Thursday, October 31, 2013

ဒီနေ့ကာတွန်း

ဦးရွှေမန်းကကြားလူလို့ပြန်ဒုဝန်ဦးရဲထွဋ်စွတ်စွဲ

ဦးသန်းရွှေပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးရန် အကောင်းဆုံးအချိန်



Hawdeka Khalaylay

လက်ရှိအချိန်သည် ဦးသန်းရွှေပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ဆို

(နေပြည်တော် တီးတိုးသတင်း)

လက်ရှိအချိန်သည် ဦးသန်းရွှေ ပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု နေပြည်တော်ရှိ အငြိမ်းစာ အရာရှိဟောင်း တစ်ဦးက ပြောဆိုလိုက်ပါသည် ၊

ဒီအချိန်ဟာ ဦးသန်းရွှေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို စစ်ဆေးဖို့ အကောင်းဆုံးအချိန်ပါပဲ ၊

ဦးသန်းရွှေ မိသားစု လက်ရှိပိုင်ဆိုင်မှုတွေဟာ တရားသဖြင့်ရလာတာလား မတရားသဖြင့်ရလာတာလား စုံစမ်းစစ်ဆေးဖို့ အကောင်းဆုံးအချိန်ပါပဲ ၊

တရုတ်အစိုးရထုတ် ဂလိုဘယ်တိုင်း သတင်းစာထဲမှာ မြန်မာပြည်မှာ အရင် စစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက ပရောဂျက်တွေ လုပ်ငန်းတွေရအောင် အထက်ပိုင်းက အရာရှိကြီးတွေကို လာဘ်ငွေ အမြောက်အမြားပေးခဲ့ရကြောင်း တရုတ်ကုမ္ပဏီများက ဖွင့်ချ

ပြောဆိုနေကြပါပြီလို့ ရေးထားကြပါတယ် ၊

မကြာခင်မှာပဲ တရုတ်တို့ဘက်မှ ဘယ်သူ့ကို ဘယ်လောက် လာဘတ်ပေးခဲ့ရပါတယ် ဆိုတဲ့ သတင်း တွေ တရုတ် သတင်းစာထဲမှာ ဆက်တိုက် ပါလာဖွယ်ရှိနေပါတယ် ၊

ဒါဟာ ဦးသန်းရွှေက သူ့ဖက်ကို လှည့်လာမယ့် မျှားဦးတွေကို စောစောစီးစီးကတည်းက ရှန်တိန်လုပ်လိုက်တာပါပဲ ၊

သူ့ကိုယ်စား သူတပည့်ဟောင်းတွေကို ထိုးကျွေးလိုက်တဲ့သဘောသက်ရောက်နေပါတယ် ၊

အကောင်းဆုံးက ဦးသးန်ရွှေ နဲ့ တရုတ်တို့ လက်ဝါးချင်းရိုက်ထားထာလေးတွေ အစမပျိုးခင်မှာ ပြည်တွင်း နဲ့ ပြည်ပက ဦးသန်းရွှေ ပိုင်ဆိုင်မှု စာရင်းတွေကို စစ်ဆေးမှတ်တမ်းတင်ဖို့ အမြန်လုပ်ရပါမယ် ၊

ကမ္ဘာ့ သူခိုးကြီး ဓမြကြီး စာရင်းဝင် ဖြစ်တဲ့ ဦးသန်းရွှေတို့ မိသားစုရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို စစ်ဆေးမှတ်တမ်းတင်ဖို့ လက်ရှိအချိန်ဟာ အကောင်းဆုံးအချိန်ပါပဲ ၊

နေပြည်တော်ရှိ အငြိမ်းစာ အရာရှိဟောင်း တစ်ဦး နှင့် တီးတိုး အင်တာဗျူးမှ အချက်အလက်များ ဖြစ်သည် ၊

မြန်မာဂျာနယ်လစ်ကွန်ရက်သိန်းငါးရာ တန်ခိုးပြပြီ


Nandar Soe

ဒီမိုကရေစီအင်အားစု တွေ ကို အစိုးရ သတင်းစာတွေ က ဖေတော့မောင်တော့ ရေးခဲ့တုန်း က တစ်ဦးချင်းရော ကန့်ကွက်ခဲ့ဘူးလား။
အစိုးရသတင်းစာကိုလဲ ရှုံ့ချကြောင်း အရင် ကြေငြာပေး.. အစိုးရသတင်းစာကမှ မဟုတ်တာတွေ ရေးတာ... သူရိယအလင်းကမှ ဟုတ်တာပါသေးတယ်...

နယ်ဇင်းကျင့်ဝတ်နှင့် မညီသည့် ရေးသားဖေါ်ပြမှုများနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက် ၏ သဘောထား ထုတ်ပြန်ချက်
=====================================================================================
နေ့စွဲ ၃၀ ၊ အောက်တိုဘာ၊ ၂၀၁၃

၁။ မြန်မာဂျာနယ်လစ်ကွန်ရက်သည် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တို့ကို တန်ဖိုးထား ကာကွယ်မည့် အဖွဲ့အစည်းတခုဖြစ်ပါသည်။
၂။ မကြာမီရက်ပိုင်းက သူရိယ အလင်း အပတ်စဉ်ထုတ်ဂျာနယ်၏ ရေးသားဖေါ်ပြမှုများသည် စာနယ်ဇင်း ကျင့်ဝတ်နှင့် မကိုက်ညီသည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုသို့သော ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုများ၊ အလွန်အကျွံရေးသား ပြောဆိုမှုများသည် သတင်းမီဒီယာ သမားများ လိုက်နာရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ထုတ်ပြန်ထားသော စာနယ်ဇင်းကျင့်ဝတ်နှင့် ကိုက်ညီခြင်း မရှိပဲ မြန်မာ့ သတင်းမီဒီယာလောက၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် ဖေါ်ပြမှုများ ဖြစ်ပါသည်။
၃။ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာလောကသားများ စုပေါင်းကာ လွတ်လပ်သော သတင်းမီဒီယာ ဥပဒေများပေါ်ထွက်ရန် ကြိုးစားနေချိန်၊ သတင်းမီဒီယာလောကကို မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမှ လာရောက်ထိန်းချုပ်ခြင်းကို လက်မခံပဲ မိမိတို့ကိုယ်တိုင် ကြီးကြပ်ထိန်းသိမ်းကြရန် ပြောဆိုနေချိန်တွင် ထိုသို့သော ကျင့်ဝတ်နှင့် မကိုက်ညီသည့်ဖေါ်ပြမှုများကြောင့် သတင်းမီဒီယာ လောကကို ထိန်းချုပ်ရန် လိုအပ်သည်ဆိုသည့် အယူအဆများ အားကောင်းလာစေနိုင်ပါသည်။
၎။ ထိုသို့သော ရေးသားမှုများကြောင့် သတင်းမီဒီယာ လောကအပေါ် လူအများ၏ ယုံကြည်ကိုးစားမှုလည်း လျော့နည်းကျဆင်းလာစေနိုင်ပါသည်။ သတင်းမီဒီယာ နယ်ပယ်ကို တလွဲအသုံးပြုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှု ၊ နိုင်ငံရေးအကျိုးအမြတ် ရရှိအောင်လုပ်ဆောင်ခြင်းများကို မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် ဆန့်ကျင်ရှုတ်ချပါသည်။
၅။ စာနယ်ဇင်း ကျင့်ဝတ်နှင့် ပတ်သက်၍ သတင်းမီဒီယာ သမားများ အားလုံး ၀ိုင်းဝန်းထိန်းသိမ်းကြရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ စာနယ်ဇင်းကျင့်ဝတ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ဟောပြောပွဲများကိုလည်း အခါအားလျှော်စွာ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့အတူ စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖေါ်ပြမှုများကို မြန်မာဂျာနယ်လစ်ကွန်ရက်မှ စောင့်ကြည့်ကာ ထောက်ပြသွားမည်ဖြစ်ပါသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်
ရက်စွဲ ၃၀-၁၀-၂၀၁၃

ဖွင့်ပေးလိုက်လေ .... ဒေါ်အောင်ဆန်းစုကြည်က လာမှာ အသေအချာပဲ

r

ဒီမို ဖက်တီး
ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်က ပုံကောင်းတွေ တွေ့လို့ တင်ပေးလိုက်ပါတယ် ။ ။

..... ဒါနဲ့ တဖက်ကနေ နုတ်ခမ်းတလန် ပန်းတလန် အသံတွေ ထွက်လာတယ် ။ မြန်မာနိုင်ငံက စစ်တန်းလျားတွေကိုလည်း လာကြည့်ပါအုန်း ဘာအုန်းနဲ့ပေါ့ ..... ပြောချင်တာကတော့ .... ဖွင့်ပေးလိုက်လေ .... ဒေါ်အောင်ဆန်းစုကြည်က လာမှာ အသေအချာပဲ .... ဘယ်ကို လာရမလဲ .... နန်းတွင်းလား .... ပြင်ဦးလွင်လား .... မင်းတပ်လား .... သပိတ်ကျင်းလား ....

လာလေ့လာပါ ၊ လာလည်ပါလို့သာ .... တစ်ခွန်းပြောလိုက် .... ၄၈ နာရီအတွင်း အရောက် လာလိမ့်မယ်။
အမှန်တကယ်ဆိုရင် တိုင်းပြည်ရဲ့ ဥပဒေပြုမဏ္ဍိုင်ကို ရွေးကောက်တင်မြောက်ခံထားရတဲ့ လွတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်ကို သွားရောက်လေ့လာခွင့် ရှိသင့်တာပေါ့လေ

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)



''admin'' တယောက်ပါ
ဒီလင့်ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ Miss Universe 2013 ရဲ့ Official မဲပေးလို့ရတဲ့လင့်ဖြစ်ပါတယ်ခင်ဗျာ။
(၁) ပထမဦးစွာ ဖော်ပြပါ Link ကိုဝင်ပါခင်ဗျာ။
(၂) ထို့နောက် မိုးစက်ဝိုင် ပုံပေါ်လာပါက vote ကိုနှိပ်ပါခင်ဗျာ။
(၃) ထို့နောက် ပုံမှာပြထားတဲ့အတိုင်း email ရိုက်ထဲ့ပါခင်ဗျာ။
(၄) ထို့နောက် Country ဆိုတဲ့ အကွက်ထဲမှာ Myanmar ကိုရွေးချယ်ပါခင်ဗျာ။
(၅) ထို့နောက် Vote Below Scale From 1-10 ဆိုတဲ့အကွက်မှာ 10ကိုရွေးယူပါခင်ဗျာ။
(၆) လေးထောင့်အကွက်မှာပေါ်လာတဲ့အတိုင်း enter the code ဆိုတဲ့နေရာမှာရေးချ ပါခင်ဗျာ။
(၇) 16 နှစ် ပြည့်ပြီးကြောင်း အမှန်ခြစ်ပါ...
(၈) နောက်ဆုံးမှာ vote ကိုနှိပ်ပါခင်ဗျာ။..

http://www.missuniverse.com/members/profile/657643/year:2013

Account တစ်ခုထဲနဲ့ တစ်နေ့ကို ၁၀ ခါ vote လို့ရပါတယ်ခင်ဗျာ။
၁ခါ Vote တိုင်း ၁၀ ကိုရွေးပြီး Vote ရင် ၁ နေ့ကို Mail ၁ခု ချင်းစီမှ
vote ၁၀၀ ရမှာဖြစ်ပါတယ် ခင်ဗျာ။
ဒီလင့်မှ vote အများဆုံးရရင် semifinal မှာ Top 16 ထဲအလိုလိုပါလာမှာဖြစ်ပါတယ်ခင်ဗျာ။

***************************************************
***************************************************
****************************************************
Miss Myanmar Universe ကို တခြား Link တွေမှာVote ပေးချင်တယ် ဆိုရင်တော့...

link 1 > https://apps.tradablebits.com/fb/J1ub

**********************************************

link 2 > https://apps.tradablebits.com/tb_app/344115

**********************************************

link 3 > https://www.facebook.com/photo.php?fbid=737371269612473&set=a.736780243004909.1073741997.138158146200458&type=3&src=https%3A%2F%2Ffbcdn-sphotos-c-a.akamaihd.net%2Fhphotos-ak-ash3%2F1380385_737371269612473_1437171291_n.jpg&size=600%2C781

**********************************************

Lin 4 > https://www.facebook.com/photo.php?fbid=542930209119966&id=365367010209621&set=a.533645426715111.1073741838.365367010209621&refid=28&_ft_=qid.5933491736509809448%3Amf_story_key.2805417564594708318

ဒီလင့်ကတော့ Beauty Pageant Grand မှ ချီးမြှင့်သော People Choice Award အတွက်ပါခင်ဗျာ...

**********************************************

Link 5 > https://www.facebook.com/pageantology/app_132135060276274

**********************************************

Link 6 > http://www.pageantology.net/

ဒီ Website ရဲ့စာမျက်နှာ မှာ Voting ရှိပါတယ်ခင်ဗျာ... အဲဒီမှာ Myanmar ဆိုတာလေးကို လိုက်ရှာပြီး ကလစ် တစ်ချက် နိပ်ပြီး အမှန်ခြစ်ကလေး ခြစ်ပေးပါခင်ဗျာ...

**********************************************

Link 7 > https://apps.tradablebits.com/tb_app/342959

Miss Universe 2013 People's Choice! အတွက်ပါ တစ်နေ့ကို ၁၉ ကြိမ် vote ပေးလို့ ရပါတယ်ခင်ဗျာ....

**********************************************
**********************************************

Link 8 >http://kattera.wordpress.com/2013/10/11/miss-universe-2013-poll/

MISS UNIVERSE WOMEN.RU ဆိုတဲ့ Website ဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ဂျာနယ်တိုက်တွေထဲတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ဒီ Website မှာ မဲအများဆုံးရတဲ့သူကို ဒီဂျာနယ်တိုက်ကြီး ကဆုပေးမှာဖြစ်ပါတယ်။
မဲပေးချင်တယ်ဆိုရင်တော့... ဒီလင့်ကိုဝင်ပါခင်ဗျာ။

LINK 9===> http://missuniverse.woman.ru/?module=content_chl

ထို့နောက် မမိုးစက်ဝိုင် ရဲ့ ပုံကို ရှာပြီး ( Голосовать ) ကိုနှိပ်ပေးပါခင်ဗျ။ တနေ့ကို တခါဘဲ vote နိုင်မယ်လို့ပြောထားပါတယ်။Browser ၁ခုကို ၁ခါဗုတ်နိုင်ပါတယ်ခင်ဗျာ။ ၈ ရက်နေ့ အထိ အချိန်ပေးထားပါတယ် ခင်ဗျ။

ဆုအနေအထားကတော့ ပရိတ်သတ်ကြီးကျေးဇူးကြောင့် မဲအရေအတွက်မှာ နေရာတကာနီးပါး ကျွန်တော်တို့မြန်မာက
ပထမ ပါပဲ။
မည်သို့ပင်ဆိုစေကာမူ ...
မိမိတို့မြန်မာ ပရိတ်သတ်ကြီးအနေဖြင့်
မြန်မာ အကြောင်း ကမ္ဘာ ကသိစေနိုင်ဖို့ ...
မိုးစက်ဝိုင် ကိုဝိုင်းဝန်းပံပိုးကြပါစို့ ခင်ဗျာ။

ကျေးဇူး အထူးပင်တင်ရှိပါတယ် ပရိတ်သတ်ကြီးခင်ဗျာ။။။

အက်ဒမင် ...

Special thank u to ( မိုးစက်ဝိုင် - Vote )

ချမ်းသာမယ်ဆို မာရှယ်လောအောက် နေရနေရ

Thorn Nay Soe
တရုတ်ကို မမုန်းဘူး
ဒါပေမဲ့ တရုတ်အစိုးရရဲ့ဂုတ်သွေးစုတ်မှု
အထက်မြန်မာပြည်တဝှမ်း တရုတ်ခိုးဝင်တွေလွှမ်းပြီး
ပြည်ကြီးကိုပဲ သစ္စာစောင့်သိမှာကိုတော့
ဆန့်ကျင်ရလိမ့်မယ်။

ကုလားကို မမုန်းဘူး။
ဒါပေမဲ့ ရခိုင်ပြည်တဝှမ်း ဘင်္ဂလီလွှမ်းပြီး
ပြဿနာတွေဖြစ်
ဒါကိုအကြောင်းပြုပြီးဘင်္ဂလားဒေ့ရှ်ကသြဇာသံပေး
ကိုယ့်ပြည်ထဲနေပြီး တိုင်းတပါးသြဇာခံမှာကိုတော့
ဆန့်ကျင်ရလိမ့်မယ်။

တပ်ကို မမုန်းဘူး
ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကိုတော့
ဆန့်ကျင်ရလိမ့်မယ်။
နှစ်ပေါင်း၆၀ အလုပ်မှ မဖြစ်တာပဲ။
ဗျူရိုကရေစီခြစားမှုနဲ့ အာဏာရှင်စနစ်နဲ့ပေါင်းတော့
သွားရော။

ဒီမိုကရေစီဆိုတာ ချမ်းသာသွားစေမယ့်
မှော်ဓာတ်လုံးမဟုတ်တာလက်ခံပါတယ်။
ဒါပေမယ့်
လွတ်လပ်ခွင့်ကို ပေးတယ်။
လူ့တန်ဘိုး လူ့သိက္ခာကို ပြန်ပေးတယ်။
အာဏာရှင်စနစ်အောက်မှာ လူတွေဟာ … တစ်သွေး တစ်သံ တစ်မိန့်
ဆန္ဒပါပါ မပါပါ
အမိန့်ရဲ့ဓားစက်အောက်က ခွေးသွားစိတ်လေးတွေ
ဒီမိုကရေစီကတော့ ပြည်သူ့ဆန္ဒသည်သာ အခရာ။
အာဏာနဲ့ အဓမ္မချုပ်ကိုင်ခြင်းမရှိ။
ဒါလူ့သိက္ခာကို ပြန်ပေးအပ်တာပါပဲ။

ဒီတော့ ဆင်းရဲတာချင်းတူရင်တောင်
လွတ်လွတ်လပ်လပ် သိက္ခာရှိရှိလေး ဆင်းရဲတာ
ပိုမကောင်းဘူးလားဗျာ။

အာဏာရှင်တွေအောက်မှာ နှစ်ခြောက်ဆယ်ကျော်ပြီလေ
သတင်းစာတွေမှာ
အဘက်ဘက်က တိုးတက်ဖွံ့ဖြိုးနေတဲ့အကြောင်းတွေ နှစ်ပေါင်းများစွာဖတ်ခဲ့ရလျက်က
မွဲသထက် မွဲဆင်းခဲ့ရတာပဲ။
အာဏာရှင်တွေလုပ်ပေးလို့ ချမ်းသာနေမယ်ဆို
မာရှယ်လောအောက် နေရနေရဗျာ။

The Voice လွှတ်တော်သတင်းထောက်ကို ပျဉ်းမနားမြို့ပေါ်မှာ ရိုက်နှက်ကန်ကျောက်၊


Kyaw Min Swe
ပြီးခဲ့တဲ့ အင်္ဂါနေ့က နေပြည်တော်မှာရှိတဲ့ The Voice လွှတ်တော်သတင်းထောက်ကို ပျဉ်းမနားမြို့ပေါ်မှာ လူနှစ်ယောက်က တမင်သက်သက် ရန်စပြီး အကြိမ်ကြိမ် ရိုက်နှက်၊ ကန်ကျောက်၊ ထိုးကြိပ်ခဲ့တယ်။ အသွားအလာပြတ်တဲ့ နေရာမှာမဟုတ်ဘူး။ လူအမြဲ ဖြတ်သွားဖြတ်လာရှိနေတဲ့ ပျဉ်းမနားလိုနေရာမျိုးမှာ ညဦးပိုင်း ၇ နာရီလောက်မှာ ဖြစ်သွားတာ။ သတင်းထောက်က ညနေစာ ထမင်းစားပြီး ဆိုင်ကယ်နဲ့ ပြန်လာတယ်။ လမ်းမှာ စက်ဘီးတစ်စင်းနဲ့ လူနှစ်ယောက်က တမင်ကို ကတ္တရာလမ်းအပြည့် ဘယ်ယိမ်းညာယိမ်းပြီး ပိတ်နင်းနေလို့ လမ်းဘေး မြေလမ်းပေါ်က ဆင်းမောင်းပြီး ရှောင်တယ်။ အဲဒါကို သူမောင်းနေတဲ့ဖက်ကို ယိမ်းလိုက်လာပြီး အနားရောက်မှ ကပ်ပြီး စက်ဘီးကို လှဲချတယ်။ ရှောင်မောင်းလိုက်တဲ့အတွက် နောက်ကြည့်မှန်ကို ထိမိသွားတယ်။ ဆိုင်ကယ်ကို ရပ်ပြီး လဲသွားတဲ့ စက်ဘီးဆီမှာ သွားကြည့်ပြီး တောင်းပန်တယ်။ အဲဒီလူနှစ်ယောက်က ဘာမပြောညာမပြောနဲ့ ဆီးထိုးတယ်။ ထိုးရင်းနဲ့ “မင်းက ဘယ်သူလဲ၊ ဘယ်မှာလုပ်တာလဲ” မေးတော့ The Voice ရဲ့ လွှတ်တော်သတင်းထောက် ဖြစ်တဲ့အကြောင်းပြောတော့ ”မင်းက ရဲကို ဘယ်လောက်ပိုင်လို့လဲ။ ငါတို့က စစ်သားကွ၊ ဒီက ရဲတွေကို အကုန်ပိုင်တယ်” လို့ပြောပြီး ထပ်ထိုးတယ်။ ထိုးလို့ လဲကျသွားတော့ ခြေထောက်နဲ့ ကန်တယ်။ လူးလဲထလာတော့ ထပ်ထိုးတယ်။ လဲကျသွားပြီး ပြန်ထားလာတော့ ထပ်ထိုးတယ်။
သူတို့ စက်ဘီးကို သူတို့ကိုယ်တိုင် ကိုင်ပေါက် တက်နင်း ဖျက်ဆီးပစ်ပြီး ပိုက်ဆံ တစ်သိန်းအလျော်ပေးရမယ်လို့ ပြောတော့ သတင်းထောက်က ပေးပါ့မယ်။ ပိုက်ဆံအခုပါမလာသေးလို့ ရုံးကို လိုက်ယူပါလို့ ပြောပေမယ့် မရဘူး။ ဆက်ထိုးတယ်။ နောက် ဆိုင်ကယ်ကို သူတို့က တက်စီးပြီး နောက်က ထိုင်လိုက်ခဲ့ဆိုပြီး ခေါ်တယ်။ လမ်းကြားတစ်ခုထဲကို မောင်းဝင်တော့ သတင်းထောက်က မလိုက်ရဲလို့ ခုန်ချတယ်။ အဲဒါကို ဆင်းထိုးပြန်တယ်။ ပြန်ထလာတိုင်း ထိုးတဲ့အတွက် မထပဲ မှောက်နေရတယ်။ ပြောသေးတယ်။ “ငါတို့က တပ်ထွက်ကွ သူပုန်တွေတောင် သတ်လာတာ မင်းလောက်တော့” လို့ပြောပြီး ထပ်ရိုက်တယ်၊ ထိုးတယ်။ အဲဒီအခြေအနေကို မြင်လို့ မနေနိုင်တဲ့သူက အကြောင်းကြားလို့ အရပ်ဝတ်ယာဉ်ထိန်းရဲတစ်ယောက် ရောက်လာတော့မှ အဲဒီနှစ်ယောက်က အထိုးရပ်ပြီး ထွက်သွားတယ်။ ပျဉ်းမနား၊ မြို့မရဲစခန်းသွားအမှုဖွင့်တော့ မဆီမဆိုင် ပုဒ်မတွေနဲ့ ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးတဲ့ ပုဒ်မက (ပ) ၆၄၉/၂၀၁၃၊ ပြစ်မှု ပုဒ်မ (၃၂၃) အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် ညစ်ညမ်းသော သီချင်း၊ ကဗျာ သီဆိုခြင်း၊ စကားပြောဆိုခြင်း နဲ့ ပြစ်မှုပုဒ်မ(၂၉၄)နဲ့ အမှုဖွင့်ပေးသတဲ့။ ကဲ.. ကောင်းကြသေးရဲ့လား။

နေပြည်တော်လို နေရာမျိုးမှာ ဒီလောက် အတင့်ရဲရဲ ကျူးလွန်နေတဲ့သူတွေက ဘယ်တာက ထွက်လာသလဲဆိုတာ စဉ်းစားသာကြည့်တော့။ တပ်ထွက်လို့ပြောပြီး တပ်မတော်ကို သိက္ခာချတယ်။ ရဲတွေနဲ့ အကုန်ပိုင်တယ်ပြောပြီး ရဲကို သိက္ခာချတယ်။ လူတစ်ယောက်ကို လမ်းလယ်ခေါင်မှာ မင်းမဲ့စရိုက်လို အကြမ်းဖက် ထိုးကြိပ်ရိုက်နှက်တယ်။ ကိုယ့်စက်ဘီးကို ကိုယ့်ဘာသာဖျက်ဆီးပြီး အလျော်တောင်းတာ ဒါ ဘယ်အချိုးချိုးတာလဲဆိုတာ အဲဒီနယ်မြေခံ ရဲတွေ သိတယ်။ ရဲစခန်းမှာ အမှုဖွင့်တော့ ဖြစ်စဉ်က ဒီလောက်ရှင်းနေတာတောင် မဆီမဆိုင် ပုဒ်မတပ်ပေးတယ်။ ကျူးလွန်တဲ့သူကလည်း အဲဒီရပ်ကွက်ထဲကပဲ။ ဖြစ်တဲ့နေရာက နေပြည်တော် ပျဉ်းမနား။ ဆိုတော့ တပ်နဲ့ ရဲသိက္ခာတင်မကတော့ဘူး။ လွှတ်တော်၊ သမ္မတရုံးနဲ့ အုပ်ချုပ်ရေးတစ်ဖွဲ့လုံး ရုံးစိုက်တဲ့ နေရာပါလား။ ဒီနှစ်ယောက်က ဥပဒေပြုလွှတ်တော်နဲ့ အစိုးရတစ်ဖွဲ့လုံးတောင် မျက်စိထဲ မထည့်တဲ့သူဖြစ်နေတယ်။ ဒီလောက် အတင့်ရဲလောက်အောင် သူတို့က ဘာတွေမို့လဲ။ စဉ်းစားစရာတွေ အများကြီး။ မသင်္ကာစရာတွေ အများကြီး။ မေးခွန်းထုတ်စရာတွေ အများကြီး။ မြန်မာပြည်မှာ အခုလို လက်ရဲဇက်ရဲ အကြမ်းဖက်တာတွေ ဘာလို့ ဒီလောက် များနေရတာလဲ။ သွေးဆာ၊ လက်ယဉ်ပြီး ဘယ်သူ့မှ မကြောက်တဲ့ လူအုပ်စုတစ်စုကြောင့် မြန်မာပြည်အနှံ့ မြို့ကြီးတွေလည်း မီးဟုန်းဟုန်းတောက်ခဲ့ပြီးပြီ။ အပြစ်မဲ့တဲ့သူတွေလည်း အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှူံးခဲ့ကြပြီးပြီ။ ဒီလို အကြမ်းဖက်သမားတွေ စိတ်ထင်သလို အရက်မူးတိုင်း ဒီလို ကျူးလွန်နေကြရင် အေးချမ်းသာယာရေးဆိုတဲ့ စကား ပြောဖို့ ယုံကြည်မှုရှိကြရဲ့လားလို့ မေးရမယ်။ လုပ်သွားတာတွေအားလုံးကို ပြန်ကြည့်ရင် ဆရာမနိုင် နှစ်ဆောင်ပြိုင်တွေချည်း။ ခါးပိုက်ဆောင်တပ်လို၊ ဂိုဏ်းစတားလို အပြုအမှုတွေချည်း။ ရဲလည်း မကြောက်၊ တပ်လည်းမကြောက် သွေးအေးအေး ကျူးလွန်နေကြတာကိုကြည့်ရင် ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းအကြီးကြီးပေါ်လာတယ်။ ပြည်ပက အီးမေးလ်တစ်စောင် လက်ခံတာကိုတောင် ရအောင် အနံ့ခံပြီး ဖော်ထုတ်၊ စွဲချက်တင်၊ အပြစ်ပေး၊ ထောင်ချနိုင်တဲ့ သူတွေ ပြီးခဲ့တဲ့ အကြမ်းဖက် ပြစ်မှုတွေကျူးလွန်သူတွေကိုရော မိအောင်ဖမ်းနိုင်ရဲ့လား။ ဘုမသိဘမသိ သူများယောင်လို့ လိုက်ယောင်တဲ့ အူကြောင်ကြောင်လူတွေကိုပဲ ဖမ်းနေကြသလား။ ဖမ်းရမယ့်လူ မဖမ်းရဲလို့ လမ်းဘေး မူးပြီး အိပ်နေတဲ့သူကို ဆွဲဖမ်းတာမျိုးတွေ ဖြစ်နေသလား။ သေချာ ပြန်စုံစမ်း စစ်ဆေးကြည့်ကြအုံးလို့သာ ပြောချင်တယ်။

တကယ်ဆို ဒီသတင်းထောက်က အင်မတန် အနေအေး၊ စရိုက်အေးတဲ့သူ။ ပျဉ်းမနားမှာ နေလာတဲ့ တစ်လျှောက် ရန်ဖြစ်ဖို့နေနေသာသာ ဘယ်သူနဲ့မှတောင် စကားမများဖူးဘူး။ အဲလိုလူကို သက်သက်ရန်စတာက သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။ တရားဥပဒေစိုးမိုးရေး ဘယ်လောက်အရေးကြီးလဲဆိုတာ သိမှ သိကြပါ့မလား။ ဒီအတိုင်း တရားဥပဒေ မစိုးမိုးလို့ကတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလာဖို့ကော၊ ကမ္ဘာလှည့်ခရီးသည်တွေ လာဖို့ကော၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ကော မလွယ်ရေးချ မလွယ်လို့ပြောရမယ်။

အဲဒီအတွေးနဲ့ မနေ့က ထုတ်တဲ့သတင်းစာအတွက် ခေါင်းကြီးရေးဖြစ်တယ်။ ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့၊ ဖြည့်စွက်ဆွေးနွေးဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ပါ။

နေပြည်တော်တွင် တရားဥပဒေစိုးမိုးမှု ရှိသလော

နေပြည်တော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အချုပ်အခြာ အာဏာသုံးရပ် ဗဟိုပြုရာမြို့ ဖြစ်သည်။ ထိုမြို့တော်ကို နေပြည်တော်ကောင်စီက သီးခြားစီမံ ခန့်ခွဲအုပ်ချုပ်သည်။ ထိုသို့ မြို့သစ်တည်ဆောက် လိုက်သည့်အတွက် ပတ်ဝန်းကျင်တွင် ကပ်လျက်ရှိနေသော ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့ တို့မှာ နေပြည်တော်ကောင်စီ၏ စီမံခန့်ခွဲမှု အောက်သို့ ရောက်ရှိသွားပြီး အဆိုပါမြို့များရှေ့တွင် နေပြည်တော်ဟု ဖြည့်စွက် သုံးနှုန်းစေခဲ့သည်။

စင်စစ်အားဖြင့် နေပြည်တော်သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး စာရင်းဝင်နိုင်ငံ တစ်ခုအနေနှင့် မြန်မာ ပြည်သူလူထုနှင့် နိုင်ငံတကာတို့၏ ဝေဖန်ပြောဆိုမှု များကြားက သန်းထောင်ပေါင်းများစွာ အကုန်အကျခံကာ လျှို့ဝှက်စွာ တည်ဆောက်ထားသည့် မြို့လည်းဖြစ်သည်။ လူသူကင်းရှင်းကာ တစ်နေကုန်လျှင်ပင် ကား ၁၀ စီး မဖြတ်သည့် နေရာများတွင် ခြောက်လမ်း၊ ရှစ်လမ်း၊ ဆယ်လမ်းသွား လမ်းမကြီးများ၊ အခမ်းအနား ရှိမှသာ အသုံးပြုသည့် ကြီးမားသော အဆောက်အအုံများ၊ ၂၄ နာရီမပြတ် လျှပ်စစ်မီး ထိန်ထိန်ညီးနေသော တိရစ္ဆာန်ရုံ၊ ပန်းခြံ၊ ဂေါက်ကွင်းနှင့် လူမနေသေးသော အဆောက်အအုံများ တစ်နေရာတည်းတွင် တည်ရှိသည့်မြို့လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ မြန်မာနိုင်ငံ၏ အာဏာသုံးရပ် ဗဟိုပြုရာမြို့ ဖြစ်သည့်အတွက် အခြားမြို့များ ထက်စာလျှင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှု ရှိရမည်ဟု အများ နားလည်ထား ကြသည်။ သို့သော် လက်တွေ့တွင်ကား အာဏာသုံးရပ်စလုံးကို အလေးဂရု မထားသည့် အမှုအခင်းအချို့ နှင့် အုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ရှိနေခြင်းမှာ များစွာ မေးခွန်းထုတ်စရာ ကောင်းလှသည်။

ယမန်နေ့ ညဦးပိုင်းက နေပြည်တော် ပျဉ်းမနားတွင် တာဝန်ထမ်းဆောင် နေသူ The Voice သတင်းထောက်ကို ညစာစားပြီး ပြန်လာသောလမ်းတွင် စက်ဘီးတစ်စီးနှင့် လူနှစ်ဦးက မည်သည့်ရန်ငြိုးရန်စမျှ မရှိဘဲ အကြောင်းမဲ့ ရန်စကာ အကြိမ်ကြိမ် ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့ကြသည်။ ထိုသို့ ကျူးလွန်နေစဉ်တွင် မည်သူ့ကိုမျှ ဂရုမစိုက်ကြောင်း၊ ၄င်းတို့သည် တပ်မတော်က ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၄င်းတို့ ကျူးလွန်နေသည်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လာရောက် ဖျန်ဖြေသော်လည်း ဂရုမစိုက်ဘဲ စိတ်တိုင်းကျ ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

လုံခြုံရေးအရ လာရောက်ဖျန်ဖြေ ထိန်းသိမ်းသည့် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်ကို ဂရုမစိုက်ခြင်း၊ ပါးစပ်မှ တပ်မတော်၏နာမည်ကို အလွဲသုံးစားပြုခြင်း၊ ပျဉ်းမနား ကဲ့သို့ လူစည်ကားသည့် နေရာတွင်ပင် ဗြောင်ကျကျ ကျူးလွန်ခြင်း၊ မည်သည့်နည်းနှင့်မျှ တောင်းပန်၍ မရခြင်းမှာ နေပြည်တော်နယ်မြေ၏ တရားဥပဒေ စိုးမိုးရေးကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန် တမင်သက်သက် တပ်မတော်နာမည် အလွဲသုံးစား ပြုခြင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အကြား အထင်အမြင် လွဲမှားစေလို သည့်သဘော ဆောင်သည်။ နေပြည်တော်ရှိ လွှတ်တော်သတင်းများကို ရေးသား ပေးပို့နေသူ ဖြစ်သည့်အပြင် အနေအထိုင်လည်း ရိုးအေးသည့် မီဒီယာသတင်းထောက် တစ်ဦးကို ဤသို့ အကြောင်းမဲ့ ကျူးလွန်ခြင်းမှာ သွေးရိုးသားရိုး မဖြစ်နိုင်ဘဲ ပြဿနာဖြစ်စေရန် တမင် မီးမွှေးသည့်သဘော သက်ရောက်သည်။

တစ်နည်းအားဖြင့် အချုပ်အခြာအာဏာ သုံးရပ်နှင့် တရားဥပဒေ စိုးမိုးရေးကို ထီမထင် သဘောထား စသည့်သဘော ဖြစ်သောကြောင့် နေပြည်တော်ကောင်စီ ဒေသ၏ တရားဥပဒေ စိုးမိုးရေးကို မေးခွန်းထုတ်စရာ ဖြစ်သွားစေသည်။ နေပြည်တော် အပါအဝင် နေပြည်တောင်ကောင်စီ ဒေသ၏ တရားဥပဒေ စိုးမိုးရေးမှာ မြန်မာနိုင်ငံ တစ်ခုလုံး၏ တရားဥပဒေ စိုးမိုးရေးနှင့် တိုက်ရိုက် အချိုးကျနေသောကြောင့် အလေးအနက်ထား သုံးသပ်ဖြေရှင်းသင့်ကြောင်း တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၂၉-၁၀-၂၀၁၃)

ဒေါ်အောင်ဆန်းစြုကည်ရဲ့ ဂျာမဏီရောက် ကိုဇင်မင်းဦးထံသို့ပေးစာ


Helen Ayekyaw

အမေ့မှာကြင်နာတတ်တဲ့နှလုံးသားရှိပါတယ်. ဘာမဆို အမေ အလေးထားတတ်တယ်ဆိုတာ သည်စာလေးတွေက သက်သေပြနေပါတယ် အမေဒေါ်အောင်ဆန်းစြုကည်ရဲ့ ဂျာမဏီရောက် ကိုဇင်မင်းဦးထံသို့ပေးစာ

ကျနော်ဒီနေ့လက်လေ့ကျင့်ခဏ်းလုပ်ဖို့ဆေးရုံ့ရောက်တော့ကျနော့အမည်နဲ့ဂျာမဏီသံရုံးကစာတစောင်ရောက်နေတယ်ဆိုပြီးလာပေးတယ်ဘာစာလဲဆိုပြီးဖွင့်ကြည့်လိုက်တော့ကျနော့အတွက်ဖော်မပြနိုင်အောင်ဝမ်းသာရတဲ့စာဖြစ်နေတယ်ကျနော်နှင့်ထပ်တူမျှဝေခံစားကြည့်ပါ။

Zin Min Oo

ဂျာမနီမှာ လက်အတု တပ်ဖို့ရောက်နေတဲ့ .. အင်းစိန် NLD ရုံးက အလံတော်ကို ထောင်ရင်း အမှတ်မထင် ဓါတ်လိုက်လို့ လက်နှစ်ဖက်လုံးဖြတ်လိုက်ရတဲ့ သူ

စာအထပ်ထပ်တင် တိုင်ကြားသော်လဲ အရေးအရာမလုပ် ပစ်ပယ်ခြင်းခံထားရတဲ့ တပ်ဈေးမှ ဈေးသည်များ ရဲ့ရင်ဖွင့်သံ

Wednesday, October 30, 2013

ကာချုပ်ရုံး အရေးပေါ် စည်းဝေး အထူးလျှို့ဝှက်စွာ ပြုလုပ်




ဂိုလ်ရှယ်လေး

ယနေ့ ၂၀၁၃ ခုနှစ် အောက်တို့ဘာ ၃၀ နံနက် ၈နာရီမှ ၉ နာရီ ၃၀ အထိ မြန်မာနိုင်ငံ နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံးစစ်ဦးစီးဌာန အဆောက်အုံ (…………………) တွင် အရေးပေါ် အထူး အစည်းဝေးတရပ်ပြုလုပ်နေကြာင်းသတင်းရရှိသည်။။ ၄င်း အစည်းဝေးသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လွှတ် ဥက္ကဌကြီး ဦးရွှေမန်း ၊ ငြိမ်းချမ်းရေး စန်တာမှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ကြီး ခင်ရီ။ ပြည်ထောင်စုဝန် ဦးစိုးသိန်း …ကြံခိုင်ဖွတ်မှ ဦးဌေးဦး ၊ ဦးအောင်သိန်းလင်း ဦးအောင်သောင်း ၊ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေ ၊ ပဲခူးတိုင်း ၀န်ကြီး ဦးဥာဏ်ဝင်း နိုင်ငံခြားရေးဝန်ကြီး ဦး ၀ဏ္ဏမောင်လွင် တို့ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။ သို့သော် တပ်မတော် ဘက်မှ ကာကွယ်ရေး ဦးစီးချုပ် ရာထူး အဆင့်ရှိသူနှင့် ကာကွယ်ရေး ၀န်ကြီး တက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ အရာရှိ ၁၁ ဦးတက်ရောက်ကြောင်းနှင့် စစ်ဘက်ဆိုင်ရာ ထိုင်ခုံများတွင် ပြည်ထဲရေး ၀န်ကြီး ကိုကို ပါဝင်ကြောင်း အတည်ပြုနိုင်ပါသည်။

ဆွေးနွေးပွဲအကြောင်းရာများတွင်
(၁) လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသမှ စစ်ပွဲများအား စစ်အင်အားထပ်မံဖြည့်သွင်းရန်
(၂) လိုင်ဇာတွင် ပြုလုပ်နေသော အစည်းဝေး၏ လုပ်ကိုင်ဆောင်ရွက်မှုများအား နိုင်ငံတော် တည်ဆဲဥပဒေအရ တရားဝင်မဟုတ်ကြောင်း သံတမန်နည်းဖြင့်ထုတ်ပြန်
(၃) ငြိမ်းချမ်းရေးစန်တာ၏ လုပ်ငန်းဆောင်တာများအားပြန်လည်စီစစ်ပြီး ပရိုဂရမ်အသစ်များထပ်မံထည့်သွင်းဖြည့်စွက်ရန်တို့ ဖြစ်ကြသည်။
ဆွေးနွေးပွဲရလဒ်အရ… (၁)လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသစစ်ပွဲများအစား တပ်မတော် စစ်ရေးလေ့ကျင်နေသော နယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းဆောင်တာများဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ကြသည်။ လိုအပ်ပါက တိုင်းမှုး တိုင်းဝန်ကြီးတို့၏ အခွင် အာဏာအရမဟုတ်ပဲ ကကကြီး နှင့် ကကလှမ်းတို့မှ တိုက်ရိုက် ကွပ်ကဲဆောင်ရွက်ကာ အိမ်နီးချင်းတရုတ်နိုင်ငံ၏ စစ်ရေးအကူညီများကိုပါ ရယူ ဆောင်ရွက်ကြရန် သဘောတူကြသည်။
(၂) လိုင်ဇာတွင် ကျင်းပပြုလုပ်နေသော အစည်းဝေးသည် အဆိုပါ တရားမ၀င်အဖွဲစည်းများ၏ အလွတ်သဘောတွေ့ဆုံမှုများဖြစ်ကြောင်းနှင့် တည်ဆဲဥပဒေအရ နိုင်ငံတော် အကြီးကဲ(သို့မဟုတ်) မြန်မာ့ စစ်ဘက်ဆိုင်ရာ အကြီးကဲ တို့အားဖိတ်ခေါ်ထားခြင်းမရှိပဲ မိမိတို့၏ ဥပဒေ အပြင်ဘက်မှ လက်နက်ကိုင် အဖွဲ့များသာ ဆွေးနွေူးပွဲပြုလုပ်ကာ ငြိမ်းချမ်းရေး ထိခိုက်ပြက်ပြားစေနိုင်ကြောင်း အသွင်ဆောင်သော သဘောသက်ရောက်သော အစည်းဝေးဖြစ်ကြောင်းအား နိုင်ငံတော်၏ မိတ်ဆွေများဖြစ်ကြသော နိုင်ငံတကာ သံတမန်များသို့ သံတမန်နည်းလမ်းဖြင့်တင်ပြ ဆောင်ရွက်ကြရန်ဖြစ်သည်။
(၃) မြန်မာ ငြိမ်းချမ်းရေး စန်တာ၏ လုပ်ငန်း အကောင်ထည်ဖေါ်မှုများတွင် အချို့သော ကိစ္စ အပိုင်းလိုက် တပ်မတော် အရာရှိများနှင့် စနစ်တကျ တိုင်ပင် ပြီး လက်ရှိ တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိကြသော တပ်မတော် အကြီးကဲများ၏ လမ်းညွန်မှုများအား လိုက်နာရန်နှင့် လိုအပ်ပါက တပ်မတော်မှ ယာယီတာဝန်တခု ပေးအပ်သော အဖွဲ့စည်းတခု ထပ်မံ ဖွဲ့စည်း ဖြည့်တင်းကာ ၄င်းအဖွဲ့စည်း၏ ဦးဆောင် လမ်းညွန်မှုအား ခံယူရန် သဘောတူကြသည်။
အဆိုပါ အစည်းဝေးသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသ လွှတ်တော်တို့မှ သိရှိခြင်း မရှိပဲ အရေးပေါ် ခေါ်ယူ တွေ့ဆုံးစည်းဝေးခဲ့သော အာရုံတက် အစည်းဝေး ဖြစ်ကြောင်း လဲသိရသည်။
အစည်းဝေးသည် လွန်ခဲ့သော ၂၂ မိနစ်အကြာမှပင် ပြီးဆုံးသွားကြောင်း သိရသည်။

သတင်းရေးချိန် အောက်တို့ဘာ ၃၀ ရက် နံနက် ၉ နာရီ ၅၅ မိနစ် ၂၀၁၃ ခုနှစ်

သတင်းဖြစ်ရပ်မှန် ခိုင်လုံပါသည်

ဂိုလ်ရှယ်လေး

ဂက်စ်တွေတရုတ်စာချူပ်မိ၊လက်ခကြီး၊လျှပ်စစ်ခတက်


RFA Burmese
လျှပ်စစ်အား ပိုထုတ်နိုင်ရင် မီတာခပြန်လျှော့မယ်လို့ပြော

လျှပ်စစ်မီတာသုံးစွဲခတွေကို လာမယ့်နိုဝင်ဘာလကစပြီး နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပေမယ့် နိုင်ငံတော်အနေနဲ့ ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်တွေလျော့နည်းခဲ့ရင် ဓါတ်အားသုံးစွဲခတွေကို ပြန်လည်လျှော့ချပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်မှာ သတင်းထောက်တွေကို ဒီနေ့ပြောကြားလိုက်ပါတယ်။

“ဓါတ်အားတွေထုတ်လုပ်လို့ ကုန်ကျစရိတ်တွေများရင် ဒီလိုပဲတက်မယ်၊ ဒါပေမယ့် ဒီတက်တာသည် နောက်ထပ်ထပ်တက်ဖို့တော့ အလားအလာမရှိတော့ဘူး၊ ကျနော်တို့နိုင်ငံက ဂက်စ်တာဘိုင်တွေ ထွက်လာမယ်၊ ရေအားတွေ ထွက်လာမယ်ဆိုလို့ရှိရင် ဓါတ်အားခတွေ ပြန်လည်လျော့သွားမှာဖြစ်ပါတယ်”

အိမ်သုံးမီတာသုံးစွဲမှု ယူနစ်တစ်ရာအထက်ကို ၃၅ကျပ်ကနေ ၅၀ကျပ်အထိ၊ လုပ်ငန်းသုံးမီတာသုံးစွဲမှု ယူနစ်ငါးထောင်အောက်ကို ၇၅ကျပ်ကနေ တစ်ရာအထိ ၊ ယူနစ်ငါးထောင်အထက်ကို ကျပ်၁၅၀ အထိ ပြောင်းလဲကောက်ခံမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးဝေရေးအဖွဲ့က အခုလိုမီတာခတွေ တိုးမြှင့်ကောက်ခံမှာဟာ ဓါတ်အားထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ ဓါတ်အားဝယ်ယူမှု ကုန်ကျစရိတ်တွေကာမိအောင်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းရှင်တွေကတော့ ခုလိုဈေးနှုန်းမြှင့်လိုက်ပေမယ့် မီးမလာတာတွေ မကြာခဏဖြစ်နေမယ်ဆိုရင် ကုန်ထုတ်လုပ်မှုက အရင်လိုပဲ ကျဆင်းနေဦးမှာဖြစ်တယ်လို့ ပြောကြပါတယ်။

ရှက်တတ်လာပြီ မြန်မာပြည်
===============

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို မယုံကြည်၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (SEA GAME) ဖွင့်ပွဲ အခမ်းအနား ကို ဗို့အားမြင့် မီးစက်ကြီး များ အသုံးပြုဖွင့်လှစ်မည်ဖြစ်သည်။

နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ် ဓာတ်အားကို အသုံး မပြုရခြင်း မှာ ဖွင့်ပွဲကာလ မီးပျက်မည်ကို စိုးရိမ်၍ ဖြစ်ပြီး ဖွင့်ပွဲအချိန် မီးပျက် ပါက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မီးစက်များ အသုံးပြု ပြိုင်ပွဲ ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၊ လူထု ဆက်ဆံရေးနှင့် ပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“ဆီးဂိမ်းဖွင့်ပွဲကြီး ကျင်းပနေစဉ်မှာ အစိုးရ လျှပ်စစ်ဓာတ်အားလိုင်းကို သုံးမှာ မဟုတ်ဘူး။ မီးပျက်နိုင်တယ်လေ။ မီးစက်ပဲ သုံးမယ်။ ဖွင့်ပွဲ မတိုင်ခင် တနာရီလောက်ကတည်းက ကြိုပြီးတော့ ကျင်းပမယ့် အခမ်းအနား အဆောက်အဦ၊ အားကစားရုံ တခုလုံးကို မီးစက်အလုံး ၂၀ လောက်နဲ့ မီးပေးဖို့ စီစဉ်ထားတယ်´´ ဟု ဦးဌေးအောင်က ဆိုသည်။

ဧရာဝတီ




လွှတ်တော်ကဆိုင်းငံ့သော်လည်း ဓာတ်ငွေ့သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ရခိုင်တွင် တည်ဆောက်မည်

(နိရဉ္စရာ- ၃၀ အောက်တိုဘာ ၂၀၁၃)


ဓာတ်ငွေ့ထွက်သော်လည်း သုံးခွင့်မရသဖြင့် လျှပ်စစ်မီး ပေးနေရသော စစ်တွေမှ ဒီဇယ်သုံး မီးစက်ကြီး။

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့  ပြောင်းရွှေ့ တည်ဆောက်မည့် အစိုးရ၏ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ အစီအစဉ်အား လွှတ်တော်တွင် ကန့်ကွက်မူကြောင့် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းမှ ဆိုင်းငံ့သော်လည်း ယခုနှစ် အကုန်တွင် လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ခုကို ကျောက်ဖြူမြို့တွင် တည်ဆောက် သွားမည်ဟု သတင်း ရရှိသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်သော လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနှင့် စွမ်းအင်ဝန်ကြီး  ဦးဇင်ယော်အောင်တို့၏ ကျောက်ဖြူ ခရီးစဉ်တွင် ထိုသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ ၀န်ကြီးတွေက ကျောက်ဖြူမြို့မိ မြို့ဖတွေ၊ လူမူ အထောက်အကူအပြုအဖွဲ့က တာဝန်ရှိသူတွေကို လေဆိပ် ဧည့်ရိပ်သာမှာ ခေါ်ယူတွေ့ဆုံ စဉ်မှာ ပြောသွားတာပါ။ ၀န်ကြီးက လွှတ်တော်ကနေ လျှပ်စစ် ဓာတ်အားပေး စက်ရုံ ရခိုင်ကို ရွှေ့မယ့် ကိစ္စကို ဆိုင်းငံ့ထားပေမယ့် ရခိုင်လူထု အနေနဲ့ စိုးရိမ် အားမငယ်ဖို့နဲ့ နိုင်ငံတော် သမ္မတက ဆုံးဖြတ်ပြီးသား ဖြစ်တဲ့ အတွက် မီဂါဝပ် ၅၀ ပေးနိုင်တဲ့ သဘာဝ ဓါတ်ငွေ့သုံး စက်ရုံကို မဖြစ်မနေ အကောင်အထည်ဖေါ် တည်ဆောက်သွားမယ်လို့ ပြောဆိုသွားပါတယ်” ဟု ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။

ယခု ကျောက်ဖြူတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံမှာ မွန်ပြည်နယ်မှ ပြောင်းရွှေ့ တည်ဆောက်မည့် စက်ရုံလား၊ (သို့မဟုတ်) အသစ်တည်ဆောက်မည့် စီမံကိန်းလား ဆိုသည်ကိုမူ ၀န်ကြီးများက သဲသဲကွဲကွဲ ရှင်းလင်း ပြောကြားသွားခြင်း မရှိကြောင်း သိရသည်။

ကျောက်ဖြူ လူမူကွန်ယက်မှ တာာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးလှမြင့်ကျော်က အဆိုပါ လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ယခုနှစ်ကုန်ပိုင်း ဒီဇင်္ဘာလတွင် စတင်တည်ဆောက်သွားမည်ဟု ၀န်ကြီးများက ပြောဆိုကြောင်း ပြောကြားသည်။

စက်ရုံ တည်ဆောက်မည့် မြေနေရာကို ကျောက်ဖြူအနီးရှိ ဂုံးရှိန် ကျေးရွာနှင့် ကံ့ကော်တော ဘုရားအကြား မြေ (၅၄) ဧက သတ်မှတ်ထားကြောင်း ဦးသန္တာမောင်က ဆက်ဆိုသည်။

ရခိုင်ပြည်နယ်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို တရုတ်ပြည်သို့ တင်ပို့ရောင်းချခြင်းဖြင့်  အစိုးရ အနေဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီသော ၀င်ငွေများ ရရှိနေသော်လည်း ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး မရရှိခြင်း၊ ရရှိသည့် လျှပ်စစ်မီးမှာ ဒီဇယ်သုံး အင်ဂျင်များမှ ထုတ်လုပ်သဖြင့် မီတာခ တယူနစ်ကို ၅၀၀ ကျပ်ထိ ပေးဆောင်နေရခြင်းတို့ကြောင်း ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မူများ တိုးပွားလာနေရာ လက်ရှိ အစိုးရမှ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တည်ဆောက်ရန် စီစဉ်နေသော ဓာတ်ငွေ့သုံး စက်ရုံကို ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တွင် ပြောင်းရွှေ့တည်ဆောက်ရန် ပါလီမန်တွင် တင်ပြခဲ့သည်ဟု သိရသည်။

သို့သော်လည်း မွန်ပြည်နယ် မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်သူ ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက် ခဲ့သဖြင့် အဆိုပါ အစီအစဉ်ကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ယင်း၏ နာယက သူရ ရွှေမန်းမှ ဆိုင်းငံ့ ထားလိုက်သည်ဟု သိရသည်။

မြန်မာ အစိုးရမှ နိုင်ငံတော်အဆင့် ခေတ်မှီ လျှပ်ဓါတ်အား ပေးစက်ရုံ အများအပြားကို နိုင်ငံအတွင်း တည်ဆောက်ရန် စီစဉ်နေရာ ကနဦး အစီအစဉ်များထဲတွင် ရခိုင်ပြည်နယ် အတွက် စက်ရုံတစ်ရုံမှ မပါဝင်ကြောင်း သိရှိရသည်။

မြန်မာ အစိုးရသည် ကမ္ဘာဘဏ် အကူအညီဖြင့် မွန်ပြည်နယ် သထုံမြို့တွင် ၁၀၆ မီဂါဝပ် ထုတ်လုပ်နိုင်မည့် အမေရိကန် ဒေါ်လာ ၁၄၀ သန်း တန် ခေတ်မီ လျှပ်စစ်ဓါတ်အား ပေးစက်ရုံ တစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး ၎င်းစီမံကိန်းအတွက် မြန်မာ အစိုးရ တာဝန်ရှိသူများသည် ကမ္ဘာ့ဘဏ် တာဝန်ရှိသူများနှင့် ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

အလားတူ မွန်ပြည်နယ်မှ မော်လမြိုင်မြို့တွင် EXIM Bank of China ၏ ချေးငွေမှ အမေရိကန် ဒေါ်လာ ၅၇ ဒသမ ၁ သန်းနှင့်ညီမျှသော ယွမ်ငွေဖြင့် မော်လမြိုင်တွင် ၅၀ မီဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် စီစဉ်ထားသည်။ ၎င်းစက်ရုံအား နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ရန် လွှတ်တော်သို့ နိုင်ငံတော် သမ္မတက သ၀ဏ်လွှာပေးပို့ရာ ကန့်ကွက်မူများ ပေါ်ပေါက်ခဲ့သဖြင့် လွှတ်တော် ဥက္ကဌက ဆိုင်းငံ့ခဲ့သည်။

၎င်းပြင် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကျောက်ဆည်နှင့် မြင်းခြံမြို့တို့တွင်လည်း ရခိုင်မှ ထွက်သော သဘာဝ ဓါတ်ငွေ့ကို အသုံးပြုပြီး လျှပ်စစ် ဓါတ်အားပေး စက်ရုံများ တည်ဆောက်သွားမည်ဟု တရားဝင် ကျေညာ ထားသည်။ ၎င်းစီမံကိန်း (၂) ခုအတွက် မြန်မာ့ လျှပ်စစ်ဓါတ်အားလုပ်ငန်း၊ စွမ်းအင် ၀န်ကြီးဌာနမှ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြုပ်နှံမူများအား ဖိတ်ခေါ်ထားသည်။
၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ရခိုင်လူထုက ယခုလို ပိုစတာများဖြင့် လူပ်ရှားမူ ပြုလုပ် တောင်းဆိုခဲ့ကြသည်။

၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ရခိုင်လူထုက ယခုလို ပိုစတာများဖြင့် လူပ်ရှားမူ ပြုလုပ် တောင်းဆိုခဲ့ကြသည်။

ကျောက်ဆည်ဒေသတွင် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးရန် Gas Engine Generator ဌားရမ်းရန် စီစဉ်နေပြီး မြင်းခြံဒေသတွင် ရခိုင်က ထွက်သော သဘာဝ ဓါတ်ငွေ့ဖြင့် Combined Cycle Power Plant ( CCPP) တည်ဆောက်ပြီး Independent Power Producer (IPP) စနစ်ဖြင့် ဓာတ်အား ထုတ်လုပ်ပေးမည်ဟု သိရသည်။

ယင်းအပြင် အိန္ဒိယ တာတာ စွမ်းအင်ကုမ္ပဏီ အကူအညီဖြင့်  ဧရာဝတီတိုင်း ငရုတ်ကောင်း ကျေးရွာတွင်လည်း  ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ ၎င်းစက်ရုံ တည်ဆောက်ရန် အတွက် ၎င်းအိန္ဒိယ ကုမ္ပဏီမှ  မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း၊ လိုအပ်သော ကွင်းဆင်းလေ့လာမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းပြင် ဂျပန်မှ မှာယူ တင်သွင်းသော ဓါတ်ငွေ့သုံး တာဘိုင်ဒါ စက်ကြီးများကိုလည်း ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးအတော်များများတွင် တည်ဆောက်ထားပြီ ဖြစ်ကြောင်း သိရသည်။

သဘာဝ ဓါတ်ငွေ့ အလျှံအပယ် ထွက်ရှိပြီး မီတာခ တယူနစ်ကို ကျပ် ၅၀၀ ထိ ပေးနေရသော၊ လျှပ်စစ်မီး မရ၍ ဖွံ့ဖြိုးတိုးတက်မူ နောက်ကျဆုံး ဖြစ်နေရသော ရခိုင်ပြည်နယ် အတွက်မူ စက်ရုံ တစ်ရုံမှ  တည်ဆောက်ရန် ကနဦး အစီအစဉ်ထဲတွင် မပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရမှ ရခိုင်အတွက် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ပေးရန် စီစဉ်လာကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာနှင့် မေးမြန်းခန်း တစ်ခုတွင် ပြောဆိုသည်။

“ လက်ရှိ အစိုးရက ၂၀၁၄-၂၀၁၅ မှာ ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ရရှိစေရမယ်လို့ အာမခံထားပါတယ်။ ကျနော်တို့က ဒီ ရခိုင်မှာ လျှပ်စစ်မီး ရရှိရေးကို အကြိမ်ကြိမ် တင်ပြ တောင်းဆိုထားတာကြောင့် အစိုးရဘက်ကလည်း ခုလို ကတိက၀တ်တွေကို ပေးလာတာ ဖြစ်ပါတယ်။ ကျနော်ကတော့ သူတို့ တကယ် လုပ်ပေးမယ်လို့ ယုံကြည်ထားပါတယ်။ လက်တွေ့ လုပ်ပေးမလား၊ မလုပ်ပေးဘူးလားဆိုတာကိုတော့ သတိထား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက အခရာ အကျဆုံးမှာ ဈေးဈေးပေါပေါဖြင့် လျှပ်စစ်မီး အလုံအလောက် ရရှိရေး ဖြစ်သဖြင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရ အနေဖြင့် အမှန်တကယ် လိုလားပါက သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ရခိုင်မြေပေါ်တွင် အမြန်ဆုံး တည်ဆောက်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်သူ ပြည်နယ်သားများက  ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။
 http://www.narinjara.com/burmese/?p=7506#sthash.uzhDEGZH.dpuf

တရုတ် ဖိအားပေး"၀" နှင့် "မိုင်းလား"လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲမတက်




Eleven Media Group

တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စ ရပ်များကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ တက်ရောက်မည် မဟုတ်

တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စရပ်များကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် (ယနေ့တွင်)စတင်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် (၁၉)ဖွဲ့ကို ဖိတ်ကြားခဲ့သည့်အနက် "၀" နှင့် "မိုင်းလား" အဖွဲ့တို့က တက်ရောက်နိုင်မည် မဟုတ်ဟု အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

"ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြချက် အရတော့ ၁၉ ဖွဲ့ ဖိတ်တယ်။ ဒါပေမဲ့ ၁၇ ဖွဲ့ပဲ တက်နိုင်မယ်။ နှစ်ဖွဲ့တော့ မတက်နိုင်ဘူး။ "၀" နဲ့ "မိုင်းလား" အဖွဲ့က သူတို့ကို ဖိတ်ကြားတဲ့အတွက် ၀မ်းသာကြောင်း ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းတဲ့အတွက် မလာနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်" ဟု ကေအိုင်အို အဖွဲ့၏ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောကြားသည်။

"၀" နဲ့ "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ခြင်းအပေါ် မှတ်ချက်ပေးရန်ကိုမူ ဦးဒွဲပီဆားက ငြင်းဆန်ခဲ့ပါသည်။

"ကျွန်တော်ဖြေဖို့တော့ တာဝန်မရှိဘူး။ ပြောရခက်တယ်လေ" ဟု ၎င်းကဆိုသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၏ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာက တရုတ်ဘက်မှ ခွင့်ပြုချက် မရသဖြင့် "၀" နှင့် "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ဆိုသော သတင်းများ ကြားနေရသည်ဟု ဆိုသည်။

"သူတို့ ဘာကြောင့်မတက်တာလဲဆိုတော့ ကျွန်တော်တို့ သိရသလောက်ဆို တရုတ်ဘက်ကနေပြီး နည်းနည်းလေး ခွင့်ပြုချက် မရဘူးလိုလို၊ ဘာလိုလို ကောလာဟလလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုတော့ အသံကြားတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၏ နိုင်ငံခြားရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ထံသို့ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ ထို့ကြောင့် ဦးအောင်မြင့်ထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်မှုရှိပြီး တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတက်ရောက်ခြင်းမှာ တရုတ်၏ ဖိအားပေးမှုကြောင့် ဖြစ်သည်ဆိုသော အချက်က "ဖြစ်နိုင်ခြေများကြောင်း" ပြန်လည်ဖြေကြားသည်။

"ဖြစ်နိုင်ခြေ များပါတယ်။ အပိုင်းသုံးပိုင်း ရှိနိုင်တယ်။ ပထမပိုင်းကတော့ သူတို့က အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးပြီးပြီ။ ထပ်ထိုးစရာ မလိုတဲ့အတွက် လိုင်ဇာပွဲကို မတက်တော့ဘူးဆိုတာ ဖြစ်နိုင်တယ်။ ဒုတိယ တစ်ချက်က မြန်မာပြည်နိုင်ငံရေးကို နားမလည်တဲ့အတွက် ၀င်မပါတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံးတစ်ချက်ကတော့ အမှောင့်ပယောဂ တွေကြောင့်ပေါ့ဗျာ။ မတက်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဒီလိုပွဲမျိုးကို သူတို့တက်သင့်တယ်လို့တော့ ယူဆပါတယ်" ဟု ဦးအောင်ကျော်ဇောက The Daily Eleven သို့ ပြောကြားသည်။

"၀" နှင့် "မိုင်းလား" အဖွဲ့သည် နီးစပ်မှုရှိသော မဟာမိတ် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး "၀" အဖွဲ့က လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိသဖြင့် "မိုင်းလား" အဖွဲ့လည်း မတက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။ မှု အပါအ၀င် အခြားကိစ္စ ရပ်များကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ တက်ရောက်မည် မဟုတ်

တရုတ်၏ ဖိအားပေးမှု အပါအ၀င် အခြားကိစ္စရပ်များကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက် (ယနေ့တွင်)စတင်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် (၁၉)ဖွဲ့ကို ဖိတ်ကြားခဲ့သည့်အနက် "၀" နှင့် "မိုင်းလား" အဖွဲ့တို့က တက်ရောက်နိုင်မည် မဟုတ်ဟု အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

"ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြချက် အရတော့ ၁၉ ဖွဲ့ ဖိတ်တယ်။ ဒါပေမဲ့ ၁၇ ဖွဲ့ပဲ တက်နိုင်မယ်။ နှစ်ဖွဲ့တော့ မတက်နိုင်ဘူး။ "၀" နဲ့ "မိုင်းလား" အဖွဲ့က သူတို့ကို ဖိတ်ကြားတဲ့အတွက် ၀မ်းသာကြောင်း ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းတဲ့အတွက် မလာနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်" ဟု ကေအိုင်အို အဖွဲ့၏ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောကြားသည်။

"၀" နဲ့ "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ခြင်းအပေါ် မှတ်ချက်ပေးရန်ကိုမူ ဦးဒွဲပီဆားက ငြင်းဆန်ခဲ့ပါသည်။

"ကျွန်တော်ဖြေဖို့တော့ တာဝန်မရှိဘူး။ ပြောရခက်တယ်လေ" ဟု ၎င်းကဆိုသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၏ တာဝန်ရှိသူ ဦးလမိုင်ဂွမ်ဂျာက တရုတ်ဘက်မှ ခွင့်ပြုချက် မရသဖြင့် "၀" နှင့် "မိုင်းလား" အဖွဲ့တို့ မတက်ရောက်နိုင်ဆိုသော သတင်းများ ကြားနေရသည်ဟု ဆိုသည်။

"သူတို့ ဘာကြောင့်မတက်တာလဲဆိုတော့ ကျွန်တော်တို့ သိရသလောက်ဆို တရုတ်ဘက်ကနေပြီး နည်းနည်းလေး ခွင့်ပြုချက် မရဘူးလိုလို၊ ဘာလိုလို ကောလာဟလလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုတော့ အသံကြားတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၏ နိုင်ငံခြားရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ထံသို့ ဆက်သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ ထို့ကြောင့် ဦးအောင်မြင့်ထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်မှုရှိပြီး တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ "၀" နှင့် "မိုင်းလား" အဖွဲ့တို့ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတက်ရောက်ခြင်းမှာ တရုတ်၏ ဖိအားပေးမှုကြောင့် ဖြစ်သည်ဆိုသော အချက်က "ဖြစ်နိုင်ခြေများကြောင်း" ပြန်လည်ဖြေကြားသည်။

"ဖြစ်နိုင်ခြေ များပါတယ်။ အပိုင်းသုံးပိုင်း ရှိနိုင်တယ်။ ပထမပိုင်းကတော့ သူတို့က အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးပြီးပြီ။ ထပ်ထိုးစရာ မလိုတဲ့အတွက် လိုင်ဇာပွဲကို မတက်တော့ဘူးဆိုတာ ဖြစ်နိုင်တယ်။ ဒုတိယ တစ်ချက်က မြန်မာပြည်နိုင်ငံရေးကို နားမလည်တဲ့အတွက် ၀င်မပါတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံးတစ်ချက်ကတော့ အမှောင့်ပယောဂ တွေကြောင့်ပေါ့ဗျာ။ မတက်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဒီလိုပွဲမျိုးကို သူတို့တက်သင့်တယ်လို့တော့ ယူဆပါတယ်" ဟု ဦးအောင်ကျော်ဇောက The Daily Eleven သို့ ပြောကြားသည်။

"၀" နှင့် "မိုင်းလား" အဖွဲ့သည် နီးစပ်မှုရှိသော မဟာမိတ် အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး "၀" အဖွဲ့က လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိသဖြင့် "မိုင်းလား" အဖွဲ့လည်း မတက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

================================
RFA Burmese
လိုင်ဇာညီလာခံကို ဝနဲ့ မိုင်းလားအဖွဲ့တွေ တက်မှာမဟုတ်

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ KIO က ကမကထပြုပြီး ဒီနေ့စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံကို ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခြင်းမရှိဖူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဝ တပ်ဖွဲ့ ဝိန်းကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင်က ဝတပ်ဖွဲ့အနေနဲ့ လိုင်ဇာညီလာခံကို တက်ရောက်မှာ မဟုတ်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

“အေး ကျနော်လည်း သိပ်မရှင်းဘူး၊ သူတို့ ပထမပြောတာတော့ သွားမယ်လို့ပြောတာ၊ အယ် သွားတဲ့အချိန်ကျ သူတို့မသွားဖြစ်ဘူး ဖြစ်နေတယ်၊ သူတို့မသွားဖြစ်တာ ဘာကိစ္စနဲ့လည်း မသိဘူး၊ မေးကြည့်တာတော့ မသွားဘူးတဲ့၊ မိန်းလားနဲ့ ကျနော်တို့ ၀ က မသွားဘူးတဲ့၊ ဒါကတော့ ဘာအကြောင်းကြောင့်လဲတော့ မသိဘူး၊ ကျန်းမာရေးတော့ မဖြစ်ဘူး၊ ဒါပေမယ့် တခုခုတော့ ဖြစ်မယ်ထင်တယ်၊ အရင်တစ်ခေါက်လည်း မသွားဘူးလေ၊ အေး ဒီတစ်ခေါက်လည်း မသွားဘူး”

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့ဝင် ကျိုင်းတုံဆက်ဆံရေးရုံး အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဘာကြောင့် မတက်ရောက်နိုင်သလဲဆိုတာ မိမိမှာပြောခွင့်မရှိဖူးလို့ ဖြေကြားပါတယ်။

အဲဒီမိုင်းလားနဲ့ ဝတပ်ဖွဲ့တွေနဲ့ အနေနီးစပ်သူဖြစ်တဲ့ တရုတ် မြန်မာနယ်စပ်အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော်ကတော့ ဝ တပ်ဖွဲ့အနေနဲ့ ယခင် ချမှတ်ထားခဲ့တဲ့ မူဝါဒကြောင့် မတက်ရောက်တာဖြစ်နိုင်တယ်လို့ အာဖက်အေကို ပြောပါတယ်။

“ကျနော်တို့လည်း မေးကြည့်ပြီးပြီ သူတို့က ဘာမှအတိအကျ ဖြေတာမရှိပါဘူး၊ သူတို့ပြောတာက ၀သပ ကမသွားဘူး၊ သူတို့လည်း မသွားဘူး ၀သပ နဲ့ သူတို့က ညီနောင်ပါတီ အဖွဲ့အစည်းဖြစ်တာကိုး၊ မသွားကြဘူး အဲ့ဒါပါပဲ၊ တဖက်ကလည်း စဉ်းစားစရာရှိတာပေါ့၊ သူတို့စောစောကြိုပြောထားတာရှိတယ်၊ ၀သပ အနေနဲ့ ဒီနေရှင်းနယ်ပီစ် စေ့ဖားရားအကုတ်ကို လက်မှတ်ထိုးစရာ မလိုဘူးပေါ့၊ အရင်တုန်းကလည်း ထိုးဖူးတယ်ပေါ့၊ ပြောဖူးတာကိုး၊ အယ်အဲ့အတွက်ကြောင့် မလိုအပ်လို့ ဒီအစည်းအဝေးက အဲ့မှာထိုးမထိုးဆိုတာကို ဆုံးဖြတ်ကြမှာကိုး၊ အဲ့ဒါကြောင့် မသွားတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့၊ အခြားအကြောင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အိမ်နီးနားချင်း တရုတ်ပြည်ရဲ့ ဖိအားလားပေါ့၊ ဒါမှမဟုတ်လည်း တခြားဗမာအစိုးရက ပါဝင်မှာမကြိုက်လို့ မသွားတာလားပေါ့ ဒီလိုလည်း စဉ်းစားနိုင်ပါတယ်”

KIO ဌာနချူပ်ရှိရာ လိုင်ဇာမြို့မှာ ဒီနေ့စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ၃ ရက်ကြာ ညီလာခံမှာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲနဲ့ ပတ်သက်တဲ့ မူဘောင်တွေ ချမှတ်ရေးအတွက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူးစစ်ဗျူဟာ အ၀ိုင်းခံထားရ




အင်္ဂါနေ့၊ အောက်တိုဘာလ 29 ရက် 2013 ခုနှစ်

ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) သည် အစိုးရ အထူး စီမံထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင် ၀ိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

“ ဒီနေ့ မနက် (၆း၃၀) နာရီ ကနေ အခုထိ (၂ နာရီခွဲ) တိုက်ပွဲက ဖြစ်နေ တုန်းဘဲ။ ဗျူဟာ (၃) ကနေ“လား” အကောင် (၅၀) ကျော်နဲ့ ရိက္ခာလား၊ ကျည်ဆံ လားတော့ မသိဘူး၊ ဗျူဟာ (၂)ကို လာပြီး စစ်ကူ ပေးတာလေ။ အဲဒါကို ကျနော်တို့ လူတွေ ဖြတ်တိုက် နေတာပေါ့။ တိုက်ပွဲ ကတော့ မနေ့ ညနေ ကတည်းက နည်းနည်း စဖြစ် လာခဲ့ တယ်လေ ဗျူဟာ (၃) နဲ့က” ဟု ဆိုပါသည်။

ဗိုလ်မှူးကြီး မင်းနိုင်ဦး ဦးဆောင်သည့် နေပြည်တော် အထူး စစ်ဗျူဟာ (၃) သည်အ၀ိုင်းခံ နေရသည့် အထူး စစ်ဗျူဟာ (၂) အား စစ်ကူ ပေးနေခြင်း ဖြစ်ပါသည်။ ယင်း ဗျူဟာ (၃) အား KIA တပ်ရင်း (၁၂) ကွန်မန်ဒို တပ်များက မနက် (၆) နာရီ ခွဲမှ ညနေ (၂) နာရီခွဲ အထိ ဖြတ်တိုက် နေခြင်း ဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။ ယင်း ဗျူဟာတွင် ရိက္ခာနှင့် ကျည်ဆံများ တင်ဆောင် လာသည့်လား အကောင် (၅၀) ကျော်လည်း ပါလာ ခဲ့သည်ဟု ဆိုပါသည်။ စစ်ဗျူဟာ (၃) တွင် ခလရ (၂၇၆)၊ ခလရ (၂၂၃)၊ ခမရ (၆၀၁) တပ်ရင်းမှ တပ်ဖွဲ့ များဖြင့် စုဖွဲ့ ထားပါသည်။

ဗိုလ်မှူးကြီး မိုးဇော် ဦးဆောင်သည့် နေပြည်တော် အထူးဗျူဟာ (၂) သည် ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက်နေ့ ကတည်းက ရှမ်းပြည်နယ် မြောက်ပိုင်း မဘိန်း မြို့နယ် ဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်း တိုက်ပွဲ ဂွင်တွင် အ၀ိုင်းခံ ခဲ့ရခြင်း ဖြစ်သည်ဟု KIA တပ်ရင်းမှူးက ဆိုပါသည်။

ဤသို့ကြောင့် ရိက္ခာ ပြတ်တောက်ခြင်း၊ ကျည်ဆံ ပြတ်လတ်ခြင်း ဖြစ်လာ နေသည့် အတွက် အကူအညီ တောင်းခံ ထားသည်ဟုဗျူဟာ (၂) မှ အဖမ်းခံ ထားရသည့် အစိုးရ တပ်မှ သုံ့ပန်း တဦး ဖြစ်သူ တပ်ကြပ်ကြီး ကိုနိုက ဆိုပါသည်။ စစ်ဗျူဟာ (၂) တွင် ခမရ (၄၈၉) ၊ ခမရ (၃၂၀) နှင့် ခလရ (၄၇) တပ်ဖွဲ့များ ပါဝင်သည်။

KIA တပ်ရင်း (၁၂) သည် နယ်မြေ ကျွှမ်းကျင် မှုကို အသုံးချပြီး အစိုးရ စစ်ဗျူဟာ (၂) အား၊ ကွန်မန်ဒို တပ်ဖွဲ့ဖြင့် လည်းကောင်း၊ ခံစစ် အသွင်ဖြင့် လည်းကောင်း မိုင်းကွင်း များဖြင့် လည်းကောင်း၊ ပျောက်ကျား တပ်ဖွဲ့ များဖြင့် လည်းကောင်း ဗျူဟာ အမျိုးမျိုး သုံးကာ ၀ိုင်းထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤကဲ့သို့ ၀ိုင်းထားသော အထူး စစ်ဗျူဟာ (၂) တပ်ဖွဲ့ကို တည်ကြက် ထားပြီး ပေးလာသော စစ်ကူ အထူး စစ်ဗျူဟာ (၃)ကို KIA ကွန်မန်ဒို တပ်များက ထပ်မံ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။

ဗိုလ်မှူးကြီး မင်းနိုင်ဝင်း ဦးဆောင်သော အထူး စစ်ဗျူဟာ (၁)တွင် ခမရ (၃၈၇)၊ခမရ (၃၁၉)နှင့် ခလရ (၅၆) တပ်များ ပါဝင်သည်။ ဤ စစ်ဗျူဟာသည် နယ်မြေထိမ်း စစ်ဗျူဟာ ဖြစ်ပြီး ကျေးရွာ များ၏ အ၀င် အထွက်နှင့် ဆက်သွယ်ရေး များကို ထိမ်းချုပ် ထားပြီး မုန်းဒိန်ပါ ဒုက္ခသည် စခန်း ကိုလည်း ၀င်ရောက် တိုက်ခိုက်ခဲ့သော စစ်ဗျူဟာ ဖြစ်သည်ဟု ဆိုပါသည်။

ထို့ပြင် မန်စီ မြို့နယ်မှ မိုင်းခေါင်နှင့် ဘန်ခမ်း ဖက်တွင်လည်း အထူး စစ်ဗျူဟာ တခု ရံထား သေးသည်ဟု ဆိုပါသည်။ ဤ အထူး စစ်ဗျူဟာ (၃) ခုသည် ကချင်ပြည်နယ် ဗန်းမော် ခရိုင်တွင် အခြေ စိုက်သည့် KIA တပ်မဟာ (၃) အား စစ်ဆင် နေသည့် အထူး စစ်ဗျူဟာ (၆) ခု အနက်မှ (၃) ခု ဖြစ်ပါသည်။

ဤစစ်ဗျူဟာ များသည် အစိုးရ နေပြည်တော် စစ်ရုံး ချုပ်မှတိုက်ရိုက် ကွပ်ကဲသော အထူး စစ်ဗျူဟာများ ဖြစ်ပြီး ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ တိုက်ရိုက် ကွပ်ကဲ နေခြင်း ဖြစ်သည်ဟု ဖမ်းမိသော သုံ့ပန်း၏ ထွက်ဆိုချက် များအရ သိရကြောင်း တပ်ရင်းမှူး လဘန် ဂျွန်းအောင်က ဆိုပါသည်။

အစိုးရ တပ်များသည် KIA နှင့် အစိုးရ ကိုယ်စားလှယ်တို့ တိုက်ခိုက်မှု လျှော့ချရေး သဘော တူညီချက်များ ရရှိပြီး နောက်ပိုင်းမှ ယခု ကဲ့သို့ တိုက်ပွဲများ ပြင်းထန် လာခဲ့ သည်ဟု ဗိုလ်မှူး လဘန်ဂျွန်း အောင်က ဆိုပါသည်။ ယခင် ကမူ ဒေသခံ တပ်ရင်း စစ်ကြောင်း များဖြင့် တစ်လလျှင် နှစ်ကြိမ်သာ တိုက်ပွဲ ဖြစ်ခဲ့ ကြရာမှ ယခု ကဲ့သို့ အထူး ဗျူဟာမြောက် စစ်ဆင် လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ရွှေဟင်္သာ သတင်းဌာန

နေပြည်တော်ရေကြီးအန်န်အယ်လ်ဒီကူညီထောက်ပံ့

ational League for Democracy ယနေ့အောက်တိုဘာလ ၃၀ ရက်နေ့မွန်းလွဲ ၁ နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဇမ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း နှင့် ဇမ္ဗူသီရိ မြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊လူငယ်များသည် ဇေယာသီရိမြို့နယ်တွင်းရှိ စည်ပင်ကြီးကျေးရွာအုပ်တွင် ရေကြီးမှုကြောင့်ဒုက္ခရောက်ရှိနေသော ဒေသခံရေဘေးဒုက္ခသည် ပြည်သူများကို သွားရောက်၍ ဆန်များ၊ သောက်ရေများနှင့်အစားအစာများကို သွားရောက်လျူဒါန်းခဲ့ပြီး ကျေးရွာအတွင်းရှိရေနှစ်မြုပ်နေသော စာသင်ကျောင်းကိုလည်းသွားရောက်ကြည့်ရှုခဲ့သည်။

အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ထပ်မံတိုးချဲ့


Eleven Media Group
အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ထပ်မံတိုးချဲ့လိုက်ကြောင်း ထုတ်ပြန်

ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ထပ်မံတိုးချဲ့လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်က ပြောကြားသည်။

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ၁၉၉၄ ခုနှစ်တွင်တစ်ကြိမ် သတ်မှတ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ ၀န်းကျင်ဖြစ်သော ရှင်စောပုလမ်းနှင့် ဗဟိုလမ်းကိုပါ တိုးချဲ့သတ်မှတ် ခဲ့ကြောင်းနှင့် ယခု ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် တစ်ဝိုက်ကိုပါ ထပ်မံတိုးချဲ့ ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဇော်က ပြောကြားသည်။

"ကန်တော်ကြီးကလည်း ရွှေတိဂုံစေတီတော် ကန့်သတ်နယ်မြေထဲမှာ ပါပြီးသားပါ။ ကန်တော်ကြီးရဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ အခုတိရစ္ဆာန် ဥယျာဉ်ကိုပါ ထပ်သတ်မှတ်ခြင်းအားဖြင့် တစ်ဆပ်တစ်စပ်တည်း ဖြစ်သွားအောင်လို့ပါ" ဟု ဦးမောင်မောင်ဇော်က ပြောကြားသည်။

ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအတွင်း အထပ်မြင့် ဆောက်လုပ်ခွင့် ကန့်သတ်ကာ ဆောက်လုပ်မည့် အဆောက်အအုံများသည့် အမြင့် ၆၂ ပေထက် မပိုရကြောင်း၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်မည် ဆိုပါက အဆောက်အအုံ အမြင့်သည် ရွှေတိဂုံ စေတီတော်ကြမ်းပြင် (ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉၀) ထက် မကျော်လွန်စေရန် သတ်မှတ်ထားပြီး ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာ ပြင်ပတွင်ဖြစ်ပါက မည်သည့်အဆောက်အအုံမျှ စေတီတော်၏ ငှက်ပျောဖူးအောက်ခါးစည်း (ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၄၁၇ ပေ) ထက် မကျော်စေရန် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယခု ထပ်မံတိုးချဲ့သည့် တိရစ္ဆာန်ဥယျာဉ် ပတ်ဝန်းကျင် မပါဝင်မီ ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာသည် မြောက်ဘက်တွင် ဓမ္မစေတီလမ်းနှင့် ရှင်စောပုလမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း-မြို့ပတ်ရထားလမ်း-ရွှေတိဂုံဘုရား လမ်းဆုံမှ ယောမင်းကြီးဦးဖိုးလှိုင်လမ်း၊ အရှေ့ဘက်တွင် အလံပြ ဘုရားလမ်း-တိရစ္ဆာန်ဥယျာဉ်လမ်း-ကန်လမ်း-စက်ရုံလမ်း-နတ်မောက်လမ်း-ကမ္ဘာအေး စေတီလမ်း၊ အနောက်ဘက်တွင် ဗဟိုလမ်းတို့အထိ အကျုံးဝင်သည်ဟု သိရသည်။

ယင်းသို့ ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာ သတ်မှတ်ထားသည့်ကြားမှ ကန့်သတ်ဧရိယာအတွင်း ပါဝင်သည့် ရွှေဂုံတိုင် ၅ လမ်း၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် ၁၀ ထပ်တိုက် (မြေအောက် ၁ ထပ် ကားပါကင်) ပါဝင်သည့် အဆောက်အအုံ ဆောက်လုပ်ရန်နှင့် မြေတိုင်းအမှတ် ၂၀ အေ၊ ဗဟန်းမြို့နယ်တွင် ၂၂ ထပ် (Commercial Complex) ဆောက်လုပ်ခွင့် တင်လာသည့် အဆောက်အအုံနှစ်လုံး တင်ပြလာခြင်းတို့အား ကန့်သတ်ဧရိယာတွင် ဖြစ်နေ၍ ဆောက်လုပ်ခွင့် မပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ သြဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့သည်။

ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် တစ်ဝိုက်အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ဒီနေ့ကာတွန်း