Monday, May 20, 2013

စည်းစိမ် လေးမျိုးကို တစ်ခုပြီးတစ်ခု ခံစားရတယ်လို့ ပြောဆို

The Voice Weekly

Sunday, May 19, 2013 at 9:17am


ကျပ်သိန်းထောင်ချီပြီး အရက်ချက် စက်ရုံတွေကို ထူထောင်ကြပေမယ့် အရက်ချက်စက်ရုံက ထွက်တဲ့ ရေဆိုးတွေကို အဆင့်ဆင့် သန့်စင်ပြီးမှ စွန့်ထုတ်တာတွေ မလုပ်ဘဲ အလွယ်တကူ စွန့်ထုတ်ကြတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာတွေ သုံးမရအောင် ရေထုညစ်ညမ်းတာ တွေကို ဒေသခံတွေ ခံစားနေရတာပါ။


ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေက ဦးစားပေး ရွေးချယ်ကြတဲ့ လုပ်ငန်းတွေထဲမှာ အရက်ချက်စက်ရုံတွေက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း မြန်မာ့ရင်းနှီမြုပ်နှံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂ နှစ်တာကာလ အတွင်းမှာ ဘီယာစက်ရုံ ခြောက်ရုံနဲ့ စီးကရက်စက်ရုံ နှစ်ရုံ ခွင်ပြုခဲ့ပါတယ်။



ယမကာကြိုက်သူများ၏ လွတ်လပ်နယ်မြေလို့တောင် တင်စားရမယ့် ၁၉ လမ်းက စားသောက်ဆိုင်တွေမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စားပွဲထိုးအဖြစ် လုပ်ကိုင်နေကြတာ မမြင်ချင်အဆုံးပါ။ သူတို့နဲ့ရွယ်တူ တခြားကလေးတွေ ကတော့ မိဘရင်ခွင်မှာ အိပ်စက်နားနေချိန်၊ ပညာသင်ကြား နေရချိန်ပေါ့။


အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့်လား၊ တခြားရွေးချယ်စရာ အခွင့်အလမ်းတွေကို ကံကြမ္မာက မပေးခဲ့လို့လား။


ဆေးလိပ်၊ အရက်ကြောင့် တိုင်းပြည်ဘဏ္ဍာငွေ လို့ပဲပြောပြော၊ မိသားစုရဲ့အဓိကဝင်ငွေ အများကြီး သုံးစွဲလိုက်ရပေမယ့် ပြန်ရလိုက်တာကတော့ ပုလင်းခွံ ဘူးခွံတွေပါ။



မိဘတွေရဲ့ ခိုင်းစေချက်ကြောင့် တချို့ကလေးငယ်တွေမှာ အရက်ရောင်းပြီး အိမ်အတွက် ဝမ်းစာရှာဖွေ နေကြရတယ်။


မအိုဆေး ခေါ်ကြတဲ့အတိုင်း သောက်သုံးသူတွေ အတွက် ဘေးအန္တရာယ်ထိခိုက်မှု အနည်ဆုံးဖြစ်အောင် ထုတ်လုပ်ထားတာတွေ မဟုတ်သလို အစစ်နဲ့ခွဲမရအောင် ထုတ်ထားတဲ့ အတုတွေက နည်းပုံမှန်သောက်သုံးသူ တွေတောင် ရွေးရခက်နေပါတယ်



ပုံမှန်သောက်သုံးသူ အချို့ကတော့ ဆက်ရက်မင်းစည်းစိမ်၊ ဝက်မင်းစည်စိမ်၊ နဂါးမင်းစည်းစိမ်နဲ့ လဒမင်း စည်းစိမ် လေးမျိုးကို တစ်ခုပြီးတစ်ခု ခံစားရတယ်လို့ ပြောဆိုကြပေမယ့် သေချာပေါက် ရလဒ်ကတော့ ကျန်းမာရေးထိခိုက်တာ၊ စီးပွားရေး ကျဆင်းတာနဲ့ အထင်သေးခံရမှာတွေပါ။

0 အကြံပြုခြင်း: