Sunday, August 25, 2013

တံတားထိုးမယ်လို့ပြောခဲ့တာ ဘယ်သူတွေလဲ . . .

( ကျော်နိုင်ဝင်း)

"ခရီးသွား ခုနစ်သောင်းခန့် နေ့စဉ် ဖြတ်ကူး သွားလာနေသည့် ရန်ကုန်မြစ်ကို ဖြတ်သန်း၍ ရန်ကုန် တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဘုန်းကြီးလမ်း အမှတ်(၂) ဆိပ်ခံ တံတားမှ ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းသို့ မြစ်ကူးတံတား တစ်စင်း ဆောက်လုပ်ရန် တောင် ကိုရီးယား နည်းပညာကုမ္ပဏီ များက အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင်လုပ်ဆောင်နေပြီ
ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား အထူးအဖွဲ့ (၁)မှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဝင်းဇော်က The Voice သို့ပြောကြားသည်"

- The Voice

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာ မှာ ရွှေတိဂုံ ဘုရားလမ်းအနီး ဖြစ်လာနိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ အတွင်းရေးမှူး ဦးကျော်စိုး က နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

- EMG

ကိုရီးယား သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နည်းဗျူဟာနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Hyun Oh-Seok နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့် တို့သည် ရန်ကုန်ဆိပ်ကမ်း ယာယီ ရှင်းလင်းဆောင်၌ ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်မြစ်ဖြတ် ရန်ကုန်-ဒလ တံတား တည်ဆောက်ရေး စီမံကိန်း နှင့်ပတ်သက်၍ ဆွေးနွေးကြပြီး ဒလမြို့ ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်း ဆိပ်ကမ်းရှိ ကူးတို့ဆိပ်သို့ သွားရောက် ကြည့်ရှု ခဲ့ကြကြောင်း သတင်း ရရှိသည်။

နေပြည်တော် ဇွန် ၂၁ - မြ၀တီ

0 အကြံပြုခြင်း: