Tuesday, November 26, 2013

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ဘာလဲ၊ ဘယ်လဲ




Lin Thurein
=======
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ( The Voice )

ဦးရဲထွဋ်ရဲ့ မလိုလားမှုကို သိသိသာသာဖော်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ တကယ်ဆို ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဘော်ကို ကာချုပ်ဘက်က ထုတ်ပြန်ရမှာသာဖြစ်ပါတယ်။ ရှေ့ပြေးနှက်ကြောင်းပေးတဲ့အပြောအဆိုမျိုးနဲ့ ဦးရဲထွဋ်က သူ့စိတ်ဓာတ်ကို လှစ်ဟပြခဲ့ပါတယ်။

******************************

 လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံရန် မလိုအပ်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။ ( The Voice)

လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များသည် အမိန့်နာခံဆောင်ရွက်ရန်မလိုဘဲ လွတ်လပ်စွာ ၄င်းတို့ဆန္ဒမဲပေးခွင့်ရှိပါသလား ??? ဒီမေးခွန်းရဲ့အဖြေကို ဦးရဲထွဋ်သိပါတယ်။ သိသိနဲ့ဗြောင်လှည့်စား လှည့်ပတ်ပြောဆိုတဲ့ ယခင်အာဏာရှင်စနစ်ဟောင်းပြန်ကြားရေးရဲ့ စိတ်ဓာတ်များကိုပြင်ဖို့လိုပါပြီ။ တိုင်းပြည်အတွက် စိတ်ရင်းစေတနာမှန်ထားပါလို့ ပြောချင်ပါတယ်။

*****************************

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့လာသည့် မေတ္တာရပ်ခံစာ မရောက်ရှိ သေးသောကြောင့် သမ္မတအနေနှင့် တွေ့ဆုံမည့် အခြေအနေကို အတိအကျ ပြောကြား မရသေးကြောင်း ဦးရဲထွဋ်က ထပ်လောင်း ပြောကြားသည်။ (The Voice )

 ဒေါ်အောင်ဆန်းစုကြည်ဆီကပို့လာတဲ့ စာတောင်တရားဝင်မရောက်သေးဘဲနဲ့ အထက်ကမေးခွန်းမျိုးကို ပြန်ကြားရေး ထိပ်တန်းတာဝန်ရှိသူအနေနဲ့ မဖြေကြားသင့်သေးပါဘူး။ စာတရားဝင်ရောက်ရှိမှသာ အထက်ကဆုံးဖြတ်ချက်ပေးတဲ့အတိုင်း ပြန်ကြားပေးဖို့ဖြစ်ပါတယ်။ ခုဟာက လူကြီးတွေထက်ရှေ့က ဦးအောင်ကြိုပြီး ပိတ်ပင်ကာဆီးပြောဆိုနေတာတွေဟာ ပြန်ကြားရေးထိပ်တန်းအဆင့်တာဝန်ရှိသူတစ်ဦး မလုပ်သင့်တဲ့အလုပ်ကို လုပ်နေတာလို့ပြောချင်ပါတယ်။ မီဒီယာက မေးလာရင်တောင် ကျွန်တော်တို့ဆီကို ဒီစာရောက်ရှိမလာသေးလို့ အခုလောလောဆယ် ဘာမှ မပြောနိုင်သေးပါဘူးဆို ရနေပါပြီ။

******************************

0 အကြံပြုခြင်း: