Wednesday, February 27, 2013

ကျည်ကာကားနှင့် ဇိမ်ခံကား ဝယ်ရန် အစိုးရတောင်းခံငွေမှ ၅ဝ ရာခိုင်နှုန်းဖြတ်ရန် လွှတ်တော်တွင်းတင်ပြချက် ပြည်သူ့ဘက်မှ ရပ်တည်မှုဟု ဆို



Popular Myanmar News Journal

အစိုးရအဖွဲ့သုံးမည့် နောက်ဆုံးပေါ် ဇိမ်ခံကားများနှင့် မာစီးဒီးကျည် ကာကားများ ဝယ်ယူရေးအတွက်အစိုးရ၏တင်ပြ ငွေ ၅ဝ ရာခိုင်နှုန်း ကို ဖြတ်တောက်ရန် ဦးမင်းဆွေ (ဒိုက်ဦးမဲ ဆန္ဒနယ်)၏တင်ပြချက် သည် ပြည်သူ့ဘက်မှရပ်တည်ချက် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ပြောသည်။

''လူထုဘက်က ရပ်တည် ပြီးပြောတာပဲ။ သူကတပ်မတော် မှာ ဗိုလ်မှူးကြီးရာထူးနဲ့ တာဝန်ထမ်းဖူးတယ်။ ဗကပ တွေနဲ့ဖြစ်နေတဲ့အချိန် ၁၁၅မိုင် ကို အခုအချိန်နဲ့ ထင်ဟပ်ပြီး ပြသွားတာ ရှင်းနေတာပဲ။ ကျည်ကာကားငါးစီးဝယ်တာ ဘယ်သူ့အတွက်လဲ ရှင်းလင်း ဖို့လိုတယ်။ ရှင်းထားရင် ဒီလို ဖြစ်မလာပါဘူး။ ဦးမင်းဆွေ ရဲ့ ဆွေးနွေးချက်ကို ကိုယ် စားလှယ် တော်တော်များများ က လက်ခံပါတယ်'' ဟု ဦးသိန်းညွန့်က ဆိုသည်။
ဖေဖော်ဝါရီလ ၂၅ရက် နေ့တွင် ကျင်းပသော ပြည် ထောင်စု လွှတ်တော် အစည်း အဝေးတွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၏ အမျိုးသား စီမံကိန်းဥပဒေကြမ်း နောက် ဆက်တွဲတွင်ပါဝင်သော အစိုးရ အဖွဲ့မှ တင်ပြတောင်းခံငွေပါ အချက်များနှင့် ပတ်သက်၍ ¤င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''လုံခြုံရေးအရ လိုအပ် လို့Bullet Proof ကား တွေ ဝယ်မယ်ဆိုရင်တော့ ကန့်ကွက်စရာ မရှိပါဘူး။ အဆောင်အယောင် အနေနဲ့ ဝယ်မယ်ဆိုရင်တော့ ပြည် ထောင်စုလွှတ်တော် ကိုယ်စား လှယ်ကြီးများ တစ်နေ့ကျပ် ၅ဝဝ ပေးပြီးတော့ ဘတ်စ် ကားစီးပြီးတော့ လွှတ်တော် တက်နေရတဲ့ အချိန်၊ လယ် သမားတွေလည်း ...

တစ်နေ့ ထမင်းတစ်နပ်စားပြီး အလုပ်လုပ်ဖို့ လမ်းညွှန်မှု ပေးခံရတဲ့ အချိန်မှာ ဝယ်သင့်မဝယ်သင့် ချင့် ချိန်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒါ ကြောင့်မို့လို့ Bullet Proof ကား အပါအဝင် ၅ဝရာခိုင်နှုန်း လျှော့ချ သင့်ပါကြောင်း တင်ပြပါတယ်''ဟု ၄င်းက ပြောသည်။

၁၉၄၉ ခုနှစ် ရန်ကုန်အစိုးရဟု အခေါ်ခံရသည့် အချိန်အပြင် ၁၉၇ဝမှ ၁၉၇၅ ခုနှစ်ဝန်းကျင်၊ ဗကပအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက် ခိုက်နေသည့်အချိန်၌ပင် ကျည်ကာ ကားများ အသုံးပြုခဲ့ရသည်ကို မ ကြားဖူးကြောင်း ¤င်းကထပ်လောင်း ပြောသည်။

၂ဝ၁၃-၂ဝ၁၄ ရင်းနှီးမြှုပ်နှံမှု လျာထားချက် (အခြားအသုံး စရိတ် ခေါင်းစဉ်အောက်) တွင် Toyota Camry XLE ၂ဝ၁၂ မော်ဒယ် ၅ဝ စီးဝန်ဆောင်မှုအတွက် ကုန်ကျစရိတ် ကျပ်(၄ဝ၆၆ ဒသမ ၂၅) သန်း၊ B6 Armored sedan based on Mercedes S500L (V221) Bullet Proof ၅ စီးဝယ်ရန်အတွက် ကုန် ကျစရိတ် ကျပ် ၄၁၈၄ ဒသမ ၆ သန်း၊ Mercedes Pullman ၂ဝဝ၂-၂ဝ၁၂ မော်ဒယ် ၂ စီး အတွက်ဝန်ဆောင်မှုအတွက် ကုန် ကျစရိတ်ကျပ် ၁ဝ၅၇ ဒသမ ၈၂၅ သန်း၊Mercedes S350 Bluetec ၂ဝ၁၂ မော်ဒယ် ၄ဝ စီးဝယ်ရန် အတွက်ကုန်ကျစရိတ် ကျပ် ၇ဝ၇ဝ ဒသမ ၈ သန်းနှင့် Audi A-6 ၂ဝ၁၂ မော်ဒယ် ၃ဝ စီးအတွက် ကုန်ကျ စရိတ် ကျပ် ၂ဝ၉၁ ဒသမ ဝ၂၉ သန်း၊ စုစုပေါင်း ၁၈၄၇ဝ ဒသမ ၅ဝ၄ သန်း လျာထား တောင်းခံထားကြောင်းသိရသည်။

''ဒါနဲ့ ပြီးပြီလားဆိုတော့ မပြီး သေးပါဘူး။ ကြည့်လိုက်တဲ့အခါမှာ ကာလတို ၅ နှစ်စီမံကိန်းမှာ ကား ဝယ်ဖို့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွက် ကားဝယ်ဖို့ ကျပ် ၁၃၈၃၂ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် ကားဝယ်ဖို့ ကျပ် ၁၅၂၁၅ ဒသမ ၃ သန်း လျာထားတာ တွေ့ ရပါတယ်။ကားသစ်ကြီးတွေ latest model ကိုဝယ်ထားတာ တစ်နှစ် လောက်နဲ့ မပျက်ဘူး ထင်ပါတယ်'' ဟု ၄င်းက ပြောသည်။

ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ်တွင် အစိုးရမှဝယ်ခဲ့သည့် ကား များ၏တန်ဖိုးမှာ စုစုပေါင်း ကျပ် ၁ဝ၆၁၈ ဒသမ ဝဝ၅ သန်း၊ နိုင်ငံ ပိုင်ကန်ဒေါ်လာ ၁ဝ သန်း ကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ၄င်း၏ ပြော ကြားချက်အရ သိရသည်။

ဦးမင်းဆွေ၏ ပြောကြား ချက်နှင့်ပတ်သတ်၍ တရားလွှတ် တော်ေ ရှ့နေဦးကိုနီက''ခုလို ပွင့် လင်းလာတဲ့အချိန်မှာ နိုင်ငံခြားက အကြီးအကဲတွေလာရင် ဒီလိုကျည် ကာကားတွေလိုအပ်လာမယ်၊ လုံ ခြုံရေးအရ လိုအပ်တာက အမှန်ပဲ၊ လွှတ်တော်က အတည်ပြုသင့်ပါ တယ်၊ ဘတ်ဂျတ်ကိစ္စကိုတော့ မ ပြောလိုပါဘူး၊ ကိုယ့်နိုင်ငံမှာ ဆင်း ရဲနေလို့သာ၊ ကိုယ့်နိုင်ငံခေါင်းဆောင် အတွက်လည်းလိုပါတယ်''ဟု ပြော သည်။

အောင်ထက် ( NYK )၊ စိုင်းနောင်

1 အကြံပြုခြင်း:

Margathagyar said...

No need bullet proof car for Myanmar.we can make tight security for our leader/foreign leader.