Sunday, December 30, 2012

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကယ်ဒမီဆုရှင်များ

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုရှင် နောင်နောင်(ထာဝရအလင်းတန်းများ)


အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရှင် မယ်လိုဒီ(ထာဝရအလင်းတန်းများ)


အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရှင် ချစ်စနိုးဦး(ထာဝရအလင်းတန်းများ)


ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရှင် မော့စ်


အကောင်းဆုံး အသံတည်းဖြတ်ဆု အား ဆန်းဦး (ပန်းကြာဝတ်မှုန်)


အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ကို ဟိန်းထက်(လယ်ဝေး)


အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု - ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် (ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး)


အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများ




အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုအား မြင့်ဆောင်နှင့် စိုးကျော်စန်း တို့မှ ထာဝရအလင်းတန်းများ


Credit: The Voice Weekly and The Myanma Age

အစိုးရစစ်တပ်နဲ့ကေအိုင်အိုနှစ်ဖက် တိုက်ပွဲ ပြင်းထန်



2012-12-29 by RFA news

ကေအိုင်အို ရဲ့ အဓိကစခန်းဖြစ်တဲ့ လဂျားယန်စခန်းကို အစိုးရတပ်က မနေ့က ဂျက်တိုက် လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းက စပြီး ခြေလျင်တပ် အင်အားအများအပြားနဲ့ ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၇ နာရီလောက်ကနေ စတင်ပြီးတော့ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ လန်ဂျားယန်စခန်းကို ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို မြေပြင်တပ်တွေကလဲ အများအပြား ထိုးစစ်ဆင်လာတဲ့ အတွက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ အဲဒီ စစ်မြေပြင်မှာ ရောက်နေတဲ့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုလဆိုင်းက ပြောပါတယ်။

“ဒီမနက် ၇ နာရီခွဲ ၈ နာရီလောက်ကနေစတင်ပြီးတော့ သူတို့ခြေလျင်တပ်တွေထိုးတယ် လက်နက်ကြီးတွေနဲ့ပစ်တယ် ထိုးတယ် သူတို့ထိုးလို့မရတဲ့အခါကျတော့ ၁၂နာရီမိနစ် ၂၀ ၀န်းကျင်မှာ သူတို့တိုက်လေယာဉ်ပြန်လာတယ် ပစ်ကူပေးတယ် အခုတော့ သူတို့လေယာဉ်ပြန်ဆုတ်သွားပြီ လက်နက်ကြီးလှမ်းထုပြီးမှ သူတို့ပြန်ပြီးမှ ထိုးဖို့လိုက်နေကြတယ် အခုတက်လာတဲ့တပ်ကတော့ စကခ ၃ လက်အောက်ခံ ၃၈၁ တစ်ခုတော့ သိလိုက်ရတယ် နောက်ထပ်တော့ မသိရသေးဘူး တခြားတပ်တွေလဲ ပါပါအုံးမယ် ခလရ ၄၀၊ ၃၈၁ ၊ ၃၈၉ တို့ဖြစ်ဖို့များတယ်။”

တိုက်ပွဲကြောင့် နှစ်ဖက် ကျဆုံးတဲ့အခြေအနေကိုတော့ အခုအချိန်အထိ မသိရသေးတဲ့ အပြင် အစိုးရတပ်က ဗန်းမော်၊၀ိုင်းမော်နဲ့ရှတန်ပါ ဆိုတဲ့ နေရာတွေကနေ စစ်ကြောင်း ၃ကြောင်းနဲ့ အင်အားထောင်နဲ့ချီပြီးတော့ ကေအိုင်အို စခန်းတွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကိုလဆိုင်းက ဆက်ပြောပြပါတယ်။

“နမ့်ဆန်ယန်ဘက်ရယ်၊ ဒေါ့ဖုန်းယန်ဘက်မှာရယ် အခု လက်ဂျားယန်ရယ် ဗဟိုနယ်မြေပေါ့ ၃နေရာကို တခါတည်းသူက ထိုးစစ်ဆင်တဲ့အနေအထားရှိတယ်။ အသံတွေကြားနေရတာပေါ့ လက်ဂျားယန်ဘက်ထိုးလာတာကတော့ ကျနော်တို့ခန့်မှန်းအရဆိုရင် အင်အား ၄၀၀ ကျော် ၅၀၀ ၀န်းကျင်ရှိမယ်ထင်တာပဲ၊ သူတို့ကလဲ မရရအောင်ထိုးစစ်ဆင်နေမဲ့အနေအထားဖြစ်နေတဲ့ပုံပါပဲ”

လန်ဂျားယန်စခန်းကို အခုဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက အစိုးရတပ်က အင်အား ၃၀၀ လောက်နဲ့ တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီကာလက အကျအဆုံးများများနဲ့ဆုတ်ခွါသွားခဲ့ပြီး အခုတစ်ကြိမ်တော့ တပ်အင်အားတွေ ပိုများလာသလို လေကြောင်းပစ်ကူ တွေပါအသုံးပြုပြီးတော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။

လဂျားယန်တပ်စခန်းကျသွားရင်တော့ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာ ရဲ့ လုံခြုံရေးအခြေအနေက စိတ်မချရတော့ဘူးလို့သိရပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကျဖို့ဆိုတာ အတော်နဲ့မလွယ်သလို အစိုးရတပ်က အရင်းအနှီးများများပေးရမယ်လို့ နယ်စပ်စစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။



Coral Arakan News Agency's photo.
24°45′36″N 97°33′48″E ၌ တည်ရှိသော ကေအိုင်အို ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာ (Laiza) ကို ၂၀၁၁-ခုနှစ် မေလ (၂၄)
ရက်နေ့က ကောင်းကင်ပေါ်မှ တွေ့မြင်ရစဉ်။ အ၀ါရောင်မျဉ်းမှာ တရုတ်-မြန်မာ နယ်ခြားမျဉ်းဖြစ်သည်။

ဒီလှိုင်းကိုတစ်ဆင့်မြှင့်ပြီးတော့ သတင်းစာတစ်ခုလို ထုတ်ချင်

ခွန် ဒီးယမ်
"နောက်ဆိုလို့ရှိ ရင်ကျွန်မတို့က ဒီလှိုင်းကိုတစ်ဆင့်မြှင့်ပြီးတော့ သတင်းစာတစ်ခုလို ထုတ်စေချင်တာ၊ အခုလည်း ပုဂ္ဂလိကသတင်းစာတွေ လုပ်တော့မယ်ဆိုတော့ ဖြစ်စေချင်တယ်။ ဒီလှိုင်းကို သတင်းစာတစ်ခုအနေနဲ့ထုတ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ပြည်သူတွေကလည်း ၀ိုင်းဝန်းပြီးတော့ ကူညီမစမယ်လို့ ယုံကြည်ပါတယ်။ အများရဲ့ကူညီမစမှုတွေရှိနေမှသာ ဒီလှိုင်းကို စာစောင်အဖြစ်ကနေ ပုဂ္ဂလိကသတင်းစာအဖြစ် ပြောင်းလဲနိုင်မှာပါ"

ဒေါ်အောင်ဆန်းစုကြည် ( ဒီလှိုင်းရုံခန်းသစ်ဖွဲ့ပွဲ မိန့်ခွန်းမှ ) (30-12-2012)
"နောက်ဆိုလို့ရှိ ရင်ကျွန်မတို့က ဒီလှိုင်းကိုတစ်ဆင့်မြှင့်ပြီးတော့ သတင်းစာတစ်ခုလို ထုတ်စေချင်တာ၊ အခုလည်း ပုဂ္ဂလိကသတင်းစာတွေ လုပ်တော့မယ်ဆိုတော့ ဖြစ်စေချင်တယ်။ ဒီလှိုင်းကို သတင်းစာတစ်ခုအနေနဲ့ထုတ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ပြည်သူတွေကလည်း ၀ိုင်းဝန်းပြီးတော့ ကူညီမစမယ်လို့ ယုံကြည်ပါတယ်။ အများရဲ့ကူညီမစမှုတွေရှိနေမှသာ ဒီလှိုင်းကို စာစောင်အဖြစ်ကနေ ပုဂ္ဂလိကသတင်းစာအဖြစ် ပြောင်းလဲနိုင်မှာပါ" 

ဒေါ်အောင်ဆန်းစုကြည် ( ဒီလှိုင်းရုံခန်းသစ်ဖွဲ့ပွဲ မိန့်ခွန်းမှ ) (30-12-2012)
တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ပုလဲသီရိတိုက်ခန်း အမှတ် (၃၆၁) မြေညီထပ်တွင် ပြုလုပ်သော ဒီလှိုင်းစာစောင်၏ ရုံးခန်းပြောင်းရွေ့ဖွင့်လှစ်ပွဲတွင် ယနေ့နံနက် တွေ့ရတဲ့အ မေစု (30-12-2012). တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ပုလဲသီရိတိုက်ခန်း အမှတ် (၃၆၁) မြေညီထပ်တွင် ပြုလုပ်သော ဒီလှိုင်းစာစောင်၏ ရုံးခန်းပြောင်းရွေ့ဖွင့်လှစ်ပွဲတွင် ယနေ့နံနက် တွေ့ရတဲ့ မေစု (30-12-2012).

လှေစီး ဘင်္ဂါလီ (၇၀) ရေးမြို့နယ် သို့ ရောက်ရှိ

[ Citizen Journalist Corner / 30 December 2012 / Coral Arakan News]

ဘင်္ဂါလီ(၇၀) လောက်၊(၂၈-၁၂-၂၀၁၂)မှာ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု ဓမင်းဆိပ်ကျေးရွာကို ညနေ၀င်ရီတရိုးအချိန်လောက်မှာ ရောက်ချလာတယ်။ ထူးဆန်းတာက သူတို့စီးလာတဲ့လှေကို မတွေ့ရဘူး။
အဲဒီဘင်္ဂါလီတွေကို မေးကြည့်တဲ့သူတွေ ပြောတာက၊ သူတို့စီးလာတဲ့လှေက အခုရှမ်းခန်း(ထိုင်း) ရောက်ပြီ။ မင်းတို့ဆင်းတော့ လို့ပြောလို့ ဆင်းနေကြတယ်လို့ပြောတယ်။ အားလုံးနီးပါးဟာ ယောက်ျားလေးတွေဖြစ်ပြီး၊ အမေ နှင့် သမီးငယ်(၈-၉နှစ်ခန့်) မိန်းခလေး(၂)ဦးပါရှိပါတယ်။ ပြန်လည်ထွက်ခွါသွားတဲ့ လှေကိုလည်း ဘယ်သူမှ မသိရှိလိုက်ပါဘူး။ သူတို့အပြောအရ လှေပေါ်မှာ နောက်ထပ်လူ(၇၀)လောက်ရှိသေးတယ်လို့ ဆိုပါတယ်။
မြန်မာ့ရေပိုင်နက်မပြောနဲ့...ကမ်းကပ်တဲ့အထိဝင်လာတာတောင် ရေတပ်က မသိတာအတော်အံ့သြစရာကောင်းပါတယ်။ ရေးမြို့နယ်တနယ်လုံးက ငါးဖမ်းစက်လှေတွေ ပင်လယ်ထွက်ငါးဖမ်းရင် တစီးမကျန်အကုန်သိနေတဲ့ မြန်မာ့ရေတပ်က ဘင်္ဂါလီလှေတစင်းဝင်လာ လူ(၇၀)လောက်ကို ကမ်းမှာချ ပြန်ထွက် လုံးဝမသိဘူးတဲ့ဗျား။ ပြည်သူတွေက ရဲတွေ တပ်တွေကို ဖုန်းနဲ့လှမ်းပြော ဆိုင်ရာက ပြန်အကြောင်းကြားမှ ရေတပ်က လေအဟပ်ခံပြီး သိပါသတဲ့။

တဖက်ကပြန်တွေးကြည့်တော့လဲ ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ငါးဖမ်းလှေတစင်းထွက်ရင် ဒီဇယ်(၄)ဂါလံ ရတာကိုး။ ဒီဘဂါင်္လီဆိုတော့ အဆင်မသင့်ရင် အိပ်ကပ်ထဲက ပါမှာဆိုတော့....

By Saya Myo Win

================================
[ CJ Corner / 30 December 2012 / Coral Arakan News ]
CJs' Corner သတင်းများကို အယ်ဒီတာအဖွဲ့ ၏ ပြင်ဆင်တည်းဖြတ်မှုမပါဘဲ မူရင်းရေးသားသူ၏ အာဘော် အတိုင်း ဖော်ပြထားပါသည်။