Tuesday, December 3, 2013

ရခိုင် ပြည်ခိုင်ဖြိုး ၀န်ကြီး ဦးကျော်ခင်ကို တင်ဆောင်ထားသော ကား က တိုက်မိပြီး မှောက်သွားသော ဆိုက္ကား နှင့် ခရီးသည် အား ကူညီပေးခြင်းမပြုဘဲ ထွက်ပြေးသွား


 Coral Arakan News
===============

စစ်တွေ ၊ ၀၃ ဒီဇင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယနေ့ နံနက် ရှစ်နာရီခွဲတွင် ပြည်တော်သာရပ်ကွက် ကွန်ပျူတာ တက္ကသိုလ်ရှေ့လမ်းပေါ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ခင် ၏ ကားက အမျိုးသမီးတစ်ဦးကို တင်ဆောင်ထားသော ဆိုက္ကားတစ်စီးအားတိုက်မိသဖြင့် ဆိုက္ကား မှောက်ကာ ဆိုက္ကားအောက်သို့ ခရီးသည်နှင့် ဆိုက္ကားသမား ရောက်သွားသည့်အခြေအနေ ရောက်သွားသော်လည်း သိလျက်သားနှင့် ဘာမှ အကူအညီပေးခြင်းမပြုဘဲ ဆက်လက် မောင်းနှင်သွားခဲ့သည် ဟု သိရသည်။

တိုက်ခိုက်ရေး နှင့် စည်းရုံးရေးတပ် မှ တပ်သား ကိုအောင်ထွန်းလင်း နင်းကာ ခရီးသည် မစုမြတ်ဝေ စီးနင်းလိုက်ပါလာသော ဆိုက္ကားကို ၀န်ကြီး ဦးကျော်ခင် စီးနင်းသောကားနံပါတ် --/၇၉၂၁ က တိုက်မိသည့်အချိန်တွင် ၀န်ကြီး ဦးကျော်ခင် နှင့် ဇနီးတို့ ကားပေါ်တွင် ပါသည် ဟု သိရသည်။

ခရီးသည် မစုမြတ်ဝေ မှာ ခြေထောက်တွင် ကွဲရှ နှင့် ပေါက်ပြဲ ဒဏ်ရာများ ရသွားခဲ့သည် ဟုသိရသည်။

( Coral Arakan News )

0 အကြံပြုခြင်း: