Thursday, December 27, 2012

လက်ပံတောင်းအရေးကော်မရှင် (၄)ကြိမ်မြောက် သတင်းထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် (၄)ကြိမ်မြောက် သတင်းထုတ်ပြန် Zaw Win

ဧည့်လမ်းညွှန်မနွယ်လင်းရှိန် အတွက် ဆွမ်းကျွေးအလှူ

by Chawchaw Mirror

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ( ၃၁ ) ရက် နေ့တွင် ကွယ်လွန်သူ မနွယ်လင်းရှိန် အား၇ည်စူး ပြီး ဆွမ်းကျွေးအလှူအားသူမနေထိုင်ခဲ့သောတိုက်ခန်းတွင်ပြုလုပ်ရန်သူမ၏မိဘများထံမှခွင့်ပြုချက်ရရှိပြီ်းဖြစ်ပါသောကြောင့်၇န်ကုန်တွင်ရှိသောဧည့်လမ်းညွှန်များအားလုံးနှင့်ဆွေမျိုးမိတ်ဆွေများအားလုံးမပျက်မကွက်အောက်ပါအစီအစဉ်အတိုင်းတက်ရောက်ကြပါရန်အသိပေးအကြောင်း ကြားအပ်ပါသည်။

အချိန် ။ ။ နံနက် ( ၁၀ ) နာရီ

နေ့ရက်။ ။ ၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၂

နေရာ ။ ။ အမှတ် ( ၄၁ )၊ အခန်း (၂၀)၊ ၀ါးတန်းလမ်း၊ ဗဟိုစည်အိမ်ယာ၊ လမ်းမတော်မြို့နယ်။

သံဃာတော်များအားနေ့ဆွမ်းကပ်လှူပြီး ကွယ်လွန်သူအားအမျှပေးဝေသွားမည်ဖြစ်ပါသည်။ ယနေ့နံနက်တွင် ဧည့်လမ်းညွှန်မနွယ်လင်းရှိန်၏မိဘများ၏နေအိမ်သို့ Air Bagan Airlines မှတာဝန်ရှိသူများလာရောက်ပြီး ဈာပနအတွက် (သွေးသောက်ကြေး ) အလှူငွေ ကျပ်သိန်း (၁၀၀) ကူညီသွားကြောင်း ရပ်စောက်မြို့တွင်ရောက်ရှိနေသော ဧည့်လမ်းညွှန်ညီမများထံမှသတင်းရရှိပါသည်။

သံဃာတော်များအားနေ့ဆွမ်းကပ်လှူသောနေ့တွင် ကွယ်လွန်သူအတွက် အလှူငွေများကိုအောက်ပါစပိန်ဧည့်လမ်းညွှန်များမှကောက်ခံသွားပါမည်

ကိုအောင်ကိုမြတ် ၀၉၅၁၃၅၅၆၁

ကိုနိုင်နိုင်ထွန်း ၀၉၄၃၀၉၄၂၈၄

မချိုတာ ၀၉၅၁၈၅၈၆၃

သေဆုံးသွားတဲ့ ဦးပြားအဲပုံဂံမှ ငွေကျပ် သိန်း ၄၀ သာ ပေး

လေယာဉ်ပျက်ကျမူ့တွင် ဆိုက်ကယ်တိုက်ခံရပြီး သေဆုံးသွားတဲ့ ဦးပြား ၏ ဇနီး နှင့် ကျန်ခဲ့တဲ့ ၄ လ သားအရွယ် သမီး ပုံ

လေယာဉ်ပျက်ကျစဉ်သေဆုံးသွားတဲ့ ဦးပြား ၏ ၄ လအရွယ် ကလေး ပုံပါ။
ဦးပြားဇနီးအား မေးမြန်းစဉ် မည်သည့်စကားတစ်လုံးမှ မပြောနိုင်ဘဲ ငိုမြဲသာငိုနေလျှက်ရှိသည်။
ယခုပုံသည် သေဆုံးသူဦးပြားနေထိုင်ရာ ကုန်းမို့ကျေးရွာသို့ ကိုယ်တိုင်သွားရောက် သတင်းယူထားပုံဖြစ်ပါသည်။ ဌာနဆိုင်ရာနှင့် အဲပုံဂံ လေကြောင်းလိုင်းမှ သိန်း ၄၀ပေးကာ မည်သည့် စိတ်ကျမ်းမာရေး ပြုစုစောက်ရှောက်မူ့ မပေးတဲ့အပေါ် အင်တာနက်ပေါ်တင်ပေးလိုက်ပါသည်။
Nay Lin Thike

နောက်ဆုံးသတင်းအရ အဲပုံဂံမှ ငွေကျပ် သိန်း ၄၀ သာ ပေးခဲ့သည်ပာု သိရပြီး ငွေပေးပြီးနောက်ပိုင်း မည်သည့်အဆက်အသွယ်မှ မပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

--------------------------------------------------------------------------------------------

ခရီးသည်၆၆ဦး....၆၅ဦးအား$2000နှင့်မြန်မာငွေ၃သိန်း....
ဧည့်လမ်းညွှန်မနွယ်လင်းရှိန် ...သိန်း၁၀၀....ဦးပြား သိန်း ၄၀ .....
အဲပုဂံရဲ့လေယာဉ်အသက်အာမခံကြေးဘယ်လောက်လဲ...
နိုင်ငံခြားမှာကသေသူကိုဒေါ်လာသိန်းသန်းချီပြီလျော်နေချိန်မှာ
မသေတဲ့သူ က၂၁သိန်းလောက်ရထားပြီး..
အသက်ပေး လိုက်ရသူတွေက
ကျန်ရစ်သူမိသားစုအတွက်အဲ့လောက်ပဲလား......အဲ-ပ-ဂံ-----
အဲပုဂံအတွက်စင်္ကာပူကထားတဲ့အသက်အာမခံကြေးဘယ်လောက်လဲ...
သေသူအပေါ်အမြတ်မထုတ်ဖို့နီးစပ်သူများစုံစမ်းပေးကြပါ။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပ "

RFA Burmese

ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ပြည်သူ့ရင်ပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့် အထိမ်းအမှတ် ရန်ပုံငွေ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တက်လာဖို့အတွက် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သဘာဝသယံဇာတပေါများပြီး ဆင်းရဲနိမ့်ပါးနေတဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ပညာရေးဟာ အဓိကကျတယ်လို့အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။

ဒီကနေ့ ပညာရေးကွန်ရက်ရဲ့ ၂နှစ်ပြည့်အထိမ်းအမှတ် ရန်ပုံငွေရှာဖွေပွဲမှာ နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့်အထိမ်းအမှတ် ရန်ပုံငွေရှာဖွေတဲ့ ဈေးရောင်းပွဲတော်နဲ့ ဂီတပွဲတော်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဒါနကျောင်းတွေအတွက် ရည်ရွယ်ကျင်းပတာဖြစ်ပြီး ပွဲတော်ကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက် နဲ့ မနက်ဖြန် ၂၈ရက်နေ့ ထိ (၂)ရက်တိုင် ကျင်းပမှာဖြစ်ပါတယ်။

ဒီကနေ့ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယကဦးတင်ဦး၊ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း အစရှိတဲ့ပုဂ္ဂိုလ်တွေအပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပညာရေးကွန်ရက်ကို ပေးအပ်လှူဒါန်းမယ့် အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံပေးခဲ့ပြီး ဒီကနေ့ ဖွင့်ပွဲအခမ်းအနားမှာပဲ ပေးအပ်တဲ့ အလှူငွေသား ကျပ်စုစုပေါင်း သိန်း ၇၀၀ ကျော် ရရှိခဲ့ပါတယ်။

Dau Aung San Suu Kyi Speech From NLD Fund

Kachin Villagers fleeing Goverment troops 27.12.2012.

၄၁၅သိန်း နဲ့ ရွှေ FM မှ နောက်ဆုံးလေလံအောင်သွားတဲ့ အမေစုလက်ရာ ဆွယ်တာ

DVB TV News
NLD ပညာရေးကွန်ရက် ရံပုံငွေ ဂီတပွဲတော် ပထမည မြင်ကွင်းတချို့။
တင်ဆက် - အောင်ကြီး

ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး၊ ဦးအောင်မင်း၊ ဦးလှမြင့်

သမ္မတကြီးချောသထက်ချောမယ်ဆိုရင်..

ဓါတ်ပုံ-ဖက်ဖက်