Monday, June 3, 2013

"မူးယစ်ရမ်းကားတဲ့ ပြည်ထောင်စုဝန်ကြီးသား ၀န်ချတောင်းပန်လိုက်ပြီ"


ThanLarWaddy Times

=======================================
(1-6-2013)ညပိုင်းက ကျူးလွန်ခဲ့မိသော ရမ်းကားမှုတစ်ရပ်အား စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး(ပြည်ထောင်စု)၀န်ကြီး၏သား၊ စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင်ဇေယျာရွှေမြေဘောလုံးကလပ်အသင်း ဥက္က-သူရိန် ဆိုသူက ယနေ့(3-6-2013)နေ့ညနေ(၅)နာရီခန့်က ဦးတင်အေး နှင့် သားဖြစ်သူ မောင်လိမ္မာဖြိုး တို့၏နေအိမ်သို့ လာရောက်ကာ မိမိမှားပါကြောင်း အမှုမဖွင့်ဘဲကျေအေးပေးနိုင်ပါရန် ၀န်ချတောင်းပန်ခြင်း များ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
"ညနေ(၅)နာရီလောက်မှာပါ ဦးတင်အေး ရဲ့ အိမ်ကို ကားနဲ့လာပြီးတောင်း ပန်တယ်။သူမှားသွားတယ်ဆိုတဲ့အကြောင်း နောက်နောင်ဒါမျိုးမဖြစ်စေရပါ ဘူး အမှုဖွင့်တိုင်ကြားတာတွေလည်း မလုပ်ဖို့ ပြောဆိုပြီး တောင်းပန်သွားပါ တယ်။ သူငေါက်လွတ် ဆဲလွတ်တဲ့ ရဲအရာရှိကိုတော့ ကိုယ်တိုင်ကိုယ်ကျ သွားပြီးမတောင်းပန်ဘဲ ဖုန်းဆက်ပြီးတော့ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်" လို့ ဦးတင်အေး မိသားစုနှင့် နီစပ်သူတစ်ဦးကဆိုပါတယ်။

1 အကြံပြုခြင်း:

Kyakuli Aung Din said...

ဂုဏ်ယူပါတယ်အမှားကိုဝန်ခံရဲတာ
ပြည်ထောင်စုဝန်ကြီးဦးမြတ်ဟိန်းကတော့သားကကားတိုက်မူ့နဲ့လူသေတာယောက်ဖကပြည်ပလူလွတ်ပြီးမတရားအပေါင်ယူတာကျောက်တံတားရဲစခန်းနဲ့ပေါင်းပြီးလိမ်လည်အမူ့ဖွင့်တာတွေကိုမသိချင်ယောင်ဆောင်ပြီးဆက်သွယ်ရေးဝန်ကြီးဌာနကိုခုချိန်ကစပြီးဖျက်ဆီးအုန်းမှာရင်လေးပါတယ်
ဒီအဖြစ်အျက်တွေကိုမီဒီယာတွေအနေနဲ့စုံစမ်းကြည့်သင်ပါတယ်