Sunday, August 25, 2013

ခနွဲကဘို ရဲစခန်းမှ ရဲတပ်ကြပ်လှမျိုး နှိပ်စက်မှုခံ အဘိုးအို တဦး


 Nay Myo Zin

ကင်းဝကြိး ရဲကင်း ခေါ်သော ပန်းတနော်မြို့နယ် အတွင်း ခေါင်ဖျားသောကျေးရွာလေးတခုတွင်းသို့ရောက်လာပြီး ရွာသား အဘိုးအို တဦးကို ဘုန်းကြီးကျောင်းပေါ်တွင်ပင် ရိုက်နှက်ခဲ့သည့် ရဲတပ်ကြပ် လှမျိုးဆိုသူ အကြောင်း။ သူ့ ရဲစခန်းသည် ခနွဲကဘိုကျေးရွာတွင်ရှိပြီး သူ့စခန်းမှ အပါး ကျေးရွာများသို့ လာရောက်ပြီး လိုင်းကြေး ကင်းကြေး အခွန်အခ ကြေးများ ကောက်ခံ နေသူဖြစ်သည်။ ယခု အဘိုးအို ကို ရိုက်နှက်ခြင်းမှာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့ ကျေးရွာသို့ လာရောက်ပြီး အင်းလုပ်ကွက်များ ဘုံစားအင်းများ အကြောင်း မေးမြန်းခြင်းကို ကူညီပြသပေးမိသောကြောင့် ယခုလို နံရိုး သုံးချောင်း ကျိုးသည် အထိ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ယခု ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၇၁ ရပ်ကွက်တွင် ရောက်ရှိပြိး ဆေးဝါးကုသနေရသည်။ သားသမီးများမှာလည်း နွမ်းပါးသူများဖြစ်သောကြောင့် အရိုက်လည်း ခံရသေးသည်။ ရဲတပ်ဖွဲ့ က တန်ပြန် တရားစွဲဆိုရန် စီစဉ်နေသည့် ရဲတပ်ဖွဲ့ဝင်အား ပြန်လည်ခုခံမှု ဆိုသည်ကိုလည်း ရင်ဆိုင်ချေပ ရန် လမ်းစရိတ် မရှိသဖြင့် နံရိုးလည်း ကျိုးရသည် ထောင်ကျမည့် ဘေးကိုလည်း စိုးကြောက်နေရသည့် မြန်မာနိုင်ငံသား ကျေးလက် နေ လူတန်းစား ဘ၀။ မကြာမှီ ဗီဒီယိုဖိုင်များ တင်ပေးပါမည်။

0 အကြံပြုခြင်း: