Saturday, October 19, 2013

ကံဇာတာနိမ့်နေတဲ့ ဦးသန်းရွှေအတွက် ဒေါ်ကြိုင်ကြိုင်ရဲ့ သီတင်းကျွတ်ယတြာ နောက်တစ်ခု



Hawdeka Khalaylay

နေပြည်တော်ကြားဖြတ်သတင်း ၊

ဦးသန်းရွှေတစ်ယောက် အကြီးအကျယ် ကံဇာတာနိမ့်နေပါတယ် ၊

ဆဲဗင်းဒေးဂျာနယ်တွင်လည်း ဦးသန်းရွှေ အကြီးအကျယ် ကံဇာတာနိမ့်နေကြောင်းကို ဆရာစံဇာဏီဘို နှင့် နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို တို့က သွယ်ဝိုက်ရှင်းပြထားပါတယ် ၊

ဦးသန်းရွှေတို့ မိသားစု ကိုးကွယ်တဲ့ ဆရာတော်ကတော့ ဒီတစ်ခါကံဇာတာနိမ့်တာဟာ ယတြာ နဲ့ ကုစားလို့ မရတော့ဘူး ကုသိုလ်နဲ့မေတ္တာပေါင်းပြီး ကုစားမှရမယ်လို့ပြောပါတယ် ၊

မြန်မာပြည်သူပြည်သားများ သာဓုဝိုင်းခေါ်မယ့် အလုပ်မျိးကို ဒကာကြီးဦးသန်းရွှေတို့ မိသားစုအလိုက် လုပ်မှ ဒီကံဇာတာနိမ့်တာက ချောချောမောမောထွက်နိုင်မယ်လို့လည်း ဆရာတော်ကြီးက မိန့်သွားပါတယ် ၊

ဦးသန်းရွှေကလည်း ဒီလိုကံဇာတာနိမ့်မယ်ဆိုတာ ကြိုတွက်ထားလို့ ဒီနှစ်စပိုင်းကတည်းက နေပြည်တော် တပ်ကုန်းမှာ ဗုဒ္ဓဂယာ ပုံစံတူ စေတီပုထိုးတွေ တည်ပြီး ထီးတော်တင်တာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ် ၊

အဲဒီအချိန်က သမ္မတကြီးဦးသိန်းစိန်က လူကြိုက်များ ရေပန်းစားနေတဲ့ အချိန်ဖြစ်နေလေတော့ သမ္မတကြီး ဦးသိန်းစိန်ကိုပါ ဦးသန်းရွှေက သူနဲ့ အနီးကပ်နေစပြီး ဘုရားထီးတင်တဲ့နေရာတွေမှာ ပါစေခဲ့ပါတယ် ၊

ဦးသန်းရွှေကံဇာတာနိမ့်ပုံများ သမ္မတကြီး ဦးသိန်းစိန်တောင် အရှိန်အဝါတွေ ညှိုးပြီး လူမြင်ကွင်းက ပျောက်သလိုလိုဖြစ်သွားတဲ့ ရလာဒ်ကို အားလုံးတွေ့ရမှာပါ ၊

ဒီကြားထဲ ဦးသန်းရွှေရဲ့ မွေးသက္ကရာဇ်အမှန်ကို သိထားတဲ့ ဦးခင်ညွန့်ကလည်း ဦးသန်းရွှေကံဇာတာ နိမ့်တဲ့ ရက် ၉၀ အတွင်းမှာ အကုသိုလ်အကျိုးပေးတွေနဲ့ လာဆုံမယ်ဆိုရင် ကယ်လို့ မရနိုင်ဘူးလို့ သူ့တပည့်ဟောင်းတွေကို လက်တို့ပြောထားတာလည်း ကြားရပါတယ် ၊

ဆရာတော်မိန့်ကြားတဲ့ မြန်မာပြည်သူပြည်သားများ သာဓုဝိုင်းခေါ်မယ့် အလုပ်မျိးဆိုတာ ဦးသန်းရွှေတစ်ယောက် စစ်တပ်ကိုခွစီးထားတာကို စွန့်လွှတ်လိုက်တော့လို့ ပြောနေသလိုလည်း ဖြစ်နေပါတယ် ၊

ဒေါ်ကြိုင်ကြိုင်ကတော့ နာမည်ကြိးဘိုးတော်များခေါ်ယူတိုင်ပင်နေတာကို တွေ့ရပါတယ် ၊

အခုလည်း ဒေါ်ကြိုင်ကြိုင်တစ်ယောက် လက်ပူတိုက် ယတြာတစ်ခုကို စီစဉ်နေပြန်ပါပြီတဲ့ ၊

သီတင်းကျွတ်လို့ ဦးသန်းရွှေကို လာရောက် ဂါရဝ ပြုသူများအတွက် မတ်တပ်တံမြက်စည်းများကို အသင့်ထားရှိပေးထားပါတယ် တဲ့ ၊

ဦးသန်းရွှေကို လာရောက် ဂါရဝပြုသူများက စတိသဘောနဲ့ တံမြက်စည်းများကို လှည်းပေးကြရပါမယ်တဲ့ ၊

ဘိုးတော်ပေးတဲ့ သီတင်းကျွတ်လက်ပူတိုက် ယတြာပဲဖြစ်ပါတယ် ၊

ယတြာကြောင့် တံမြက်စည်း လှဲပေးရမယ့်သူအပေါ် ဦးသန်းရွှေရဲ့ ကံဇာတာနိမ့်မှု နဲ့ အကုသလိုလ်များ ဝေမျှယူရမှာ ဖြစ်ပါတယ် ၊

မလွှဲသာ မရှောင်သာလို့ ဦးသန်းရွှေဆီသွားရပြီး တံမြက်စည်းဝိုင်းလှဲရမယ်ဆိုရင် တံမြက်စည်းကို စကိုင်တာနဲ့ ဤတံမြက်စည်းလှဲရခြင်းအကြောင်းကြောင့် မကောင်းသူပယ် ကောင်းသူကယ်ကာ သတ္တဝါအများ ကျန်းမာချမ်းသာ ရှိကြပါစေသောဝ် လို့ စိတ်ထဲကနေ

ရေရွတ်ပေးရမယ်လို့ နားလည်တတ်ကျွမ်းသောသူများက သတိပေးထားပါတယ် ၊

ဦးသန်းရွှေ ကံဇာတာ အကြီးအကျယ် နိမ့်နေတာနဲ့ ပတ်သတ်ပြီး မယုံမကြည် ဖြစ်နေသူများ ဆရာစံဇာဏီဘို နှင့် နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို လူကိုယ်တိုင် သွားရောက် မေးမြန်းစုံစမ်းနိုင်ပါကြောင်း . . .




အပြင်မှာ ဦးသန်းရွှေ ကံဇာတာနိမ့်နေပြီး သြဇာပါဝါတွေ ကျဆင်းနေတဲ့ သတင်းတွေ ထွက်ပေါ်နေတာ နဲ့ ပတ်သတ်ပြီး သမီးတော် တွေက ကြုံးဝါးနေ ၊
အပြင်မှာ ဦးသန်းရွှေ ကံဇာတာနိမ့်နေတယ် ဆိုတဲ့ သတင်းက လူပြောအများဆုံးသတင်း ဖြစ်နေပါတယ် ၊
နောက်ဆက်တွဲအနေနဲ့ ဦးသန်းရွှေကို စစ်တပ်ထဲကလည်း မထောက်ခံတော့ တဲ့ အကြောင်း ဆက်စပ် သတင်းများထွက်ပေါ်နေပါတယ် ၊
အဆိုပါ သတင်းများ ထွက်ပေါ်လာတာနဲ့ ပတ်သတ်ပြီး ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ သမီးများ (နေပြည်တော်တွင် သမီးတော်များ ဟု ခေါ်ကြသည်) က မခံမရပ်နိုင် ဖြစ်နေကြသည် ဟု ပြောနေကြသည် ၊
ဦးသန်းရွှေ သည် အနော်ရထား မင်းတြားကြီး ၊ ဘုရင့်နောင်မင်းတြားကြီး ၊ ဝင်စားတာဖြစ်ပြီး ဒေါ်ကြိုင်ကြိုင်မှာ အလောင်ဘုရား မင်းတြားကြီး ဝင်စားတာဖြစ်ကာ ၊ မြေးတော်လေး ဖိုးလပြည့်မှာ စစ်သူကြီး ဗန္ဓုလဝင်စားတာဖြစ်ကြောင်း သမီးတော်များက ယုံကြည်လျှက်ရှိသည် ၊
ငါတို့ အဖေကြီး အမေကြီး နဲ့ သားလေး ဖိုးလပြည့်က က မြန်မာရှေးဘုရင်တွေ နဲ့ စစ်သူကြီးတွေ ဝင်စားတာ ၊ နောက်ပြီး စစ်တပ်ရာဇဝင်မှာ ငါတို့လောက် ဘုန်းမီး နေလ တောက်တဲ့ မိသားစု အရင်ကလည်း မရှိခဲ့ဘူး နောက်လည်း ဘယ်တော့မှ မရှိစေရဘူး ၊ ငါတို့ မိသားစုသာ စစ်တပ်ရဲ့ အမိအဖ အမြဲ ဖြစ်နေရမယ် ၊ လို့ သမီးတော်များက ကြုံးဝါးလျှက်ရှိကြသည် ၊
ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့၏ ဘုန်းမီးနေလတောက်နေဆဲ အကြောင်း မြန်မာတစ်နိုင်ငံလုံး သိရှိစေရန် အခု သီတင်းကျွှတ်တွင် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့အား လာရောက် ဂါရဝပြုသူများ၏ ဖင်ဗူးတောင်းထောင် ကန်တော့ နေပုံများကို ဓါတ်ပုံရိုက်၍ အွန်လိုင်းတွင် တင်သွားမည်ဟု သမီးတော်များက စီစဉ်ထားသည်ဟု သိရပါသည် ။


0 အကြံပြုခြင်း: