Saturday, November 16, 2013

သက်တမ်းမပါSKY NETတစ်စုံ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စာကြည့်တိုက်ကို လှူခဲ့



(ဟာဂျူလီ-ကသာ)
***********************
တစ်ရက်က ကသာမြို့က မင်းလယ်ရွာဘုန်းကြီးကျောင်းရှေ့ရှိ စာကြည့်တိုက်တစ်ခုမှာ စာကြည့်တိုက်ကို TVလှူကြဖို့ နှိုးဆော်ထားတာလေးတွေ့ရပါတယ်၊
လှူထားတဲ့ အလှူရှင် နာမည်တွေလည်း စီစီရီရီ ရေးထားတာတွေ့ရတော့ ထူးထူးဆန်းဆန်း လေးပါလားဆိုပြီး စပ်စုကြည့်လိုက်တော့
ဆင်းရဲသား လျှော့ချရေးအတွက်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က SKY NETတစ်စုံ စာကြည့်တိုက်ကို လှူခဲ့ပါသတဲ့၊
TV မရှိတဲ့ စာကြည့်တိုက်မှာ ရယ်ရမှာလိုလို ငိုရမှာလိုလို ဖြစ်ပြီး အခုလို ကြော်ငြာသင်ပုန်းထုတ် အလှူခံလိုက်ရပါတော့သတဲ့ခင်ဗျာ၊ TVဖိုးလေးမပြည့်ခင်
ငွေကြိုစိုက်တဲ့သူ စိုက်ပြီး အားပါးတရ ကြည့်လိုက်ကြမဟေ့ဆိုတော့ ပေးလိုက်တဲ့ SKY NETမှာ သက်တမ်းက ပါမလာပါဘူးတဲ့၊ဒီတော့လည်း
SKY NET ကို သက်တမ်းလေးရှိပြီး ကြည့်နိုင်ရဖို့အရေး ရွာထဲက ရှိစုမဲ့စုတွေ စုကြပေါင်းကြ ၀ယ်ကြရဦးမယ်လို့လည်း သိခဲ့ရပါသဗျ..။(SKY NETတန်တာက၆၀၀၀၀ကျော်၊ စာကြည့်တိုက်ကလူတွေဝယ်လိုက်ရတာက TVဖိုးနဲ့ဆောင်းဘောက်ဖိုးနဲ့၊သက်တမ်းတိုးတာနဲ့..၃သိန်း၈သောင်းနီးပါး လို့လည်း သိခဲ့ရပါတယ်)
ဓါတ်ပုံ..ဖိုးသား(HJL)

0 အကြံပြုခြင်း: