Thursday, October 24, 2013

လူကောင်းပကတိဘဝကိုပြန်မရနိုင်တော့တဲ့ မဝေမာလင်းကိုကူညီထောက်ပံ့ဖို့



Aung Than Nyunt Aungnilai

သူမ နာမည် မဝေမာလင်း ပါ၊
မြန်မာပြည်လိပ်စာကတော့ရွှေပြည်သာကပါ၊
သူမရဲ့အမျိုးသား နာမည်က ကိုအောင်ဇော်ဝင်း၊သုံးဆယ်ဇာတိပါ၊

သူတို့ဇနီးမောင်နှံက မလေးရှားမှာ အလုပ်လုပ်နေကြသူတွေပါ၊မဝေမာလင်းကအထညိချုပ်စက်ရုံမှာအလုပ်လုပ်ပြီ ကိုအောင်ဇော်ဝင်းက ကားဆေးမှုတ်တဲ့အလုပ်မှာလုပ်ပါတယ်၊အန်ပမ်းအပိုင်၊ကွာလာလန်ပူမှာပါ၊

၁၈.၁၀.၂၀၁၃ နေ့မှာ မဝေမာလင်းအလုပ်အပြန် ည ၁၀ အချိန်ခန့်မှာ အတိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်၊သွားကြိုသူ ကိုအောင်ဇော်ဝင်းနဲ့အတူ ပြန်လာချိန်မှာတိုက်ခိုက်ခံရတာပါ၊တိုက်ခိုက်ခံရမှု့ကြောင့် ညာဖက်လက်တဖက်ကတော့ လက်ကောက်ဝတ် အထက်နေရာကနေ ဆုံးရှုံးသွားပါပြီ၊ဘယ်ဖက် လက်တဖက်ကတော့ ပြတ်ထွက်လုခင်အနေအထားမှဆရာဝန်များကပြန်လည်ဆက်စပ်ချုပ်ပေးထားလို့ ပြန်သုံးလို့ရမရစောင့်ကြည့်နေရဆဲလို့သိရပါတယ်၊ဘယ်ဖက်ပါးမှညာဖက်ပါးသို့
တိုင်အောင်လည်ပင်းနောက်ဖက်တပါတ်လည်ကိုယ်လည်းဓားဒဏ်ရာရရှိထားတဲ့အတွက် ပြန်လည်ချုပ်ပေးထားတာကိုတွေ့ရပါတယ်၊ဦးခေါင်းပေါ်မှာလည်းပုံပါအတိုင်းဓားဒဏ်ရာတွေရရှိခဲ့ပါတယ်၊မေးရိုးဘယ်ညာ ၂ချောင်းကိုလည်းစတီရိုးပြန်ထည့်ပေးပြီးကုသဖို့လိုတယ်လို့သိရပါတယ်၊အန်ပမ်းအပိုင် ပန်ဒန်းမယ်ဝ ဆေးရုံကြီးရဲ့ ၅လွာမှာဆေးကုသမူ့ခံယူနေပါတယ်၊

ခုလိုတိုက်ခိုက်ခံရတာဟာ လုပ်ငန်းခွင်အတွင်း မြန်မာနိုင်ငံသူအမျိုးသမီးခြင်းစကားများရန်ဖြစ်ခဲ့ဖူးရာမှ အခြခံတယ်လို့ သူမရဲ့ အမျိုးသားဖြစ်သူက ရှင်းလင်းပြောပြပါတယ်၊

မနေ့က ကျွန်တော်တို့မဝေမာလင်းကိုသွားရောက်ကြည့်ရှုဖို့ရောက်သွားခဲ့ကြပါတယ်၊ကိုအောင်ဇော်ဝင်းရဲ့ပြောပြချက်အရ သူတို့လက်ရှိဆေးကုသမူ့စရိပ်အတွက်ငွေကြေးမပြည့်စုံတာကိုသိခွင့်ရခဲ့သလို လူကောင်းပကတိဘဝကိုပြန်မရနိုင်တော့တဲ့ မဝေမာလင်းကိုကူညီထောက်ပံ့ဖို့အတွက် ၊သူကျန်းမာရေးပြန်လည်ထူထောင်ချိန်မှာအသုံးပြုနိုင်ဖို့အတွက် အလှုငွေ အချို့ကိုလှုဖြစ်ခဲ့ပါတယ်၊

ကျွန်တော်တို့ ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့ - မလေးရှား(လူမှုကွန်ယက်)မှ ဆေးရုံသို့သွားရောက်ရာတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးမှ စစ်သံမှူးကြီး ဗိုလ်မူးချုပ် ဝင်းမောင်မှ ရင်းဂစ် ၃၀၀ အားပေးဆောင်လှူဒါန်းစေခဲ့ပါတယ်၊ဦးအောင်သန်းညွန့်(နီလိုင်း)၊ဦးဝင်းမြင့်(ပူဒူး)၊ဦးဝဏ္ဏ(ရာဝမ်း)တို့မှလည်း ရင်းဂစ်၁၀၀ စီလှူဒါန်းခဲ့ကြပါတယ်၊

မလေးရှားနိုင်ငံတွင်းရှိ မိတ်ဆွေညီအစ်ကိုမောင်နှမအပေါင်းတို့မှလည်းကူညီလှူဒါန်းလိုပါက .....
ကိုအောင်ဇော်ဝင်း ၀၁၀ ၃၆၁၀၅၅၄
ဦးအောင်သန်းညွန့် ၀၁၉ ၆၄၉၁၄၇၃
ဦးဝင်းမြင့် ၀၁၇ ၆၄၄၆၇၆၉
ဦးဝဏ္ဏ ၀၁၄ ၂၂၅၇၇၃၇
ကိုညီညီ ၀၁၁ ၁၅၆၇၂၈၃၈
ကိုရဲလင်းစိုး ၀၁၀ ၈၁၂၀၀၁၇
ကိုဘိုဘိုအောင် ၀၁၄ ၃၄၂၆၅၁၇
ဦးမျိုးညွန့် ၀၁၆ ၃၃၂၄၃၁၉
ဦးနန်းအောင် ၀၁၆ ၂၈၁၉၆၅၁

တို့သို့၎င်း ဆက်သွယ်လှူဒန်းနိုင်ပါကြောင်းတိုက်တွန်းနိုးဆော်လိုက်ရပါသည်ခင်ဗျား။

===========အောင်(နီလိုင်း)
============23-10-2013..

0 အကြံပြုခြင်း: