Tuesday, January 1, 2013

တရုတ်ထုတ်ရဟတ်ယာဉ်များဖြင့် (၈) ပါတ် ပါတ်၍ပစ်ခတ်

achid Kachin
(1/1/2013) ရက်နေ့ (2:00)pm နာရီဝန်းကျင်တွင် KIA နှင့် ABSDF တို့တပ်စွဲထားတဲ့ လဂျားယန်စခန်း များကို ခါတိုင်းနဲ့မတူ တရုတ်ထုတ်ရဟတ်ယာဉ်များဖြင့် (၈) ပါတ် ပါတ်၍ပစ်ခတ်တိုက်ခိုက်သွားပါတယ်။
(1/1/2013) ya shani laya yang de Myen hpyen
https://www.facebook.com/photo.php?v=371558779606948

တရုတ်နိုင်ငံ ထိန်ချုံးမြို့ရောက် မြန်မာ့ကျွန်းသစ်များ။

Wunna Nna's photo.

မြန်မာပြည်ကိုစွန့်ခွာကြသူများ။


တရုတ်ဘက်အခြမ်းမှ နယ်စပ်လမ်း။


၃၁ ရက်၊ လိုင်ဇာမြို့။


ဒီဇင်ဘာ(၂၈) မြစ်ကြီးနားမြို့မှ ဆဒုံး-ကန်ပိုင်တည်-ထိန်ချုံး-ရင်ကျန်း-လိုင်ဇာမြို့များသို့ သွားရောက်ခဲ့ရာတွင် တရုတ်နိုင်ငံဘက်အခြမ်းတွင် စီးနင်းခဲ့ရသည့် ကား။ ကန်ပိုင်တည်မှ လိုင်ဇာအရောက် ကားလေးဆင့်စီးခဲ့ရ။


မြစ်ဆုံစီမံကိန်းဆိုင်းဘုတ်


မြစ်ဆုံကို ပထမဦးဆုံးအကြိမ်ရောက်ခဲ့တယ်။ မေခဘက်က စီးလာတဲ့ရေတွေက နီနေတယ်။ မလိခ ဘက်ကစီးလာတဲ့ရေတွေက စိမ်းနေတယ်။ ဒေသခံတွေကို မေးကြည့်တော့ မေခ အပေါ်ဘက်မှာ ရွှေတူးတဲ့သူတွေ များနေလို့ ရေကနီနေတာပါတဲ့။ အမြဲတမ်း နီနေပါတယ်တဲ့။

မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား(၄)ဦးအကြမ်းဖက်ခံရ

r
Written by မိုးဇော်    Tuesday, 01 January 2013 17:02 

မလေးရှားနိုင်ငံ Kedah ပြည်နယ်ရှိ ရာဘာခင်းတွင် အလုပ်လုပ်ကိုင်နေသောရခိုင်အမျိုးသား(၄)ဦးသည် ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ဒေသခံဘင်္ဂလီအုပ်စုတစ်စု၏ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

အကြမ်းဖက်ဘင်္ဂလီများ လက်ထဲမှ ထွက်ပြေးလွတ်မြောက်လာသူ ဦးအထွီးချေ(၄၈)နှစ်

အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရခိုင်အမျိုးသား (၃)ဦးသေဆုံးပြီး၊ တစ်ဦးမှာထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် သေဆုံးသူ ရခိုင်အမျိုးသား(၃)ဦးမှာ ကိုမောင်ခိုင်သောင်း (၃၈ နှစ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာ)၊ ကိုလှမောင်တင် (၂၁ နှစ်၊ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာ)နှင့် ကိုမောင်သန်းရွှေ (၁၆)နှစ်တို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူမှာ ဦးအထွီးချေ (၄၈ နှစ်၊ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာ)တို့ဖြစ်သည်။

" ကျနော်တို့ညဥ့် ၁၁ နာရီကျော်အချိန် ရာဘာခင်းထဲမှာ ရာဘာစေး ခံနေပါတယ်။ အဲဒီအချိန်မှာ ဘင်္ဂလီတစ်စုက ကျနော် တို့ဆီကိုလာတယ်၊ အုပ်စုနဲ့ဝိုင်းပြီးတော့ ကျနော်တို့ကိုဖမ်းတယ်၊ ကျနော်တို့ (၄)ယောက် တစ်ဦးချင်းစီရဲ့လက်ကို နောက်ပြန်ကြိုးချည်ပြီး တောင်ကုန်းပေါ်မှာထားပါတယ်။ တစ်ယောက်ချင်းခေါ်ပြီးတော့ ရိုက်တယ်၊ ရိုက်ပြီးတာနဲ့ လည်ကို ဓါးနဲ့လှီးတယ်။ အဲဒီလို သတ်နေတဲ့အချိန်မှာ ကျနော်လည်း လွတ်ရာလွတ်ကြောင်းဆိုပြီးတော့ ကြိုးဖြေဖို့ ကြိုးစားပါတယ်။ ကံကောင်းချင်တော့ ကျနော့်ကိုချည်ထားတဲ့ကြိုးက ပြေသွားပါတယ်။ ကြိုးပြေသွားတယ်ဆိုတာနဲ့ ချက်ချင်းထွက်ပြေးလို့ လွတ်မြောက်လာခဲ့ တာပါ။ " ဟု ထွက်ပြေးလွတ်မြောက်လာသူ ဦးအထွီးချေက ယခုကဲ့သို့ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

အဆိုပါ သေဆုံးသွားသည့်အလောင်းများကို မလေးရှားနိုင်ငံ alorstar မြို့ရှိ ပြည့်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ခွဲစိတ်စမ်းသပ် နေကြောင်းနှင့် သေဆုံးသွားသူများ၏ အသုဘနှင့် လိုအပ်သောအကူအညီများကို မလေးရှားရောက် ရခိုင်လူမှုကယ်ဆယ် ရေးအဖွဲ့တစ်ဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဘင်္ဂလီအုပ်စုတစ်ချို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူ (၁၀)ကျော် ရှိပြီဖြစ်ကြောင်း မလေးအခြေစိုက် လူမှုရေးအဖွဲ့တစ်ခု၏ မှတ်တမ်းအရ သိရှိရသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/734-2013-01-01-10-32-36

KIA နှင့် တပ်မတော် ဘတပြန်၊ ကျားတပြန် အကြိတ်အနယ် တိုက်ပွဲများဖြစ်


by Phota Yoke on Tuesday, January 1, 2013 at 12:32pm · အောက်ပါ သတင်းအား www.facebook.com/pofpage မှ ကူးယူဖော်ပြပါတယ်။ တပ်သတင်းများအား အချိန်နဲ့ တပြေးညီ ဖတ်ရှု လေ့လာ သိရှိလိုပါက www.facebook.com/pofpage သို့ သွားရောက် Like လုပ်ထားခြင်းဖြင့် Update များကို တွေ့ရမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် စစ်ဆင်ရေး သတင်းများကို ဆက်လက်တင်ပြရရင် ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းက လိုင်ဇာဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ နေ့လည် ၁၂ နာရီနှင့် ၂ နာရီကြားတစ်ကြိမ်၊ ညနေ ၅ နာရီ ဝန်းကျင် တစ်ကြိမ်၊ တစ်ကြိမ်လာလျှင် အနည်းဆုံး လေယာဉ် (၂) စင်းနှုန်း လာရောက်ပြီး လဂျားယန် ဒေသဧရိယာ တစ်ဝိုက်ကို Rocket နှင့်လည်းကောင်း၊ စက်သေနတ်ဖြင့် လည်းကောင်း ပစ်ခတ်သွားပြီး လိုင်ဇာမြို့ဧရိယာနားအထိ ပျံသန်းသွားကြောင်း သိရပါတယ်။ လေယာဉ်ပျံများမှာ အမောင်းသင် လေယာဉ်များဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများထံမှ သိရပါတယ်။


မြန်မာနိုင်ငံသို့ တင်ပို့မဲ့ MI 24 စစ်ရဟတ်ယာဉ်များကို ရုရှားနိုင်ငံလေဆိပ် တစ်ခုမှာ တွေ့ရစဉ်
ဒီဇင်ဘာ ၃၀ ရက်နေ့တွင် လဂျားယန် ဒေသမှာ တပ်မတော်(လေ)မှ တသုတ်လျှင် လေယာဉ် (၂) စီးနှုန်းဖြင့် အသုတ်လိုက် နံနက်ပိုင်းမှ ညနေ (၅) နာရီထိ တနေကုန် စက်သေနတ်ဖြင့် လည်းကောင်း၊ Rocket ဖြင့် လည်းကောင်း တိုက်ခိုက်ပြီးမှ ဗုံးကြဲချခဲ့ကြကြောင်း သိရှိရပါတယ်။ လေယာဉ် (၂) စင်းအနက် ပထမလေယာဉ်မှ စက်သေနတ်ပစ်ပြီးမှ၊ နောက်လေယာဉ်မှ ဗုံးကြဲချပါတယ်။ ဒုတိယ အသုတ်အနေနဲ့ လေယာဉ် (၂) စင်း ပြန်လာချိန်မှာတော့ ရှေ့ဆုံး ပထမလေယာဉ်မှ စက်သေနတ်နဲ့ မဟုတ်တော့ဘဲ၊ Rocket ဖြင့် ပစ်ပြီး နောက်ဆုံးလေယာဉ်ကတော့ ဗုံးကြဲချပါတယ်။ တကြိမ်ဗုံးကြဲချလျှင် လေယာဉ်ရဲ့ဘယ်ညာ နှစ်လုံးစီ ချိတ်ဆွဲပြီး စုစုပေါင်း လေးလုံး တစ်ပြိုင်တည်းဗုံးကြဲချပါတယ်လို့ KIA နှင့် နီးစပ်သူများက ဆိုပါတယ်။ ဒေါ့ဖုန်းယန် အမြောက်တပ်စခန်းမှလည်း ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်နှင့်လည်းကောင်း၊ ၁၂၀ မမ စိန်ပြောင်းကြီးဖြင့် လည်းကောင်း၊ လဂျားယန်ဘက်သို့ အပြင်းအထန် တနေကုန် ပစ်ခတ်လေ့ရှိပါတယ်။ အမြောက်တပ်မှ ဆက်တိုက်ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ၁၀၅ မမ ကျည်ဆံ အချို့ တရုတ်နိုင်ငံသို့ ကျရောက်ခဲ့ကြောင်း ဒုက္ခသည်စခန်း ထံမှ သိရှိရပါတယ်။ လဂျားယန် စခန်းရှိ KIA နှင့် ABSDF ပူးပေါင်းတပ်များကတော့ လေယာဉ်များ ရောက်ရှိလာသည့် အချိန်တွင် ခြေကုတ်စခန်းမှ ခေတ္တဆုတ်ပေးပြီး လေယာဉ်ပြန်ဆင်းသွားသည့် အချိန်တွင် နေရာ ပြန်ယူကာ အစိုးရ စစ်တပ်ကို ရင်ဆိုင်ရန် အဆင်သင့်ရှိနေပါတယ်။


လေယာဉ်ပစ်ရန် အဆင်သင့် ဖြစ်နေသော KIA စစ်သားများ
ဒီဇင်ဘာ (၃၁) ရက်နေ့ တွင် လေယာဉ် တသုတ်သာ နေ့ခင်းပိုင်းလောက်တွင် တစ်ကြိမ်လာပြီး စက်သေနတ်၊ Rocket ဖြင့်ပစ်ကာ၊ ဗုံးကြဲချသွားကြောင်း သိရှိရပါသည်။ လဂျားယန်ရဲ့ တစ်ဖက်တစ်ချက်ရှိ ဘုံနေဘုံ ဒေသတွင်လည်း တပ်မတော်နှင့် KIA တပ်များ အပြင်းအထန် တိုက်ပွဲဖြစ်လျက်ရှိကြောင်းသိရှိရပါတယ်။ တပ်မတော်နှင့် KIA တိုက်ပွဲများ ဒီဇင်ဘာ (၃၀)၊ (၃၁) နှစ်ရက်ပေါင်း ရလဒ်အနေနဲ့ လိုင်ဇာဆေးရုံတွင် အနည်းဆုံး KIA စစ်သည် (၁၀) ထက်မနည်း ဒဏ်ရာရ ကုသလျှက်ရှိကြောင်း လိုင်ဇာမြို့ခံများ ထံမှ သိရပါတယ်။ တပ်မတော်နှင့် KIA နှစ်ဖက် စစ်မြေပြင်တွင်ထိခိုက်ကျဆုံးမှုကိုတော့ တိုက်ပွဲဖြစ်နေလို့ ခက်ခဲမှု ရှိနေပြီး စီစစ်စုံစမ်းဆဲ ဖြစ်ကြောင်း၊ ဒီဇင်ဘာ (၃၁)ရက် ညနေပိုင်းအထိ လဂျားယန်ဒေသသို့ KIA စစ်ကူများ ထပ်မံ ဖြည့်တင်းလျက်ရှိပြီး နယ်မြေကို စိုးမိုးထိန်းချုပ်ဖို့ ဘတပြန်၊ ကျားတပြန် ရှိနေကြကြောင်း သတင်းရရှိပါတယ်။


မှတ်တိုင်(၆) ဒဘူဘွမ် ကချင်စစ်ပြေး ဒုက္ခသည် စခန်း
ဤဝက်ဘ်ဆိုဒ်အနေနဲ့ ယခု ကျင့်သုံးနေတဲ့ တပ်မတော်နည်းဗျူဟာများကို စစ်ဖက်နီးစပ်သူများထံ စီစစ်မေးမြန်းကြည့်ရမှာ စစ်တပ်အနေနဲ့ လူကိုအနာမခံပဲ အမြောက်ပစ်အား၊ လေယာဉ်ပစ်အားတို့ဖြင့် စစ်ဆင်ရေး ဧရိယာအတွင်းတွင် ရန်သူအား အမှုန့်ဖြစ်အောင် ချေမှုန်းပြီး ရန်သူ ဆုတ်ခွာသွားတော့မှ ခြေလျင်တပ်များ နေရာယူ သိမ်းပိုက် နယ်မြေစိုးမိုးတဲ့ နည်းဗျူဟာကို အသုံးပြုကြောင်းသိရှိရပါတယ်။ စစ်သဘောအရကြည့်လျှင် စစ်မြေပြင်မှာ စစ်သည် (လူ) မရောက်သရွေ့ ထိုးစစ်ဆင် တိုက်ခိုက်တယ် ဆိုတဲ့ ပုံစံမျိုး မဖြစ်တာကြောင့် အဲ့ဒီလို အသွင်သဏ္ဍာန်မပေါ်အောင် ကျည်ပစ်အား၊ ဗုံးပစ်အားတို့ဖြင့် ရန်သူအား မောင်းထုတ်ပြီးမှ မိမိတပ်က မသိမသာ နေရာဝင်ယူတဲ့ ဗျူဟာမျိုးဖြစ်ပါတယ်။ လိုင်ဇာမြို့ကို ချည်းကပ်မဲ့ လမ်းကြောင်း (၃) ကြောင်းဖြင့် (စတန်ပါ-လိုင်ဇာ လမ်းကြောင်း၊ ဗန်းဗော်-လိုင်ဇာ လမ်းကြောင်း နှင့် မြစ်ကြီးနာ-လိုင်ဇာ လမ်းကြောင်း) KIA တပ်များမလှုပ်သာအောင် နယ်မြေထိန်းချုပ်နိုင်ရန် စီစဉ်လျာထားပြီး ပြည်မမှ ယခုဆိုရင် တပ်မ အနည်းဆုံး နှစ်ခုစာ ခေါ်ယူထားပြီးဖြစ်ရာ (တပ်မ (၈၈)၊ စီစစ်ဆဲ တပ်မ (၁၀၁)၊ စကခ (၃) ကချင်ပြည်နယ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှ သတင်း ရရှိပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ကချင်ဒုက္ခသည်အရေး စိုးရိမ်

မအေးအေးမာ

01.01.2013
မြန်မာအစိုးရဘက်ကနေ ကချင်ပြည်နယ်အတွင်း လေကြောင်းကနေ တိုက်ခိုက်နေတာ ၆ရက်ဝန်းကျင် ရှိနေပါပြီ။ ဒါကြောင့် ကချင်ပြည်နယ်တွင်းက လိုင်ဇာမြို့ကပြည်သူတွေ၊ ဒုက္ခသည်တွေဟာ ကတုတ်ကျင်းတွေထဲ ခိုအောင်းနေထို်င်နေရပြီး ဒုက္ခသည်တချို့ ဟာလည်း လက်နက်များထိမှန်ပြီး သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါဟာဆိုရင် အသက်ရှင်ရပ်တည်ခွင့်ဆိုတဲ့ မွေးရာပါ လူအခွင့်အရေးဆုံးရှုံးမှု တရပ်ဖြစ်တယ်လို့ ထိုင်းနယ်စပ် တရုတ်နယ်စပ်နဲ့ မြန်မာပြည်တွင်းက လူထုအခြေပြုလုပ်ငန်းတွေလုပ်နေတဲ့ အဖွဲ့ ၁၁ဖွဲ့က ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ခရစ်ယာန်ဘာသာဝင်တွေရဲ ခရစ်စမတ် ကာလကစပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်ကို အသုံးပြုပြီး တိုက်ခိုက်မူတွေ က၆ရက်ခန့်ရှိသွားပြီ ဖြစ်တာကြောင့် ကချင်ဒုက္ခသည် ဒေသခံတွေဟာ စိုးရိမ်ထိပ်လန့်မူတွေဖြစ်နေရကြောင်း လိုင်ဇာမြို့က ကချင်လူထု အခြေပြုအဖွဲ့အစည်းတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ မမေရီတောင်းက ပြောဆိုလိုက်ပါတယ်။

“ခရစ်ယာန်ဘာသာကိုးကွယ်သူတွေ အထွတ်အမြတ်ထားတဲ့ နေ့ရက် ကာလဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ရက်နေ့ကစပြီး လေယာဉ်နဲ့ မြန်မာစစ်တပ်ဘက်က ဗုံးကျဲတိုက်ခိုက်တယ်။ အခုဆိုရင် လိုင်ဇာမှာ စစ်ပြေးဒုက္ခသည်စုစုပေါင်းဟာ တစ်သောင်းနဲ့ နှစ်ထောင်ကျော် ရှိတယ်။ ဒေသခံပြည်သူတွေနဲ့ ပေါင်းမယ်ဆိုရင် စုစုပေါင်း နှစ်သောင်းကျော် ရှိပါတယ်။ နေ့ခင်းမှာကို နှစ်ခါ သုံးခါ လာပစ်ပါတယ်။ ဒီနေ့ကို နေ့ခင်းတစ်နာရီကျော်အထိကို သုံးခါဆက်တိုက်ပစ်ပါတယ်။ နေ့တိုင်းပါပဲ။ ဒီနေ့ဆို စုစုပေါင်း ငါးရက်၊ ခြောက်ရက်ရှိနေပြီ။ ကျမတို့ဆီကို လေယာဉ်က သုံးခါလောက်ကို လာပြီးသွားပါပြီ။ နောက်ပြီး ဗုံးကျဲတယ်။ စစ်ပြေးဒုက္ခသည်တွေအပေါ်မှာ ရှိတဲ့အတွက်ကြောင့်မို့လို့ စစ်ပြေးဒုက္ခသည်အများစုဟာ ဆိုလို့ရှိရင် အရမ်းကြောက်လန့်နေကြတယ်။ ဆောက်တည်ရာမရဖြစ်ပြီး ငိုပြီးထွက်ပြေးနေကြတဲ့သူတွေလည်းရှိတယ်။ အခုဆိုရင် စစ်ပြေးဒုက္ခသည်စခန်းမှာ ကတုတ်ကျင်းတွေ တူးထားပြီးတော့မှ လေယာဉ်အပေါ်က ပစ်ပြီဆိုရင် ကလေးတွေရော အားလုံးဟာ ကတုတ်ကျင်းထဲ ပြေးဝင်နေရတဲ့အခြေအနေမှာဖြစ်နေရပါတယ်။”

ကချင်ပြည်နယ်တွင်းက ကေအိုင်အိုဌာနချုပ်လိုင်ဇာကို ဦးတည် ချီတက်နေပြီး လေကြောင်းကနေ အပြင်းအထန်ထိုးစစ်ဆင်မှုများကြောင့် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင်ဝဲလ်ကြိုင်ဒုက္ခသည်စခန်းမှ ဦးမဂျီးတူး အသက်(၄၁)နှစ်ဟာ လက်နက်ကြီး ကျည်ဆံထိမှန်ကာ သေဆုံးသွားပြီး ဒုက္ခသည်စခန်းရှိ အခြား(၃)ဦးလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကချင်လူထုအခြေပြု အဖွဲစည်း၁၁ဖွဲ့က ပြောဆိုပါတယ်။ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့တဲ့ကလေးသူငယ်၊ အမျိုးသမီးတွေနဲ့ ဒေသခံလူထုတွေ အပေါ် အချိန်မရွေး အန္တရာယ်ကျရောက်စေနိုင်တဲ့အတွက် ကချင်လူထုတွေဟာ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေးပါ ခြိမ်းခြောက်ခံနေရတယ်လို့ မမေရီတောင်းက ဆိုပါတယ်။

“ဝေဟင်ပေါ်ကနေ စစ်တိုက်လေယာဉ်နဲ့ကို ဗုံးကျဲတယ်ဆိုတာဟာ နိုင်ငံတကာရဲ့ စည်းမျဉ်းဥပဒေတွေအရ  ပြည်တွင်းစစ်မှာ စစ်လက်နက်ကို အသုံးမပြုသင့်ဘူး။ ဒေသခံအားလုံးကလည်း ကြောက်လန့်နေကြတယ်။ ပြောရမယ်ဆိုရင် ဒေသခံတွေအနေနဲ့ကလည်း ကြောက်လန့်စရာ ကောင်းတယ်။ လူတွေဟာ အခုဆိုရင် ထိတ်လန့်ခြောက်ခြားနေကြတယ်ပေါ့နော်။ ဒီလိုမျိုး ဗုံးကျဲနေတဲ့အခါ ကျတော့ အရမ်းကိုကြောက်ကြတယ်။ ဘယ်အချိန်လာမလဲပေါ့။ အခုဆိုရင် နေ့လည်းမအိပ်၊ ညလည်းမအိပ်၊တချိန်လုံး သူတို့မှာ နိုးနိုးကြားကြားနဲ့ ရှိနေရတယ်။ ဒါဟာ ဘယ်လိုမှ မလုပ်သင့်တဲ့ကိစ္စ၊ နိုင်ငံတကာက ပိတ်ပင်ထားတဲ့အရာကို ဒီလိုဗုံးကျဲတာပေါ့လေ။ အခုဆိုရင် နေ့တိုင်းကြားနေရတယ်။ နေ့တိုင်းလိုဖြစ်နေတဲ့ကိစ္စ၊ ဒေသခံတစ်ယောက်အနေနဲ့ရော၊ လူသားတစ်ယောက်အနေနဲ့ရော လူ့အသက်ရှင်ခွင့်ကို လူသားအသက်ရှင်ခွင့်ကို ခြိမ်းခြောက်နေတဲ့အခြေအနေကို ဖြစ်နေတယ်။”

ဒုက္ခသည်စခန်းလေးခုမှာလည်း ဒုက္ခသည် အရေအတွက် သောင်းနဲ့ချီရှိနေပြီး ဒုက္ခသည်တချို့ လည်း လက်နက်ကြီးတွေ ထိခိုက်ပြီး သေဆုံးမှုတွေရှိနေတာကြောင့် နယ်စပ်တလျောက် ကစင့်ကလျား ပြေးလွားပုန်းခိုနေရတဲ့ အခြေအနေတွေဖြစ်နေကြောင်း တရုတ် ပြည်ဘက်ကလည်း ဒုက္ခတွေကို လက်ခံခြင်း မရှိတဲ့အတွက် တရုတ်နယ်စပ်တလျောက်မှာ ဒုက္ခသည်တွေဟာ အခက်အခဲတွေဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကချင်အမျိုးသမီးနဲ့ ကျောင်းသားတွေ လူထုအခြေပြုအဖွဲ့အစည်းတွေအားလုံး ၁၁ဖွဲ့ ပါဝင်တဲ့ သဘောထားကို ထုတ်ပြန်ရာမှာတော့ မြန်မာအစိုးရအနေနဲ့ ကေအိုင်အို၊ ကေအိုင်အေ၊ အပြစ်မဲ့ဒေသခံ ကချင်တိုင်းရင်းသားများ၊ နယ်စပ်တလျှောက်ရှိစစ်ပြေးဒုက္ခသည်စခန်းများကို အပေါ် ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် လေကြောင်းမှတိုက်ခိုက်နေခြင်းနှင့် လက်နက်ကြီးများဖြင့် ဦးတည် ပစ်ခတ်ခြင်းများကို ချက်ချင်းရပ်တန့်ဖို့  ကေအိုင်အို၊ ကေအိုင်အေ ဌာနချုပ်လိုင်ဇာကိုဦးတည်ပြီး ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေမှုများ စစ်ရေးအရ ဖိအားပေး အကျပ်ကိုင်လာမှုများကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတကာအစိုးရ၊ အိုင်အန်ဂျီအိုနှင့် အန်ဂျီအိုလိုခေါ်တဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့တွေကှိ ဒုက္ခသည်များကို အကူအညီပေးမည့်ကိစ္စများကို မြန်မာအစိုးရမှ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်နှင့် သွားလာခွင့်ပြုဖို့၊ လက်ရှိစစ်ပွဲဖြစ်ပွားနေသောဒေသရှိ စစ်တပ်များကို မိခင်တပ်ရင်းတပ်မသို့ ရွေ့ ပြောင်းသွားစေပြီး တပြည်လုံး အတိုင်းအတာဆောင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဆိုတာတွေကို ကချင်အဖွဲအစည်း ၁၁ဖွဲ့ကနေ တောင်းဆိုထားပါတယ်။
http://burmese.voanews.com/content/kachin-burmese-fighting/1575829.html



KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ည ၉ နာရီမှ အပြင်မထွက်ရန် အမိန့်ထုတ်ထားပြီး ကတုတ်ကျင်းများတူးထားခိုင်း..........

KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ည ၉ နာရီမှ အပြင်မထွက်ရန် အမိန့်ထုတ်ထားကြောင်း သောကြာနေ့မှစကာ လိုင်ဇာမြို့ရှိ ဈေးဆိုင်များ လည်းပိတ်ထားရန် လမ်းမပေါ်လည်း ကား၊ ဆိုင်ကယ်များကို မထားရန် ညွန်ကြားထားကြောင်း သိရသည်။

လိုင်ဇာရှိပြည်သူအချို့မှာ တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သွား သူများလည်း ရှိကြောင်း လိုင်ဇာဒေသခံများကပြောသည်။

“ဒီမနက်ကနေ ဆိုင်တွေပိတ်ပြီး တချို့က တရုတ်ဘက်ခြမ်းကို ထွက်ပြေး သွားပြီ၊ တချို့ဖွင့်တဲ့ လူတွေလည်းရှိသေးတယ်။ ဒါပေမဲ့ အများပိုင်းတော့ ပိတ်ထားကြပြီ။ ကျမတောင် အခုဆိုင်ပိတ်ပြီး အိမ်ပြန်တော့မလို့” ဟု လိုင်ဇာဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

ယမန်နေ့ အစိုးရတပ်ဖွဲ့၏ တိုက်လေယာဉ်များဖြင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင်ကွာဝေးသော Lajayang (လဂျားယန်) တွင် တိုက်ခိုက်နေမှုကို လိုင်ဇာမြို့မှ အသံများလည်း ကြားနေရပြီး လိုင်ဇာမြို့တွင်းမှလည်း ရဟတ်ယာဉ်များ ပျံဝဲသွားကြောင်း လိုင်ဇာဒေသခံများပြောသည်။

“အစကတော့ လဂျားယန်ဖက်က အသံအကျယ်ကြီကြားတယ်။ ကျမနောက်ကျောဖက်မှာ ထိတော့မလိုလိုပဲ နောက်နည်းနည်ကြာတော့ လေယာဉ်ပျံ အဖြူရောင် ၂ စီး ကျမတို့ အိမ်အပေါ်ကနေ ပျံဝဲသွားတယ်။ အဲဒီ ၂ စီးပြန်သွားပြီး နောက် ၂ စီးပြန်လာတယ် အိမ်ကနေတောင်မှ အရမ်းကိုမြင်ရတယ်။ ကလေးတွေကိုတောင် မြေအောက်ခန်းကို ပို့ထားရတယ်။ ဒီလိုင်ဇာမြို့တွင်းကို ပတ်ပြီး ပြန်သွားတယ်။ အခုလည်း သေနတ်သံတွေကြားနေရတယ်။ အခုဆို သေနတ်သံမကြားရင် မအိပ်တတ်သလိုတောင် ဖြစ်သွားပြီ” ဟုလိုင်ဇာဒေသခံ အမျိုးသမီးတဦး ကပြောသည်။

ဒီဇင်ဘာ ၂၈ ယမန်နေ့က KIO ရှေ့တန်းစခန်း Lajayang (လဂျားယန်)သို့ အစိုးရဘက်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ပျံဝဲကာ အနီးပါတ်ဝန်းကျင်ရွာများနှင့် KIA တပ်စခန်းများအား ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KIA အရာရှိများပြောသည်။

ထိုသို့မြန်မာအစိုးရတပ်ဖွဲ့များ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် လိုင်ဇာမြို့တွင်လည်းစိုးရိမ်ဖွယ်ရှိပြီး မိသားစုတိုင်းတွင် ကတုတ်ကျင်းများတူးထားခိုင်းကား အရေးကြုံလာပါက အချက်ပြမီးဖြင့် သတိပေးသွားမည်ဖြစ်ကြောင်းကို ဗိုလ်မှူး Kareng Naw Awn က KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကတုတ်ကျင်းများတူးထားခိုင်းတယ်။ အရေးကြီးလာရင်တော့ မီးသတ်ကားနဲ့ အချက်ပြဖို့လုပ်ထားတယ်။ ပထမ အချက်ပေးရင်တော့ ကြောက်ရမယ်။ ဒုတိယ အချက်ပေးရင်တော့ ကတုတ်ကျင်းကို ၀င်ရမယ်။ တတိယ အချက်ပေးရင်တော့ ဘာမလိုတော့ဘူးဆိုပြီ အချက်ပေးသွားဖို့ စီစဉ်ထားတယ်” ဟုပြောသည်။

ယနေ့တွင်လည်း Lajayang (လဂျားယန်) အနီးတ၀ိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အရာရှိများပြောသည်။

Ref; Jade Land



Myo Set
တစ်ကယ်စဉ်းစားကြည့်စေချင်ပါသည်။

(၁)မြန်မာစစ်တပ်အင်အားနှင့် ကချင်စစ်တပ်အင်အားကို လက်တွေ့ကျကျ နှိုင်းယှဉ်ကြည့်စေချင်သည်။

(၂)မြန်မာစစ်တပ် ကေအိုင်အေ စခန်းကို တစ်ကယ်တက်သိမ်းလို့မရတာလား၊ တက်မသိမ်းသေးတာလားကိုလဲ ဆင်ခြင်ကြည့်စေချင်သည်။

(၃)ကချင်မီဒီယာများမှာပြောနေသလိုပင် "စိတ်ဓါတ်တရာ၊ ခွန်အားဗလာ" နဲ့ ခံချနေတာလား၊ ဒီသေနင်္ဂက အလုပ်ဖြစ်နေတာလား ဆိုတာ တစ်ချက်လောက် ထပ်တွေးကြည့်ကြပါဦး။

(၄)ပထဝီကို ယဉ်ပါးကျွမ်းကျင်သော ကချင်တပ်များက ပိုမိုအသာစီးရသည်ဟု ယေဘုယျဆိုနိုင်သော်လဲ လက်နက်ကြီးတပ်ရှိသော၊ လေတပ်ရှိသော အစိုးရတပ်အတွက် ကေအိုင်အေသည် ပြိုင်ဖက် ဖြစ်နိုင်မည်လား သေသေချာချာ စဉ်းစားကြည့်စေချင်သည်။

(၅)နောက်ပြီး လေကြောင်းထိုးစစ်ဟု ပြောနေကြသည်။ လေကြောင်းထိုးစစ်တို့၏ သဘောသဘာဝကို အရင် လေ့လာကြစေချင်ပါသည်။ လေကြောင်းထိုးစစ်နှင့် လိုင်ဇာ၏ (Geographical Vulnerability) ထိခိုက်ပျက်စီးနိုင်ခြေ၊ လိုင်ဇာပတ်ချာလည်မှ အစိုးရတပ်များ၏ ဝန်းရံထားပုံနှင့် ကချင်တပ်မှအရေးပေါ်ဆုတ်ခွာနိုင်သည့် လမ်းကြောင်းများ စသည်တို့ကို မြေပုံတွင် ထောက်ကာ ထောက်ကာ ကြည့်စေချင်ပါသေးသည်။

ထိုအခါ ခပ်ရေးရေးသဘောပေါက်လာမည်ထင်ပါသည်။ ကျနော်စစ်ရေးစစ်ရာများကို အလွန်တတ်သိနားလည်သူမဟုတ်။ မိမိသိသမျှကိုသာ ဆန့်ထွက်တွေးကြည့်မိခြင်းဖြစ်သည်။

ကျနော်ထင်သည်ကတော့ လေကြောင်းများသည် ထိုးစစ်အတွက် ဖြစ်ဟန်မတူ၊ ပိတ်မိနေသော အစိုးရတပ်များကို ကာပေးရန်၊ သို့မဟုတ် လိုင်ဇာကို စစ်ရေးဖိအားပေးပြီး ပိတ်မိနေသော စစ်ကြောင်းများအပေါ်သို့ကျနေသည့် စစ်ရေးဖိအား လျှော့ချရန်ဖြစ်နိုင်လောက်ပါသည်။

တစ်ကယ့်တစ်ကယ် လိုင်ဇာကို လေကြောင်းထိုးစစ်နှင့် ခြေလျင်တပ်ရင်းများက တစ်ပြိုင်နက် "ထိုးစစ်" ပြုပြီဆိုပါက ရက်ပိုင်းပင်တောင့်ခံနိုင်မည်ဟု မထင်မိပါ။

ဒါဆိုဘာလို့ ဒီစစ် ဒီမျှ ရှည်ကြာနေရသနည်း။ နောက်ကွယ်မှ နိုင်ငံရေးအကျိုးအမြတ်၊ စီးပွားရေးအကျိုးအမြတ်များကို တူးဖော်တွေးဆကြည့်ကြစေချင်ပါသေးသည်။

(နိုင်ငံရေး+ စီးပွားရေး)အကျိုးအမြတ်အကြီးဆုံး၊ အကျအဆုံးအလေအလွင့် အနည်းဆုံး ဆိုသည့် ရှုထောင့်မှစဉ်းစားမည်ဆိုလျှင် လိုင်ဇာကို ပိတ်ဆို့ထားခြင်းသေနင်္ဂကို နည်းနည်းလေး ရိပ်စားမိလာမည်ထင်ပါသည်။





Yan Naing Aung's photo.

လဂျားယန်စခန်းကိုသိမ်းတဲ့အခါ ကျွန်တော်တို့တပ်ကစစ်သည် (၇) ယောက်ကျဆုံးပါတယ်။ စခန်းသိမ်းပြီး ရန်သူအလောင်း ၆၃ လောင်း စခန်းမှာကျန်ခဲ့ပါတယ်။ ဗိုလ်မှုးအဆင့် နဲ့တစ်ယောက် ABSDF က၁၂ယောက် တို့ဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ဓာတ်ပုံတွေရှိပေမဲ့ သေဆုံးသူရဲ့ မိသားစုကိုငဲ့ညာပြီးမတင်တော့ပါဘူး။
သေဆုံးသူအားလုံးကို ကောင်းမွန်စွာ မြေမြုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တပ်မတော်က မလွဲသာလို့ ကျွန်တော်တို့တပ်တွေကို ခနခနမိုင်းဆွဲတိုက်နေလို့သာ တက်သိမ်းရတာ။

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

r RFA Burmese's photo
မောင်တောမြို့ တောင်ဖက်ပိုင်းဒေသ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူမီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ  Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး  စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူမီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

၂၀၁၃ မှာ နင့်အတွက် နေရာမရှိဘီ

ကာတွန်း စောငို –

ဒီဇင်ဘာ (၃၀) လဂျားယန်တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ပွားခဲ့


January 1,2013 post by Myitkyina blog news

ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် လဂျားယန်ဒေသတ၀ိုက်တွင် ဖြစ်ပွားသော တိုက်ပွဲသည် ဒီဇင်ဘာလအတွင်း အပြင်းထန်ဆုံးတိုက်ပွဲဟု သတ်မှတ်နိုင်ကြောင်းသိရှိရသည်။

မနက်(၅)နာရီမှ စတင်ကာ ဒေါ့ဖုန်းယန်၊ မန်တဲ၊ ဘွမ်ဆောမ်ရှိ မြန်မာအစိုးရ တပ်ဖွဲ့ကာ လက်နက်ကြီးဖြင့် အကြိမ် (၁၀၀)ကျော်ခန့် တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လေကြောင်းမှ တိုက်ခိုက်ခြင်းကို မနက် (၈)နာရီ၊ (၉)နာရီ၊ (၁၁)နာရီ၊ (၁၁း၄၅)နာရီ၊ (၁၃း၁၅)နာရီ၊ (၁၅)နာရီ အချိန်များတွင် Jet Fighter (၂)စီးစီဖြင့် လာရောက်လှည့်ပတ်၍ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (၁၂)နာရီအချိန်တွင် ဗုံးကျဲလေယဉ် တစ်စီးရောက်လာကာ ဗုံးများကို ကျဲချခဲ့သည်။ ဗုံးကျရောက်ပေါက်ကွဲ ရာတွင် အနက်(၈)ပေရှိ ကျင်းများကျန်ရစ်ခဲ့သည်။

အနီးကပ် မြေပြင်တိုက်ပွဲတွင်လည်း မြန်မာအစိုးရတပ်ဖွဲ့ ခမရ (၃၁၇) (၄၁၅) (၄၁၆)(၃၂၀)၊ ခလရ (၂၃၇)တို့ အတင်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။ မြေပြင်တပ်ဖွဲ့ဝင်များသည် ၈၁ မမ စိန်ပြောင်း၊ ဆွီဒင်နိုင်ငံထုတ် ၈၄မမ၊ RPG တို့ကို အဓိကအသုံးပြုခဲ့ကြောင်းသိရှိရသည်။ ဒီဇင်ဘာလ (၃၀)ရက်နေ့ လဂျားယန်တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် (၅)ဦး ကျဆုံးကာ ထိခိုက်ဒါဏ်ရာရသူ (၃၀)ခန့်ရှိခဲ့သည်။ မြန်မာအစိုးရတပ်ဖွဲ့ဝင်များ၏ သေဆုံး၊ ကျဆုံး၊ ထိခိုက်ဒါဏ်ရာရသူ ပြုန်းတီးအင်အားသည် (၂၀၀)ကျော်ရှိကြောင်း သိရှိရသည်။ (မြန်မာ့အစိုးရတပ်ဖွဲ့တွင် ပါဝင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့မှ သိရှိရ)

ကြည်းတပ်၊ လေတပ်၊ (ရေတပ်သာကျန်) တို့မှ အပြင်းအထန်ထိုးစစ် ပစ်ခတ်မှုကြောင့် KIA ၏ ရှေ့တန်းစခန်း တစ်ခုကို လက်လွှတ်ထားခဲ့ရကြောင်း သိရှိရသည်။

ကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် စစ်ဦးစီး ဗိုလ်မှူးချုပ် ၊ ဗိုလ်မှူးချုပ်လူအေးတို့က မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အထိုင်ပြုလုပ်ကာ စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲမှုများ ပြုလုပ်ခဲ့သည်။ ယခု ပြုလုပ်သော စစ်ဆင်ရေးကို “မိုးကြိုး” စစ်ဆင်ရေး (Carpet Bombing Operation) ဟု အမည်ပေးထားကြောင်း သိရှိရသည်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူးဆုတောင်းစကား

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ ထုတ်လွှင့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူးဆုတောင်းစကား

ကျည်ပေါက်သံနဲ့သွေးသံရဲရဲ

လွန်ခဲ့တဲ့နှစ်၁၀၀ကျော်ကကနေဒါမှာပြင်သစ်နဲ့အင်္ဂလိပ်အကြီးအကျယ်
ချခဲ့ကြတာပေါ့၊ပြင်သစ်ရှုံးသွားတော့ကနေဒါမှာလက်နက်ကိုင်စစ်တပ်တခု
ပဲရှိတော့တာပေါ့။ပြည်တွင်းစစ်ဖြစ်နေချိန်ကလူတွေဒုက္ခရောက်ခဲ့ကြရပေမဲ့
နောက်ပိုင်းလူတွေအေးအေးချမ်းချမ်းနေနိုင်ခဲ့တယ်။
ပြင်သစ်တွေနေတဲ့ကွိဘက်ပြည်နယ်ကိုသွားလည်တော့ကနေဒါရဲ့အခြား
ပြည်နယ်တွေနဲ့လုံးဝကွဲပြားတာတွေ့ရတယ်။ပြင်သစ်လိုပဲပြောတယ်။
ဈေးဝယ်တာအင်္ဂလိပ်လိုပြောတတ်တဲ့သူလှမ်းခေါ်ရတယ်။ကနေဒါမှာမွေးပြီး
အင်္ဂလိပ်လိုမပြောတတ်ဖူးဆိုတာသူတို့လူမျိုးစွဲစိတ်ဓါတ်ကရင့်သန်နေကြောင်း
ပြနေတယ်။ကွိဘက်မှာ ကျားဖြူပါတီလိုဌာနေပါတီရှိသလိုအန်အယ်ဒီလိုပါတီတွေ
လဲဝင်ပြိုင်တာမနှစ်ကဌာနေပါတီရှုံးနိမ့်သွားတယ်။ဟာဒါဆိုသူတို့ပြည်နယ်ကို
သူတို့လူမျိုးအုပ်ချူပ်လို့မရတော့ဖူးမထင်လိုက်ပါနဲ့၊
ကွိဘက်ပြည်နယ်မှာအန်အယ်ဒီလိုပါတီတွေအမည်ခံနဲ့ဝင်ပြိုင်တဲ့သူတွေက
လည်းပြင်သစ်တွေပါပဲ။ကွိဘက်လွှတ်တော်မှာဆိုပြင်သစ်လိုပဲပြောတယ်။
အင်္ဂလိပ်လိုပြောချင်လည်းရပါတယ်။ဘာသာပြန်ပေးမယ့်နားကြပ်တွေကောက်
စွတ်လိုက်ရုံပါ။ကနေဒါမှာပြည်နယ်အစိုးရမပြောနဲ့မြို့တော်ဝန်လောက်ဆိုရင်တောင်
သိန်းသန်းအကုန်ခံပြီးဝင်ပြိုင်တယ်။သူတို့ကချမ်းသာပြီးသား။နာမည်တခုအတွက်လုပ်
တာဆိုတော့လာဒ်စားတာတွေကတခါတရံလောက်ပဲကြားရတယ်။
ဖွဲ့စည်းပုံကအကာအကွယ်ပေးထားတာနဲ့အတူမိမိပြည်နယ်မိမိလူမျိုးတွေပဲစိတ်ကြိုက်
အုပ်ချူပ်ခွင့်ရတာဆိုတော့ပြသာနာကြီးကြီးမရှိပေမယ့်တခါတရံပြင်သစ်ကျောင်းသားတွေ
ကနိုင်ငံခွဲထွက်ရေးဘာညာအော်တာမျိုးရှိပေမယ့်လူကြီးတွေမပါဖူး။
တနိုင်ငံလုံးအတွက်ရဲနဲ့စစ်တပ်ကိုတြော့ပည်ထောင်စုအစိုးရကတိုက်ရိုက်အုပ်
ချူပ်ပါတယ်။ပြီးခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်ကလက်နက်ကိုင်တပ်ဖွဲ့၂ခုရှိခဲ့ပေမယ့်
အခုတခုထဲပဲရှိတာဆိုတော့ပြည်တွင်းစစ်ဆိုတာဖြစ်စရာမှမရှိတော့တာကိုး။
တိုးတက်မှာပေါ့နိုင်ငံစီးပွားရေး...

နိုင်ငံတခုမှာလက်နက်ကိုင်အုပ်စုတခုထက်ပိုတဲ့နိုင်ငံမှန်သမျှဘယ်တော့မှမအေးချမ်း
မတိုးတက်ဖူးးဒါဆိုကေအိုင်ကေလက်နက်ချရမှာလားမေးစရာရှိတယ်။ဒါပေမယ့်အဲ့
ဒါကနောက်ဆုံးမေးခွန်းပါ.။
ပြည်နယ်တွေတိုင်းတွေမှာအုပ်ချူပ်ခွင့်၊လွတ်လပ်ခွင့်နဲ့ညီမျှခြင်းတွေမွန်းထုံထားတဲ့
ဖွဲ့စည်းပုံဘယ်မှာလည်း။။။။။
လွှတ်တော်ကတော်တော်အရှိန်ရနေပြီလို့ပြောလို့ရတယ်။နာဂစ်ဖွဲ့စည်းပုံကိုလွှတ်တော်
တွင်းမှာပြင်/ဖျက်/ပြုစုပြီးပြည်နယ်တိုင်းအစိုးရတွေအဖြစ်အထိုင်အရင်ချပေးရမယ်။
စစ်တပ်ကိုဘယ်လိုပဲဖွဲ့ဖွဲ့တခုထဲပဲဖြစ်ရမယ်။နှစ်ခုဖြစ်နေသရွေ့အပြစ်မဲ့ပြည်သူတွေပဲ
ဒုက္ခအတိရောက်ကြရတာ။။။။အဲ့ဒီတော့လွှတ်တော်လုပ်ရမှာကစစ်တပ်
ကလွှတ်တော်အဆုံးအဖြတ်ကိုနာခံလာနိုင်အောင်ငြိမ်းချမ်းရေးတွေရအောင်အရင်လုပ်..
ဒီအတိုင်းလက်ပိုက်ကြည့်နေရင်တော့ကျည်ပေါက်သံနဲ့သွေးသံရဲရဲတွေဆက်လက်တွေ့
မြင်နေရမှာပဲ။။

ဆွေးနွေးတဲ့နည်းလမ်းမအောင်မြင်တော့ဖူးဆိုရင်တော့။ပြည်သူတွေကိုဓါးစာခံမလုပ်ပဲ
ဟိုးလူရိုင်းတွေခေတ်ကလိုစစ်တပ်တခုထဲဖြစ်လာတဲ့အထိတိုက်ကြ ရုံပဲရှိတော့သည်။

ရဲရင့်ငယ်(၁၁၂၀၁၃)

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနဲ့ အာရှအဆင့်


 DVB TV News's photo.


မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနဲ့ အာရှအဆင့်
========================
၂၀၁၃ အာရှယူ - ၁၉ အမျိုးသမီးဘောလုံး ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကို ကျင်းပခဲ့ရာမှာ မြန်မာအသင်းဟာ ပထမအဆင့် ခြေစစ်ပွဲကနေ စတင်ယှဉ်ပြိုင်ခဲ့ရပါတယ်။ မြန်မာအသင်း ပါဝင်တဲ့ ပထမအဆင့်ခြေစစ်ပွဲကို အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အိမ်ရှင် ဖိလစ်ပိုင်၊ မြန်မာ၊ တရုတ်တိုင်ပေနဲ့ ဟောင်ကောင်အသင်းတို့ပါဝင်ကာ မြန်မာအသင်းက ပွဲတိုင်းအနိုင်ရပြီး အုပ်စုပထမအနေနဲ့ ဒုတိယအဆင့်ခြေစစ်ပွဲဆီ တက်လှမ်း လာပါတယ်။ ဒုတိယအဆင့်ခြေစစ်ပွဲကိုတော့ ဗီယက်နမ်နိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၅ ရက် အထိ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ အိန္ဒိယတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဒုတိယအဆင့်က မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းအတွက် ပိုမို ခက်ခဲခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် မြန်မာ အသင်းဟာ ပွဲဦးထွက်မှာ အိမ်ရှင် ဗီယက်နမ်ကို ၂-၁ နဲ့ အနိုင်ရလို့ အခြေအနေကောင်းသွားပြီး ဒုတိယပွဲစဉ်မှာ တရုတ်တိုင်ပေနဲ့ သရေကျပေမယ့် နောက်ဆုံးပွဲစဉ်မှာ အိန္ဒိယအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နောက်ဆုံးခြေစစ်ပွဲ အဖြစ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာလည်း ၁-၀ ဂိုးနဲ့ အနိုင်ရကာ ၂၀၁၃ မှာ ကျင်းပမယ့် အာရှ ယူ - ၁၉ နောက်ဆုံးအဆင့်ကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။



၂၀၁၂ နဲ့ မြန်မာဘောလုံး
===============
နေမင်းသစ် DVB ၀၁ ဇန်န၀ါရီ ၂၀၁၃
===================
၂၀၁၂ အတွင်း ကျင်းပခဲ့တဲ့ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ မြန်မာအသင်း အချို့ အောင်မြင်မှုတွေ ရရှိခဲ့ကြပေမယ့်လည်း ၂၀၁၂ ကို မြန်မာဘောလုံးအတွက် အောင်မြင်တဲ့ နှစ် ၁ နှစ် အဖြစ် သတ်မှတ်ဖို့ ခက်ခဲနေပါတယ်။

၂၀၁၂ အတွင်း ကျင်းပခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ မြန်မာအသင်းများရဲ့ အနေအထားကို ပြန်ကြည့်ပါ။ မြန်မာ ယူ - ၂၂ အသင်းက အာရှ ယူ - ၂၂ ခြေစစ်ပွဲမှာ ဒေသတွင်းပြိုင်ဘက်တွေကို ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အာဆီယံတံခွန်စိုက်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။

နောက်ထပ် အောင်မြင်မှုတခုကတော့ ချီးကျူးစရာကောင်းတဲ့ မြန်မာအမျိုးသမီး ယူ - ၁၉ အသင်းရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းဟာ အာရှ ယူ - ၁၉ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ အတွင်း မြန်မာအသင်းတွေ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအကြောင်း တင်ပြအပြီးမှာ မြန်မာအသင်းတွေရဲ့ ကျရှုံးမှုတွေကို ပြောချင်ပါသေးတယ်။ မြန်မာဘောလုံးလောကရဲ့ အမြင့်ဆုံး စံနှုန်းဖြစ်တဲ့ မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလား ပြိုင်ပွဲမှာ အရှက်ရဖွယ် အုပ်စုအဆင့်ကနေ ထွက်ရခြင်းနဲ့ ၂၀၁၂ အေအက်ဖ်စီကလပ် အသင်းပြိုင်ပွဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အကောင်းဆုံးကလပ်အသင်းတွေ အုပ်စုအဆင့်မှာတင် ပြုတ်ကျန်နေရစ်ခြင်းတို့ ဖြစ်ပါတယ်။

၂၀၁၂ အတွင်း မြန်မာအသင်းတွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲများမှ အနေအထားတွေကို ပြန်လည်တင်ပြလိုပါတယ်။

AFC CUP ပြိုင်ပွဲနဲ့ မြန်မာကလပ်အသင်းများ
=======================
မြန်မာကလပ်အသင်းတွေဟာ AFC President's Cup ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ အနေထားကနေ ၂၀၁၂ မှာ AFC Cup ကို စတင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဒုတိယ ရရှိထားတဲ့ ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်စေပြီး မတ် ၇၊ ၁၂၊ ဧပြီ ၃၊ ၁၁၊ ၂၄ ရက်နဲ့၊ မေ ၈ ရက်တို့မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းဟာ ထိုင်းကလပ်အသင်း ချောင်ဘူရီ၊ စင်ကာပူကလပ်အသင်း ဟုမ်းယူနိုက်တက်၊ ဟောင်ကောင်ကလပ်အသင်း စီတီဇင် တို့နဲ့ ယှဉ်ပြိုင်ရာမှာ နိုင်ပွဲလုံးဝ မရှိဘဲ ၂ ပွဲသရေ၊ ၄ ပွဲရှုံး ရလဒ်နဲ့ အုပ်စုနောက်ဆုံးနေရာသာ ရရှိခဲ့ပါတယ်။

ဧရာဝတီယူနိုက်တက်အသင်းဟာ ရန်ကုန်ယူနိုက်တက်အသင်းထက် အခြေအနေ ပိုကောင်းခဲ့ပေမယ့် ရှုံးထွက်အဆင့် တက်ရောက်နိုင်တဲ့ အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မလေးရှားကလပ်အသင်း ကီလင်တန်၊ အင်ဒိုနီးရှားကလပ်အသင်း အရီမာ၊ ဗီယက်နမ်ကလပ် အသင်း ဆိုင်ဂုံတို့နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ဧရာဝတီယူနိုက်တက်အသင်းဟာ အရီမာ၊ ဆိုင်ဂုံတို့နဲ့ ရမှတ်တူခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းလိုပဲ အုပ်စုနောက်ဆုံး နေရာမှာ ရပ်တည်ရပြီး ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။

AFC ယူ ၂၂ ခြေစစ်ပွဲနဲ့ မြန်မာအသင်း
===================
ယူ ၂၂ ခြေစစ်ပွဲကို ဇွန် ၂၃ ရက်မှ ဇူလိုင် ၃ ရက်အထိ ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့ပြီး အိမ်ရှင်မြန်မာအသင်းဟာ တောင်ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေအသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဒီခြေစစ်ပွဲမှာ အိမ်ရှင်မြန်မာအသင်းဟာ မြန်မာပရိသတ်ရဲ့ သောင်းသောင်းဖြဖြ အားပေးမှုအောက်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မြန်မာ ယူ - ၂၂ အသင်းအနေနဲ့ နာမည်ကြီး တောင်ကိုရီးယား အသင်းကို ဂိုးမရှိ သရေကစားခဲ့ပြီး ဖိလစ်ပိုင်ကို ၅-၁ ဂိုး၊ ဗီယက်နမ်ကို ၃-၁ ဂိုး၊ တရုတ်တိုင်ပေကို ၆-၂ ဂိုး၊ အဓိကပြိုင်ဘက် မလေးရှားအသင်းကို ၂-၁ ဂိုးတို့နဲ့ အနိုင်ရပြီး အုပ်စု ပထမအဖြစ် ခြေစစ်ပွဲအောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနဲ့ တောင်ကိုရီးယားအသင်းတို့ ရမှတ် အနေအထားမှာ ၁၃ မှတ်စီ တူညီခဲ့ပေမယ့် ဂိုးကွာခြားချက်အရ တောင်ကိုရီးယားအသင်းက အုပ်စုပထမနေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း
====================
ဂျပန်လူမျိုးနည်းပြ ကူမာဒါ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ မြန်မာလက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းဟာ ၂၀၁၂ အာဆီယံတံခွန်စိုက် အမျိုးသမီးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်လို့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုအဆင့်မှာ ဖိလစ်ပိုင်ကို ၃-၀ ဂိုး၊ စင်ကာပူ ကို ၁၁-၀ ဂိုးတို့ အနိုင်ရပြီး ဗီယက်နမ်ကို ၁-၂ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ အုပ်စုဒုတိယအဖြစ် တက်ရောက်လာတဲ့ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ နာမည်ကြီး ထိုင်းအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ ခရီးဆက်နိုင်ခဲ့တယ်။ ဗိုလ်လုပွဲမှာ အိမ်ရှင်ဗီယက်နမ်အသင်းနဲ့ ပြန်တွေ့ပြီး သာမန်ပွဲ ကစားချိန်အတွင်း ဂိုးမရှိ သရေကျနေတာကနေ ပင်နယ်တီအဆုံးအဖြတ် ကန်ရာမှာ မြန်မာအသင်း ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲနဲ့ မြန်မာ့လက်ရွေးစင်အသင်း
========================
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲကို ခြေစစ်ပွဲအဆင့် ကနေ စတင်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲရဲ့ ခြေစစ်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ခဲ့တာပါ။ ဒီခြေစစ်ပွဲမှာ မြန်မာအသင်းဟာ ဘရူနိုင်းအသင်းကို ၁-၀ ဂိုး၊ တီမောအသင်းကို ၂-၁ ဂိုးတို့နဲ့ အနိုင်ရပြီး လာအိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် အုပ်စုပထမအဖြစ် ဆူဇူကီးဖလား ပြိုင်ပွဲနောက်ဆုံးအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ရဲ့ အုပ်စု (က) မှာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာအသင်းဟာ ပွဲဦးထွက်မှာ ဗီယက်နမ်အသင်းကို ဂိုးမရှိ သရေကျခဲ့ပေမယ့် ထိုင်းကို ၄-၀၊ ဖိလစ်ပိုင်ကို ၂-၀ တို့နဲ့ ရှုံးကာ အုပ်စုနောက်ဆုံးနေရာကနေ ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲတုန်းကလည်း မြန်မာအသင်း အုပ်စုနောက်ဆုံးဖြစ်ခဲ့လို့ ၂၀၁၂မှာ ခြေစစ်ပွဲဝင်ရတာ ဖြစ်ပြီး ၂၀၁၂ မှာ အုပ်စုနောက်ဆုံး ဖြစ်ပြန်တော့ ၂၀၁၄ မှာ ခြေစစ်ပွဲကနေ ပြန်ယှဉ်ပြိုင်ဦးမှာပါ။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနဲ့ အာရှအဆင့်
========================
၂၀၁၃ အာရှယူ - ၁၉ အမျိုးသမီးဘောလုံး ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကို ကျင်းပခဲ့ရာမှာ မြန်မာအသင်းဟာ ပထမအဆင့် ခြေစစ်ပွဲကနေ စတင်ယှဉ်ပြိုင်ခဲ့ရပါတယ်။ မြန်မာအသင်း ပါဝင်တဲ့ ပထမအဆင့်ခြေစစ်ပွဲကို အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အိမ်ရှင် ဖိလစ်ပိုင်၊ မြန်မာ၊ တရုတ်တိုင်ပေနဲ့ ဟောင်ကောင်အသင်းတို့ပါဝင်ကာ မြန်မာအသင်းက ပွဲတိုင်းအနိုင်ရပြီး အုပ်စုပထမအနေနဲ့ ဒုတိယအဆင့်ခြေစစ်ပွဲဆီ တက်လှမ်း လာပါတယ်။ ဒုတိယအဆင့်ခြေစစ်ပွဲကိုတော့ ဗီယက်နမ်နိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၅ ရက် အထိ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ အိန္ဒိယတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဒုတိယအဆင့်က မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းအတွက် ပိုမို ခက်ခဲခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် မြန်မာ အသင်းဟာ ပွဲဦးထွက်မှာ အိမ်ရှင် ဗီယက်နမ်ကို ၂-၁ နဲ့ အနိုင်ရလို့ အခြေအနေကောင်းသွားပြီး ဒုတိယပွဲစဉ်မှာ တရုတ်တိုင်ပေနဲ့ သရေကျပေမယ့် နောက်ဆုံးပွဲစဉ်မှာ အိန္ဒိယအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နောက်ဆုံးခြေစစ်ပွဲ အဖြစ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာလည်း ၁-၀ ဂိုးနဲ့ အနိုင်ရကာ ၂၀၁၃ မှာ ကျင်းပမယ့် အာရှ ယူ - ၁၉ နောက်ဆုံးအဆင့်ကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ နဲ့ မြန်မာဘောလုံး သုံးသပ်ချက်
====================
၂၀၁၂ ကို ပြန်ကြည့်ပါ။ မြန်မာအသင်း အချို့အောင်မြင်မှုရရှိကာ အသင်းအချို့ အရှက်ရဖွယ် ရှုံးပွဲတွေ ကြုံခဲ့ပါတယ်။ အနုစိတ် သုံးသပ်ကြည့်လိုပါတယ်။ မြန်မာအသင်းတွေရှုံးနိမ့်ခဲ့တာက လက်ရွေးစင်အဆင့်ပွဲတွေနဲ့ အသက်ကန်သတ်ချက်မဲ့ ကလပ်အသင်းပြိုင်ပွဲတွေမှာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တာက အသက်ကန့်သတ်ချက်နဲ့ ပြိုင်ရတဲ့ပွဲတွေမှာပါ။ ဒီနေရာမှာ မြန်မာ ဘောလုံးရဲ့ အနာဂတ်မျိုးဆက်တွေက ဒေသတွင်းမှာ ပြိုင်ဘက်မရှိ အကောင်းဆုံးဖြစ်နေပြီလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

၂၀၁၂မှာ အောင်မြင်မှုရခဲ့တဲ့ မြန်မာဘောလုံးမျိုးဆက်တွေဟာ နောင်၂ နှစ်၊ ၃ နှစ် အကြာမှာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုကြတဲ့အခါ အခုလိုပဲ ဒေသတွင်းပြိုင်ဘက်တွေ အပေါ် လွှမ်းမိုး အနိုင်ယူနိုင်စွမ်း ရှိဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ အဖြေတခု ထုတ်ပေးမယ့် အချိန်ကာလတခု ရောက်ရှိလာမှာက ရင်ခုန်စရာလည်းကောင်းလှပါတယ်။

ဦးမော့စ်ဆုံးသွားပြီ

Ponnya Khin
39 minutes ago via mobile ·

    ခုနလေးက ရုပ်ရှင်company တစ်ခုရဲ့မန်နေဂျာတစ်ဦး ကျမဆီမှာ ၀ထ္ထုလာဝယ်ပါတယ်။ကျမပေးတဲ့စာချုပ်မှာသူလက်မှတ်ထိုးနေတုန်း ဖုန်းဝင်လာပါတယ်။ဦးမော့စ်ဆုံးသွားပြီတဲ့ သူဝမ်းပန်းတနည်းရေရွတ်လိုက်တာကိုကြားလိုက်ရတဲ့ကျမလည်း ခနငိုင်သွားမိတယ်။၂၀၁၂မှာထိုက်ထိုက်တန်တန်အကယ်ဒမီယူပြီး၂၀၁၃ရဲ့ပထမဆုံးရက်မှာထွက်ခွာသွားတဲ့ဦးမော့စ်တစ်ယောက်ကောင်းရာသုဂတိလားပါစေရှင်။





ဦးမိုးဒီလည်းအမှီလေးနဲ့လာခဲ့တယ်။