Sunday, March 31, 2013

ဂျပန်နိုင်ငံ တွေ့ဆုံပွဲ စင်မြင့်နံရံတဝိုက် ဒေါင်းအလံပြန်စိုက်ခွင့်ရပြီ

Wai Yan De Mo

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ အခမ်းအနား စင်မြင့်တဝိုက် ဒေါင်းအလံပြန်စိုက်ခွင့်ရ..

ဒီကနေ့ ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီ နဝမ အကြိမ်မြောက် အစည်းအဝေးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အလံတော်အား အခမ်းအနား စင်မြင့်ပေါ်မှာ လွှင့်ထူခွင့်ရရေးအတွက် အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးရာမှာ ကန့်ကွက်သူ အနည်းငယ်မှ အပ ထောက်ခံသူ တိုင်းရင်းသားများ အပါအဝင် အများဆုံးဖြတ်ချက်ဖြင့် အလံလွှင့်ထူခွင့်အား ခွင့်ပြုချက် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်..။

ပြီးခဲ့တဲ့ မတ်လ(၁၇)ရက်နေ့ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးမှ အခမ်းအနား စင်မြင့်ပေါ် မည်သည့်အလံမျှ စိုက်ထူခွင့် မပြုဟု ဆုံးဖြတ်ခဲ့သည်..။ အဆိုပါ ဆုံးဖြတ်ချက်အား ယနေ့ နဝမအကြိမ်မြောက် အစည်းအဝေး၌ အပြန်အလှန်ဆွေးနွေးရာမှ အခမ်းအနား စင်မြင့်ပေါ်တွင် အဖွဲ့ချုပ်အလံ စိုက်ထူခွင့် ဆုံးဖြတ်ချက် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်များအတွင်း
မြန်မာ လူထုနှင့် တွေ့ဆုံပွဲ စင်မြင့်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံတော်အား ဝင့်ဝင့်ကြွားကြွား လွှင့်ထူ ဂုဏ်ပြုခဲ့ကြသော်လည်း ဂျပန်နိုင်ငံခရီးစဉ်၌သာ ယခုကဲ့သို့ အများနှင့် သက်ဆိုင်သော ခေါင်းဆောင်ဆိုသော အကြောင်းပြချက်ဖြင့် မည်သည့်အလံမှ စိုက်ထူခွင့် မပြုကြောင်း ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်..။

စစ်အာဏာရှင် စံနစ်အောက် ၂၅နှစ်တိုင်တိုင် မယိုင်မလဲ ပြည်သူ့ဘက်က ခေါင်းနှင့် ပန်းပမာ ရပ်တည်ခဲ့သည့် ဒီချုပ်ဥက္ကဋ္ဌနှင့် ဒီချုပ်ပါတီအား ဒီချုပ်ပါတီ၏ အလံဖြင့် ဂုဏ်ပြုခြင်းအား အပြည့်အဝ ထောက်ခံအပ်ပါသည်..။

ယနေ့ အစည်းအဝေးမှ စင်မြင့်ပေါ်မှာ ဒေါင်အလံစိုက်ထူရေး ဝင်ရောက် ဆွေးနွေးခဲ့သူများအား အထူးကျေးဇူးတင်အပ်သလို ကန့်ကွက်သူများအားလည်း ကိုယ့်အမြင် သူ့အမြင် ဆွေးနွေးဆုံးဖြတ်နိုင်သည့် အခြေခံအခွင့်အရေး ရှိသည့် အားလျှော်စွာ အမြင်မတူ ရန်သူဟု မယူဆပါ..။

ဂျပန်နိုင်ငံ တွေ့ဆုံပွဲ စင်မြင့်နံရံတဝိုက် ဒေါင်းအလံပြန်စိုက်မည်..။

တွေ့ဆုံပွဲ နေရာအချိန် အတိအကျ ဆက်လက်ဖော်ပြပါမည်...။

ဒီမိုဝေယံ


ဂျပန်နိုင်ငံ တွေ့ဆုံပွဲ စင်မြင့်နံရံတဝိုက် ဒေါင်းအလံပြန်စိုက်ခွင့်မရတဲ့ဆောင်းပါးကဒီမှာ


0 အကြံပြုခြင်း: