Saturday, February 9, 2013

ဦးဆန်းဆင့်ငြင်းမရပါနှင့်ဘုရားဖူးတွေ ထွက်ရင်း ခရီးသွား လုပ်ငန်းတွေကို သိသူ



" ပြောရင်လည်း ကိုထိုက်ပဲ လွန်ရာကြမယ် ..... "

လူကြီးတွေကို စော်ကားမော်ကား လှောင်ပြောင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ အမြင်မတော် လို့ ပြောရတာပါ။ ဒုဝန်ကြီးတွေ ခန့်တဲ့ သတင်း ကိစ္စပါ။

ဘာကြောင့် ဟော်တယ်နဲ့ ခရီးသွားလာရေး ဒုဝန်ကြီး ခန့်တယ်လို့ ထင်ပါသလဲလို့ NDF က ဒေါက်တာ တင်ရွှေကို မေးတော့ ..။

"ပြောမူဆိုမှုတွေ၊ ကျွန်တော်က မေးခွန်းတွေ မေးတဲ့အခါမှာ ရှိတဲ့ ဗဟုသုတတွေကို ပေါင်းစပ်ပြီး တင်ပြတယ်။ ဒါကြောင့် လူကြီးတွေ အကဲဖြတ်နိုင်ပါ။ ဒီဟာပါပဲ။"

ဒါဆိုလုံလာက်ပြီ ထင်ပါတယ်။ ဒါပေမယ့် ထပ်ဖြည့်ပြောတာက .. "အထူးသဖြင့် တပ်မတော်သား ကိုယ်စားလှယ်တွေက ကျွန်တော့်ကို တော်တော့်ကို ခင်ကြတယ်။"

အဲဒီမှာ နည်းနည်းလေး စ ချော်ပြီ။ ဝန်ကြီးရာထူးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေက ခင်တယ်ဆိုတာကို ဆက်စပ် ပြောတာဟာ နိုင်ငံရေးသမားအတွက် ရုပ်ဆိုးစေပါတယ်။ မဆလ အတွေးအခေါ် ဟောင်းလို့ခံစားမိတယ်။

ဒီမှာတင် မရပ်ဘဲ ထပ်ဖြည့်လာက ပိုဆိုးသွားစေပါတယ်။

"နောက်ပြီး ဘုရားဖူးတွေ ထွက်တယ်။ ဒီနှစ်ဆို ကျိုက်ထီးရိုးဆို ၁၃ နှစ် တစ်နှစ်မှ မပျက်ဘူး။ ဟိုဘက် ဇလွန်ဘုရား .. အဲဒီလို သဘောမျိုးတွေပေါ့"

ဒါကို မေးတဲ့လူက .. "ဘုရားဖူးတွေ ထွက်ရင်း ခရီးသွား လုပ်ငန်းတွေကို သိနေတယ်ပေါ့။ အဲဒီလိုလား" လို့ မေးလိုက်တော့။

"သိတယ်ဗျာ။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော်က ပြောဖူးတာတော့ မရှိဘူးလေ" တဲ့။
( ဖေဖဝါလ ၇ ရက် ဘီဘီစီ မနက်ပိုင်း သတင်း [6:58 to 9:58] )

ဟော်တယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဖြစ်ချင်ရင် ... ဘုရားဖူး ခရီးများများထွက်၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ခင်မင်အောင်နေ .. ဆိုတဲ့ ကောက်ချက်ကို ရောက်မသွား ဘူးလား။

အတိုက်အခံ ပါတီ တစ်ခုရဲ့ အမတ်က ဒုဝန်ကြီး ရာထူးကို လက်ခံတဲ့ ကိစ္စမှာ .. အဲဒီလို ဖြေ သွားတယ်ဗျာ။ နိုင်ငံရေးအရ မသင့်တော်ဘူး ထင်လို့ .. ပြန်လည် တင်ပြလိုက်တာပါ။

(ကိုထိုက်) www.facebook.com/ko.htike.31

1 အကြံပြုခြင်း:

Margathagyar said...

This rain,this wind ,this men................