Tuesday, December 25, 2012

ဒေါ်အောင်ဆန်းစုကြည် ဘိတ်သွားတုံးက စင်ပေါ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခု



ဦးပိုင်နှင့် တရုတ်တို့၏ မိုင်းခွဲမှု ဒဏ် ကြောင့် ရှေးဟောင်းဘုရားများအက်ကွဲ

ThanLarWaddy Times's photo.
"တရုတ်ကုမ္ပဏီဖြစ်သော မြန်မာယမ်စီ(ကြေးနီသတ္ထုတူးဖော်ရေး)မြန်မာ့စီးပွား ရေးဦးပိုင်နှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းထားသော ကုမ္ပဏီတို့၏ မိုင်းခွဲမှု ဒဏ် ကြောင့် မြရိပ်ရွာ ဘုန်းတော်ကြီးကျောင်းမှ ရှေးဟောင်းဘုရားများအက်ကွဲ" "(17-12-2012)နေ့ နေလည်(၁၂)နာရီခန့်က ခွဲတဲ့ မိုင်းက ဘုန်းကြီးတို့နေလာ ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှမကြုံဘူးအောင်ကို ပြင်ထန်လွန်းပါတယ် အရင်ရှေ့ကလုပ်သွားတဲ့ အိုင်ဗင်ဟိုးကုမ္ပဏီတုန်းကလည်း ဒီလိုပြင်းပြင်းထန် ထန်နဲ့ စည်းကမ်းမဲ့ မိုင်းခွဲတာမျိုးမကြုံခဲ့ပါဘူး။အခုတရုတ်နဲ့ ဦးပိုင်ကျမှ တွေ့ဘူ တယ်။မိုင်းခွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြရိပ်ရွာက ပြည်သူတွေက ကလည်းလုံးဝ ကျေနပ်မှုမရှိဘူး။ဘုန်းကြီးအနေနဲ့ရော ကျေးရွာအုပ်ချုပ်ရေးမှူးအနေနဲ့ပါ သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံကိုစာတင်ထားတယ်။ဒါပေမဲ့ လုံးဝ(လုံးဝ) ဂရု မစိုက်ဘူး ဘာတစ်ခုမှ အကြောင်းမပြန်ဘူး။မိုင်းခွဲတဲ့(17-12-2012)နေ့ကဆိုရင် ရေကြည်ပင်ရွာ အသက်ကြီး အဘွားအိုတစ်ဦးဆိုရင် သတိလစ်ပြီးမေ့မျှောသွား တယ်။ကိုယ်တည်းတစ်ယောက် ကောင်းမှုရောက်ဖို့ လူအများဒုက္ခရောက်အောင် လုပ်တဲ့ စီးပွားရှာနည်းကတော့ မိုက်ရိုင်းလွန်းပါတယ်။ ရေပုပ်ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဘေးက ဆုတောင်းပြည့်ဘုရားဆိုရင် လည်း အက်ကွဲသွာတယ်။ဦးပိုင်ကတည်ဆောက်ထားတဲ့ ယမ်းတိုက် ဂိုဒေါင်က လည်း ရွှေပန်းခိုင်ရွာနဲ့ အရမ်းနီးကပ်နေတယ်။ မတော်တစ်ဆ ယမ်းတိုက်တာ ပေါက်ကွဲမှုဖြစ်ရင် တစ်ရွာလုံး မီးလောင်တိုက်သွင်းပြီး သတ်သလိုဖြစ်မယ်။ သေခြင်းဆိုးနဲ့သေကုန်မှာ။ သူတို့မသေပြီးရောဆိုပြီး အခုလိုလုပ်တာဟာ လုံးဝ လူချင်းစာနာစိတ် ကင်းမဲ့ပါတယ်"ဟု မြရိပ်ရွာမှ ဆရာတော်တစ်ပါးကဆိုပါတယ်။ နှစ်ပေါင်း(၁၀၀)ကျော်ရှိနေပြီဖြစ်သော မြရိပ်ကျောင်းအတွင်းမှ ဘုးရားတစ်ဆူး၏ ကျောက်ထီးတော်အောက်ခြေ ကွဲအက်သွားသောပုံ။
‎"တရုတ်ကုမ္ပဏီဖြစ်သော မြန်မာယမ်စီ(ကြေးနီသတ္ထုတူးဖော်ရေး)မြန်မာ့စီးပွား ရေးဦးပိုင်နှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းထားသော ကုမ္ပဏီတို့၏ မိုင်းခွဲမှု ဒဏ် ကြောင့် မြရိပ်ရွာ ဘုန်းတော်ကြီးကျောင်းမှ ရှေးဟောင်းဘုရားများအက်ကွဲ"
"(17-12-2012)နေ့ နေလည်(၁၂)နာရီခန့်က ခွဲတဲ့ မိုင်းက ဘုန်းကြီးတို့နေလာ ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှမကြုံဘူးအောင်ကို ပြင်ထန်လွန်းပါတယ်
အရင်ရှေ့ကလုပ်သွားတဲ့ အိုင်ဗင်ဟိုးကုမ္ပဏီတုန်းကလည်း ဒီလိုပြင်းပြင်းထန် ထန်နဲ့ စည်းကမ်းမဲ့ မိုင်းခွဲတာမျိုးမကြုံခဲ့ပါဘူး။အခုတရုတ်နဲ့ ဦးပိုင်ကျမှ တွေ့ဘူ တယ်။မိုင်းခွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြရိပ်ရွာက ပြည်သူတွေက ကလည်းလုံးဝ ကျေနပ်မှုမရှိဘူး။ဘုန်းကြီးအနေနဲ့ရော ကျေးရွာအုပ်ချုပ်ရေးမှူးအနေနဲ့ပါ သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံကိုစာတင်ထားတယ်။ဒါပေမဲ့ လုံးဝ(လုံးဝ) ဂရု မစိုက်ဘူး ဘာတစ်ခုမှ အကြောင်းမပြန်ဘူး။မိုင်းခွဲတဲ့(17-12-2012)နေ့ကဆိုရင် ရေကြည်ပင်ရွာ အသက်ကြီး အဘွားအိုတစ်ဦးဆိုရင် သတိလစ်ပြီးမေ့မျှောသွား တယ်။ကိုယ်တည်းတစ်ယောက် ကောင်းမှုရောက်ဖို့ လူအများဒုက္ခရောက်အောင် လုပ်တဲ့ စီးပွားရှာနည်းကတော့ မိုက်ရိုင်းလွန်းပါတယ်။
ရေပုပ်ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဘေးက ဆုတောင်းပြည့်ဘုရားဆိုရင် လည်း အက်ကွဲသွာတယ်။ဦးပိုင်ကတည်ဆောက်ထားတဲ့ ယမ်းတိုက် ဂိုဒေါင်က လည်း ရွှေပန်းခိုင်ရွာနဲ့ အရမ်းနီးကပ်နေတယ်။ မတော်တစ်ဆ ယမ်းတိုက်တာ ပေါက်ကွဲမှုဖြစ်ရင် တစ်ရွာလုံး မီးလောင်တိုက်သွင်းပြီး သတ်သလိုဖြစ်မယ်။ သေခြင်းဆိုးနဲ့သေကုန်မှာ။ သူတို့မသေပြီးရောဆိုပြီး အခုလိုလုပ်တာဟာ လုံးဝ လူချင်းစာနာစိတ် ကင်းမဲ့ပါတယ်"ဟု မြရိပ်ရွာမှ ဆရာတော်တစ်ပါးကဆိုပါတယ်။

နှစ်ပေါင်း(၁၀၀)ကျော်ရှိနေပြီဖြစ်သော မြရိပ်ကျောင်းအတွင်းမှ ဘုးရားတစ်ဆူး၏ ကျောက်ထီးတော်အောက်ခြေ ကွဲအက်သွားသောပုံ။

Air Bagan လေယာဉ် ဟဲဟိုးလေဆိပ်တွင်ပျက်ကျမှုမှတ်တမ်း ဓါတ်ပုံများ

r
ဓာတ်ပုံ- ထူးအိမ် ၊ ရဲဇာနည်၊ အာအက်ဖ်အေ၊ ကိုကျော်စွာမြင့်၊ အေအက်ဖ်ပီ နှင့် Eleven Media Group

Air Bagan မှ သတင်းထုတ်ပြန်ချက်

Popular Myanmar News Journal
=====================
၂၅-၁၂-၂၀၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆ ဖြစ်ပွားသည့် နေရာသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့မှ လာရောက် ကြည့်ရှု စစ်ဆေးသွားကြောင်း သတင်းရရှိပါသည်။

ပျက်စီးသွားသော လေယာဉ်မှ Black Box ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး စင်္ကာပူနိုင်ငံသို့ ပို့ဆောင်ကာ ဖြစ်ပွားခဲ့သည့် အဓိက အကြောင်းရင်းကို စုံစမ်းဖော်ထုတ်မယ်လို့လည်း သိရပါသည်။

အဲပုဂံလေကြောင်းလိုင်း၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အုပ်ချုပ်မှုဒါရိုက်တာတို့ကိုယ်တိုင် ဟဲဟိုးမြို့တွင် ရောက်ရှိနေပြီး ဒဏ်ရာရရှိသော ခရီးသည်များနှင့် ကျန်ခရီးသည်အားလုံးအတွက် လိုအပ်သည်များကို အနီးကပ် စီစဉ်ဆောင်ရွက်ပေးနေကြောင်းကိုလည်း သိရှိရပါသည်။

အဲပုဂံလေကြောင်းလိုင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့် ပူးပေါင်းလျက် ခရီးသည်များ၏ ပတ်စ်ပို့များ အမြန်ဆုံး ရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခရီးသည်တချို့မှာ အင်းလေးရှိ Aureum Palace Hotel တွင် အနားယူလျက်ရှိပြီး၊ တချို့မှာ ရန်ကုန်မြို့ Kandawgyi Palace Hotel တို့တွင် အနားယူလျက်ရှိပါသည်။ ခရီးသည်များအတွက် လိုအပ်သည်များအားလုံးကို အဲပုဂံလေကြောင်းလိုင်းမှ အစစအရာရာ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။

စဝ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သော ခရီးသည် ၁၁ ဦးအနက်မှ အမေရိကန်နိုင်ငံသား ခရီးသည်နှစ်ဦးအား အမေရိကန်သံရုံး၏ တောင်းဆိုမှုအရ ဟဲဟိုးလေဆိပ်မှတဆင့် အဲပုဂံလေကြောင်းလိုင်း၏ အထူးလေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။ ခရီးသည်နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်းကိုလည်း သိရှိရပါသည်။

ဒဏ်ရာရရှိသောခရီးသည်များအနက်မှ ၉ ဦးသည် ရန်ကုန်မြို့သို့ ရောက်ရှိပြီဖြစ်ပါသည်။ ၁ ဦးသည် ဒဏ်ရာအနည်းငယ်သာ ရသဖြင့် ဟိုတယ်တွင် အနားယူနိုင်ရန် ပို့ဆောင်ပေးပြီးဖြစ်ပါသည်။ ကျန် ၈ ဦးအနက်မှ ၂ ဦးမှာ ပိုင်းလော့နှစ်ဦးဖြစ်ပြီး ၁ ဦးမှာ ဒေသခံ ဆိုင်ကယ်သမား တစ်ဦးဖြစ်ပါသည်။ ကျန် ၅ ဦးမှာ ခရီးသည်ဖြစ်ပါသည်။ ဒဏ်ရာရရှိသူအားလုံး စိုးရိမ်စရာမရှိဟုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရှိရပါသည်။