Wednesday, May 29, 2013

ရန်ကုန် မြို့ ၁၀ လမ်း မှာ ရဲ များချထား


လားရှိုး သေမှုနောက်ဆက်တွဲ သတင်း
===================
ဘုန်းကြီး ဓားခုတ်ခံရတာ မဟုတ်ပါဘူး...ကုလားအုပ်ထဲကို ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်ကို ဓားနဲ့ ခုတ်တာ တစ်ယောက် သေပါတယ်..တစ်ယောက်က ပြင်းထန်စွာ ဒဏ်ရာ ရပါတယ်...။ ၁၀ ယောက်ဒဏ်ရာရတယ်ဆိုတာ မှန်ပါတယ်..အခု စစ်တပ်က လုံခြုံရေးယူနေပါပြီ။ ဖြစ်ပွားသည့် လိပ်စာအားမေးမြန်းနေပါသည်။ ကုလားများဘက်က သာ စပြီး မြန်မာဘက်က စတင်ခြင်းမရှိပါ။ ကုလားအုပ်ကြီး ဘုန်းကြီးကျောင်းကို ချီတက်လာမည်ဆိုသည့် သတင်းများကြောင့် လုံခြုံရေးကို တိုးချထားကြောင်း သိရပါသည်။
_______________________________


ရန်ကုန် မြို့ ၁၀ လမ်း မှာ ရဲ များချထား
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ရန်ကုန် မြို့ ၁၀ လမ်း မှာ ရှိတဲ့ မွတ်စလင် လုပ်ငန်းရှင် တစ်ယောက် က
သူ့ အလုပ်သမ တစ်ယောက် ကို အဓ္ဓမ ပြုကျင့် တဲ့ အတွက်
အလုပ်သမ ရဲ့ ရပ်ကွက် ထဲ မှ လူများ လိုက်လာကာ အိမ်ကို ဝိုင်းထား ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C) ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)


Ye Htut
လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်

မေ ၂၈ ရက်နေ့ ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း ( ၂၄) နှစ်ကို ကျိုင်းတုံကနေ ရောက်ရှိ နေထိုင်နေတဲ့ နေ၀င်း (၄၈) နှစ်က ဓာတ်ဆီနဲ့ ပတ်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

နေ၀င်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေးပြား နှစ်ပြားပါတွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့်အရေးယူခဲ့ပါတယ်။

ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ ၈၀ ခန့် အမှတ် ၁ ရဲစခန်းရှေ့ကိုရောက် လာတဲ့ အတွက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖျောင်းဖျလူစုခွဲခဲ့ပါတယ်။

ည ၁၉၂၀ နာရီမှာ ပြည်နယ် ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့က ခုံအချို့ ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှုစဖြစ်ပါတယ်။ ၁၉၂၅ မှာ ရပ်ကွက် ၃ က ဘာသာရေး အဆောက် အဦကို စတင်ဖျက်ဆီးမီးရှို့ပါတယ်။ ၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များရောက်ရှိပြီး လူစုခွဲခြင်း၊ မီးသတ် နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်းများပြုလုပ်ပါတယ်။

ည ၈ နာရီမှာ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ကြာနီကန်လမ်းထောင့်ရှိ မိဘမဲ့ ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားရှိ ဆိုင်ခန်းများ ကို တိုက်ခိုက်ဖျက်ဆီးမှုဖြစ်ပါတယ်။ ၂၀၃၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့များက အဲဒီအဖွဲ့များကို တားဆီးလူစုခွဲခဲ့ပါတယ်။ ည ၂၃၃၀ မှာ မီးအားလုံးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

ယခုအချိန်ထိ လူထိခိုက်သေဆုံးတဲ့သတင်းမရရှိသေးပါဘူး။

လားရှိုးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးတပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများက နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်။

Ye Htut
ရာဇ၀တ်မှု၊ အငြင်းပွားမှုဆိုတာကတော့ ဘာသာတူချင်းဖြစ်သလို ဘာသာမတူတဲ့ လူတွေကြားမှာလည်း ဖြစ်ပွား နေကြတာပါပဲ။ ပြောရရင် ဘာသာတူချင်းကြားမှာ ဖြစ်တဲ့ ရာဇ၀တ်မှုနဲ့ အငြင်းပွားမှုက အရေအတွက်ပိုများမယ်ထင်ပါတယ်။

ဒါပေမယ့် ဘာသာမတူသူချင်းကြား ရာဇ၀တ်မှု ဒါမှမဟုတ် အငြင်းပွားမှုတစ်ခုဖြစ်တာနဲ့ ဒါကို ဘာသာရေး၊ လူမျိုးရေးရှုထောင့်ကနေ ချဉ်းကပ်ပြီး အကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်တာက တော့ အစွန်းရောက်သွားပြီဖြစ်ပါတယ်။

အခုလိုပျက်စီးမှုတွေမြင်ရတဲ့အခါ ဖျက်ဆီးခဲ့သူတွေအနေနဲ့ ၊ မိမိချစ်ခင်မြတ်နိုးတဲ့ နိုင်ငံ၊ မိမိရိုသေကိုးကွယ်တဲ့ဘာသာအတွက် နိုင်ငံတကာအမြင်မှာ ဂုဏ်တင့်အောင်လုပ်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်နိုင်၊ ဂုဏ်ယူနိုင်ပါ့မလား။

လားရှိုးသတင်းယူနေသည့် အလွတ်သတင်းသမား ၂ ဦး တိုက်ခိုက်ခံရ

နန်းမြနဒီ-DVB - ၂၉ မေ ၂၀၁၃


လားရှိုးမြို့ မီးရှို့မှုတွေနဲ့ ပဋိပက္ခတွေအကြောင်း လိုက်လံသတင်းရိုက်ယူနေတဲ့ အိုင်စီဂျေ အလွတ်သတင်းသမား ၂ ဦးကို ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက လာရောက် ရိုက်နှက်သွားတဲ့အတွက် ဦးခေါင်းနဲ့နောက်ကျောဘက်တွေမှာ ဒဏ်ရာရ သွားပါတယ်။

လားရှိုးမြို့ (၇) ရပ်ကွက် အနီးနားမှာ စားသောက်ဆိုင်တခုကို ဖျက်ဆီးနေတဲ့ သတင်းယူနေစဉ် ဒီကနေ့ညနေပိုင်းက အရိုက်ခံရ တာဖြစ်ပါတယ်။

အရိုက်ခံရတဲ့ အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။” လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

လားရှိုးမြို့မှာ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် အခြေအနေက ဆိုးဝါးနေဆဲပဲလို့ ဆိုပါတယ်။

“လူအုပ်ကြီးက ဆိုင်ကယ်တွေ၊ ကားတွေ၊ သုံးဘီးတွေနဲ့ သွားနေတော့ ဒီဘက်မှာ လုံခြုံရေးချလိုက်ရင် ဟိုဘက်ကို သွားတယ်။ ဟိုဘက်မှာ လုံခြုံရေး ချလိုက်ရင် ဒီဘက်ကိုသွားတယ်။ ဟိုရွှေ့လိုက်ဒီရွှေ့လိုက် ဖြစ်နေတယ်။”

မနေ့ညနေက အမျိုးသမီးတဦး ဓာတ်ဆီလောင်းမီးရှို့ခံရမှုကစခဲ့တဲ့ ပဋိပက္ခဟာ ညက ဘာသာရေးအဆောက်အဦ နဲ့ စာသင်ကျောင်း မီးရှိ့ခံခဲ့ရပြီး ဒီကနေ့ ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေအပါအ၀င် အဆောက်အဦတွေကို လိုက်လံမီးရှိ့မှုတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။ လားရှိုးမြို့မှာ သတင်းလိုက်နေတဲ့ တခြားသတင်းဌာနတွေက သတင်းထောက်တွေ တိုက်ခိုက်ခံရတဲ့သတင်းကတော့ မကြားသိ ရသေးပါဘူး။

လားရှိုးမြို့ အခြေအနေ မေလ ၂၉ ရက် မြန်မာစံတော်ချိန် ညနေ ၇ နာရီ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် ပြောကြားချက်

"ညနေ နှစ်နာရီကျော်မှ လားရှိုးမြို့ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ကနဦး သတင်းအများအရ ဒဏ်ရာရရှိသူ လေးဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း သိရှိရပါတယ်။ ပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီးလည်း လားရှိုးမြို့ ကို ရောက်ရှိနေပါတယ်။ ရဲတပ်ဖွဲ့ကလည်း သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။"

Sanay Ninetwofive
အဓိကရုဏ်း ကိုင်တယ်ဖြေရှင်းပုံကို သိချင်၊ လေ့လာချင်လို့ ကင်မရာလေးဌားပြီး၊ လားရှိုးမြိုကို ထွက်လာခဲ့တယ် (ကိုယ်စရိတ်ကိုယ်စား) ပေါ့ဗျာ ၊ တွေ့လိုက်ရတဲ့မြင်ကွင်းတွေ က အားရစရာ တစက်ကလေးမှ မရှိဘူး.........။ လက်ထဲမှာ သေနတ်တွေကိုင်ထားတဲ့ စစ်တပ်နဲ့ ရဲက လမ်းပေါ် ဓါးတရမ်းရမ်း တုတ်တရမ်းရမ်း ဆိုင်ကယ်တဝီဝီသွားလာနေတဲ့ လူရမ်းကား ၅၀ယောက် တအုပ်၊
၂၀ ယောက်လောက်တစ်အုပ် အုပ်စုလိုက် အုပ်စုလိုက် ရမ်းကားနေတဲ့ အကြမ်းဖက် လူရမ်းကားလို့ပဲ ခေါင်းစဉ်တပ်လိုက်တော့မယ် ဒီကောင်တွေက အမျိုးဘာသာကို ကာကွယ်တာမှမဟုတ်တာ လမ်းပေါ်ထွက် ရမ်းကားနေတာပဲ လူရမ်းကားပေါ့ဗျာ ...။ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ် ..၊ အဲ့ဒီလိုကောင်တွေကို ဘာလို့ မတားဆီး ၊ မဟန့်တားတာလဲ လက်ထဲကိုင်ထားတဲ့ သေနတ်တွေမှ အားမနာဗှာ ဘာလဲ ကျည်ဆံမရှိလို့လား မဖြစ်နိုင်ပါဘူး..။
ဒီအတိုင်းရပ်ကြည့်နေတယ် ဒီလိုသာရပ်ကြည့်နေရင် ကြာလာရင်တော့ လားရှိုးလည်း ဒုတိယ မိတ္ထီလာဖြစ်မှာ မြေကြီးလက်ခတ်မလွှဲပဲ....။ တပ်အင်အား၊ ရဲအင်အား ကျွန်တော့် အမြင်ပြောရရင် အတော်များပါတယ် ဒက်ဗယ်ကတ် ကားတွေနဲ့ လယ်စီး အနီတွေနဲ့တော့ လှည့်ပတ်နေတာပဲ ၊ လုံခြုံရေး ဆောင်ရွက်တဲ့ အာဏာပိုင်တွေကလည်းပတ်တယ် .. ၊ အကြမ်းဖက်ဖျက်စီးနေတဲ့ လူငယ်တွေကလည်း လျှောက်ပတ်သွားနေတာပဲ ..။ ဒါပေမဲ့ မင်းမဲ့စ၇ိုက်ဆန်ဆန် သွားလာနေတဲ့ လူရမ်းကာလူငယ်တွေ (မူယစ်ဆေးဝါးများလည်းသုံးစွဲထားနိုင်ခြေများ၏) ကို ဘယ်လုံခြုံရေးမှ ထိထိရောက်ရောက်တားဆီး ၊ဖမ်းဆီးတာမရှိသေးဘူး၊ မကြားမိသေးဘူး..။ ဒါဟာ မြို့အတွက် လုံခြုံရေး စိတ်ချ၇တဲ့ အခြေအနေ မဟုတ်သေးဘူး ၁၄၄ ထုတ်တယ်ပြောတယ် ၊ဒါပေမဲ့ ကျွန်တော်က ဆေးရုံရှေ့မှာ လုံခြုံရေးတာဝန်ယူဆောင်ရွက်နေတဲ့ တပ်မတော်က ဗိုလ်မှူး တစ်ဦးကို မေးမြန်းကြည့်တော့ သူကလည်း ၁၄၄ ထုတ်သလား ? မထုတ်သလား? တောင် သေချာမပြောနိုင်ဘူး ဒါဟာဘာသဘောလဲ..? မဖြစ်သင့်ဘူးလေ သူ့လို ဗိုလ်မှူးအဆင့်ကြီးနဲ့ ကျွန်တော့်လို ပြည်သူတစ်ယောက်ကိုရှင်းမပြနိုင်တာ အလုပ်မဟုတ်သေးဘူးလေ..။ ဒါဟာ ကိုယ်လုပ်ကိုင်နေရတဲ့ အလုပ်တာဝန်မသိတာနဲ့ အတူတူ ပဲလို့
ကျွန်တော် တွေးမြင်မိပါတယ်။ ကြည့်ရတာ သူတို့ လည်း ၊ ဘာလုပ်လို့ ဘာကိုင်ရမလဲ ဆိုတာကို မဝေခွဲနီုင်သေးဘူးထင်ပါ၏.။ ဒီလိုသာ နဝေတိမ်တောင် လုပ်နေရင် မြို့ပျက်လိမ့်မယ်ထင်တယ်ဗျာ..။
ကုလားတွေနဲ့ တရုတ်လူမျိုးတွေကတော့ သူတို့အိုးအိမ်တွေကို ပစ်ထားပြီး ဘေးလွတ်ရာအရပ်ဒေသသို့ ပြောင်းရွှေ့သွားကြတယ်လို့တော့ ကျွန်တော်ဌားစီးတဲ့ သုံးဘီးဆိုင်ကယ် သမားလေးကပြောပြလို့ သိခဲ့ရတယ်....။ မြို့ထဲမှာရှိတဲ့ ရှမ်း၊ ဗမာ အချို့ကတော့ အလွန်အင်မတန်စိုးရိမ်နေကြပါတယ်..။ နောက်တစ်ခုက သတင်းလိုက်ယူနေတဲ့ သတင်းသမား အချို့ကိုတော့ အကြမ်းဖက်လူငယ်တစုက ရိုက်နှက်လိုက်ကြပါတယ် ။ ဒါကိုအရိုက်ခံရတဲ့ ကိုခွန်ဇော်ဦးနဲ့ ကျွန်တော် တွေ့ဆုံစဉ် ၄င်းမှပြောပြသဖြင့်သိရှိခဲ့ရပါတယ် ၊ ကိုခွန်ဇော်ဥိးနှင့် ၄င်း၏ အဖော်မှာ သံတုတ်များနှင့်နောက်ကျောများကိုရိုက်နှက်ခံရပါတယ် ကိုခွန်ဦး၏ဦးခေါင်းမှာလဲ ပေါက်ပြဲဓဏ်ရာရရှိလျှက်ရှိနေပြီး ဒဏ်ရာမှာ ကျွန်တော်ကြည့်နေစဉ် သွေးတိတ်လျှက်ရှိပြီး ခန့်မှန်းခြေ ၃ ချက်လောက်တော့အချုပ်ခံရနိုင်ပါတယ်..။
ကိုခွန်ဇော်ဦးမှာ ဒဏ်ရာရနေသည့်ကြားမှ သတင်းဆက်လက်လိုက်ယူလျှက်ရှိနေပါတယ်..။
အခုဖြစ်စဉ်တွင် ကျွန်တော် စုံစမ်းသိရှိရသလောက် ဒဏ်ရာရသူ (၄)ဦး လားရှိုးပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိလျှက်ရှိပြီး ။ ၃ ဦးမှာ ပြင်ပ ထိခိုက်ဒဏ်ရာရရှိလျှက် (မစိုးရိမ်ရ)
ကျန်တစ်ဦး၏ ဒဏ်ရာအခြေအနေမှာ အနည်းငယ်စိုးရိမ်ရပါသည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခုချိန်များတွင် သေါးထိုးလှုံ့ဆော်သူများသည် မိမိတို့ ရပ်ကွက် ပတ်ဝန်းကျင်တွင် ရှိနေနိုင်ပါသည်..။
အချို့ လှုံ့ဆော်သူများမှာလည်း အွန်လိုင်းမှ နည်းလမ်းအမျိုးမျိုးနှင့် သွေးထိုးလျှက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ခင်ဗျားတို့ ကျွန်တော် တို့ အါန်လိုင်းပေါ်တွင် တတ်လာသော သတင်းများကို စဉ်းစားချင့်ချိန်ပြီးမှ ယုံကြပါရန်ကျွန်တော်မှတိုက်တွန်းအပ်ပါသည်..................................။
အကြမ်းဖက်လူတစ်စုကို တပ်နှင့် ရဲ မှ ပူးပေါင်းလျှက် အမြန်ဆုံး သုတ်သင်ရှင်းလင်းနိုင်ပါစေဟုဆုတောင်းရင် ကျွန်တော်၏ လားရှိုးမြို့ ပဋိပက္ခ အား အာဏာပိုင်များမှ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းပုံကို လေ့လာရင်း ကျွန်တော်၏ထင်မြင်ယူဆချက်များအား သူငယ်ချင်းတို့ထံမျှဝေလိုက်ပါတယ် ........................။

ခွန် ဒီးယမ်
15 hours ago

ကယားပြည်နယ် မော်ချီးသတ္တုတွင်း ဒေသတွင် သတ္တုတွင်းလုပ်သားများနှင့် အစ္စလာမ်ဘာသာဝင်များ ပဋိပက္ခ ဖြစ်ပွားပြီး မူဆလင်နေအိမ်ဆိုင်ခန်းများ ဖျက်စီးခံရ
..........................................................................................................
မေ ၂၇ ၊ လွိုင်ကော်

မေလ ၂၇ ၇က်နေ့က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီး သတ္တုတွင်းဒေသတွင် သတ္တုတွင်းလုပ်သား အချို့နှင့် မော်ချီးဒေသတွင် လာရောက်ဈေးရောင်းချနေထိုင်သော အစ္စလာမ်ဘာသာဝင်များ ပဋိပက္ခ ဖြစ်ပွား မှုကြောင့် အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်နှင့် ဈေးဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၆ ရက်နေ့ည ၁၀ နာရီခန့်တွင် မော်ချီးကျေးရွာအုပ်စု၊ ဇီးပင်ကွေ့ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင် ဒေါ်နီလာ(ခ)ဟာလာဂျီ ပိုင် ရွှေတော်ဝင် ကုန်စုံဆိုင်တွင် ဈေးလာရောက် ၀ယ်ယူသော ခဲကျင်း လုပ်သား(၂)ဦးနှင့် ဆိုင်ပိုင်ရှင် ဒေါ်နီလာတို့ စကားအချေအတင်ဖြစ်ပွားရာမှ စတင်ခဲ့ကြောင်း သိရှိရသည်။ မေ ၂၇ ရက် နံနက် ၇နာရီ ခွဲ ခန့်တွင် ဒေါ်နီလာ၏ ဆိုင်အနီးတွင် ဇီးပင်ကွေ့ရွာရှိ လူငယ်(၅၀)ဦးခန့်မှ တုတ်၊ဓားများကိုင်ဆောင်ပြီး စုဝေး လာရာမှ လူ(၃၀၀)ဦးခန့်ဖြစ်လာပြီး နံနက် ၁၀ နာရီတွင် ဒေါ်နီလာပိုင် ရွှေတော်ဝင် ကုန်စုံဆိုင်အား ၀င်ရောက် ဖျက်ဆီးခဲ့သည်။

ရွှေတော်ဝင် ကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်သန်း၊ ဒေါ်နီလာ မိသားစုမှာ တိမ်းရှောင်သွားခဲ့ပြီးနောက် လူစုလူဝေးသည် မူဆလင်အများစုနေထိုင်ရာ မော်ချီးအောက်ရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ အောင်ချမ်းသာရပ်ကွက်၊ ရွှေဥဒေါင်းရပ်ကွက်များရှိ မူဆလင်ဆိုင်များအား ဖျက်ဆီးခဲ့ပြီး မော်ချီးအောက်ရွာရှိ မူဆလင်နေအိမ်အချို့အား ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းများအား မီးရှို့ခဲ့ကြသည်။ အစ္စလာမ်အများစုမှာ နီးစပ်ရာ ကရင်ကျေးရွာများအတွင်းသို့ တိမ်းရှောင်သွားကြကြောင်း သိရသည်။
နံနက် ၁၂ နာရီ ခွဲခန့်တွင် မော်ချီးဒေသခံ ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(ကမစည)နှင့်နယ်မြေခံရဲတို့မှ ၀င်ရောက်ထိမ်းသိမ်းပေးခဲ့သဖြင့် လူစုကွဲသွားခဲ့ကြောင်းသိရသည်။
ပဋိပက္ခစတင်ဖြစ်ပွားရာ ဇီးပင်ကွေ့ရပ်ကွက်သည် ကျောက်ပန်းတောင်း၊ မိတ္ထီလာဒေသမှ ဗုဒ္ဒဘာသာ ၀င် ဗမာလူမျိုး အများစုနေထိုင်ရာဖြစ်ပြီး အဆိုပါရပ်ကွက်တွင် ဒေါ်နီလာ၏ အစ္စလာမ်ဘာသာဝင်ဆိုင် တစ်ဆိုင်သာရှိပြီး ယခင်ကတည်းက မကျေလည်မှုများ ရှိနေကြောင်းသိရသည်။

မော်ချီးသတ္တုမိုင်းသည် ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဦးပိုင်လီမိတက်မှ တဆင့် ကန်ထရိုက်ဖြင့် ရဲထွဋ်ကျော် ကုမ္မဏီမှ ငှားရမ်းလုပ်ကိုင်နေပြီး မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်ခဲတူးဖော်သူ များဖြင့် လူဦးရေထူထပ်များလာသော ဒေသဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များမှာ လွိုင်ကော်၊ သာစည်ဒေသများမှ မော်ချီးဒေသတွင် ဈေးရောင်းခြင်း၊ သတ္တုမှောင်ခိုဝယ်ယူခြင်းများ လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
မေ ၂၈ ညနေပိုင်းတွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မော်ချီးဒေသရှိ အစ္စလာမ်ဘာသာဝင်များ အား လုံခြုံရေးများဖြင့် လွိုင်ကော်မြို့သို့ ပြောင်းရွေ့ပေးလျက်ရှိကြောင်း သိရသည်။

ခက်ဇော်(လွိုင်ကော်)


ကုလားတွေ ဘာလို့သူတို့အိမ်ကိုပြန်မီးရှိုးနေတာလဲ
>>>>>>>>>>>>><<<<<<<<<<<<<
လားရှိုးကိစ္စဟာ တကယ်တော့ ဗလီနားက မူဆလင်ဆိုင်တွေက ကိုယ့်ဆိုင်ကိုယ် ဓာတ်ဆီလောင်းမီးရှို့တာပါဆိုတာ လားရှိုးက မိတ်ဆွေတစ်ယောက်က အခုတင်ဖုန်းဆက်ပြောပါတယ်။ အဲဒိမိတ်ဆွေက မူဆလင်ပါ။ .... သူကဆက်ပြောပါတယ် မြို့နယ်တိုင်းမြို့နယ်တိုင်းမှာ ဗလီဆရာတွေက မူဆလင်တွေအကုန်လုံးကို အိမ်တန်ဖိုးနဲ့ ပစ္စည်းစာရင်းလိုက်ကောက်ထားပါတယ်တဲ့ .... အဲဒိစာရင်းတွေကို ရန်ကုန်ကနေတဆင့် ဆော်ဒီကသူဌေးဆီကိုပို့တယ်တဲ့ ...

မူဆလင်ကိစ္စပြဿနာဖြစ်တာနဲ့ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ထွက်သာပြေးပြီးရင် ဗလီဆရာဆီမှာ စာရင်းပေးထားတဲ့အတိုင်း အိမ်တန်ဖိုးငွေပြန်ထုတ်ယူရတယ်တဲ့ .... အခုတော့ ဆော်ဒီကသူဌေးဆီကို စာရင်းလိမ်တင်တဲ့လူတွေများပြီး ဥက္ကံမှာလို ပြဿနာမဖြစ်ခင် အိမ်မီးရှို့ဖို့ ကြိုလုပ် ငွေထုတ်တာတွေကော၊ တကယ်မီးမရှို့ပဲ မီးရှို့စာရင်းပြပြီး ငွေထုတ်တာတွေကော ရှုပ်နေလို့ ဆော်ဒီသူငေဌးက ငွေထုတ်ပေးတာ ခဏရပ်ထားတယ်တဲ့။ .... အခုလားရှို့ဗလီနားက ကိုယ့်ဖာသာကိုယ် မီးရှို့လိုက်တဲ့ဆိုင်ခန်းတွေက လူတွေ ဗလီဆရာဆီမှာ ငွေသွားတောင်းတော့မှ ဆော်ဒီသူဌေးက ဒီလိုရပ်နေတယ်ဆိုတာ သိရတာတဲ့။ ... ဒီလူတွေငွေပြန်ရဖို့မသေချာဘူးတဲ့။...
____________________________
Sai Khant Maung ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

အိုးဝေအောင် အိုးဘားမား
ရှမ်းပြည်နယ်ကို ဒုတိယ ရခိုင်ပြည်နယ်အဖြစ် ခိုးဝင်ဘင်္ဂလီများက ပစ်မှတ်ထား အခြေချနေကြောင်း ရှမ်းမိတ်ဆွေတဦးက သုံးသပ်ပြောကြားလာပါတယ်။ရှမ်းတွေဟာ သဘောထားကြီးလွန်လွန်းပြီး သည်းခံစိတ်အားကြီးတာကို အခွင့်ကောင်းရယူကာ ရခိုင်နယ်စပ်မှ ခိုးဝင်ဘင်္ဂလီများ ၀င်လာမစဲ တသဲသဲ အခြေချ နေလာကြကြောင်း စိုးရိမ်စိတ်နဲ့  ပြောပြလာပါတယ် ။နောက်တခု ထပ်စိုးရိမ်ရတာက ရှမ်းနယ်စပ် တရုတ်နိုင်ငံထဲကတဆင့် တရုတ်မူစလင်(ပန်းသေး)တွေဟာ ရှမ်းပြည်ထဲ ခိုးဝင်ပြီး စီးပွားရှာ အခြေချနေကြတာ ကိုပါ။ပန်းသေးတွေ အခြေချနေထိုင်လာတာ ကြာပြီဖြစ်ကြောင်း၊အသားအရေအားဖြင့် ဖြူတာခြင်း ရှမ်းတိုင်းရင်းသားတွေနဲ့ တူတာကြောင့် ဆာရီမခြုံတဲ့ ပန်းသေးမူစလင်မတွေဟာ ရှမ်းမတွေ ပမာ ပုံမှားရိုက် နေထိုင်ကြတာ ဖြစ်ကြောင်း၊ရှင်းပြပါတယ်။ ထိုင်း၊မလေးရှားက တဆင့် တတိယနိုင်ငံရောက်သွားတဲ့ မြန်မာစကားပြောတဲ့ ခိုးဝင်ဘင်္ဂလီမျိုးနွယ်စု အသားမည်း ကုလားတွေဟာ သူတို့ အသားမည်းချင်း ယူတာနဲ့ အားမရဘဲ..အသားဖြူတဲ့ မူစလင် ပန်းသေးတွေကို ယူချင်ရင် ရှမ်းပြည်နယ်ကို သွားရောက်ကြ လို့  အချင်းချင်း လက်တို့ ကြပြီး..တတိယနိုင်ငံမှာ နိုင်ငံသားဖြစ်ပြီးသူ မူစလင်တွေဟာ ရှမ်းပြည်က ပန်းသေးမတွေကို ဗလီဆရာတွေနဲ့ တိုင်ပင်ကာ လက်ထပ်ပြီး နိုင်ငံခြားကို ခေါ်ဆောင်ကာ အသားဖြူ မူစလင်မကို ယူနိုင်ကြောင်း ဂုဏ်ယူဝံ့ကြွားကြကြောင်း သိရှိရပါတယ်။


မလေး အိမ့်ချမ်းမြေ့
♫ ♥●••·˙It's not about religion, it's about love (ရဲတိုက်) ·••●♥♫
ဘယ်ဘာသာ ကိုးကွယ်တယ်လို့ မပြောနိုင်တာနဲ့ ဒီ society ထဲမှာ ရပ်တည်ခွင့် မရှိတော့ဘူးလား။
ပြည်သူ့ရဲအချို့ရဲ့ အတွေးအခေါ် (intellectual capacity) ဟာ ဒီလောက်ပဲ ရှိပါသလား။

2 အကြံပြုခြင်း:

Anonymous said...

ကိစ္စတိုင်းမှာ ခင်ဗျားတို့ မူဆလင်ကုလားတွေဟာပြဿနာမဖြစ်ဖြစ်အေါင် စပြီးစော်ကားတာပါ၊မခံမရပ်နိုင်လောက်အောင်စော်ကားလာကြလို့ မြန်မာတွေက ပြန်လုပ်တော့မှ ကမ္ဘာလှည့်ပြီး ပလီကြ၊ မျက်ရည်ကျပြကြနဲ့လုပ်ကြပြန်ရော။ ဧည့်သည်ကအိမ်ရှင်ကို အနိုင်ကျင့်ဗိုလ်ကျဖို့ကြိုးစားရုံမက အိမ်ရှင်ကို အိမ်ပေါ်ကနှင်ချဖို့လုပ်နေတာကို ဘယ်သူသည်းခံနိုင်တော့မှာလဲ။

Anonymous said...

ဘယ်ဘာသာကိုကိုးကွယ်တယ်လို့တောင်မှမပြောနိုင်ဘဲ
သူကဘာကြောင့်ဘာသာရေးနယ်မြေထဲကိုဘာသာရေးကို
စိတ်မ၀င်စားဘဲနဲ့ဝင်သွားတာလဲ။ သူဝင်သွားတဲ့နေရာကပန်းခြံတို့ hotelတို့မဟုတ်ဘူး။ သူ့
နေရာရောက်ရင်သူ့စည်းကမ်းကိုလေးစားပါ။