Sunday, April 21, 2013

ရဲရင့်ငယ်မင်းသားမလုပ်တော့ပါ



သက်မွန်လေးကြောင့်ပါ။ဒါရိုက်တာဝိုင်းနဲ့ရိုက်မယ့်ကားဆိုင်ထားပြီးမှဖျက်လိုက်ရပါတယ်။နုတ်ခမ်းချင်းတကယ်စုပ်ရမယ့်အခန်းပါနေလို့ပါတဲ့၊
နုတ်ခမ်းမစုပ်ပြလို့သူမရဲ့ပရိတ်ဿတ်လျော့သွားလိမ့်မယ်လို့မထင်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါရိုက်တာဝိုင်းကမင်းသားမင်းသမီးနုတ်ခမ်းစုပ်
တဲ့ကားတွေဖန်တီးနေတာဆင်ဆာတော်လှန်ရေးလား၊ +18 ရိုက်ပြချင်တာလား၊ရှင်းရှင်းလင်းလင်းမသိရသေးပါ၊လူမင်းမိန်းမကလည်းမေး
မြန်းခန်းမှာအိမ်ထောင်အပေါ်သစ္စာရှိဖို့လိုပါတယ်လို့သတိပေးပြောဆိုနေခဲ့ပါတယ်။

ပရိတ်ဿတ်ဖက်ကအမြင်(ရဲရင့်ငယ်အမြင်)ပြောရရင်ဟိုးအရင်ထဲကကားတွေမှာပန်းအိုးလေးလဲသွာံးရင်ဖိနပ်လေးပြောင်းပြန်လန်သွားရင်ဒါ
မင်းသားမင်းသမီးကိစ္စပြီးသွားပြီလို့ဇာတ်လမ်းအရသိရမယ်၊ဒါဆိုဇာတ်လမ်းကိုဆက်သွားလို့ရပြီ၊မြန်မာ့ဓလေ့အရလည်းအမြင်မရိုင်းဖူးပြောလို့
ရတယ်။ +18 ကြည့်ချင်ရင်အခွေတွေ၊အွန်လိုင်းတွေမှာပေါသောလို့ပါ၊နိုင်ငံခြားကားလား၊မြန်မာကားလားကြိုက်တာကြည့်လို့ရပါတယ်။

ဟောလိဝုဒ်မှာတောင်လိုအပ်တာထက်အချိန်ကြာအောင်နုတ်ခမ်းစုပ်လို့မင်းသမီးနဲ့သူ့ယောကျာင်္းစကားများတာမှတ်သားဖူးပါတယ်။
kISsInG ဟာသူတို့ဆီမှာတောင်အဲ့လိုရှိရင်မြန်မာမှာလည်းအိမ်ထောင်ရေးပြဿနာတွေရှိလာနိုင်ပါတယ်။


မရိုက်ရဖူးမပြောပါဖူး +18 ရိုက်ပြချင်တယ်ဆိုရင်လည်းသီးသန့်ရိုက်ပါ၊ Don't care ပဲဆိုတဲ့မြန်မာအပြာမင်းသားမင်းသမီးတွေနဲ့ရိုက်ပါ၊
အားပေးဖို့အသင့်ပါ၊သာမန်အိမ်ထောင်ရေးနဲ့အချစ်ကားတွေမှာအရင်ကလိုပဲဟန်ပြလောက်ပဲမိသားစုအတူတူထိုင်ကြည့်လို့ရတဲ့အနေ
အထားလောက်ပဲရိုက်သင့်ပါတယ်။ဆင်ဆာတော်လှန်တာလား၊မြန်မာ့ယဉ်ကျေးမှုကိုတော်လှန်တာလားဒါရိုက်တာဝိုင်းနဲ့အခြားဒါရိုက်တာများ
လည်းရှင်းရှင်းလင်းလင်းရှိသင့်ပါတယ်။ဒီခေါက်ရိုးကျိုးသွားရင်နုတ်ခမ်းမစုပ်ချင်တဲ့သရုပ်ဆောင်တွေကိုဒါရိုက်တာတွေကကျဉ်ထားတာခံရတာ
တွေပါမလိုအပ်ပဲရှိလာနိုင်ပါတယ်။စားဝတ်နေရေးပါထိခိုက်နိုင်ပါတယ်၊
ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်မြန်မာ့ရုပ်ရှင်အစည်းအရုံးမှာမဲပေးရင်မှတ်တဲ့ဆိုင်းဘုတ်ရှိပါတယ်။

နူတ်ခမ်းစုပ်တာ၊ဖိုမဆက်ဆံခန်းရိုက်ပြတာ၊ပေါင်ပေါ်တင်ထိုင်ပြီးအနောက်ကဖက်ထားတာ၊ Available ဖြစ်သူများ။
===========================================================

ဆိုတဲ့ခေါင်းစဉ်အောက်မှာစာရင်းပေးထားတဲ့မင်းသားမင်းသမီးတွေကိုပဲ +18 အတွက်ဆက်သွယ်ပါ၊ကျန်တဲ့ Genaral ကားတွေပဲရိုက်ချင်တဲ့
မင်းသားမင်းသမီးတွေလဲအနှောက်အယှက်မဖြစ်တော့ဖူးပေါ့။
ဒါကတော့အရင်ကပို့စ်လေးပါ။
(ဖေချစ် ပြီးတော့ )....မြန်မာပြည်ပြန်မယ်...မင်းသားလုပ်မယ်...
အခုကတော့ရဲရင့်ငယ်လဲမင်းသားမလုပ်ချင်တော့ပါ၊

********************************************************************************************

သက်မွန်မြင့် နေရာတွင် အနမ်း ခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး သရုပ်ဆောင်မည်
__________________________________________________________________
Tuesday, January 01, 2013 အနုပညာသတင်း


နမ်း ရမည့် ဇတ်ဝင်ခန်း ကို မရိုက်နိုင်၍ နှုတ်ထွက် သွားသော သက်မွန်မြင့် နေရာတွင် အနမ်း ခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး
သရုပ်ဆောင်မည် နမ်း ရမည့် ဇတ်ဝင်ခန်းကို မရိုက်နိုင်သောကြောင့် နှုတ်ထွက်သွားသော သက်မွန်မြင့် နေရာတွင် အနမ်းခံလိုသော
ဖွေးဖွေး သရုပ်ဆောင်မည် ဟု သတင်းရရှိပါတယ်။ မင်္ဂလာဦးညမှာ နှစ်ယောက်သား ကုတင်ပေါ်မှာ အကျီချွတ်နှင့် စောင်ခြုံထားချိန်
ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြ မယ်လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။ အဲဒီနောက်မှာ
မင်းသမီးသက်မွန်မြင့် မှ ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်။ ကျန်တဲ့ နှုတ်ခမ်းချင်း နမ်းပြီး လျှာသပ်တာ၊ ကောင်လေး အကျီင်္ကို ဆွဲဖြဲပြီး
နှလုံးသားနေရာကို နမ်းတာ၊ အဲဒါတွေတော့ သက်မွန် မလုပ်နိုင်ဘူးလို့ ပြောခဲ့တဲ့ အကြောင်း ဂျာနယ်များမှ ဖော်ပြခဲ့ပါတယ်။ သက်မွန်မြင့်
မှ ပြင်းပြင်းထန်ထန် ငြင်းဆန်နေသဖြင့် ရုပ်ရှင်လောကတွင် ရက်ရော သည်ဟု နာမည်ထွက်နေသော ဖွေးဖွေးကို ဒါရိုက်တာ ဝိုင်းမှ
သက်မွန်မြင့်နေရာတွင် အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မ ကနှင်းဆီပါမောင်" ဇာတ်ကားကိုလည်း နေတိုးနဲ့
အတူ သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောတဲ့ ဖွေးဖွေး ကို ဒီဇာတ်ကားလေးကို ဘယ်လို ကြောင့် လက်ခံဖြစ်သွား လဲဆိုတာကို မေးကြည့်တော့..
"ဒီကားလေးက ဇာတ်လမ်း တအားကောင်းတယ်။ ဖွေးဖွေးလည်း လုပ်နိုင် တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက်
လည်း ဖြစ် တယ်။ ကိုဝိုင်းသာရိုက်မယ်ဆိုရင် တော့ လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည် တာလည်း ပါတယ်။ ဇာတ်လမ်းကိုလည်း ဖွေးဖွေးကြိုက်
တယ်" လို့ ပြောပါ တယ်။ ဒါရိုက်တာဝိုင်းကတော့ " ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင်
လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။" လို့ ဆိုပါတယ်။ ဆင်ဆာဌာန ဖြတ်သိမ်းပြီးနောက် မြန်မာ
ကားအများစုတွင် ၁၀ ကားထွက်လျှင် ၅ ကားမှာ သရဲ ကားဖြစ်နေပြီး ဇတ်လမ်းအများအပြားမှာ မိဘ နှင့် သားသမီး အတူ မကြည့်သင့်သော
လိင်အသားပေး ဇတ်လမ်းအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါရိုက်တာ ဝိုင်း ဆိုသည်မှာ အနုပညာ နယ်ပယ်က အဲဒီအခန်းဖြတ် ဆိုတဲ့
ဆုရ ဒါရိုက်တာကြီးနဲ့ အကယ်ဒမီ မင်းသမီးတို့က ဒီလို ယဉ်ကျေးမှုတွေ အကြောင်း ပြော ကာ လူသိများလာသူ တစ်ဦးဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု
ထိန်းသိမ်းလိုသူများကတော့ ဒါရိုက်တာဝိုင်း နှင့် မင်းသမီး ဖွေးဖွေး တို့ကို စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။


http://maruthura.blogspot.ca/2013/01/sexy.html

0 အကြံပြုခြင်း: