Sunday, August 25, 2013

ထန်းကုန်း အဓိကရုဏ်း


24.8.2013 ညနေ 7:00 ခန့်မှာ ကန့်ဘလူမြို့-တောင်ဘက် ဆယ်မိုင်ကွာမှာရှိတဲ့ ထန်းကုန်းမြို့
ငယ်လေးမှာ အဓိကရုဏ်း ဖြစ်ပွား
ထန်းကုန်းအရှေ့ဘက် ဇီးပင်လှရွာမှ ထန်းကုန်းမြို့ကို အလုပ်လာလုပ်တဲ့ ဗမာမိန်းကလေး မလပြည့်
(၁၉) နှစ်ကို ထန်းကုန်း ကုလားသုံးယောက်က အပြန်လမ်းမှာ မုဒိမ်းကျင့်
တစ်ယောက်ကို ဖမ်းမိထား
လူအုပ်ကြီးက ဖမ်းမိထားတဲ့ ကုလားကို ထုတ်ပေးဖို့ တောင်းဆိုရာမှ အဓိကရုဏ်းစတင်ဖြစ်ပွား
ခဲ့ခြင်း ဖြစ်ပါတယ်။ည 8:00 နာရီခန့်မှာ ထန်းကုန်း ဘူတာရုံအရှေ့ဘက်ဈေးဆိုင်တွေကို ဖျက်နေကြပြီလို့
သိရပါတယ်။ည 9:30 ခန့်မှာ မီးစလောင်နေပြီလို့ သိရပါတယ်။ လူအုပ်က ရွာမှတက်လာပြီး ဖြိုဖျက်နေကြတာပါ။
ဖုန်းလိုင်းတွေဖြတ်တောက်ထားလို့ စုံစမ်းရခက်နေပါတယ်။ လုံခြုံရေးတွေ မတွေ့ရဘဲ လူအုပ်ကြီးပဲ တွေ့ရတယ်လို့
ပြောပါတယ်။
Wira Thu

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ထန်းကုန်းကျေးရွာတွင် မြန်မာ အမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား
The Daily Eleven
Sunday, August 25, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ထန်းကုန်းကျေးရွာတွင် မြန် မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးမှ အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့မှုကို အဆိုပါ အနီးပတ်ဝန်းကျင်ရှိ သူများက သိရှိခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက်တွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်က ထန်းကုန်းကျေးရွာသို့ လာရောက်အလုပ်လုပ်ကိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန်ကြိုး စားခဲ့သည်ဆိုသော သတင်းထွက်ပေါ်အပြီးနောက်တွင် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်က နယ်မြေခံ ရဲစခန်းသို့ ရောက် ရှိလာပြီး တရားခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ စတင်ဖြစ်ပွား ခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့် မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ ၀င် ၅၀ ခန့်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိ ရသည်။ အခင်းဖြစ်ပွားရာ နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ နယ်/လုံဝန်ကြီး ရောက်ရှိကာ အခြေအနေကို ၀ိုင်းဝန်ထိန်းသိမ်း နေသည်ဟု သိရပြီး နီးစပ်ရာ မြို့နယ်များမှ မီးသတ်ယာဉ်များ ရောက်ရှိကာ မီးငြိမ်း သတ်နေကြသည်ဟု ထန်းကုန်းကျေးရွာသို့ ရောက်ရှိနေသည့် The Daily Eleven သတင်းထောက်မှ သတင်းပေးပို့သည်။"အုပ်စုနှစ်စု ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ည ၉ နာရီ ၀န်းကျင်လောက်ကတည်းက ဖြစ်နေတဲ့ မီးရှို့မှုတွေက အခုထိ ရပ်တန့် သွားခြင်း မရှိသေးပါဘူး။ အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့သူက ကန့်ဘလူ ရဲစခန်းကို ရောက်သွားပြီလို့ သိရပါတယ်။ ကန့်ဘလူနယ်မှာက အစ္စလာမ် ဘာသာဝင် အများအပြား ရှိတာကြောင့် အဓိကရုဏ်းသဏ္ဍာန် ဖြစ် လာမှာကို ဒေသခံတွေအားလုံး စိုးရိမ်နေကြပါတယ်။ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး" ဟု The Daily Eleven သတင်းထောက်က သြဂုတ် ၂၄ ရက် ည ၁၂ ခန့်တွင် သတင်းပေးပို့သည်။ထပ်မံရရှိသော သတင်းများအရ မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ် ပွားနေပြီး သြဂုတ် ၂၅ နံနက် ၁ နာရီကျော်အထိ မီးငြိမ်းသတ်နေရ ဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

Eleven Media Group

0 အကြံပြုခြင်း: