Friday, March 15, 2013

ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းမီးလောင်းကျွမ်းမှု ဖြစ်ပွား

r
RSV
 ၁၆.၃.၂၀၁၃ ရက် နံနက် ၂း၃၀ နာရီ ပတ်ဝန်ကျင်လောက်မှ စတင်ပြီး ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းကို မီးလောင်းမှုဖြစ်ပွားခဲ့ပြီး စာသင်ခန်း (၂)ခန်း မီးထဲကို ပါသွားပြီး မီးငြိမ်းသတ်ရန်အတွက် အခန်း (၁)ခန်း စုစုပေါင်း စာသင်ခန်း (၃)ခန်း မီးထဲကို ပါသွားပါသည်။ ယခုအချိန်သည် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) ကျောင်းသား/သူများ စာမေးပွဲ စစ်ဆေးနေသော အချိန်အခါလည်း ဖြစ်ပြီး ယခုဆိုလျှင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃)ဘာသာကိုသာ စစ်ဆေးပြီးဖြစ်ပါသည်။ မီးလောင်းခဲ့ပုံကို အနီအနားမှ လူတစ်ဦးမှ “ မီးက ဘယ်လို လောင်းတယ်ဆိုတာ ဘယ်လိုမှ စဉ်စားလို့မရဘူးဗျာ။ အဲဒီ အခမ်းမှာ လူလည်း မနေဘဲ။ မီးထွန်းထားတာလည်း မရှိဘူး။ စာမေးပွဲရာသီးဆိုတော့ ကျောင်းမှာ ကြီးကြပ်ရေးဆရာတွေရယ်၊ အစောင့်ရဲ တွေပဲရှိတာပါ။ ဒါပေမယ် အဲဒီဖက် အခြမ်းက သွားလာတာနည်းတဲ့အပိုင်းပါ။ ဒါပေမယ် ကျောင်းသား/ကျောင်းသူတွေ စာမေးပွဲရာသီဆိုတော့ ဘယ်လို့ဆက်လုပ်မလဲ မသိဘူး”ဟု ပြောပြသွားပါတယ်။ မီးဘယ်က စလောင်းရသည်ကို မည်သူမျှ မသိရှိဘဲဖြစ်နေရပြီး ကျောင်းကြီးကြပ်ရေးကို စုံစမ်းမေးမြန်ခဲ့သော်လည်း မည်သို့မှ မဖြေကြားခဲ့ပါ။ စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/သူများသည် တနင်္လာနေ့တွင် ဆက်လက် စာမေးပွဲ ဖြေကြားရမည်ဖြစ်သော်လည်း ဘယ်လို စီစဉ်ပေးမယ်ဆိုတာကိုတော့ မသိရှိရသေးဘဲ။ ပုဏ္ဏားကျွန်းမြို့ အထက ကျောင်းသည် ယခင်း က ယခုလိုမျိုး မီးလောင်းမှု တကြိမ်းတခါမှ မရှိခဲ့ဘဲ ကျောင်းသက် နှစ်ပေါင်း (၆၀) ကျော်အတွင်း ဆရာဝန်ပေါင်းမြောက်မြားစွာနှင့် ပညာတတ်ပေါင်းမြောက်မြားစွာ မြန်မာနိုင်ငံလူ့အရင်းအမြစ်အတွက်မွေးထုတ်ပေးနေသော ရခိုင်ပြည်သူများ အားကိုးအားထားပြုရသော ကျောင်းတော်ကြီးလည်း ဖြစ်ပါသည်။ မီးလောင်းမှုကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးလျှက်ရှိပြီး မီးလောင်းမှုဖြစ်ပွားရမှုကို မြို့သူမြို့သားများလည်း စိတ်ဝင်စားလျှက်ရှိပါသည်။ Photo: Oo Kyaw Nyint


0 အကြံပြုခြင်း: