Thursday, April 18, 2013

ရပ်ကွက်တစ်ခုမှာ ချပေးထားတဲ့ ခွဲတမ်းက ၁၀ လုံး/လိုချင်သူက လူဦးရေ ရာကျော်ရှိ



Maung Maung Myint
လေလွင့်တာတွေ တွေးမိတာပါ..။

CDMA 800 Sim Card တွေ ရပ်ကွက်တွေမှာ ခွဲတမ်းအရ ချပေးပြီး မဲနှိုက်ရမယ် ဆိုပါတယ်.။ မှတ်ပုံတင် သန်းကောင်စာရင်း မိတ္တူတွေ တောင်းပါတယ်.။

ဒီကနေ့ တွေ့ခဲ့ သိခဲ့ရတဲ့ တောင်ဒဂုံ ရပ်ကွက်တစ်ခုမှာ ချပေးထားတဲ့ ခွဲတမ်းက ၁၀ လုံးပဲ ရှိပါတယ်.။
လိုချင်သူက လူဦးရေ ရာကျော်ရှိနေတယ်။

မဲနှိုက်မယ်ဆိုတော့လည်း ပေါက်လိုပေါက်ငြား ဝိုင်းတင်ကြမှာပါ...။ ပေါက်ပြီး မသုံးဖြစ်တော့လည်း ပြန်ရောင်းရင် ဝယ်မယ့်သူက ရှိနေတယ်။

ဒီတော့ တယ်လီဖုန်းတစ်လုံးအတွက် လျှောက်လွှာ ၂၀၀ ပဲ တင်ဖြစ်တယ်... လို့ ထားလိုက်ပါတော့။ လျှောက်လွှာ ၁၉၀ ကတော့ အလဟဿ ဖြစ်တော့မယ်။

တယ်လီဖုန်း Sim Card တစ်ခုအတွက် ( သီးသန့် လျှောက်လွှာမပါ) သန်းကောင်စာရင်း မိတ္တူအတွက် A4 စာရွက်တစ်ရွက်နှုန်း + မိတ္တူကူးခ နဲ့ စဉ်းစားမယ်ဆိုရင်..

တစ်ပြည်လုံး အတိုင်းအတာမှာ
လေလွင့်သွားတော့မယ့် A4 စာရွက်ပေါင်းဟာ (တယ်လီဖုန်းအလုံးရေ သုံးသိန်းခွဲ X ၂၀၀) - ၃၅၀၀၀၀ = ......(၆၉) သန်း ၆သိန်း လောက်ရှိနေတော့မယ်..

A4 စာရွက် သန်း၃၀ ကို ကျောင်းသုံး ဖတ်စာအုပ်ရိုက်ပြီး ဝေမယ်ဆိုရင်..

(A4 တစ်ရွက် = စာမျက်နှာ ၄မျက်နှာ။ စာတစ်အုပ် စာမျက်နှာ ၂၀၀ နှုန်းနဲ့ စဉ်းစားမယ်ဆိုရင် ကျောင်းသုံးစာအုပ် အနည်းဆုံး တစ်သန်းကျော်လောက် ရှိနိုင်တယ်)

လေလွင့်တာတွေ တွေးမိတာပါ..။
:(

1 အကြံပြုခြင်း:

Anonymous said...

၁၅၀၀ နဲ့ sim card ရဖို့ မှတ်ပုံတင်လောက်နဲ့ဆိုတော်သင့်ပြီ၊ သန်းခေါင်စာရင်းပါ တောင်းတာ ရပ်သင့်ပြီ။