ်ထဲမဝင်ချင်လို့ ဖွင့်တဲ့ကျောင်းတတ်ရတယ်၊ ပြောစရာက အဲဒီကတည်းက စတာပါ။
ကျောင်းတွေ ပိတ်ထားပီး သူများတွေ မတတ်ရတဲ့အချိန် မင်းတို့က ဘာလို့ ကျောင်းတက်ရတာတုန်း၊ မင်းတို့က ဘာလို့ လစာရနေတာတုန်း၊ မင်းတို့က ဘာလို့ အစိုးရအဆောင်နေရတာတုန်း၊ မင်းတို့က ဘာလို့.. ဘာလို့.. ဘာလို့.. (ပြောရရင်တော့ မစွန်းရင်းလည်းရှိ ကန်စွန်းခင်းလည်းငြိပဲ) ဟိုလူကြီးက ငါ့သားတွေကို အားကိုးပီး အဘက ဒုံးပျံလွှတ်မှာ၊ ဂြိုလ်တုလွှတ်မှာ၊ အင်္ဂါဂြိုလ်သွားမှာ၊ အဝိစိသွားမှာ ဆိုပီး သူများတွေထက် တော်သယောင် အခွင့်အရေးတွေ ပေးထားသယောင် သူ့ကိုယ်သူ ကျေးဇူးရှင် ကယ်တင်ရှင်ကြီးအဖြစ် စင်ပေါ်ကပြောတော့ ၁၀ တန်းအောင်ခါစ ပထမနှစ်တုန်းကတော့ သူသူကိုယ်ကိုယ် နည်းနည်းတော့ ယောင်ခဲ့ကြတာပဲ။ ခက်တာက အဲဒီ ၁၀ တန်းပီးခါစ သူများမြှောက်ပေးတာကို ယောင်ခဲ့ကြတဲ့ ကယောက်ကယက်အိပ်မက်ကို တစ်ချို့တွေက ကျောင်းပီး တဲ့အထိ ဘွဲ့လွန်ထိ အတန်းကုန်ထိ ဆက်မက်နေကြတာပဲ၊ အဲဒီတော့ နဂိုကတည်းကမှ ပြောစရာဖြစ်နေတာတွေက ပြောလို့ ဆိုလို့ကောင်း ပြောစရာဆိုစရာတွေ ဖြစ်လာတာပါပဲ၊ လူဆိုတာ ကိုယ့်ပြောရင် နာတတ်ကြတဲ့ အမျိုးဆိုတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရင်း သမိုင်းတရားခံလူယုတ်မာကြီးကိုပါ ကာကွယ်နေကြသလို (တခါတလေ) ဖြစ်ကုန်ကြပါတယ်၊ တစ်ချို့ကတော့ တကယ့်ကို ကာကွယ်ကြတာပါ အဘဦးသောင်း အဘ စာသင်ပေးလို့ အင်ဂျင်နီယာဖြစ်လာတာ၊ ကျောင်းဆရာဖြစ်လာတာ၊ ဒေါက်တာဖြစ်လာတာ။ တစ်ချို့ကတော့ ရိုးရိုးသားသား တကယ့်ကို ကျေးဇူးရှင်လို့ထင်တာ၊ တစ်ချို့ကတော့ တကယ့်ကျေးဇူးရှင်မို့လို့ အဘအဘ ဖြစ်နေတာ (သူပေးလို့ ရတာကိုး)။ သင်ပေးလိုက်တဲ့ ဆရာကြီး ဆရာမကြီးတွေက ရာထူးငယ်၊ ကိုယ်က အပေါ်ရောက်၊ ရောက်တဲ့အထဲ ကမျောက်ကချောက် ဖိုးသင်းမျောက်တွေကလည်း ငှက်ပျောသီး အခွံလောက်ပြယုံနဲ့ ရှေ့ကျွမ်းနောက်ကျွမ်း GTC ပေါင်းစုံမှာ လှည့်ထိုးပြနေကြတာတွေတစ်ပုံကြီး၊ ကြက်တူရွေးကတော်တော် GTC ကျောင်းအုပ်က ကဲကဲတွေ အများကြီးပါ (မဟုတ်ဘူး မပါဘူးငြင်းကြမလား)၊ အဲဒီတော့ ၁၅၀တန်းဆိုပီးနာမည်တပ် အပြောခံရတော့တာပဲ၊ အဲဒီ ၁၅၀ တန်းစစ်စစ် ကလေးတွေက နိုင်သလောက်ရုန်းကြတာဘယ်သူမှ မမြင်ကြတော့ပါဘူး၊ ကိုယ့်ဘက်ကို ယက်ပီး ပြောရရင် ကျွန်တော်တို့ထဲမှာ အများစုက အခွင့်အရေးပိုရတဲ့ ရုံးအုပ်ချုပ်ရေးပိုင်းရောက်မှာ ကြောက်ကြပါတယ်၊ ကိုယ့်တာဝန်ကို နိုင်သလောက်လည်း ရုန်းကြပါတယ်၊ ဒါပေမယ့် စနစ်ယန္တရားကြီးအရ အများအမြင်မတော်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာတွေ အများကြီးပါ၊ ပါးစပ်အမိန့်တွေနဲ့ သပနတစ်ခုလုံး၊ နည်းပညာ ပညာရေးနယ်ပယ် တစ်ခုလုံးကို သွေးခွဲခဲ့တာ၊ ဇောက်ထိုးမိုးမျှော်လုပ်ခဲ့တာ၊ ပရမ်းပတာမွှေပစ်ခဲ့တာပါ၊ ကျွန်တော်တို့တွေ(ကျွန်တော်တို့တွေလို့ သုံးပါတယ် အုပ်စုထဲမှာ သတ္တဝါက ကောင်းကျိုးဆိုးကျိုးကို တစ်ကိုယ်ရည် ခွဲပီး ခံစားခွင့်ရွေးခွင့်မရှိပါဘူး) ဟာလည်း ဆားဖြူး၊ ဆီဆမ်းမက ပံ့ပိုးတဲ့ထဲမှာ ပါခဲ့ပါတယ်။ တရားဝင်စာရွက်စာတမ်းနဲ့ တရားဝင်အမိန့်တွေရှိပါရက်နဲ့ အဘလာတုန်းက ဘယ်လိုမှာခဲ့တာ၊ ဘယ်ကျောင်းမှာတုန်းက အဲလိုမလုပ်လို့ ရာထူးချတာ၊ နယ်ပြောင်းတာ........ အဲဒီလို သွေးတွေကြောင်ပီး ဘာမှ ပြန်မပြောရဲ ပြန်မလုပ်ရဲဘဲ သတ္တိကြောင်ခဲ့ကြတယ်၊ ကိုယ်ကိုယ်တိုင် အဲဒီလိုနေရာမရောက်ရင်တောင် အဲဒီနေရာက သူငယ်ချင်းကို ဝင်ပီး ထောက်ခံဖို့ အားပေးဖို့ (မြှောက်ပေးဖို့) ထိန်းကြောင်းဖို့ ပျက်ကွက်ခဲ့ကြတယ် (ပြောသာပြောရတာ ကျွန်တော်တို့ သူငယ်ချင်းတွေထဲက အဲလိုမျိုး တိုက်ရိုက် တာဝန်ရှိတဲ့ တရားခံ အလွန်နည်းပါတယ်)
ခက်တာက ဦးသောင်းဖျက်ဆီးခဲ့တာ ဦးသောင်းသွေးခွဲခဲ့တာတွေထိ မြင်တဲ့ဝေဖန်တဲ့လူက ခပ်ရှားရှားပါ၊ ထိပ်ဆုံးက နာမည်တပ်အဆဲခံရတော့ ၁၅၀တန်း တစ်ကျပ်ခွဲတန်း ဦးသောင်းမွေးထားတဲ့လူတွေတဲ့၊ သတ္တဝါ ဆိုတာ ဗီဇအရကို ကိုယ့်ကိုယ်ကို အရင် ကာကွယ်တဲ့အမျိုးပါ၊ ဒါပေမယ့် ခြင်းထဲကကြက်တွေလို ကိုယ်ချင်းသူချင်းခွပ်နေကြရင်း နိုင်ငံရဲ့ ပညာရေးကို ဖျက်ဆီးတဲ့ တရားခံ နိုင်ငံရဲ့စနစ်ကောင်းတစ်ခုကို ဖျက်ဆီးပစ်တဲ့ တရားခံတစ်ယောက်ကို မေ့ပစ်လိုက်ကြတော့မှာလား၊ သူငယ်ချင်းတွေကရော ကိုယ့်ကိုယ်ကို ကာကွယ်ရင်း သမိုင်းတရားခံတစ်ယောက်ကို အပြစ်တွေပေါ့အောင် ကြားကခံပေးနေကြမှာလား၊ ကျေးဇူးရှင်တဲ့လား၊ အဘတဲ့လား၊ ဦးသောင်းမရှိခဲ့ရင် ငါတို့တွေ အင်ဂျင်နီယာမဖြစ်တော့ဘူးလား ပညာတတ်မဖြစ်တော့ဘူးလား၊ သူ့ဘာသာ ဖြူးနေပီးသား လမ်းကြောင်းကြီးကို ဖျက်ဆီးပီး ငါတို့ကို သက်တူရွယ်တူ သူငယ်ချင်းတွေနဲ့ သွေးခွဲတယ်၊ ငါတို့ရဲ့ ဆရာ၊ ဆရာမတွေနဲ့ ရန်တိုက်ပေးတယ်၊ စနစ်တကျ သင်ခွင့်မရခဲ့ဘဲနဲ့ စာသင်ခန်းရှေ့စတိတ်ခုံပေါ် ဆွဲတင်ပီး ချောက်ချခဲ့တယ်၊ ရာထူးကို ပါးစပ်နဲ့ ပေးပီး လုပ်ဖော်ကိုင်ဖက်ချင်းစိတ်ဝမ်းကွဲအောင်လုပ်ခဲ့တယ်၊ ဘယ်စည်ကမ်းက အတည်မှန်းမသိအောင် အမိန့်တွေခုတစ်မျိုးတော်ကြာတစ်မျိုးထုတ်ပီး ကျောင်းသားတွေ ကျောင်းသားမိဘတွေနဲ့ မျက်နှာပျက်အရှက်ရအောင်လုပ်ခဲ့တယ်၊ အယုတ်မာဆုံးကတော့ အဲလောက် ယုတ်မာခဲ့တာတောင် သူ့ကိုယ်သူ အဘက အဘက ဆိုပီး ငါတို့ ကျေးဇူးရှင်အဖြစ် ရှိခိုးခံချင်သေးတာပဲ။ ကဲ  ဘယ်သူတွေ အနာဆုံးဆိုတာ ခံရတဲ့လူတွေ အသိဆုံးပါ၊ ဆန်ရင်းနာနာဖွတ်ခံခဲ့ရတော့ ဖွဲ၊ ဆန်ကွဲတောင် ကံကောင်းလို့ ပင်ကိုယ်အရည်အချင်းရှိလွန်းလို့ ကျန်ခဲ့တာပါခင်ဗျား။

                                                                                                                  ကျော်သူရိန် (၁၅၀ တန်း ဒုတိယသုတ်) စံပြအင်ဂျင်နီယာနှင့်ဗိသုကာသင်တန်း အပတ်စဉ် ၂                                                                                                                                            25/12/2012: 3:53 AM

နောက်ဆုံးရ ကချင်သတင်းတိုများ

December 25, 2012 post by Myitkyina blog news

ဒီဇင်ဘာလ(၂၄)ရက် မနက်(၂)နာရီခွဲအချိန် မိုးမောက်မြို့မှ ယာဉ်(၂၃)စီးဖြင့် ချီတက်လာသော အင်အား (၄၀၀)ကျော်ပါ စစ်ကြောင်းသည် မနက်(၆)နာရီခွဲတွင် ဒေါ့ဖုန်းယန်သို့ ရောက်ရှိကာ၊ ယင်းမှတဆင့် တိန်လုံ (Ting Lung)ကျေးရွာသို့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

ယခုအချိန်တွင် KIO ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ရန်အတွက် မြန်မာအစိုးရတပ်ဖွဲ့ဝင် အင်အား(၂၀၀၀)ခန့် လိုင်ဇာဘက်သို့ စစ်ဦးလှည့်ထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၄)ရက် ည(၇)နာရီအချိန်မှစတင်ကာ လွန်ခဲ့သည့်(၂)ရက်က မြန်မာအစိုးရတပ်ဖွဲ့က ၁၂၀ မမ (၂)လက် လာရောက်ဖြန့်ကျက်ထားသော မန်ဆိုင်း(Man Sai)မှနေ၍ KIA တပ်ဖွဲ့များရှိရာ မန်ဂေါ်ကောင် (Mangau Kawng)သို့ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၄)ရက် ညနေ(၅)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ်၊ မလိယန်မှ ဆက်လက်ချီတက် ထိုးစစ်ဆင် လာသော ခလရ(၂၁) ခမရ(၃၈၈)တပ်ဖွဲ့ကို KIA လှုပ်ရှားတပ်ရင်း(၂၅၅)တပ်ဖွဲ့တို့က ကနွယ်အင်ခွပ် (Kanoi Nhkrut)စခန်းမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရဌာနများ၊ မြန်မာအစိုးရစစ်တပ်ရင်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တို့သည် လျှပ်စစ်မီးဖြတ်တောက်မှုကို ကြိုတင်ပြင်ဆင်ထားသည့်အနေနှင့် မီးစက်၊ လောင်စာဆီများကို လွန်ခဲ့သည့် အပတ်မှ တိတ်တဆိတ်စီမံမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၄)ရက်နေ့ စစ်ယာဉ်(၂၁)စီးဖြင့် ဒေါ့ဖုန်းယန်မှ သိန်လုံ(Ting Lung)သို့ ချီတက်လာသော တပ်မ(၈၈)ဟု ယူဆရသော စစ်ကြောင်းကို ဘန်ကောမူ(Ban Kau Mu)အနီး ဟန့်တားတိုက်ခိုက်ရာ အစိုးရစစ်သား(၂)ဦး ကျဆုံးပြီး (၉)ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

KIO ဗဟိုဌာနချုပ်သို့ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ပါဝင်သည့် မြန်မာအစိုးရတပ်ဖွဲ့ဝင်များအား KIA တံဆိပ်ပါ စစ်ယူနီဖောင်း ကို ထုတ်ပေးထားကြောင်း သိရှိရသည်။

ဒဂုံ တ.က.သ အဖွဲ့ဝင်များ ကျောင်းတာဝန်ရှိသူများ၏ စစ်ဆေးသတိပေးခြင်းကို ခံခဲ့ရ

DagonUniversity StudentsUnion

ဒဂုံ တ.က.သ အဖွဲ့ဝင်များအားကျောင်းလုံခြုံရေးများက ကားဖြင့်လာရောက်ခေါ်ဆောင်စဉ်(အောက်ပုံ)

ယနေ့ ၂၄.၁၂.၂၀၁၂ ၊ မနက် ၉း၁၅ မိနစ်ခန့် တွင်ဒဂုံ တ.က.သ အဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏
လက်ကမ်းကြေညာစာရွက်များကို ကျောင်းသားများထံသို့ဝေနေစဉ်ကျောင်းလုံခြုံရေးများကလာရောက်ခေါ်ဆောင်သွားပြီး
 ကျောင်းတာဝန်ရှိသူများ၏ စစ်ဆေးသတိပေးခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရသည့်အခြေအနေသုံးသပ်ချက်ကိုမဇင်မာလွင်က"ဆရာတွေပြောတာကတော့ ကျောင်းဝင်းအတွင်းမှာလုပ်ခွင့်မရှိဘူးတဲ့။ဘာကြောင့်လဲဆိုတာကျွန်မတို့နားမလည်နိုင်ဘူး။အခုကျောင်းအပြင်မှာဆိုပွဲတွေကိုတရားဝင်လုပ်နေကြတယ်။
 စေတနာဝသန်ပွဲဆိုသမ္မတရုံးဝန်ကြီးတွေတောင် အသိအမှတ်ပြုအားပေးတယ်။
မီဒီယာလောကမှာဆိုလဲကျွန်မတို့လို ကျောင်းတွင်းအဖွဲ့အစည်းတွေရော၊အခြားနိုင်ငံရေးအဖွဲ့အစည်းတွေရော တရားဝင်မှုရှိတယ်။
N.L.Dပါတီတို့၊ ပြည်ခိုင်ဖြိုးပါတီတို့၊ အလုပ်သမားအဖွဲ့အစည်းတို့၊အခြားအဖွဲ့အစည်းတွေ အုန်းအုန်းထ တရားဝင်ဖွဲ့စည်းနေကြချိန်မှာ
ဘာလို့ကျောင်းသားသမဂ္ဂဆိုတဲ့ ကျောင်းသားတွေရဲ့နစ်နာချက်တွေကိုဦးဆောင်ပြောဆိုပေးမယ့် ကျောင်းတွင်းအဖွဲ့အစည်းတစ်ခုကိုဘာလို့ကျောင်းထဲမှာလက်မခံနိုင်ရတာလဲ။ အခုဆိုပြုပြင်ပြောင်းလဲရေးကာလပါ။ ဒီကာလမှာပျက်စီးနေတာကိုပျက်စီးနေတယ်လို့ ပြောတဲ့သူရှိရမယ်။မပြောင်းလဲသေးတာကို ပြောင်းလဲလာအောင်ပြောနေတဲ့အဖွဲ့အစည်း
ဆိုတာရှိရမယ်။ဒါမှ အရှိန်အဟုန်နဲ့တိုးတက်ကောင်းမွန်လာမှာပါ။မြန်မာ့ပညာရေးလောကကြီး တိုးတက်ကောင်းမွန်လာဖို့ပဲကျွန်မတို့
ရည်ရွယ်တာပါ။ဆရာတို့အနေနဲ့လဲနားလည်မှုရှိရှိနဲ့ကျွန်မတို့ကိုကူညီစေချင်ပါတယ်။ ကျွန်မတို့လူစုတာသူပုန်ထဖို့အတွက်မဟုတ်ပါဘူး။
ကျွန်မတို့လူစုတာကျွန်မတို့ပညာရေးလောကရဲ့ပျက်စီးနေတာတွေကို အတတ်နိုင်ဆုံးကူညီပြုပြင်မလို့ပါ။ ဆရာတို့နားလည်စေချင်ပါတယ်။"
ဟု ပြောပြခဲ့သည်။

မြေဆွဲအားကြောင့်လျှပ်စစ်မီးမထွန်းနိုင်သူ သန်းထောင့်ငါးရာ ကျော်မီးရမည်။

မြေဆွဲအားဖြင့်မီးလင်းစေမည့်မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ်မီးမထွန်းနိုင်သူ သန်းထောင့်ငါးရာကျော်ကို
အလင်းပေးနိုင်တော့မည်
Monday, 24 December 2012

ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီးမထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ထိုမြေဆွဲအားသုံး အယ်လ် အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ် ထားသော သဲအိတ်ငယ်တစ်ခု ပါ ဝင်သည်။

ထိုသဲအိတ်ငယ်ကို မီးလုံး တွင်ပါသော ဒိုင်နမိုတွင် ကြိုးဖြင့် ချိတ်ဆက်ထားသည်။ မြေဆွဲအား ကြောင့် သဲအိတ်ငယ်သည် အောက်ကို တဖြည်းဖြည်းချင်း လျှောကျ သွား သည်တွင် ဒိုင်နမိုကို လှည့် ပေးသကဲ့သို့ ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထွက်လာကာ မီးလုံး လင်းလာ မည်ဖြစ်သည်။

သဲအိတ်ငယ် အောက် ဆုံးသို့ ရောက်ရှိသွားပါကအပေါ်ဆုံး ပြန်ရောက်အောင်သုံးစက္ကန့်ခန့် သာ ပြန်ရစ်တင်ရပြီး ပြန်လွှတ်ထား ပေးပါက နာရီဝက်ခန့်ထိ မီးလင်းနေ နိုင်စွမ်းရှိကြောင်းလည်း သိရသည်။

ထိုမီးလုံးကို GravityLight ဟု အမည် ပေးထားသည်။ ထိုမီးလုံးကိုလန်ဒန် အခြေစိုက် Deciwatt.org ကတီထွင် ခြင်းဖြစ်သည်။

ထိုမီးလုံးသည် လျှပ်စစ် ဓာတ် အားရှိရန် မလိုအပ်ဘဲ မီးလင်းနိုင် မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမမီ
သော လူသား သန်းထောင့်ငါးရာ ကျော်ထံသို့ အလင်းရောင်ဆောင် ကြဉ်းပေးနိုင်မည် ဖြစ်သည်။

Messenger News Journal

ဒေါ်အောင်ဆန်းစုကြည် ဘိတ် NLD အကြောင်းရေးထားသောစာအားတောင်းယူ

photo by Ŝũ Ƿɇȑ

ဆင်းရဲတာ ခံနိင်
ချမ်းသာတာ မခံနိင်
မြိတ် NLD ယိုင်တိုင်တိုင်
အုပ်စုဖွဲ့ကာ အချင်းချင်းပြိုင်

ဆုံးမစကား...

အမေ့အတွက် သဇင်ပန်း

အမောပြေ ပန်းသီး

သဇင်တွေနဲ့ဝေ

သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေလက် တွေ့မှာပျက်ကွက်မှုတွေရှိ

DVB TV News
Dec 24, 2012 12:08pm
ရခိုင်ပြည်နယ်ကျောက်ဖြူကနေတရုတ်နိုင်ငံထိ သွယ်တန်းနေတဲ့ရေနံသဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေကို
မြေအောက် ၅ မီတာအနက်မြှပ်နှံသွယ်တန်းထားတယ်လို့ တရုတ်ကုမ္ပဏီကပြောဆိုခဲ့ပေမယ့် တကယ့်လက် တွေ့မှာတော့ ပျက်ကွက်မှုတွေရှိနေပါတယ်။
ဦးအောင်စိုးထိုက် သတင်းပေးပို့ထားပါတယ်။

တော်ဝင်သစ်စက်အလုပ်သမားများကြား ရိုက်နှက် အကြမ်းဖက်မှုတစ်ခုဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၄။

 ရက်ပေါင်းများစွာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အလုပ်သမားရေးရာကော်မရှင်၏ စေ့စပ်ညှိနှိုင်းပေးမှုကြောင့် အလုပ်ခွင်သို့ ပြန်လည် ၀င်ရောက် လာသော အလုပ်သမားနှင့် ယခင်တည်းက ကျန်ရှိနေခဲ့သော အလုပ်သမားတို့ကြား ခွဲခြား ဆက်ဆံမှုများကြောင့် အခြေအနေများ တင်းမာခဲ့ပြီး ဆန္ဒပြအလုပ်သမားများအား ၀ါးရင်းတုတ် များ၊ သံတုတ်များနှင့် ရိုက်နှက် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အင်းစိန်ဆေးရုံသို့ အလုပ်သမား ၅ ဦးအရေးပေါ်တက်ရောက်ကုသနေရကြောင်း သိရသည်။ ဆန္ဒပြမှုရပ်ဆိုင်းပြီး အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လာသော အလုပ်သမားအား ယနေ့ ဒီဇင်ဘာ ၂၄ရက် နံနက် အလုပ်ခွင်ဝင်ရောက် ချိန်တွင် အလုပ်ရှင်ဘက်မှ တဖက်သတ်ဆန် သည့် အီးစီစာချုပ်အား လက်မှတ်ထိုးခိုင်းပြီး မထိုးပါက အလုပ်လုပ်ခွင့်မပေးဟု ပြောဆို ခဲ့ကြောင်း၊ ယင်းသို့လက်မှတ်ထိုးခိုင်းသော တာဝန်ခံမန်နေဂျာအား သွားရောက်တွေ့ဆုံသော် လည်း ပြေလည်မှု မရခဲ့ကြောင်း၊ ထို့နောက် နေ့လည် ၁၂ နာရီခန့်တွင် နှစ်ဘက် အခြေအနေ များ တင်းမာလာပြီး ယခုကဲ့သို့ ဆန္ဒပြအလုပ်သမားများအား ၀ါးရင်းတုတ်များ၊သံတုတ်များနှင့် ရိုက်နှက် အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြောင်း ရိုက်နှက်ခံရသော အလုပ်သမ တစ်ဦးဖြစ်သူ မအိဇာခြည်ဝေက ပြောကြားသည်။ ''ခုံသမာဓိက အလုပ်ပြန်လုပ်ခိုင်းထားပါတယ်။ တရာဥပဒေဟာ အလုပ်သမားတွေဘက်မှာပဲ ရှိနေတာလား၊ အာဏာရှင်တွေဘက်က ဥပဒေ စိုးမိုးမှုမရှိဘူး။ ဥပဒေအနေနဲ့ ထိရောက် အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရော၊ အမေ ဒေါ်အောင်ဆန်း စုကြည်ပါ ဒီကိစ္စကို လက်ပိုက်ကြည့်မနေပါနဲ့လို့ ပြောချင်ပါတယ်''ဟု မအိဇာခြည်ဝေက ဆက်လက်ပြောကြားသည်။ ''ကျွန်မ ကတော့မကျေနပ်ဘူး။ ကျွန်မသားလေးကို ဒီလိုလုပ်တာ မကျေနပ်ဘူး။ ပိုက်ဆံရှိတိုင်း ဒီလိုလုပ်လို့ ရမလား။ ဥပဒေကရော ဘာတွေ လုပ်နေတာလဲ။ အစိုးရကရော ဒီတိုင်းလက်ပိုက် ကြည့်နေမှာလား''ဟု အရိုက်ခံရ၍ အင်းစိန်ဆေးရုံ အရေးပေါ်လူနာဆောင်တွင် တက်ရောက် နေသော ကိုဇင်မျိုးကိုကို၏ မိခင်က ပြောကြားသည်။ တောင်ဝင်သစ်စက်မှ အလုပ်သမားများသည် ရက်ပေါင်းမြောက်များစွာ ၎င်းတို့၏ အခွင့်အရေး အတွက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး အလုပ်ခွင် ပြန်လည်ဝင်ရောက်ချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက်မှုကို အစိုးရအနေဖြင့် ထိရောက်စွာ လေ့လာစစ်ဆေးပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်လိုကြောင်း အလုပ်သမား တစ်ဦးက ပြောကြားသည်။ ယခုကဲ့သို့ အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အလုပ်သမား ၃၀ ခန့် ထိခိုက်ဒဏ်ရာများ ရရှိ ခဲ့ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် အရေး ပေါ်လူနာ အဖြစ် ၅ ဦး တက်ရောက်ဆေးကုသမှု ခံယူနေရပြီး ယနေ့ညနေက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါ်မာမာဦး လာရောက် အားပေးခဲ့ကြောင်းလည်း သိရသည်။

 ဝေယံ
By: The Myanma Age

နောက်ကွယ်ကကြိုးကိုင်သူ ဒေါက်တာ ထွန်းအောင်၏ သမီး မြန္ဒာအောင် လွတ်ပြီ

Coral Arakan News Agency
 ====== By Thaung Kwre and Oo-du Khin-sai ======
 စစ်တွေ ၊ ၂၅ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [သတင်း] ======

ဘင်္ဂါလီဆူပူအကြမ်းဖက်မှုတို့အား ခေတ်အဆက်ဆက် ကြိုးကိုင်လာခဲ့သူ မောင်တောမြို့ ဒေါက်တာ ထွန်းအောင်၏ သမီး ဒေါ်မြန္ဒာအောင် နှင့် သမက် ဦးမောင်မောင်သန်းတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁) ရက်နေ့က ပြန်လည် လွတ်မြောက် လာခဲ့သည်။ ====== ဖခင်ဖြစ်သူ ဒေါက်တာထွန်းအောင်ကို ဘင်္ဂါလီဆူပူမှုဖြစ်ခါစ ၂၀၁၂ ဇွန်လ (၁၁)ရက်နေ့တွင် ၄င်းခိုလှုံနေသည့် မောင်တော UNHCR ရုံးအတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး၊ ဒေါ်မြန္ဒာအောင်ကိုမူ ရန်ကုန်သို့အသွား စစ်တွေလေဆိပ်တွင် စတင်တားဆီးမေးမြန်းကာ ၄င်း၏ခင်ပွန်းနှင့်တကွ ဇွန်လ (၁၅)ရက်နေ့မှစ၍ ရန်ကုန်မြို့တွင် ထိန်းသိမ်းခဲ့သည်။ ====== ၄င်းဇနီးမောင်နှံအား အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (ခ)၊ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ ၅(ဃ)/၅(၃၁) တို့ အပြင် လိမ်လည်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် မင်္ဂလာတောင်ညွန့်ရဲစခန်းက တရားလိုပြု အမှုဖွင့်ခဲ့သည်။ ====== မိခင် ရှမ်းတရုတ် (အစ္စလမ်ဘာသာသို့ နောက်မှ ကူးပြောင်းဝင်ရောက်သူ) နှင့် ဖခင် ဘင်္ဂါလီမူဆလင်တို့မှ မွေးဖွားခဲ့သော မမြန္ဒာအောင်သည် ရန်ကုန် လသာ အထက(၂)မှ ဆယ်တန်းအောင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်မှ နူကလီးယ ရူပဗေဒဖြင့် မဟာသိပ္ပံဘွဲ့ရရှိခဲ့သည်။ ====== ခိုးဝင်ဘင်္ဂါလီများအား မြန်မာနိုင်ငံသားအဖြစ်ရရှိနိုင်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် UNHCR ၏ ၀န်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မြန္ဒာအောင်သည် နိုင်ငံမဲ့သူများ (stateless people) အရေးနှင့် ပတ်သက်၍ မလေးရှား ၊ ထိုင်း၊ ကမ္ဘောဒီယား အစရှိသည့် ပြည်ပနိုင်ငံများတွင် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သူဖြစ်သည်။ ====== မောင်တောမြို့မှဝေးလံသောနေရာများမှ ဘင်္ဂါလီများ ကြိုတင်လာရောက် စုရုံးနေကြပြီးဖြစ်သည့်အချိန်တွင် မြန္ဒာအောင်၏ဖခင် ဒေါက်တာထွန်းအောင်က ဇွန်လ(၈)ရက် သောကြာနေ့တွင် စုပေါင်း ဗလီတက်ဝတ်ပြု ဆုတောင်းခွင့် ပြုသင့်ကြောင်း ဒေသအာဏာပိုင်များထံတောင်းဆိုခဲ့သည် ဟု ဆိုသည်။ ====== မောင်တောမြို့လယ် ဗလီတွင် ၀တ်ပြုရန်လာသူ ဘင်္ဂါလီများလျှံကျထွက်လာပြီးနောက် မောင်တောမြို့အနှံ့ နှင့် နယ်ဘက်တွင် မူဆလင်ဘာသာဝင်မဟုတ်သူ ရခိုင် ဗမာ တိုင်းရင်းသားတို့အား ဘင်္ဂါလီတို့က တစ်ပြိုင်နက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ====== ဖခင်ဖြစ်သူ နှင့် အလွန် နီးစပ်မှုရှိသူ၊ အခင်းဖြစ်သည့်နေ့ရက်များတွင် မောင်တောတွင်ရှိနေခဲ့သူ ဒေါ်မြန္ဒာအောင် သည်လည်း နောက်ကွယ်မှကြိုးကိုင်ဆောင်ရွက်မှု အခန်းကဏ္ဍများတွင် သေချာပေါက် ပါဝင် နေခဲ့နိုင် သည်ဟု စုံစမ်းစစ်ဆေးသူများက သုံးသပ်သည့်အတွက် ဒေါ်မြန္ဒာအောင်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဆိုကြသည်။ ====== ဤ၂၀၁၂ ဇွန်လ (၈)ရက် ချိန်သားကိုက်လုပ်ကြံမှုကြီးကဲ့သို့သော လုပ်ကြံမှုကြီးတစ်ခုလည်း ၁၉၈၈-ခုနှစ် မေလ (၁၃)ရက်နေ့တွင် မောင်တောမြို့၌ ဖြစ်ပျက်ခဲ့ရာ၊ ထိုအချိန်ကလည်း ဒေါက်တာထွန်းအောင်မှာ မောင်တော ဘင်္ဂါလီမူဆလင်များ၏ ထိပ်သီးခေါင်းဆောင်အဖြစ်ရှိနေခဲ့သည်။ ====== ထို ၁၉၈၈ မေလ(၁၃)ရက်နေ့ ဖြစ်ရပ်တွင် မောင်တောဒေသနေတိုင်ရင်းသားများမှာ ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမှတ်(၂)လုံထိန်းတပ်ရင်းတို့၏ ခုခံမှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသော်လည်း၊ ယင်းဖြစ်ရပ် ပူပူနွေးနွေးရှိနေသေးသည့်အချိန် ၁၉၈၈ စက်တင်ဘာလ မောင်တောမြို့ပေါ်တွင်ပြုလုပ်သော ဟောပြောပွဲတစ်ခုတွင် ထိုမေလ(၁၃)ရက်ဖြစ်ရပ်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီအတွက် လှုပ်ရှားမှုဖြစ်သည်ဟု ဒေါက်တာထွန်းအောင်က တစ်ပတ်ရိုက် ဟောပြောသွားခဲ့ဖူးသည်။

 ====== (Coral Arakan အတွက် ဥတုခင်စိုင်း က ဓါတ်ပုံများကို စုစည်းပေးကာ သောင်းကြွယ် က ရေးသားသည်။)

အသက် (၁၄)နှစ် အရွယ် ရခိုင်/မရမာ လုံမငယ် မုဒိမ်းကျင့် သတ်ဖြတ်ခံရ

Coral Arakan News Agency's photo.

အသက် (၁၄)နှစ် အရွယ် ရခိုင်/မရမာ လုံမငယ် မုဒိမ်းကျင့် သတ်ဖြတ်ခံရ

By Oo-du Khin-sai

စစ်တွေ ၊ ၂၄ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]

ပြီးခဲ့သော ဒီဇင်ဘာလ (၂၁)ရက်နေ့က စစ်တကောင်းတောင်တန်းဒေသနေ ရခိုင်စကားပြော မရမာတိုင်းရင်းသူ မိန်းကလေးတစ်ဦးဖြစ်သည့် သောင်းမချေ (Thomaching) မှာ ဘင်္ဂါလီရွာတစ်ရွာအနီးတွင် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်။

ကွယ်လွန်သူ ဦးဆူသီးဖြူ(Suithui Prue) ၏ သမီး အသက်(၁၄) နှစ်အရွယ် သောင်းမချေ မှာ ဘင်္ဂါလာဒေ့ရှ် နိုင်ငံ ရင်္ဂါမတီခရိုင်၊ ကာအိုခါလီ မြို့နယ်အတွင်းရှိ ဘာရာဒူဘာပါရာ ကျေးရွာမှဖြစ်ပြီး၊ ကာအိုခါလီ မိန်းကလေး ကျောင်းမှ ရှစ်တန်းကျောင်းသူတစ်ဦးဖြစ်သည်။ 

အခင်းဖြစ်သည့်နေ့ မွန်းလွဲ သုံးနာရီခွဲခန့်တွင် မိမိတို့ရွာအနီး စားကျက်တွင် လွှတ်ထားသော နွားများကို ပြန်သိမ်းရန် သောင်းမချေ တစ်ဦးတည်း အိမ်က ထွက်သွားခဲ့ သည်။   

သမီးဖြစ်သူ ပြန်မရောက်ဘဲ ကြာနေသည့်အခါကျမှ မိခင်ဖြစ်သူနှင့် သူမ၏ညီအစ်ကိုမောင်နှမများက လိုက်ရှာကြသည် ဟု ဆိုသည်။ နောက်ဆုံးတွင် မိခင်၏ မတ်ဖြစ်သူက သောင်းမချေ၏ အ၀တ်အစားမဲ့ အလောင်းကို နိုင်လာချာရီ (Nailachari) ဘင်္ဂါလီကုလားရွာ နှင့် အလွန်နီးသော နေရာတစ်ခုမှ ချုံဖုတ်များကြားတွင် တွေ့ရသည် ဟု ဆိုသည်။

စုံစမ်းစစ်ဆေးသူများက သောင်းမချေမှာ အသတ်မခံရခင် မုဒိမ်းကျင့်ခံရခဲ့သည် ဟု ယူဆကြသည်။ အလောင်း ကို ရင်္ဂါမတီမြို့ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရန်အတွက် သယ်ဆောင်သွားခဲ့သည်။ 

သောင်းမချေ၏ ဦးလေးဖြစ်သူ ချိုင်သောင်းဝေဖြူ (Chaithowai Prue) က တရားလိုလုပ်ကာ ကာအိုခါလီ ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ပုလိပ်ဘက်မှ တရားခံတစ်စုံတစ်ယောက်ကို မှ သိရှိဖမ်းဆီးရမိခြင်း မရှိသေး ပေ။

ဘာရာဒူလူကျေးရွာ နှင့် အနီးတစ်ဝိုက်မှာ ယခင်က ရခိုင်အနွယ်ဝင် မရမာတိုင်းရင်းသားများသာ နေထိုင်ခဲ့ ကြသော်လည်း၊ ၁၉၈၀-ပြည့်လွန်နှစ်များမှစ၍ ဘင်္ဂါလီအခြေစိုက်သူများရောက်လာကာ မရမာများကို မိမိတို့ပိုင်မြေများထဲကနေ မောင်းထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ မောင်းထုတ်မြေယာလုယူမှုမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။ 

လွန်ခဲ့သော တစ်လခန့်က မရမာတောင်သူများ၏ ဂျင်းစိုက်ခင်းများကို ဘင်္ဂါလီအခြေချသူများက လာရောက် ဖျက်ဆီးခဲ့ကြရာ၊ မရမာများက ချက်ချင်းပြန်စိုက်ပျိုးပြီး စိုက်ခင်းဖျက်ဆီးခံရမှုကို အမှုဖွင့်ထားသည်။ ယင်းအမှုတွင်လည်း အပြစ်ကျူးလွန်သူများမှာ အရေးယူခြင်းမခံရသေးဘဲ ရှိနေသေးသည် ဟု ဆိုသည်။ 

လူဦးရေ မတန်တဆပွားများနေသော ဘင်္ဂါလီတို့၏ နယ်မြေချဲထွင်မှု နည်းဗျူဟာများ ထဲမှ တချို့မှာ  အနီးအနားကျေးရွာများကို မကြာခဏဖျက်ဆီးခြင်း၊ ယင်းကျေးရွာများမှ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း တို့ဖြစ်သည်။ 

ယင်းဖြစ်စဉ်များကို မြန်မာနိုင်ငံ ဘူးသီးတောင် မောင်တော ဒေသမှ ဒေသခံ ဌာနေတိုင်းရင်းသားများ နှစ်ပေါင်းရာချီခံနေခဲ့ရပြီးနောက် ၂၀၁၂-ခုနှစ် မေလထဲတွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရာမှ မငြိမ်မသက်မှုများဖြစ်ခဲ့ရာ၊ တချို့သော မြန်မာခေါင်းဆောင် အချို့က ယင်းအရေးမှာ ဘာမှမဟုတ်သည့် မုဒိမ်းကျင့် လူသတ်မှုတစ်ခုကို အကြောင်းပြုပြီး ဖြစ်ပွားသည်ဟု ပြောကြ သည်ကို ရခိုင်ဒေသခံ အတော်များများက စိတ်ပျက်မိကြောင်းကို Coral Arakan အား ပြောကြားသည်။

(ဥတုခင်စိုင်း က Coral Arakan အတွက် ရေးသားသည်။)
By Oo-du Khin-sai
စစ်တွေ ၊ ၂၄ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]

ပြီးခဲ့သော ဒီဇင်ဘာလ (၂၁)ရက်နေ့က စစ်တကောင်းတောင်တန်းဒေသနေ ရခိုင်စကားပြော မရမာတိုင်းရင်းသူ မိန်းကလေးတစ်ဦးဖြစ်သည့် သောင်းမချေ (Thomaching) မှာ ဘင်္ဂါလီရွာတစ်ရွာအနီးတွင် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်။

ကွယ်လွန်သူ ဦးဆူသီးဖြူ(Suithui Prue) ၏ သမီး အသက်(၁၄) နှစ်အရွယ် သောင်းမချေ မှာ ဘင်္ဂါလာဒေ့ရှ် နိုင်ငံ ရင်္ဂါမတီခရိုင်၊ ကာအိုခါလီ မြို့နယ်အတွင်းရှိ ဘာရာဒူဘာပါရာ ကျေးရွာမှဖြစ်ပြီး၊ ကာအိုခါလီ မိန်းကလေး ကျောင်းမှ ရှစ်တန်းကျောင်းသူတစ်ဦးဖြစ်သည်

အခင်းဖြစ်သည့်နေ့ မွန်းလွဲ သုံးနာရီခွဲခန့်တွင် မိမိတို့ရွာအနီး စားကျက်တွင် လွှတ်ထားသော နွားများကို ပြန်သိမ်းရန် သောင်းမချေ တစ်ဦးတည်း အိမ်က ထွက်သွားခဲ့ သည်။

သမီးဖြစ်သူ ပြန်မရောက်ဘဲ ကြာနေသည့်အခါကျမှ မိခင်ဖြစ်သူနှင့် သူမ၏ညီအစ်ကိုမောင်နှမများက လိုက်ရှာကြသည် ဟု ဆိုသည်။ နောက်ဆုံးတွင် မိခင်၏ မတ်ဖြစ်သူက သောင်းမချေ၏ အ၀တ်အစားမဲ့ အလောင်းကို နိုင်လာချာရီ (Nailachari) ဘင်္ဂါလီကုလားရွာ နှင့် အလွန်နီးသော နေရာတစ်ခုမှ ချုံဖုတ်များကြားတွင် တွေ့ရသည် ဟု ဆိုသည်။

စုံစမ်းစစ်ဆေးသူများက သောင်းမချေမှာ အသတ်မခံရခင် မုဒိမ်းကျင့်ခံရခဲ့သည် ဟု ယူဆကြသည်။ အလောင်း ကို ရင်္ဂါမတီမြို့ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရန်အတွက် သယ်ဆောင်သွားခဲ့သည်။

သောင်းမချေ၏ ဦးလေးဖြစ်သူ ချိုင်သောင်းဝေဖြူ (Chaithowai Prue) က တရားလိုလုပ်ကာ ကာအိုခါလီ ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ပုလိပ်ဘက်မှ တရားခံတစ်စုံတစ်ယောက်ကို မှ သိရှိဖမ်းဆီးရမိခြင်း မရှိသေး ပေ။

ဘာရာဒူလူကျေးရွာ နှင့် အနီးတစ်ဝိုက်မှာ ယခင်က ရခိုင်အနွယ်ဝင် မရမာတိုင်းရင်းသားများသာ နေထိုင်ခဲ့ ကြသော်လည်း၊ ၁၉၈၀-ပြည့်လွန်နှစ်များမှစ၍ ဘင်္ဂါလီအခြေစိုက်သူများရောက်လာကာ မရမာများကို မိမိတို့ပိုင်မြေများထဲကနေ မောင်းထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ မောင်းထုတ်မြေယာလုယူမှုမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်က မရမာတောင်သူများ၏ ဂျင်းစိုက်ခင်းများကို ဘင်္ဂါလီအခြေချသူများက လာရောက် ဖျက်ဆီးခဲ့ကြရာ၊ မရမာများက ချက်ချင်းပြန်စိုက်ပျိုးပြီး စိုက်ခင်းဖျက်ဆီးခံရမှုကို အမှုဖွင့်ထားသည်။ ယင်းအမှုတွင်လည်း အပြစ်ကျူးလွန်သူများမှာ အရေးယူခြင်းမခံရသေးဘဲ ရှိနေသေးသည် ဟု ဆိုသည်။

လူဦးရေ မတန်တဆပွားများနေသော ဘင်္ဂါလီတို့၏ နယ်မြေချဲထွင်မှု နည်းဗျူဟာများ ထဲမှ တချို့မှာ အနီးအနားကျေးရွာများကို မကြာခဏဖျက်ဆီးခြင်း၊ ယင်းကျေးရွာများမှ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း တို့ဖြစ်သည်။

ယင်းဖြစ်စဉ်များကို မြန်မာနိုင်ငံ ဘူးသီးတောင် မောင်တော ဒေသမှ ဒေသခံ ဌာနေတိုင်းရင်းသားများ နှစ်ပေါင်းရာချီခံနေခဲ့ရပြီးနောက် ၂၀၁၂-ခုနှစ် မေလထဲတွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရာမှ မငြိမ်မသက်မှုများဖြစ်ခဲ့ရာ၊ တချို့သော မြန်မာခေါင်းဆောင် အချို့က ယင်းအရေးမှာ ဘာမှမဟုတ်သည့် မုဒိမ်းကျင့် လူသတ်မှုတစ်ခုကို အကြောင်းပြုပြီး ဖြစ်ပွားသည်ဟု ပြောကြ သည်ကို ရခိုင်ဒေသခံ အတော်များများက စိတ်ပျက်မိကြောင်းကို Coral Arakan အား ပြောကြားသည်။

(ဥတုခင်စိုင်း က Coral Arakan အတွက် ရေးသားသည်။)

"အလေးထားစရာ ဘဘဦးဝင်းတင် စကား . ."

r

"အလေးထားစရာ
ဘဘဦးဝင်းတင် စကား . ."

" ၂ဝ၁၁ ခုနှစ်အတွင်းက ပြင်ဆင်ခဲ့တဲ့ အင်န်အယ်ဒီပါတီရဲ့ ခြေလှမ်းတွေကနေပြီးတော့ ၂ဝ၁၂ မှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ ပထမ ၁ ချက်က ၂ဝ၁၁ နိုဝင်ဘာမှာ ပါတီ ကို ပြန်ပြီး မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်လိုက်တာ။ ဒီဇင်ဘာမှာ မှတ်ပုံတင်တယ်။ ပြီးတော့ ၂ဝ၁၂ ဧပြီ ၁ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်တယ်။ အမတ် ၄၆ နေရာအနက် ၄၃ နေရာ မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အပါအဝင် အနိုင်ရရှိတယ်။ ၂ဝ၁၂ မေ ၁ မှာ လွှတ်တော် အမတ်များအဖြစ် စတင်ကျမ်းကျိန်ပြီး တာဝန်ထမ်းဆောင်တယ်။ အဲဒီက စပြီးတော့ မြန်မာပြည် ရဲ့ နိုင်ငံရေးပင်မရေစီးထဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီတို့ ထင်ထင်ရှားရှား ဝင်ရောက်လာတယ်။ အဲသည် ပင်မရေစီးမှာ အခြားနိုင်ငံရေးအင်အားစုတွေ၊ လှုပ်ရှားမှုတွေ ကလည်း ဝင်ရောက် ဆောင်ရွက်တာတွေ ပိုမို ဖြစ်ထွန်းလာတယ်။

· အဲသည်မှာ ပြည်တွင်း ပြည်ပက နိုင်ငံရေးအင်အားစုပေါင်းစုံကလည်း ၂ဝ၁၂ အတွင်း မှာ မြန်မာပြည်ရဲ့ ပင်မရေစီးနိုင်ငံရေးလမ်းကြောင်းထဲ ဝင်ရောက်ဖို့ ကြိုးစားလာကြတယ်။ အဲသည်မှာ အပစ်အခတ် ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့၊ ဥပဒေဘောင်အတွင်း ဝင်ရောက်ရေးတို့ စတဲ့ အကြောင်းအရာတွေ ဆွေးနွေးပြောဆိုကြတယ်။ ဒါပေမယ့် အဓိကကတော့ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့နဲ့ ၂ဝဝ၈ အခြေခံဥပဒေ ကို ပြန် လည် ပြင်ဆင်နိုင်ဖို့က အဓိကအချက်တွေ ဖြစ်တယ်ဆိုတာကို အားလုံးက မြင်လာကြတယ်။

· နောက်တချက်ကတော့ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအပြောင်းအလဲ တစုံတရာရှိ တယ်ဆိုပြီးတော့ ဥရောပသမဂ္ဂတို့၊ အမေရိကန်တို့၊ အာဆီယံတို့ ဘာတို့ကနေပြီး စီးပွားရေးတွေ အကူအညီတွေကို ဖွင့်လှစ်လာကြတယ်။ အားပေးလာကြတယ်။ အမေရိကန်သမ္မတ အိုဘားမား ကိုယ်တိုင်က မြန်မာပြည်ဒီမိုကရေစီရေး လုပ်ဆောင်နေမှုတွေကို ထောက်ခံမှုပြသတဲ့ အနေ နဲ့ မြန်မာပြည် ကို ကိုယ်တိုင်လာရောက်တယ်။ ဒါပေမယ့် ဒီအပြောင်းအလဲတွေက အများပြည် သူကို အကျိုးရှိစေမှာလား၊လက်ရှိ အာဏာချုပ်ကိုင်ထားသူတွေကိုပဲ အကျိုးစီးပွားဖြစ်ထွန်းစေ မှာလားဆိုတာကို ကြည့်ရမယ်။

· နောက်ပြီးတော့ လူမှုရေးမျက်နှာစာပေါ့။ Civil Society အဆင့်တွေ အလွှာတွေတိုင်းမှာ လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေ ပိုမိုကျယ်လောင်လာတယ်။ ကချင်ပြည်နယ်အရေး၊ ရခိုင်ပြည်နယ် မငြိမ်သက်မှုတွေ၊ မိုးထိမိုးမိလုပ်သားတွေ၊ လက်ပံတောင်းတောင်၊ စက်ရုံအလုပ် သမားတွေ၊ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စတွေအားလုံး ရှေ့တန်း ကို ရောက်လာတယ်။ ကာယကံရှင်တွေကိုယ်တိုင်က ရဲရဲဝံ၀ံ ထုတ်ဖော်တောင်းဆိုလာတဲ့အခါမှာ ပတ်ဝန်းကျင်က၊ တိုင်းပြည်က ပြည်သူတွေကိုယ်တိုင်ကလည်း ဝန်းရံ ထောက်ခံမှုတွေ ရလာတယ်။ အဲဒီအရေး အခင်းတွေကနေပြီး တိုင်းပြည်မှာ တရားဥပဒေစိုးမိုးဖို့၊ မလိုလားအပ်တဲ့ အကျိုးမရှိတဲ့ မျှတမှု မရှိတဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေ၊ အုပ်ချုပ်ရေးစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ ထင်ရှားလာတယ်။

· အခုလက်ရှိ လက်ပံတောင်းတောင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ ထုတ်ပြန်မှုတွေ ကို စောင့်ကြည့်မယ်ဆိုရင် ကော်မရှင်က ပြည်သူတွေအတွက် တကယ်အကျိုးရှိတဲ့ စီမံကိန်းတွေ ဖြစ်ဖို့၊ ဒေသခံပြည်သူတွေကို ကာကွယ်မှု၊ စောင့်ရှောက်မှုတွေ ရှိဖို့အထိကိုပါ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဆောင်ရွက်စေမယ် သဘောမျိုးတွေရတယ်။ ဒါဟာ ပြည်သူတွေဖက်က ရပ်တည်မှုပြသတယ်လို့ ဆိုနိုင်တယ်။ အဲသည်နဲ့တချိန်တည်းမှာပဲ သံဃာတော်တွေဖက်က တောင်းဆိုနေတာတွေကိုလည်း အစိုးရက အရေးယူပေးရမယ်။

· တဖက်နေပြီးတော့ ဆန္ဒထုတ်ဖော်သူတွေကို ဖမ်းတာ၊ တားဆီးတာ၊ တရားစွဲတာတွေ မလုပ်ဖို့၊ ပြန်ပြီး လွှတ်ပေးဖို့၊ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ လိုအပ်တယ်။ အစိုးရကိုယ်တိုင်က ဝန်ခံပြီးမှတော့ တာဝန်ယူစရာရှိတာတွေ ယူပြီး လုပ်ပေးရတော့မှာပေါ့။ သတင်းထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးက ဝန်ကြီးတဦးကလည်း ပြောလိုက်တယ်။

နေပြည်တော် ကနေ တိုက်ရိုက်အမိန့်နဲ့ လုပ်တာပါလို့ ပြောတယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ရဲရဲဝံ့ဝံ့ ယူကြပါ။ ထိခိုက်ဒဏ်ရာရတဲ့ ဆရာတော်၊ သံဃာတွေကို ကျန်းမာရေး၊ ဆေးဝါး အစစ စောင့် 
ရှောက် မှု၊ ကူညီပံ့ပိုးမှုတွေကို အပြည့်အ၀လုပ်ဆောင်ပေးရမယ်။

· ရှေ့လျောက်ပြီးတော့ မြန်မာပြည်အခြေအနေက တိုးတက်လာမှာလားဆိုတာ ကို ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ်မှာ ပြောခဲ့တာနဲ့ ကိုးကားပြီးပြောချင်တယ်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ချင် လွတ်လပ်မယ်၊ တရားမျှတမှု ရှိချင်မှ ရှိလိမ့်မယ်။ တရားမျှတ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ လိုအပ်ပါတယ်။ အခုလက်ရှိအခြေအနေမှာလည်း လွတ်လပ်မှု ရှိတယ်၊ လွတ်လပ်တယ်ဆိုတိုင်း ကျနော်တို့ဆီမှာ တရားမျှတမှု ရှိရဲ့လား။ ဒါကို ကြည့်ရမယ်။

· ဒီတော့ ၂ဝ၁၂ မှာ အပြောင်းအလဲတွေ ရှိတယ်လို့ ပြောပေမယ့် အခုအချိန် အထိတော့ ပြည်သူလူထု အတွက် လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ အပြောင်းအလဲတွေ မခံစားရသေးဘူးလို့ ပြောချင်တယ်။ ဘာတွေ ပြောင်းတယ်ပဲ ဆိုဆို ခုချိန်ထိမှာ ပြည်သူလူထုကြီး တရပ်လုံးမှာ ဆင်းရဲမွဲတေမှုကနေ ပြောင်းလဲတိုးတက်လာတယ်ဆိုတာ မတွေ့ရသေးဘူး။ ဒီလိုမျိုးပြောတော့ လူတွေက မကြိုက်ချင်ကြဘူး။ ကျနော်တို့ကို ပြောချင်ကြတယ်။

· ကျနော်က ဟိုတုန်းကတည်းက ကြားဖြတ်ရေးကောက်ပွဲအတွက် စစ်ကိုင်း၊ မန္တလေး၊ မုံရွာ ခရီးစဉ်သွားတုန်းကတည်းက ဒီအတိုင်း ကျနော် ပြောခဲ့တာပဲ။ အခုအချိန်မှာ ကျနော်က ဦးသိန်းစိန် နဲ့ လက်ရှိအစိုးရလုပ်နေတယ်ဆိုတဲ့ တိုင်းပြည်အပြောင်းအလဲ၊ ဒီမိုကရေစီအပြောင်း အလဲ ကို အယုံအကြည်မရှိပါဘူး။ အပြောင်းအလဲဆိုတာ ဘယ်မှာလုပ်တာလဲ၊ ဘယ်နေရာမှာ လုပ်နေတာလဲ ဆိုတာကို မေးပါ။ မြင်အောင်ကြည့်ပါလို့ ပြောခဲ့တယ်။ အဲသည်အတွက် အယုံအကြည်မရှိဘူး၊ သံသယရှိတယ်ဆိုတဲ့ အပိုင်း၊ မေးခွန်းထုတ်တဲ့ သူတွေ ရှိမှာပဲ။ ဒါကတပိုင်း၊ ကျန်တဲ့အပိုင်းကတော့ အဲသည်လို မယုံကြည်ဘူး၊ မေးခွန်းထုတ်တယ်၊ သံသယရှိတယ်လို့ ဝေဖန်ပြောဆိုလာတဲ့သူတွေကို ၀ိုင်းပြီးတော့ ဟန့်တားကြတာ၊ ပြစ်တင်ဝေဖန်ကြတဲ့ အပိုင်း။ ”မလုပ်ပါနဲ့၊ ဆန္ဒမပြပါနဲ့၊ မပြောပါနဲ့ … ဒီအစိုးရက နောက်ပြန်လှည့်သွားလိမ့်မယ်…” ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ …။

· ကျနော့်သဘောအရပြောရရင် အဲလိုဖြစ်နေတာကိုက လက်ရှိအစိုးရကိုယ်တိုင်က နောက်ပြန် ဆုတ်ဖို့နေနေသာသာ ရှေ့ကို ဘာမှ တိုးတက်အောင် မဆောင်ရွက်နိုင်သေးလို့ပဲ။ နိုင်ငံရေး ဆုတ်သွားမယ်ပြောရအောင် ဒီအစိုးရက ဘယ်တုံးက နိုင်ငံရေးရှေ့တက်သေးလို့လဲ။ ကျနော်ဆောင်းပါးတွေ မီဒီယာတွေမှာ ပြောပါတယ်။ ကျနော်တို့လုပ်ရမယ့် အလုပ် က နိုင်ငံရေး လမ်းကြောင်းမှာ ရှေ့တိုးအောင်လို့ လမ်းကြောင်းပေါ်တက်အောင်လို့ ဆွဲခေါ်ရမယ်၊ တွန်းတင်ရ မယ်၊ နောက်ပြန်ဆုတ်မှာကို မစိုးရိမ်ပါနဲ့။ ဒုံရင်း ဒုံရင်းပဲ။ ပိုနေမြဲ ကျားနေမြဲ နေတုန်းပဲ။ နိုင်ငံရေး အရ ရှေ့တိုးနိုင်ဖို့ဆိုတာက လူထုအပေါ်မှာပဲ မူတည်တယ်။ လူထုရဲ့ နိုင်ငံရေး နိုးကြားမှု၊ ဆန္ဒ၊ သဘောထား၊ နိုင်ငံရေးအသိအမြင် တက်ကြွမှုတွေပေါ်မှာ မူတည်တယ်။ လူထုရဲ့ အကြောက် တရားကနေ ရုန်းထွက်နိုင်မှုပေါ်မှာပဲ မူတည်ပါတယ်။

· ဒေါ်အောင်ဆန်းစုကြည် အခုခရီးစဉ်မှာ ပြောကြားခဲ့တာကိုပဲ ပြန်ပြီး ကိုးကားချင်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲရှိပြီ ဆိုတာကို ဘယ်သူကမှ မပြဌာန်းနိုင်ပါဘူးတဲ့။ လူထုကိုယ် တိုင်က ယုံကြည်လက်ခံပြီး ပြဌာန်းမှသာလျင် ပြည်သူအတွက် စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအ လဲဖြစ် တယ် ဆိုတာကို ပြောချင်တယ်။

· ခုချိန်မှာ ပတ်ဝန်းကျင်မှာ ၀ါဒဖြန့်ချိနေကြတယ်။ အချင်းချင်း ပြောဆိုနေကြတယ်။ တယောက်နဲ့ တယောက် ပြစ်တင်စွပ်စွဲတာတွေ လုပ်ကြတယ်၊ နိုင်ငံရေးအပြောင်းအလဲဖြစ်နေပြီ ဘာညာဆိုတာတွေ၊ နောက်ပြန်ဆုတ်မယ် ဆိုတာတွေ၊ ရှေးရိုးအမြင်စွဲတယ် ဘာညာဆိုတာတွေ … ဒါတွေက အဓိကမဟုတ်ပါဘူး။ အဓိကကတော့ ကျနော်တို့တွေက ရှေ့ကို ဒီထက်တိုးဖို့ ၀ိုင်းပြီး လူထုအားနဲ့ ဆက်လုပ်ကြ၊ တွန်းကြ၊ ဆွဲကြဖို့ပဲ လိုတယ် ဆိုတာပါ။ ပြောနေ ဆိုနေကြတဲ့သူတွေ၊ အစိုးရတွေ၊ ပြည်သူတွေအားလုံး ဒီမိုကရေစီလမ်းကြောင်းပေါ် တက်လာအောင် ဆက်ပြီး တွန်းကြပါလို့ ပြောချင်ပါတယ်။"

"၂ဝ၁၂ က အပြောင်းအလဲ … ဘယ်သူ့အတွက်လဲ..."
၂ဝ၁၂ ခုနှစ်ဟာ မြန်မာပြည်နိုင်ငံရေးရှုခင်းအတွက် အပြောင်းအလဲတွေနဲ့ နှစ်လို့ ဆိုကြပါတယ်။ အဲည်အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းပြီး ဆရာ့သဘောထားကို မေးမြန်းခဲ့ရာကနေ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဦးဝင်းတင်နဲ့ မေးခွန်းများ . . မှ
မိုးမခ၊ ဒီဇင်ဘာ ၂၄၊ ၂ဝ၁၂

ဒေါ်လာ ငွေစက္ကူအတု၎သိန်းခွဲသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား

DVB TV News
ဒေါ်လာ ငွေစက္ကူအတု၎သိန်းခွဲသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းနိုင်ငံမဲဆောက်မှာ ထိုင်းလုံခြူံရေးတပ်ဖွဲ့ တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
ကိုသက် ။

ကျွန်းစုမြို့နယ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမှု ကောက်နှုတ်ချက်

DVB TV News
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရိုင်၊
 ကျွန်းစုမြို့နယ် ဟောပြောမှု ကောက်နှုတ်ချက် (၂၃-၁၂-၂၀၁၂)
ရိုက်ကူး - ကျော်ဇေယျာဝင်း

iPhone and iPad Christmas Carol

https://www.facebook.com/photo.php?v=496773897012840&set=vb.224041461006173&type=2&theater

လင်းတနား-နန်းကျနိမိတ်များ

Zinyaw Ni
အဘမင်းသိင်္ခပြုစုခဲ့သော မဟာဘုတ်တော်ရာဇ၀င်ကျမ်းကြီးမှ

“ အောင်အတိတ်နဲ့ အောင်နိမိတ်ဆောင်စေ ”
~~~~~~~~~~~~~~~~~~~~~~~~

_/|\_ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ _/|\_

“ ပဒက္ခိဏံ ကာယကမ္မံ၊ ၀ါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ
ဉာတိဘိ။ ”
- ပုဗ္ဗာဏှသုတ်

( အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မင်္ဂလ၀ဂ်၊ ပုဗ္ဗာနသုတ်
(အံ-၃-၁၅၆ )

မြန်မာပြန်
------------

“ ကောင်းမြတ်သော ကာယကံ,ကောင်းမြတ်သောဝစီကံ၊
ကောင်းမြတ်သောမနောကံ၊ ကောင်းမြတ်သော ရည်ရွယ်
ဆောက်တည်မှု ဖြစ်ပါစေ။
ကောင်းမြတ်ခြင်းတို့ကို ပြုခြင်းကြောင့်၊ ကောင်းမြတ်သော
အကျိုးတရားတို့ ရ၏။
သင့်အား ထိုကောင်းမြတ်သော အကျိုးစီးပွားတို့ ရရှိပါစေ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ ဗုဒ္ဓသာသနာတွင် တိုးတက်ကြီးပွား
ကြပါစေ။အလုံးစုံသော ဆွေမျိုးတို့နှင့် အတူတကွ အနာရောဂါ
ကင်း၍ ချမ်းသာခြင်းသို့ ရောက်ကြပါစေ။ ”

~ ပုဗ္ဗာဏှသုတ် ~

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

----------------- _/|\_ ---------------------------

ခေတ်သတင်းမှ { ဖွင့်ဆိုချက် }
---------------------------------

" ရွှေတိဂုံဘုရား လင်းတနားက-တိုင်းခြားပြည့်ရှင် ခန့် ညားလျှင်
ဖိုဝင်ဇော်ဂျီ-တပသီနှင့်ပြည်တန်ပတ္တမြား-ပေါ်ထွက်ငြားအံ့ ။ "

ဆိုတာ အယူတော်မင်္ဂလာကိန်းအရ ပတ္တမြားအား
ပြည်တန်တယ်။ ပြီးတော့ အထွတ်အမြတ် လို့ သတ်မှတ်
ခဲ့ကြတယ်။ ဒီတော့ မြန်မာနိုင်ငံတစ်ဝှမ်း အသရေလွှမ်းမယ့်
ဇမ္ဗူဒိတ်အောင်နိမိတ်လို့ ပဲ ဖွင့်ဆိုနိုင်တယ်။

ဘုရားမှာ လင်းတနားရင် ဘာဖြစ်မလဲ။အခုအချိန် နကတ်အလိုအရ
ဒီဇင်ဘာ ၂၅ ကျော်ရင် အကောင်းတွေ ရောက်မယ်။ အခုကာလက
စနေနဲ့  ပါပ စုံသက်ရောက်နေတဲ့ အချိန် ဖြစ်တယ်။ အခုနှစ်
ဇန်န၀ါရီလ ၄ ရက်နေ့  ရောက်ရင် မြန်မာနိုင်ငံ စတင်ပြီး
လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ တုန်းက ဂြိုလ်ခွင်တွေ အနေ
အထားအတိုင်း တစ်သွေမတိမ်း နီးပါး တူညီနေတဲ့ အချိန်ကို
ရောက်မယ်။

ရောက်ရင် ဟိုတုန်းကလို မြန်မာနိုင်ငံ အစိပ်စိပ်အမွှာမွှာနဲ့ 
ရောင်စုံသူပုန် ထလေမလား မစိုးရိမ်ပါနဲ့ ။ ဂြိုလ်ခွင်တွေသာ
အရင်ပုံစံ ပြန်ခင်းမှာ ကံကြမ္မာက အရင်ပုံစံ ပြန်မလာဘူး။
သမိုင်းတစ်ပတ်ပြန်လည်တတ်တယ်ဆိုပေမယ့် အယူတော်
မင်္ဂလာအလိုအရ ပိုမိုကောင်းမွန်မယ့် နိမိတ်တွေ ထွန်းနေတယ်။

ပြီးတော့ နားတဲ့ဘုရားက ရွှေတိဂုံစေတီတော်မြတ်ကြီး ဖြစ်နေတဲ့
အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  တန်ခိုးအာနုဘော်ကို
လည်း ထည့်တွက် ရမယ်။

နှစ်တန့်  မှာ ကသစ်ဥယျာဉ် ရတဲ့အတွက် မင်္ဂလာပေါ် မင်္ဂလာ
ဆင့်မယ်။ အကောင်းတွေ လာတော့မယ် ဆိုတဲ့ သဘောပဲ။

လူတွေက လင်းတ နားတာကိုသာ ပြောနေတာ။ ရွှေတိဂုံ ဖြစ်နေ
တာကို မပြောဘူး။ လင်းတဟာ ဗုဒ္ဓဟူးနဲ့  စနေ ပေါင်းထားတဲ့
အတွက် ဒီနာမ်ကိုပဲ ယူရမယ်။ လဒ(လင်းတ) ဘာကောင်ဆိုတာကို
ထည့်တွက်ပေမယ့် ဒီလောက်အထိ အရေးမကြီးတော့ဘူး။

လဒ နားတဲ့အချိန်ကိုလည်း ထည့်တွက်ရမယ့်။ ညနေစောင်း
ဖြစ်တဲ့အတွက် လင်းတရဲ့ မူရင်း သက်ရောက်မှုတွေ လျော့နည်း
သွားပြီဆိုတာလည်း သဘောပေါက်ဖို့ လိုတယ်။

အဓိပ္ပါယ် ကတော့ လူတွေ မသိနားမလည်ဘဲ လျှောက်ပြော
နေသလို မကောင်းတဲ့ အနက် မထွက်ဘူး။ အကောင်းထက်
အကောင်းဆင့်တဲ့ အနက်ကို အယူတော်မင်္ဂလာက ကောက်
ယူတယ်။

"ရွှေတိဂုံဘုရား လင်းတနားက-တိုင်းခြားပြည့်ရှင် ခန့် ညားလျှင်
ဖိုဝင်ဇော်ဂျီ-တပသီနှင့်ပြည်တန်ပတမြား-ပေါ်ထွက်ငြားအံ့"

- ဆိုတာ အယူတော်မင်္ဂလာကိန်းအရ ပတ္တမြားအား
ပြည်တန်တယ်။ ပြီးတော့ အထွတ်အမြတ် လို့ သတ်မှတ်
ခဲ့ကြတယ်။ ဒီတော့ မြန်မာနိုင်ငံတစ်ဝှမ်း အသရေလွှမ်းမယ့်
ဇမ္ဗူဒိတ်အောင်နိမိတ်လို့ ပဲ ဖွင့်ဆိုနိုင်တယ်။

- (အယူတော်မင်္ဂလာ ဖွင့်ဆိုချက်မှ) -

( လဒ - ဠင်းတ - လင်းတ - ဟုဖတ်ရန် )

Source: ခေတ်သတင်း

The Voice Weekly

ငှက်ကြီးများ ကို စိတ်ဝင်တစား ကြည့်ရူနေကြစဉ်