
တရားမ၀င် ခိုးကူးခွေ ကျပ် ၁၀ သိန်းနှုန်း သတ်မှတ် တရားစွဲမည်
တရားမ၀င် ခိုးကူးခွေများ ဖမ်းဆီး ရမိပါက နစ်နာကြေး အနေဖြင့် တစ်ခွေလျှင် ကျပ် ၁၀ သိန်းနှုန်း သတ်မှတ် တရားစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) မူပိုင်ခွင့် ကာကွယ်ရေး ကော်မတီ မှ ပြောကြားကြောင်း ၊ မူပိုင်ခွင့် ကော်မတီ အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တွင် ပြန်လည် ဖွဲ့စည်းခဲ့ပြီး ရဲမှူး တစ်ဦး ခန့်အပ်ကာ အမှုများကို ဆောင်ရွက် ခဲ့ကြောင်း ၊ ၂၀၁၃ ခုနှစ် တွင်လည်း ရဲမှူး တစ်ဦး ထပ်မံ ခန့်အပ် တာဝန် ပေးခဲ့ပြီး ယခုအခါ ရှေ့နေ ၄ ဦး ခန့်အပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ အကူအညီဖြင့် လမ်းဘေး ခိုးကူးခွေ ရောင်းချမှုကို ဖမ်းဆီး နေကြောင်း ၊ ထို့အပြင် မန္တလေးတိုင်း ဒေသကြီး ရှိ ခိုးကူးခွေများ အပါအ၀င် ပုသိမ် ၊ ဘားအံ ၊ မော်လမြိုင် စသော မြို့ကြီးများတွင် ဆက်တိုက် အရေးယူမှု များ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
တရားမ၀င် ခိုးကူးခွေ ကျပ် ၁၀ သိန်းနှုန်း သတ်မှတ် တရားစွဲပါ။
တရားမ၀င် ခိုးဆိုသူ ကျပ် ၁၀၀ သိန်းနှုန်း သတ်မှတ် တရားစွဲပါ။
ခိုးတာခြင်းအတူတူစာသားပြောင်းထဲ့တာဘယ်လောက်ခက်လဲဆိုတဲ့ဆင်ခြေကကျန်ခဲ့ပြီ။
ဂီတ အစည်းအရုံး ကဖမ်းတာဆိုတော့ ဇာတ်လမ်းကားတွေမပါသေးဖူး :P
0 အကြံပြုခြင်း:
Post a Comment