Monday, September 30, 2013

မြန်မာနိုင်ငံတော်ကြီးဘယ်သူပိုင်သနည်း။


Kyaw Soe Min's photo.


မြန်မာအစိုးရဘယ်သူပိုင်သနည်း။
*****************************
မြန်မာနိုင်ငံတော်အားမြန်မာနိုင်ငံသားအား
လုံးပိုင်ဆိုင်သည်။
မြန်မာအစိုးရအား(? ? ? ? ? ?)
ကဲ!ဂျာနယ်ဆရာများပြတ်သားစွာရေးသား
ဖို့ လိုပြီ။ငါ့စကားနွားရရေးသားခြင်းမျိုးမဟု
တ်ပဲယခုလိုကျူးကျော်စော်ကားမြန်မာနိုင်ငံ
ပြည်သူများနှင့်မြန်မာနိုင်ငံအစိုးရအပေါ်မထီ
မဲ့မြင်တုန့် ပြန်လိုက်သောတရုတ်သံအမတ်
ကြီးစကားအားကန့် ကွက်လိုက်သည်။

ဒေါ်လာ ရှစ်ဘီလျှံတန်ကျောက်စိမ်းအင်ပါယာကြီးကို မြန်မာစစ်ဗိုလ်ဟောင်းများ ဖက်တွယ်ထားဆဲ

A jade merchant inspects the most valuable jade lot that will be auctioned at the Mid-Year Emporium in Yangon November 13, 2007.
http://www.businessinsider.com/myanmars-old-guard-is-clinging-to-a-8-billion-jade-empire-2013-9

mizzima
အောင်မင်း(ဘာသာပြန်) | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၀၄ မိနစ်

ကျောက်စကျောက်နတွေ စုပုံနေတဲ့အကြားက လက်တစ်ဖ၀ါးစာလောက်ရှိတဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကြိုးစား ပမ်းစားနဲ့ ရှာဖွေနေတဲ့ ကိုတင်ထွန်းအတွက် အခုချိန်မှာတော့ သူလိုချင်တာကိုရရှိသွားခဲ့ပါပြီ။ အဲဒီ ကျောက်စိမ်းတုံးက သူ့ရဲ့ဘ၀အတွက် ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း ကိုတင်ထွန်း တစ်ယောက်
မျှော်လင့်နေပါတယ်။ အရင်ကလည်း အလားတူဖြစ်ရပ်မျိုးကို တင်ထွန်းကြုံခဲ့ရပြီးပါပြီ။

“မနှစ်က ကျပ်သိန်း ၅၀၀ နီးပါးတန်တဲ့ ကျောက်စိမ်းတုံးတစ်တုံးကို ကျွန်တော်ရခဲ့ဖူးတယ်” လို့ ကိုတင်ထွန်းက ပြောပါ တယ်။

အဲဒီပမာဏဟာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကိုတင်ထွန်းအတွက် သူ့ရဲ့ရွာမှာ မြေကွက်ဝယ်ဖို့နဲ့ အိမ်တစ်လုံးဆောက်ဖို့ အတွက် လုံလောက်တဲ့ ပမာဏပါ။

ဒါပေမဲ့ ကိုတင်ထွန်နဲ့ ဘ၀တူတွေရဲ့ ကြုံတောင့်ကြုံခဲတွေ့ရှိမှုမျိုးဟာ မြန်မာစစ်တပ်၊ အမည်ပျက် သူဌေးတွေနဲ့
မြန်မာနိုင်ငံနဲ့ စပ်စပ်နေတဲ့ကုမ္ပဏီတွေအတွက် ထွက်ရှိလာမယ့် ကျောက်စိမ်းအများစုကို တရုတ်ပြည်ကို ရောင်းချဖို့ အတွက် စီးပွားဖြစ်ထုတ်လုပ်တဲ့ပမာဏနဲ့ နှိုင်းယှဉ်ရင်တော့ ပြောပလောက်ဖွယ်ရာ မဟုတ်ပါဘူး။

တရားမ၀င် ရောင်းဝယ်ဖောက်ကားနေခြင်းဟာ ကျောက်စိမ်းရောင်းချမှု အားလုံးနီးပါးရဲ့ တစ်ဝက်နီးပါးလောက် ရှိပါတယ်။ အရောင်းအ၀ယ်တွေက တရုတ်နယ်စပ်မှာ အခွန်အနည်းအကျဉ်း သို့မဟုတ် တရားဝင် အခွန်ပေးဆောင်
ခြင်း မရှိဘဲနဲ့ ဖြစ်ပေါ်နေတာပါ။ အခုလို ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးတော့ ရှိနေပါတယ်။ ရာစုနှစ် တစ်ဝက်နီးပါးမျှ စစ်အာဏာရှင် လက်အောက်ကို ကျရောက်ပြီး ကစဥ့်ကလျား ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ဖို့အတွက် အသုံးပြုနိုင်တဲ့ ဘဏ္ဍာငွေတွေလည်း ဖြစ်ပါ တယ်။

မြန်မာအစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေက ယခုလို ဘီလီယံနဲ့ချီပြီးတော့ ဆုံးရှုံးနေတာတွေကို အတည်ပြုထားပါတယ်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လအထိ) မှာ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်း ထုတ်လုပ်မှု ဟာ ကီလိုဂရမ်ပေါင်း ၄၃ သန်း ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကျောက်စိမ်းတစ်ကီလိုကို ကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတဲ့ တရားဝင်ပေါက်ဈေးနဲ့ဆိုရင်တောင် ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံဖိုးလောက်ရှိပါတယ်။ ဒါပေမဲ့ အစိုးရက တရားဝင်စာရင်းဇယားထဲမှာ ထိုနှစ်အတွက် ကျောက်ဆုံးတင်ပို့မှ ကန်ဒေါ်လာ ၃၄ သန်းရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအတွင်းက ထုတ်ပြန်တဲ့တရားဝင်စာရင်းဇယားတွေကလည်း ပဟေဠိဆန်လွန်း ပါတယ်။ မြန်မာနိုင်ငံ အတွင်းကနေ ကျောက်စိမ်းဘယ်လောက်များများ တင်ပို့သလဲဆိုတာကို တရုတ်အစိုးရက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာတွေ မရှိပါဘူး။ ဒါပေမဲ့ ကျောက်စိမ်းက တရားဝင်တင်သွင်းတဲ့ အဖိုးတန် ကျောက်မျက်ရတနာနဲ့ သတ္တုတွေမှာ ပါဝင်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကန်ဒေါ်လာ ၂၉၃ သန်းဖိုး တင်သွင်းတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်က ထုတ်ပြန်တဲ့ စာရင်းကလည်း မြန်မာနိုင်ငံအတွင်းက ဒေါ်လာဘီလီယံများစွာတန်တဲ့ ကျောက်စိမ်းတွေ ဘယ်ရောက်သွားလဲဆိုတာ ရှင်းမပြနိုင်ပါဘူး။

အခုလို ပျောက်ခြင်းမလှ ပျောက်သွားတဲ့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ပါ။
ဆင်းရဲနွမ်းပါးတဲ့မြန်မာနိုင်ငံအတွင်းက ရေနံ၊ သစ်နဲ့ အဖိုးတန်သတ္တုတွေဟာ သြဇာအာဏာရှိတဲ့ တစ်သီးပုဂ္ဂလတွေနဲ့ လူတစ်စု အတွက် ချမ်းသာလာစေတဲ့အပြင် နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွက်လည်း ဘဏ္ဍာရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ဖားကန့်က လျှို့ဝှက်တဲ့ ကျောက်စိမ်းတွင်းတွေကို သွားရောက်ဖို့ ရှား ရှားပါးပါး အခွင့်အရေးရရှိခဲ့တဲ့ ရိုက်တာရဲ့ ခရီးစဉ်အတွင်းမှာ မင်းမဲ့စရိုက်ဆန်လွန်းတဲ့ ဒေသတွင်းမှာ တပ်မတော်သားတွေနဲ့ သူပုန်တွေ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ထို့အတူပါပဲ အဲဒီနေရာမှာ တရုတ်ပြည်မကြီးက ကုန်သည်တွေကလည်း အသက်ရှင်လျက် မြှုပ်နှံခံရလေ့ရှိတဲ့
ကျောက်စိမ်းရှာဖွေသူ ဆေးသမားတွေနဲ့ တွေဆုံနေပါတယ်။ ရိုက်တာအနေနဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းနဲ့ ဆက်စပ်တဲ့ စာရင်းပျောက် ဒေါ်လာသန်းပေါင်းများစွာနဲ့ လူမှုကုန်ကျစရိတ်တွေအကြောင်းကို သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်အောင်ထံကို စာနဲ့ရေးသားမေးမြန်းပေမယ့်လဲ တစ်စုံတစ်ရာ အကြောင်းပြန်လာတာမျိုးမရှိပါဘူး။

၂၀၁၁ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်တဲ့ အစိုးရတက်လာကတည်းက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား အထောက်အပံ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သူတို့ရဲ့ စီးပွားရေးမျှော်လင့်ချက်အဖြစ် ကိုင်စွဲထားပါတယ်။ ဒါပေမဲ့ အချို့စီးပွားရေးပညာရှင်တွေက မြန်မာနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စည်းလုံးညီညွှတ်မှုက သယံဇာတ ကုန်ကြမ်းတွေ ကနေ ဘဏ္ဍာငွေတွေ ပိုမိုရရှိခြင်းအပေါ်မှာ မူတည်တယ်လို့ ပြောဆိုထား ကြပါတယ်။

တရားမ၀င် ကျောက်စိမ်းတင်ပို့မှုတွေ ပါဝင်တဲ့ စုစုပေါင်း ကျောက်စိမ်းရောင်းချငွေပမာဏကို ယုံယုံကြည်ကြည်နဲ့ လက်ခံလို့ရတဲ့ ခန့်မှန်းချက်တွေ နည်းလွန်းပါတယ်။ မြန်မာနိုင်ငံရဲ့ အရပ်သားတစ်ပိုင်း အစိုးရကို အကြံပေးနေတဲ့ Harvard Ash စင်တာကဖော်ပြတဲ့ ကိန်းဂဏန်းပမာဏကတော့ ယုံကြည်ဖွယ်ရာ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

ယခုနှစ်အတွင်းပိုင်းမှာ သုတေသနပြုလုပ်သူတွေကို ပို့ပြီးနောက် ဇူလိုင်လအတွင်းမှာ ထွက်ရှိလာတဲ့ Harvard Ash စင်တာရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းရောင်းချ ရငွေဟာ ကန်ဒေါ်လာ ရှစ်ဘီလီယံလောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီပမာဏဟာ မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု က ရရှိတဲ့ ၀င်ငွေရဲ့ နှစ်ဆကျော် ဖြစ်တဲ့အပြင် ၂၀၁၁ ခုနှစ် ဂျီဒီပီ ရဲ့ ခြောက်ပုံတစ်ပုံလည်း ဖြစ်ပါတယ်။

“တကယ့် လက်တွေ့မှာတော့ အစိုးရဆီကို ရောက်လာတာဟာ ဘာမျှမရှိပါဘူး” ဟု Harvard Ash စင်တာရဲ့ အစီရင်ခံစာကို ရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ David Dapice က ရိုက်တာကို ပြောပြပါတယ်။“သင်တို့ အနေနဲ့ လိုအပ်တာက ခေတ်သစ်ပြည်သူ့ဘဏ္ဍာငွေကြေးစနစ်ပါ။ အဲဒီစနစ်ရှိမှသာ အစိုးရအနေနဲ့ သယံဇာတ တူးဖော်ခွင့် အတွက် မြေငှားခြင်းကနေရရှိတဲ့ ဘဏ္ဍာငွေတွေကို စုနိုင်မှာပါ” လို့လည်း ၎င်းကဆိုပါ တယ်။

ပျောက်ဆုံးနေသော ကျောက်စိမ်းတုံးများ
=====================

ကျောက်စိမ်းတုံးတွေဟာ တရုတ်တွေအတွက် လှပမှုနဲ့ သန်းကြွယ်သူဌေးဖြစ်တယ်ဆိုတာကို ဖော်ပြမှု ဖြစ်တယ်လို့ မှတ်ယူကြပါတယ်။ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေက ကံကောင်းခြင်းတွေ၊ ချမ်းသာကြွယ်ဝမှုနဲ့ အသက်ရှည် ကျန်းမာခြင်းတို့ကို ယူဆောင်ပေးတယ်လို့ တရုတ်နိုင်ငံသား အများစုက ယုံကြည်ထားပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်တယ်လို့လည်း ယူဆထားကြတဲ့အတွက် မြန်မာ့ကျောက်စိမ်းဟာ တရုတ်တို့အတွက် ခံတွင်းတွေ့စရာ အချက်တစ်ချက် ဖြစ်လာပါတယ်။

“ရွှေကတန်ဖိုးရှိပေမယ့် ကျောက်စိမ်းကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး” ဆိုတဲ့ ရှေးတရုတ်တို့ရဲ့ အဆိုအမိန့် တစ်ခုနဲ့ အညီပါပဲ။ကျောက်စိမ်းတုံးများတွေက တန်ဖိုးမြင့်ရုံသာမက သယ်ရတာလည်း လွယ်ကူပါတယ်။ “၀ှက်ပြီးတော့ သယ်လို့မရတဲ့ ကျောက်စိမ်းတုံးတွေသာ ကုန်စည်ပြပွဲတွေကို ရောက်ရှိသွားတာပါ” လို့ ဖားကန့်က ကျောက်စိမ်း ကုန်သည် တစ်ဦးဖြစ်တဲ့ အသက် ၅၃နှစ်အရွယ် ဦးတင်စိုးက ပြောပြပါတယ်။ အဲဒါက နေပြည်တော်မှာ ခင်ကျင်းရောင်းချတဲ့ တရားဝင်ကုန်စည်ပြပွဲတွေက ကျောက်စိမ်းတုံးတွေကို ပြောတာပါ။

ကျန်တဲ့ ကျောက်စိမ်းတုံးတွေကိုတော့ စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲသူတွေက မြန်မာစစ်တပ်ထိန်းချုပ်တဲ့ ဒေသ သို့မဟုတ် ကချင်လွတ်မြောက်ရေးစစ်တပ် (KIA) ရဲ့ ထိန်းချုပ်နယ်မြေတွေကို ဖြတ်ပြီး တရုတ်နိုင်ငံဘက်ကို ကုန်ကားတွေနဲ့ သယ်ပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဘေဂျင်းအခြေစိုက် တရုတ်နိုင်ငံ လုံးဆိုင်ရာ
ကျောက်စိမ်း ကုန်သွယ်ရေးအဖွဲ့ကို ဆက်သွယ်အင်တာဗျူးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း ပယ်ချခြင်း ခံခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ အရည်အသွေးအားဖြင့် အရည်အတွက်အားဖြင့် ကျောက်စိမ်း ထွက်ရှိဆုံးနေရာဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲက ဖာကန့်ဒေသပါပဲ။ အဲဒီဒေသက တရုတ်နှင့် အိနိ္ဒယအကြားမှာ မဟာဗျူဟာကျတဲ့ ဒေသ တစ်ခုလည်းဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ ဖားကန့်ရုံးခန်းတွေရဲ့ အပြင်ဘက်မှာဆိုရင် “တိုင်းပြည်ကြွယ်ဝဖို့ မြေကိုတူးဆွစို့” ဆိုတဲ့
ဆောင်ပုဒ်ကို ဖတ်ရှုနိုင်ပါတယ်။
mizzimaburmese.com

လယ်တီသိမ်နှင့်စေတီတော်ကွယ်ရေးချီတက်ပွဲပြီးဆုံးခြင်း


လက်ပန်တောင်းတောင်ခြေရှိလယ်တီဆရာတော်ဘုရားကြီး၏သိမ်တော်နှင့်စေတီ တော်ကာကွယ်စောင့်ရှောက်ရေးပြည်သူ့ချီတက်မှုသည်မနေ့ကမန္တလေးမြို့မှစတင် ထွက်ခွာခဲ့ပြီးစစ်ကိုင်းမြို့ကောင်းမှုတော်ဘုရားကြီး၊စိန်ရတနာကျောင်းတိုက်ဓမ္မာရုံ တွင်၂၉-၉-၂၀၁ရက်နေ့ည၌တညအိပ်နားခဲ့ပါသည်၊ယနေ့မနက်တွင်လယ်တီသိမ် ကာကွယ်ရေးအင်အားစုများရှေ့ဆက်ချီတက်မှုမပြုနိုင်ရန်၊ချီတက်အင်အားစုများရှိရာ ရှေ့တမိုင်၊နောက်တမိုင်ခန့်တွင်လုံထိန်းများ
တားဆီးထားပြီးမြို့ခံပြည်သူများနှင့်အဆက်အသွယ်ဖြတ်တောက်နေပါသည်၊ကောင်းမှုတော်ဘုရားကြီးအနီးချီတက်အင် အားစုများပတ်ပတ်လည်တွင်လုံထိန်းအင်အား(၃၀၀)နီးပါးခန့်အချုပ်ကား(၁၀)စီး ဖြင့်ပိတ်ဆို့ထားပါသည်၊ပြည်သူများတည်းခိုနေသော
ဘုန်ကြီးကျောင်းမှသံဃာတော် များကိုလဲ(မဟန)နှင့်အုပ်ချုပ်ရေးမှုးတို့မှဖိအားပေးလျှက်ရှိပါသည်၊လယ်တီသိမ်ကာ ကွယ်ရေးအင်အားစုများရှိရာသို့ယနေ့မနက်၉နာရီခွဲတွင်လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့်ဒေါက်တာမြင့်နိုင်တို့ရောက်ရှိလာပြီးအာဏာပိုင်များအားပြည် သူတို့ကိုအကြမ်းမဖက်ရန်ပြောဆိုပါနေပါသည်၊၊မီးလောင်ဗုံးပြစ်ခံခဲ့ရသောသံဃာများ မှလဲလယ်တီသိမ်ကိုမဖြိုဖျက်ပါဘူးဟုယခုတားမြစ်နေသောအာဏာပိုင်များမှတာဝန်မယူနိုင်လျှင်ရှေ့ဆက်ချီတက်ခွင့်ပြုရန်အာဏာပိုင်များကို
မိန့်ကြားခဲ့ပါသည်၊၊

လယ်တီသိမ်ကာကွယ်ရေးချီတက်အင်အားစုများမှာအခက်အခဲအမျိုးမျိုးကိုရင်ဆိုင် ရင်းဆက်လက်ချီတက်ရန်ပြင်ဆင်နေကြပါသည်၊ချီတက်မှုကိုစတင်သည့်အခါကောင်း မှုတော်ဘုရားကြီးတွင်ဆုတောင်းပွဲပြုလုပ်နေပြီးမှထွက်ခွာမည်ဖြစ်သည်၊၊ဒေါက်တာ မြင့်နိုင်မှတားဆီးပိတ်ဆို့ထားသောအာဏာပိုင်များ
အားလယ်တီသိမ်နှင့်ပတ်သတ်၍ တာဝန်ယူမှုတာဝန်ခံမှုမရှိပဲယခုလိုပိတ်ဆို့ဟန့်တားနေပါက၄င်းကိုယ် တိုင်လူထုနှင့်အတူချီတက်ဆန္ဒထုတ်ဖော်မည်ဟုပြောကြားသည်၊၊အာဏာပိုင်များကို လယ်တီစေတီနှင့်ပတ်သတ်၍တာဝန်ခံရန်ပြောဆိုသောအခါ၊ခြောက်လအတွင်းသိမ်နှင့်စေတီကိုဘာမှမလုပ်ပါဟုပြောသည်၊ပြည်သူများဘက်မှ
စုံစမ်းရေးကော်မရှင်အစီရင်ခံစာတွင်သိမ်နှင့်စေတီကိုရွှေ့ပြောင်းပြီးမှစီမံကိန်းလုပ်ရမည်ဟုတင်ပြသဘောတူထား သောကြောင့်စီမံကိန်းကို
သိမ်နှင့်စေတီကိစ္စဖြေရှင်းပြီးမှပြန်စရန်တောင်းဆိုရာအာဏာ တို့ဘက်မှလက်မခံပါ၊ပြည်သူများဘက်မှစေတီကိုလွတ်လပ်စွာဖူးမျှော်ခွင့်တောင်းရာ အာဏာပိုင်တို့ဘက်မှပုဒ်မ(၁၄၄)ထုတ်ပြန်ထားမှုကိုမရုတ်သိမ်းပေးပါ၊ဘုရားဖူးချင်ပါ က(၅)ယောက်ခန့်ဖူးခွင့်ပြုသည်၊ကြိုတင်ခွင့်ပြုချက်စာတင်ရမည်ဟုအာဏာပိုင်တို့ သတ်မှတ်သည်၊၊ယခုလမ်းလျှာက်ချီတက်သူများကိုမဖမ်းဆီးရေးပြည်သူများတောင်း ဆိုရာအာဏာပိုင်များမှသဘောတူသည်၊၊ တရားမျှတမှုမရှိသည့်အာဏာပိုင်တို့၏ပြောကြားချက်များသည်၊လက်ပန်တောင်းတောင်စုံစမ်းရေးကော်မရှင်ကိုပါ
မထီမဲ့မြင်ပြုလိုက်ခြင်းဖြစ်ပြီး၊ပြည်သူတို့ကိုလုံထိန်းရဲနှင့်ဝိုင်း၍ အကြပ်ကိုင်ခြိမ်းခြောက်ခြင်းပင်ဖြစ်သည်၊၊

အခက်အခဲခဲအမျိုးမျိုးကြားမှသဘောတူလိုက်သည်မှာ လယ်တီသိမ်ကိုကိစ္စကို လွတ်တော်မှဆုံးဖြတ်သည်အထိမဖြိုမဖျက်ထားမည် အကန့်အသတ်များဖြင့်ဘုရားဖူးခွင့်ပြုသည်ချီတက်မှုတွင်ပါဝင်သူများကိုအရေးမယူ သုံးချက်ဖြစ်သည်

၃၀-၉-၂၀၁၃ ညနေ၃နာရီ

လယ်တီဆရာတော်ဘုရားကြီး၏သိမ်တော်နှင့်စေတီအဓွန့်ရှည်တည်တန့်ပါစေ

ဆက်သွယ်ရန်ဖုန်း၊၊ဒေါ်ခင်စန်းလှိုင်(ပုလဲအမတ်)098632966
ဒေါ်က်တာမြင့်နိုင်(အမျိုးသားလွတ်တော်စစ်ကိုင်းတိုင်း)09420029063
ပြည်သူ့အင်အားစုများဖုန်း၊09420787366 0933098204 0973023157 0931383860

ဆရာစံကိုကြိုးပေးခဲ့တဲ့နေရာ


by ဘိုးဘိုး ရဲ

၂၀၁၄မှာသန်းကောင်စာရင်းကောက်မယ်ဆိုလို့ဘင်္ဂလားကအ၀င်များ

စန္ဒကိန္နရီ (မေသက်ထားဆွေ)(final round)



Maythethtarswe
အမှတ်ရစရာသီချင်းပါ သမီး final မှာသမီးအများကြီးကြိုးစားခဲ့ပါတယ် သမီးအရမ်းကြိုက်တဲ ဖွားဖွားမာမာအေး ရဲ့သီချင်းကိုဆိုခွင့်ရလို့ ဂုဏ်ယူမိပါတယ်ရှင်

ဘုန်းကြီးကျောင်းတစ်ခုလုံး မပြီးရွေ့လို့လည်းရတယ်၊လို့ ဝမ်ပေါင်ကုမ္ပဏီ ပြော/ကူညီသောပြည်သူများကိုလည်းလုံးဝဝင်ခွင့်မ ပေး


တောင်းဆိုမှုများ လိုက်လျောမည်လို့ ဝမ်ပေါင်ကုမ္ပဏီ ပြော
RFA Burmese
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦးတွေကို ဖယ်ရှားပြီးရွှေ့ပြောင်းပေးဆိုရင်လည်း ရွှေ့ပြောင်းပေးမှာဖြစ်သလို အသစ်ပြန်လည်တည်ဆောက်ပေးဆိုရင်လည်း တည်ဆောက်ပေးမှာဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ Mr. Kico က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကြေးနီတောင်စီမံကိန်းဒေသ ၀မ်ပေါင်ရုံးခန်းမှာ Myanmar Wanbao Mining Co Ltd ကတာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေ ဒီနေ့ နေ့လည်ပိုင်းကတွေ့ဆုံရာမှာ Mr. Kico က တရုတ်ဘာသာစကားနဲ့ ပြောကြားချက်ကို စကားပြန်က အခုလိုဘာသာပြန်ပေးခဲ့ပါတယ်။

"အဲဒီဘုန်းကြီးကျောင်းတစ်ခုလုံး မပြီးရွေ့လို့လည်းရတယ်၊ နောက်ပြီးဖြုတ်ပြီးတော့ ပြန်ဆောက်ရင်လည်းရတယ်၊ နောက်လုံးဝအသစ် ပြန်ဆောက်ရင်လည်းရတယ်၊ ကျနော်တို့ ကုမ္ပဏီက ဘယ်လိုပဲဖြစ်ဖြစ်လက်ခံတယ်"

လက်ပံတောင်းတောင်အရေး ဆက်ဆံရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တော၊ သတ္တု၊ စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်ကတော့ ဒီကိစ္စဟာ သတ္တုတွင်းဝန်ကြီးဌာနနဲ့မဆိုင်ဘဲ သာသနာရေးဝန်ကြီးဌာနနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။

တိုင်းနဲ့ ဗဟိုသံဃာ့နာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားမှာဖြစ်သလို ၊ ရွှေ့ပြောင်းသင့် မသင့်ကိုလည်း မပြောလိုကြောင်း လယ်တီစေတီနဲ့ သိမ်တော်ကို လက်ရှိတာဝန်ယူနေတဲ့ ကျော်ကျေးရွာဆရာတော် ဦးဝိမလက အခုလိုမိန့်ကြားပါတယ်။

"တိုင်းသံဃာ့နာယကအဖွဲ့၊ ဗဟိုသံဃာ့နာယကအဖွဲ့ပါရင်တော့ ခင်ဗျားတို့သဘောပဲ ကြိုက်သလိုလုပ်ပါ၊ ဘုန်းကြီးတို့ကတော့ အနားအနီးဆုံးလည်းဖြစ်တယ်၊ အကြီးဆုံးလည်းဖြစ်တယ်၊ ဒါပေမယ့် ဘုန်းကြီးတို့က မပေးရက်ဘူး၊ တိုင်းကခရိုင်ပိုင်တော့ သူတို့သဘော ဘယ်လိုလုပ်လုပ်၊ သူတို့ကရွေ့လို့လည်းမပြောဘူး၊ မရွေ့နဲ့လို့လည်းမပြောဘူး"

အဲဒီ လယ်တီဆရာတော်ကြီးရဲ့ သိမ်နဲ့သာသနိက အဆောက်အဦးတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးဖို့ မနေ့က မန္တလေးမြို့ကနေ လက်ပံတောင်းဒေသကို လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြသူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သာသနာရေးဝန်ကြီး ဦးတင်ဝင်းနဲ့ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေတို့က ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေသွားပါတယ်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်သူတွေရဲ့ တောင်းဆိုချက် ၃ချက်နဲ့ အစိုးရအဖွဲ့ရဲ့ တောင်းဆိုချက်တစ်ချက် စုစုပေါင်း ၄ ချက်ကို သဘောတူစာချုပ်ချုပ်လိုက်တယ်လို့ လမ်းလျှောက်ဆန္ဒပြရာသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက ပြောပါတယ်။

===============================================

Hlaing Min Oo
လယ်တီသိမ်လမ်းလျှောက်သူများနှင့်စစ်ကိုင်းတိုင်းပြည်သူများကိုပါအာဏာပိုင် များခြိမ်းခြောက်နေပြီ။လယ်တီသိမ်လမ်းလျှောက်သူများတည်းခိုရာဝန်းကျင် ရှိကားလမ်းများကိုပိတ်ထားပြီး ကူညီသောပြည်သူများကိုလည်းလုံးဝဝင်ခွင့်မ ပေးတော့ပါ စတင် ပိတ်ဆို့ မှုများပြုလုပ်နေပြီး စွမ်းအားရှင်များဖြင့်ဖြိုခွင်းရန်စီစဉ်နေသည်
၈း၄၅ နာရီ

ဦးရဲထွဋ်နှင့်ဝဲကြီးရွာ


သက္က မိုးညို


အဘဦးရဲထွဋ်ခင်ဗျား

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးရွာတွင် ဖြစ်ပွားခဲ့သော ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ရွာသူရွာသားများမှ မတရားဖမ်းဆီး ချုပ်နှောင်ထားသည့် အရုပ်ဆိုးလှသော ဖြစ်ရပ်ကို အဘအနေနှင့် “တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူ ပြုသလား၊ မပြုဘူးလား” ဟု မေးခွန်းထုတ်ခြင်းမှာ မေးသင့် မေးထိုက်သော မေးခွန်းဖြစ်ပါသည်။

သို့သော်လည်း တစ်ဖက်စကား၊ တစ်ဖက်နားအရ ကြားရသည်မှာလည်း ရပ်ရွာလူကြီးမပါ၊ ဖမ်းဝရမ်းမပါပဲ ညအချိန်မတော် ရဲအဖွဲ့ဝင် သုံးဆယ်လောက် အိမ်ပေါ်တက်လာကာ ခြင်ထောင်လှန်၊ လည်ပင်းနင်းခြင်း၊ လူမမည်ကလေးငယ်အား ပါးရိုက်ခြင်း စသည်တို့ကို ကျူးလွန်ကြောင်း ပြန်လှန်စွပ်စွဲခြင်းများရှိနေပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်တွင် ယုံကြည်စိတ်ချထိုက်ဖွယ် မီဒီယာဟူ၍ မယ်မယ်ရရပြစရာမရှိဖြစ်နေသော ကာလတွင် “ပြည်သူလူထုအတွက် တည်ကြည်လေးနက်စွာဖြင့် အပင်ပန်းခံကာ အမှန်တရားရှာဖွေရေးအတွက် များမြောင်လှသော အလုပ်တာဝန်များအကြားမှ ဖြေရှင်းပေးနေပါသော အဘကိုသာ” အားကိုးထိုက်ဖွယ်ရာဟု မြင်မိပါသဖြင့် ကျွန်တော်များ အသိဥာဏ် နှုံနဲ့မှုကို ဖြေရှင်းပေးပါရန် လေးစားအားနာစွာ တောင်းပန်ရခြင်း ဖြစ်ပါသည်။

သမ္မတထုတ်ပြန်သော အမိန့် ကြေညာချက်ကို မြို့ နယ် အုပ်ချုပ်ရေးမှူးများက လျှို့ ဝှက်ထား

အဘဦးဝင်းတင်ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ဆေးရုံဆင်း


 Phyu Phyu Thin

အဘဦးဝင်းတင်ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ဒီနေ့ပဲဆေးရုံဆင်းပါပြီစိုးရိမ်တကြီးလာရောက်မေးမြန်းသူများဖုန်းနဲ့
ဆက်သွယ်မေးမြန်းသူများစိတ်ပူပန်ပေးသူများကုသပေးတဲ့ဆရာဝန်ကြီးဆရာဝန်မကြီးများဆေးရုံဝန်ထမ်းများအထူးသဖြင့်တော့
အဘဆေးရုံတက်စဉ်အနီးကပ်နေထိုင်ပြုစုပေးသူဘုံရိပ်သာလူငယ်များအားလုံးအခမဲ့ကုသခွင့်ပေးတဲ့ဆေးရုံဘုတ်အဖွဲ့နပ်စ်မများ
အားလုံးကိုကျေးဇူးတင်ပါတယ်
30.9.2013

သံတွဲမြို့မှာ သာမန် အငြင်းပွားရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့



ဘီဘီစီ (မြန်မာပိုင်း)

30.9.2013

ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို
ပြောပြပါတယ်။

ဦးကျော်စံလှကို ဆဲရေး တိုင်းထွာမှု အပါအဝင် ပုဒ်မနှစ်ခုနဲ့ ရဲက ဖမ်းဆီးခဲ့ရာမှာ လူ၅၀လောက်က ရဲစခန်းကို ဝိုင်းထားပြီး ဦးကျော်စံလှကို လွှဲပေးဖို့ တောင်းဆို
ခဲ့ ကြပါတယ်။ညနေပိုင်းလောက်မှာ သံဃာတော်တွေရဲ့ ဖျောင်းဖျမှုနဲ့ လူစု ကွဲသွားခဲ့ပြီး ဦးကျော်စံလှ ကိုလည်း ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကို မကျေနပ်တဲ့ လူ၂၀လောက် က တနင်္ဂနွေနေ့မှာ ရဲစခန်းကို တခါ ထပ် ဝိုင်းခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီလူတွေဟာ မျက်နှာဖုံးတွေ စွပ်ထားကြေ
ပေမယ့် မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီလူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိနေပေမယ့် အဖမ်းအဆီး ခုချိန်ထိ မရှိသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

သံတွဲမြို့မှာ အခုလို ရုတ်ရုတ်သဲသဲ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။ဘာသာခြား ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ ဝယ်သူတွေကို ဓါတ်ပုံ ရိုက်ထားပြီး လူ့လောကကြီးကနေ ဝိုင်းပယ်ထားကြဖို့ လှုံ့ဆော်မှုမျိုးတွေ တွေ့ရတယ်
လို့လည်း ဆိုပါတယ်။

ည ၈နာရီလောက်မှာ သံတွဲမြို့ ၃ရပ်ကွက် တာဝင်္တီသာ လမ်းမှာ အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

RFA
သံတွဲမြို့မှာ မီးရှို့မှု ဖြစ်ပွား
===================================
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၇ နာရီလောက်က ကမန်အမျိုးသား တစ်ဦးရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က နေအိမ် ၂ လုံးမီးလောင်ခဲ့တာ ဟုတ်မှန်ကြောင်း၊ အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ပြောပါတယ်။
" ည ၇ နာရီလောက်မှာ တာဝတိန်သာလမ်းနဲ့ ဂန္ဓမာလမ်းထောင့်မှာ နည်းနည်းဆူပူမှုဖြစ်ပြီးတော့ နေအိမ်နှစ်လုံး မီးလောင်တယ်လို့တော့ သိရတယ်၊ လောလောဆယ် အဲ့လောက်ပဲ သိရသေးတယ်၊ ဒါပေမယ့် ၇ နာရီခွဲ ၈ နာရီလောက်ကျတော့ ဂျီအီး တပ်ကနေသွားကြည့်တော့ ပြဿနာမဖြစ်တော့ဘူး"
မီးရှို့ခံရတဲ့ အဆောက်အဦးမှာ တစ်လုံးက ကမန်အမျိုးသားတစ်ဦးရဲ့ နေအိမ်ဖြစ်ပြီး နောက်အဆောက်အဦး ကတော့ နေအိမ် ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ မြို့တော်ခန်းမအနီးက ကမန်အမျိုးသားတစ်ဦးပိုင်ဆိုင်တဲ့ စက်ပစ္စည်း အရောင်းဆိုင်ရှေ့ သုံးဘီးဆိုင်ကယ်တစ်စီး ရပ်နားခဲ့ရာမှာ ဆိုင်ရှင် ကမန်အမျိုးသားနဲ့ သုံးဘီး ဆိုင်ကယ် ပိုင်ရှင်တို့ စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က ဆိုင်ပိုင်ရှင် ကမန်အမျိုးသားကို ခေါ်ယူမေးမြန်း စစ်ဆေးခဲ့ပြီး၊ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အတွက် မကျေနပ်တဲ့ လူအုပ်စုတစ်စုက ကမန်အမျိုးသားရဲ့ နေအိမ်ကို မီးရှို့ခဲ့တာလို့ သိရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ NLD



၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလား ဆိုတာကို ပြည်သူတွေရဲ့ သဘောထားဆန္ဒ ရယူပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက စက်တင်ဘာလ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။

ဇွတ်သဘင်

အစိမ်းရောင်ဗူးကငါ့အိမ်မီးကြိုးနော်


Azm Azm's photo.Today

ဒီပုံက installation art တစ်ခုမဟုတ်သလို အချိုရည်ကြော်ငြာ ရေသန့်ကြော်ငြာတစ်ခုလည်းမဟုတ်ပါဘူး ။
ထောက်ကြံ့မြို့ ရွာသစ်ကျေးရွာ ငုရွှေဝါလမ်း က ဓာတ်တိုင်တစ်တိုင်ပါ။
ဒီပုံကို လျပ်စစ်အင်ဂျင်နီယာတစ်ဦးကတွေ့တဲ့အခါ နည်းပညာအရ အန္တရာယ်ရှိနိုင်တဲ့ အကြောင်းပြောလိမ့်မယ် ။
လူမှုရေးသိပ္ပံပညာရှင်တစ်ယောက်ကတွေ့တဲ့အခါ ဒီအရပ်ဒေသရဲ့စီးပွားရေး လူမှုရေးအခြေအနေတွေ သုံးသပ်ပြလိမ့်မယ်။
နိုင်ငံရေးအတွေးအခေါ်ပညာရှင်တစ်ယောက်က တွေ့တဲ့အခါ ဒီနိုင်ငံကို (ဒီဒေသကို)အုပ်ချုပ်တဲ့သူတွေ ရဲ့ နိုင်ငံသားတွေအပေါ် အခြေခံစွမ်းအင်ဆိုင်ရာတာဝန်ယူမှုဘေးကင်းလုံခြုံမှုဆိုင်ရာတာဝန်ယူမှုအားနည်းချိနဲ့လှကြောင်း ပြောမယ်။
့ <…ကျွန်တော့လိုနလပိန်တုံးကတော့ ဘာမှပြောစရာမရှိပါ ကြည့်ရတာ လှ လှ သေးဗျာ နော့… >့ 

ပြည်မြို့ တပ်မတော်သားသုံးဦးမှ ကိုဇော်မင်းဦးအား သတ်ဖြတ်မှုအာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်



ဧပြီလ၂၃ ရက်က ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် တပ်မတော်သားသုံးဦးမှ ကိုဇော်မင်းဦးအား သတ်ဖြတ်ပြီး အတူပါလာသော အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ် ရိုက်နှက်ကာ သတိ လစ်နေစဉ် လက်စွပ်ချွတ်ယူ ခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှုတွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများ က လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။

ကာယကံရှင်များ၏ တောင်းဆိုမှုဖြင့် မြို့ခံလူမှုရေးအဖွဲ့များက ဦးဆောင်ကာ လက်မှတ်ကောက်ခံခဲ့ရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအ၀င် စုစုပေါင်း လက်မှတ်ရေးထိုးသူ နှစ်သောင်း ၀န်းကျင်ခန့် အထိ ရရှိပြီဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။

“ကာယကံရှင်က တောင်းဆိုတဲ့အတွက် မြို့ခံလူထုက နည်းလမ်းရှာပြီး လုပ်ဆောင်ပေးတာပါ။ သူတို့ကို လူတွေ ပစ်မထားဘူးဆိုပြီး စိတ်ဓာတ်တက်ကြွလာမယ်။ ဦးကျော်သူရဲ့လက်မှတ်ကို ရတဲ့ရက်က မိသားစု အားလုံး ၀မ်းသာခဲ့ ရတယ်”ဟု အထက်ပါပုဂ်္ဂိုလ်က ပြောသည်။

ထို့အပြင် ပြည်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်မှတ်များကိုလည်း ရယူရန် ကြိုးပမ်းမည်ပြီး ရရှိ သည့် လက်မှတ်များကို အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များနှင့် သမ္မတဦးသိန်းစိန်ထံ ပန်ကြား လွှာများ ပို့မည်ဟု ပြည်မြို့ လူမှုရေးအဖွဲ့တစ်ခုမှ ဥက္ကဋ္ဌက ပြောသည်။ သမ္မတထံကိုမူ ပန်ကြားလွှာအား အောက်တိုဘာ ၅ ရက်တွင် ပို့မည်ဖြစ်သည်။

ထိုပန်ကြားလွှာတွင် ပြစ်မှုကျူးလွန်သူများကို အမှန်အတိုင်း ဖော်ထုတ်ပေးရန်၊ ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန်၊ နစ်နာသူများကို ကုစားခွင့်ပေးရန်နှင့် အလားတူအဖြစ် နောက်တစ် ကြိမ် မဖြစ်ပေါ်စေရေး အတွက် အာမခံပေးရန် အချက်များ တောင်းဆိုထားသည်။
________________________
30-9-2013
Mizzima - News in Burmese News

Sunday, September 29, 2013

လွှတ်တော်ကိုယ်စားလှယ်များသို့ ယမန်နှစ်က မြန်မာမီနီဆလွန်းကားရောင်းချပေးထားမှု စာရင်း

r (Credit - အုတ်ခဲ)

NLDဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှ ကြေငြာချက်ထုတ်ပြန်

ဒီအကွက်တွေ ရိုးလို့



Burmar Pyi Thar

တွေးကြည့်...လိုက် ပြေးကြည့် တာထက်..... ...............ပိုမှန်လိမ့်မယ်
စလာ ပြန်ပီလေ... ဟဲဟဲ ဒီအကွက်တွေ ရိုးလို့...

ဥပဒေ ပြင်ဖို့ အသံတွေက ထွက်လာတာ ဒီ၇က်ပိုင်း ပို များများ လာနေပြီလေ...

လက်ပတောင်း က လယ်တီသိမ် နဲ့ ပတ်သက်ပြီး လမ်းလျှောက်....လယ်တီသိမ်ကာကွယ်ရေး ချီတက်ပွဲ.....စလည်း စရော.....

အခုဖြစ်ပြီလေ..ကုလားတစ်ကောင် သာသန အလံ ကို တတ်ဖြဲ ဆိုလား ဘာဆိုလား...
သံတွဲ မှာ မီတွေလောင်တာ.. ပုဒ်မ ၁၄၄ ထုတ်ထားတယ် .. ကြားရပြန်ပြီ.. အခုပဲ
ကုလား ကုလား ကုလား..အခုသတ်..... လက်ပတောင်း ကိတ်စ ဆိုရင် တော်တော်
ကြောက်ပုံရတယ်..အစိုးရက

ဆက်စပ် ကြည့် လိုက်တော့....
ဦးရွှေမန်းနှင့်ရခိုင်ပြည်နယ် (၁၇) မြို့ နယ်မှ ကိုယ်စားလှယ်များ တွေ့ဆုံ ...

မောင် ဘပြောင်ကအာက်တိုဘာ ၁ ရက် ရခိုင်ပြည်နယ် သွားဦးမယ်...ကန်တားနား လည်းပြန်ခေါ်ပေါ့....

ရိုးနေပြီ.. ငပြောင် အုပ်စု တသိုက် တို့ေ၇ .. ပြည်သူတွေ က နှစ်ခါ လှည့် လို့ မရဘူး..
အာရုံ တွေ လာမလွဲနဲ့.. ...

ခင်ဗျားတို့ ရှေ့ဆက် ပြီး ဘယ်လို ဇတ်ထုတ်တွေ ပဲရခိုင် မှာ ကက လက်ခုတ်တီးမယ့်
ပရိတ်သတ်ရှိ မှာ မဟုတ်ဘူး ဆိုတာ နားလည်ထားပါ ....
ဒီကြား ထဲ ရခိုင်ပြည် နယ်က ကြားထဲ ကနေ မြေစာပင်ဖြစ်ဦးမယ်..

နောက်ဆုံး ရခိုင် မှာ ကုလား အေ၇းအခင်း နဲ့ မရ လို့ကတော့ နေပြည်တော်
ကို ကုလားတွေ ခေါ်ပြီး.. မီးသာ၇ှို့ခိုင်းလိုက်တော့ဗျာ...ဒါဆို လူတွေ ကို
ပို ပြီး အာ၇ုံ လွှဲ လောက်တယ်.... ဟားဟား....

ဝဲကြီးကျေးရွာမှ ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ



Eleven Media group
ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ဦးတရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ်ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ် . . . . .စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာတစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင်တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။
ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”


လိုင်စင်ရ အသံတိတ် လူသတ်သမားများ
*************************************
“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။


(လဲ့ရည်မြင့်၊ သင်းရတနာဆု) -
______________________________________

The Voice Weekly

“ ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်၂ ခုကို အာမေးနီးယန်းလူမျိုး တစ်ယောက်ကသိ ”



ဗဟုသုတ ဟင်းပေါင်းအိုးကြီး


**************************************
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေတစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါတယ်။

www.pyae-phyo.blogspot.com
မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိတယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများနဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာအပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင်ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေးများနဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာ
ဖော်ပြထားပါတယ်။ မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထားပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်
________________________________

Moe Ma Kha ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

လူတိုင်းနှင့်ဆိုင်သည်။ သို့သော် ... ကင်းရှင်းရမည်

အမဲသားစားချင်သူတွေ InPoRt လုပ်ကြ၊



အစိုးရစည်ပင်မှ သားသတ်လိုင်စင်ကို သံဃာများက သိန်း ၂၀၀ ကျော်ဖြင့် လေလံဆွဲခဲ့ကြောင်း တိုင်းသံဃနာယက ဆရာတော် ဦးဝံသပါလ မိန့်ကြား
===============================================================================

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်လုံးကျွတ် အမဲသားသတ် လိုင်စင်များကို ယခုနှစ်အတွက် သံဃာတော်များက န၀ကမ္မငွေများဖြင့် စုဆောင်း၍ လိုင်စင်ဆွဲယူခဲ့ကြောင်း ဧရာဝတီတိုင်း သံဃာ့နာယက အဖွဲ့ဝင် ကျိုက်လတ် ကံကျောင်းဆရာတော် ဦးဝံသပါလက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။

ဆရာတော်က ““သိန်း ၂၀၀ ကျော်တယ်။ စည်ပင်ကို သွင်းလိုက်တယ်။ ဘေးမဲ့ပေါ့။ ဒီကျိုက်လတ်မှာ အမဲသားမရှိဘူး။ မရှိဘူး ဆိုတာကတော့ ရှိတော့ ရှိတာပေါ့။ ဒိုင်လျှိုလေးတွေ ကျတော့ ငါတို့လည်း မလိုက်နိုင် ဘူးလေကွာ။

ကျေးရွာကနေ အသိပေးရင်တော့ ချက်ချင်း ဆင်းဖမ်းတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ရိုက်စားနေရင်တော့ တို့လည်း မသိဘူး။ တစ်နှစ်ပဲ ရှိသေးတယ်။ ဒီနှစ်မှစတာ။ ငါတို့က သတ္တ၀ါတွေ ကယ်ဆယ်တာပေါ့ကွာ။ အကျဉ်းချုပ် ငါပြောမယ်။

အခြေခံလေး အကျဉ်းချုပ် ငါပြောမယ်။ ဒီဗလီကနေပြီးတော့ မနှစ်က တစ်ခုပြောမယ်၊ မနှစ်ကတုန်းက သူတို့ ဘယ်လောက်နဲ့စလဲ ဆိုတော့ ဆယ်ကောင်တော့ ကျော်တယ်။

သတ်တာ။ နောက်ဆုံးနှစ်က နှစ်ဆယ့်တစ်ကောင်။ နောက်ကျတော့ အကောင်ရေက ငါးဆယ်ကျော်လာရော။

လမ်းဘေးဈေးရောင်းတဲ့သူ တွေကလည်း တစ်ကောင်၊ နှစ်ကောင်၊ အဲလိုတွေ ဖြစ်လာတော့ ဒကာတွေ၊ ဒကာမတွေ ကလည်း လျှောက်လာတယ်။

လျှောက်လာခဲ့တဲ့ အခါကျတော့ ငါတို့ကလည်း အဲဒါကို လုပ်နိုင်၊ မလုပ်နိုင်၊ သတ္တ၀ါတွေကို ကယ်ချင်ပေမယ့် ကယ်နိုင်၊ မကယ်နိုင် ပြန်စဉ်းစားရတယ်။ နောက်ပိုင်း ညှိနှိုင်း လိုက်တဲ့ အခါကျတော့ ကယ်နိုင်တဲ့အဆင့် ရောက်တဲ့အခါကျတော့ စည်ပင်နဲ့ စကားပြောရသေးတယ်။

အများကြီး။ စည်ပင်က မပေးချင်ဘူးဆိုတာက …သံဃာတွေကနေ ဒီလေလံကို ယူလိုက်ပြီဆိုရင် လာမယ့်နှစ်ကျရင် ကြမ်းခင်းဈေးကလည်း တက်လို့မရဘူး။ အပြိုင်အဆိုင်တွေလည်း မရှိတော့ဘူး။ သူတို့ဘတ်ဂျက် လျော့သွားပြီ။ တကယ်လို့ ပုဂ္ဂလိကတစ်ယောက်က ဆွဲတယ်ဆိုရင် ဈေးပြိုင်တက်ရင် သူ့အတွက် လာဘ်လာဘရှိတယ်။

သူတို့က ဘယ်လောက် ရာခိုင်နှုန်းလဲ မသိဘူးရတယ်။ အခုဆွဲလိုက်တဲ့ အခါကျတော့ ဒါအလှူဖြစ်တဲ့ အတွက် သူတို့အတွက် လာဘ်လာဘလည်း မရှိတော့ဘူး။ နောက်နှစ်ကို စင်ပြိုင်လည်း မရှိတော့ဘူး။ အဲလိုဖြစ်သွားပြီ။ မဆွဲခင်က လေလံရှင်တွေ ရှိပေမယ့် ဒီလေလံကို လေလံ မတင်ဘူး။

ဘုန်းကြီးတွေက စည်ပင်နဲ့ ညှိပြီးတော့ မေတ္တာရပ်ခံ လိုက်ပြီးတော့ မနှစ်က ဈေးနဲ့ ယူလိုက်တာ။ အမှန်ဆိုရင် တကယ့်မူရင်းဈေးက အဲလို သိန်းရာချီ ပေးစရာမလိုဘူး။

တကယ်ဆိုရင် နိုင်ငံတော်အဆင့် ဆွေးနွေးပြီးတဲ့ အခါကျရင် လေလံဈေးကို လျှော့ချပြီးတော့ ယူလို့ရတယ်။ အခုက သိန်း၂၃၀ ဆိုတဲ့ ပိုက်ဆံက နည်းတာ မဟုတ်ဘူး။ အရင်နှစ်က နောက်ဆုံး လေလံဈေးကလည်း အဲလောက်မမြင့်ဘူး။

တိုင်းကနေပြီးတော့ တစ်ဝက်။ ဦးသိန်းအောင်ပေါ့။ ၀န်ကြီးချုပ်က ၅၀ ရာခိုင်နှုန်း လျှော့ပေးတာ။ တို့က တစ်ဝက်။ ငါတို့တစ်ဝက်က တစ်နှစ်တာ ပြည့်စုံသွားတဲ့အတွက် နောက်တစ်နှစ်တာလည်း ပြည့်စုံလောက်တယ်။ ၇၀၊ ၈၀ လောက်ရတယ်။

ငါတို့က ၉၃ အုပ်စု အကုန်လုံး တစ်အုပ်စုကို ငါးသောင်းနဲ့ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို အခြေခံပြီးတော့ အလှူခံတာ။ တစ်ဦးတည်း သုံးနှစ်စာ လှူတာတွေတောင် ရှိတယ်။ သူတို့လည်း အားတက်သရော စိတ်ပါဝင်စား စွာနဲ့။ ဆိုတော့ တို့က အလုပ်လုပ်တဲ့နေရာမှာ အဆင်ပြေတာပေါ့။

တို့ကျေးရွာတွေ ဆင်းပြီးတော့ စည်းရုံးရေးတရားဟောတယ်။ လယ်တီ ဆရာတော်ဘုရားကြီးပါ ပေးရ တယ်လေ။ ကျိုက်လတ်သား မှန်ရင်ပေါ့။ အမဲသား လှူပြီးသား ဖြစ်ရမယ်။ဧရာဝတီမှာ မအူပင်ရှိမယ်။

ဖျာပုံရှိမယ်။ ဒေးဒရဲရှိမယ်။ ဘိုကလေးရှိတယ်။ ကျိုက်လတ်က နောက်ဆုံးကျ တာပေါ့။ မော်ကျွန်းရှိတယ်။ တို့ကျိုက်လတ်မှာဆိုရင်တော့ လေးမြို့နယ်လုံး ရှိတယ်။ ဖျာပုံခရိုင် လေးမြို့နယ်လုံး ရှိတယ်။ပုသိမ်တို့ ဘာတို့ကျတော့ မပါသေးဘူး။ ပုသိမ်က သိန်းထောင်ချီတယ်။ ၁,၂၀၀ လား၊ ၁,၄၀၀ လားမသိ ဘူး”” ဟု မိန့်ကြားသည်။

စုပေါင်း၍ န၀ကမ္မများ စုဆောင်းထားသော မြတ်စေတနာ သံဃာအဖွဲ့တွင် ဦးဇဋိလ-ပ/ဥက္ကဋ္ဌ (နန္ဒ၀န်ကျောင်း ဆရာတော်)၊ ဦးစက္ကိန္ဒ-ဒု/ဥက္ကဋ္ဌ (စခန်းကြီးကျောင်းဆရာတော်)၊ ဦးပိဏ္ဍောလ-ဒု/ဥက္ကဋ္ဌ (ရှမ်းကျောင်း ဆရာတော်)၊ ဦးဝံသပါလ-အတွင်းရေးမှူး (မင်္ဂလာကံကျောင်း ဆရာတော်)၊ ဦးနန္ဒောဘာသ (ဇေတ၀န်ကျောင်း ဆရာတော်)၊ ဦးဝိလာသ (မှန်ကျောင်းဆရာတော်)၊ ဦးကုသလ (ဇေယျာသီရိကျောင်းဆရာတော်)၊ ဦးဝိမလ (ဓမ္မပါလကျောင်း ဆရာတော်)၊ ဦးပညာတိက္ခ-ဘဏ္ဍာထိန်း (မစိုးရိမ်ကျောင်းဆရာတော်)၊ ဦးနန္ဒိကသီရိ (၄ လမ်းကျောင်းဆရာတော်)၊ ဦးနန္ဒိယ (ကံသာအေးမဟာစည် ကျောင်းဆရာတော်)၊ ဦးစန္ဒဇောတိ (ပစ္ဆိမာရုံကျောင်းဆရာတော်)၊ ဦးရေ၀တ (ဃောသိတာရုံကျောင်း ဆရာတော်)၊ ဦးပဏ္ဍ၀ (မငေးကျောင်း ဆရာတော်)၊ ဦးအာစာရသီရိ (စတုဘုမ္မိက ကျောင်းဆရာတော်)၊ ဦးနန္ဒိယသီရိ-ဘဏ္ဍာထိန်း (ပညာ ဇေယျုံကျောင်းဆရာတော်)၊ ဦးပညိန္ဒ (မြို့မကျောင်းဆရာတော်)၊ ဦးဓမ္မပီယ(ဓမ္မိကာရုံကျောင်းဆရာတော်)၊ ဦးပညာသာမိ (တဘိုးကုန်းကျောင်းဆရာတော်)၊ ဦးအာစိဏ္ဏ (မှန်ကျောင်းဆရာတော်)၊ ဦးဓမ္မသုခ (မှန်ကျောင်းဆရာတော်)၊ ဦးပညာသီရိ (ရွှေသားကျောင်း ဆရာတော်) တို့ ဖွဲ့စည်းထားကြောင်း သိရသည်။

သံတော်ဆင်

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး စစ်ဆေးမှု အဖြေရရှိ



**************************************
ရုတ်တရက် အမော ဖောက်ခြင်းကြောင့် လမ်းမတော် မြို့နယ်ရှိ Green Cross ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူ နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန် လာခဲ့ပြီး ကျန်းမာရေး ဆေးစစ်ချက် အဖြေ ရရှိ ခဲ့ပြီ ဖြစ်သည်။

ကျန်မာရေး ဆေးစစ်ချက်အရ ဆရာကြီး၏ အဆုတ်တွင် ရေများ ရှိနေခြင်း၊ နှလုံး ကြီးခြင်းနှင့် သလိပ်တွင် နမိုးနီးယား ပိုးများ ရှိနေကြောင်း တွေ့ရှိ ရသည်။ စက်တင်ဘာလ ၂၁ ရက်က ဆေးရုံတွင် စတင် ဆေးကုသမှု ခံခဲ့ရသည့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး ပြန်လည် ကောင်းမွန် လာသော်လည်း ဆေးရုံမှ ဆင်းခွင့် မရသေးဘဲ ကျန်းမာရေး စောင့်ရှောက်မှု ခံယူ ရဦး မည်ဖြစ်သည်။

ယခုကဲ့သို့ ဆရာကြီးတွင် ဖြစ်ပေါ် ခံစား နေရသော ရောဂါများမှာ ယခင် စစ်အာဏာရှင် အစိုးရ လက်ထက်က နှစ်ရှည် လများ ထောင်သွင်း အကျဉ်းချ ခံခဲ့ ရစဉ် ကာလ အတွင်း ရရှိခဲ့သော ဒဏ်များကြောင့် ဖြစ်သည်။

မြန်မာသံတော်ဆင့်

Miss World 2013အသက်၂၃နှစ်ရှိဖိလစ်ပိုင်အလှမယ်Megan Young