Wednesday, July 31, 2013

လွှတ်တော် အ ဆောက် အဦးထဲမှာရှိတဲ့ မြန်မာ့ ဆွမ်းအုပ်


လွှတ်တော် ဧည့်ခန်းမ ဆောင် မှာ ရှိ တဲ့ ကျောက် စိမ်း တိုင် များ

မြန်မာ နိုင် ငံ ထွက် သစ်မျိုးစုံ ကို တမျိုးစီ နမူနာ ပြထားတဲ့ နံရံ ကြီးပါ။


မြန်မာလွှတ်တော်က အစိုးရ၏ အုပ် ချုပ် ရေးကဏ္ဍအား စောင့်ကြည့် ထိန်းကျောင်းရန် ( TO OVERSIGHT) ကြံရွယ်နေပြီလော။ လွှတ်တော်တွင်း PARLIAMENTARY FUNCTION OF OVERSIGHT စာစောင်ဖြန့်ဝေခြင်း

B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း ***




ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်
http://satekuupuyar.blogspot.ca/2013/02/b-c.html

ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ပြီး တစ်ဦးပျောက်ဆုံး



The Voice Weekly

မော်လမြိုင်၊ ဇူလိုင် ၃၀

မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ၂၀ ကျော် နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှု မြင့်မားခြင်းကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ မြစ်ရေကြီးခြင်းနှင့် တောင်ကျ ချောင်းရေလျှံခြင်းများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်အထိ ရေပြန်ကျခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

ရေကြီးမှုကြောင့် ဒေါက်ရပ်ကျေးရွာ မှ အသက် ၃၂နှစ် အရွယ်ရှိ ဦးသိန်းစိုးပျောက်ဆုံးလျက် ရှိကြောင်း ရေဘေး ဒုက္ခသည် ဒေါ်မြကြည်က ပြောကြားသည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၄၇၆ လုံး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများ ၁၈ ခု ဖွင့်လှစ်ထားရကြောင်း၊ ယင်းကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်ဒုက္ခသည် ၁၈၉၅ ဦးရှိကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းက ရှင်းပြသည်။

ယင်းရေကြီးမှုကြောင့် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် အိမ်ခြေ ၂၀၀ နီးပါး နစ်မြုပ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေါက်ရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အေးက ပြောကြားသည်။

"ရေသံကြားလို့ အောက် ငုံ့ကြည့်လိုက်တော့ ရေတွေက တက်လာပြီ။ ကျွန်မ မြေးနှစ်ယောက်ကို ဆွဲပြီး ဘုန်းကြီး ကျောင်းကို ထွက်ပြေးတယ်။ ရေတက်တာ တအားမြန်တော့ ခဏလေးပဲ။ ရင်ဘတ်ထိ ရေတွေ ရောက်လာတယ်" ဟု ရေဘေး ဒုက္ခသည်စခန်းမှ ဒေါ်မြကြည်က ရှင်းပြသည်။

အဆိုပါ ရေလွှမ်းမှုများကြောင့် ဘီးလင်းမြို့နယ်ရှိ လယ်ဧက ၄၀၀၀ ကျော် ရေနစ်မြုပ်နေကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းဆိုသည်။

ယင်းရေလွှမ်းမိုးမှု ကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ ပေါ်တွင် ရေမျက်နှာပြင် ငါးပေကျော် မြင့်တက်လာသဖြင့် ခရီးသည်ယာဉ် အစီး ၅၀၀ ကျော် သည် ၂၄ နာရီကြာ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း “ဝင်း” မှန်လုံယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

NLD ပညာရေးရန်ပုံငွေ ဘောလုံးပွဲမှ ကျပ်သိန်း ၂၀ လှူဒါန်း



The Voice Weekly

တောင်ငူ၊ ဇူလိုင် ၃၀

တောင်ငူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ရန်ပုံငွေ ဘောလုံးပွဲကို ဇူလိုင်လ ၂၉ ရက် နေ့က ကျင်းပခဲ့ရာ ရရှိသော ငွေများထဲမှ အမြတ်ငွေကျပ်သိန်း၂၀ကို ဇူလိုင်လ ၃၀ ရက် နေ့လယ် ၁၂ နာရီက အဆိုပါကွန်ရက်သို့ လှူဒါန်းခဲ့ကြောင်း ဘောလုံးပွဲစီစဉ်သူ ဦးအောင်ဇေယျက The Voice သို့ ပြော ကြားသည်။

ဘောလုံးကွင်းဝင်ကြေး ကျပ်သိန်း ၈၀ ကျော်ရရှိပြီး ကုန်ကျစရိတ် သိန်း ၆၀ ကို နုတ်ကာ ကျန်ငွေ သိန်း ၂၀ ကို လှူဒါန်းခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြော ကြားသည်။

ပညာရေးကွန်ရက် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ၂၉ ရက် ညနေ ၄ နာရီက တောင်ငူမြို့ ခရိုင် ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း ရုပ်ရှင် သရုပ်ဆောင် ရာဇာနေဝင်း၊ သူထူးစံ၊ မိုးယံဇွန်နှင့် ဖိုးချစ်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်သော Actor Star ဘောလုံးအသင်း နှင့် ပဲခူးတိုင်း လက်ရွေးစင်ဟောင်းများ ပါဝင်သော တောင်ငူမြို့ခံ ဘောလုံး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရှိရသည်။

ဘောလုံးပွဲ ကျင်းပချိန်၌ မိုးရွာနေသော်လည်း တောင်ငူမြို့မှ ဘောလုံး ဝါသနာရှင်များက ကွင်းပြည့်ကွင်းလျှံ လာရောက် ကြည့်ရှုခဲ့ပြီး ရန်ပုံငွေပွဲ ထည့်ဝင်ချင်သည့် စိတ်တစ်ခု တည်းသာမက သရုပ်ဆောင်များကို မြင်တွေ့လိုသဖြင့် ကြည့်ရှုသူများခဲ့ကြောင်း မြို့ခံအချို့က ပြောဆိုသည်။

တောင်ငူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် အခမဲ့ပညာသင်ကျောင်း (အမေ့အားမာန် ပညာဒါနကျောင်းနှစ်ကျောင်း) များကို တောင်ငူမြို့ (၁၂) ရပ်ကွက် ၅ လမ်းနှင့် တောင်ငူမြို့ ခပေါင်းဆားကျင်းရပ် တို့တွင် ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ကို ပညာသင်ကြားပေး နေကြောင်း အဆိုပါကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရထားလမ်းလား ရိုလာကိုစတာ လမ်းလား


The Voice Weekly
မြို့ပတ်ရထားလမ်းတစ်လျှောက် တွဲ ၁၀ တွဲဖြင့် အမှိုက်ရှင်းမည်

ရန်ကုန်၊ ဇူလိုင် ၃၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာ့ မီးရထားတို့ ပူးပေါင်းကာ မြို့ပတ်ရထား လမ်းတစ်လျှောက် ရထားသံလမ်းဘေးရှိ အမှိုက်များကို လာမည့် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၇ နာရီမှ စတင်၍ အထူး တပ်ဆင်ထားသော တွဲ ၁၀ တွဲ ဖြင့် မြန်မာ့ မီးရထားက လိုက်လံ သိမ်းဆည်းမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား (အောက် မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

တွဲဆိုင်း ၁၀ တွဲခန့် ပါဝင်သည့် ရထားဖြင့် ရထားလမ်းတစ်လျှောက် အမှိုက်များကို သိမ်းဆည်းကာ လှော်ကားနှင့် မင်္ဂလာဒုံရှိ အမှိုက် စွန့်ပစ်ရမည့် နေရာများတွင် စွန့်ပစ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျောက်ရေတွင်း၊ ပုရွက်ဆိတ်ကုန်းနှင့် ပုဇွန်တောင် သံလမ်းပိုင်းရှိ အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းကာ မြန်မာ့ မီးရထားက စက်သုံးဆီ စိုက်ထုတ်၍ ယခုနှစ်တွင် လုပ်ငန်း အပ်နှံစနစ် On Call စနစ်ဖြင့် ငါးကြိမ် သိမ်းဆည်းခဲ့ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

“ဒီလို အမှိုက်တွေ သိမ်းပြီးသွားရင် စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေကို အမှိုက်ပုံမှာသာ စနစ်တကျပစ်ဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

မြန်မာ့ မီးရထား (မြို့ပြ ဌာန) ဘတ်ဂျက်ဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း တစ်လျှောက်ရှိ အမှိုက်များ သိမ်းယူခြင်းနှင့် တောချုံ ခုတ်ခြင်း ဆောင်ရွက် ရန် ပုဂ္ဂလိကသို့ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကာ သြဂုတ်လ ၆ ရက်တွင် တင်ဒါပိတ်မည် ဖြစ်ကြောင်း အဆိုပါ တင်ဒါ ကြော်ငြာတွင် ပါရှိသည်။

ရန်ကုန်မြို့ပတ် မီးရထားကို တစ်ရက်လျှင် ပျမ်းမျှ နိုင်ငံခြားသား ၅၀ ဦးနှင့် ခရီးသည် ကိုးသောင်းခန့် အသုံးပြုနေသည်ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

ရထားတွဲဆိုင်းများ သုံး၍ အမှိုက်သိမ်းခြင်းကို ၁၉၉၇ ခုနှစ်မှ စတင်ခဲ့ကာ ယခုနှစ်တွင် လေးကြိမ် ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် အကြမ်းဖက်မှု စစ်တမ်း ထုတ်ပြန်မည်



The Voice Weekly's photo.
ရန်ကုန်၊ ဇူလိုင် ၃၀

လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ပြီး လူတစ်သိန်းကျော် ဒုက္ခရောက်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ် ရသည့် အကြောင်းအရင်း လေ့လာ ဆန်းစစ်ထားသည့် စစ်တမ်း တစ်စောင် ကို ထုတ်ပြန်မည် ဖြစ်ကြောင်း ရခိုင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ (AHRDO) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် မည်သို့ ဆောင်ရွက်သွားရ မည် စသည့် လေ့လာ သုံးသပ်ချက်များ ပါဝင်သည့် ယင်းစစ်တမ်းကို သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ စင်ထရယ် ဟိုတယ်၌ မီဒီယာ များကို ရှင်းလင်းကာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း AHRDO က ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ လွဲမှားစွာ ပုံဖော်ခြင်း ခံခဲ့ရ၍ အများစုက အမှန်တိုင်း နားလည် လက်ခံခြင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

ပဋိပက္ခများ၏ နောက်ကွယ်ရှိ အကြောင်းတရားများနှင့် ကုလသမဂ္ဂ၊ OIC စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ပါဝင် ပတ်သက်ခဲ့မှုများကို အဆိုပါ စစ်တမ်းတွင် ထုတ်ဖော် တင်ပြ ထားကြောင်း AHRDO အဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ၊ သမိုင်းနောက်ခံ အကြောင်းအရာများ အပါအဝင် ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရန်၊ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ သားဖွားနှုန်း၊ သတင်း ထုတ်ပြန်ရေး ကိစ္စများအတွက် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ပြီး ၂၉ ရက်နေ့တွင် ပြည်သူလူထုကို ထုတ်ပြန်ခဲ့သည်။

The Voice Weekly

ဇေယျာသော် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖေ့ဘွတ်တွင် ပြောကြား


Popular Myanmar News Journal

နေပြည်တော်-ဇူလိုင်၃၁

ကျနော့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောကြ၊ ဆိုကြ၊ ရေးကြ၊ သားကြတာတွေ ရှိလာလို့ ကျနော်လဲ နဲနဲလောက်တော့ ပြန်ပြောပါရစေ။
ဘာရောဂါဖြစ်မှန်းမသိဘူး၊ ဘာသတင်းမှလဲ မထုတ်ပြန်ဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး လို့ ပြောဆို ဝေဖန်ကြတာတွေကို တွေ့နေရပေမယ့်
ဘာမှပြန်မပြောဖြစ်တာဟာ ပြောပြီးသားတွေကို အကြိမ်ကြိမ် ပြန်မပြောချင်လို့ပါ။
နောက်ပြီး ပြောဆိုနေကြသူများဟာလဲ ဝေဖန်ချင်လို့သက်သက်မဟုတ်ဘဲ၊ တိုက်ခိုက်လိုခြင်းသီးသန့်ကြောင့် ပြောဆိုနေကြတာကို တွေ့နေရလို့ပါ။
ကျနော် ဘာရောဂါဖြစ်တယ်၊ ဘယ်တုန်းကဖြစ်တယ် (ဒါမှမဟုတ်) သိတယ်၊ ဒါ့ကြောင့် ကျနော်ဘာလုပ်မယ် အစရှိသဖြင့် ရှင်းရှင်းလင်းလင်းပြောပြပြီးသားပါ။
သတင်းမီဒီယာတွေထဲမှာလဲ ပါပြီးသားပါ။ ဒါကို မဖတ်မိ၊ နားမထောင်မိကြတဲ့ တချို့သောအသိမိတ်ဆွေများကပါ၊ ကျနော့်ဘက်က ဘာမှမပြောဘူးလို့ ဟုတ်ယောင်နိုးနိုး
ထင်မိမှာစိုးလို့ ပြန်ပြောပြရခြင်းသာဖြစ်ပါတယ်။ ကျန်းမာရေးအကြောင်းကို ပြောခဲ့တာ အခုမှ မဟုတ်ပါဘူး။ ကျနော် ထောင်ကပြန်လွတ်လာကထဲက ပြောပြပြီးသားပါ။
အင်တာဗျူးတွေကို ပြန်ရှာ၊ ပြန်နားထောင်ရင် တွေ့ပါလိမ့်မယ်။ (၂၀၁၁)ခုနှစ်၊
ကျနော် ထောင်ကလွတ်တော့ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းက ဆေးစစ်ပေးတယ်။ အသည်းရောင်အသားဝါ စီပိုးတွေ့တယ်။
နောက်ပြီး တီဘီ နဲ့ ကျောက်ကပ်မှာ ကျောက်တွေတွေ့တယ်။ ကျနော် အဲဒီ့တုန်းကထဲက ပြောခဲ့ပါတယ်။ ထပ်ပြောရရင် အဲဒီ့အချိန်တုန်းက မီဒီယာအချို့က
ဒီရောဂါတွေ ထောင်ထဲက ရလာတာလားလို့ မေးခဲ့တာကို၊ ကျနော့်အနေနဲ့ ယခင်က ပုံမှန်ဆေးစစ်ခဲ့တယ်၊ ဒီရောဂါတွေမတွေ့ခဲ့ဘူး။
ဒါပေမယ့်အခုအချိန်ကျမှ ထောင်ကိုအပြစ်မတင်၊ အပြစ်ပုံမချချင်ပါဘူး။ ထောင်ထဲမှာ ကျန်းမာရေးမကောင်းပေမယ့် ထိရောက်တဲ့ ကျန်းမာရေးစစ်ဆေးပေးမှု၊
ကုသပေးမှု မရှိတာကိုသာ ထောက်ပြချင်တယ် လို့ ဖြေခဲ့၊ ပြောခဲ့ပါတယ်။ ကျန်းမာရေးအကြောင်းကို ဆက်ရရင် တီဘီကို အရင်ကုတယ်။ ကျောက်ကြေဆေးတွေ စားရတယ်။
စီပိုးကို ကျနော်မကုသနိုင်သေးတဲ့အချိန်မှာ ကိုဖိုးဖြူ (လူရွှင်တော်)တို့၊ ဒေါက်တာဇာနည်ဇင်တို့က ရောဂါကို ထိန်းထားနိုင်အောင် ဆေးဝါးအကူအညီပေးတယ်။ ဒါပေမယ့်
ကျနော့်ကိုယ်ခန္ဒာထဲကရောဂါပိုးက နဲနဲခေါင်းမာတော့ သောက်ဆေးနဲ့တင် ထိန်းထားလို့ မရနိုင်တော့တဲ့အတွက် တိတိကျကျ အနားယူပြီး ကုသဖို့လိုလာတယ်။ ဒီတော့
ဆေးကုသဖို့ ခွင့်ယူမယ့်အကြောင်း ပေါ်ပေါ်တင်တင်ကြေညာတယ်။ မဲဆန္ဒရှင် ပြည်သူတွေကိုလဲ ပြောတယ်။ အမေစုကိုယ်တိုင်လဲ ပြည်သူတွေနဲ့တွေ့ပြီး အမှာစကားပြောခဲ့တယ်။
မီဒီယာတွေက မေးပြန်တော့ အစကနေ ပြန်ရှင်းပြခဲ့သေးတယ်။ လွှတ်တော်ကိုခွင့်တင်တာကအစ ဆေးစာနဲ့တွဲပြီးတင်ခဲ့ပါတယ်။
ဒါလား တိုးတိုးတိတ်တိတ် ကျိတ်ကုတာဗျာ။ ဒါတွေဟာ မိမိကိုယ်ရေးကိုယ်တာကိစ္စသာ ဖြစ်တဲ့အတွက် ကျနော်မပြောလဲ ရတယ်၊ မဖြေလဲ ရတယ်။ ဒါပေမယ့် ထောင်ထဲမှာ
ကျန်ခဲ့တဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ကျန်းမာရေးစောင့်ရှောက်မှုရအောင်၊ ကိုယ့်ကို မဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူတွေအမြင်ရှင်းအောင် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
ဒီတော့ ပြောစရာရှိလာတာက ပြည်သူတွေက မဲပေးပြီး၊ လွှတ်တော်ထဲကို ပို့ပေးခဲ့တယ်။ အခုလိုခွင့်ယူထားတော့ ပြည်သူတွေအတွက် အလုပ်လုပ်ဖို့ တာဝန်မကြေနိုင်ဘူးလား လို့ မေးစရာရှိလာတယ်။ မှန်ပါတယ်။ လွှတ်တော်တွင်း လုပ်ငန်းဆောင်တာတွေအတွက်မှာတော့ ကျနော်ခွင့်ယူထားခဲ့တဲ့အတွက် အတိုင်းအတာတခုအထိ လစ်ဟင်းမှုရှိပါတယ်။ ကျနော် ဒါကို မငြင်းပါဘူး။
ဒါပေမယ့်၊ လွှတ်တော်ပြင်ပကနေ လုပ်ဆောင်လို့ရတဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းတွေ၊ ဒေသအကျိုးပြုလုပ်ငန်းတွေကိုတော့ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ဥပမာပြောရရင် ကျနော်ခွင့်ယူထားတဲ့ ကာလတွေမှာ ပြင်ပပုဂ္ဂလိကအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး သောက်သုံးရေရှားပါးတဲ့ဒေသတွေအတွက် ရေတွင်းတွေ (တိတိကျကျပြောရရင်တော့ အဝီစိတွင်း နှစ်တွင်းနဲ့ အုတ်ရေကန်နှစ်ကန်ပါ) တူးခဲ့ပါတယ်။ ပုပ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်း နဲ့တွဲဖက်ပြီး လယ်ယာမြေ အမတော်ကြေးမရရှိတဲ့ တောင်သူတွေအတွက် အမတော်ကြေးရရှိအောင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြတာတွေ၊ လယ်ယာမြေစုံစမ်းရေးကော်မရှင်နဲ့တွဲပြီး လယ်ယာမြေပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့တာတွေ (ပြောရရင် ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းပါတယ်။ တမြို့နယ်လုံးလယ်ယာမြေဆုံးရှုံးမှုရဲ့ ”၇” ရာခိုင်နှုန်းလောက်ဘဲ လယ်ပြန်ရအောင် လုပ်နိုင်ပါသေးတယ်။ ကျန်တာတွေကတော့ စုံစမ်းရေးကော်မရှင်ကလဲ နေပြည်တော်ကောင်စီကိုလွှဲ၊ နေပြည်တော်ကောင်စီဆိုတဲ့ ပုဂ္ဂိုလ်များကလဲ လုံးဝကို အဖက်မလုပ်၊ ဒီနေ့အချိန်အထိ လာပြီးစစ်ဆေးခြင်းလဲမရှိတော့ ဇာတ်မြောကြီးဖြစ်နေသေး)၊ လွှတ်တော်တွင်း တင်ပြရန်ရှိသော မြို့နယ်တွင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကိုနိုင်ငံလင်း၊ မစန္ဒာမင်းတို့နဲ့တွဲပြီး လွှတ်တော်တွင်း တင်ပြမေးမြန်းဆွေးနွေးခဲ့တာတွေ၊ မြို့နယ်တွင်း တရားဥပဒေရေးရာအရ ဖြေရှင်းရန်ကိစ္စရပ်များကို ဆရာဦးအောင်ကြည်ညွန့် (ကျနော်တို့ပါတီက ဥပဒေပညာရှင်၊ တောင်တွင်းကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) နဲ့ ချိတ်တွဲပြီး ဆောင်ရွက်ခဲ့တာတွေ… အစရှိသဖြင့်ပေါ့ဗျာ၊ ကျနော် ခွင့်ယူထားပေမယ့် လုပ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ အရာထင်တာတွေလဲရှိသလို၊ အရာမထင်တာတွေလဲ ရှိတာပေါ့။ ဒါပေမယ့်.. ဒါတွေကို ဘာကြောင့် မရှင်းပြသလဲ။ ဘာ့ကြောင့် အများသိအောင်မပြောလဲ။ ရှင်းရှင်းလေးဘဲမို့လို့ ရိုးရိုးလေးပဲ ဖြေပါရစေ။ မလိုဘူးထင်လို့ပါ။ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်လို့ ပြည်သူ့ကိုယ်စားလှယ်တယောက်ဖြစ်လာပြီဆိုရင် ဒါတွေဟာ လုပ်ကို လုပ်ရမယ့် တာဝန်တွေပါ။ ကိုယ့်ဘာသာကိုယ်၊ ကိုယ့်လိပ်ပြာနဲ့ကိုယ် သတ်မှတ်ထားတဲ့ ဝတ္တရားပါ။ ဒါဆို ဘာလို့အခုမှ ပြန်ပြောနေရတာလဲ။ ကျနော်တယောက်ခွင့်ယူတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်ဟာ လူထုအခြေပြု၊ လူထုအကျိုးပြုလုပ်ငန်းတွေကို မဆောင်ရွက်ဘူးလို့ အပြောမခံနိုင်လို့ပါ။ ကျနော်တို့ ကိုယ်စားလှယ်တွေ အတတ်နိုင်ဆုံး ပြည်သူ့အတွက် ကြိုးစားဆောင်ရွက်ကြပါတယ်။ ယခင် အတားအဆီးအပြည့်နဲ့ အချိန်တွေကထဲက လုပ်နိုင်သလောက် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ကြတဲ့ ပါတီဝင်တွေဟာ အခုလို လုပ်ကိုင်ခွင့်ပေးထားတဲ့ အကန့်အသတ်ဘောင် သေးသေးလေးထဲကနေလဲ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြဆဲပါဘဲလို့ ပြောပါရစေ။ နောက်ဆုံးပိတ်အနေနဲ့ ကျန်းမာရေးအကြောင်းဘဲ ဆက်ပြောပါ့မယ်။ ကျနော့်ရောဂါ အသည်းရောင်အသားဝါ စီပိုးကို ပါမောက္ခ ဆရာဦးသံစစ် နဲ့ ပြသပြီး၊ ကုသမှုခံယူပါတယ်။ ကုသချိန်ကာလ တနှစ်လို့ သတ်မှတ်ထားပါတယ်။ နောင်ထပ် (၇)လ ကျော် ဆေးကုသဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် တနှစ်တိတိ ခွင့်မယူချင်လို့ လွှတ်တော်ကို တက်နိုင်သလောက်တက်မယ်ဆိုပြီး နေပြည်တော်ပြန်ရောက်လာတာပါ။
ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ အရေးကြီးတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေမှာလဲ ပါဝင်ဆောင်ရွက်နိုင်အောင်လို့ဘဲ ဖြစ်ပါတယ်။

 ဇေယျာသော်

ဓါတ်ပုံဆရာတောင် ငေးသွားရတယ်။

Nay Myo Linn
ဦးပိန်တံတား

သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်အား အင်တာနက်တွင် တင်သူ မကွေးရဲတပ်ဖွဲ့က အရေးယူ


▬▬▬
မြ၀တီ
▬▬▬
သားမယားအဖြစ် နေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေအား အင်တာနက်တွင် တင်မည်ဟု ဆိုကာ ကာယကံရှင် မိန်းကလေး ထံသို့ပေးပို့ပြီး အင်တာနက်တွင် အမှန်တကယ် တင်ခဲ့သည်ဟု ယူဆရသူ အား မကွေးမြို့ ၊မြို့မရဲစခန်း မှ ယမန်နေ့က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မကွေးမြို့မှ နာမည်ကြီး စတိုးဆိုင် ၀န်ထမ်းတစ်ဦး ဖြစ်သူ အသက် ၂၉ နှစ် အရွယ်ရှိ မသက်သက် ( အမည်လွဲထား ) သည် လွန်ခဲ့သော ၉ နှစ်ခန့်က ထိုစတိုးဆိုင်သို့ မကြာခဏ ဈေးဝယ်လာလေ့ ရှိသည့် မကွေးမြို့ ၊ ကန်သာရပ်ကွက် နေသူ စိုးလွင် ၄၂ နှစ်နှင့် ငြိစွန်းကာ သားမယားအဖြစ် နေထိုင်ဆက်ဆံ ခဲ့ကြာင်း ၊ ထိုသို့ နေထိုင်လာခဲ့ရာက စိုးလွင်သည် အိမ်ထောင်သည် တစ်ယောက် ဖြစ်ကြောင်း သိရှိရ၍ အတွေ့မခံ တော့ဘဲ ရှောင်တိမ်း နေခဲ့ရာမှ လွန်ခဲ့သော ရက်ပိုင်း ( နေ့ရက်မမှတ်မိ ) က စိုးလွင် ရောက်ရှိလာပြီး ၎င်းငှားရမ်း နေထိုင်ရာ ဆီသို့ အတင်းအကြပ် ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ၊ မသက်သက် က ငြင်းဆန်သော အခါ စိုးလွင် က မသက်သက် ၏ ပါးအားနှစ်ချက် ဆင့်ရိုက်ပြီး မသက်သက် ၏ တစ်ကိုယ်လုံးကို ရစရာ မရှိအောင် လုပ်ပြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ သားမယား အဖြစ်ပြုကျင့် ခဲ့ကြောင်း ၊ ထို့နောက်
စိုးလွင်သည် မူဆယ်သို့ သွားခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့က မကွေးသို့ ပြန်ရောက် လာကာ မသက်သက် နှင့် သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့သော ဗီဒီယိုဖိုင် အား အင်တာနက်တွင် တင်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ၊ ထို့နောက် မေလ ၂၃ ရက် နှင့် ဇွန်လ ၇ ရက်နေ့များက ၎င်းတို့နှစ်ဦး သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ဇွန်လ ၇ ရက်နေ့က သူမထံ ပေးပို့ခဲ့ကြောင်း ၊ သို့အတွက်
မသက်သက် သည် ရှက်၍ မန္တလေး သို့ ထွက်သွားခဲ့ ကြောင်း ၊ မန္တလေးတွင် နှစ်ပတ်ခန့်နေခဲ့ ပြီးမကွေးသို့ ပြန်လာခဲ့ ကြောင်း ၊ မကွေးသို့ ရောက်ရှိပြီး အလုပ်ပြန်ဝင်ခဲ့ရာ စတိုးဆိုင်မှ လျှပ်စစ်ပစ္စည်း အရောင်းဝန်ထမ်း ဖြစ်သူ
ကိုသော်တာ က သူမနှင့် စိုးလွင်တို့၏ ဗီဒီယိုဖိုင်အား အင်တာနက် ၀က်ဘ်ဆိုက် တစ်ခုတွင် ကြည့်ရှု ခဲ့ရကြောင်း ပြောပြသိရှိရ၍ မကွေးမြို့ ၊ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးမြို့မ ရဲစခန်းမှ (ပ)၁၃၇/၂၀၁၃ ၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆/ ၅၀၀/ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ကာ အမှုကို ခိုင်မာစွာ တည်ဆောက်၍ အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

Tuesday, July 30, 2013

တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ




၃၁.၇.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

လွန်ခဲ့သော နှစ်ကိုးဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်းလိုက်သည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်းထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းပြဌာန်းချက်သည် “ စီရင်ချက် ချလိုက်လို့ အဲ့ဒီ စီရင်ချက်ကြီးက မမှန်ကန်ဘူး၊ မမျှတဘူး၊ တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့အကြောင်း ရှိနေတယ်၊ ဘာညာ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရသွားပြီပေါ့ဗျာ။ အင်မတန် ကောင်းတဲ့အချက်ပါပဲ”ဟု မှတ်ချက်ပြုသည်။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီ ပြုလုပ်ထားသည့်အချိန် ၁၉၂၆ ခုနှစ်က ပြဌာန်းထားသည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြဌာန်းသည့် ယင်းဥပဒေ၏ ပုဒ်မ ၈ တွင် ထိုသို့ ပြဌာန်းထားခြင်းဖြစ်သည်။

စီရင်ချက်ချပြီးသည့် အမှုအပေါ် ဝေဖန်မှု၊ သုံးသပ်မှုများကိုလည်း ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းများလည်း လုပ်ဆောင်နိုင်ပြီး ထိုသို့ ပြုလုပ်မှုသည် တရားရုံးကို မထီမဲ့မြင် လုပ်မှုမမြောက်ကြောင်း ထိုပုဒ်မတွင်ထည့် သွင်းထားသေးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထက်လွတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ထိုအချက်သည် တရားစီရင်ရေး၏ အလားအလာကောင်း ဖြစ်သည်ဟုလည်း သုံးသပ် ပြောဆိုသည်။

ထို့ပြင် တရားစီရင်နေဆဲ ကာလတွင်လည်း အမှုနှင့်ပတ်သက်၍ မှန်ကန်တိကျ ခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထုတ်ဖော်ကြေငြာခြင်း၊ သတင်းအဖြစ် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရဟုလည်း အဆိုပါဥပဒေ၏ ပုဒ်မ ၇ တွင် ပြဌာန်းထားသည်။

တရားခွင်ကို အများပြည်သူ ၀င်ရောက်ခွင့်မရှိဘဲ သီးသန့် စစ်ဆေးသည့် အမှုများကိုပင်လျှင် ဥပဒေမချိုးဖောက်ဘဲ ရေးသားလျှင် လည်းကောင်း၊ တရားရုံးက အတိအလင်း ပိတ်ပင်မထားလျှင် လည်းကောင်း၊ တရားစီရင်ရေးတွင် အငြင်းပွားဆဲ လျှို့ဝှက်ကိစ္စ မဟုတ်လျှင်လည်းကောင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်သည်ဟုပင် ထိုဥပဒေက ကင်းလွတ်ခွင့်ပေးထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

သို့သော် တရားရုံးကို မထီမဲ့မြင်လုပ်မှု မြောက်စေသော လုပ်ရပ်များကို ပြုလျှင်မူ အများဆုံး ငွေဒဏ် တစ်သိန်းနှင့် ထောင်တစ်နှစ် ချမှတ်နိုင်ပြီး၊ တရားမဆိုင်ရာ မထီမဲ့မြင်မှု ဖြစ်လျှင် ငွေဒဏ်တစ်သိန်းနှင့် ထောင်သုံးလ ချနိုင်ကြောင်းလည်း ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။

mizzima

သောင်ရင်းမြစ်မှာ ရေကြီးနေ


Ei Ei Lay
July 30, 2013 ရက်နေ့၊ သောင်ရင်းမြစ်မှာ ရေကြီးနေတာကို ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတားပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းတွေပါ။

မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထု၏ ထောက်ခံမှု လက်မှတ်ကောက်ခံရန် အသိပေးကြေညာခြင်း



=============================================
ပြည်သူ့လွှတ်တော်က ဇူလိုင်လ ၄ ရက်နေ့တွင် အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ်မည့် အချက်များ ပါဝင်နေခြင်း၊ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) မှရေးဆွဲသည့် သတင်းမီဒီယာ ဥပဒေကြမ်းပါ အချက်အလက်များကို ပြန်လည်ပြင်ဆင်ရန် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ဖိအားပေးနေခြင်းတို့သည် မြန်မာသတင်းမီဒီယာ လောကအတွက် နောက်ပြန်ဆွဲသည့် ခြေလှမ်းများဖြစ်သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်က ယုံကြည်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲပြီးလွှတ်တော်တင်ရန် ပြင်ဆင်လျှက်ရှိသည့် သတင်းမီဒီယာ ဥပဒေကိုလည်း ဒီမိုကရေစီစံနှုန်းများဖြင့် ကိုက်ညီသည့် ဥပဒေတစ်ရပ်အဖြစ် အတည်ပြုနိုင်စေရန်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည့် ပုံနှိပ်ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်စေရန် မီဒီယာသမားများနှင့် ပြည်သူလူထု၏ ဆန္ဒလက်မှတ်များကောက်ယူပြီး ပေးပို့သွားရန် ဆုံးဖြတ်ထားပါသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်သည် သတင်းမီဒီယာသမားများ အကျိုးအတွက် သက်သက်သာမဟုတ်ပဲ ပြည်သူလူထုအားလုံး၏ နေ့စဉ် ဘ၀အတွက်လည်း အရေးပါ၍ တိုက်ရိုက်သက်ဆိုင်လျှက်ရှိသည်။ သတင်းအချက်အလက်မှန်များ မရရှိပါက ပြည်သူလူထု၏ လူနေမှု၊ စီးပွားရေး၊ ပညာရေး အကျိုးစီးပွားတို့တွင် တိုက်ရိုက် ထိခိုက်နစ်နာမှုများ ရှိမည်ဖြစ်သည်။
သတင်းမီဒီယာ အထိုက်အလျောက်လွတ်လပ်မှုရရှိခဲ့သည့် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း လူထုခံစားနေရသည့် နစ်နာမှုများ၊ အာဏာပိုင်အချို့၏ မတရားအနိုင်ကျင့်မှုများကို သတင်းမီဒီယာတွင် ဖေါ်ပြနိုင်ခဲ့ခြင်းကြောင့် သက်သာရာရခဲ့ပြီး ပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည့် သာဓကများမှာ မီဒီယာလွတ်လပ်ခွင့် နှင့် ပြည်သူလူထုတိုက်ရိုက်သက်ဆိုင်မှု ရှိသည့်အချက်ကို ထင်ရှားစေခဲ့ပြီဖြစ်သည်။

ထို့ကြောင့် မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာ ဥပဒေထွက်ပေါ်လာရေးအတွက် လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
ထို့သို့လုပ်ဆောင်ရာတွင် သတင်းမီဒီယာ သမားများသာမကပဲ ပြည်သူလူထုပါ ပါဝင်လာအောင် ရှင်းပြပြီးထောက်ခံမှု ရယူသွားရန်ရှိပါသည်။

ပထမဆုံး အနေဖြင့် လွတ်လပ်သည့် မီဒီယာ ဥပဒေ ပေါ်ထွက်ရေးအတွက် သဘောထားဆန္ဒလက်မှတ်များ ကောက်ယူခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ဖြစ်ကြောင်း သတင်းမီဒီယာသမားများနှင့် ပြည်သူလူထုအားလုံးကို အသိပေးကြေညာအပ်ပါသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်၊
နေစွဲ ၃၀၊ ၇၊၂၀၁၃

ရှစ်လေးလုံး ငွေရတုအခမ်းအနား တက်ရောက်ဖို့ အစိုးရနဲ့ လွှတ်တော်ကို ဖိတ်ကြား



RFA Burmese

သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတုအခမ်းအနားကို တက်ရောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကို ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေက နေပြည်တော်ကို မနေ့ကသွားရောက်တွေ့ဆုံ ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး နဲ့ ကိုသက်ဇော်တို့ သွားရောက် ဖိတ်ကြားခဲ့ကြတာပါ။

၈၈ မျိုးဆက်တွေရဲ့ ငွေရတုအခမ်းအနား ရည်ရွယ်ချက်အပေါ် သဘောထားအမြင်တွေ ပြောပြခဲ့ကြတယ်လို့ ကိုဂျင်မီက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ကလည်း ကိုမြအေးဦးဆောင်တဲ့ ရှစ်လေးလုံး ငွေရတု အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်တွေဟာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး နယ်စပ်အခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

Monday, July 29, 2013

နေ့လည် ၂ နာရီမှာ ဖွင့်တာဆိုတော့" Day Club " ပေါ့


ဆယ်ကျော်သက်အရွယ် ကလေးများရှိသော မိဘများအတွက် အထူးအသိပေးချက်
============================================

ဂျူလိုင်လ 22, 2013 (9:00pm) မင်းနဒီ


ဒီနေ့ ရန်ကုန်ဆရာစံလမ်းထိပ် Pearl Condo အောက်က Asia Light မှာ လင်းလင်း အခွေအသစ် ဝင်ဝယ်ရင်း တွေ့ခဲ့တာလေးပါ။

တကယ့်ချာတိတ်လေး တစ်ဖွဲ့ ( ၁၅နှစ် အရွယ်လောက် ) အရက်တစ်ပုလင်း စုဝယ်နေကြတယ်။ မြင်ကွင်းက မလှဘူးဗျာ။ ထားလိုက်ပါလေ။

ပြန်ထွက်လာတော့ ဘေးက Eucalypt ဆိုတဲ့ဆိုင်မှာ တံခါးတွေပိတ်ထားပြီး အထဲမှာ DJ ဖွင့်ထားတဲ့ အသံတွေ အပြင်က အတိုင်းသား ကြားနေရတယ်။ အပြင်မှာ ကလေးတွေ ၃၀ လောက်ရှိတယ်။ တချို့ချာတိတ်တွေက မူးလို့။ တချို့က ဆေးလိပ်လေးတွေ လက်ကြားညှပ်လို့။ ချာတိတ်မလေးတွေဆို ဆယ်တန်းတောင် မရောက်သေးတဲ့ အရွယ်တော်တော်များများလေးတွေ။ အားလုံးရဲ့ ဝတ်စားဆင်ယင်မှုက မောင်နှချင်း တွဲမသွားသင့်တဲ့ပုံစံတွေ။
Night Club ဝတ်စားဆင်ယင်မှုပေါ့။

တံခါးကြီးပိတ်လို့ အဝမှာ ကျွန်တော်မျက်မှန်းတန်းမိတဲ့ စားပွဲထိုးလေးက လက်မှတ်ရောင်းနေတယ်။
(ဝန်ခံပါတယ်။ အရင်က ကျွန်တော်ထိုင်ခဲ့တဲ့ ဆိုင်ပေါင်းများစွာထဲမှာ ဒီတစ်ဆိုင်လည်းပါတယ်။)

သွားစပ်စုကြည့်တယ်။ promotion ပွဲလားဆိုတော့

မဟုတ်ဘူးဆရာ " Day Club " တဲ့။ နေ့လည် ၂ နာရီမှာ ဖွင့်တာဆိုတော့ ဟုတ်တာပေါ့ " Day Club " ပေါ့လေ။

မင်းကွာ ငါလည်း Night Club သွားပါတယ်။ အခုက ကလေးတွေချည်းပဲဆိုတော့ အထဲမှာ ဒီထက် ငယ်တာလေးတွေတောင် ရှိသေးတယ်တဲ့။ သူတို့တွေက ညဖက်ထွက်လို့ အိမ်က မိဘတွေနဲ့ သိပ် အဆင်မပြေဘူးလေတဲ့။

ကျွန်တော် အပြန်မှာ တစ်လမ်းလုံး စဉ်းစားတယ်။

ဒီကလေးတွေ အိမ်က မိဘတွေကို ဘယ်လိုပြောခဲ့သလဲ။

ဘာကို အတုခိုးနေကြတာလဲ။ ဘာကြောင့်ခွင့်ပြုနေကြတာလဲ။ ခေတ်မှီတယ်ဆိုတာ ဘာလဲ။

ချစ်စရာ လူငယ်လေးတွေဆိုတဲ့ ဂုဏ်ကို ဘာလို့ မထိန်းတော့တာလဲ။

ကျွန်တော်လည်း အဖေတစ်ယောက်ပါ။ ရင်လေးမိတယ်။

ရှယ်ပေးကြပါဗျာ။ ကလေးတွေအတွက်ပါ။

http://www.mm4everfriends.com/

ဆိုင်းငံ့ထားသောကော်ဖီတစ်ခွက်



Myanmar Suspended Coffee

Suspended Coffee

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲကိုဝင်ပြီးကော်ဖီနှစ်ခွက်မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိတဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်... စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်...မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ.. ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်..သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်.. ကျွန်တော့်သူငယ်ချင်းကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေကဘာလုပ်တာလဲဆိုတော့...သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်းဘာမှဆက်မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာကိုစဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက်မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်...နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ်...ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ??? အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက်သွားတဲ့လူတွေကို ကြည့်နေမိတယ်...အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်...မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ..တဲ့...ကျွန်တော်ကောင်းကောင်းသဘောပေါက်သွား တယ်...ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...

ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့နေပါပြီ..တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...

ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်..သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်.. ကျွန်တော်တို့ဗုဒ္ဒဘာသာမြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်... ညှိုးနွမ်းနေတဲ့မျက်နှာတွေနဲ့ ကလေးငယ်တွေ..သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိမလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...
ပြောနေတာကြာတယ်..လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...
ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက်စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့...အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...
ဒီအလေ့အထလေးကို မြန်မာနိုင်ငံမှာဖြစ်မြောက်လာအောင် တစ်ယောက်တစ်အား ၂၀၀-၃၀၀ ကစလို့ ၀ိုင်းဝန်း ကူညီကြပါလို့ပြောချင်ပါတယ်...

Facts:
• This story has been circulating over the internet
recently with unknown origin.
• No accounts for how long or widespread the
Italian tradition of "suspended coffee" or "caffè
sospeso" might be.
• A March 2013 report from Agence France Presse
about it also described the practice as an old Italian
tradition that had since taken root in Bulgaria.
• The image commonly used to accompany the
"suspended coffee" tradition posted on social media
sites is an unrelated photo by Washington Post last
March 2012 featuring a homeless man named Cal
Walker sipping a coffee at a diner.
• The latest example of embracing this Italian
tradition is Bulgaria with more than 150 coffee
shops across the country devoted to helping the
poor ones.

Steven Linn

ရှမ်းပြည်နယ် လားရိုးမြို့မှာ ဓါတ်ဆီလောင်းမီးရှိုခံခဲ့ရ သူဆေးရုံကဆင်းပြီ


DVB TV News
 နေအိမ်ပြန်လည်ရောက်ရှိ ခဲ့ပါပြီ။
 ခွန်ဘသာ တင်ဆက်။

သက်ဆင်ရှင်နာဝပ်ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီယိုဖိုင် YouTube တွင် ထွက်ပေါ်


Tun Wai
အစ္စလာမ္မစ် အစွန်းရောက် အကြမ်းဖက်သမားများပုံစံ ဝတ်ဆင်ထားသူများ က ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ကာ ၂၀၀၄ ခုနှစ်က ထိုင်းတောင်ပိုင်းဒေသတွင် မွတ်ဆလင်များကို သတ်ဖြတ်ခဲ့မှု အတွက် ပြန်လည် လက်စားချေ မည်ဟု ခြိမ်းခြောက် ပြောဆို ထားတဲ့ ဗီဒီယိုဖိုင်မှာ ဇူလိုင်လ ၂၇ ရက်နေ့က YouTube မှ တစ်ဆင့် ပေါ်ထွက်လာ။

တာဝါတိုင်ရော ဟုတ်ရဲ့လား ရေစင်ကြီး ဖြစ်နေအုံးမယ်




ကို ပွ
၉၅ ခုနှစ်လောက်က ဖြစ်မည် ထင်သည်။ မောင်ပွ တို့ အိမ် တယ်လီဖုန်းလျှောက်တာ ကျသဖြင့် ဆက်သွယ်ရေးရုံးက ဖုန်းလာတပ်ပေးသည်။ ဖုန်းအနီရောင် အပေါ်တွင် 52000 ဟု ရေးထားသည့် ဖုန်းခွံ တစ်ခု ပါတစ်ခါတည်း တပ်ပေးသွားသည်။ ထိုစဉ် အခါက တယ်လီဖုန်းဆိုတာ အိမ်တိုင်းမှာ မရှိ။ တယ်လီဖုန်း ရှိသော အိမ်ဆိုတာ ဟိုးအရင် ခေတ်က ဖယ်မလီယာ ကားဝယ်စီး နိုင်တဲ့သူတွေလို ရှားပါးလှသည်။ မောင်ပွ တို့အိမ်လည်း မျောက်အုန်းသီး ရသလို ထိုဖုန်းအား တစ်နေ့ တစ်နေ့ ဖုန်သုတ်ရတာ တစ်မျိုး ပုဝါအုပ်ပေးရတာ တစ်မျိုး နှင့်။ သည့်နောက် အဖေ လုပ်သူက နောက်ဖုန်းခွံ တစ်လုံးဝယ်ကာ အိမ်နောက်ဖေး တွင် တပ်ကာ Extension သဘော ထားပေးလေသည်။ တစ်ခါတစ်လေ အိမ်နောက်ဖေး မှာရောက်နေလို့ ဖုန်းလာနေပါက အိမ်ရှေ့သို့ ပြေးသွားရန် မလိုဘဲ အိမ်နောက်ဖေး ဖုန်းမှ ပြောနိုင်ရန် တပ်ဆင်ထားပေးခြင်း ဖြစ်လေသည်။ မောင်ပွ တို့မှာ ဖုန်းလာပါက ပြေးပြေးကိုင်ပြီး ဖြေရတာ အမော။ ကစားစရာ အရုပ်တစ်ရုပ် ယခုမှ အိမ်ပေါ်ရောက်နေသကဲ့ သို့ ဖြစ်နေလေတော့သည်။ တစ်နေ့ ဖခင် လုပ်သူ အိမ်သာတက်နေစဉ် မိခင်လုပ်သူက အိမ်ရှေ့မှာ ဘုရား ရှိခိုးနေလေသည်။ ထိုစဉ် ဖုန်းဝင်လာသည်။ မောင်ပွမှာ အိမ်က ကြိမ်းထားသဖြင့် ဖုန်းလာလျှင် မကိုင်ရဲတော့ဘဲ အိပ်ခန်းထဲတွင်သာ ခွေနေရလေသည်။ အတန်ကြာအောင် ဖုန်းခေါ်သံ မြည်သော်လည်း ကိုင်မည့်သူကမရှိ။ အမေကလဲ ဘုရားရှိခိုးလို့ မပြီးသေး အဖေကလဲ အိမ်သာထဲက ထွက်မလာသေး။ ခဏကြာသော် အဖေ အိမ်သာထဲမှ ကမန်းကတန်း ထွက်လာကာ အိမ်နောက်ဖေးရှိဖုန်းအား ကောက်ကိုင်လေသည်။ တစ်ချိန်တည်းမှာပင် မိခင်လုပ်သူက ဘုရားအားဦးချတောင်းပန်ကာ အိမ်ရှေ့ ဖုန်းအား ကောက်ကိုင်လေသည်။ တစ်ဆက်တည်း မှာပင် သူတို့ ၂ယောက်ကိုင်လိုက်သော အချိန်တွင် ဟိုဘက်မှ ခေါ်သော ဖုန်းမှာ အချိန်စေ့ သဖြင့် လိုင်းကျသွားလေ၏။

“ ဟဲလို”

“ ဟဲလို”

“ ဟဲလို ဟုတ်ကဲ့ ပြောပါ”

“ ငင် အဲ့ဘက်က အရင်ခေါ်တာလေ”

အမှန်က ခေါ်ဆိုသော ဖုန်း ကျသွားသဖြင့် အရှေ့ဖုန်း နှင့် အနောက်ဖုန်း အသံမှာ ဒိုးယိုပေါက်ကြားရခြင်း ဖြစ်လေရာ မိဘ နှစ်ပါးမှာ ထိုကဲ့သို့ ဖြစ်ကုန်ကြခြင်း ဖြစ်လေတော့သည်။ ဖုန်းထဲမှာဆိုတော့ တစ်ယောက်အသံ တစ်ယောက်မှတ်မိဟန်လဲ မတူ။

“ ဟာဗျာ ကြောင်တောင်တောင်နဲ့ ခင်ဗျားခေါ်လို့ ကျုပ်ကိုင်တာလေ”

“ အောင်မာ သူကပဲ ပြောရတယ် ရှိသေး ရှင်အရင်ခေါ်လို့ ကျွန်မမှာ ဘုရားတောင် ဖြောင့်အောင်မရှိခိုးနိုင်ဘဲ ထလာရတာ”

“ ဟေ့ ဒီမှာ ခင်ဗျား ဗြောင်လိမ် ဗြောင်စား လာမလုပ်နဲ့ ဘာလဲ မိန်းမ ဖုန်းသရဲလား”

“ အောင်မာ အောင်မာ ရှင်သာ ဘယ်က ဖုန်းဘီလူး မှန်းမသိ လာအကြောင်ရိုက်မနေနဲ့”

မောင်ပွ မှာ အိပ်ခန်းထဲမှ အရှေ့မှ မိခင်လုပ်သူ အသံနှင့် အနောက်မှ ဖခင်လုပ်သူ အသံ တို့အား အတိုင်းသားကြားနေရလေရာ တစ်ခုခုတော့မှားနေပြီဆိုတာ သိလိုက်သည်။ အော် သူတို့ စကားများနေတာပဲနေမှာပါလေ ဟုတွေးကာ ပြန်ခွေနေလိုက်သည်။

“ ဟေ့ ဒီမှာ ဖုန်းထဲမှာ လူမမြင်ရဘူးဆိုပြီး လာစွာမနေနဲ့ အမိ ခင်ဗျား ကျုပ်အကြောင်းမသိသေးဘူးထင်တယ်”

“ အောင်မာ ယောက်ျားကြီးတန်မဲ့ နှုတ်သီးကလဲ ကောင်းပါ့ ကြောက်မယ်များထင်နေလား လာခဲ့စမ်းပါ”

အင်းးးးးးးးးးမှားတာတော့ အတော့်ကိုမှားနေပြီ။ ဘာမှားနေမှန်းလဲ မသိ။

“ ဒီမယ် ညောင်နာနာ အသံနဲ့ လာရန်တွေ့မနေနဲ့ အပြင်မှာတွေ့လို့ကတော့ ခါးရိုးကနေ ရိုက်ချိုးပြီး သွားကြားထိုးပစ်လိုက်မယ်”

“ အမယ် လာခဲ့စမ်းပါ ထမိန်နဲ့ ခေါင်းပြေးစွပ်ပြီး ၀ါးရင်းတုတ်နဲ့ ပဲ လှိမ့်တွယ်ပလိုက်မယ်”

“ တယ် ဒီအမျိုးသမီး အတော်စွာတာပဲ ဟေ့ဒီမှာ ကျုပ်ကို ဖွန်လာကြောင်နေတာ မဟုတ်လား ဆောရီးပဲ ကျုပ်မှာက သားနဲ့ မယားနဲ့

“ အလို ရာရာစစ ရှင်သာ ကျုပ်ကို လာအကြောင်ရိုက်နေတာ ကျုပ်မှာလဲ လင်နဲ့ သားနဲ့”

ဘုရား ဘုရား လုံးဝ မှားနေပြီ ဆိုတာ သိလိုက်ပြီ။ ဘယ့်နှာလုပ်လို့ ငါကပါ ဖုန်းထဲ ကန့်လန့် ကန့်လန့် ပါနေရတာပါလိမ့်။ မဖြစ်ချေတော့ ထွက်ပြောမှ ရတော့မည်။

“ အဖေ အဖေ ဟိုလေ”

“ ဟာ အတော်ပဲ လာခဲ့ ရော့ ဒီမှာ ပြောလိုက်စမ်း ဒီမှာ ကျုပ်သား ခင်ဗျား မယုံမှာစိုးလို့ ပြောလိုက်စမ်း ငါ့သား ဒီမှာ မင်းအဖေကို လာကြောင်နေတယ်”

“ ဟွတ် ဟဲလို ငင် ဟုတ်ပါဘူး”

“ အလိုတော် ဘယ်က သောက်ကလေးက ပါလာရပြန်တာတုန်း “

ငင် တေပါဘီ အမေရေ အမေ့သားလေ ။ သို့နှင့် ဖခင်လုပ်သူအား ဖုန်းခွက် ပြန်ပေးကာ အရှေ့မှ မိခင်လုပ်သူကိုပဲ ရှင်းပြရန် အရှေ့သို့ ထွက်လာခိုက်

“ ဟော အတော်ပဲ ဟော့ဒီမှာ ကျုပ်သား ရှင်ဒိုးလိုက်တော့ လာစမ်း ငါ့သား ရော့ ပြောလိုက်စမ်း ဒါကျနော့် အမေလို့”

“ ဟွတ် ဒါကျနော့် အမေဗျ ငင် ရှုပ်ကုန်ပြီ”

“ ဘာမှ မရှုပ်ဘူး ပေးစမ်း အဲ့ဖုန်းခွက် ဒီမှာ ရှင် သတ္တိ ဒီလောက်ရှိနေရင် အိမ်ကို လာခဲ့စမ်းပါ ကျုပ်ယောက်ျားနဲ့ တွေ့သွားမယ်”

“ အေး လာတယ် လာတယ် ပြောစမ်း လိပ်စာ”

“ ( ) ရပ်ကွက် ( ) လမ်း အိမ်နံပါတ်( ) “

“ အေး လာပြီ အခု ငင် ဒါငါ့အိမ်နားကပဲဟ”

“ အော် ဒီအိမ်နားကကိုး လာခဲ့စမ်းပါ”

“ အေး လာပြီ ငင် ဟုတ်သေးပါဘူး ဒါငါ့အိမ် လိပ်စာပဲ”

“ ငင်”

သည်တွင် အမေလုပ်သူက အဖေ လုပ်သူ အသံအား အနဲငယ် မှတ်မိလာသကဲ့သို့ရှိလေသည်။ အဖေလုပ်သူမှာလဲ ထိုကဲ့သို့ပင်။

“ ဟိုလေ အခုပြောနေတာ ကိုကျော် လား မသိဘူးညော်”

“ ဟွတ်ပါတယ် အဲ့ဘက်က မ၀င်း လားမသိဘူးညော်”

“ ငင် ကိုကျော် ကျွန်မ ရှင့် မိန်းမလေ”

“ ငင် မ၀င်း ငါ မင်းယောက်ျားလေ”

ခွီးးးးးးးးးးးးအခုမှ မိတ်ဆက်နေလိုက်ကြတာ။ ပြီးမှ အဖေက အရှေ့ကို ထွက် အမေက အိမ်နောက်ဖေးကို အ၀င် အလယ်မှာဆုံကြ။ ၂ယောက်သား မျက်နှာချင်းလဲ ဆိုင်ရော အိနြေ္ဒ တောင်မဆယ်နီုင်ဘဲ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးကာ ရီကြတော့သည်။ အင်းးးးးးးးးခုနကတော့ သတ်တော့မယ် ဖြတ်တော့မယ်နဲ့။

၂၀၀၃ လောက်ကျတော့ ဟန်းဖုန်းလေးတွေ ခေတ်စားလာသည်။ မောင်ပွ အမေက ၂၀၀၅ လောက်လဲ ကျရော မောင်ပွအား ဟန်းဖုန်း တစ်လုံး ၀ယ်ပေးလေသည်။ ထုံးစံ အတိုင်း မောင်ပွ တစ်ယောက် မျောက်အုန်းသီး ရပြန်သည်။ တစ်နေ့တော့ မောင်ပွ အိမ်ပြန်ရမည့် အချိန် ကျော်သွားသည်။ ဘယ်ရောက်နေလဲ ဆိုတော့ တာမွေ ပလာဇာ အောက်ထပ်က နိုက်ကလပ် ထဲ မြူးတူးပျော်ပါးနေခြင်း ဖြစ်လေရာ အိမ်ြ့ပန်ချိန် ကျော်သွားမှန်း သတိမထားမိ။ ထိုစဉ် အိမ်က ဖုန်းဝင်လာလေသည်။

“ တီ တီ တီ တီ”

ငင် ဒါအိမ်က ဖုန်းပဲ။ သွားပြီ အိမ်ပြန်ချိန် ကျော်သွားတာကိုး။ မဖြစ်ဘူး အပြင် အမြန်ထွက်မှ။ ထိုစဉ် နောက်တစ်ခေါက် ဖုန်းထပ်မြည်လာပြန်သည်။

“ တီ တီ တီ တီ”

ဒုက္ခပဲ။ ဒီအချိန် ထကိုင်လိုက်ရင် သီချင်းသံတွေ ကြားကုန်လိမ့်မည်။ ကိုင်လို့ မဖြစ်။ အပြင် ပြန်ထွက်ကာ ဆိုက္ကားတစ်စီးငှားကား အမြန်ပြန်လာရသည်။ လမ်းတွင်

“ တီ တီ တီ တီ”

အင်း မကိုင်ရင် သံသယ ပိုကြီးထွားတော့မည်။ ဘယ်ရောက်နေလဲ ဆိုပြီး။ ကြံစမ်း မောင်ပွ ကြံစမ်း

“ တီ တီ တီတီ”

မောင်ပွ ဖုန်းကောက်ကိုင်လိုက်သည်။

“ လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပ သို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါ ခင်ဗျာ”

ဟိုဘက်မှ အမေလုပ်သူ ကြောင်သွားသည်။ ထို့နောက် အနောက်သို့ လှည့်ကာ

“ ဟဲ့ ပြန်ဖြေတာက ယောက်ျားလေး ပြောင်းသွားပြီတော့”

မတတ်နိုင်။ ဖုန်းပြန်ချ လိုက်သည်။ ထိုစဉ်

“ တီ တီ တီ တီ”

ရော ခေါ်ပြန်ပြီ။ ဧရိယာ ပြင်ပ ရောက်နေပါတယ်ဆိုမှ။ မောင်ပွ ကောက်ကိုင်လိုက်သည်။

“ လူကြီးမင်းခေါ်ဆိုလိုသော တယ်လီဖုန်း နံပါတ်အား ခေါ်ဆိုနိုင်ရန် သုည ကို နှိပ်ပါ”

“ သုည ကို နှိပ်တဲ့ ကဲ နှိပ်တယ်ဟယ်”

“ တူ တူ တူ တူ”

အေးရော ဖုန်းကျသွားပြီ။

“ တီ တီ တီ တီ”

“လူကြီးမင်းခေါ်ဆိုလိုသော တယ်လီဖုန်း နံပါတ်အား ခေါ်ဆိုနိုင်ရန် သုည ကို နှိပ်ပါ သုည နှိပ်ပြီးပါက ဇီးရိုးကို နှိပ်ပါ”

“ ဇီးရိုး ဇီးရိုးက ဘယ်မှာလဲ ဆိုတော့ ငင် သုညနဲ့ ဇီးရိုးက တူတူပဲ မဟုတ်ဘူးလား ယောက်ျား”

“ ငင် မှားဘီဟ”

အမေလုပ်သူ မှ အဖေလုပ်သူအား လှမ်းပြောနေသည်ကို အတိုင်းသား ကြားနေရသည်။ မှားပြီ။ ဖုန်းအား ဂွပ်ကနဲ ပြန်ချလိုက်ရသည်။ တော်သေးသည်။ အိမ်နဲ့ တာမွေပလာဇာက သိပ်မဝေးလို့။ အမေလုပ်သူ ပတ်လည်ရိုက်နေစဉ်မှာပင် အိမ်ပြန်ရောက်တော့သည်။

“ ဟဲ့ နင်ဘယ်ရောက်နေတာလဲ ဧရိယာ ပြင်ပပဲ ဖြေနေတယ် ငါ့ကို ဘာတွေ ခိုင်းမှန်းလဲ မသိဘူး အော်ပရေတာ အကောင်”

“ ဒီဖုန်းတွေက တစ်ခါတစ်လေ အဲ့လိုပဲ ကြောင်တတ်တယ်ဗျ”

အခုများတော့ မောင်ပွ ကိုယ်တိုင် ဖြေစရာ မလိုတော့။ MPT ကျေးဇူး ကြီးမားလှပါဘိ။ ဖြေစရာ မလိုအောင်ပင် သူ့ဟာသူ ဧရိယာ ပြင်ပ ရောက်နေတော့သည်။ တစ်လောက မိခင် လုပ်သူ မှတ်ပုံတင် နံပါတ် အား ကိုယ်ရေး မှတ်တမ်းတွင် ဖြည့်ရန် လိုသဖြင့် ဖုန်းဆက်မေးတော့

“ ကလင် ကလင် ကလင်”

“ ဟဲလို”

“ ဟဲလို အမေလား သားပါ အမေ့”

“ တူ တူ တူ တူ”( ဖုန်းကျသွားသံ)

ငင် ကျသွားပြီ။ နောက်တစ်ခေါက် ပြန်ခေါ်

“ ကလင် ကလင် ကလင်”

“ ဟဲလို”

“ မှတ်”

“ တူ တူ တူ တူ”

“ ကလင် ကလင် ကလင်”

“ ဟဲလို”

“ ပုံ”

“ တူ တူ တူ တူ”

“ ကလင် ကလင် ကလင်”

“ဟဲလို”

“ တင်”

“ တူ တူ တူ တူု”

“ ကလင် ကလင် ကလင်”

“ ဟဲလို”

“ နံ”

“ တူ တူ တူ တူ”

“ကလင် ကလင် ကလင်”

“ ဟဲလို”

“ ပါတ်”

“ တူ တူ တူ တူ”

“ ကလင် ကလင် ကလင်”

“ ဟဲလို”

“ ပေး”

“ တူ တူ တူ တူ”

“ ကလင် ကလင် ကလင်”

“ ဟဲလို”

“ ပါ”

အိမ်းးးးးးးးခြောက်ခေါက်လောက်ခေါ်မှ ၀ါကျ တစ်ကြောင်း ပြည့်စုံလေသည်။

“ အေး ရေးထား ၁၂/ တမန(နိုင်) ကျလိ ကျလိ ဝေါ် ၀ွီ ဒရှု ဒရှု”

“ ငင် အမေ သေနတ် ပစ်နေတာလား”

“ မဟုတ်ဘူးဟေ့ လိုင်း ပြတ်နေတာ ပြန်ပြောမယ် ၁၂/ တမန(နိုင်) ဝေါ် ၀ွီ ကျွလိ ကျွလူး”

“ အမေ့ အသံက စက်ရုပ်သံ ဖြစ်နေတယ်”

“ ဟဲလို ကြားကျွီ ကကျွီ လား”

“ ငင် အမေ ဘာတွေ ပြောနေတုန်း”

“ ဟဲ့ ငါ စကားပဲပြောနေတာ နင့်ဘက်က လိုင်းမကောင်းလို့နေမယ် ဘယ်နေရာကနေ ပြောနေတာတုန်း”

“ တာဝါတိုင် အောက်က”

“ ငင် ဟဲ့ တာဝါတိုင်ရော ဟုတ်ရဲ့လား ရေစင်ကြီး ဖြစ်နေအုံးမယ်”

“ မသိဘူး အမေ တာဝါတိုင်လို့တော့ ထင်တာပဲ ရေစည်တော့ မတွေ့ဘူး မီးလုံးလေးလဲ လင်းနေတယ်”

“ အော် ဒါဆို တာဝါတိုင် သေချာတယ်"

" တော်ပါဘီ အမေရာ မှတ်ပုံတင် နံပါတ်ကို မက်ဆေ့နဲ့ပဲ ပို့လိုက်တော့”

“ အေး ပို့လိုက်မယ် နေအုံး ဟိုတလောက ငါပို့လိုက်တဲ့ မက်ဆေ့လဲ ပြန်မပို့ပါလား”

“ မရဘူး ဘာမက်ဆေ့လဲ”

“ ငင် အိမ်ဘေးက အဒေါ်ကြီး နေမကောင်းလို့ ဘာဆေးသောက်ရမလဲမေးခိုင်းလို့ မေးတာလေ”

“ မရဘူး “

“ ဒါဆို ဒီမက်ဆေ့ ဘယ်ရောက်သွားသတုန်း”

“ မော်လမြိုင်လောက်တော့ ရောက်လောက်ပြီ ထင်တယ်”

“ အော် ဒါဆို မနက်ဖန်လောက်တော့ နင့်ဆီ ရောက်မှာပါ”

“ အခုရော အဒေါ်ကြီး အခြေ အနေ ဘယ်လိုလဲ”

“ ရက်လည်ဆွမ်း တောင်သွပ်ပြီးပြီ”

“ ငင်”

မြစ်ဖျားခံသော ရေစီးကြောင်းများ



ခိုင်အောင်ကျော် ( နယူးယောက် )

ကျနော် စဉ်းစားမိနေတာကို ပြောပြချင်တယ် ။ တကယ်တော့ ကျနော်တို့ မြန်မာနိုင်ငံမှာ နောက်လာမဲ့ -၂၀၁၅-ခုနှစ်အတွက် ရွေးကောက်ပွဲ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို လက်ရှိသမ္မတ ဦးသိန်းစိန်က ဥရောပခရီးစဉ်မှာ ဖြေဆိုသွားတာကြားလိုက်ရတယ် ။ သူစဉ်းစားနေတာက အဲဒီရွေးကောက်ပွဲကာလကို မဟုတ်ဘဲ ခုမျက်မှောက်ကာလမှာ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမယ် ဆိုတာကိုဘဲ စဉ်းစားပြီး အလုပ်လုပ်နေပါတယ်တဲ့  ။ ဒီစကားကို ကျနော် ထောက်ခံမိတယ် ။ မှန်တယ်ဗျာ ။ တကယ်ဆောင်ရွက်ရမှာက ပကတိမျက်မှောက် အခြေအနေတွေကိုဘဲလေ ။ ခုတော့ -၂၀၁၅-ကို ကြည့်ပြီး ပါတီစုံရွေးကောက်ပွဲ ကာလမှာ ပါတီအနိုင်ရရှိရေးလား -လွပ်လွပ်ပြီး တရားမျှတတဲ့  ရွေးကောက်ပွဲလုပ်မှာလား - တိုင်းရင်းသားမဟုတ်သူများကို အဖြူရောင်ကဒ်ပေးပြီး မဲပေးခွင့်ပေးတာကို ကန့် ကွက်ထားရမှာလား - အဲဒီလိုနယ်မြေကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ရမှာလား -စတာတွေအပြင် ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့  တိုင်းရင်းသားမဟုတ်သူများနှင့် နိုင်ငံသားမဟုတ်သူများကို ရွေးကောက်ခံ ကိုယ်စားလှယ်များအဖြစ် မပြုလုပ်ရေးဆိုတာတွေကို ပြုလုပ်ရလိမ့်မလားတိုတာတွေကို မစဉ်းစားဘဲ ပြောနေကြတာကို သမ္မတ ဦးသိန်းစိန်က အရိပ်အမြွက် ပြောလိုက်တာ ထင်ပါတယ်  ။ ခုတော့ -၂၀၁၅- ရွေးကောက်ပွဲလုပ်လို့ ရှိရင် သမ္မတဖြစ်ချင်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့  သူရဦးရွှေမန်းတို့ က ကြွေးကြော်နေကြတော့ စဥ်းစားမိတာလေး ပြောချင်တယ် ။

    ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲမှာ အနိုင်ခဲ့ ရင် ပြန်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်လာမှာပါ ။ အဲဒီနောက် ဥပဒေတွေပြဋ္ဌန်း ပြောင်းလဲ ပြင်ဆင်လို့  သမ္မတဖြစ်သွားရင် အစစအရာရာတွေ ပြောင်းလဲလာမယ်လို့ ကျနော်ထင်တယ် ။ ပထမအချက်ကတော့ နိုင်ငံအခေါ်အဝေါ်ပြသနာ ဖြစ်လာလိမ့်မယ်လို့  ထင်ရတယ် ။ ခုလက်ရှိသုံးစွဲ ခေါ်ဝေါ်နေတာက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်လို့  ငွေစက္ကူကအစ ရုံးသုံးဝေါဟာရတွေမှာ သုံးစွဲခေါ်ဝေါ်ကြတယ် ။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်လာရင်တော့ ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော်လို့  ခေါ်ဝေါ်သုံးစွဲ အမည်ပြောင်းရပါတော့မယ် ။ ဒီလိုသာ အမည်ပြောင်းလဲ ခေါ်ဝေါ်ရမယ်ဆိုရင် ဗမာသမ္မတနိုင်ငံတော်ကို တိုင်းရင်းသားလူမျိုးတွေက လက်သင့်ခံကြပါ့မလား ဆိုတာ စဉ်းစားမိပါတယ် ။  ဘာဘဲပြောပြော ဒေါ်အောင်ဆန်းစုကြည်က ဗမာဆိုတဲ့  ဝေါဟာရကို ကမ္ဘာပါတ် ခရီးသွားခဲ့ ရာမှာ ထင်ထင်ရှားရှား အသုံးပြုခေါ်ဝေါ်သူဆိုတော့ ပြည်ထောင်စုသမ္မတဗမာ့နိုင်ငံတော်လို့  သမ္မတအာဏာနဲ့  ပြောင်းလဲခေါ်ဝေါ်ရမည်ဆိုရင်တော့ ပြသနာက ကြီးမားသွားစရာတွေ ဖြစ်လာလိမ့်မယ်လို့  ယူဆရပါတယ် ။

   ဒါ့ကြောင့်မို့ လို့  ခုကတည်းက ဒီလိုနာမည်မျိုးကို ခေါ်ဝေါ်သုံးစွဲရန် ရှိမရှိဆိုတာမျိုးကအစ သတိထားကြရလိမ့်မယ်လို့  ထင်တယ် ။  သူရဦးရွှေမန်းကျပြန်တော့လဲ စစ်အာရှင် အစိုးရက ချမှတ်ထားခဲ့ တဲ့  လမ်းစဉ်ကို မဆောင်ရွက်ရင် သူတို့ ညံ့ရာကျမယ် လို့ ပြောထားတော့ သူရဦးရွှေမန်းသာ သမ္မတဖြစ်လို့ ကတော့ ဗိုလ်ချုပ်ကြီးနေ၀င်း- ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ထက် ဆိုးဝါးမဲ့  လက္ခဏာ ဖြစ်မယ်လို့  ယူဆရပါတယ် ။ လွန်ခဲ့ သော လပိုင်းလောက်က တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင် ခွန်ထွန်းဦးက ပြောသွားတာ ထင်ပါတယ် ။ သူက -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စာအုပ်မျက်နှာဖုံးကအစ ပြောင်းလဲပြင်ဆင်ရန်လိုအပ်တယ်လို့  ပြောဆိုသွားတာ အမှတ်ရနေမိတယ် ။  ခုတော့လဲ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရေးကော်မီတီကို လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် ဖွဲ့ စည်းပေးထားလိုက်ပြီလို့  ကြားသိရပါပြီ ။ ခက်နေတာက ဒီနေရာမှာ ပြောစရာစကားတွေက အများကြီး ရှိလာနေပါတယ် ။ ကျနော်သိရသေလာက် -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို -၂၀၁၀-ရွေးကောက်ပွဲဝင်ခဲ့ တဲ့  နိုင်ငံရေးပါတီတိုင်းက အချိန်ရရင်-ရခိုက်  သူတို့ ဟာ -၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံကို မကြိုက်ဘူးလို့  ပြောဆိုတတ်ကြတာ သတိထားမိပါတယ် ။ ဒါပေမဲ့  အဲဒီနိုင်ငံရေးပါတီတိုင်းဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဦးလည်မသုန် ထမ်းရွက်ပါမည်လို့  ကျမ်းသစ္စာဆိုခဲ့ ကြရသူများဖြစ်ပါတယ် ။ သို့ သော်လဲဘဲ အဲဒီနိုင်ငံရေးပါတီတွေဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မကြိုက်မနှစ်သက်ဘူးဆိုရင် မိမိတို့ ကြိုက်နှစ်သက်တဲ့  ပြည်သူတွေအတွက် အသုံးတည့်တဲ့  ဥပဒေမူကြမ်းတွေကို ရေးသားတင်ပြရန် ရှိနေသင့်ပါတယ် ။

    တစ်ခါက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဦးညဏ်ဝင်းက ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ရေးဆွဲရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့  အစိုးရက ထုတ်ပြန်ထားတယ်ဆိုတဲ့  အကြောင်း ပြောဆိုသွားတာ မှတ်မိပါတယ် ။ ဒါ့ကြောင့်မို့  သူတို့ မှာ ရေးဆွဲထားတာ မရှိဘူးပေါ့ ။ ခုတော့ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံကို လေ့လာသုံးသပ်ရန် ဆိုပြီး ကော်မီတီ ဖွဲ့ ထားတယ် ဆိုတော့ ဘာကိုများ လေ့လာသုံးသပ်ကြမည်နည်းဆိုသော မေးခွန်းက ပေါ်ထွက်လာပြန်ပါတယ် ။ လေ့လာသုံးသပ်မည်ဆိုခြင်းမှာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေစာအုပ်ကို စားပွဲခုံပေါ်တင်ပြီး ၀ိုင်းဖတ်ကြပြီး တစ်ယောက်တစ်ပေါက် ပြောဆိုကြမည်လား ဆိုသော မေးခွန်းကို မေးချင်လာမိပါတယ် ။ အရေးကြီးသော နောက်မေးခွန်း တစ်ခုမှာ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်နေကြတဲ့  ကိုယ်စားလှယ်တော်အမတ်မင်းများက ဆွေးနွေးအကြံပြုလို့  မရပေဘူးလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ် ။ သူတို့ တွေလည်း လူပါဘဲဟု ပြော၍ရပါတယ် ။

        တစ်နေ့ က ရခိုင်ပြည်နယ် မန်အောင်မြို့ နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက သူ့ အနေနဲ့  ရန်ကုန်ရောက်တိုင်း တစ်ကြိမ် တစ်ခါမျှ မသွားမလည်ပါတ်ဖူးတဲ့  ကြည့်မြင်တိုင်က အမှိုက်ပုံကို  ဘယ်တော့လောက် စည်းကမ်း ကျနစွာနဲ့  သိမ်းဆည်းပါမည်လဲဆိုသော မေးခွန်းကို မေးတာကြားလိုက်ရပါတယ် ။ သူနဲ့  ကြည့်မြင်တိုင်နဲ့  ဘာမျှ မပတ်သက်ဘဲ မေးထားတဲ့  မေးခွန်းကို ကြားသိရတဲ့  လူုတွေအနေနဲ့  ဘယ့်လောက်များ လွှတ်တော်ရဲ့  စုတ်ပြတ်သတ်နေပုံကို ရွံရှာနေမလဲ ဆိုတာ စဉ်းစားမိပါတယ် ။ တကယ်ဆိုရင် ကြည့်မြင်တိုင် လွှတ်တော်ကိုယ်စားလှယ်က မေးသင့်တဲ့  မေးခွန်းဖြစ်ပါလျှက်ကယ်နဲ့  ခုတော့ ရခိုင်ပြည်နယ် မန်အောင်မြို့ နယ်က လွှတ်တော်ကိုယ်စားလှယ် မေးမြန်းနေတော့ ဤကား -လွှတ်တော်တည်းဟု ပြောရုံမှအပ ဘာများ ပြောစရာ ရှိပါ့မလဲလို့  စဉ်းစားမိပါတယ် ။ အဲဒီလိုကြောင့်ဘဲလားတော့ မဆိုနိုင်ပါဘူး ။ ပြည်ထောင်စုလွှတ်တော်မှာ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ်တိုင်း မလေ့လာ မသုံးသပ်ရဘဲ အရည်အချင်း မရှိတဲ့  လွှတ်တော်ကိုယ်စားလှယ်များ အခြေအနေကို သိလို့ ဘဲ -၁၀၀- ကျော် လွှတ်တော်ကိုယ်စားလှယ်တွေကို လေ့လာဖို့  ကော်မီတီတွေ ဖွဲ့ စည်းလိုက်တယ် ထင်ပါတယ် ။

    ဒါပေမဲ့  လေ့လာသုံးသပ်သည့် ကော်မီတီသာဖြစ်နေတော့ ဒီဥပဒေကို မှား၏ မှန်၏ ကောင်း၏ ဆိုး၏ဟု လက်ဆုပ်လက်ကိုင်ပြမည့် နိုင်းယှဉ်ပြမည့် ဖွဲ့ စည်းပုံဥပဒေများနှင့် ပတ်သက်တဲ့  သူတို့ ကိုယ် သူတို့ ရေးဆွဲထားတဲ့  အချက်အလက်များ-စာအုပ်စာတမ်းများ-ဘာမျှမပါရှိ၍ ၄င်းလေ့လာသုံးသပ်သောကော်မီတီမှာ အဖြစ်မရှိတာကို စဉ်းစားတိုင်း အဖြေပေါ်နေပါတယ် ။  ကျနော်ဖြစ်စေချင်တာက လေ့လာသုံးသပ်မည့် သူတိုင်း သို့ မဟုတ် နိုင်ငံရေးပါတီတိုင်းမှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမူကြမ်းများကို ရေးဆွဲပြီး ကော်မီတီမှာ ပါဝင်သူများက မိမိတို့ ၏ ဖွဲ့ စည်းပုံက ဤသို့ - ဆိုကာ အခြားအဖွဲ့ အစည်းများက တင်ပြလာသည့် ဖွဲ့ စည်းပုံများနှင့် နိုင်ယှဉ်ကြရပါလိမ့်မယ် ။ သို့ အတူ စာအုပ်မျက်နာဖုံးကအစ ပြောင်းလဲရန် သင့်သည်ဟု ဆိုသော ဦးခွန်ထွန်းဦး ပြောဆိုသကဲ့ သို့  စာအုပ်မျက်နာကို ခုလို ပြောင်းလဲထားပါ၏ ဟု ပြောဆိုပြင်ဆင်ထားသော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေစာအုပ်ကို တင်ပြနိုင်ခွင့် များ ရှိနေသင့်ပါတယ် ။ ပြီးတော့ ပြည်ထောင်စုဗမာ့သမ္မတနိုင်ငံတော်၏ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မူကြမ်းစာအုပ်နှင့် ယခုလက်ရှိ မြန်မာနိုင်ငံ၏ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လေ့လာသုံးသပ်သည်သာမက တိတိကျကျ ပြင်ဆင်ရေးဆွဲ နှိုင်းယှဉ်ကြပါရန်နှင့် -အချိန်ကာလအားဖြင့် -၁၅-နှစ်မျှ ရေးဆွဲထားခဲ့ သော -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မည်မျှအတိုင်းအတာအထိ ရေးဆွဲချိန်  ကြာမြင့်မည်ဆိုသည်ကိုလည်း ပြည်သူတို့ အား  ချပြသင့်ပါကြောင်း  မြစ်ဖျားခံသော ရေစီးကြောင်းများအကြောင်းကို တင်ပြလိုက်ရပါတယ် ။။။။။။

Sunday, July 28, 2013

နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားများ၏ အမှန်တရားပေါ်ပေါက်ရန် ရှင်းလင်းခြင်း


 Kyaw Xin Heart's photo.

>>> အားလုံးပဲ မင်္ဂလာပါ။ ကျနော်တို့သည် နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသား/သူများဖြစ်ကြပါတယ်။ ကျနော်တို့ပြောကြားသမျှ ယခု အကြောင်းအကြားများသည် အမှန်တရားများသာဖြစ်ကြပါတယ်။ ကျနော်တို့သည် အမှန်တရားကို ချစ်မြတ်နိုးသလို အမှန်တရားကိုချပြစေလိုသည့် အတွက် ယခုလို သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ပြောဆိုရှင်းလင်းခြင်းဖြစ်ပါတယ်။

>>> ပထမဦးစွာ ကျနော်တို့ ကျောင်းတွင်းလှုပ်ရှားမှု ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာများအကြောင်းကို ပြောကြားလိုပါတယ်။ ကျနော်တို့ တက္ကသိုလ်သည် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းသားစွမ်းရည် မြင့်တင်ရေးလုပ်ငန်းများကို ကျောင်းသားနှင့်ဆရာ အထူးပူးပေါင်းလုပ်ဆောင်လျက်ရှိတဲ့ တက္ကသိုလ်တစ်ခုပါ။ ယခုနှစ် ကျောင်းတွင်းလှုပ်ရှားမှုများအနေဖြင့် စာပေဟောပြောပွဲ၊ အနုပညာပဒေသာကပွဲ၊ အားကစားပွဲများတွင်လဲ ဘောလုံးပွဲသာမက ကြက်တောင်ရိုက်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ခြင်းလုံးပွဲများကျင်းပပေးခဲ့ပါတယ်။ ထို့အပြင် တရားပွဲ၊ ဇူလိုင်လ ၈ရက်နေ့ ကျနော်တို့ ကျောင်းမှာ ဓမ္မဒူတ အရှင်ဆေကိန္ဒတရားပွဲများ ကျင်းပပေးခဲ့ပါတယ်။ ကျောင်းစည်းကမ်းပိုင်းနှင့် ပတ်သတ်၍လဲ ထိန်းထိန်းသိမ်းသိမ်း စည်းနှင့်ကမ်းနှင့် ပြုမူသော တက္ကသိုလ်ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျောင်းသားနှင့် ဆရာပူးပေါင်း လုပ်ဆောင်နေသည့်ကြားထဲက ကျနော်တို့ ကျောင်းသားစုံတွဲတစ်တွဲ၏ မသင့်တော်သော အပြုအမူ ဗီဒီယိုဖိုင် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပါတယ်။ ကျနော်တို့ပွဲသည် အမှန်တရားပေါ်ပေါက်ရန် ရှင်းလင်းပွဲဖြစ်သည့်အတွက် ကျနော်တို့ အမှန်အတိုင်းသာ ရှင်းလင်းပြောကြားပေးပါမယ်။

ဇွန်လ ၂၆ရက်နေ့ ၂၀၁၃ခုနှစ် ဗုဒ္ဓဟူးနေ့ နေ့လည်၁နာရီအချိန်တွင် ကျနော်တို့တက္ကသိုလ်မှ ၇၅%မပြည့်မီသော ကျောင်းသား/သူများ၏ မိဘများကို ပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ဌာနမှူးများ၊ ဌာနအလိုက် မိသားစုဆရာမများခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲ၌ ကျောင်းသားများကျောင်းတက်မှန်ကန်ရေး၊ ကျောင်းစည်းကမ်းပိုင်းဆိုင်ရာများ၊ ကျောင်း၏ Academic Plan၊ စာမေးပွဲစစ်မည့်ပုံစံ စသည်တို့ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ၎င်းနေ့ ၎င်းအချိန်မှာပင် သုံးထပ်ဆောင် Basement ဒေါင့်ခန်း၊ ချောင်အကျဆုံးဖြစ်သော စာသင်ခန်း 3B/6၌ အဆိုပါစုံတွဲသည် ထိုအရေးကို အခွင့်အရေးတစ်ခုသဖွယ် အသုံးချ၍ မဖွယ်မရာပြုမူဆောင်ရွက်နေသည်ကို ကျောင်းသားတစ်စုမှ တွေ့ရာမှ ဖုန်းဖြင့် Videoရိုက်၍ လူငယ်သဘာဝ နောက်ပြောင်လိုသော သဘောဖြင့် နောက်ဆက်တွဲအကျိုးဆက်များကို မစဉ်းစားဘဲ အချင်းချင်းဖြန့်ဝေရာမှ အခြားကျောင်းမှ ကျောင်းသားများထံရောက်သွားခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့သောကြောင့် အဆိုပါ သတင်းမှာ ပျံ့နှံ့သွားခြင်းဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်နှင့် ပတ်သတ်၍ ကျောင်းမှ သိလျင်သိခြင်း သက်ဆိုင်ရာမိဘများအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အသိပေးပြောကြားခဲ့ပါတယ်။ အဆိုပါအသိပေးပုံမှာလဲ မီဒီယာတစ်ခုမှ ဖော်ပြသလို အသိပေးခြင်းမှာလဲ လုံးဝ လုံးဝ မဟုတ်ပါ။ သက်ဆိုင်ရာမိဘများက ၎င်းတို့၏ သဘောဆန္ဒအရ သားသမီးများအား နှုတ်ထွက်စာတင်၍ ကျောင်းမှနှုတ်ထွက်သွားခဲ့ပါတယ်။

နောက်နောင်တွင် အလားတူကိစ္စများ မဖြစ်စေရန် မော်ကွန်းထိန်း၊ စီမံဌာနမှူး၊ အတန်းစစ်များ၊ သန့်ရှင်းရေး၊ ၀န်ထမ်းများ၊ ကျောင်းသားများက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ယခင်ကထက်ပို၍ အလေးပေးဆောင်ရွက်ရန် ပြင်ဆင်ခဲ့ကြပါတယ်။ ကျောင်းဆင်းသည်နှင့်တစ်ပြိုင်နက် အဆောင်လိုက် လုံခြုံရေးဝန်ထမ်းများက စာသင်ခန်းများအား လိုက်စစ်၍ သော့ခတ်ရန် အလေးအနက်ထားခဲ့ကြပါတယ်။ အဆိုပါကိစ္စဖြစ်ပွားခဲ့ပြီးနောက် မိမိတို့ ကျောင်းသားများထဲမှ တစ်ချို့က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပွင့်လင်းစွာဖြေရှင်းရန် ပြောကြားခဲ့သော်လည်း သက်ဆိုင်သူ ပုဂ္ဂိုလ်များ နစ်နာစေမည်ဆိုးသောကြောင့် ဖြေရှင်းခြင်း မပြုလုပ်ခဲ့ပါ။

အဆိုပါဗီဒီယိုဖိုင်များသည် ဆင်ခြင်ထုံတရားမရှိသည့် ကိုယ်ချင်းစာစိတ်မရှိသည့် လူများ၏ အွန်လိုင်းပေါ် ဖြန့်ဝေမှုများကြောင့် အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့သွားခဲ့ပြီး ကျနော်တို့ ကျောင်းသူ၊ ကျောင်းသားများအပေါ် မိဘပြည်သူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာခဲ့တယ်။ ဒါဟာဖြစ်လဲ ဖြစ်သင့်ပါတယ် ကျနော်တို့ဘက်ကလဲ လက်ခံပါတယ်။ အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ဂုဏ်သိက္ခာရှိသည့် မီဒီယာများက အပြုသဘောဆောင်သည့် ဆောင်းပါးများ ထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ကျနော်တို့ဘက်ကလဲ အပြုသဘောဆောင်သည်များကို ကြိုဆိုပါသည် လက်ခံပါသည် ဒီလိုကိစ္စမျိုး မြန်မာနိုင်ငံရှိ မည့်သည့်ကျောင်းများတွင်မဆို ထပ်မံ မဖြစ်ပွားစေရန် အားလုံးပူးပေါင်း၍ ပညာပေးအစီအစဉ်များပြုလုပ်ပေးသင့်ပါတယ်။
အချို့ပုဂ္ဂိုလ်များနှင့် အွန်လိုင်းများတွင် အဆိုပါကိစ္စကို ချဲ့ကား၍ ကောလဟာလများ ပုံကြီးချဲ့သတင်းများ မမှန်မကန်သတင်းများ ဖော်ပြ အပုတ်ချလာခဲ့ကြပါတယ်။ အဆိုပါချဲ့ကားမှုများကြောင့် ကျနော်တို့ ကျောင်း၏ ဂုဏ်သိက္ခာ၊ ကျောင်းသား၊ကျောင်းသူများ၏ ဂုဏ်သိက္ခာများစွာ ကျဆင်းခဲ့ရပါတယ်။ မောင်နှမသားချင်း၊ သားသမီးချင်း၊ မညှာမတာပြောဆိုမှုများကြောင့် လက်ရှိကျောင်းတက် ပညာသင်ကြားဆဲ ကျောင်းသူများအပေါ် ပတ်ဝန်းကျင်မှ မတရား စနောက် ရန်စမှုများ အဆမတန်မြင့်တက်လာခဲ့ပါတယ်။ ကျနော်တို့ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဖြစ်ကြပါတယ်။ ရေနစ်သူကို ဆင်းမဆယ် မကယ်ပဲ ၀ါးကူထိုးနေကြတာဟာ ဖြစ်သင့်ပါသလား။ ကျနော်တို့တွေဟာ မျိုးစစ်စိတ် အပြည့်ရှိသူများဖြစ်ကြပါတယ်။ ကျနော်တို့၏ မိသားစု၊ ညီအစ်ကိုမောင်နှမများကို စောင့်ရှောက်ရန်အတွက် ကျနော်တို့မှာ တာဝန်အပြည့်ရှိပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ရမည့်အဖြစ် ကျနော်တို့ရဲ့ညီမတွေအပေါ် မကြုံစေလိုပါဘူး။

ကျနော်တို့ဟာ အင်ဂျင်နီယာကျောင်းသားများဖြစ်ကြပါတယ်။ အနာဂတ်မြန်မာနိုင်ငံကို စက်မှုနိုင်ငံအဖြစ်ပြောင်းလဲတည်ဆောက်ဖို့ ကျနော်တို့ အင်ဂျင်နီယာကျောင်းသားများက အရေးပါဆုံးအခန်းကဏ္ဍမှ ပါဝင်နေကြပါတယ်။ ဒီလိုလူငယ်တွေကို မိဘပြည်သူများ မီဒီယာများက ဖေးမ မကူညီပဲ လျစ်လျူရှု ၀ါးကူထိုးနေလျင် ကျနော်တို့ မြန်မာနိုင်ငံ၏ အနာဂတ်သည် မတွေးဝံ့စရာပါပဲ။

ကျနော်တို့သည် အမှန်တရားကို မြတ်နိုးသောသူများဖြစ်ကြပါတယ်။ အကိုတို့၊ အမတို့ မီဒီယာများသည်လဲ အမှန်တရားကို သိချင်သောကြောင့် ယခု နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားများ၏ အမှန်တရားပေါ်ပေါက်ရန် ရှင်းလင်းပွဲကို တက်ရောက်သည်ဟု ကျနော်တို့ဘက်မှ ယုံကြည်ပါသည်။
--------------------------------------------------------------------------------------
>>> အခုပြောမယ့်စကားတွေက တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုခု ကိုတိုက်ခိုက်ပြီး ပြောလိုခြင်းမဟုတ် ၊ ကျောင်းသားတွေရဲ့အမှန်တရားကိုပေါ်ပေါက်ဖို့ ပြန်လည်ဖြေကြားခြင်းဖြစ်ပါတယ်။ တာဝန်ယူပြောမယ့်အပိုင်းက မြန်မာသံတော်ဆင့် အတွဲ (၂) ၊ အမှတ် (၁၉) မှာပါတဲ့ ကိုဦးဆွေရဲ့ အရေးပေါ်အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး ဖြေရှင်းမည်ဖြစ်။

စရှင်းချင်တဲ့အချက်က ခိုးရိုက်တဲ့အဖွဲ့မှာဆရာတစ်ဦးပါတယ်ဆိုတဲ့အချက်ဖြစ်ပါတယ် အရိုးသားဆုံးပြောရမယ်ဆိုရင် ဒီဗီဒီယိုဖိုင်ကို ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ကြိမ်နားထောင်ပြီးကြောင်း ၊ ဒီအချက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်စုံစမ်းသိရှိထားချက်များအရ ခိုးရိုက်တဲ့အထဲမှာ ဆရာတစ်ယောက်မှ မပါပါဘူးလို့ အတည်ပြုပါတယ်။

နောက်တစ်ချက်က “ကောင်မလေးအဖေ ကိုယ့်ကိုကိုယ်သတ်သေသွားပြီတဲ့”ဆိုတဲ့အချက် ၊ ဒီမှာရှိတဲ့ မီဒီယာသမားများက ကျွန်တော်တို့ထက်ပိုသိမှာပါ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတဲ့ကိစ္စဟာ ရိုးရိုးမဟုတ်ပါဘူး ရဲအရေးပိုင်တဲ့ကိစ္စပါ ၊ မှုခင်းကိစ္စပါ၊ ဒီကိစ္စကိုအတည်ပြုချင်တယ်ဆိုရင် အစ်ကိုတို့ အနေနဲ့ ကျွန်တော်တို့ထက်ပိုပြီး ထိထိရောက်ရောက်အတည်ပြုနိုင်မှာပါ။

နောက်တစ်ချက် “အရပ်ထဲထိပြန့်နေတာတွေ၊ မှန်လားမှားလားမသိပေမဲ့ ဖြစ်နိုင်ချေတော့ရှိနေတာပဲ “ ဆိုတဲ့အချက် ၊ သူ့ရဲ့မူရင်းစေတနာကိုတော့ လေးစားလို့ရကောင်းရနိုင်ပါတယ် ၊ ဒါပေမဲ့စကားလုံး အနေအထားတွေကို လက်ခံလို့မရနိုင်ပါ သူကိုယ်တိုင်ပြောထားတဲ့ အရပ်ထဲမှာပြန့်နေတဲ့ ပါးစပ်သတင်း ဆိုတာက ရပ်ကွက်ထဲမှာလက်ဖက်ရည်ဆိုင်ထိုင်ပြီးလေးငါးယောက်ပြောရင် လေးငါးယောက်ပဲသိပါမယ်၊ ဒီဂျာနယ်က စောင်ရေတစ်သောင်းထုတ်တယ်ဆိုပါစို့ ၊ ဒါကိုလူလေးသောင်းက ဖတ်တယ်ဆိုပါစို့ ၊ ဒီလူလေးသောင်းရဲ့ ပါးစပ်တွေကို ဘယ်လိုထိန်းသိမ်း နိုင်မှာလဲ ၊ သူကပါးစပ်သတင်းလို့ပြောပေမဲ့ ပါးစပ်သတင်းလို့မထင်ပဲနဲ့ အမှန်လို့ထင်သွားတဲ့သူတွေရှိမယ် ၊ ဒီကိစ္စစပြန့်တုန်းက ကျောင်းသားလူငယ်အသိုင်းဝိုင်း ၊ နောက်တော့အွန်လိုင်းမီဒီယာအသိုင်းအ၀ိုင်း ၊ အဲဒီအချိန်အထိ ကျွန်တော်တို့အမေတွေမသိသေးပါဘူး၊ printed media မှာကျောင်းနာမည်နဲ့ပါလာတဲ့အတွက် ကျောင်းနာမည်အများကြီးထိခိုက်ပါတယ် ၊ ပြီးတော့လူကြီးအသိုင်းအ၀ိုင်းမှာ စပြီးပျံ့နှံ့သွားတယ် ၊ နယ်ထိပျံ့ နှံ့သွားတယ်။

နောက်တစ်ချက်က “သန်လျင်တည်းခိုခန်းတွေမှာ GTC ၀တ်စုံတွေနဲ့ အခန်းတိုင်းပြည့်ဆိုတဲ့ ပါးစပ်သတင်းကသန်လျင်တစ်မြို့လုံးအသိပဲ ဆရာတို့ရေ”တဲ့ “ဂျာနယ်တွေကဘယ်လောက်ရေးရေး တာဝန်ရှိသူလူကြီးမင်းများက ဂရုမစိုက်ကြပါဘူး ဆရာတို့ရေ’ တဲ့ ၊ ဒီအချက်ကို သန်လျင်ကျောင်းမှာ လက်ရှိတက်နေတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ရော ၊ ဒီမြို့နဲ့ အဆက်အသွယ်ရှိတဲ့ လူတစ်ယောက်အနေနဲ့ပါ လုံးဝပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် ၊ သန်လျင်တည်းခိုခန်းတွေမှာ ကျောင်းဝတ်စုံတွေနဲ့အားလုံးအပြည့်ဆိုတဲ့ သတင်းဟုတ်မဟုတ်ဆိုတာကို အစ်ကိုအစ်မတို့ကိုယ်တိုင် စုံစမ်းနိုင်ပါတယ် “အပြည့်” ဆိုတဲ့စကားပေါ့ ၊ သန်လျင်တည်းခိုခန်းတွေမှာ GTC ၀တ်စုံတွေနဲ့ အခန်းတိုင်းပြည့်ဆိုတဲ့စကားက တော်တော်လေးကိုထိခိုက်စေပါတယ်။

နောက်တစ်ချက် “ အခုတော့အုပ်ချုပ်ရေးတင်မက ကျန်တဲ့မဏ္ဍိုင်နှစ်ခုရော ၊ စာနယ်ဇင်းတွေရော ၊ မိဘပြည်သူတွေရော၊ ဆရာ့ဝတ်ကိုလျစ်လျူရှုခဲ့ကြတဲ့ဆရာဆရာမတွေရော ၀ိုင်းဝန်းကြရမယ့် အခြေအနေကိုရောက်နေပါပြီ “ တဲ့ ၊ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားက လက်ရှိမှာ အားလုံးကနိုင်ငံတော်အသစ်ဆီကို အတူတူပူးပေါင်းတည်ဆောက်နေတဲ့အချိန်ပါ ၊ ဒီလိုအချိန်မှာအားလုံးက ၀ိုင်းကူညီရမယ့်အချိန်ပါ ၊ ကိုကျော်ဇင်ထက်ပြောသလို ရေနစ်သူကိုဝါးကူထိုး သလိုတော့မဖြစ်စေချင်ပါ ၊ အပြုသဘောနဲ့ဝိုင်းပြောတာကို လက်ခံကြိုဆိုပါတယ် ၊ ပြီးတော့ ကျောင်းမှာရှိတဲ့ ပါချုပ်နဲ့ ဆရာတွေက တာဝန်တွေကိုလစ်ဟင်းနေတာမဟုတ်ပါ ၊ ကျောင်းမှာ ကျောင်းသား ၉၀၀၀ကျော် ရှိပါတယ် ၊ ဒီထဲမှာ ရာနှုန်းပြည့်ကောင်းမယ် မပြောလိုပါ၊ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းဟာ အားလုံးနဲ့ယှဉ်ရင် မှတ်ကျောက်တင်နိုင်တယ်ဆိုတာ ကျွန်တော်တို့ဘက်က အဖြေစကားပါ။

ကျွန်တော်တို့နားလည်တာက အိတ်ဖွင့်ပေးစာဆိုတာ ရေးတဲ့ပုဂ္ဂိုလ်ကပို့မယ် ၊ သက်ဆိုင်ရာမီဒီယာက စာမျက်နှာပေါ်တင်ပေးတာပေါ့ ၊ ကိုဦးဆွေကိုယ်တိုင်က ပါးစပ်သတင်းလို့ပြောတယ် ၊ အရပ်ထဲမှာ ပြန့်နေတာတွေလို့ပြောပါတယ် ၊ ဒီလိုအချက်တွေပါနေရဲ့သားနဲ့ စာမျက်နှာပေါ်တင်ပေးတဲ့ မြန်မာသံတော်ဆင့် ရဲ့ ရည်ရွယ်ချက်ကိုလည်းသိချင်ပါတယ် ၊ ဒါကတော့ ဒီအပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကျောင်းသား တွေရဲ့ဖြေရှင်းချက်ပါ ။


ဒီတစ်ပတ်ထွက် မြန်မာသံတော်ဆင့်မှာပါတဲ့အကြောင်းအရာက ကျွန်တော်တို့ကျောင်းကို လုံးဝဂုဏ်သိက္ခာကျသွားတဲ့အနေအထားကို ရောက်သွားပါတယ် ၊ ဒါ့ကြောင့် ဒီပွဲကိုစီစဉ်ရခြင်းလည်းဖြစ်တယ်။
ဦးစွာပြောလိုတာက ဂျာနယ်မှာ ဒီသတင်းကိုမျက်နှာဖုံးမှာတင်တယ် ၊ ဒီကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ကိစ္စဟုတ်ပါသလား ??? သမ္မတနဲ့ဆိုင်တဲ့သတင်းတွေက နိုင်ငံအတွက်ပိုအရေးမပါဘူးလား ??? ကျောင်းကအတွဲတစ်တွဲရဲ့မဖွယ်မရာလုပ်ရပ်ကြောင့်ဆိုတာကို ကျွန်တော်တို့ကျောင်းကို ဘာရည်ရွယ်ချက်နဲ့လုပ်တာပါလဲ ၊ ဒါက စဉ်းစားစရာတော့ဖြစ်ပါတယ် ၊ အဓိက က highlight လုပ်ထားပြီး reporter နာမည်လည်းမပါပါဘူး၊ ကျွန်တော်တို့ထင်မြင်ချက်ကတော့ အယ်ဒီတာအဖွဲ့က တည်းဖြတ်ရေးသားချက်ဖြစ်နိုင်ပါတယ်။

အထဲမှာပါတဲ့အချက်တွေကို ရှင်းပြပါမယ် ၊ ဒီထဲမှာ အမှန်တစ်ခုပဲပါတယ် ၊ ကျန်တာ အကုန်တလွဲတွေပါ ၊ ဒါကိုပြောချင်လို့လည်း ဒီပွဲကိုလုပ်တာပါ ၊ ဒီကိစ္စကျောင်းမှာဖြစ်ပွားခဲ့တယ်ဆိုတာ မှန်ပါတယ် လက်ခံပါတယ် ၊ အပြုသဘောဆောင် ထောက်ပြတာကိုလည်း လက်ခံပါတယ် ၊ ဒါပေမဲ့ ဒီထဲမှာထပ်ပါလာတာက “ပရိုဂျက်တာနဲ့ပြသတယ်” တဲ့ ၊ ရှင်းရှင်းပြောရမယ်ဆိုရင်အားလုံးသိပါတယ် ၊ ပါမောက္ခချုပ်ဟာ ပညာရှိပါ ပညာတတ်ပါ နိုင်ငံခြားမှာ Ph.D ရထားတဲ့သူပါ ၊ အမျိုးသမီးတစ်ယောက်ပါ ၊ အားလုံးနားလည်ပါတယ် ၊ ဘယ်သူက ဒီလိုမဖွယ်မရာတစ်ခုကို ကျောင်းသားတွေ မိဘတွေကိုခေါ်ပြီး ဘယ်လိုပြမှာလဲ? စဉ်းစားတတ်ရင် စဉ်းစားနိုင်ပါတယ် ၊ ဒါမမှန်ဘူးဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ် ၊ ကျွန်တော်တို့က ခုကျောင်းမှာ BE ရောက်နေပါပြီ ညီငယ်တွေကိုလည်းဦးဆောင်ရသလို အထက်ပိုင်းနဲ့ ၊ ဆရာ/မ နဲ့လည်း good relationship ရှိပါတယ် ၊ အသေးစိတ်မဟုတ်တောင် ကျောင်းကိစ္စတွေကို အကုန်သိပါတယ် ၊ ဒီလိုကိစ္စမျိုးကျောင်းမှာလုံးဝမကြားမိပါဘူး၊ သူတို့ဘယ်က သတင်းရပြီးရေးလဲတော့ မသိပါ။

နောက်တစ်ချက် ပါမောက္ခချုပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နုတ်ထွက်ခိုင်းတယ် ပြောပါတယ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ကျောင်းဘယ်လိုပတ်သက်သလဲ နည်းနည်းပြောချင်ပါတယ် ၊ နည်းပညာကျောင်းအားလုံးဟာ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ရဲ့ စက်မှုနဲ့သက်မွေးပညာဦးစီးဌာနအောက်မှာရှိပါတယ် ၊ ဖြစ်ခဲ့မယ်ဆိုရင်တောင် ဒါကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ပိုင်ခွင့်မရှိပါဘူး ၊ ဒါပေမဲ့ နှုတ်ထွက်ခိုင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး ကျွန်တော်ရဲရဲပြောရဲပါတယ် ၊

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပတ်သက်ပြီးထပ်ပြောချင်ပါတယ်၊ ဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အကြိမ်ကြိမ်အခါခါ အတည်ပြုပြီးပါပြီ ၊ အားလုံးအနေနဲ့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူထံ သွားရောက် အတည်ပြုမေးမြန်းနိုင်ပါသည်။ ဒီကိစ္စမဟုတ်ကြောင်းကိုအာမခံပါတယ် ။

မီဒီယာတစ်ခုအနေနဲ့သတင်းတစ်ခုကိုတင်ရင် သေသေချာချာ သိသင့်ပါတယ် ၊ “သပန” ဟာ ပညာရေးဝန်ကြီးဌာနနဲ့မဆိုင်ပါ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာရှက်ဖို့ကောင်းတဲ့ အရေးအသား တစ်ခုအနေနဲ့ ပြောချင်ပါတယ်။
ထပ်ပြောချင်တာ တစ်နေ့က မြန်မာသံတော်ဆင့်ဂျာနယ်က တာဝန်ရှိသူနဲ့ ပါမောက္ခချုပ် တွေ့ဆုံတဲ့ အချိန်မှာ ပြောခဲ့တဲ့စကားတစ်ခွန်းကိုမှတ်မိပါတယ် “ကျွန်မတို့သတင်းတိုက်က သေသေချာချာ confirm ဖြစ်မှတင်တာပါ ကျွန်မတို့သတင်းကို ကျွန်မတို့တာဝန်ယူပါတယ် “ လို့ပြောခဲ့တာကို အားလုံးသိအောင်ပြောပြတာပါ ၊ ဒီကျောင်းသတင်းကိုဖော်ပြတယ်ဆိုရင် ဒီအကြောင်းကို သေသေချာချာသိထားသင့်တာပါ။

နောက်တစ်ချက်က ဂယက်ရိုက်သွားတဲ့ကိစ္စပါ ၊ အွန်လိုင်းမီဒီယာခေတ်မှာ သတင်းပျံ့သွားတဲ့အချိန်မှာ အားလုံးကခံပြင်းပါတယ် ၊ ဒီမဖွယ်မရာကိစ္စစဖြစ်ဖြစ်ချင်းမှာ တစ်ခြားမီဒီယာတွေကလည်း အပြုသဘောဆောင်တဲ့ဖော်ပြချက်မျိုးဖော်ပြခဲ့ပါတယ် ၊ ဒါပေမဲ့ ဒီဂျာနယ်မှာတော့ ဘာရည်ရွယ်ချက်မှန်းတော့မသိပါဘူး အနုတ်သဘောဆောင်တဲ့ အရေးအသားမျိုးကိုပဲဖော်ပြခဲ့ပါတယ် ၊ နားလည်ထားတာက သတင်းသမားတွေဆိုတာ ကိုယ့်ရဲ့လွတ်လပ်စွာရေးသားခွင့်နဲ့အတူ ကျင့်ဝတ်တွေကိုလေးစားလိုက်နာသင့်တယ်ထင်ပါတယ် ၊ ဒီလိုသတင်းမျိုးကိုဘာရည်ရွယ်ချက်နဲ့ ထူးထူးခြားခြား highlight လုပ်ပြီး မျက်နှာဖုံးမှာရော အထဲမှာပါ ဖော်ပြလဲမသိပါ ၊ ဒီသတင်းတင်လိုက်တဲ့အတွက် ပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေ ဘာအကျိုးရှိသွားပါလဲ ??? လိုအပ်ချက်တွေကိုအပြုသဘောဆောင်တင်ပြတာကိုလက်ခံပါတယ် ၊ ဒါကြောင့်လည်း ဒီလိုရှင်းလင်းပွဲကိုလုပ်ဖြစ်တာပါ ။


>>> ကျမက လက်ရှိနည်းပညာတက္ကသိုလ်(သန်လျင်)မှာ တက်ရောက်နေတဲ့ကျောင်းသူပါ။ ကျမပြောချင်တာက ဂျာနယ်မှာဖော်ပြတဲ့ သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဒီစာမျက်နှာပေါ်ကိုရောက်သွားတဲ့အချိန်မှာ ဒီကျောင်းသားအသိုင်းအဝိုင်းကမဟုတ်တဲ့ မိဘပြည်သူတွေ အထင်အမြင်မှားသွားနိုင်ပါတယ်။ ဒီဂျာနယ်ရဲ့ဖော်ပြပုံကိုကြည့်ပါ၊ ကျမကArchကျောင်းသူဖြစ်တဲ့အတွက် အရောင်တွေရဲ့သဘောတရားကို နားလည်ပါတယ်။ ကျမသိတာက ဂျာနယ်တွေမှာ Highlight ဖော်ပြတဲ့နေရာမှာ ကာလာကို အဝါရောင်သုံးပါတယ်။ ဒါပေမယ့်ဒီလို နက်ပြာရောင်မျိုးကို ယူလေ့ယူထမရှိပါဘူး။ ပြီးတော့ ခေါင်းစဉ်ကိုဖတ်ကြည့်ပါ။ ကျောင်းသား/ကျောင်းသူ နှစ်ဦး၏ ညစ်ညမ်းဗီဒီယို GTCကျောင်းတွင်ပြသတဲ့။ အဲ့ဒီအသုံးအနှုန်းလေး ဒီတစ်ပေတောင်မရှိတဲ့လက်မပတ်လည်လေးက ကျမတို့ ကျောင်းသူတွေရဲ့ သိက္ခာဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာ ကျောင်းသူဖြစ်တဲ့ကျမ အသိဆုံးပါ။

အားလုံးမှာ ညီအစ်ကို မောင်နှမတွေလဲ ရှိကြပါတယ်။ ကိုယ့် အစ်မ ညီမတစ်ယောက် အစခံရရင် ဈေးဘယ်လောက်လဲ ဘယ်လောက်တန်လဲ အမေးခံရရင် ဘယ်လိုခံစားရမလဲ။ ကျမမေးခွန်းပြန်ထုတ်ချင်ပါတယ်။ ဒီကိစ္စဖြစ်ပွားသွားခဲ့တာကို ကျမလက်ခံပါတယ်။ မငြင်းပါဘူး။ ဒီကျောင်းသားတွေ ထောင်နဲ့ သောင်းနဲ့ချီတဲ့ထဲမှာ မဖြစ်စေလောက်ရာခိုင်နှုန်းထဲက ဖြစ်ပွားသွားတဲ့အတွက် ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒီသတင်းထောက်ကနေပြီးတော့ စာမျက်နှာပေါ်တင်လိုက်တဲ့ ကလောင်သွား ဘယ်လောက်ထိ တစ်ဘက်သားအပေါ်ထိခိုက်သွားမလဲဆိုတာ ဒီမှာထိုင်နေတဲ့ စာနယ်ဇင်းသမားတွေ အသိဆုံးပါ။ သူကဘယ်ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကို မွှန်းချင်လဲဆိုတာ ကျမ မသိပါဘူး။ သိရအောင်လဲ ကျမလူကြီးပိုင်းထဲမရောက်သေးပါဘူး၊ ကျောင်းသူတစ်ယောက်ပါ။ ဒီကလောင်သွားရဲ့ ဓားသွားက ကျမတို့ ကျောင်းသူတွေရဲ့ နှလုံးသားကို နာကြင်စေသွားပြီး ကျမတို့ သိက္ခာတွေပါ…………
ကျမတို့ အင်ဂျင်နီယာကျောင်းသူတွေဟာ အိမ်ထဲမှာပဲနေလို့မရပါဘူး။ သွားရပါတယ် လာရပါတယ်။ ယူနီဖောင်းနဲ့လဲ သွားရပါတယ်။ ဒီယူနီဖောင်းကို မြင်တာနဲ့ ဖြစ်ပျက်နေတာတွေ အားလုံး မီဒီယာတွေ အသိပါ။ ကျမပြောချင် ထောက်ပြချင်တာက ဒီမီဒီယာတွေဟာ နိုင်ငံရဲ့အရေးကြီးတဲ့ စတုတ္ထမာန်တိုင်ပါ။ ဒီကသတင်းသမားတွေအနေနဲ့ ငါတို့ ဒီလောက်ထိ အရေးပါတဲ့နေရာမှာ ရှိနေပါလားဆိုတာ ရင်ထဲမှာ အပြည့်အဝနဲ့ ခံယူထားမယ်လို့ ကျမယုံကြည်ထားပါတယ်။

ကျမဒီကျောင်းကိုတက်ခဲ့တာကလဲ ကျမရွေးစရာမရှိလို့ တက်စရာမရှိလို့ တက်ခဲ့ရတာမဟုတ်ပါဘူး။ ကျမအမှတ်နဲ့ ကျမတက်ချင်တဲ့ ကျောင်း၊ ကျမယူချင်တဲ့မေဂျာ အကုန်ယူဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ကျမယူချင်တဲ့ ဘာသာရပ်က ဒီကျောင်းမှာ ရှိမယ်လို့ ကျမယုံကြည်တဲ့အတွက်ကြောင့်မို့ တက်ခဲ့တာပါ။ ဒီလိုမျိုးကျမတက်နေတဲ့ကျောင်းကို အပြုသဘောဆောင်တဲ့ ထောက်ပြမှုတွေကို ကျမတို့လက်ခံပါတယ်။ အနှုတ်သဘောဆောင်တဲ့ ဒီကလောင်သွားကြောင့် ကျမတို့ရဲ့စိတ်ဓာတ်တွေ ရိုက်ချိုးခံရပါတယ်။ အဲတော့စဉ်းစားကြည့်ပါ နောက်တက်လာမယ့် ကျောင်းသား ကျောင်းသူတွေ ဒီကျောင်းမှာပဲ ငါတို့လိုချင်တဲ့ ပညာတဲ့ ဒီမှာပဲရနိုင်မယ်လို့ ယုံကြည်တဲ့သူတွေကို သူတို့မိဘတွေက စိတ်ပူပြီးမလွှတ်တော့ရင် ဒီလိုမျိုးစိတ်မျိုး မိဘတွေစိတ်ထဲ ရောက်သွားအောင် ဖျက်ဆီးခံလိုက်ရရင် ဘာလုပ်ကြမလဲ။ ဒီကလောင်သွားကြောင့် ငါတို့နိုင်ငံရဲ့ အရေးကြီးတဲ့ ဒီလိုကဏ္ဍတွေထိခိုက်သွားမလဲ စဉ်းစားမိရဲ့လား။ စဉ်းစားမိတဲ့လူ ရှိမယ်လို့လဲ ယုံကြည်ပါတယ်။ ဒီလိုစဉ်းစားမိတဲ့လူတွေဟာ ကျမတို့ ခံစားချက်တွေကို နားလည်ပြီးတော့ ထောက်ပြပေးပေးပါ။

နောက်တစ်ခုရှိပါသေးတယ်။ သတင်းသမားတွေဟာ သိတိုင်း၊ မှန်တိုင်း၊ အကျိုးရှိမှ ရေးသင့်မှရေးသည်တဲ့ ဒါသံတော်ဆင့်ဂျာနယ်ထဲမှာပါတဲ့ သူတို့ရဲ့ ဆောင်ပုဒ်ပါ။ အဲတော့ ဒီသတင်းတွေဟာ မှန်တယ်ပဲထားဦး ဖတ်တဲ့လူတွေအတွက် ဘာအကျိုးမှမရှိရင်မရေးရပါဘူး။ သတင်းသမားတွေမှာလဲ သတင်းသမား ကျင့်ဝတ်တွေရှိမှာပါ။ ဒီစတုတ္ထမာန်တိုင် သတင်းသမားတွေရဲ့ ရင်ထဲမှာတကယ်ရှိပါသလား ပြန်ပြီးတော့ မေးခွန်းထုတ်ချင်ပါတယ်။ ဒီလိုမေးခွန်းထုတ်ချင်အောင်ကိုလဲ ဘာမဟုတ်တဲ့ ဒီလက်မဝက်ဝန်းကျင် Highlightလေးက ကျမတို့ရင်ကို လာထိမှန်ခဲ့ပါတယ်။ နောက်GTCလို့ပြောတဲ့အတွက် ကျမတို့ နည်းပညာကျောင်းက တစ်ကျောင်းထဲမဟုတ်ပါဘူး။ အားလုံးကစိတ်ဝင်စားနေတဲ့ Hotဖြစ်နေတဲ့ သတင်းထည့်တာကို နားလည်ပေးနိုင်ပါတယ် အကုန်လုံးက စိတ်ဝင်စားနေကြတယ် ကျောင်းသားတွေထံမှာလဲ လူငယ်စိတ်ဓာတ်၊ လူငယ်ဆိုတာသွေးပူတယ်၊ အဲ့တော့ကျမတို့ ကိုယ်တိုင်ရင်ထဲမှာ ခံစားရတာပေါ့။ ဒီကလောင်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ ကျမမသိဘူးပေါ့။ ဒီရည်ရွယ်ချက် ဘယ်ကိုဦးတည်သွားလဲ မသိပါဘူး။

ကျမတို့ စာမေးပွဲလဲ နီးပါပြီ အရေးကြီးပါတယ်။ ကျမတို့ B.Tech 2nd yr တွေပိုပြီးတော့ အရေးကြီးပါတယ်။ ဒီစာမေးပွဲနီးနေတဲ့အချိန်မှာ ဒီကျောင်းသားတွေ မခံချင်ဖြစ်အောင် စိတ်ဆွပြီးတော့ ဘာကိုဦးတည်ချင်တာလဲ။ ကျမတို့ဟာ အင်ဂျင်နီယာကျောင်းသားတွေ စဉ်းစားတတ်တယ် အတွေးအခေါ်ရှိတယ်။ အသုံးချခံမဖြစ်လိုဘူး။ ဘယ်လိုလှည့်ကွက်တွေ ဖြစ်နေလဲဆိုတာ မသိတော့ ဒီလှည့်ကွက်တွေထဲမှာ အသုံးချခံလိုက်ရမှာ စတေးလိုက်ရမှာတော့ ကျမတို့ မခံမရပ်နိုင်ပါဘူး။ အဲ့တော့ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိပေါ့ လုပ်နေတယ်လို့ ခံစားမိတယ်။ ကျမတို့ အခုလို ကျောင်းသားများ အမှန်တရားဖြေရှင်းခြင်းပွဲလေးကို မလုပ်ခဲ့ဘူးဆိုရင် ဒီကျောင်းသားထုထဲမှာ မကျေနပ်ချက်တွေကတော့ ရှိနေတာပေါ့။ ဒီလိုမျိုးလုံးဝ သတင်းအမှားကြီးက ကျမတို့ကိုထိခိုက်သွားစေတယ်ပေါ့။ ပြီးတော့ ထိခိုက်သွားတယ်ဆိုတာကလဲ သတင်းအမှန်နဲ့မဟုတ်ဘူး သတင်းအမှားနဲ့ပေါ့။ အဲ့ဒါကြောင့် ဒီလိုမျိုး မခံမရပ်နိုင်တဲ့ အရာတွေကြောင့် သိမ်းထားတဲ့ခံစားချက်တွေကို တစ်ယောက်ယောက်ကများ သွားပြီးတော့ သွေးထိုးပေးလိုက်ရင် ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်သလဲ။ ဒါကျမတို့ စဉ်းစားရမယ်။ ကျမတို့ရဲ့လွတ်လပ်စွာ ပညာသင်ကြားရေးကို မထိခိုက်စေလိုတဲ့ဆန္ဒ ကျမတို့မှာ အပြည့်အဝရှိပါတယ်။ အဲဒါကြောင့် ကျမတို့ တိုင်ပင်ပြီးတော့ ဒီပွဲကို လုပ်လိုက်ရခြင်းဖြစ်ပါတယ်။ ကျမပြောချင်တာ ဒီအချက်အလက်တွေရဲ့နောက်ကွယ်ကနေ ခံစားသွားရတဲ့ ခံစားချက်ပါ။ ပြည်သူတွေက ဒီPrintedလုပ်ထားတဲ့ သတင်းတွေကို အမှန်လို့ထင်သွားပြီ ဒါကဒီလိုပါလားဆိုပြီးတော့ အားလုံးကယုံကြည်အားထားနေကြရတာပါ။ ဒီလိုယုံကြည်နေမှုကို ယုံကြည်မှုကိုအလွဲသုံးစားလုပ်နေတယ်လို့ ခံစားရပါတယ်။ ဒီမှာရှိနေတဲ့လူတွေကို ကျမတို့က ယုံကြည်ပါတယ် အားလဲ အားကိုးပါတယ်။ ကျမပြောချင်တာ ဒါပါပဲ။

ကျမက နိဂုံးချုပ်အနေနဲ့ဖော်ပြပေးချင်ပါတယ်။ ဒီလိုဂျာနယ်တွေက Highlightနဲ့ဖော်ပြပေးတာတွေဟာ ပြည်သူတွေလက်ထဲကိုရောက်သွားတာနဲ့ ပြည်သူတွေဟာ သတင်းအမှန်လို့ထင်သွားမှာပါ။ ဒီကောလဟလတွေကြောင့် ကျမတို့ နည်းပညာကျောင်းသူတစ်ရပ်လုံးက အများကြီးကို ခံစားနေရတာပါ။ အပြင်သွားရင် လုံခြုံမှုလဲနည်းလာပါတယ်။ ယူနီဖောင်းနဲ့သွားရင် ပတ်ဝန်းကျင်က နောက်ပြောင်စော်ကားတာတွေ ခံနေရပါတယ်။ ဒီလိုကောလဟာလတွေက စော်ကားခံနေရတာက တစ်ဆင့် ဒီလိုသတင်းအတည်ပုံစံနဲ့ စော်ကားခဲ့တဲ့အတွက် ပိုပြီး စော်ကားခံနေရပါတယ်။ ကျမတို့ နည်းပညာတက္ကသိုလ်(သန်လျင်)ဟာ ကျမရဲရဲကြီး အာမခံရဲပါတယ် မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်တွေထဲမှာ အကောင်းဆုံးပါ။ အတော်ဆုံးကျောင်းသားတွေ မွေးထုတ်ပေးနေတဲ့ကျောင်းဆိုတာ ကျမအာမခံရဲပါတယ်။ ကျမတို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကလုပ်တဲ့ အင်ဂျင်နီယာပြိုင်ပွဲတွေမှာ ကျမတို့ကျောင်းက ၃နှစ်ဆက်တိုက်ဗိုလ်ဆွဲခဲ့ပါတယ်။ အဲလို အရည်အချင်းရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရှိရဲ့နဲ့ ဒီလိုမျိုးဖြစ်ပွားခဲ့တဲ့အတွက် ကျမတို့ ကျောင်းသူကျောင်းသားတွေကို ဂုဏ်သိက္ခာမရှိတဲ့လူတွေ၊ ဒီနည်းပညာကျောင်းသူတွေကိုလဲ ဒီလိုအတန်းအစားလို့ ထင်မြင်နေကြပါတယ်။ ဒီလိုထင်မြင်နေတာကို ချေဖျက်ချင်တဲ့အတွက် အမှန်တရားပေါ်ပေါက်စေဖို့အတွက် ဒီပွဲလေးကိုလုပ်တာပါ။ ကျမတို့ ကျောင်းသူ ကျောင်းသားတွေဟာ အသက်တွေအများကြီး မကြီးကြသေးပါဘူး။ ငြိမ်းချမ်းစွာ ပညာသင်ကြားစေလိုပါတယ်။ ကျောင်းသားတွေတင်မကဘူး ကျောင်းသူတွေပါ ခံစားစေရပါတယ်။ တစ်ယောက်ယောက်ကသာ လှုံ့ဆော်ပေးလိုက်ရင် ဆူပူမှုတွေဖြစ်ပွားသွားနိုင်ပါတယ်။ အဲလိုမျိုးမဖြစ်ပွားစေနိုင်ရန် ကျမတို့ကလဲ ကျမတို့ကျောင်းသူတွေ ထိန်းပါတယ်။ မီဒီယာတွေလဲ သေသေချာချာသိအောင်လို့ ရှင်းလင်းပွဲလုပ်ရတာပါ။ အခုချိန်ကစပြီး မီဒီယာသမားများမှ မေးမြန်းလိုသည်များမေးမြန်းနိုင်ပါတယ်။ ကျမတို့ဘက်ကလဲ ဖြေနိုင်သမျှ အမှန်အတိုင်း သေသေချာချာဖြေပေးသွားပါမယ်။


မီဒီယာအသီးသီးမှ တစ်ဦးခြင်းစီ သိလိုသည်များမေးမြန်းခဲ့ပါသည်။

နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားများ

မဆိုင်းမတွ

ဖြေးဖြေးပြောပါ အဘရယ်...

ပုဂံမှာ ဗလီဆောက်မဲ. သီရိရွာ ဆိုတာ

မြန်မာ.သွေး ပုဂံသား
~~~~~~~~~~~~

တကယ်တော. ပုဂံမှာ ဗလီဆောက်မဲ. ရွာနာမည်အရင်းကတော. သီရိပစ္စယာရွာပါ။အရင်ကတော.
ရွာပေါ. အခုတော. ပုဂံမြို.ကြီးရွေ.လားပြီးတဲ.နောက်မှ၇ပ်ကွက် ဖြစ်သွားပါတယ်။ဆွယ်တော်လေး
ဆူမှာ တစ်ဆူ အပါအ၀င်ဖြစ်တဲ. လောကနန္ဒာ ဘုရားအနီးမှာတည်ရှိပြီး အရင်တစ်ချိန်က ကမ္ဘာ.
ကုန်သဘောင်္ကြီးများ ကုန်ရောင်းကုန်ဝယ်လုပ်တဲ. ဆိပ်.ကမ်းသာတဲ.ရွာလေးပေါ.။သီရိပစ္စယာ
 နန်းတော် ရာဟာလဲ ယခုအချိန်ထိအောင် နေရာအမှတ်သား ကျောက်စာတိုင်များ အခိုင်အမာ
တည်ရှိနေသောကြောင်. ရှေးမြန်မာဘုရင်များ နန်းတော်တည်ခဲ.သော နေရာဖြစ်ပါသည်။
ပုဂံ ကိုဘုရားဖူးလာသူတိုင်း သီရိပစ္စယာရွာလေးကိုတော. မရောက်မနေရ ရောက်ကိုရောက်
ရပါတယ်။လောကနန္ဒာဆွယ်တော်မြတ်ကြီး ရှိနေတာရယ်။အရပ် ၈ပေကျော် တချိန်ကခါက
မြန်မာနိုင်ငံမှာနာမည်ကြီးခဲ.တဲ.မဇီးကွက်စိန် မွေးဖွားရာရွာလေးပေါ.။ညဏ်တော်မှာသဗ္ဗညု၊အနုမှာ
အာနန္ဒာ ထုထည်မှာ ဓမ္မရံ ဆိမ်.ကမ်းသာတာ လောကနန္ဒာ ဆိုသည်.အတိုင်း သီရိပစ္စယာရွာလေး
ဟာလဲ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိနေသောကြောင်. ဆိမ်.ကမ်းသာတဲ.ရွာလေးပေါ.။
အခုတော. ဒီသီရိပစ္စယာဆိုတဲ.ရွာလေး ငွေရှင် ကြေးရှင် ဘာသာခြားတို.ရဲ. လက်ထဲ ရောက်ခြင်း
မလှရောက်နေရပြီးပေါ.။ရွာအနောက်ဘက်ပိုင်း ရွာပိုင်မြေမရှိတော. သလို ယခုဗလီဆောက်မဲ.
ရွာရဲ.ဘက်ပိုင်းကိုဦးတိုက်ပြီး ဗလီဆောက်မယ်ဆိုတော. ပုဂံသမိုင်နဲ. ပုဂံသားတို.ရာဇ၀င်ရိုင်း
တော.မည်ပေါ့.။
By: ပုဂံပြည် မှ သူရဲကောင်း

ဒီနေရာက ကျွန်တော့်တို့ ပုဂံမြို့၊ သိရိရွာက ဗလီဆောက်မယ်ဆိုပြီး သတင်းထွက်နေတဲ့နေရာပါ...

သုံးပွင့်ဆိုင်ကောလဟာလရှင်းလင်းချက်

နိုင်ငံတကာထိုးဖေါက်ရန်ပရိတ်တရားနာ

Saturday, July 27, 2013

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာခွင့်ရှိအောင်အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ကော်မတီ ဖွဲ့စည်း၍ သုံးသပ်မည်



MyanmarDaily.net

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာစေမည့် အခြေခံဥပဒေပြောင်းလဲပြင်ဆင်ရေးကို သုံးသပ်ရန်အတွက် မြန်မာလွှတ်တော်က ကြာသပတေးနေ့တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါသည်။ ယင်းသို့ ပြောင်းလဲမှုတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရလာဖွယ် ရှိသည်ဟုလည်း သိရှိရသည်။

၎င်း ၁၀၉ ဦးပါ ကော်မတီတွင် NLD နှင့်ပြည်ခိုင်ဖြိုးအပါအဝင် ပါတီအားလုံးမှ ကိုယ်စားလှယ်အမတ်များနှင့် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်သည်။

လက်ရှိ အခြေခံဥပဒေသည် တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်တွင် နေရာများစွာ ပေးထားခြင်း၊ သမ္မတလောင်းစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အကျုံးမဝင်အောင် ကန့်သတ်ပိတ်ပင်ထားခြင်း တို့ကြောင့်ဒီမိုကရေစီနှင့် မကိုက်ညီဟု NLD ပါတီက သတ်မှတ်ထားသည်။တိုင်းရင်းသားပါတီများကလည်း ၄င်းတို့၏ ပြည်နယ်များတွင် ဝန်ကြီးချုပ် နေရာများကို ဗဟိုအစိုးရက ခန့်အပ်ခြင်းထက် ၄င်းတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်နိုင်ရန် ကြိုးစားလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုသော တိုင်းရင်းသား အုပ်စုများနှင့် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လက်နက်ကိုင်တော်လှန်မှုများ ထွက်ပေါ်လာကာ ဒီမိုကရေစီအစိုးရနှင့် စစ်အစိုးရအဆက်ဆက် လက်ထက်ကာလများတွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ လက်ရှိ ဦးသိန်းစိန် အစိုးရသည် နိုင်ငံအနှံ အပစ်ရပ်စဲရေးနှင့် တိုင်းရင်းသား အုပ်စုအားလုံးနှင့် နိုင်ငံရေး သဘောတူမှု ရရှိရေးတို့ကို ကြိုးပမ်းအား ထုတ်လျက်ရှိသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေသည် ယခင်တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ တပ်မတော်သြဇာ ဆက်လက်လွှမ်းမိုးထားနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။

သို့ရာတွင် ၂၀၀၈ ရွေးကောက်ပွဲအပြီးကာလသည် အာရပ်နွေဦးနှင့် တိုက်ဆိုင်နေသောကြောင့် လူထုအုံကြွမှုကို စိုးရိမ်သည့် နိုင်ငံအကြီးအကဲဟောင်းများ၏ အစီအမံဖြင့် အစိုးရသစ်လက်ထက်တွင် အထက်မှ ခွင့်ပြုသော ပြုပြင်ပြောင်း လဲမှုများ ထွက်ပေါ်လာခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အဓိကအောင်မြင်မှုမှာ စစ်အစိုးရလက်ထက် နှိပ်ကွပ် ထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို တရားဝင်နိုင်ငံရေးနယ်ပယ်သို့ ခေါ်ယူလှုပ်ရှား ခွင့်ပေးခဲ့ခြင်း ပင်ဖြစ်သည်။မနှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၄ နေရာအနက် NLD ပါတီက ၄၃ နေရာအနိုင် ရရှိခဲ့သည်။

ကြာသပတေးနေ့က နိုင်ငံပိုင်ရုပ်သံတွင် အစိုးရရာထူးနေရာ အပြောင်းအလဲများကို ကြေငြာသွားသော်လည်း သိသိသာသာပြောင်းလဲမှုကို မတွေ့ရပေ။ စွမ်းအင်၊ ရထား၊ စက်မှုနှင့်အလုပ်သမားဝန်ကြီးများကို နေရာခြင်း ဖလှယ်ခဲ့ပြီး ရဲချုပ်အသစ်ကိုခန့်အပ်သည်။ ယခင်ရဲချုပ်မှာ ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ဆက်လက်တာဝန် ယူသည်။ ဝန်ကြီးနေရာ အပြောင်းအလဲများ ကြေငြာရာတွင်ထုံးစံအတိုင်း အကြောင်းအရင်း မထုတ်ပြန်ပေ။

Yangon chronicle
ပြန်လည်မျှဝေပါတယ်။

(The Associated Pressမှ 25 July 2013 ရက်စွဲပါ “ Myanmar Parliament Panel considers Changing Constitution, Could allow Suu Kyi to be President” သတင်းကို ဘာသာပြန်ဆိုသည်)

ဆိုင်းငံ့ ဥပဒေဖြင့် ဖမ်းဆီးခံရသည့် GW အတွင်းရေးမှူးကို ပြစ်ဒဏ်ချမှတ်


The Voice Weekly
ရန်ကုန်၊ ဇူလိုင် ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုင်းငံ့ထားသည်ဟု တရားဝင် ပြောဆိုထားသည့် ၁၉၆၂ ပုံနှိပ်အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော Generation Wave (GW) အဖွဲ့ အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ပြည်မြို့နယ်တရားရုံးက ဒဏ်ငွေသုံးသောင်းကျပ် သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံစေရန် ဇူလိုင်လ ၂၆ရက်နေ့က အမိန့်ချမှတ်လိုက်သည်။

ဦးဝေဖြိုးအောင်ကို ၁၉၆၂ ပုံနှိပ်အက် ဥပဒေပုဒ်မ ၁၇ (၂၀) ဖြင့် ရဲမှူးဦးဝင်းနိုင်က တရားလိုအဖြစ် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်မြို့နယ် တရားရုံးက ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဇူလိုင်လ ၂၆ရက်နေ့တွင် ယင်းသို့ အမိန့်ချ မှတ်လိုက်ခြင်း ဖြစ်သည်။

ဒဏ်ငွေ ကျပ်သုံးသောင်း ပေးဆောင်လိုက်သောကြောင့် ဇူလိုင်လ ၂၆ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဦးဝေဖြိုးအောင်က The Voice သို့ပြောကြားသည်။

GW အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ၂၀၁၁ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကြောင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြည်မြို့နယ် ရဲစခန်းက ပြစ်မှုကြွေးကျန်ဖြင့် ၁၇ရက်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အရင်ကလည်း ပြည်ကိုခဏခဏ ရောက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှဖမ်းတာ။ လူ့အခွင့်အရေး သင်တန်းလာပေးလို့ ဖိနှိပ်ချင်တဲ့သဘောနဲ့ ဖမ်းဆီးတာလို့ ယူဆပါတယ်” ဟု ၎င်းကဆိုသည်။

GW အတွင်းရေးမှူးကို တရားစွဲဆိုသည့် ၁၉၆၂ ပုံနှိပ်အက်ဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက ဆက်လက်အသုံးပြုခြင်း မရှိဘဲ ဆိုင်းငံ့ထားကြောင်း၊ ယင်းအတွက် ပုံနှိပ်ဥပဒေဖြင့် တရားရုံးတွင် စွဲဆိုထားခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တရားဝင် မေးမြန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဇူလိုင်လ ၁၁ ရက်နေ့တွင် The Voice ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားထားသည်။

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစားကြည့်တိုက် ဖွင့်ပွဲ...


Ko MawPyay
Yesterday ·
ကျွန်မတို့ နိုင်ငံ တိုးတက်ရေးအတွက်ဆိုတာ အဓိကကျတဲ့ ကိစကတော့ ပညာရေးပဲ... ပညာရေးဆိုတာ ပစုပန်တင်မကဘူး အနာဂတ်အတွက်လဲ အရမ်းအရေးကြီးပါတယ်... ပညာရေးမှာဆိုရင် သိပ်အရေးကြီးတာက စာပေကို ချစ်မြတ်နိုးဖို့က အရေးကြီးပါတယ်... အတန်းထဲမှာ သင်တဲ့ စာလောက်နဲ့ တင်းတိမ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ လူငယ်တွေရဲ့ အသိစိတ်ဓါတ်တွေဟာ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးမှာ မဟုတ်ပါဘူး... ဒါကြောင့် ကျွန်မတိုရဲ့ လူငယ်တွေကို စာပေကို မြတ်နိုးစေချင်တယ် ... စာဖတ်တာကို ၀ါသနာပါစေချင်တယ်... စာဖတ်တာ ၀ါသနာပါဖို့ အဓိကဆိုတာ စာအုပ်တွေ ရှိဖို့လိုတယ်... ဘယ်လိုပဲ စာဖတ်ချင်၊ စာဖတ်ချင် စာအုပ်တွေ မရှိရင် စာဖတ်ဖြစ်မှာ မဟုတ်ပါဘူး... စာမဖတ်နိုင်ရင် စာပေကို မြတ်နိုးလာမှာ မဟုတ်ပါဘူး...

တချို့က သုတစာပေကိုပဲ အရေးကြီးတယ်လို့ ထင်ကြတယ်... ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု့နဲ့ ပတ်သတ်လို့ ရှိရင် ရသစာပေက အင်မတန်မှ အရေးကြီးပါတယ်... ဘ၀မှာ အခက်အခဲတွေကိုကျော်လွှားဖို့ဆိုရင် တစ်ခါတစ်လေမှာ ရသစာပေတွေက ရခဲ့တဲ့ သင်ခန်းစာတွေက အများကြီး ပိုပြီး အဖိုးတန်ပါတယ်... ဘယ်လို ဘ၀ရဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်မလဲ... လောကဒဏ်ကို ဘယ်လိုရင်ဆိုင်မလဲ... ဘယ်လိုကျော်လွှားမလဲဆိုတာ တစ်ခါတစ်လေ သုတစာပေတွေကနေ ရနိုင်တာ မဟုတ်ပါဘူး... အများအားဖြင့် ရသစာပေတွေက ရနိုင်တယ်ဆိုတာ တကယ့်ကို နက်နဲတဲ့ ပညာရှင်တွေရဲ့ အတွေးအခေါ်တွေဟာ ရသစာပေတွေထဲမှာ မြင်နိုင်ပါတယ်... အဲ့ဒီ အတွေးအခေါ်တွေဟာ တကယ်တော့ လူသားတွေရဲ့ သဘာဝနဲ့ သက်ဆိုင်တယ်... ကမာလောက ကြီးရဲ့ စိန်ခေါ်မှု့နေတွေနဲ့ သက်ဆိုင်တယ်... ဒါကြောင့်မို့ စာဖတ်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်...

((( ဒီကနေ့ ကော့မှုးမြို့နယ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစားကြည့်တိုက် ဖွင့်ပွဲတွင် ပြောကြားသော အမေစု မိန့်ခွန်း အစအဆုံးနီးပါး မူဘီဖိုင်ပါ...

အင်တာနက် လိုင်းနှေးနေတာကြောင့် အင်္ဂလိပ်ဘာသာ နဲ့ ပြောကြားမှု့ရယ်၊ ကျေးဇူးတင်စကားတွေ ပြောကြားမှု့ရယ်ကို ချန်လှပ်ထားခဲ့ရပါတယ်... ))) ...

 ( ရိုက်ကူး.တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

ဒီနေ့ရန်ကုန်


ဒီမို ဖက်တီး
about an hour ago

ကျနော်တို့မြန်မာတွေကို တကယ်ဘဲသိန်းကျော်နဲ့ ရောင်းချင်တာလား။

Nay Htun
about an hour ago

ဒီမနက်ကြုံခဲ့ရတဲ့ဖြစ်ရပ်အချို့နဲ့ နောက်ဆက်တွဲ တွေးမိတာလေးတွေကို
မိတ်ဆွေတို့သိစေဖို့ ဝေမျှလိုက်ပါတယ်..
...
ရုံးပိတ်ရက်မနက်ထုံးစံအတိုင်း ထိုင်နေကျလက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းများနဲ့ရောက်တတ်ရာရာပြောဆိုနေကြတုန်း

တရုပ်လူမျိုးလို့ထင်ရတဲ့ မျက်နှာစိမ်းတယောက်က ကျနော်တို့ဝိုင်းထဲကို ၀င်ထိုင်ပြီး ဖုန်းတလုံးကိုထိုးပေးပါတယ်။
ပြီးတော့ "ရောင်းမယ် ရောင်းမယ်၊ နှစ်သိန်း နှစ်သိန်း" လို့ မြန်မာလိုမပီမသပြောပါတယ်
ကျနော့်သူငယ်ချင်းက ဖုံးကိုကြည့်လိုက်တော့ Java I Phone အတု၊
ကြည့်လိုက်တာနဲ့ အတုမှန်းသိသာပါတယ်။
မ၀ယ်ဘူးလို့ သူငယ်ချင်းကပြောတော့ " လျှော့ပေးမယ်" တဲ့..
တော်တော်နဲ့မသွားဘဲ အတင်းထိုးရောင်းနေတာဗျ။
အဲဒါနဲ့ သိသလောက် တတ်သလောက် တရုပ်လိုရော အင်္ဂလိပ်လိုရော ကျနော်တို့မ၀ယ်ချင်ကြောင်းပြောလိုက်တော့မှ နောက်တ၀ိုင်းကိုကူးသွားတယ်။ ၀ိုင်းစုံလို့ ဘယ်သူ့ကိုမှ သူရောင်းလို့မရတော့မှ ဆိုင်ပြင်ထွက်ပြီး ဆေးလိပ်သောက်ရင်း လမ်းပေါ်မှာရပ်နေတယ်၊
ရပ်ကွက်ထဲက ပြန်ထွက်လာပုံရတဲ့ သူ့လူနောက်တယောက် ရောက်လာတော့ တရုပ်လိုတွေပြောပြီး လမ်းမကြီးဘက်ကိုထွက်သွားကြလေရဲ့...
သူတို့နှစ်ယောက်လုံး လူပုံစံတွေက သပ်သပ်ရပ်ရပ်ပါဘဲ။ ဒုတိယလူဆိုရင် ပိုပြီးတောင်စမတ်ကျသေးတယ်။
...
ကျနော့ခေါင်းထဲမှာတော့ အတွေးတွေစီပြီးကျန်ခဲ့တယ်ဗျ။
လွန်ခဲ့သော ၂နှစ် ၃နှစ်လောက်တည်းက သူတို့တွေ မြို့လည်ခေါင်တ၀ိုက်မှာပစ္စည်းမျိုးစုံကို
ပုံစံမျိုးစုံနဲ့ ရောင်းနေတာတွေတွေ့ဖူးပေမဲ့
မြောက်ဒဂုံလိုနေရာမှာတော့ အခုမှတွေ့တာပါ။
သူတို့တွေက အသစ်တောင် လေးငါးသောင်းဘဲတန်ကြေးရှိတဲ့ ဖုန်းအတု အဟောင်းကို
ကျနော်တို့မြန်မာတွေကို တကယ်ဘဲသိန်းကျော်နဲ့ ရောင်းချင်တာလား။
သူတို့မှာ တခြားရည်ရွယ်ချက်တွေကောရှိနေလား။
သူတို့ကျနော်တို့နိုင်ငံထဲကို တရားဝင်ရောက်လာခဲ့တာလား။
ကျနော်တို့ရဲ့ လ၀ကတို့ ရဲတို့အစရှိတဲ့ အဏာပိုင်အဖွဲ့အစည်းများကရော
သူတို့ဒီလိုလုပ်နေတာတွေကို သိကြရဲ့လား။
ဒီလိုနိုင်ငံရေးနဲ့ဆက်စပ်တဲ့ကိစ္စတွေကို ကျနော့အတွက်လက်လှမ်းမမှီပေမဲ့
မသိနားမလည်သူများရဲ့အကျိုးစီးပွားထိခိုက်မှာစိုးရိမ်မိတဲ့အတွက် ဒီပို့စ်ကိုကျနော်ရေးပါတယ်။

Friday, July 26, 2013

ရခိုင်ပြည်နယ်အတွင်း ဗုံးခွဲမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေ


 26 JULY 2013

BY မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

ကျောက်ဖြူမြို့အတွင်း စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအား ဗုံးခွဲမည်ဟု သတင်းတစ်ရပ် ထွက်ပေါ်ခဲ့သဖြင့် ကျောက်ဖြူမြို့ရှိနေရာအနှံ့အပြား၌ လုံခြုံရေးများချထားကြောင်း ကျောက်ဖြူမြို့ခံများထံမှ သိရှိရသည်။

“လုံခြုံရေးတွေက ဇူလိုင်လ ၂၃ ရက်နေ့ကပင် ကင်းလှည့်တယ်၊ ကျွန်တော်တို့ သိတာက မနေ့ကဘဲ သိတယ်၊ အခုလက်ရှိ အစ္စလာမ်ဘာသာဝင် တစ်ယောက်တော့ ဖမ်းတယ်လို့ သိရတယ် ၊ ဖမ်းတာက လဝက အမှုနဲ့လို့ သိရတယ်’’ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

http://myitmakhamediagroup.com

Thursday, July 25, 2013

မြန်မာနိုင်ငံမှာ ကားနံပါတ်ကို ဒီလို ဒီဇိုင်းမျိုးလုပ်ပြီး တပ်လို့ ရပါသလား

ခရီးသည် ၈၀ သေဆုံး ခဲ့သည့် စပိန် ရထား တိမ်းမှောက်မှု ကို လုံ ခြုံရေး ကင်မရာ က ဤ သို့  ရိုက်ကူး

ကျနော်နှင့် မစုစုနွေး


Ko Marky's photo.


" ကျနော်နှင့် မစုစုနွေး "
xxxxxxxxxxxxxxxxxxx
ကျနော် သိကျွမ်းခဲ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ၊     
လူနုသလောက် စိတ်ဓာတ် ခက်ထန်မာကြောတဲ့သူ။         စကားအပြောအဆို ရိုးရှင်းပွင့်လင်းသလောက်၊         
ဆွေးနွေးညှိနှိုင်းရ ခက်ခဲသူ ….                                     ဒါပေမယ့် သူ့ရဲ့ ဖြူစင်ဖြောင့်မတ်မှုကို  ဘယ်အခါမဆို မှတ်ကျောက်တင် ခံဝံ့သူ … ။ 

၂၀၀၅ ခုနှစ်၊ အောက်တိုဘာလထဲ။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့စုရပ်ဖြစ်တဲ့ တောင်ဥက္ကလာက ကိုကိုကြီးရဲ့အခန်းကို ကျနော်ရောက်သွားတော့၊ မင်းကိုနိုင်နဲ့ကိုကိုကြီးတို့ စာတိုလေးတစ်စောင်ကို စိတ်ဝင်တစားဖတ်နေကြတယ်။ "ဘာစာလဲဗျ" ဆိုတော့၊ "ကော့မှူးက ကောင်မလေး တစ်ယောက်ရဲ့ စာပါ။ သူ့ကို တရားရုံးက အမိန့်ချတော့မှာကို ကျနော်တို့တတွေ လာရပ်တည်ပေးဖို့ လှမ်းရေးတာ" လို့ မင်းကိုနိုင်ကဆိုတယ်။ ကိုကိုကြီးကတော့ " သန်ဘက်ခါပဲဗျ။ ကျနော်တို့သွားကြမယ်။ ခင်ဗျား လည်း ပြင်ထားဦး" တဲ့။ ကနော်က " ဖြစ်ပါ့မလားဗျ။ ကျနော်တို့သွားမှ ပိုဆိုးနေဦးမယ်"ဆိုတော့၊ မင်းကိုနိုင်က "ကျနော် အကြောင်းပြန်လိုက်ပြီးသားပါ။ အစ်ကိုတို့ရောက်လာမှ ညီမလေးအတွက် ပိုဆိုးရင်လည်း ဆိုးသွားနိုင်တယ် ဆိုတာကို။ ဒါပေမယ့် သူက ခံနိုင်ရည်ရှိပါတယ်တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူရင်ဆိုင်ပါ့မယ်တဲ့။ ဒီတော့လည်း သွားကြတာပေါ့ဗျာ"
ကျနော်ထောင်ထဲမှာရှိနေစဉ်ကာလ။ ၂၀၀၄/၂၀၀၅ ခုနှစ်တွေအတွင်း၊ ရေဒီယိုအစုတ်ကလေး ထဲကနေ သူ့အသံကို စကြားခဲ့ရဖူးတယ်။ ချက်ကျ၊လက်ကျနဲ့ ရှင်းရှင်းလင်းလင်း၊ ထိထိမိမိ၊ သတ္တိရှိရှိ ပြောဟန်ဆိုဟန်တွေကို အတော်များများကပဲ သဘောကျနှစ်သက်ကြတယ်။ အဲဒီ့ကာလက၊ စစ်အစိုးရ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ILO (နိုင်ငံတကာ အလုပ်သမားအဖွဲ့)က အပြင်းအထန် တုန့်ပြန်နေချိန်၊ တစ်ချိန်တည်းမှာပဲ ILO ရဲ့ တောင်းဆိုမှုတွေကို စစ်အစိုးရက (ဟန်ပြပဲဖြစ်ဖြစ်) လိုက်လျောဖို့ ကြိုးစားနေချိန်။ ဒီလို အချိန်မှာပဲ မစုစုနွေးတို့ ကော့မှူးမြို့နယ်မှာတော့ လုပ်အားပေး ဆိုပြီး အဓမ္မအလုပ်စေခိုင်းမှုတွေက ရှိနေဆဲ။ တောင်သူလယ်သမားသားသမီး၊
ကျေးတောသူတစ် ယောက်ဖြစ်တဲ့ မစုစုနွေးအနေနဲ့ ကိုယ့်ရွာသူရွာသားတွေ အခုလိုမတရားအဖိနှိပ်၊ အရက်စက်ခံနေရ တာကို ဘယ်လိုမှမကြည့်ရက်ဘူး။ ပြီးတော့ မစုစုနွေးဟာ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့လူငယ်ခေါင်းဆောင်
တစ်ယောက်။ နိုင်ငံရေးနဲ့ခပ်ဝေးဝေးမှာ ကိုယ်နဲ့မဆိုင်သလို နေနေသူ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ILO တို့ရဲ့ သဘောတူညှိနှိုင်းထားချက်တွေကိုလည်း သိပြီးသား။ ရန်ကုန်မြို့ မှာ ILO ကိုယ်စားလှယ် ရုံးထိုင်နေပြီဆိုတာလည်း သိပြီးသား။ ဒါပေမယ့် NLD အဖွဲ့ဝင်၊ မြို့နယ်လူ ငယ် ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့မိခင်ပါတီကို အလေးထားတယ်။အားကိုးတယ်။ဒီတော့ သူချစ်ခင် လေးစားတဲ့
မြောင်းမြ(ဦး)ဘဆွေ(၁၉၉၀ခုနှစ် ကော့မှူးမြို့နယ်အမတ်)ကို အားကိုးတကြီး သွားရောက်တိုင်ပင်တယ်။ "ဒါ နိုင်ငံရေးနဲ့မဆိုင်ဘူး သမီးရဲ့။ ဘာမှ သွားမလုပ်ပါနဲ့ "ဆိုတဲ့ ဖျောင်းဖျ မှုနဲ့ တပ်ခေါက်ပြန်လာရတယ်။ ဒါပေမယ့် မစုစုနွေးဆိုတာ အလွယ်တကူအလျှော့ပေးတတ်တဲ့ မိန်းကလေး မဟုတ်တော့၊ သူ အလှည့်ကျ တာဝန်ထမ်း ဆောင်နေတဲ့ NLD ရုံးချုပ်က လူကြီးတွေကို အားကိုးတကြီး တိုင်ပင်ပြန်တယ်။ " ဒါ NLD ပါတီဝင်တွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူး။ နိုင်ငံရေး အလုပ် မဟုတ်ဘူး" ဆိုတဲ့ ဆိုဆုံးမမှုကိုပဲ ခံခဲ့ရပြန်တယ်။ ဒီအချိန်မှာ မစုစုနွေးကို အကူအညီ ပေးနိုင်တဲ့သူတွေက ချဉ်းကပ်လာကြတယ်။ မှော်ဘီက ဒေါ်နော်အုန်းလှ၊ တွံတေးက ကိုဇော်ဇော် …. စသဖြင့်။ သူတို့က အဓမ္မအလုပ်စေခိုင်းခံနေရသူတွေ
အပေါ် အကူညီပေးနိုင်မယ့်နည်လမ်းးတွေ၊ အကြံဥာဏ်တွေ ပေးကြတယ်။ မီဒီယာတွေကနေ ထိုးဖောက်နိုင်ဖို့ကိုလည်း အကူညီပေးကြတယ်။ ဒါပေမယ့် သူတို့တတွေက NLD ပါတီကနေ အကြောင်းအမျိုးမျိုးကြောင့် အထုတ်ပယ် ခံထားရသူတွေ။ ဒီတော့ ဒီလူတွေနဲ့ပေါင်းပြီး၊ ဒီအလုပ်ကိုလုပ်ရင် လူကြီးတွေ မကြည်မဖြူ ဖြစ်နိုင်တယ်။ သူပါရောပြီး အဖွဲ့ချုပ်ကနေတောင် အထုတ်ပယ် ခံရနိုင်တယ်။ ဘယ်လိုလုပ်မလဲ။ ဒါပေမယ့် စုစုနွေးက စုစုနွေးပဲလေ။
 နိုင်ငံရေးသဘောတရားတွေ၊ ရပ်တည်ချက်တွေ၊ ပါတီစည်းမျည်းစည်းကမ်းတွေထက်၊ သူချစ်တဲ့ တောင်သူလယ်သမားတွေ၊ ရွာသူရွာသားတွေ ဒုက္ခကြုံတွေ့နေရတာကို သူမကြည့်ရက်ဘူး။ ကိုယ့်ကို ကိုယ် NLD ပါတီဝင်လို့ ကြွေးကြော်ထားပြီးမှ၊ ဒီလူတွေ ဒုက္ခဆင်းရဲဖြစ်နေရတာကို ဥပေက္ခာ မပြုရက် နိုင်ဘူး။ ဒီတော့ အဓမ္မအလုပ်စေခိုင်းခြင်းခံနေကြရတဲ့(လုပ်အားပေးနေကြရတဲ့) လုပ်ငန်းခွင်ထဲအထိ အရောက်သွားပြီး လေ့လာစုံစမ်းတယ်။ ရေလဲပုဆိုးအစုတ်တစ်ထည်ကို ခေါင်းမှာခြုံပြီး ချည်လုံချည် အနွမ်းလေးကို ဝတ်လို့ပေါ့။ ပြီးတော့ အသံဖမ်းစက်ကလေးနဲ့ အသံဖမ်းတယ်။ ဓာတ်ပုံတွေ လျှို့ဝှက် ရိုက်တယ်။ အချက်အလက်တွေ အသေးစိပ် စုဆောင်းတယ်။ သေချာပြီဆိုတော့မှ ILO ရုံးကို သွားပြီး တင်ပြတယ်။ 
အဲဒီအချိန်မှာ ILO တာဝန်ခံက ဟိုဆေး ။သိပ်တော်တဲ့လူ။ 
သူ့ဆီ ရောက်လာတဲ့ အမှုတွဲတိုင်း ကို လက်လွတ်စပယ်လက်ခံတဲ့သူမဟုတ်ဘူး။ မစုစုနွေးကိုလည်း သူအကြိမ်ကြိမ် ဖျောင်းဖျသေးတယ်။ "ဒီ့အတွက်စစ်အစိုးရရဲ့
ငြိုငြင်မှုကို ခံရနိုင်တယ်။ အခန့်မသင့်ရင် ထောင်တောင်ကျနိုင်တယ်" စသဖြင့် ပေါ့။ ဒါပေမယ့် မစုစုနွေးက ရပ်တည်ချက် ခိုင်မာသူ။ ပြတ်သားတယ်။ လုံးဝ နောက်မဆုတ် ခဲ့ဘူး။ နောက်ဆုံးတော့ ဟိုဆေးကိုယ်တိုင် အဲဒီ့အမှုကို မစုစုနွေးနဲ့ ပူးပေါင်းဆောင်ရွက်
ခဲ့တယ်။ မစုစုနွေး အပေါ် ဖိအားတွေအမျိုးမျိုး သက်ရောက်ခဲ့တယ်။
ငွေကြေးလာဘ်လာဘနဲ့ စည်းရုံးတယ်။ အသက် အန္တရာယ်ပြုဖို့အထိ ခြိမ်းခြောက် တယ်။ ဒါပေမယ့် မစုစုနွေး လုံးဝအလျှော့မပေးခဲ့ဘူး။ တရားတဲ့ ဘက်ကနေ
ပြတ်ပြတ်သားသားပဲ ရပ်တည်ခဲ့တယ်။ စစ်အစိုးရကလည်း ILO နဲ့ ပြေလည်မှုရဖို့ ကြိုးစား နေတဲ့ကာလမို့၊ မစုစုနွေးရဲ့ ထန်းမနိုင်ရွာက ရဝတ အဖွဲ့ဝင်တစ်ဦး ဒီအဓမ္မအလုပ်စေခိုင်းမှု ကြောင့် ထောင်ကျသွားတယ်။ ဒါဟာ မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းမှာ မှတ်တမ်းဝင်လောက်တဲ့ အဖြစ်အပျက်ဖြစ်သွားတယ်။ မစုစုနွေးလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ အတော်လေးထင်ပေါ်လာခဲ့တယ်။ ဒါပေမယ့် မကြာပါဘူး။ အခြား ရဝတ အဖွဲ့ဝင်တစ် ယောက်ရဲ့ အမှုဆင်တရားစွဲဆိုခြင်းခံလိုက်ရတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ ဒါက ၂၀၀၅ခုနှစ်၊ ကျနော်တို့ 
ထောင်ထဲမှာရှိနေစဉ်ကာလ၊ ရေဒီယိုအစုတ် ကလေးကနေ နောက်ဆုံးကြားသိခဲ့ရတဲ့ အဖြစ်အပျက်တွေ။၂၀၀၅ခုနှစ်၊ အောက်တိုဘာလ၊၁၃ရက်နေ့။
မနက်စောစောမှာတော့-
ကိုကိုကြီးရဲ့အခန်းမှာ လူစုကြတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုစိုးထွန်း၊ ကိုအောင်နိုင်ဦး၊ မမီးမီး၊ မမာမာဦး။ လူစုံတော့ ပန်းဆိုးတန်းဆိပ်ကိုဆင်းကြတယ်။ ဒလဘက်ကမ်းကို ရောက်တော့ ကွမ်းခြံကုန်းသားဖြစ်တဲ့ ကိုဇော်မင်း
(ဒေဝဒတ်၊အာပြဲ)က လာကြိုတယ်။ ကျနော်ကတော့ ကော့မှူးတို့၊ ကွမ်းခြံကုန်းတို့
ဆိုတာ ဘယ်နားမှာရှိမှန်းတောင်မသိဘူး။ အစကဆို အဲဒီ့မြို့တွေကို ဧရာဝတီတိုင်း ထဲကလို့တောင် ထင်နေသေးတာပါ။ ဒလကနေကော့မှူးကိုတော့ တက္ကစီလို့ခေါ်တဲ့ ဆလွန်းကားအဖြူ လေးမှာ ကျပ်ကျပ်သပ်သပ်ထိုင်ပြီး စီးခဲ့ကြရတယ်။ တစ်နာရီနီးပါးတော့ စီးရပါတယ်။ ကော့မှူးမြို့ ဆိုတာ ဆလွန်းကားလေးတွေကို လိုင်းကားအဖြစ်ပြေးဆွဲတာကလွဲရင် မြစ်ဝကျွန်းပေါ်က ရွာကြီးတစ် ရွာနဲ့ပဲတူပါတယ်။ မြောင်းမြဦးဘဆွေရဲ့အိမ်ကို ကျနော်တို့သွားကြတယ်။ မစုစုနွေးက ထန်းမနိုင်ရွာ ကနေ လာရမှာ။ ကျနော်တို့ စုရုံးရောက်ရှိနေစဉ်မှာပဲ သတင်းတွေ အဆက်မပြတ်ကြားသိနေရတယ်။ ကျနော်တို့၈၈မျိုးဆက်ကျောင်းသားတွေ ရောက်လာတဲ့အတွက် မစုစုနွေးကိုထန်းမနိုင်ရွာကနေ တရားရုံးအထိလာလို့ မရအောင် အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်က ဖန်တီးနေတဲ့အကြောင်း။ (ဥပမာ- ထန်းမနိုင်ရွာက စက်လှေတွေ အဲဒီ့နေ့မှာမထွက်ဖို့အမိန့်ထုတ်ပြန်တာမျိုး)။ဒါပေမယ့် စုစုနွေးပဲလေ …. သူ ချစ်ခင်လေးစားတဲ့ သူ့အစ်ကိုတွေရောက်နေပြီဆိုမှတော့၊ ကော့မှူး-ထန်းမနိုင် ၄ မိုင်ခရီးကို သူ မရောက် ရောက်အောင် ခြေလျင်လျှောက်ပြီးလာခဲ့တယ်။ ကျနော်တို့ရှိနေတဲ့ မြောင်းမြဦးဘဆွေရဲ့ အိမ်ကိုရောက်တော့ သူ့ခမျာ ချွေးတွေကို နစ်လို့။ အချိန်ကျလို့ တရားရုံးကို သွားကြတဲ့အခါ၊ လမ်းတ လျောက် မင်းကိုနိုင်နဲ့ကိုကိုကြီးတို့က သူ့ကိုအလယ်မှာထား၊ လက်တစ်ဖက်စီဆွဲပြီး တရားရုံးကို ချီ တက်ခဲ့ကြတဲ့ပုံဟာ သဘာဝကျကျနဲ့အရမ်းလှတယ်။ နိုင်ငံရေးအရလည်း အတော်အားကောင်းတဲ့ ဓာတ်ပုံလေး ဖြစ်ခဲ့တယ်။ အဲဒီ့အချိန်က ပထမဆုံးကိုင်ခဲ့ဖူးတဲ့ 2MP ကင်မရာလေးနဲ့ ကျနော်ရိုက်ခဲ့ တာပါ။ အဲဒီ့ဓာတ်ပုံလေးဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ သတင်းစာမျက်နှာတွေမှာ အကြိမ် ကြိမ် အဖော်ပြခံခဲ့ရတယ်။ အဲဒီ့နေ့က တရားရုံးမှာ သူရင်ဆိုင်ခဲ့ရတဲ့ စီရင်ချက်ကတော့ သူ့အတွက် ရလာဒ်မကောင်းခဲ့ပါဘူး။ "အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ခွဲ" တဲ့။
စုစုနွေးကိုထောင်ဒဏ်ချမှတ်လိုက်တာနဲ့တပြိုင်နက် စစ်အစိုးရကို
ပြည်တွင်းပြည်ပကနိုင်ငံရေး အင်အားစုတွေ၊ILOနဲ့ နိုင်ငံတကာက
လူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန်းဝေဘန်တိုက်ခိုက်ကြတယ်။ စုစုနွေးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတယ်။ ILOရဲ့ အရေးယူမှုကို ခံရဖို့အထိ
 ဖြစ်လာတယ်။ အဲဒီ့ကာလတွေအတွင်းမှာပဲ၊ နိုင်ငံတကာမှာဂုဏ်သိက္ခာကြီးမားတဲ့"ဂျွန်ဟမ်းဖရီး(John Humphrey)" ဆုကို ၂၀၀၆ခုနှစ်အတွက် မစုစုနွေးရရှိခဲ့တယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေများလာတော့ ၂၀၀၆ခုနှစ်၊ဇွန်လဆန်းမှာပဲ မစုစုနွေးကို ပြန်လွှတ်ပေးခဲ့တယ်။ မစုစုနွေး ထောင်ကပြန်လွတ်လာ တော့ အင်းစိန်ထောင်ကနေ တန်းလာတာက သူချစ်တဲ့၊ယုံကြည်အားကိုးတဲ့၊
၁၈နှစ်သမီးကတည်းက ပါဝင်လှုပ်ရှားခဲ့တဲ့၊ သူ့ရဲ့မိခင်ပါတီNLD။ အဲဒီ့အချိန်မှာတော့ စုစုနွေးဆိုတာ ကော့မှူးမြို့နယ်၊ ထန်းမနိုင်ကျေးရွာက သာမန်ကျေးတောသူလေး
တစ်ယောက် မဟုတ်တော့။ တစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါသိတဲ့၊ ထင်ပေါ်ကြော်ကြားတဲ့ စုစုနွေးဖြစ်နေပါပြီ။ "လူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ နိမိတ်ပုံတစ်ခု"လိုလည်းဖြစ်ခဲ့ပါပြီ။ ဒါပေမယ့်စုစုနွေးရဲ့ထင်ပေါ်ကြော်ကြားမှု အမြင့်မားဆုံးကာလတွေ ကတော့ သူပြန်လည်လွှတ်မြောက်ပြီး သုံးလအကြာ၊
၂၀၀၆ခုနှစ်၊စက်တင်ဘာလအတွင်း ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင်(၅)ယောက် အဖမ်းခံလိုက်ရတဲ့အချိန်တွင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံနေရချိန်ဆိုတော့ အပြင်လောကမှာ လူသိများအထင်ရှားဆုံး က စုစုနွေးပဲ ရှိနေတာလေ။ ဒီတော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးနဲ့ လူထုအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျွင်းကျန်ရစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေက ဖော်ဆောင်တဲ့အခါ စုစုနွေးရဲ့ ပါဝင်လှုပ်ရှားမှုက အခရာကျလာတယ်။ စုစုနွေးကလည်း သူချစ်ခင်လေးစားတဲ့အစ်ကိုတွေ အဖမ်းခံရတဲ့အတွက်ဆိုပြီး(NLDကတချို့သောလူကြီး၊လူငယ်တွေ တားဆီး
နေတဲ့ကြားထဲက) ၈၈မျိုးဆက် ကျောင်းသားတွေရဲ့လှုပ်ရှားမှုတိုင်းမှာ ပါဝင် အားဖြည့်ပေးခဲ့တယ်။ ၈၈တွေရဲ့စုရပ်ဖြစ်တဲ့ ရန်ကင်းကအခန်း
(ကိုကိုကြီးနေသွားတဲ့အခန်း)မှာ ၈၈မျိုးဆက်ညီအစ်မတွေနဲ့အတူတူနေထိုင်ရင်း အပြည့်အဝ ရပ်တည်ပေးခဲ့တယ်။ အဲဒီ့အချိန်မှာ ကျနော့်ရဲ့တာဝန်က ၈၈မျိုးဆက်ကျောင်းသားများရဲ့ ပြန်ကြားရေးအပြင်၊ ညီမတွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးနဲ့ မစုစုနွေးကို ကြိုပို့တာဝန်။ ကော့မှူးကို ပြန်မယ့်အခါ ပန်းဆိုးတန်းဆိပ်ဟိုဘက်ကမ်းက ဒလအထိလိုက်ပို့။ ရန်ကုန်ကို ပြန်လာတဲ့အခါလည်း ဒလကနေ သွားကြို။ စုစုနွေးဟာ တကယ်တော့ ကျန်းမာရေး သိပ်မကောင်းရှာပါဘူး။ သူ့မှာမွေးရာပါ နှလုံးရောဂါရှိတယ်။ လူက ဖြူဖြူနုနု ပါးလှပ်လှပ်လေး။
 လေတိုက်ရင်တောင် ပြိုလဲလေမလား ထင်ရ တဲ့သူ။ ဒါပေမယ့် အဲဒီ့ကာလတွေအတွင်း ခေါင်းစဉ်အမျိုးမျိုးနဲ့လှုပ်ရှားနေတဲ့ ၈၈မျိုးဆက်ကျောင်း သားလှုပ်ရှားမှုတွေမှာ မနားတမ်းပါဝင်ခဲ့တယ်။NLDနဲ့ဝါရင့်နိုင်ငံရေးသမားကြီးတွေ ကြီးမှူးကျင်းပတဲ့ နိုင်ငံရေး အခမ်းအနားတိုင်းကိုလည်း မပျက်မကွက်
တက်ရောက်ခဲ့တယ်။ သူ့ကြောင့် အဲဒီ့ကာလက လူမှုရေး၊ နိုင်ငံရေးအခမ်းအနားတွေ ပိုမိုလှုပ်ရှားသက်ဝင်ခဲ့တယ်။ လူကနုနု၊ ရောဂါသယ်ဆိုတော့ စုစုနွေး မကြာခန
နေမကောင်းဖြစ်တယ်။ နေမကောင်းတဲ့ကြားထဲကပဲ နိုင်ငံရေးလှုပ်ရှားမှုတွေတိုင်းမှာ အဆက်မပြတ်ပါဝင်လှုပ်ရှားခဲ့တယ်။ တစ်ခါကဆိုရင် နေကမကောင်း၊ အားကလည်းနည်း။ မူးမေ့လဲကျ မတတ်ဖြစ်နေတာကိုတောင် အနားမယူခဲ့ဘူး။ သူ့ရဲ့ ဆရာဝန်ကြီးဒေါက်တာတင်မျိုးဝင်းက ဆူဆူပူပူနဲ့ တိုက်တွန်းတော့မှပဲ
 ဆေးရုံတက်ဖြစ်ခဲ့ရတယ်။ အဖမ်းဆီးခံထားရတဲ့၈၈မျိုးဆက်
ကျောင်းသားခေါင်း ဆောင်(၅)ယောက် ပြန်လွတ်လာတော့လည်း၊ ရန်ကင်းအခန်းမှာ ညအိပ်ညနေ မနေပေးတော့တာက လွဲရင်၊ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့
နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အရင်လိုပဲ ဆက်လက်ပူးပေါင်း ပါဝင်ပေးခဲ့တယ်။ ကျနော်ကလည်း သူ့ရဲ့ကိုယ်ရံတော်တပ်မှူးတစ်ယောက်အနေနဲ့ ဆက်လက်တာဝန် ယူခဲ့တယ်။ ၂၀၀၇ခုနှစ်၊သြဂုတ်လနှောင်းပိုင်း၊ ကျနော်တို့ ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်(၁၃) ဦး အဖမ်းခံရတဲ့ညမှာဆို၊ သူပါရောပြီး အဖမ်းခံပါ့မယ်ဆိုလို့ ကျနော့်မှာ မနည်းကိုချော့မော့ဖျောင်းဖျ ထားခဲ့ရတယ်။ စစ်အစိုးရက တိုင်းပြည်မငြိမ်မသက်ဖြစ်မှာစိုးလို့ဆိုပြီး ကျနော်တို့ကို ကြိုဖမ်းခဲ့တာ။ တကယ်တမ်းကျတော့ ကျနော်တို့ကို ဖမ်းတော့မှပဲ လူထုကြားထဲမှာ မတည်ငြိမ်မှုတွေ ပိုမိုဖြစ်ပေါ်လာ ရတာ။ အပြင်မှာ အဖမ်းမခံရဘဲ ကျန်နေရစ်တဲ့သူတွေကလည်း ကျနော်တို့တတွေကို ပြန်လွှတ်ပေးဖို့ အဆက်မပြတ် တောင်းဆိုတိုက်ပွဲဝင်ကြတယ်။ အဲဒီ့သတင်းတွေကိုလည်း ကျနော်တို့တတွေ ကြားသိ နေရတယ်။
စုစုနွေးအပါအဝင်၊မဖြူဖြူသင်းနဲ့ နီလာသိန်းတို့ကို ဖမ်းဝရမ်းတောင် ထုတ်တဲ့အကြောင်း တွေလည်း ကြားသိရတယ်။ လှည်းတန်းနားမှာ စုစုနွေးကို ကိုယ့်အင်အားစုတွေနဲ့ အာဏာပိုင်ဘက် သားတွေ ဝိုင်းလုဆွဲလွဲကြတဲ့
အကြောင်းလည်း ကြားသိရတယ်။ ကိုယ့်အင်အားစုတွေက အသာရလို့ အဲဒီ့တုန်းက စုစုနွေး အဖမ်းမခံလိုက်ရပါဘူး။ ဒါပေမဲ့ နိုဝင်ဘာလထဲရောက်တော့ စုစုနွေးတစ်ယောက် အာဏာပိုင်တွေရဲ့ မလှိမ့်တစ်ပါတ်နဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ ခနခေါ်ထားတာပါဆိုပြီး ထောင်ထဲမထည့်ဘဲ ဗဟန်းမြို့နယ်ထဲက တစ်နေရာမှာထားတယ်။ လူ့အခွင့်အရေးအခြေအနေ လာရောက်လေ့လာတဲ့ 'မစ္စတာပီနဲရိုး' လာတော့ အင်းစိန်ထောင်ဧည့်ခန်းမှာ မစုနွေးသွားတွေ့ရတယ်။ 'မစ္စတာပီနဲရိုး' ပြန်သွားလို့မကြာပါဘူး။ မစုစုနွေးကို အင်းစိန်ထောင်ထဲထည့်တယ်။
 ဒေါ်အောင်ဆန်း စုကြည်အတွက် ဆောက်ထားတယ်ဆိုတဲ့ တိုက်အိမ်လေးမှာ တစ်ယောက်တည်းထားတယ်။ ထောင်ထဲ မှာ သူဒေါသတွေ မကြာခနပေါက်ကွဲ
နေတယ်ဆိုတာလည်း ကြားသိနေရတယ်။ အဓိကက တော့ သူ့ကို မလှိမ့်တစ် ပါတ်နဲ့ ထောင်ထဲထည့်တာကို သူလုံးဝမကျေနပ်တာ။ ဒီလိုနဲ့၊ ကျန်ာတို့တတွေ အမိန့်မကျ ခင်မှာပဲ သူကအရင် ထောင်ကျသွားတယ်။ အလုပ်နှင့်ထောင်ဒဏ်(၁၂)နှစ်တဲ့။ ကျနော်တို့တတွေ အမိန့်ကျအပြီးမှာတော့ သူ့ကိုထောင်ပြောင်းပို့လိုက်တယ်။ ကလေးထောင်။ နောက်ပိုင်းမှာ ကလေး ထောင်ကနေ ခန္တီးထောင်ကိုပြောင်းရွှေ့ရတယ်လို့လည်းကြားတယ်။ ၂၀၁၁ခုနှစ်၊အောက်တိုဘာလထဲ မှာတော့ ပြောင်းလဲလာတဲ့
 နိုင်ငံရေးအခြေအနေတွေအရ မစုစုနွေး ထောင်ကပြန်လည်လွတ်မြောက်ခဲ့ ပါတယ်။ ။

 ဇူလိုင်လ(၂၇)ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ … … 

ကိုမာကီ(၈၈မျိုးဆက်)

" ကျနော်နှင့် မစုစုနွေး "
xxxxxxxxxxxxxxxxxxx
ကျနော် သိကျွမ်းခဲ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ၊
လူနုသလောက် စိတ်ဓာတ် ခက်ထန်မာကြောတဲ့သူ။ စကားအပြောအဆို ရိုးရှင်းပွင့်လင်းသလောက်၊
ဆွေးနွေးညှိနှိုင်းရ ခက်ခဲသူ …. ဒါပေမယ့် သူ့ရဲ့ ဖြူစင်ဖြောင့်မတ်မှုကို ဘယ်အခါမဆို မှတ်ကျောက်တင် ခံဝံ့သူ … ။

၂၀၀၅ ခုနှစ်၊ အောက်တိုဘာလထဲ။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့စုရပ်ဖြစ်တဲ့ တောင်ဥက္ကလာက ကိုကိုကြီးရဲ့အခန်းကို ကျနော်ရောက်သွားတော့၊ မင်းကိုနိုင်နဲ့ကိုကိုကြီးတို့ စာတိုလေးတစ်စောင်ကို စိတ်ဝင်တစားဖတ်နေကြတယ်။ "ဘာစာလဲဗျ" ဆိုတော့၊ "ကော့မှူးက ကောင်မလေး တစ်ယောက်ရဲ့ စာပါ။ သူ့ကို တရားရုံးက အမိန့်ချတော့မှာကို ကျနော်တို့တတွေ လာရပ်တည်ပေးဖို့ လှမ်းရေးတာ" လို့ မင်းကိုနိုင်ကဆိုတယ်။ ကိုကိုကြီးကတော့ " သန်ဘက်ခါပဲဗျ။ ကျနော်တို့သွားကြမယ်။ ခင်ဗျား လည်း ပြင်ထားဦး" တဲ့။ ကနော်က " ဖြစ်ပါ့မလားဗျ။ ကျနော်တို့သွားမှ ပိုဆိုးနေဦးမယ်"ဆိုတော့၊ မင်းကိုနိုင်က "ကျနော် အကြောင်းပြန်လိုက်ပြီးသားပါ။ အစ်ကိုတို့ရောက်လာမှ ညီမလေးအတွက် ပိုဆိုးရင်လည်း ဆိုးသွားနိုင်တယ် ဆိုတာကို။ ဒါပေမယ့် သူက ခံနိုင်ရည်ရှိပါတယ်တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူရင်ဆိုင်ပါ့မယ်တဲ့။ ဒီတော့လည်း သွားကြတာပေါ့ဗျာ"
ကျနော်ထောင်ထဲမှာရှိနေစဉ်ကာလ။ ၂၀၀၄/၂၀၀၅ ခုနှစ်တွေအတွင်း၊ ရေဒီယိုအစုတ်ကလေး ထဲကနေ သူ့အသံကို စကြားခဲ့ရဖူးတယ်။ ချက်ကျ၊လက်ကျနဲ့ ရှင်းရှင်းလင်းလင်း၊ ထိထိမိမိ၊ သတ္တိရှိရှိ ပြောဟန်ဆိုဟန်တွေကို အတော်များများကပဲ သဘောကျနှစ်သက်ကြတယ်။ အဲဒီ့ကာလက၊ စစ်အစိုးရ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ILO (နိုင်ငံတကာ အလုပ်သမားအဖွဲ့)က အပြင်းအထန် တုန့်ပြန်နေချိန်၊ တစ်ချိန်တည်းမှာပဲ ILO ရဲ့ တောင်းဆိုမှုတွေကို စစ်အစိုးရက (ဟန်ပြပဲဖြစ်ဖြစ်) လိုက်လျောဖို့ ကြိုးစားနေချိန်။ ဒီလို အချိန်မှာပဲ မစုစုနွေးတို့ ကော့မှူးမြို့နယ်မှာတော့ လုပ်အားပေး ဆိုပြီး အဓမ္မအလုပ်စေခိုင်းမှုတွေက ရှိနေဆဲ။ တောင်သူလယ်သမားသားသမီး၊
ကျေးတောသူတစ် ယောက်ဖြစ်တဲ့ မစုစုနွေးအနေနဲ့ ကိုယ့်ရွာသူရွာသားတွေ အခုလိုမတရားအဖိနှိပ်၊ အရက်စက်ခံနေရ တာကို ဘယ်လိုမှမကြည့်ရက်ဘူး။ ပြီးတော့ မစုစုနွေးဟာ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့လူငယ်ခေါင်းဆောင်
တစ်ယောက်။ နိုင်ငံရေးနဲ့ခပ်ဝေးဝေးမှာ ကိုယ်နဲ့မဆိုင်သလို နေနေသူ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ILO တို့ရဲ့ သဘောတူညှိနှိုင်းထားချက်တွေကိုလည်း သိပြီးသား။ ရန်ကုန်မြို့ မှာ ILO ကိုယ်စားလှယ် ရုံးထိုင်နေပြီဆိုတာလည်း သိပြီးသား။ ဒါပေမယ့် NLD အဖွဲ့ဝင်၊ မြို့နယ်လူ ငယ် ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့မိခင်ပါတီကို အလေးထားတယ်။အားကိုးတယ်။ဒီတော့ သူချစ်ခင် လေးစားတဲ့
မြောင်းမြ(ဦး)ဘဆွေ(၁၉၉၀ခုနှစ် ကော့မှူးမြို့နယ်အမတ်)ကို အားကိုးတကြီး သွားရောက်တိုင်ပင်တယ်။ "ဒါ နိုင်ငံရေးနဲ့မဆိုင်ဘူး သမီးရဲ့။ ဘာမှ သွားမလုပ်ပါနဲ့ "ဆိုတဲ့ ဖျောင်းဖျ မှုနဲ့ တပ်ခေါက်ပြန်လာရတယ်။ ဒါပေမယ့် မစုစုနွေးဆိုတာ အလွယ်တကူအလျှော့ပေးတတ်တဲ့ မိန်းကလေး မဟုတ်တော့၊ သူ အလှည့်ကျ တာဝန်ထမ်း ဆောင်နေတဲ့ NLD ရုံးချုပ်က လူကြီးတွေကို အားကိုးတကြီး တိုင်ပင်ပြန်တယ်။ " ဒါ NLD ပါတီဝင်တွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူး။ နိုင်ငံရေး အလုပ် မဟုတ်ဘူး" ဆိုတဲ့ ဆိုဆုံးမမှုကိုပဲ ခံခဲ့ရပြန်တယ်။ ဒီအချိန်မှာ မစုစုနွေးကို အကူအညီ ပေးနိုင်တဲ့သူတွေက ချဉ်းကပ်လာကြတယ်။ မှော်ဘီက ဒေါ်နော်အုန်းလှ၊ တွံတေးက ကိုဇော်ဇော် …. စသဖြင့်။ သူတို့က အဓမ္မအလုပ်စေခိုင်းခံနေရသူတွေ
အပေါ် အကူညီပေးနိုင်မယ့်နည်လမ်းးတွေ၊ အကြံဥာဏ်တွေ ပေးကြတယ်။ မီဒီယာတွေကနေ ထိုးဖောက်နိုင်ဖို့ကိုလည်း အကူညီပေးကြတယ်။ ဒါပေမယ့် သူတို့တတွေက NLD ပါတီကနေ အကြောင်းအမျိုးမျိုးကြောင့် အထုတ်ပယ် ခံထားရသူတွေ။ ဒီတော့ ဒီလူတွေနဲ့ပေါင်းပြီး၊ ဒီအလုပ်ကိုလုပ်ရင် လူကြီးတွေ မကြည်မဖြူ ဖြစ်နိုင်တယ်။ သူပါရောပြီး အဖွဲ့ချုပ်ကနေတောင် အထုတ်ပယ် ခံရနိုင်တယ်။ ဘယ်လိုလုပ်မလဲ။ ဒါပေမယ့် စုစုနွေးက စုစုနွေးပဲလေ။
နိုင်ငံရေးသဘောတရားတွေ၊ ရပ်တည်ချက်တွေ၊ ပါတီစည်းမျည်းစည်းကမ်းတွေထက်၊ သူချစ်တဲ့ တောင်သူလယ်သမားတွေ၊ ရွာသူရွာသားတွေ ဒုက္ခကြုံတွေ့နေရတာကို သူမကြည့်ရက်ဘူး။ ကိုယ့်ကို ကိုယ် NLD ပါတီဝင်လို့ ကြွေးကြော်ထားပြီးမှ၊ ဒီလူတွေ ဒုက္ခဆင်းရဲဖြစ်နေရတာကို ဥပေက္ခာ မပြုရက် နိုင်ဘူး။ ဒီတော့ အဓမ္မအလုပ်စေခိုင်းခြင်းခံနေကြရတဲ့(လုပ်အားပေးနေကြရတဲ့) လုပ်ငန်းခွင်ထဲအထိ အရောက်သွားပြီး လေ့လာစုံစမ်းတယ်။ ရေလဲပုဆိုးအစုတ်တစ်ထည်ကို ခေါင်းမှာခြုံပြီး ချည်လုံချည် အနွမ်းလေးကို ဝတ်လို့ပေါ့။ ပြီးတော့ အသံဖမ်းစက်ကလေးနဲ့ အသံဖမ်းတယ်။ ဓာတ်ပုံတွေ လျှို့ဝှက် ရိုက်တယ်။ အချက်အလက်တွေ အသေးစိပ် စုဆောင်းတယ်။ သေချာပြီဆိုတော့မှ ILO ရုံးကို သွားပြီး တင်ပြတယ်။
အဲဒီအချိန်မှာ ILO တာဝန်ခံက ဟိုဆေး ။သိပ်တော်တဲ့လူ။
သူ့ဆီ ရောက်လာတဲ့ အမှုတွဲတိုင်း ကို လက်လွတ်စပယ်လက်ခံတဲ့သူမဟုတ်ဘူး။ မစုစုနွေးကိုလည်း သူအကြိမ်ကြိမ် ဖျောင်းဖျသေးတယ်။ "ဒီ့အတွက်စစ်အစိုးရရဲ့
ငြိုငြင်မှုကို ခံရနိုင်တယ်။ အခန့်မသင့်ရင် ထောင်တောင်ကျနိုင်တယ်" စသဖြင့် ပေါ့။ ဒါပေမယ့် မစုစုနွေးက ရပ်တည်ချက် ခိုင်မာသူ။ ပြတ်သားတယ်။ လုံးဝ နောက်မဆုတ် ခဲ့ဘူး။ နောက်ဆုံးတော့ ဟိုဆေးကိုယ်တိုင် အဲဒီ့အမှုကို မစုစုနွေးနဲ့ ပူးပေါင်းဆောင်ရွက်
ခဲ့တယ်။ မစုစုနွေး အပေါ် ဖိအားတွေအမျိုးမျိုး သက်ရောက်ခဲ့တယ်။
ငွေကြေးလာဘ်လာဘနဲ့ စည်းရုံးတယ်။ အသက် အန္တရာယ်ပြုဖို့အထိ ခြိမ်းခြောက် တယ်။ ဒါပေမယ့် မစုစုနွေး လုံးဝအလျှော့မပေးခဲ့ဘူး။ တရားတဲ့ ဘက်ကနေ
ပြတ်ပြတ်သားသားပဲ ရပ်တည်ခဲ့တယ်။ စစ်အစိုးရကလည်း ILO နဲ့ ပြေလည်မှုရဖို့ ကြိုးစား နေတဲ့ကာလမို့၊ မစုစုနွေးရဲ့ ထန်းမနိုင်ရွာက ရဝတ အဖွဲ့ဝင်တစ်ဦး ဒီအဓမ္မအလုပ်စေခိုင်းမှု ကြောင့် ထောင်ကျသွားတယ်။ ဒါဟာ မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းမှာ မှတ်တမ်းဝင်လောက်တဲ့ အဖြစ်အပျက်ဖြစ်သွားတယ်။ မစုစုနွေးလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ အတော်လေးထင်ပေါ်လာခဲ့တယ်။ ဒါပေမယ့် မကြာပါဘူး။ အခြား ရဝတ အဖွဲ့ဝင်တစ် ယောက်ရဲ့ အမှုဆင်တရားစွဲဆိုခြင်းခံလိုက်ရတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်။ ဒါက ၂၀၀၅ခုနှစ်၊ ကျနော်တို့
ထောင်ထဲမှာရှိနေစဉ်ကာလ၊ ရေဒီယိုအစုတ် ကလေးကနေ နောက်ဆုံးကြားသိခဲ့ရတဲ့ အဖြစ်အပျက်တွေ။၂၀၀၅ခုနှစ်၊ အောက်တိုဘာလ၊၁၃ရက်နေ့။
မနက်စောစောမှာတော့-
ကိုကိုကြီးရဲ့အခန်းမှာ လူစုကြတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုစိုးထွန်း၊ ကိုအောင်နိုင်ဦး၊ မမီးမီး၊ မမာမာဦး။ လူစုံတော့ ပန်းဆိုးတန်းဆိပ်ကိုဆင်းကြတယ်။ ဒလဘက်ကမ်းကို ရောက်တော့ ကွမ်းခြံကုန်းသားဖြစ်တဲ့ ကိုဇော်မင်း
(ဒေဝဒတ်၊အာပြဲ)က လာကြိုတယ်။ ကျနော်ကတော့ ကော့မှူးတို့၊ ကွမ်းခြံကုန်းတို့
ဆိုတာ ဘယ်နားမှာရှိမှန်းတောင်မသိဘူး။ အစကဆို အဲဒီ့မြို့တွေကို ဧရာဝတီတိုင်း ထဲကလို့တောင် ထင်နေသေးတာပါ။ ဒလကနေကော့မှူးကိုတော့ တက္ကစီလို့ခေါ်တဲ့ ဆလွန်းကားအဖြူ လေးမှာ ကျပ်ကျပ်သပ်သပ်ထိုင်ပြီး စီးခဲ့ကြရတယ်။ တစ်နာရီနီးပါးတော့ စီးရပါတယ်။ ကော့မှူးမြို့ ဆိုတာ ဆလွန်းကားလေးတွေကို လိုင်းကားအဖြစ်ပြေးဆွဲတာကလွဲရင် မြစ်ဝကျွန်းပေါ်က ရွာကြီးတစ် ရွာနဲ့ပဲတူပါတယ်။ မြောင်းမြဦးဘဆွေရဲ့အိမ်ကို ကျနော်တို့သွားကြတယ်။ မစုစုနွေးက ထန်းမနိုင်ရွာ ကနေ လာရမှာ။ ကျနော်တို့ စုရုံးရောက်ရှိနေစဉ်မှာပဲ သတင်းတွေ အဆက်မပြတ်ကြားသိနေရတယ်။ ကျနော်တို့၈၈မျိုးဆက်ကျောင်းသားတွေ ရောက်လာတဲ့အတွက် မစုစုနွေးကိုထန်းမနိုင်ရွာကနေ တရားရုံးအထိလာလို့ မရအောင် အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်က ဖန်တီးနေတဲ့အကြောင်း။ (ဥပမာ- ထန်းမနိုင်ရွာက စက်လှေတွေ အဲဒီ့နေ့မှာမထွက်ဖို့အမိန့်ထုတ်ပြန်တာမျိုး)။ဒါပေမယ့် စုစုနွေးပဲလေ …. သူ ချစ်ခင်လေးစားတဲ့ သူ့အစ်ကိုတွေရောက်နေပြီဆိုမှတော့၊ ကော့မှူး-ထန်းမနိုင် ၄ မိုင်ခရီးကို သူ မရောက် ရောက်အောင် ခြေလျင်လျှောက်ပြီးလာခဲ့တယ်။ ကျနော်တို့ရှိနေတဲ့ မြောင်းမြဦးဘဆွေရဲ့ အိမ်ကိုရောက်တော့ သူ့ခမျာ ချွေးတွေကို နစ်လို့။ အချိန်ကျလို့ တရားရုံးကို သွားကြတဲ့အခါ၊ လမ်းတ လျောက် မင်းကိုနိုင်နဲ့ကိုကိုကြီးတို့က သူ့ကိုအလယ်မှာထား၊ လက်တစ်ဖက်စီဆွဲပြီး တရားရုံးကို ချီ တက်ခဲ့ကြတဲ့ပုံဟာ သဘာဝကျကျနဲ့အရမ်းလှတယ်။ နိုင်ငံရေးအရလည်း အတော်အားကောင်းတဲ့ ဓာတ်ပုံလေး ဖြစ်ခဲ့တယ်။ အဲဒီ့အချိန်က ပထမဆုံးကိုင်ခဲ့ဖူးတဲ့ 2MP ကင်မရာလေးနဲ့ ကျနော်ရိုက်ခဲ့ တာပါ။ အဲဒီ့ဓာတ်ပုံလေးဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ သတင်းစာမျက်နှာတွေမှာ အကြိမ် ကြိမ် အဖော်ပြခံခဲ့ရတယ်။ အဲဒီ့နေ့က တရားရုံးမှာ သူရင်ဆိုင်ခဲ့ရတဲ့ စီရင်ချက်ကတော့ သူ့အတွက် ရလာဒ်မကောင်းခဲ့ပါဘူး။ "အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ခွဲ" တဲ့။
စုစုနွေးကိုထောင်ဒဏ်ချမှတ်လိုက်တာနဲ့တပြိုင်နက် စစ်အစိုးရကို
ပြည်တွင်းပြည်ပကနိုင်ငံရေး အင်အားစုတွေ၊ILOနဲ့ နိုင်ငံတကာက
လူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန်းဝေဘန်တိုက်ခိုက်ကြတယ်။ စုစုနွေးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတယ်။ ILOရဲ့ အရေးယူမှုကို ခံရဖို့အထိ
ဖြစ်လာတယ်။ အဲဒီ့ကာလတွေအတွင်းမှာပဲ၊ နိုင်ငံတကာမှာဂုဏ်သိက္ခာကြီးမားတဲ့"ဂျွန်ဟမ်းဖရီး(John Humphrey)" ဆုကို ၂၀၀၆ခုနှစ်အတွက် မစုစုနွေးရရှိခဲ့တယ်။ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေများလာတော့ ၂၀၀၆ခုနှစ်၊ဇွန်လဆန်းမှာပဲ မစုစုနွေးကို ပြန်လွှတ်ပေးခဲ့တယ်။ မစုစုနွေး ထောင်ကပြန်လွတ်လာ တော့ အင်းစိန်ထောင်ကနေ တန်းလာတာက သူချစ်တဲ့၊ယုံကြည်အားကိုးတဲ့၊
၁၈နှစ်သမီးကတည်းက ပါဝင်လှုပ်ရှားခဲ့တဲ့၊ သူ့ရဲ့မိခင်ပါတီNLD။ အဲဒီ့အချိန်မှာတော့ စုစုနွေးဆိုတာ ကော့မှူးမြို့နယ်၊ ထန်းမနိုင်ကျေးရွာက သာမန်ကျေးတောသူလေး
တစ်ယောက် မဟုတ်တော့။ တစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါသိတဲ့၊ ထင်ပေါ်ကြော်ကြားတဲ့ စုစုနွေးဖြစ်နေပါပြီ။ "လူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ နိမိတ်ပုံတစ်ခု"လိုလည်းဖြစ်ခဲ့ပါပြီ။ ဒါပေမယ့်စုစုနွေးရဲ့ထင်ပေါ်ကြော်ကြားမှု အမြင့်မားဆုံးကာလတွေ ကတော့ သူပြန်လည်လွှတ်မြောက်ပြီး သုံးလအကြာ၊
၂၀၀၆ခုနှစ်၊စက်တင်ဘာလအတွင်း ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင်(၅)ယောက် အဖမ်းခံလိုက်ရတဲ့အချိန်တွင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံနေရချိန်ဆိုတော့ အပြင်လောကမှာ လူသိများအထင်ရှားဆုံး က စုစုနွေးပဲ ရှိနေတာလေ။ ဒီတော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးနဲ့ လူထုအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျွင်းကျန်ရစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေက ဖော်ဆောင်တဲ့အခါ စုစုနွေးရဲ့ ပါဝင်လှုပ်ရှားမှုက အခရာကျလာတယ်။ စုစုနွေးကလည်း သူချစ်ခင်လေးစားတဲ့အစ်ကိုတွေ အဖမ်းခံရတဲ့အတွက်ဆိုပြီး(NLDကတချို့သောလူကြီး၊လူငယ်တွေ တားဆီး
နေတဲ့ကြားထဲက) ၈၈မျိုးဆက် ကျောင်းသားတွေရဲ့လှုပ်ရှားမှုတိုင်းမှာ ပါဝင် အားဖြည့်ပေးခဲ့တယ်။ ၈၈တွေရဲ့စုရပ်ဖြစ်တဲ့ ရန်ကင်းကအခန်း
(ကိုကိုကြီးနေသွားတဲ့အခန်း)မှာ ၈၈မျိုးဆက်ညီအစ်မတွေနဲ့အတူတူနေထိုင်ရင်း အပြည့်အဝ ရပ်တည်ပေးခဲ့တယ်။ အဲဒီ့အချိန်မှာ ကျနော့်ရဲ့တာဝန်က ၈၈မျိုးဆက်ကျောင်းသားများရဲ့ ပြန်ကြားရေးအပြင်၊ ညီမတွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးနဲ့ မစုစုနွေးကို ကြိုပို့တာဝန်။ ကော့မှူးကို ပြန်မယ့်အခါ ပန်းဆိုးတန်းဆိပ်ဟိုဘက်ကမ်းက ဒလအထိလိုက်ပို့။ ရန်ကုန်ကို ပြန်လာတဲ့အခါလည်း ဒလကနေ သွားကြို။ စုစုနွေးဟာ တကယ်တော့ ကျန်းမာရေး သိပ်မကောင်းရှာပါဘူး။ သူ့မှာမွေးရာပါ နှလုံးရောဂါရှိတယ်။ လူက ဖြူဖြူနုနု ပါးလှပ်လှပ်လေး။
လေတိုက်ရင်တောင် ပြိုလဲလေမလား ထင်ရ တဲ့သူ။ ဒါပေမယ့် အဲဒီ့ကာလတွေအတွင်း ခေါင်းစဉ်အမျိုးမျိုးနဲ့လှုပ်ရှားနေတဲ့ ၈၈မျိုးဆက်ကျောင်း သားလှုပ်ရှားမှုတွေမှာ မနားတမ်းပါဝင်ခဲ့တယ်။NLDနဲ့ဝါရင့်နိုင်ငံရေးသမားကြီးတွေ ကြီးမှူးကျင်းပတဲ့ နိုင်ငံရေး အခမ်းအနားတိုင်းကိုလည်း မပျက်မကွက်
တက်ရောက်ခဲ့တယ်။ သူ့ကြောင့် အဲဒီ့ကာလက လူမှုရေး၊ နိုင်ငံရေးအခမ်းအနားတွေ ပိုမိုလှုပ်ရှားသက်ဝင်ခဲ့တယ်။ လူကနုနု၊ ရောဂါသယ်ဆိုတော့ စုစုနွေး မကြာခန
နေမကောင်းဖြစ်တယ်။ နေမကောင်းတဲ့ကြားထဲကပဲ နိုင်ငံရေးလှုပ်ရှားမှုတွေတိုင်းမှာ အဆက်မပြတ်ပါဝင်လှုပ်ရှားခဲ့တယ်။ တစ်ခါကဆိုရင် နေကမကောင်း၊ အားကလည်းနည်း။ မူးမေ့လဲကျ မတတ်ဖြစ်နေတာကိုတောင် အနားမယူခဲ့ဘူး။ သူ့ရဲ့ ဆရာဝန်ကြီးဒေါက်တာတင်မျိုးဝင်းက ဆူဆူပူပူနဲ့ တိုက်တွန်းတော့မှပဲ
ဆေးရုံတက်ဖြစ်ခဲ့ရတယ်။ အဖမ်းဆီးခံထားရတဲ့၈၈မျိုးဆက်
ကျောင်းသားခေါင်း ဆောင်(၅)ယောက် ပြန်လွတ်လာတော့လည်း၊ ရန်ကင်းအခန်းမှာ ညအိပ်ညနေ မနေပေးတော့တာက လွဲရင်၊ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့
နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အရင်လိုပဲ ဆက်လက်ပူးပေါင်း ပါဝင်ပေးခဲ့တယ်။ ကျနော်ကလည်း သူ့ရဲ့ကိုယ်ရံတော်တပ်မှူးတစ်ယောက်အနေနဲ့ ဆက်လက်တာဝန် ယူခဲ့တယ်။ ၂၀၀၇ခုနှစ်၊သြဂုတ်လနှောင်းပိုင်း၊ ကျနော်တို့ ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်(၁၃) ဦး အဖမ်းခံရတဲ့ညမှာဆို၊ သူပါရောပြီး အဖမ်းခံပါ့မယ်ဆိုလို့ ကျနော့်မှာ မနည်းကိုချော့မော့ဖျောင်းဖျ ထားခဲ့ရတယ်။ စစ်အစိုးရက တိုင်းပြည်မငြိမ်မသက်ဖြစ်မှာစိုးလို့ဆိုပြီး ကျနော်တို့ကို ကြိုဖမ်းခဲ့တာ။ တကယ်တမ်းကျတော့ ကျနော်တို့ကို ဖမ်းတော့မှပဲ လူထုကြားထဲမှာ မတည်ငြိမ်မှုတွေ ပိုမိုဖြစ်ပေါ်လာ ရတာ။ အပြင်မှာ အဖမ်းမခံရဘဲ ကျန်နေရစ်တဲ့သူတွေကလည်း ကျနော်တို့တတွေကို ပြန်လွှတ်ပေးဖို့ အဆက်မပြတ် တောင်းဆိုတိုက်ပွဲဝင်ကြတယ်။ အဲဒီ့သတင်းတွေကိုလည်း ကျနော်တို့တတွေ ကြားသိ နေရတယ်။
စုစုနွေးအပါအဝင်၊မဖြူဖြူသင်းနဲ့ နီလာသိန်းတို့ကို ဖမ်းဝရမ်းတောင် ထုတ်တဲ့အကြောင်း တွေလည်း ကြားသိရတယ်။ လှည်းတန်းနားမှာ စုစုနွေးကို ကိုယ့်အင်အားစုတွေနဲ့ အာဏာပိုင်ဘက် သားတွေ ဝိုင်းလုဆွဲလွဲကြတဲ့
အကြောင်းလည်း ကြားသိရတယ်။ ကိုယ့်အင်အားစုတွေက အသာရလို့ အဲဒီ့တုန်းက စုစုနွေး အဖမ်းမခံလိုက်ရပါဘူး။ ဒါပေမဲ့ နိုဝင်ဘာလထဲရောက်တော့ စုစုနွေးတစ်ယောက် အာဏာပိုင်တွေရဲ့ မလှိမ့်တစ်ပါတ်နဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ ခနခေါ်ထားတာပါဆိုပြီး ထောင်ထဲမထည့်ဘဲ ဗဟန်းမြို့နယ်ထဲက တစ်နေရာမှာထားတယ်။ လူ့အခွင့်အရေးအခြေအနေ လာရောက်လေ့လာတဲ့ 'မစ္စတာပီနဲရိုး' လာတော့ အင်းစိန်ထောင်ဧည့်ခန်းမှာ မစုနွေးသွားတွေ့ရတယ်။ 'မစ္စတာပီနဲရိုး' ပြန်သွားလို့မကြာပါဘူး။ မစုစုနွေးကို အင်းစိန်ထောင်ထဲထည့်တယ်။
ဒေါ်အောင်ဆန်း စုကြည်အတွက် ဆောက်ထားတယ်ဆိုတဲ့ တိုက်အိမ်လေးမှာ တစ်ယောက်တည်းထားတယ်။ ထောင်ထဲ မှာ သူဒေါသတွေ မကြာခနပေါက်ကွဲ
နေတယ်ဆိုတာလည်း ကြားသိနေရတယ်။ အဓိကက တော့ သူ့ကို မလှိမ့်တစ် ပါတ်နဲ့ ထောင်ထဲထည့်တာကို သူလုံးဝမကျေနပ်တာ။ ဒီလိုနဲ့၊ ကျန်ာတို့တတွေ အမိန့်မကျ ခင်မှာပဲ သူကအရင် ထောင်ကျသွားတယ်။ အလုပ်နှင့်ထောင်ဒဏ်(၁၂)နှစ်တဲ့။ ကျနော်တို့တတွေ အမိန့်ကျအပြီးမှာတော့ သူ့ကိုထောင်ပြောင်းပို့လိုက်တယ်။ ကလေးထောင်။ နောက်ပိုင်းမှာ ကလေး ထောင်ကနေ ခန္တီးထောင်ကိုပြောင်းရွှေ့ရတယ်လို့လည်းကြားတယ်။ ၂၀၁၁ခုနှစ်၊အောက်တိုဘာလထဲ မှာတော့ ပြောင်းလဲလာတဲ့
နိုင်ငံရေးအခြေအနေတွေအရ မစုစုနွေး ထောင်ကပြန်လည်လွတ်မြောက်ခဲ့ ပါတယ်။ ။

ဇူလိုင်လ(၂၇)ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ … …

ကိုမာကီ(၈၈မျိုးဆက်)