Wednesday, January 2, 2013

Myanmar Film Academy Awards for Year 2011 in Yangon



ဆီကိုရေချိုးနိုင်တဲ့ခေတ်ကျန်ရ၀်ပြီ

ကလင်တန် ဆေးရုံ က ဆင်းပြီ

Credit: Reuters via Wall Street Journal--Freedom News Group(Burma) ပြီးခဲ့တဲ့ရက်အနည်းငယ်ကသွေးခဲရောဂါနဲ့မေ့မျောသွားလို့နယူးယောက်ကဆေးရုံတခုမှာဆေးကုသမှုခံယူခဲ့ရတာပါ။

လိမ်လည်ငွေလဲသူများသတိပြု.....

Venus News ဂျာနယ် Thet Htun Oo

သမ္မတဗိုလ်သိန်းစိန်နှင့် စိုင်းနော်ခမ်းဇာတ်လမ်း

၁။ ထောက်လှမ်းရေးပြုတ်ဗိုလ်ချုပ်ခင်ညွှန့် သည် ၀လူမျိုးတသိန်းကျော်ကို ရှမ်း(မြောက်)မှ ရှမ်း(တောင်)သို့  ရွေ့ ပေးခဲ့ပြီး ၀သပတပ်ကိုပါ ထိုင်းနယ်စပ်သို့ အခြေချခွင့်ပြုခဲ့သည်။
၂။ ၀တပ်နှင့် ခွန်ဆာတပ်တို့ နယ်မြေလုတိုက်ပွဲ ၉၀နှစ်များတ၀ိုက်မှာဖြစ်ပေါ်ပြီးနောက်ပိုင်း ခွန်ဆာသည် န၀တထံလက်နတ်ချခဲ့သည်။
၃။ ခွန်ဆာတပ်ဖွဲ့ ဝင်တယောက်ဖြစ်သည့် စိုင်းနော်ခမ်းလည်း လက်နတ်ချရာမှာပါခဲ့သည်။
၎။ န၀တမှ ၀သပ(ရှမ်းတောင်ပိုင်း) ဌာနချုပ်ကို မိုင်းယောင်းမှာ အခြေပြုခွင့်ပေးသလို၊ခွန်ဆာလူများကိုလည်း ဟိုမိန်းမှာ အခြေပြုခွင့်ပေးခဲ့သည်။
၅။ စိုင်းနော်ခမ်းသည် ဟိုမိန်း-တာချီလိတ်-ကျိုင်းတုံကိုအခြေခံခဲ့သည်။ တြိဂံဒေသတိုင်းမှာ ဗိုလ်သိန်းစိန် တိုင်းမှူးဖြစ်ချိန်မှာ စိုင်းနော်ခမ်းကို ပြည်သူ့  စစ်လည်းမဟုတ်၊ကာကွယ်ရေးတပ်လည်းမဟုတ်ပဲ အင်အားစုလက်နတ်ကိုင်ခွင့်ပေးထားသည်။
၆။ တာချီလိတ်နယ်ခြားကော်မီတီဥက္ကဌဒုဗိုလ်မှူးကြီးမျိုးချစ်၊နယ်မြေခံတပ် ခမရ(၃၃၁)တပ်ရင်းမှူးတို့ သည် စိုင်းနော်ခမ်းနှင့် ရင်းနှီးပြုငှာရှိသူများဖြစ်သည်။
၇။ တိုင်းမှူးဗိုလ်သိန်းစိန်အောက်တွင် တာချီလိတ်ဗျူဟာ၊ကျိုင်းတုံဗျူဟာ၊ချင်းရွှေဟော်ဗျူဟာနှင့်စကခဗျူဟာမှူးများရှိသည်။ အဆိုပါ ဗျူဟာမှူးများအားလုံးနှင့် စိုင်းနော်ခမ်းဆက်ဆံရေးလမ်းကြောင်းရှိခဲ့သည်။

၈။ ထို့ အပြင် တြိဂံတိုင်းမှူးဖြစ်ခဲ့သော လက်ရှိကာချုပ် ဗိုလ်မင်းအောင်လှိုင်၊ဗိုလ်ကျော်ဖြိုးတို့  နှင့် စိုင်းနော်ခမ်းအဆင်ပြေခဲ့သည်။
၉။ ထိုင်းထောက်လှမ်းရေးက သတင်းအသိအကျနှင့် တာချီလိတ်မည်သည့်နေရာ၊မည်သည့်အိမ်မှာ စိတ်ကြွဆေးနှင့်ဘိန်းရှိကြောင်းသတင်းပို့  ဖမ်းခိုင်းံရင် အဖမ်းပဲပြခဲ့သောလည်း၊လူကိုရှောင်ခိုင်း၊ကာကွယ်ပေးသောနည်းနှင့် မြန်မာဘက်မှ စစ်ဗိုလ်များလုပ်ခဲ့သည်။
၁၀။ တခါက စိုင်းနော်ခမ်းမှ ထုတ်ဖော်ပြောဖူးတာကတော့ ကျနော်ရတဲ့ငွေကို ၃ပုံ ပုံရင်၊ တပုံကို စစ်တပ်၊ တပုံ အက်စ်အက်စ်အေ၊ တပုံကျနော်အတွက်ယူသည်လို့ ပြောဆိုခဲ့သည်။
၁၁။ စစ်တပ်လို ဒေသခံများအပေါ် အနိုင်ကျင့်မနှိပ်စက်၊မသတ်ဖြတ်လို့  စိုင်းနော်ခမ်းကို ဒေသခံများက လိုလားနှစ်ခြိုက်သည်။

သူကိုယ်တိုင်လည်း ကျေးရွာများကို ငွေအကုန်ခံပြီး အကျိုးပြုခဲ့သဖြင့် ရှမ်း၊လားဟူတိုင်းရင်းသားများမှ လေးစားကြသည်။
၁၂။ ယခုအခါမှာ စိုင်းနော်ခမ်းကို ထိုင်းနိုင်ငံမှဆုငွေထုတ်ပြန်လိုက်ပြီးမကြာခင်မှာပဲ လောနိုင်ငံအတွင်းမှာ ဖမ်းဆီးမိသွားပြီဖြစ်သည်။ သူနှင့်ပက်သက်ခဲ့ဖူးသော တြိဂံတိုင်းမှူးဗိုလ်သိန်းစိန်ကတော့ ဆုတံဆိပ်တွေနှင့် သန့်  ရှင်းသောအစိုးရ သမတဖြစ်နေပါသည်။

အမှန်တရားကို ထာဝရဖုံးကွယ်ထား၍မရပါ။

စစ်အောင်

Credit: Ko Kyaw Than
See more below link
http://www.burmese.panglong.org/news/92-2008-08-03-06-48-25/3111--rcssssa-.html

သင်တို့သည် ဆရာဝန်တစ်ယောက်မဟုတ်ဖူးဆိုလျှင်------

တခါတုန်းကပေါ့ဗျာ..
ကျနော့်ရဲ့သူဌေးဆရာဝန်နဲ့ ခရီးတစ်ခုကအပြန်မှာ
သူအရင်ပို့စတင်ကျခဲ့ဘူးတဲ့ရွာကို ခဏဝင်ဘို့ဖြစ်လာခဲ့တယ်။ အကြောင်းကတော့ရွာဦးကျောင်းဆရာတော်မကျန်းမာလို့ ဝင်ကြည့်ပေးတာပါ။
ကျောင်းပေါ်ရောက်တော့ ဆရာအလုပ်ရှုပ်နေချိန်မှာ ကျနော်ကတော့ ဟိုကြည့်ဒီကြည့်ပေါ့ဗျာ။
သတိရလို့နောက်လှည့်ကြည့်လိုက်တော့မှ လားလား..
ကျောင်းပေါ်ရောက်နေကြတဲ့သူတွေ နည်းတာမှမဟုတ်တာ။
ဆရာရောက်နေလို့လာနှုတ်ဆက်ကြတာတဲ့။

ပြောတုန်းမှာဘဲ မိန်းမတယောက်ပြေးတက်လာပြီး ဆရာသမားကိုလာနှုတ်ဆက်တယ်။ ပြီးတော့လက်မှာဆွဲလာတဲ့ကလေးကိုပြောလိုက်သေးတယ်ဗျ။
အဲဒီစကားနဲ့သူမရဲ့အမူအယာကိုကျနော်ဘယ်တော့မှ မမေ့ဘူး။
..
ဟဲ့..သား ကန်တော့စမ်း အဲဒါနင့်ကျေးဇူးရှင်၊ သူသာမကယ်ရင်နင်လူဖြစ်မလာဘူးတဲ့...

တကယ်ပါ ကြည့်ခဲ့ဘူးတဲ့ရုပ်ရှင်တွေထဲကအတိုင်း အရှင်လတ်လတ်ကြီးကိုကြုံခဲ့ရတာဗျ။
ဆရာသမားကတော့ ကျနော်တို့ရှေ့ဆိုတော့ ရှက်သလိုလို ကျေနပ်သလိုလိုပေါ့။

အဲဒီညနေက ကျနော်တို့ရန်ကုန်ကိုမပြန်ဖြစ်ပါဘူး။ ရွာကလူတွေဆွဲထားတာနဲ့ အဲဒီမှာဘဲတစ်ညအိပ်လိုက်တယ်။ တစ်ညလုံးလည်းစားလိုက်သောက်လိုက်ရတာ ဗိုက်ကားရော။
ဒါပေမဲ့ ညနေက ဝေမျှခံစားလိုက်ရတဲ့ ပီတိအရသာကိုမမှီပါဘူးဗျာ။

ဒီအကြောင်းလေးက ခေါင်းထဲမှာရှိနေခဲ့တာကြာခဲ့ပါပြီ၊ သွားရင်းလာရင်းနဲ့ အောက်က စာလေးကိုဖတ်မိရင်း ရေးချင်စိတ်ပေါ်လာခဲ့တာပါ။
တလက်စတည်း တင်ပေးလိုက်ပါတယ်။
စာပေဥယျာဉ်-ဆေးမန်း မှကူးလာတာပါ။
မူရင်းပို့စ်ပိုင်ရှင်ထံမှခွင့်တောင်းခွင့်မရတာကိုနားလည်ပေးပါဗျာ။
..
..
----------------------------------------------------
အနယ်နယ်အရပ်မှ house surgeon များကိုဂုဏ်ပြုပါသည်
သင်သည်ဆရာဝန်တစ်ဦးမဟုတ်လျှင် အောက်ပါအကြောင်းအရာများကို ဘယ်တော့မှသိနိုင်လိမ့်မည်မဟုတ်ပါ....

"ပေး နှစ်ထောင်" ECမှတောင်းလိုက်သောအသံဖြစ်သည်
"ဟို...ECGဖိုးလား မတောင်းခဲ့ရဘူး ကြောက်လို့ FOCလုပ်လိုက်ရင်ကော" ဟောက်ဆာဂျင်ဆရာဝန်လေးမျက်နှာချိုသွေးသည်
EC- FOCလုပ်လို့မရဘူးဟ ငါတို့မှာ fund မရှိတော့ဘူး Emergency boxကိုလဲဆေးဖြည့်ရအုံးမှာ(သေလုမျောပါးလူနာတစ်ယောက်ကို resuscitation လုပ်ပီးဆေဖိုးတောင်းလို့မှမရတာ)
တပြားမှမပေးနိုင်တဲသူတွေအတွက်လဲချန်ထားရအုံးမယ်လေ
HS(a)- ဒါဆိုနင်သွားတောင်း ငါECG ဆွဲပီးပီ နင်တောင်းအလှည့်
EC - အံမာ နင်ဆွဲတာနင်တောင်းပေါ့
HS (b c d e) - အေးလေ( အမြန်ထောက်ခံသည် တော်ကြာကိုယ့် ဖက်လှည့်လာမှဖြင့်)
HS(a) - ဒါဆိုနင်တို့ထဲကတစ်ယောက်လိုက်ခဲ့
HS(b c d e) -လိုက်ဘူး (ပြိုင်တူ)
HS(a) - ဒါဆိုငါလဲမသွားဘူး (အခြေအနေကတင်းမာလာသည်)
EC - ဒါဆိုလဲမဲနှိုက်မယ်လေ
xxxxxxxxxxxx မဲနှိုက်လိုက်ကြသည်xxxxxxxx
HS(b)( မဲပေါက်သူ) - အေးဟယ် ပေါက်မှတော့သွားတာပေါ့
HS(c) -နင့်ဖုန်းကြီးထားခဲ့ ဖုန်းကြီးကိုင်ပီးပိုက်ဆံတောင်းတာကြည့်မကောင်းဘူး

ပိုက်ဆံစတောင်းပါပြီ.....
HS(b) - ဟိုလေ ခုနက ECG ဆွဲတာလေ အဲဒါ နှစ်ထောင်ကျတယ်
လူနာ- (မျက်နှာကို အတင်းဆုံးထားလိုက်သည် ငါတို့ကပိုက်ဆံမပေးရတဲ့ ဆေးရုံကြီးမှာတတ်တာဟူသော အသိဖြင့် ဒီဆရာဝန် အချဉ်လာဖမ်းနေပြီပေါ့)
အိမ်ကမလာသေးလို့လာမှပေးမယ်
HS(b) - အော်ဟုတ် ရပါတယ် ခဏနေဆရာဝန်အခန်းကိုလာပေးလှည့်နော်(mission failed )
EC- ရလား
HS(b) - ရဘူး နောက်တစ်ခါမတောင်းတော့ဘူးကွာ(ဒီလိုနဲ့ ရတာတွေရှိသလို မရတာတွေလဲ အများကြီးပါ)
ဆရာဝန်လေးတွေအလုပ်လုပ်ဖို့တွက်ကပ်နေကြသည် ဟုထင်ပါသလား ပိုက်ဆံတောင်းဖို့တွက်ကပ်နေကြခြင်းဖြစ်သည်
အိမ်ကဆင်ထားတဲ့ ဖုန်း ရွှေတွဲလဲ နဲ့ မရှိဆင်းရဲလူနာဆီက ပိုက်ဆံဘယ်သူတောင်းချင်ပါမည်နည်း မပေးနိုင်သောလူနာတစ်ယောက်တည်းမဟုတ်ပါ ဆေးရုံကြီးရောက်လျှင်လူနာအားလုံး သူ့ထက်ငါဆင်းရဲသားတွေဖြစ်သွားကြသည် တစ်ယောက်ဆီကမှပိုက်ဆံတောင်းမရလျှင် ဘယ်လိုဆက်လည်ပတ်မည်နည်း (ဆေးရုံကြီးမှစက်များသည်ပျက်တတ်သောစက်များဖြစ်သည်)
လူနာရှင်မရှိ လမ်းဘေးမှာတွေ့လို့ကောက်လာတဲ့ လူနာတွေကိုဘာနှင့်ကုမည်နည်း.....

House surgeon အခန်းတစ်နေရာတွင်
HS a - ဒီနေ့ဗြမစိုရ်လာမှာလားလို့
HS b - အေး နင်တောင်းစရာရှိလား(ကိုယ့်အတွက် မဟုတ်ပါ လူနာတွေအတွက်ထောက်ပံ့ကြေးတောင်းရန်ဖြစ်သည်)
HS a c d e - ငါ့ round site မျာအများကြီးပဲ (ပြိုင်တူ)
HS a- ဟူး ဒါဆိုရင်တော့ တန်းစီရလိမ့်အုံးမယ် ဟိုတစ်နေ့က ဂျပုမ ငါ့ကိုအတင်းအလှည့်ကျော်သွားတာမကျေနပ်ဘူး အလှည့်မကျော်ကြေးနော်(ပူနေတာ ကိုယ့်အတွက်မဟုတ် လူနာအတွက်သာ တော်ကြာကိုယ်နောက်ကျလို့ ဟိုကပါတာကုန်မှဖြင့် ငါ့လူနာတော့ ငတ်ပါပြီ)
အခြား house တွေလဲ အတူတူပဲတွေးနေပါလိမ့်မည် ဒါ့ကြောင့်လဲ ဗြမစိုရ်လာရင် လုကြတာလေ......

ဗြမစိုရ်မလာခင် 15min အလို......
House များအသီးသီး မိမိတိုတာဝန်ကျလူနာများနားကပ်ပြီး တီးတိုးတီးတိုးပြောနေကြပြီ
HS - ယောက်ျားကအလုပ်မလုပ်ဘူးလို့ပြောနော် ကလေးတွေလဲကျောင်းမထားနိုင်ဘူး ထောက်ပံ့မဲ့သူမရှိဘူးလို့ပြော ဒါမှဟိုကများများပေးမှာ ကြားလား
လူနာ -(ခုနက မျက်နှာနဲ့တခြားစီ) ဟုတ်ကဲ့ပါဆရာလေးရယ်
HS - ဟိုတစ်နေကပေးပြီသားလားမေးရင်မကြားချင်ယောင်ဆောင်နေနော်(ဟုတ်တာတွေရော မဟုတ်တာတွေရော သင်ပေးရတာ ဗြမစိုရ်ကိုတော့ ကန်တော့ပါတယ် သူလဲရှိသမျှလူနာတွေအတွက်ဘယ်ပေးနိုင်ပါ့မလဲ လူတော့စီစစ်ရတာပေါ့ တခါတလေ ဆင်းရဲချင်ယောင်ဆောင်တဲ့ လူနာတွေကပါသေး ) စီစစ်လဲတို့ကမမှုပေါင်တို့လူနာတွေကို ရှယ်သင်ပီသား တခါတည်းသနားသွားအောင် .......ဘယ်ရမလဲ....

Night duty တစ်ညတွင်

8pm.....
House surgeonများဝိုင်းဖွဲ့စကားပြောနေကြသည်

10pm....
House surgeon များအလုပ်လုပ်ပီး(သွေးပေါင်တိုင်း ဆေးထိုး) စကားပြန်ပြောနေကြသည် လူနာတွေအားလုံးလဲနေကောင်းသည်

12midnight- HS တစ်ချို့အိပ်မောကျကုန်ကြပီ
တစ်ချို့ကတော့စကားပြောတုန်းပဲ
လူနာတစ်ချို့စပြီးအိပ်မပျော်ဖြစ်လာပြီ
.......
xxxxxxxx
xxxxxxxx
2AM- ဒီအချိန်မှာတော့ မအိပ်တဲ့သူရှိမည်မထင် HS အားလုံးအိပ်ကုန်ကြပီ ကုတင်ပေါ်မှာ ကုလားထိုင်မှာ ဖြစ်သလိုအိပ်နေကြသည်
"ဆရာ.....ဆရာ" ခေါ်သံခပ်တိုးတိုး
ခေါင်းထဲတွင်မကြားတစ်ချက်ကြားတစ်ချက်
ဟုတ်လောက်ပါဘူးလေ ဆက်အိပ်အုံးမယ် ဟောက်ဆာဂျင်လေး ဆက်အိပ်သည်
"ဒုန်း ဒုန်း ဒုန်း" တံခါးကိုထုသည်
ဟောက်ဆာဂျင်လေး လန့်နိုးသွားသည်....သိပ်တော့မကျေနပ် အိပ်မက်ကကောင်းနေပြီမလား ...သိုပေမဲ့လဲ သူကလူနာလေထရအုံးမှာပေါ့ တော်ကြာကြီးကြီးမားမားတစ်ခုခုဖြစ်နေရင် ဒုက္ခ
HS - ဘာဖြစ်တာလဲ
လူနာစောင့် - ဆရာ လူနာကဇက်ကြောတက်နေလို့တဲ့ အဲဒါဆေးပေးပါအုံး
HS လေးမျက်နှာပျက်သွားသည်မှာ ဆရာဝန်လေး၏အပြစ်လို့ တထစ်ချပြောနိုင်ပါသလား
သင်တို့ကော ည ၂ နာရီ ဇက်ကြောတက်လို့သင်တို့၏အမေ သင်တို့၏ချစ်ဇနီးတို့အား ဇက်ကြောဆွဲခိုင်းရန်နှိုးဖူးပါသလား ဘယ်ရမလဲ အိမ်မှာလာလုပ်လို့ကတော့ ကုတင်ပေါ်ကကန်ချတယ်.....
ဆရာဝန်နဲ့လူနာမို့လို့ဆရာဝန်လေး မျက်နှာပျက်ယုံပျက်တာ ဆရာဝန်၏အပြစ်ပါလား သို့ပေမဲ့လဲတစ်ခုခုတော့လုပ်ပေး လိုက်ရတာပ

2:30am -
"ဒုန်းဒုန်းဒုန်း" ဒီတစ်ခါပါးစပ်တောင်မပါတော့ဘူး တခါတည်းတန်းထုသည် တံခါးကို
HS - ဘာဖြစ်တာလဲ
လူနာစောင့် - ဆရာဝန်ကြီးက ဝမ်းသွားရင်ဆရာလေးတို့ကို အရောင်ကြည့်ခိုင်းပါဆိုလို လူနာကအခုမှဝမ်းသွားလို့ ဝမ်းလေးလိုက်ကြည့်ပေးပါအုံး
ဟုတ်တယ် သူခေါ်တာလဲဟုတ်တယ် ကျနော်တို့မှာဝမ်းကိုကြည့်ရမယ့်တာဝန်ရှိတယ် ဒါပေမဲ့ စဉ်းစားကြည့်ပေါ့ဗျာ ညတရေးနိုးလူများပါထားတဲ့ ဝမ်းကိုထကြည့်ရတဲ့ ဆရာဝန်အဖို့မျက်နှာလေးတောင် ပျက်ခွင့်မရှိဘူးလား.....

3pm-
"အုံးအုံးအုံးအုံး" ပိုကြမ်းသော တံခါးထုသံ
လူနာစောင့်- ဆရာတို့ ဒီမှာဖောက်နေပြီ
HS အပေါင်းခေါင်းကြီးသွားသည် ထပေတော့ ရိုးရိုးထလို့မရဘူး အမြန်ထ လူနာဆီပြေးပေတော့
ဟုတ်ပါသည်....လူနာဖောက်နေပြီ အမောအမော ဖောက်တော့မှာပေါ့ ကျောမှီနဲ့အိပ်ပါဆို လှဲအိပ်နေတာကို (heart failure လေ)
HS- ခင်ဗျားကို ခုံကလေးနဲ့မှီအိပ်ဖို့ပြောထားတယ်လေ(cardiac bed)
ဆရာဝန်လေသံမာပါပြီ
လူနာစောင့် - လူနာကအဲဒါကြီးနဲ့မအိပ်ချင်လို့ ဖြုတ်လိုက်တာ
လေသံမာသည့် ဆရာဝန်အပြစ်ရှိပါသလား
သို့ပေမဲ့လဲ နှာနပ်လိုက်ရသပ လူနာလေ

ဒီလိုတွေအများကြီးပါ တကယ်အရေးကြီးတဲ့လူနာတွေဆို တစ်နာရီခြားတစ်ခါသွေးပေါင်ထချိန်ရသေး အဲဒီမှာလူနာကောင်းနေလို့ တစ်နာရီလောက်လေးခိုပြီး ခိုးအိပ်မိတာ အပြစ်လားဗျာ.....
အိုဂျာနယ်လစ်ssss အပေါင်းတို့ သင်တို့သည် ဆရာဝန်တစ်ယောက်မဟုတ်ဖူးဆိုလျှင် heart failure လဲနားလည်မည်မဟုတ်ပါ cardiac bed လဲနားလည်မည်မဟုတ်ပါ သင်တို့နားလည်သည်မှာ ဆရာဝန်ကလူနာကိုအော်ခြင်းပဲဖြစ်ပါသည် ထိုအရာတွေကိုသင်တို့နားလည်အောင်ရှင်းပြပေးဖို့ ကျွန်တော်တို့လဲ သင်တို့ကိုခြောက်နှစ်အချိန်မပေးနိုင်ပါ....

အို ဂျာနယ်လစ်sss အပေါင်းတို့ သင်တို့သည်လိုညမျိုး ဘယ်နှစ်ညကြုံဖူးပါသလဲ သင်တို့သည်ဆရာဝန်တစ်ယောက် မဟုတ်ဖူး ဆိုလျှင်ဘယ်တော့မျှကိုယ်ချင်းစာတတ်မည် သိမည် မဟုတ်ပါ.....မြန်မာနိုင်ငံက အတော်ဆုံးလို့သတ်မှတ်ခံထားရတဲ့ ကျောင်းသားတွေ အဆင့်မြင့်ပညာရပ်တစ်ခုကိုတတ်မြောက်ထားတဲ့ ဆရာဝန်တွေဟာ ငါတို့ရေးချင်သလိုရေးလို့ရတယ် ငါတို့ကိုကြောက်ရမှာပါလား လို့ထင်စေချင်တာများလား.....

Credit to Yee Mon Thant
http://www.facebook.com/yeemon.thant.56

BBC WORLD NEWSမှKIA,တိုက်လေယာဉ်ပစ်ချသည့်သတင်း.

https://www.facebook.com/photo.php?v=371821032914056

ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

RFA Burmese's photo
ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာ အခုပြည်တွင်းမှာ တော်တော်များများလုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာ ဘယ်လိုအလေ့အကျင့်ကောင်းမျိုးတွေ အတွေ့အကြုံကောင်းမျိုးတွေ ရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊ တဖက်ကဖိတ်ကြားတဲ့လူတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေမှာ ပဋိပက္ခဖြေရှင်းရေးတွေကို ဘယ်လိုချဉ်းကပ်သလဲ၊ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်"

ဖိလစ်ပိုင်နိုင်ငံခရီးစဉ်အတွင်း မနီလာမြို့တော် အပါအဝင် တခြားမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၁၈ ရက်နေအထိ သွားရောက်မယ့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုအံဘွယ်ကျော်၊ ကိုဘသက်အောင် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကျော်ပါဝင်မယ်လို့ စုံစမ်းသိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာ အခုပြည်တွင်းမှာ တော်တော်များများလုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာ ဘယ်လိုအလေ့အကျင့်ကောင်းမျိုးတွေ အတွေ့အကြုံကောင်းမျိုးတွေ ရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊ တဖက်ကဖိတ်ကြားတဲ့လူတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေမှာ ပဋိပက္ခဖြေရှင်းရေးတွေကို ဘယ်လိုချဉ်းကပ်သလဲ၊ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်"

ဖိလစ်ပိုင်နိုင်ငံခရီးစဉ်အတွင်း မနီလာမြို့တော် အပါအဝင် တခြားမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၁၈ ရက်နေအထိ သွားရောက်မယ့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုအံဘွယ်ကျော်၊ ကိုဘသက်အောင် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကျော်ပါဝင်မယ်လို့ စုံစမ်းသိရပါတယ်။

လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ်မရှိ ဟု မြန်မာအစိုးရ အရာရှိပြောကြား

r RFA Burmese
ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက် ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့ စောင့်ဆိုင်းနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်က K-8 အမောင်းသင်လေယာဉ်တွေ အသုံးပြုခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ် မဟုတ်ကြောင်း၊ အဲဒီ လဂျားယန် နယ်မြေမှာ ကြည်းကြောင်းကသွားမရပဲ လမ်းပိတ်နေတဲ့ တပ်မတော်တပ်ဖွဲ့တွေကို ရိက္ခာသွားရောက်ပို့ပေးနိုင်ဖို့ စီစဉ်တာဖြစ်ကြောင်းလဲ သူကပြောပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး ယော်ထုန်ကတော့ လေယာဉ်တွေ လာရောက်ပစ်ခတ်ပြီး ဗုံးကြဲတာရှိကြောင်း၊ အစိုးရဘက်က မြေပြင်မှာ အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ပြောပါတယ်။
လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ်မရှိ ဟု မြန်မာအစိုးရ အရာရှိပြောကြား

ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက် ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့ စောင့်ဆိုင်းနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်က K-8 အမောင်းသင်လေယာဉ်တွေ အသုံးပြုခဲ့ကြောင်း၊  ဂျက်တိုက်လေယာဉ် မဟုတ်ကြောင်း၊ အဲဒီ လဂျားယန် နယ်မြေမှာ ကြည်းကြောင်းကသွားမရပဲ လမ်းပိတ်နေတဲ့ တပ်မတော်တပ်ဖွဲ့တွေကို ရိက္ခာသွားရောက်ပို့ပေးနိုင်ဖို့ စီစဉ်တာဖြစ်ကြောင်းလဲ သူကပြောပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး ယော်ထုန်ကတော့ လေယာဉ်တွေ လာရောက်ပစ်ခတ်ပြီး ဗုံးကြဲတာရှိကြောင်း၊ အစိုးရဘက်က မြေပြင်မှာ အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ပြောပါတယ်။

ဘုန်းဘုန်းကျော်ဟိန်းအားဒကာမမင်းသမီးတသိုက်ကန်တော့

SOEMYAT THUZAR's photo.