နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်ကဒီနေ့ နေ့လည်မှာ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ် ကြီးကို တွေ့ဆုံပြီး မြန်မာနိုင်ငံသားများတိုက်ခိုက်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူ ပေးဖို့၊ မြန်မာနိုင်ငံသားများရဲ့ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးဖို့ သတိ ထောက်လွှာပေးအပ်ခဲ့ပါတယ်။
မလေးရှားမှာ ရှိတဲ့ မြန်မာသံအမတ်ကြီးကလည်း မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားများ လုံခြုံရေးနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကို သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။


0 အကြံပြုခြင်း:
Post a Comment