Monday, November 11, 2013

ဇရပ်မှာ အသက်မသေသေးတဲ့ လူနာတစ်ဦးကို ဆေးရုံရော၊ အရပ်ကရော လက်မခံလို့ လာပစ်ထား



မြိတ်က တရုတ်သင်္ချိုင်းအရှေ့ ဇရပ်မှာ အသက်မသေသေးတဲ့ လူနာတစ်ဦးကို ဆေးရုံရော၊ အရပ်ကရော လက်မခံလို့ လာပစ်ထားသတဲ့ သင်္ချိုင်းနားက ဒေသခံတွေ အတွက်ကတော့ ခံပြင်းစရာဖြစ်သလို လူ့ကျင့်ဝတ်အရဆိုရင်လည်း မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်

တစ်ကယ်လို့သေသွားလို့လာထားပစ်ခဲ့ရင်လည်းကိစ္စမရှိပါ.. ဘိတ်ကနာရေးကူညီမှု အသင်းတွေက အသုဘအတွက် တာဝန်ယူသွားလိမ့်မယ်.. အခုကတော့ အသက်မသေသေးတဲ့ လူနာတစ်ဦးပါ....

လာပစ်သွားတဲ့အုပ်ချုပ်ရေးမှူးဘက်က စဉ်းစားမယ်ဆိုရင်.ရက်ရှည်လများ ဆွေးမျိုးမရှိတဲ့သူ
တစ်ဦးကို ငွေသိန်းချီကုန်ကျခံပြီး ဆေးရုံမှာကုသပေးထားတယ် နေ့တာဝန်။ ညတာဝန်ကို ခွဲပြီး ဝေယျဝစ္စလုပ်ဖို့လူဌါးပေးထားတယ် ကြာလာတော့ လုပ်ပေးတဲ့သူလည်းမရှိတော့..

အစိုးရဆေးရုံ ဘက်ကကြည့်ရင်လည်း ဒီလိုချေးကျုံးသေးကျုံးလုပ်ပေးမယ့်သူမရှိလို့ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုခေါ်အပ်ပြန်တယ်..ဘယ်ရပ်ကွက်..အုပ်ချုပ်ရေးမှူး ဘယ်သူဆိုတာ မဖော်ပြတော့ပါဘူး..နောက်ဆုံးမှာ လူနာက ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်း သင်္ချိုင်းရှေ့က ဇရပ်မှာ သေဖို့လာစောင့်နေရတဲ့ဘ၀ ရောက်သွားပြီ.. ကဲ အုပ်ချုပ်ရေး အာဏာပိုင်များကပဲ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်..

ဒီတစ်ကြိမ်တည်းမဟုတ်တော့ဘူးနော်.. ၃ ကြိမ်ရှိပြီတဲ့.. အခုဘယ်လိုဆောင်ရွက်မလဲ ဆိုတာစောင့်ကြည့်နေမယ်.. လောလောဆယ်သတင်းမှာတော့ မရေးသေးဘူး.. တစ်စုံတစ်ခုဖြစ်သွားပြီဆိုရင်ဖြင့်..

Posted by Zaw Moe Oo
www.facebook.com/zaw.oo.94009

0 အကြံပြုခြင်း: