Sunday, March 31, 2013

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်သို့ ခိုးဝင်လာသူ ၄ ဦးအား ပြန်လည်လွဲပြောင်းပေး



RSV
----------------------------------------------
ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်သို့ ခိုးဝင်လာသူ ၄ ဦးအား မြန်မာအစိုးရမှဘင်္ဂလားဒေ့ရှ်အစိုးရသို့မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၀ အချိန် ခန့် က တရားဝင် လွဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ၄ ဦးသည် မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစိုးရအဖွဲ့၏လက်နက်ကိုင်များဖြစ်ကြောင်းလည်း သိရသည်။ သို့ သော်လည်း တရားမ၀င်ခိုးဝင်လာမှု ၊ မြန်မာနိုင်ငံအတွင်း တိတ်တဆိတ်မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးမှုများကြောင့် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကာ ယခုအခါတွင် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လ၀က) မှ မောင်တော နယ်စပ်စခန်းအမှတ်(၁)ဆိပ်ကမ်းမှတစ်ဆင့်လွှဲပြောင်းလိုက်ခြင်းဖြစ်သည်ဟုသိရသည်။

အဆိုပါ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားသားများကို မောင်တော ခရိုင်၊တောင်ပြိုလက်ဝဲမြို့နယ် ခွဲ ၊မှ၊ မတ်လ (၁၃ )နေ့ ညနေ ၆
နာရီဝန်းကျင်အချိန်တွင်နယ်စပ်လုံခြုံရေးကိုတာဝန် ယူနေသည့် နစက တပ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိဘဲ အရပ်ဝပ်ဖြင့်
နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသူများဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိရခိုင်ပြည်နယ်အနေအထားသည် ခွေးတိုးဝက်ဝင်အနေထားတွင် ရှိနေ သေးသဖြင့် ခြံစည်းရိုးကိုဖောက်ကာ ၀င်လာခြင်းဖြစ်သည်။ ထိုကဲ့သို့ နောက်ထပ်မည်ရွေ့မည်မျှ ၀င်ရောကနေသည်ကို မသိရှိဘဲရှိနေ ကြောင်းနှင့် ရခိုင်ပြည်နယ်သို့ လက်နက်ကိုင်များဝင်ရောက်မှု များ ရှိနေသည်ဟု သံသယများဖြစ်နေကြောင်းလည်း လက်နက်ကိုင်အသိုင်း အ၀ိုင်းမှ ပြောဆိုကြပါသည်။

0 အကြံပြုခြင်း: