Wednesday, December 26, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ရန်ပုံငွေရှာဖွေရေးဂီတပွဲတော်

rThanthar Win
ဂီတအနုပညာရှင်များစွာ ဖျော်ဖြေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ရန်ပုံငွေရှာဖွေရေးဂီတပွဲတော်

27.12.2012,28.12.2012 နှစ်ရက် ပြည်သူ့ရင်ပြင်

ပွဲစချိန်ညနေ 5:30 နာရီ -လက်မှတ် တစောင်ဝယ်ယူလျှင် ၂ ရက် ကြည့်ခွင့်ရမည်

..Ticket Prices - 15000 kyats and 7500 kyats.

အဲပုဂံ သတင်းစာရှင်းလင်းပွဲမှ ဖြေရှင်းချက် တချို့

DVB TV News
w9-011 ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ် ပျက်ကျမှု
အဲပုဂံ သတင်းစာရှင်းလင်းပွဲမှ ဖြေရှင်းချက် တချို့။
(ရိုက်ကူး - ကျော်ဇေယျာဝင်း၊ညီငယ်)



Myanmar probes deadly plane crash-landing
AFP

ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခိုရန် တွန်းအားပေးသလို ဖြစ်နေ

ရဲတပ်ဖွဲ့မှ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ရခိုင် လူလတ်ပိုင်းနှင့် လူငယ်များသည် မိမိတို့၏ နေရပ်ကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြကြောင်း သတင်း ရရှိသည်။

ထိုသို့ ထွက်ပြေးကြရာတွင် တချို့မှာ ရန်ကုန်၊ မန္တလေးဘက်သို့ ထွက်ပြေးပြီး တချို့မှာ နယ်စပ်ဒေသများ၊ လက်နက်ကိုင် တပ်ဖွဲ့များ ရှိရာသို့ ဦးတည် ထွက်ပြေးနေကြသည်ဟု ဆိုသည်။

“ အခု ရခိုင်မှာ ဖြစ်နေတာက ရဲတို့ စစ်တပ်တို့က ရွာထဲကို ၀င်တယ်။ အရေးအခင်းမှာ ပါတဲ့ လူတွေကို ဖမ်းမယ်ဆီးမယ် အဲသလို ခြိမ်းခြောက်တော့ လူတွေက အကုန်လုံး ကြောက်ပြီး ထွက်ပြေးနေကြတယ်။ လူမျိုးရေး၊ ဘာရေး အရေးအခင်းဆိုတော့ လူတိုင်းလိုလိုက အနည်းနဲ့ အများပါဝင်ကြတာပါဘဲ။ တချို့ကလည်း အဖမ်းခံရမှာကို ကြောက်ပြီး ရန်ကုန်၊ မန္တလေးဘက်ကို ထွက်ပြေးသွားကြပြီး တချို့လည်း နယ်စပ်ဒေသတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ နေရာကို ထွက်ပြေးသွားကြတယ်။ အခုရွာတွေမှာ ယောင်္ကျားတွေ မရှိသလောက် ဖြစ်နေပါပြီ” ဟု မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။

မြောက်ဦးမြို့ပေါ် တစ်ခုတည်းမှ ထွက်ပြေး တိမ်းရှောင်သွားသူ ရာဂဏန်းချီပြီး ရှိကြောင်း ပြောဆိုသည်။

“ မြောက်ဦးမြို့ပေါ်ကလည်း အရေးအခင်းမှာ ကိုယ်တိုင် ကိုယ်ကျ ပါတဲ့ သူရော၊ မပါတဲ့သူရော အကုန်လုံး ထွက်ပြေးနေကြတယ်။ ရဲတပ်ဖွဲ့က ဘယ်သူတွေပါတယ်ဆိုတာကို စာရင်း မထုတ်ပြန်တော့ လူတွေက သူပါနိုး/ ကိုယ်ပါနိုးနဲ့ စိုးရိမ်ပြီး ထွက်ပြေးသွားကြတယ်။ မြို့ပေါ်က လူမူရေး တက်တက်ကြွကြွ လုပ်နေတဲ့သူ ဆိုရင် တစ်ယောက်မှ မကျန်တော့ဘူးလို့ တောင်ပြောလို့ရတယ်။ ကျန်နေတဲ့သူတွေလည်း ရှောင်တိမ်းပြီး နေထိုင်နေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားရှိ မြို့ပေါ် ဒေသများနှင့် ကျေးရွာများမှ လူတိုင်းလိုလိုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ် ကြောက်လန့်နေရသဖြင့် အလုပ်အကိုင် ပျက်ကာ စိတ်ဖိစီးမူများ ဖြစ်ပေါ်နေကြရ၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အနေဖြင့် ဖမ်းဆီးမည့်သူများကို စာရင်းအတိအကျ ထုတ်ပြန်သင့်ကြောင်း သူက ပြောဆိုသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ လူပေါင်း ၃၀ ခန့် ထွက်ပြေးနေကြရပြီး ရဲနှင့် စစ်တပ်က ရွာထဲကို မကြာခဏ ၀င်လာပြီး ခြိမ်းခြောက်မူများ ရှိနေကြောင်း ရွာခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့ရွာမှာ မကြာခဏ ရဲနဲ့ စစ်တပ်က လူတွေကို လာရှာပါတယ်။ ဒါကြောင့် လူတွေက ထွက်ပြေးနေကြတာ သုံးဆယ်ခန့်ရှိမယ်ထင်ပါတယ်။ ကိုသာထွန်းမောင်၊ ကိုမောင်ဝင်းရွှေ၊ ကိုအောင်ဌေး၊ ကိုမောင်လုံး၊ ကိုကျော်မြသန်း စတဲ့ လူတွေ အကုန်လုံး ထွက်ပြေးနေကြရပါတယ်” ဟု ဆိုသည်။

ဒေသခံများ၏ အပြောအရ အဆိုပါ လူများကို ဖမ်းဆီးမည့် စာရင်းထဲက ပယ်ထုတ်ပေးမည်ဟု ဆိုကာ ပြည်နယ်ရဲက ကျပ်ငွေ သိန်း (၃၀) တောင်းသည်ဆိုသော သတင်းလည်း ကျေးရွာ အတွင်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။ သို့သော်လည်း နိရဉ္စရာက အဆိုပါ သတင်းကို အတည်ပြုနိုင်ခြင်း မရှိပါ။

မြောက်ဦးမြို့နယ် တချို့ကျေးရွာများတွင် အရေးအခင်းတွင် ပါဝင်သည်ဟု ဆိုကာ စွပ်စွဲ ငွေတောင်းမူများလည်း ပေါ်ပေါက်နေသဖြင့် ရွာသားများမှ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ် သံရွှင်ပြင်၊ အထုပ်သည်မ၊ မောင်နီကျွန်း၊ ကျောက်တွင်းကုန်း၊ ဘော်ရွာဈေး၊ ပိုးဖြူပြင်စသည့် ကျေးရွာများတွင် ရဲတပ်ဖွဲ့မှ အရေးအခင်းတွင် ပါဝင်သည်ဟု စွပ်စွဲပြီး အဖမ်းမခံလိုပါက ငွေပေးရမည်ဟု ဆိုကာ ကျေးရွာသား တစ်ဦးစီထံမှ ကျပ်ငွေ ငါးသောင်းကနေ တစ်သိန်းထိ ကောက်ခံနေသည်ဟု သိရသည်။

သို့အတွက် ငွေမပေးနိုင်သူ ကျေးရွာသားများမှာ အလုပ်ပျက် အကိုင်ပျက် ဖြစ်ကာ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight View ( RSV) က အင်္ဂါနေ့က ဖေါ်ပြသော သတင်း တပုဒ်တွင် ပန်းမြောင်းရဲစခန်းမှ ဒုရဲအုပ် စောရွှေ ဆိုသူသည် သရက်အုပ် ဘင်္ဂလီကျေးရွာမှ ငွေ သိန်း ၅၀ ယူပြီး မူဆလင် ရွာသားများ ပေးလိုက်သော နာမည်မျာဖြင့် သရက်အုပ် မူဆလင်ကျေးရွာကို မီးရှို့သူများဟု ဆိုကာ ရခိုင် အမျိုးသားများကို စွဲချက်ပြန်တင် လိုက်ဖမ်းနေကြောင်း ဖေါ်ပြသည်။

အလားတူ ကျောက်တော်မြို့နယ်မှ ကျေးရွာအများအပြားမှ လူလတ်ပိုင်းနှင့် လူငယ်များမှာ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် နေရပ်ဒေသကို စွန့်ခွာပြီး ဘေးလွှတ်ရာကို ထွက်ပြေးသွားကြပြီး အများစုမှာ လက်နက် တော်လှန်ရေး နယ်မြေများသို့ ရောက်ရှိသွားကြသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ယခု ရခိုင်ပြည်နယ် အတွင်းရှိ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ရသေ့တောင်တို့တွင် အောက်တိုဘာလ အရေးအခင်းနှင့် ပတ်သက်ပြီး စစ်တပ်နှင့် ရဲက လိုက်ဖမ်းနေသည်မှာ ရခိုင်အမျိုးသားများကိုသာ ဖြစ်ပြီး မူဆလင်များကိုမူ တစ်ဦးတစ်ယောက်ကိုမှ လိုက်လံ ဖမ်းဆီးခြင်း ယနေ့တိုင် မရှိသေးကြောင်း သိရသည်။

ထိုသို့ မူဆလင်များကို မဖမ်းဆီးရန်လည်း နေပြည်တော်က တိုက်ရိုက် ညွှန်ကြားထားသည်ဟု ခိုင်လုံသော သတင်းအရ သိရသည်။

http://www.narinjara.com/burmese/?p=3711

အမေစုရဲ့နှစ်သစ်ဆုတောင်း

ဓါတ်ပုံ-ဖက်ဖက်

ဘင်္ဂါလီလက်မှ လွတ်လာသော ကဏန်းထောင်သူနှစ်ဦး ပေါက်တော ဆေးရုံတွင် ကုသမှုခံယူလျက်ရှိ


By Phoe Htaung

ပေါက်တော ၊ ၂၆ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]

ယနေ့မွန်းလွဲပိုင်းတွင် ဘင်္ဂါလီများ တိုက်ခိုက်ဖမ်းဆီးခြင်းကို ခံရသူ ပေါက်တောမြို့နယ် စိုင်းတုတ်ရွာသား ကဏန်းမျှားသူနှစ်ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့ပြီး ပေါက်တောမြို့ ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှု ခံယူကြလျက်ရှိကြသည်။

ယနေ့မွန်းတည့်လောက်က စိုင်းတုတ်ရွာသား ရခိုင်လူမျိုး တင်အောင်မြင့် (၂၅-နှစ်) နှင့် ကျော်သန်းစိုး (၂၄-နှစ်) တို့ သပြာကျွန်းအနီး ကဏန်းပုံးထောင်နေကြစဉ် ကုလားများက လာရောက်ဖမ်းဆီးသွားကြသည်ကို ရခိုင်စက်လှေများက လှမ်းမြင်လိုက်သောကြောင့် သရက်ချောင်းရွာသားများ၊ စိုင်းတုတ်ရွာသားများနှင့် ပြည်သူ့ရဲများ လိုက်လံကယ်ဆယ်သည့်အတွက် အသက်မသေပဲ လွတ်မြောက်လာခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား ဖမ်းသွားသည်ကို အဝေးမှစက်လှေများလှမ်းမြင်သွားသည် မမြင်သည်ကို မသေချာသဖြင့် သတ်ရန် မသတ်ရန် ဝေခွဲမရ ဖြစ်နေကြစဉ် သစ်ပင်တို့တွင် ချည်နှောင်ထားခဲ့ကြသည်ဟု ဆိုသည်။

(ဖိုးထောင် က Coral Arakan အတွက် ရေးသားသည်။)

ထိမ်းသိမ်းခံ (၄)ဦးမှ အာမခံ မယူ

ဒုတိယအကြိမ်ရုံးချိန်း။

၂၆-၁၂-၁၂ နေ့တွင် ဗကသများအဖွဲ့ချုပ် မှ ကိုသန်းထိုက် ၊ ကိုမင်းနိုင်လွင် ၊ ကိုအောင်မှိုင်းဆန်း တို့ (၃)ဦးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့မှ ကိုသိန်းအောင်မြင့်တို့ အပေါ် ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုထားသည့် အတွက် ချမ်းမြသာစည် မြို့နယ်တရားရုံး တွင် ဒုတိယ အကြိမ်မြောက် ရုံးချိန်း အဖြစ် ကြားနာ စစ်ဆေးသည်။ အထွေထွေ အုပ်ချုပ်ရေး လက်အောက်ရှိ ကွက်စိတ်မှူး(၂)ဦးမှ သက်သေ အဖြစ် ထွက်ဆိုခဲ့ပြီး ထိမ်းသိမ်းခံတို့၏ ရှေ့နေကြီး တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးမှ စစ်မေးခဲ့သည်။ ထိုနောက် တရားသူကြီးမှ အာမခံ နှင့် စပ်လျဉ်း၍ ထပ်ပြောပြပြီး သဘောထားကို မေးမြန်းရာ ထိမ်းသိမ်းခံ (၄)ဦးမှ အာမခံ မယူကြောင်း ထပ်မံငြင်းဆိုသည့် အတွက် တတိယရုံးချိန်းကို ၂၀၁၃ ခု ၊ ဇန္နဝါရီလ (၂) ရက် နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။

ရဲင့်ကျော်
သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ
ဗကသများ အဖွဲ့ချုပ်
(ဗဟို နှင့် အထက်ဗမာပြည် လုပ်ငန်းကော်မတီ )

မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ (MCPWC) အစီရင်ခံစာ ထွက်ရှိ


By Coral Arakan News Agency

မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ (MCPWC) ၏ ၂၀၁၂ နိုဝင်ဘာ နှင့် ဒီဇင်ဘာ နှစ်လ အစီရင်ခံစာ ထွက်ရှိလာရာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပိုက်လိုင်းဖြတ်သန်းသွားသည့် နေရာများတွင် စောင့်ကြည့်လေ့လာတွေ့ရှိချက်များကို ဖော်ပြထားသည်။

ယင်းအစီရင်ခံစာမှ အချက်အလက်တချို့ကို Coral Arakan က ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

=============================

ဤစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိကြောင်း သတင်းများအရ သိရသည်။ ဒေသခံလယ်သမားများအား လယ်ယာ နှင့် သီးနှံလျော်ကြေး အဖြစ် ရင်းနှီးမြှုပ်နှံမှုတစ်ခုလုံး၏ (၀.၀၁၂၈) ရာခိုင်နှုန်း သာ မြေယာ/သီးနှံ လျော်ကြေးအဖြစ် အသုံးပြုကြောင်းတွေ့ရှိရသည်။ နိုင်ငံတော်အနေဖြင့်လည်း နှစ်သုံးဆယ်အတွက် ပိုက်လိုင်းဖြတ်သန်းခ ရရှိမည့်ဝင်ငွေမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်း မျှသာဖြစ်သည့်အတွက် ရန်ကုန်မြို့ပေါ်မှ ဟိုတယ်တစ်လုံးမြေငှားရမ်းခနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်နည်းပါးကြောင်း သိနိုင်သည်။ ရေနံဖြတ်သန်းခ ရရှိမည်ဖြစ်သော်လည်း သဘာဝဓါတ်ငွေ့ဖြတ်သန်းခ ရ/မရ မသိရှိရပါ။

ပိုက်လိုင်းတစ်လျှောက် ဖြေရှင်းရန် လိုအပ်ချက်များ

(က) မြေယာ/သီးနှံလျော်ကြေးကိစ္စ

(၁) ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ရာ မဒေးကျွန်းမှ လယ်သမားများမှာ မူလပေးလျော်မည်ဟု ကတိပြုထားသော လျော်ကြေးပမာဏအတိုင်းအပြည့်အ၀မရရှိကြောင်း သိရှိရသည်။ ပြိန်ရွာမှ ဦးနန်းနု ၊ ဦးအောင်သန်းချေ အပါအ၀င် လယ်သမားများမှာ ဒုတိယအရစ် လျော်ကြေးငွေထုတ်ယူရာတွင် မူလပေးလျော်မည်ဟု ပြောထားသော ငွေပမာဏအတိုင်း မရရှိဘဲဖြတ်တောက် ဖြတ်တောက်လျော့ချခံရသည်။ လျော်ကြေးပေးသူများမှ ယခင်အတွက်အချက်မှားယွင်းမှုကြောင့် ယခုလိုလျော်ကြေးပမာဏ လျော့နည်း သွားခြင်း ဖြစ်သည်ဟု အကြောင်းပြသည်။

ကျောက်ဖြူမြို့နယ် မလကျွန်း လိပ်ခမော်ရွာအနီးရှိ On Shore Gas Terminal စီမံကိန်း မြေနေရာအတွက် ဒေသခံ(၄၀)ဦး အနက် ၂ဦးသာ လျော်ကြေးရရှိခဲ့ပြီး၊ ကျန်(၃၈) ဦးမှာ လျော်ကြေးမရရှိကြောင်းသိရှိရသည်။

ထို့အပြင် ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာမှ ဦးကျော်သိန်း၊ ဦးချင်းတောင်း၊ ဦးသင်္ကြန်အောင်၊ ဒေါ်သာဖြူ၊ ဦးစောမောင်ဦး၊ ဦးမောင်မောင်အောင်၊ ဦးဖြူသီး၊ ဦးမောင်ပုခင်၊ ဦးမောင်မောင်ထွန်း တို့မှာလည်း လျော်ကြေးငွေ မရရှိသေးကြောင်း သိရှိရသည်။

(၂) မဒေးကျွန်း လယ်သမားများအနေဖြင့် မီတာ(၃၀) အပြင်ဘက် ယာယီအသုံးပြုမြေအတွက် ယခုအချိန်အထိ လျော်ကြေးငွေ လုံးဝ မရရှိသေးပါ။

မဒေးကျွန်းပေါ်မှ ရေကန် ရေ၀ပ် ဧရိယာ တိုးချဲ့မှုကြောင့် ထပ်မံဆုံးရှုံးသော စိုက်ပျိုးမြေများ၊ သီးပင်စားပင်များအတွက်၊ တောင်သူ ၅၄ ဦးမှာ လျော်ကြေးငွေ မရရှိခဲ့ပါ။

. . . . . . . . . . . . . . . . . . . . .

(ဂ) မြေယာ၊ သီးနှံ၊ ရေသွင်းမြောင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု

(၁) ကျောက်ဖြူမြို့နယ်အတွင်း တောင်ဖြိုမြေစာပုံများ၊ ပိုက်လိုင်းကျင်း မြေစာပုံများအား မိုးရေတိုက်စားကာ စိုက်ပျိုးမြေများအတွင်း မျောပါဝင်ရောက်သောကြောင့် အပေါ်ယံမြေဆီလွှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ (ဂုံးချိန်၊ နှမ်းဖဲတောင်၊ ကလဘာတောင်၊ မဒေးကျွန်း၊ ကပိုင်ချောင်း၊ ကျောက်ခမောက်၊ ရတနရွာအပါအ၀င် ကျေးရွာများပါဝင်သည်။)

ကပိုင်ချောင်းရွာတွင် တမံ(ကာရီ) ပျက်စီးမှုကြောင့် ထိခိုက်ရသော မြေဧက (၁၀၈၀)အတွက် တစ်နှစ် စပါးတင်းပေါင်း ၃၀၀၀၀ ကျော်ထွက်ရှိသောလယ်ဧက (ရ၅၀)မှာ ပြီးခဲ့သော မိုးရာသီတွင် စပါးမစိုက်ပျိုးနိုင်ပါ။ ထို့အတွက် သီးနှံလျော်ကြေးပေးသင့်သော်လည်း ပေးအပ်မှုမရှိကြောင်း သိရှိရသည်။

ပင်လယ်ကမ်းစပ်မှ လှိုင်းကာကျောက်ဆောင်များကို ဖျက်ဆီးပစ်သည့်အတွက် ရေငံဝင်ရောက်ကာ စိုက်ပျိုးမြေ ပျက်စီးမှုများလည်း ကျောက်ဖြူမြို့နယ် မလကျွန်းအနီးတွင် တွေ့ရသည်။

မဒေးကျွန်းပေါ်မှ တောင်ကျချောင်း ၄ ချောင်းကို သောက်သုံးရေကန် ရေဖြည့်တင်းရန် အတွက်သာ အသုံးပြုသဖြင့် ယခင်က ချောင်းရေသုံး လယ်မြေများ ရေလုံလောက်စွာ မရရှိတော့ဘဲ စပါးအထွက်နှုန်း ကျဆင်းခြင်း၊ အချို့ လယ်မြေများ လုံးဝစပါး မစိုက်နိုင်ခြင်း စသော အခက်အခဲများ ရှိနေသည်။

. . . . . . . . . . . . . .

(စ) လူ့အခွင့်အရေး နှင့် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ

(၁) ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ သောက်သုံးရေကန်ကြီးကို အကြောင်းပြု၍ “ကန်ပတ်လည် ကျေးရွာများနှင့် ဥယျဉ်ခြံမြေများမှ ဒေသခံများအား ကျွဲနွားတိရိစ္ဆာန် မမွေးမြူရ၊ ပေါင်းမြက်ရှင်းလင်းခြင်းမပြုရ၊ လူနေတဲ၊ နွားတဲများ မဆောက်ရ” စသော အမိန့်များ ထုတ်ပြန်တားမြစ်ခြင်း၊ ရှိပြီးတဲများ ဖျက်ခိုင်းခြင်းများ ရှိနေသည်။

ထိုရေကန်မှရေကို ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရေပေးဝေရာတွင် အဆင့်မြင့်ဖိုက်ဘာပိုက်များ၊ ရေပိုက်များကို အသုံးပြုပြီး၊ ဒေသခံရွာ (၃)ရွာသို့ပေးဝေရာတွင်မူ အရည်အသွေးညံ့သော သံပိုက်များ အသုံးပြုသည့်အတွက် သံချေးတက်ကာ ညစ်ညမ်းသော ရေများ အသုံးပြုနေရသည်။

======================

Coral Arakan News

လေယာဉ်ပျက်ကျရာတွင်ပါဝင်ခဲ.သော ဧည်.လမ်းညွှန်ကိုစိုးမိုးသူနှင်.တွေ.ဆုံခြင်း


Zaw Win

- ဘယ်တွေမှာ ဒဏ်ရာရသွားသလဲ ၊ ခါးရိုးကြိုးသွားတယ် လို.ကြားလို. ဟုတ်သလား ။
- ခါးရိုးတော.မကျိုးပါဘူး ဒီမှာ ဓါတ်မှန်ရိုက်ထားတာ ခါးရိုးကြားကအရွတ်ကလေးတွေပေါ. ထိသွားတယ် အရိုးနုကြားကအဆစ်ကလေးတွေဟ သွားတယ် ။

- ဒါဆိုခါးကိုထိတာက လေယာဉ်ပေါ်ကခုန်ချလို.လား

- မဟုတ်ဘူးဗျ လေယာဉ်အဆင်းမှာမြေကြီးနဲ.ဆောင်.မိတာလေ Impact ပေါ. ၊ လေယာဉ်နဲ.မြေကြီး Impact ဖြစ်တဲ.အချိန်မှာ ခါးကဆောင်.ချသလိုဖြစ်ပြီး ဒဏ်ရာရတာ

- ဟဲဟိုးကွင်းမှာ မြူဆိုင်းလို. ကွင်းမှားဆင်းတယ်ဆိုတာရောဟုတ်ပါသလား

- အင်းဒါကတော. ဒီဘက်က မြူဆိုင်းတယ် Clear မဖြစ်ဘူးဆိုရင်တော. အစထဲက Control Tower က ဆင်းခိုင်းမှာ မဟုတ်ဘူး ။ ဒီဘက်က Clear ဖြစ်လို.သာ မန္တလေးလေဆိပ်ကတက်ခဲ.တယ်ထင်ပါတယ်

- ဒါဆို Cause of crush ( ပျက်ကျရသောအကြောင်းရင်း) က ဘာလဲ

- အဲဒါတော.ဘယ်သူမှမသိဘူး၊ ကျွန်တော်တို.လဲမသိဘူး ၊ညနေကျ သူတို. ( Air Bagan ) Press Conference လုပ်မယ်တဲ. ။

- မန္တလေးကစတက်လာတော. လေယာဉ်အင်ဂျင်စက်သံကပုံမှန်ပဲလား ၊မူမမှန်တာတွေ ရှိခဲ.လား

- အင်ဂျင်သံကပုံမှန်ပဲ ၊ ဘာမှမဖြစ်ဘူး ၊ အဆင်းမှာတော.ဆင်းပြီလို.ထင်လိုက်တာ ၊ ပြုတ်ကျပြီဆိုမှ အုန်းဆို …ဟာ …ခါးတွေ အီစလံဝေသွားတာပဲ ၊ ကျွန်တော်ကပထမတော. တော်တော် Landing ကြမ်းတဲ. လေယာဉ်မှူးပဲလို. ထင်လိုက်တာ ၊

- ဒါဆို Emergency Landing ( အရေးပေါ်ဆင်းသက်ခြင်းလုပ်ပါတော.မယ်လို. လေယာဉ်မှူးကကြေငြာသလား ) ကြိုတင်သတိပေးသလား

- မပေးဘူး ၊ အဲဒိလိုတော.မပြောဘူး ။ )ုန်းဒိုင်းကျဲပြီး လယ်ကွင်းထဲရောက်မှ Landing ရိုးရိုးမဟုတ်ဘူးလို.သိရတာ။ ကျွန်တော်ကအိပ်နေတာလေ ၊မနက်အစော ပိုင်း Flight ဆိုတော. အိပ်ငိုက်ပြီးလိုက်လာတာ ။ လေယာဉ်ပေါ်ရောက်ရင်အိပ်နေကြပဲ ။ အဲဒိတော.မှ တစ်ချက်လောက် ခုန်ပြီး ၀ုန်းဝုန်းဆိုဖြစ်တော.မှ ငါတော. သွားပြီဆိုပြီး ရှေ.ကထိုင်ခုံကိုကိုင်ထားမိတယ် ။ခါးကလည်းတော်တော်နာနေပြီ ။အထဲမှာလဲဆူညံနေတယ် ။သိတဲ.အတိုင်းပဲ နိုင်ငံခြားသားတွေကပိုပြီး Nervous ဖြစ်တယ်လေ ။ ရပ်လဲသွားရော မီးခိုးတွေကတက်နေပြီ။

- လေယာဉ်မယ်တွေက ခရီးသည်တွေကို ကူညီတာ ၊သတိပေးတာ၊ကယ်ထုတ်တာတွေရှိသလား

- အဲဒါတွေဘာမှမမှတ်မိတော.ဘူး ၊အားလုံးရုန်းရင်းဆန်ခတ် ဖြစ်နေတယ် ။ တံခါးတွေကပွင်.နေတာပဲ ၊ စက္ကန်.ပိုင်းလေးမှာကြည်.တော.မီးတွေကတောက်နေပြီ ။ ဂိုဒ်တွေက လေယာဉ်စီးရင် ဘောင်းဘီရှည်ဝတ်ကြပါ ။ အင်းလေးမှာအေးလို. ကျွန်တော် ဂျင်းဘောင်းဘီဝတ်သွားတာတော်သေးတာပဲ ။ ပြေးရလွှားရတဲ.အခါကျ တော်တော်အဆင်ပြေတယ်။ ကျွန်တော်.ရှေ.မှာ အဖြူကောင်တွေ လေယဉ်ပေါ်ကနေခုန်ချပြီးပြေးတော. ကျွန်တော်လဲ ခုန်ချပြီးပြေးတယ် ။ ခါးကလဲ အရမ်းနာတော. လေးဖက်ထောက်ပြီးပြေးရတယ် ။ရုပ်ရှင်ထဲကလိုပဲ လေယာဉ်ပေါက်ကွဲတော.မယ်လို.ထင်တာနဲ. လွတ်တဲ.အထိ လေးဖက်ထောက် လယ်ကွင်းထဲမှာပြေးမိတယ် ။ လွတ်လောက်တဲ.နေရာကိုပြေးတာ ။ ရွာသားတွေကလဲ ဟဲဟိုးလေဆိပ်ထဲက သံဆူးကြိုးတွေကို ကျွန်တော်ထွက်လို.ရအောင် ကိုင်ပေးကြတယ် ။ လွတ်လောက်ပြီလို.စိတ်လျှော.လိုက်ပြီး ပက်လက်လှန်ချလိုက်တော. လူနာတင်ကားတွေရောက်လာတယ် ။

- ဒါဆို သေသွားတဲ. ဂိုဒ် နွယ်လင်းရှိန် ကဘယ်လိုသေတာလဲ ။

- သူက လေယာဉ် ပေါ်မှ တခြားဂိုဒ် မတိုးတိုးခင် ကို အစ်မအမြန်ဆင်းလို.တောင်ပြောသေးတယ်ပြောတယ် ။နောက်တော.ဘယ်လိုဖြစ်သလဲမသိဘူး။ သတိလစ်သွားသလား ၊ မီးခိုးမွှန်သွားသလား ၊ ခြေထောက်ကျိုးသွားသလားတော. မပြောတတ်ဘူး ။လေယာဉ်ပေါ်မှာ သူကျန်ခဲ.တယ် ။ စက္ကန်. ၉၀ လောက်အတွင်းမှာလေယာဉ်ကထပေါက်ကွဲတာပဲ ။သူဘာ.ကြောင်.ကျန်ခဲ.တယ်ဆိုတာ တော.မသိဘူး ။ ဧည်.လမ်းညွှန်တွေက လေယာဉ်ရဲ.နောက်ဖက်မှာစီးတာများတယ် ။အရေးပေါ်ထွက်ပေါက်နဲ.ကနည်းနည်းလှမ်းတယ် ။

- ဒါဆိုသူကျန်ခဲ.တာကိုလေယာဉ်မယ်တွေ ကမသိဘူးလား

- အဲဒါတော.ကျွန်တော်လဲမပြောတတ်ဘူး၊ အားလုံးကအသက်လုပြီးထွက်ပြေးကြတာပဲ

- ခရီးဆောင်အိပ်တွေရော ယူချိန်ရသေးလား

- Baggage တွေမပြောနဲ. အဲဒိအချိန်မှာ ဘာတစ်ခုမှ ယူဖို.သတိမရဘူး ။ဘာကိုမှ ဘယ်သူမှ မစဉ်းစားနိုင်ဘူး ၊

- ၁၁ နှစ်အရွယ်နိုင်ငံခြားသားခလေးတစ်ယောက်သေတယ်ဆိုတာဟုတ်လား

- အမှန်ကလေယာဉ်ပေါ်မှာ မီးလောင်နေတဲ.အလောင်းကိုတွေ.တော. အရွယ်ကိုခန်.မှန်းပြီး ၁၁ နှစ်အရွယ်နိုင် ငံခြားသား ခလေးအလောင်းလို. ယူဆကြတာ ။ ခရီးသည်စာရင်းကိုကြည်.တော.ကလေးမပါဘူး ။အမှန်က အဲဒါ နွယ်လင်းရှိန်အလောင်း။ သူက အရပ်ပုပု ခပ်သေးသေးသွယ်သွယ်ပဲ ။ နောက်တော. စပ်စံထွန်းဆေးရုံကစစ်တော.မှ မြန်မာ ဧည်.လမ်းညွှန်ရဲ.အလောင်းဆိုတာအတည်ပြုပေးတာ။

By Ko Nyi ( Tharawun ) 4:30pm Dec 26 မှ
Via Credit: Myo Min Singapore

ကချင်စစ်ပွဲ အရပ်သားအခြေအနေ




ဒီဇင်ဘာ ၂၅ ခရစ္စမတ်၊ နမ့်ပါမုန်း ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်။

စစ်ပွဲကြောင့် ရွာသားသုံးယောက် သေကြေ ခဲ့ရ။
ဒုက္ခသည်စခန်း ကွတ်ခိုင်မှာ စ ဖွင့်၊ ဒုက္ခသည် ၅၀၀ ရောက်လာ။
ခေါက်ကိုင်း၊ ဒါဖ ရှမ်းရွာ နှစ်ရွာမှ ရွာသူရွာသားများ ဘေးလွတ်ရာ
ထွက်ပြေးသွားကြ၊ ကူညီမည့် လူမှုထောက်ကူအဖွဲ့အစည်းများ
ရွာသူရွာသားများ ဘယ်ကို ထွက်ပြေးမှန်းမသိ၊ စုံစမ်းဆဲ။

ကေအိုင်အေ နှင့် အစိုးတပ်များ၏ တိုက်ပွဲများအကြားမှာ
ဒေသခံ ရှမ်း၊ ပလောင်၊ ဗမာ လူမျိုးများနေထိုင်ရာ ကျေးလက်များ
စစ်ဘေးသင့် ဒုက္ခများရင်ဆိုင်နေရ။

ပေးပို့သူ
မခွန်ဂျာ
Khon Ja
ခေတ္တ ရွှေလီ


ဒီဇင်ဘာ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

26 December 2012 Written by ရွှေဟင်္သာသတင်းဌာန

ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက်တပ်ဖွဲ့တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန်တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိတဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။

“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်းကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွားလားမသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တ၀ိုက်၌ တပ်စွဲနေသော ကေအိုင်အေ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာသံပေးထားခဲ့ပါသည်။

ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျားယန်တ၀ိုက်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။

“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။ ဒီလမ်းဟာတရုတ်ပြည်ကိုလည်း ၀င်ထွက်နေတဲ့လမ်းဖြစ်တော့လိုင်ဇာမြို့မှာ (လဝက) လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ထိုင်ဖို့ သူတို့တောင်းတယ်။ နောက်ဆုံးတော့ မြို့တွင်းဖြစ်တဲ့ လဝါမှာ နေခွင့်ပေးလိုက်တယ်။ နောက်တော့ လဂျား ယန်ကိုပါ စုပေါင်းတပ်ထားမယ်ဆိုတဲ့ သဘောနဲ့ လာတော့တာဘဲ။ အခုအထိနှင်လဲ မထွက်တော့ဘူး။” ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့သည် လဂျားယန်စခန်း၌ လက်နက်ကြီးတပ်ဆင်ရန် ရည်ရွယ်ထားသည်ဟု KIA က ယူဆထားပါသည်။ အ ကယ်၍ ထိုနေရာ၌ လက်နက်ကြီး တပ်ဆင်ထားပါက ကေအိုင်အေ၏ လိုင်ဇာဗဟိုဌာနချုပ် စခန်းသည် အစိုးရလက် အောက်သို့ ကျရောက်နိုင်သော အနေအထား၌ ရှိပါသည်။

လိုင်ဇာကို စစ်ဆင်နေသော နောက်လမ်းကြောင်းတခုမှာ လဂျားယန်အနောက်ဘက်၌ရှိသော စတန်ပါ လမ်းပိုင်းရှိ ငှက် ပျောခြံတွင် ယနေ့မနက် (၇) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား - ဗန်မော်လမ်းကြောင်းတလျှောက်တွင်လည်း နေ့တိုင်း လိုလိုတိုက်ပွဲဖြစ်နေပါသည်။ အသေးစိပ်ကို မသိရသေးချေ။

အစိုးရသည် လမ်းကြောင်း (၃) ခု၌ လိုင်ဇာကို စစ်ဆင်နေပါသည်။ သို့သော် KIA ၏ ပျောက်ကျား ပစ်ခတ်မှုကြောင့် ရှေ့မတိုး နိုင်သေးကြောင်း KIA ကဆိုပါသည်။ လက်နက်ကြီးနှင့် စစ်ရဟတ်ယာဉ်၏ အကူကိုယူသော်လည်း ထိရောက်မှုမရှိပေ။ ၂၄ရက်နေ့ မနက် ၁၀ နာရီအချိန်၌ ခမရ (၃၉၀) နှင့် ခလရ (၂၉၈) တပ်ဖွဲ့တို့၏ စစ်ဆင်မှုကြောင့် ကွမ်းရှောင် (Kum Shawng) တပ်စခန်းနှင့် ခမွတ် (Hka Mut Post) စခန်းမှ KIA တပ်များဆုတ်ခွာခဲ့ရသော်လည်း ညဦးပိုင်း၌ KIA ကပြန် လည် သိမ်းပိုက်ခဲ့ပြန်ပါသည်။

အမေစုရဲ့စန္ဒယားအသစ်

ရှမ်းပြည်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်

RFA Burmese
အခုပွင့်လင်းရာသီမှာ ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရ တပ်တွေက တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေသတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့ ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။

"များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက်ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊ နမ့်ဆန်ဘက်ရော နမ့်ဆန်ဘက်မှာတက်လာတာက ခန့်မှန်းခြေ ၄၀၀ နဲ့ ၅၀၀ ကြားလောက်ရှိမယ်၊ မန်တုံနဲ့နမ့်ခမ်းဝန်းကျင်လဲ ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ ကွတ်ခိုင်ဘက်ကလဲ လောလောဆယ် ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ လောလောဆယ်တော့ ဘာတိုက်ပွဲမှ မရှိဘူး လေးရက်ငါးရက်ရှိပြီ သူတို့တပ်တွေ ဟိုဘက်ရွှေလိုက် ဒီဘက်ရွှေလိုက်"

အရင်တုန်းက အဲဒီဒေသမှာ အခုလောက် တပ်အင်အားတွေများများစားစားနဲ့ လှုပ်ရှားတာမရှိဘူး။

အဲလို လှုပ်ရှားနေသလို ၂ဖက် ကြီးကြီးမားမား တိုက်ပွဲတွေမရှိပေမဲ့ နယ်မြေစိုးမိုးရေး လုပ်တာဖြစ်တဲ့အတွက် မကြာခင်တိုက်ပွဲတွေ ဖြစ်လာနိုင်စရာရှိတယ်လို့လဲ သူက ဆက်လက်ပြောပြပါတယ်။

"ကျနော်တို့သိရသလောက်ကတော့ သူတို့နယ်မြေစိုးမိုးရေး အကုန်လုံးလုပ်မယ်လို့ပြောတယ်၊ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကုန်လုံးရှင်းမယ် အဲလိုကြားရတာပေါ့၊ ကချင်ဘက်မှာဆိုရင် အခု လိုင်ဇာဘက်ပေါ့ ကေအိုင်အို တပ်မဟာ ၄ ၊ အခုပလောင်ဘက်ထွက်နေတဲ့ဟာ ဒါတွေအကုန်လုံး ရှင်းမယ် ဒါတွေ အကုန်လုံးရှင်းပြီးပီဆိုရင်တော့ ရှမ်းဘက်က ၀မ့်ဟိုင်းဘက်ကိုရှင်းမယ် အဲလို ကျနော်တို့သတင်းရတယ်"

ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်လာတဲ့ တချိန်တည်းမှာတိုက်ပွဲတွေ ပြန်ဖြစ်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF လက်နက်ကိုင်အဖွဲ့တွေနဲ့ အခုအချိန်အထိ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။

ကဏန်းမျှားသူတစ်ယောက်ကိုသတ်ခါနီးဆဲဆဲ ကယ်တင်နိုင်ခဲ့

Coral Arakan News Agency
ပေါက်တောမြို့နယ်အတွင်း ကဏန်းမျှားသူတစ်ယောက်ကို ကုလားများ သတ်ခါနီးဆဲဆဲ ကယ်တင်နိုင်ခဲ့

By Phoe Khaung

စစ်တွေ၊ ၂၆ ဒီဇင်ဘာ ၂၀၁၂ ၊ Coral arakan News ၊ [ breaking news ]

ပေါက်တောမြို့နယ် သပြာကျွန်း ကန်ဆိပ်ရွာ နှင့် ဒုံရွာ အကြားတစ်နေရာတွင် ကဏန်းမျှားနေသူ ရခိုင်လူမျိုးတစ်ဦးကို ဘင်္ဂါလီကုလားများက ဖမ်း၍သတ်ပစ်အံ့ဆဲတွင် လက်မတင်လေးကယ်ဆယ် နိုင်လိုက်သည် ဟု ဆိုသည်။

ထိုနေရာတွင် ကဏန်းမျှားနေသူ ရခိုင်တိုင်းရင်းသားတစ်ဦး ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ၊ ယနေ့ မွန်းလွဲ နှစ်နာရီခန့်က ကန်ဆိပ် (ဘင်္ဂါလီ)ရွာရှိ သစ်ပင်တစ်ပင်တွင် ကြိုးဖြင့်ချည်နှောင်ထားသည်ကို ပြည်သူရဲတပ်ဖွဲ့ဝင်များက ရွာထဲသို့ မရရအောင် ကြိုးပမ်းဝင်ရောက်ပြီး ကယ်ဆယ်နိုင်လိုက်ဖြင်းဖြစ်သည် ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈) ရက်နေ့ကလည်း ဘင်္ဂါလီ (၁၃)ဦးက ရခိုင်ကဏန်းမျှားသမား နှစ်ယောက်ကို ခြောက်လှန့်လုယက်သဖြင့် ရခိုင်တိုင်းရင်းသားနှစ်ဦးမှာ ကဏန်းအလုံးငါးရာခန့်နှင့် ငွေတစ်သိန်းခုနစ်သောင်း တို့ကို ချန်ထားရစ်၍ ကိုယ်လွန်ရုန်းပြေးလာခဲ့ရသည်။

ယခုအခင်းဖြစ်ပွားသောနေရာ ဒီဇင်ဘာ(၁၈)ရက်နေ့အခင်းဖြစ်ခဲ့သည့် နေရာ အနီးတစ်ဝိုက်ပင်ဖြစ်သည် ဟု ဆိုသည်။

(ဖိုးခေါင် က Coral Arakan အတွက် ရေးသားသည်။)

တိုးရစ်ဂိုက် အမျိုးသမီးက ဘယ်လိုဖြစ်လို့သေတာလဲ

Sai Zaw's photo.
မနေ့ က ညနေကရယ် အခုမနက် လက်ဖက်ရည်ဆိုင်မှာရယ် ရပ်ကွက်ထဲက မိတ်ဆွေတွေ ကမေးကြတယ် လေယာဉ် ပျက်ကျတုန်းက သေတဲ့ တိုးရစ်ဂိုက် အမျိုးသမီးက ဘယ်လိုဖြစ်လို့သေတာလဲပေါ့ ....
ဘယ်သိမလဲ လေယာဉ်ပျက်ကျတုန်က ကျိုးပြီး မီးလောင်တဲ့ နေရာမှာ သူထိုင်နေလို့နေမှာပေါ့လို 
ပေါ့ပျက်ပျက်ဘဲ ဖြေမိလိုက်တယ် ....
အခုကိုယ်ထင်နဲ့ ထလွှဲဖြစ်နေတယ် ..ဒီအမျိုးသမီးက ဘေးလူကိုတောင် ထွက်ဖို့ သတိပေးပြီး တွန်းပေလိုက်သေးတယ်တဲ့ 
ကိုယ်တောင်သူ့နေရာမှာဆိုရင် ဘေးကလူတွေကို သတိတောင်ရမယ် မထင်းဘူး ......
ဒီအမျိုးသမီးကို လေးစားမိပါတယ် ............. RIP !

Than Htwe Zaw
ညီသစ်ရေ သေသွားတဲ့ အမျိုးသမီးနဲ့ အတူ ထိုင်လာတာလဲ တိုးဂိုက်ပဲ။ လေယာဉ်ပေါ်ရောက်မှ သိကြတာပေါ့။ ဖြစ်တော့ သူ့ဘေးက အမကြီးကို အမ ထွက်ထွက်ဆိုပြီး တွန်းပေးလိုက်သေးတယ်တဲ့။ ရှေ့က အမကလဲ သူပါလာတယ် ထင်နေတာ မီးခိုးတွေနဲ့လဲဆိုတော့ သိပ်မမြင်ရဘူးပေါ့။ ပီးမှ ကျန်ခဲ့တာ သူဖြစ်နေတာ။ အဲဒါကို လွှတ်လာတဲ့ တိုးဂိုက်အမကိုယ်တိုင် ပြောပြခဲ့တာ။ အသံဖိုင်လဲ ရှိတယ်။ ပြောချင်တာက ကျွန်တော်တို့ မြန်မာတွေ အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ရိုင်းပင်းကူညီ တိုက်တွန်းတတ်တဲ့ သူ့စိတ်ကို ချီးကျူးမိတယ်။ သေမလောက် ဒုက္ခရောက်နေချိန်မှာ သူများကို တိုက်တွန်းနိုင်သေးတယ်ဗျ။ ဒီလို ကောင်းတဲ့လူတွေ ရှိပီး သေသွားမဲ့ အစား ဘေးထိုင်ဘုပြောတွေ သေရမှာ။ ကယ်ဆယ်ရေး လုပ်သူတွေက ပစ္စည်း လုတယ်ဆိုပီး ဖွတဲ့သူတွေပေါ့။ သူဆိုရင် အနားတောင် ကပ်ရဲပါ့မလား

nyithit ရဲ့ post မှာ တွေ့တဲ့ ကွန်မန့်နဲ့ facebook ကရတဲ့ ဓာတ်ပုံ ပိုင်ရှင်များကို ကျေးဇူး
ပါ ဗျာ............... မနေ့ က ညနေကရယ် အခုမနက် လက်ဖက်ရည်ဆိုင်မှာရယ် ရပ်ကွက်ထဲက မိတ်ဆွေတွေ ကမေးကြတယ် လေယာဉ် ပျက်ကျတုန်းက သေတဲ့ တိုးရစ်ဂိုက် အမျိုးသမီးက ဘယ်လိုဖြစ်လို့သေတာလဲပေါ့ ....
ဘယ်သိမလဲ လေယာဉ်ပျက်ကျတုန်က ကျိုးပြီး မီးလောင်တဲ့ နေရာမှာ သူထိုင်နေလို့နေမှာပေါ့လို
ပေါ့ပျက်ပျက်ဘဲ ဖြေမိလိုက်တယ် ....
အခုကိုယ်ထင်နဲ့ ထလွှဲဖြစ်နေတယ် ..ဒီအမျိုးသမီးက ဘေးလူကိုတောင် ထွက်ဖို့ သတိပေးပြီး တွန်းပေလိုက်သေးတယ်တဲ့
ကိုယ်တောင်သူ့နေရာမှာဆိုရင် ဘေးကလူတွေကို သတိတောင်ရမယ် မထင်းဘူး ......
ဒီအမျိုးသမီးကို လေးစားမိပါတယ် ............. RIP !

Than Htwe Zaw
  သေသွားတဲ့ အမျိုးသမီးနဲ့ အတူ ထိုင်လာတာလဲ တိုးဂိုက်ပဲ။ လေယာဉ်ပေါ်ရောက်မှ သိကြတာပေါ့။ ဖြစ်တော့ သူ့ဘေးက အမကြီးကို အမ ထွက်ထွက်ဆိုပြီး တွန်းပေးလိုက်သေးတယ်တဲ့။ ရှေ့က အမကလဲ သူပါလာတယ် ထင်နေတာ မီးခိုးတွေနဲ့လဲဆိုတော့ သိပ်မမြင်ရဘူးပေါ့။ ပီးမှ ကျန်ခဲ့တာ သူဖြစ်နေတာ။ အဲဒါကို လွှတ်လာတဲ့ တိုးဂိုက်အမကိုယ်တိုင် ပြောပြခဲ့တာ။ အသံဖိုင်လဲ ရှိတယ်။ ပြောချင်တာက ကျွန်တော်တို့ မြန်မာတွေ အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ရိုင်းပင်းကူညီ တိုက်တွန်းတတ်တဲ့ သူ့စိတ်ကို ချီးကျူးမိတယ်။ သေမလောက် ဒုက္ခရောက်နေချိန်မှာ သူများကို တိုက်တွန်းနိုင်သေးတယ်။