Sunday, August 25, 2013

အဲသည်လိုနေ့မျိုး ရှိလို့ရှိမှန်းတောင် မသိ



ဒီညနေ ရုံးကပြန်လာတော့ နေတဲ့ရပ်ကွက်ထဲ ၀င်ဝင်ချင်း တစ်လမ်းလုံး ဆွဲထားတဲ့ ဆိုင်းပုဒ်တွေပါ။ လမ်းသွယ်ထိပ်တိုင်းမှာ ဆွဲထားတယ်။ ဒီလောက်မိုးရွာ ရေကြီးနေတာတောင် ခဲရာခဲဆစ် အဲဒါတွေ လိုက်ချိတ်ထားတယ်။ အလံတွေကလည်း လမ်းတိုင်းလူလို့...... နိုင်ငံတော် ဘာသာနေ့တဲ့ ဘယ်သူက ထူးပြန်သလဲ ( Aung Shin )

1 အကြံပြုခြင်း:

Anonymous said...

၁၉၆၁ခု ဩဂုတ်လ၂၆ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဝန်ကြီးချုပ်ဦးနုနဲ့သူရဲ့ပြည်ထောင်စုပါတီက တင်သွင်းတဲ့ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ကြေညာရေးအဆိုဟာ မဲအပြတ်နဲ့အနိုင်ရခဲ့ပြီး ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ဘာသာဖြစ်ကြောင်း
ပြင်ဆင်ဖြည့်စွက်ရေးသားခဲ့ပါတယ်။ အစိုးရရုံးတွေ၊ ကျောင်းတွေကိုလည်း ဥပုသ်နေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ပိတ်စေပါတယ်။ ၁၉၆၂ခု မတ်လ ၂ရက်မှာ ဗိုလ်နေဝင်းအာဏာသိမ်းပြီး ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရုတ်သိမ်းကြောင်းကြေညာ လိုက်တော့မှ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ဘာသာအဖြစ်က ရပ်စဲသွားတာပါ။