Thursday, January 3, 2013

ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့်-၇၇၁ တောင်ကုန်းနှင့် ဝန်းကျင်အား သိမ်းယူ

တပ်မတော်က ကေအိုင်အေ အဖွဲ့၏ အဓိက စခန်းထောက် တစ်ခုအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခြင်း
************************************************

နေပြည်တော် ဇန်နဝါရီ ၂
************************************************

နိုင်ငံတော် အစိုးရသည် ပြည်ထောင်စု တစ်ဝှမ်းလုံး တည်ငြိမ် အေးချမ်းမှု ရရှိရန် ရှေ့ရှုလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဖွဲ့(၁ဝ)ဖွဲ့နှင့် သဘောတူ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် တစ်ဖွဲ့သာ ကျန်ရှိတော့သည့် KIA/ KIO နှင့်လည်း ပြည်ထောင်စု အဆင့် အပါအဝင် အဆင့်ဆင့် စေ့စပ် ဆွေးနွေးမှု (၁၁)ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

အလားတူ တပ်မတော် အနေဖြင့်လည်း ၂ဝ၁၂ခုနှစ် အောက်တိုဘာ (၃ဝ)ရက်တွင် ကေအိုင်အေအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် နှစ်ဖက်တပ်များ နေရာချထားရေး အတွက် ထိရောက်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ရန် တောင်းဆိုချက်အရ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး (၁)ဦး အဖွဲ့ဝင်အဖြစ် စေလွှတ်ပေးခဲ့သော်လည်း တစ်ဖက်မှ စစ်ဘက် ခေါင်းဆောင်ပိုင်း တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အရေးကြီးသည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်မှု မရှိခဲ့ပါ။

ဆွေးနွေးပွဲ ပြုလုပ်စဉ် အတွင်း၌လည်း ၂ဝ၁၂ ခုနှစ် သြဂုတ်(၂၉) ရက်တွင် ဖားကန့်မြို့နယ် ဝေအောင် ကမ္ဘာကုမ္ပဏီ အခြေစိုက်ရာ တောင်ကုန်းရှိ ကျောက်ထုတ်လုပ်မှု လုပ်ငန်းနှင့် စက်ယန္တရားများအား ကေအိုင်အေ အဖွဲ့က ဝင်ရောက် နှောင့်ယှက် ဖျက်ဆီးနေကြောင်း သတင်းအရ တပ်မတော်က ဝင်ရောက် ရှင်းလင်းရာတွင် ကေအိုင်အေအဖွဲ့က ထောင်ချောက်မိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများ ထိခိုက် ကျဆုံးခဲ့ရသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ (၁၈)ရက်တွင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ရဲစခန်းအား ကေအိုင်အေ အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက် ကျဆုံးလျက် လက်နက်များ ဆုံးရှုံးခဲ့သည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ(၂၁)ရက်တွင် ကေအိုင်အေအဖွဲ့သည် မန္တလေး- မြစ်ကြီးနား ကုန်ရထားအား အကြောင်းမဲ့ မိုင်းခွဲ တိုက်ခိုက်ခဲ့သဖြင့် ရထားသံလမ်း ပျက်စီး၊ ကုန်တွဲများ တိမ်းမှောက် ပျက်စီး၍ ကုန်ပစ္စည်းများ ဆုံးရှုံးပြီး ဝန်ထမ်းများလည်း ဒဏ်ရာ ရရှိခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ(၃ဝ)ရက်တွင် မီးရထားလမ်း လုံခြုံရေး ဆောင်ရွက်လျက် ရှိသော မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာအုပ်စု တောင်နီ ပြည်သူ့စစ်စခန်း အား ကေအိုင်အေ အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဒဏ်ရာရ ဖမ်းဆီးခံရကာ လက်နက်များ သိမ်းယူသွားပြီး ရထားလမ်း တံတားမိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။ ကေအိုင်အေအဖွဲ့သည် ၂ဝ၁၁ ခုနှစ် ဇွန်လမှစတင်၍ ရထားလမ်း မိုင်းခွဲမှုအကြိမ် (၅ဝ)ကျော်၊ လမ်း၊ တံတား ဖောက်လုပ်ရေး ယန္တရားများ တိုက်ခိုက် ဖျက်ဆီးမှု အကြိမ်(၁ဝဝ) ကျော် ပြုလုပ်ခဲ့ကြသည်။

တပ်မတော်အနေဖြင့် မြစ်ကြီးနား- ဗန်းမော်ကားလမ်း လုံခြုံချောမွေ့စွာ သွားလာရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ အဆက်မပြတ် ပြုလုပ်ခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် မြစ်ကြီးနား- ဗန်းမော် လမ်းကြောင်း အနီးတွင် လုံခြုံရေးအရ တပ်စွဲထားသည့် လဂျားယန် စခန်းသို့ ရိက္ခာ ပို့ဆောင်ရေး ဆောင်ရွက်ရန် ကိစ္စရှိလာတိုင်း သက်ဆိုင်ရာမှ တစ်ဆင့် ကေအိုင်အေ အဖွဲ့အား ကြိုတင် အသိပေးခဲ့သော်လည်း ရိက္ခာပို့ခဲ့သည့် (၃) ကြိမ်စလုံးတွင် ရိက္ခာပို့ စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ/ စစ်သည်များ ထိခိုက် ကျဆုံးခဲ့ရသည်။ အလားတူ ရိက္ခာ ပို့ဆောင်ရန် ရှိကြောင်း ကေအိုင်အေ အဖွဲ့ထံ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ(၂၃)ရက်တွင် ကြိုတင် အကြောင်းကြားခဲ့သည့် ကြားမှ ရိက္ခာပို့ စစ်ကြောင်းများကို အင်အား အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် စစ်သည်များ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင် တက်ရောက်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှ လွဲ၍ စခန်းများအား စတင် တိုက်ခိုက်ခြင်း မပြုခဲ့သော်လည်း ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေ အတွက် လဂျားယန်စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းရှိ မြစ်ကြီးနား- ဗန်းမော် ကားလမ်းအား အဓိက ပိတ်ဆို့နှောင့်ယှက် တိုက်ခိုက်နေသည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့်-၇၇၁ တောင်ကုန်းနှင့် ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ (၃ဝ)ရက်တွင် တက်ရောက် သိမ်းယူနိုင်ခဲ့သည်။ ထိုသို့ သိမ်းယူရာတွင် လေကြောင်း အကူအညီကို အသုံးပြုခဲ့ရသည်။ စခန်းအတွင်းမှ (၁၂ဝ) မမစိန်ပြောင်း (၁)လက်၊ (၆ဝ) မမစိန်ပြောင်း (၁)လက်၊ လက်နက်မျိုးစုံ (၁၃)လက်၊ လက်ပစ်ဗုံး မျိုးစုံ အလုံး(၅ဝဝ)၊ ဗုံးသီးမျိုးစုံ (၂၇ဝ)လုံး၊ မိုင်းမျိုးစုံ (၅၂)လုံး၊ ကျည်မျိုးစုံ အတောင့် (၄ဝဝဝ)၊ ယမ်းကြိုး (၂)ခွေ သိမ်းဆည်း ရရှိခဲ့သည်။ ယခုအခါ ကားလမ်း တစ်လျှောက် ဝန်းကျင်အား အသေးစိတ် ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)
ပြန်ကြားရေးဝန်ကြီးဌာန website မှ
source::http://www.ministryofinformation.gov.mm/index.php/news/local-news/1892-2013-01-02-13-34-37.html

"AutoCAD ကို မှန်အောင် ပေါင်းတတ်သူဖြစ်ရမည်"

"ကြောင်ကျွမ်းကျင်သူ အလိုရှိသည်"

မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် ၄ဦးကို ပြစ်ဒဏ်တွေ ချမှတ်လိုက်ပြီ

RFA Burmese's photo.
မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် ၄ဦးကို ပြစ်ဒဏ်တွေ ချမှတ်လိုက်ပြီ

ရန်ကုန်မြိ့ကနေ နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခဲ့ကြတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေထဲ က ခေါင်းဆောင် ၄ဦးဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနေအောင်ထက်၊ ကိုနိုင်ဝင်း၊ ကိုစောနောင်တို့ကို ရေတာရှည်မြို့တရားရုံးကနေ ဒီကနေ့မှာ ထောင်ဒဏ် (၆) လနဲ့ ဒဏ်ငွေကျပ် တစ်သောင်းစီ စီရင်ချက်ချလိုက်ပါတယ်။

အဲဒီ့စီရင်ချက်ဟာ ဥပဒေနဲ့မညီတာကြောင့် ဥပဒေအရ အယူခံဝင်သွားမယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းလှက RFAကို ပြောပါတယ်။

"ဥပဒေအရ တရားခံမှာရှိတဲ့ အခွင့်အရေးအရ အယူခံဆက်တက်ပါမယ်၊ အယူခံဘယ်တော့လောက်တက်မလဲဆိုတော့ အမိန့်မိတ္တူရပြီးမှပဲ ဘယ်နေ့တက်မယ်ဆိုတာ ပြောလို့ရမယ်၊ အဲဒီ့အချက်အလက်တွေအပေါ်မှာ အယူခံထပ်သင့်တဲ့အကြောင်းအရာ ပြစ်ဒဏ်ကနေတက်သင့်တဲ့ အကြောင်းအရာကိုတက်မှာဖြစ်ပါတယ်၊ အခု ဒီလမ်းလျှောက်တဲ့အပေါ်မှာပဲ ပြစ်ဒဏ်နှစ်ခုပေးထားတယ်၊ အဲလိုစီရင်လို့မရဘူး၊ သူတို့လမ်းလျှောက်သွားတဲ့ တစ်ခုတည်းအပေါ်မှာ ပြစ်ဒဏ်နှစ်ခုပေးထားတဲ့အချက်ကတော့ ဥပဒေနဲ့မညီဘူးဆိုတာ ကျမပြောချင်တယ်"

ဒီကနေ့ ရေတာရှည်မြို့နယ်တရားရုံးက စီရင်ချက်ချမှတ်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၅ဝ၅(ခ)ပြည်သူလူထုကို ထိတ်လန့်စေနိုင်တဲ့စွဲချက်နဲ့ ထောင်ဒဏ် ၆လစီအသီးသီးအပြင် ပုဒ်မ ၁၈ ခွင့်ပြုချက်မရဘဲ စီတန်းလမ်းလျှောက်ခဲ့တဲ့အတွက် ဒဏ်ငွေတစ်သောင်းစီနဲ့ ထောင် ၂လစီ ချမှတ်ခဲ့တာပါ။

မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ ရန်ကုန်မြို့ အမျိုးသားကြီးပွားရေးကုမ္ပဏီရှေ့မှာ ဆန္ဒပြရာကနေ သူတို့နေရပ် ရမည်းသင်းခရိုင် အထိအပြန်မှာ နေပြည်တော်အထိ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့ သူတို့တွေ တောင်ငူမြို့အရောက်မှာ ခေါင်းဆောင် ၄ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြိ့ကနေ နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခဲ့ကြတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေထဲ က ခေါင်းဆောင် ၄ဦးဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနေအောင်ထက်၊ ကိုနိုင်ဝင်း၊ ကိုစောနောင်တို့ကို ရေတာရှည်မြို့တရားရုံးကနေ ဒီကနေ့မှာ ထောင်ဒဏ် (၆) လနဲ့ ဒဏ်ငွေကျပ် တစ်သောင်းစီ စီရင်ချက်ချလိုက်ပါတယ်။

အဲဒီ့စီရင်ချက်ဟာ ဥပဒေနဲ့မညီတာကြောင့် ဥပဒေအရ အယူခံဝင်သွားမယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းလှက RFAကို ပြောပါတယ်။

"ဥပဒေအရ တရားခံမှာရှိတဲ့ အခွင့်အရေးအရ အယူခံဆက်တက်ပါမယ်၊ အယူခံဘယ်တော့လောက်တက်မလဲဆိုတော့ အမိန့်မိတ္တူရပြီးမှပဲ ဘယ်နေ့တက်မယ်ဆိုတာ ပြောလို့ရမယ်၊ အဲဒီ့အချက်အလက်တွေအပေါ်မှာ အယူခံထပ်သင့်တဲ့အကြောင်းအရာ ပြစ်ဒဏ်ကနေတက်သင့်တဲ့ အကြောင်းအရာကိုတက်မှာဖြစ်ပါတယ်၊ အခု ဒီလမ်းလျှောက်တဲ့အပေါ်မှာပဲ ပြစ်ဒဏ်နှစ်ခုပေးထားတယ်၊ အဲလိုစီရင်လို့မရဘူး၊ သူတို့လမ်းလျှောက်သွားတဲ့ တစ်ခုတည်းအပေါ်မှာ ပြစ်ဒဏ်နှစ်ခုပေးထားတဲ့အချက်ကတော့ ဥပဒေနဲ့မညီဘူးဆိုတာ ကျမပြောချင်တယ်"

ဒီကနေ့ ရေတာရှည်မြို့နယ်တရားရုံးက စီရင်ချက်ချမှတ်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၅ဝ၅(ခ)ပြည်သူလူထုကို ထိတ်လန့်စေနိုင်တဲ့စွဲချက်နဲ့ ထောင်ဒဏ် ၆လစီအသီးသီးအပြင် ပုဒ်မ ၁၈ ခွင့်ပြုချက်မရဘဲ စီတန်းလမ်းလျှောက်ခဲ့တဲ့အတွက် ဒဏ်ငွေတစ်သောင်းစီနဲ့ ထောင် ၂လစီ ချမှတ်ခဲ့တာပါ။

မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ ရန်ကုန်မြို့ အမျိုးသားကြီးပွားရေးကုမ္ပဏီရှေ့မှာ ဆန္ဒပြရာကနေ သူတို့နေရပ် ရမည်းသင်းခရိုင် အထိအပြန်မှာ နေပြည်တော်အထိ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၂ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့ သူတို့တွေ တောင်ငူမြို့အရောက်မှာ ခေါင်းဆောင် ၄ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

မင်းပြားမြို့နယ်၊ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စု ရွာကိုစွန့်ပစ်ကာထွက်ပြေးနေရ

Rakhine Straight Views

------------------------------------------------------------------------
မင်းပြားမြို့နယ်၊ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စု တို့သည် မိမိတို့၏ရွာကိုစွန့်ပစ်ကာထွက်ပြေးနေရသည်ဟု သတင်းရရှိပါသည်။ ထိုအိမ်ထောင်စုများတွင် ကျား ၇၃ ဦး၊ မ ၇၆ ဦးတို့ရှိပြီး ထိုသို့ထွက်ပြေးရခြင်းမှာ ရွာအနီးတွင် ဘင်္ဂလီများစွာရှိနေသဖြင့် စမ်းဘလေ ရွာအားကြောက်ရွံ့သဖြင့် ထိုသို့ထွက်ပြေးနေခြင်းဖြစ်သည်ဟုလည်းသိရ သည်။ ထိုရွာမီးလောင်စဉ် သေကန်ကျေးရွာသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
၁၂-၁၀-၂၀၁၂ နေ့တွင်ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအကြား မြေကွက်လပ်တစ်ခုတွင် ကောက်ရိုးတဲများထိုးကာနေထိုင်ကြရကြောင်းသိရသည်။ သေကန်ရွာသားများက ကူညီမှု ဖြင့် ငတ်တလှည့်ပြတ်တလှည့်နေထိုင်ကြရကြောင်းလည်းသိရသည်။
မိမိတို့၏ ရွာသို့ ပြန်လည်ရွှေ့ပြောင်းရန် ကြိုးစားနေစဉ်တွင် သေကန်ရွာမှ ဦးမောင်သိန်းနု မှာ ဘင်္ဂလီများထံတွင် ဓါးထိုးခံရသည့်အပြင် တရားခံအားယနေ့တိုင်ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အတွက်ဘင်္ဂလီများရန်ကိုစိုးရိမ်ကာယနေ့တိုင်တဲများတွင်
 နေထိုင်ကြရကြောင်းဖြင့်လည်းသိရှိရပါသည်။
ဦးမောင်သိန်းနု အားဓါးဖြင့်ဝိုင်းဝန်းခုတ်သူများထဲတွင်စမ်းဘလေ ဘင်္ဂလီ ကျေးရွာမှ ဦးကျော်ဇံလှ ဆိုသူနှင့်အပေါင်းပါငါးဦးတို့ပါဝင်ခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၃း၃၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းတွက် သေကန်ကျေးရွာနေ ဦးမောင်သိန်းနု (ဘ)ဦးကျော်စိန်အောင်၊အသက် (၄၉)နှစ် တွင် ဓါးဒဏ်ရာ ၂ ချက်ရရှိခဲ့ ပြီး မင်းပြားဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်ဟုသိရသည်။
စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စုတို့သည် ယနေ့တိုင်မည်သည့် ကူညီထောက်ပံ့ရေးကိုမှ မရရှိသ ဖြင့်စားဝတ်နေရေးလွန်စွာခက်ခဲ နေသည်ဟုသိရသည်။ ထိုရွာသားများသည် လူနည်းစုဖြစ်သဖြင့် ဘင်္ဂလီများရန်ကို ကြောက်ရွံ့နေရသကဲ့သို့ လုံခြုံရေးအပိုင်းတွင်လည်း ယုံကြည်မှုမရှိသည့်တွက် ထိုသို့ တဲများတွင်နေထိုင်ရခြင်း ဖြစ် သည်ဟုသိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြသူများအနေဖြင့် သွားရောက်ထောက်ပံ့မှုများပြုလုပ်သင့်ကြောင်းတင်ပြ အပ်ပါသည်။

ဂျပန်အစိုးရက မြန်မာ့ ကြွေးမြီတွေ လျှော်ပစ်နိုင်င်အောင် ကြိုးစားနေ

RFA Burmese


ဂျပန်အစိုးရ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သူ Taro Aso ဟာ ဒီကနေ့ ဇန်နဝါရီလ ၃ရက်နေ့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဂျပန်ဒုတိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံက ဂျပန်ကို ပေးစရာရှိတဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်းငါးထောင်ခုနှစ်ရာကျော်ကို လျှော်ပစ်ဖို့ကိစ္စနဲ့ သီလဝါစက်မှုဇုန်မှာ ဂျပန်ရဲ့ရင်းနှီးမြှပ်နှံမှုကိစ္စတွေအတွက် လာရောက်တာလို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

ဒီနှစ် ၂ဝ၁၃ခုနှစ်အတွင်းမှာ မြန်မာက ပြန်ဆပ်ရမယ့် အကြွေးတွေထဲက တဝက်ကျော်လောက် ဂျပန်ယန်းငွေ ဘီလီယမ် ၃ဝဝလောက် ကို လျှော်ပစ်နိုင်အောင် စီစဉ်မယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာက ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေကို ပေးဆပ်စရာရှိတဲ့အကြွေး အမေရိကန်ဒေါ်လာ သန်း ၉ဝဝ ကို ပြန်ဆပ်နိုင်အောင် ဂျပန်အစိုးရရဲ့အစီအစဉ်နဲ့ပဲ ချေးသွားမယ်လို့သိရှိရပါတယ်။ ဒါမှ မြန်မာနိုင်ငံအနေနဲ့ အဲဒီအဖွဲ့တွေကနေ နောက်ထပ် ချေးနိုင်မှာဖြစ်ပါတယ်။

ဂျပန်အစိုးရ ဒုတိယဝန်ကြီးချုပ် Taro Aso ရဲ့ မြန်မာနိုင်ငံခရီးစဉ် အထမြောက်အောင် ကြိုးစားပေးခဲ့တာကတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ရင်းနှီးမြှပ်နှံမှုကဏ္ဍတွေမှာ ကြားခံဆောင်ရွက်ပေးနေတဲ့ ဂျပန် မြန်မာအသင်းလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြစ်ချောင်းတွေကို လေလံဆွဲ လုပ်ပိုင်ခွင့် မပေးတော့ဘူး

DVB TV News
လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကစပြီး ရခိုင်ပြည်နယ်အတွင်းက မြစ်ချောင်းတွေကို လေလံဆွဲ လုပ်ပိုင်ခွင့် မပေးတော့ဘူးလို့ ဒီဇင်ဘာ နောက်ဆုံးအပါတ်မှာ ကျင်းပပြီးစီးတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပြပါတယ်။ အရင် စစ်အစိုးရလက်ထက်ကစပြီး ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ်က မြစ်ချောင်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အပိုင်းလိုက်ခွဲပြီး လေလံဆွဲ၊ လေလံအောင်သူတွေက ငါးဖမ်း၊ ပိုက်ထောင်သူတွေဆီကနေ ငွေကြေးသတ်မှတ်ကောက်ခံပြီး ပြန်လည် လုပ်ခွင့်ပေးတာမျိုး ဖြစ်ပါတယ်။ အခု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ သာမန် ရခိုင်ပြည်သူအများစုကြီး အနေနဲ့ ကိုယ်ပိုင်တဲ့ ကိုယ့်မြစ်ချောင်းတွေမှာ ကိုယ့်အသက်မွေးဝမ်းကျောင်းမှုအတွက် လွတ်လပ်စွာ ငါးဖမ်း ပိုက်ထောင် ရေလုပ်ငန်းတွေ လုပ်ကိုင်နိုင်တော့မှာဖြစ်ပါတယ်။

၎ ရက်နေ့ မှာ လန်၈ျာယန်ကိုမရရင် Dropping bombs စစ်ဆင်ရေးကို စတင်မယ်


Maha Mingyi
19 hours ago
စစ်ရုံးက အရေးပေါ်သတင်း ထွက်လာပါတယ် ဇန်နာရီလ ၄ ရက်နေ့ မှာ လန်၈ျာယန်ကိုမရရင် Dropping bombs စစ်ဆင်ရေးကို စတင်မယ်လို့ သိရပါတယ်။ ဘယ်နည်းနဲ့မှ နောက်မဆုတ်တော့ နောက်ထပ် တပ်မ ၂၂ နဲ့ တပ်မ ၆၆ ကိုပါ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသ စခန်းထိုင်နေတဲ့ တပ်မကို အစောင့်လောက်သာထားပြီး ၄ ရက်နေ့ နောက်ဆုံးဆွဲထုတ်ပြီး ဆက်တိုက်ဖို့ မင်းအောင်လှိုင်က စစ်အသုံးစရိတ် နောက်ထပ် ကျပ်ငွေသိန်းပေါင်း ၄ သောင်း ထပ်မံသုံးစွဲမယ်လို့ သိရပါတယ်။
ကချင်ဒေသတခုလုံးကို ထိန်းချုပ်ဖို့ မင်းအောင်လှိုင်က ဆုံးဖြတ်လိုက်ပြီလို့သိရပါတယ်။
ကချင်ဒေသ ထိန်းချုပ်နိုင်မှသာလျှင် မြန်မာ့တပ်မတော်အတွက် အလွန် အကျိုးမြတ်၇ှိမှာ ဖြစ်ကြောင်းနှင့် တရုတ်ပြည်မှ အန္ဒိယ နိုင်ငံတောင်ပိုင်းဒေသ စစ်ရေး စီးပွါးရေး မဟာဗျူဟာကို တရုတ်ပြည်မှ ထိန်းချုပ်ရန်ရှိကြောင်း သိရပါတယ်။
အိန္ဒယသမုဒ္ဒယာပိုင်နက်မှာ အမေရိကန် စစ်ရေးလွှမ်းမိုးမှုများကို တရုတ်ဘက်က ပထ၀ီအားပြိုင်မှုတခုလုပ်ရန် မြန်မာစစ်တပ်ကို လိုအပ်သမျှကျားကန်ပေးမည်ဖြစ်ကြောင်းလဲသိရပါတယ်။
ယခုအနားပေးပြီး ထောင်ချခြင်းခံရပြီး လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသော ဗိုလ်ချုပ်ခင်ညွန့် ရာထူးရယူထားသော ကာလတွင်လည်းတရုတ်က၂ကြိမ်တိုင်တိုင်းကချင်ဒေသစစ်ရေးမဟာဗျူဟာတခုအားအိန္ဒိယ နိုင်ငံတောင်ပိုင်းသို့
 ဖြန့်ကျက်ရန်ဆွေးနွေးခဲ့ဘူးသည်ဟုသိရသည်။
ထို့ကြောင့် အကျိုးစီးပွါးရေးရှု့ ထောက်က သုံးသပ်မည်ဆိုပါက တရုတ်နှင့် မြန်မာ့ မင်းအောင်လှိုင်တပ်တို့သာ အကျိုးရှိပြီး တိုင်းရင်းသားနှင် ပြည်မ ပြည်သူ ပြည်သားများအတွက် အကျိုးမရှိကြောင်းယူဆပါသည်။ အထက်တွင် တင်ပြသော သတင်းသည် အစစ်မှန်ဖြစ်ကြောင်းတာဝန်ယူပါသည်။
ဂိုလ်ရှယ်လေး

ပြည်တွင်းစစ်...လေယာဉ်သုံးလို့ရမရသမ္မတရုံးမသိဟုပြော

Zaw Man Hpunggan

နေပြည်တော်လွတ်လပ်ရေးနေ့ အခမ်းအနား တိုင်းရင်းသားပါတီဥက္ကဋ္ဌအချို့ မတက်ရောက်။


dvb news
လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။

လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန် ဖိတ်ကြားထားတဲ့ နေပြည်တော်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲကို မတက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်မှုမှု လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေးမဆန်တဲ့ လုပ်ငန်းတွေ ဒီဘက်မှာ တဖက်လှည့်ပြီး လုပ်နေတာကတော့ ကျနော် အကြီးအကျယ်ကန့်ကွက်တယ်။

နေပြည်တော်မှာ လွတ်လပ်ရေး ညစာစားပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက် ကျနော့်ကို ဖိတ်ထားတယ်။ ကျနော်ကတော့ မတက်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကချင်ညီအစ်ကိုတွေ လွတ်လပ်ရေးနေ့မှာ သူတို့ မပျော်ရွှင်နိုင်ဘူး။ သူတို့နဲ့အတူ ကျနော်လည်း မပျော်ရွှင်နိုင်ဘူး။

ကချင်ညီအစ်ကိုတွေ ခရစ္စမတ်ညတောင်မှ အေးအေးဆေးဆေး မလုပ်နိုင်တဲ့အခြေအနေ ရောက်သွားတယ်။ အဲဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျနော် သုံးသပ်ချင်တယ်။”

အစိုးရရုပ်သံဌာနက ဇန်န၀ါရီလ ၂ ရက်နေ့က အိမ်မှာလာပြီး အင်တာဗျုးတော့လည်း ညစာစားပွဲ မတက်မယ့်အကြောင်းကို ထည့်သွင်းပြောကြားခဲ့တယ်လို့ ပူးဇိုဇမ်က ပြောပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အထိမ်းအမှတ် ညစာစားပွဲကို နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတကတော်တို့က နိုင်ငံရေးပါတီအသီးသီးက ဥက္ကဋ္ဌတွေကို ဖိတ်ကြားထားပါတယ်။

ကိုမြအေးခေါင်းဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများဗိုလ်ချုပ်ဂွန်မော်နှင်တွေ့ဆုံဆွေးနွေး

r88 Generation Students

ကချင်ပြည်နယ်သို့ရောက်ရှိနေကြသော ကိုမြအေးခေါင်းဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ဇန်နဝါရီလ၊(၃)ရက် ၌ကချင်ပြည်နယ်လိုင်ဇာဒေသသို့ရောက်ရှိကာ KIA မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပြီး မနက်ဖြန် ဇန်နဝါရီလ(၄)ရက်တွင်လည်းထပ်မံတွေ့ဆုံဆွေးနွေးဦးမည်ဖြစ်သည်ဟုသိရှိရသည်။

The Irrawaddy (Burmese Version)

88 မျိုးဆက်ကျောင်းသားများမှ ကိုထွန်းမြင့်အောင် နှင့် ကိုမြအေးတို့ လိုင်ဇာသို့ ဇန်န၀ါရီ ၃ ရက်နေ့ ညနေ ၄ နာရီတွင် ရောက်ရှိစဉ်
ဓာတ်ပုံ - လဖိုင် / ဧရာဝတီ

သမ္မတကြီး တိုင်းမှုးအဖြစ်တာဝန်ထမ်းဆောင်စဉ် မြေဧက ၃၀၀ ကျော် ချထားပေးခဲ့

Ko Soe Kyaw Thu's photo.

တာချီလိတ်မြို နယ်လွယ်စတုံကျေးရွာ တွင် သမ္မတကြီး ရှမ်းပြည်အရှေ့ပိုင်းတိုင်း တိုင်းမှုးအဖြစ်တာဝန်ထမ်းဆောင်စဉ် ၄င်အား မြေဧက ၃၀၀ ကျော် ချထားပေးခဲ့သည်ဟု ဆိုကာ ဦးကိုကိုဦး မှ သမ္မတကြီး နှင့်အတူတွဲ ရိုက်ထားသောပုံအားပြသ၍ ရွာမှချထားပေးပြီးမြေများအား ခြံစည်းရိုဖျက် ပြီး အိမ်ဆောက်လမ်းဖေါက်မှုများပြုလုပ်နေကြောင်း ရွာသားများ ကသတင်းစာရှင်လင်ပွဲပြုလုပ်.... ဟုသိရပါသည်။
by mmtimes

စစ်သုံ့ပန်းတို့နဲ့ အင်တာဗျုး ......

https://www.facebook.com/photo.php?v=584621974887727&set=vb.100000197881048&type=2&theater

ပန်းနာရင်ကျပ်ဝေဒနာခံစားနေရတဲ့ဘဘဟံသာဝတီဦးဝင်းတင်

r Phyu Phyu Thin's photo.
၂.၁.၂၀၁၂နေ့ညကိုးနာရီပန်းနာရင်ကျပ်ဝေဒနာခံစားနေရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင်ဘဘဟံသာဝတီဦးဝင်းတင်ကိုပြုစုပေးနေတဲ့ဒေါ်ဖြူဖြူသင်း

ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်...၊

Khu Daun
RFA - ၃. ၁. ၂-၁၃

ယနေ့ ..အဖြစ်အပျက် အထွေထွေအကြောင်း... ပြောကြားခြင်း..။

ဒေါ်အောင်ဆန်းစုကြည်ရန်ကင်း ကလေးဆေးရုံကြီးကို သွားရောက်

RFA Burmese's photo ရန်ကင်းကလေးဆေးရုံကြီးဟာ ယခင် စစ်အစိုးရလက်ထက် သတ္တုတွင်း ဝန်ကြီးဌာန ရုံးအဆောက်အုံကို မက်(စ်)မြန်မာကုမ္ပဏီ လီမိတက်မှ ထူထောင်ထားတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းမှ သိန်းပေါင်း (၉) သောင်းကျော် အကုန်ကျခံ တည်ဆောက် လှူဒါန်းထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဆေးရုံတွေ ရေရှည်တည်တံ့ဖို့ ဆေးရုံတာဝန်ရှိသူတွေသာမက လူနာရှင်တွေကပါ  စည်းကမ်းရှိဖို့လိုတယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကင်း ကလေးဆေးရုံကြီးကို သွားရောက်လေ့လာစစ်ဆေးခဲ့ပြီး ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်မြင့်လွင်နဲ့ ဆေးရုံတာဝန်ရှိသူတွေ၊ ဆေးရုံအလှူရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆေးရုံတွေ ရေရှည်တည်တံ့ဖို့ ဆေးရုံတာဝန်ရှိသူတွေသာမက လူနာရှင်တွေကပါ  စည်းကမ်းရှိဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာလည်း ပြန်လည် ပြုပြင်တော့မှာ ဖြစ်တဲ့ အတွက်  ရန်ကုန်မြို့မှာရှိတဲ့ အခြားဆေးရုံတွေအနေနဲ့လည်း လူနာတွေပြည့်ကျပ်မှုမရှိအောင် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်သွားဖို့ လိုတယ်လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူနာတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
ကုတင် ၅၅၀ ဆံ့ ရန်ကင်းကလေးဆေးရုံကြီးဟာ ယခင် စစ်အစိုးရလက်ထက် သတ္တုတွင်း ဝန်ကြီးဌာန ရုံးအဆောက်အုံကို မက်(စ်)မြန်မာကုမ္ပဏီ လီမိတက်မှ ထူထောင်ထားတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းမှ သိန်းပေါင်း (၉) သောင်းကျော် အကုန်ကျခံ တည်ဆောက် လှူဒါန်းထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : RFA/ Sai Htun Aung Lwin ဆေးရုံတွေ ရေရှည်တည်တံ့ဖို့ ဆေးရုံတာဝန်ရှိသူတွေသာမက လူနာရှင်တွေကပါ စည်းကမ်းရှိဖို့လိုတယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကင်း ကလေးဆေးရုံကြီးကို သွားရောက်လေ့လာစစ်ဆေးခဲ့ပြီး ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်မြင့်လွင်နဲ့ ဆေးရုံတာဝန်ရှိသူတွေ၊ ဆေးရုံအလှူရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆေးရုံတွေ ရေရှည်တည်တံ့ဖို့ ဆေးရုံတာဝန်ရှိသူတွေသာမက လူနာရှင်တွေကပါ စည်းကမ်းရှိဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာလည်း ပြန်လည် ပြုပြင်တော့မှာ ဖြစ်တဲ့ အတွက် ရန်ကုန်မြို့မှာရှိတဲ့ အခြားဆေးရုံတွေအနေနဲ့လည်း လူနာတွေပြည့်ကျပ်မှုမရှိအောင် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်သွားဖို့ လိုတယ်လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူနာတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
ကုတင် ၅၅၀ ဆံ့ ရန်ကင်းကလေးဆေးရုံကြီးဟာ ယခင် စစ်အစိုးရလက်ထက် သတ္တုတွင်း ဝန်ကြီးဌာန ရုံးအဆောက်အုံကို မက်(စ်)မြန်မာကုမ္ပဏီ လီမိတက်မှ ထူထောင်ထားတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းမှ သိန်းပေါင်း (၉) သောင်းကျော် အကုန်ကျခံ တည်ဆောက် လှူဒါန်းထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : RFA/ Sai Htun Aung Lwin

ကချင်အရေး KNU နှင့် သမ္မတတို့ အဓိက ဆွေးနွေးဖွယ်ရှိ

rInfinity Power
........................................................................
ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၃ ခုနှစ်

သမ္မတနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများကို ဆွေးနွေးဖွယ်ရှိပြီး ကချင်အရေးသည် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်ဟု KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန်က ပြောသည်။
“အဓိကအချက်က အခုဖြစ်ပျက်နေတဲ့ ကချင်ကိုတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အတွက် ဒါတွေဆွေးနွေးမှုတွေရှိမယ်။ ဒါက အရေးကြီးတဲ့အချက်ဖြစ်နေတယ်။ ခုသွားတဲ့ အဖွဲ့တွေ ဒါကို တင်ပြလို့ ရှိရင် တခုခု
ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုကြောင့် ကရင်အမျိုးသားအစည်းအရုံးမှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်နှင့် ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းတို့ ပါဝင်သော အဖွဲ့သည် ကြာသပတေးနေ့ နံနက်ပိုင်းအတွင် နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်သည်။

KNU ခေါင်းဆောင်များ၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် “တိုင်းရင်းသားဒေသများတွင်
ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပါယ် ပြည့်ဝသော ငြိမ်းချမ်းရေးဆွေးနွေးမှု ရောက်ရှိနိုင်ရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်း” ဖေါ်ပြပါရှိသည်။

တွေ့ဆုံဆွေးနွေးမှုများကို အဖွဲ့အတွင်း ပြန်လည် ဆွေးနွေးညှိနိုင်းခြင်းနှင့် ပြည်သူလူထုများအတွင်း ထုတ်ပြန်သွား
မည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရအဆက်ဆက် လက်နက်ကိုင်တော်လှန်ခဲ့သော KNU သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - သမ္မတ ဦးသိန်းစိန် (ယာ)နှင့် KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန် (အလယ်)တို့ နေပြည်တော်၌ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - AFP)

ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော ABSDF ၏ သတင်းစာရှင်းလင်းပွဲ

Min Zaw Oo


ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော ABSDF ၏ သတင်းစာရှင်းလင်းပွဲ
========================================
ကချင်ပြည်နယ် တိုက်ပွဲများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်း တိုက်ပွဲဝင်နေသည်မှာ တပ်မတော်အနေဖြင့် မိမိတို့ စခန်းများ အခြေစိုက်ထားသော ယင်းဒေသကို ထိုးစစ်ဆင်နေသောကြောင့် ပြန်လည်ခုခံခြင်းသာဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း ယနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ABSDF ကျောင်းသားတပ်မတော်ဟု လူသိများခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) က ပြောကြားခဲ့သည်။

“မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါဝင်နေရတာ။ ဘာကြောင့်လဲ ဆိုရင် မကဒတက အပစ်အခတ်ရပ်စဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေလုပ်နေတဲ့ ဒေသမှာ ရှိနေတဲ့အတွက် ပါဝင်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ မကဒတ ဗဟို ကော်မတီအဖွဲ့အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်” ဟု မကဒတ ဗဟိုကော်မတီဝင် ဒေါ်မိဆူးပွင့်က ပြောဆိုခဲ့သည်။

ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့နှင့် ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နိုင်မည့် အင်အားစုတရပ် အနေဖြင့် စုစည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း သတင်းထောက်များသို့ ပြောကြားသည်။

“ကျနော်တို့ရဲ့ ဖြတ်သန်းမှုတွေမှာ မတူညီတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်။ အဲဒီ မတူညီတဲ့ အတွေ့အကြုံတွေကို ကျနော်တို့ ကြားထဲမှာ ဖလှယ်သွားမယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ် ဇွန်လခန့်တွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦးတို့ စုစည်းနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ABSDF သည် နယ်စပ် အခြေစိုက် ကျောင်းသားလူငယ် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းခံရအပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ (3-1-2013)

အောက်ပါသတင်းပါ ဂျာနယ်ကို အောင်ပန်းရဲတပ်ဖွဲ့မှတောင်ကြီးမြို့အထိ လာ၍ လိုက်လံ သိမ်းဆည်း

Hla Yin Wine's photo.
အောင်ပန်းမြို့လယ်ခေါင်အကြိမ်ကြိမ်အနုကြမ်းစီးမှုများကြောင့် ပြည်သူအများစိုးရိမ်သောကများနေ....


 (မြ၀န်းရံ-သတင်းအယ်ဒီတာ အရှေ့ရိုးမဂျာနယ်)

သဘာဝအလှတရားပျက်ပြားနေပြီ

လွတ်လပ်ရေး နေ့ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်

Ko MawPyay

ရန်ကုန်၊ ဇန်နဝါရီ ၂ The Voice Daily Newsletter

ဗြိတိသျှ ကိုလိုနီ လက်အောက် မှ မြန်မာ နိုင်ငံ လွတ်မြောက် သည့် ဇန်နဝါရီ လ ၄ ရက် လွတ်လပ်ရေး နေ့တွင် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ယင်း ပါတီ၏ ရုံးချုပ်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားသည်။

လွတ်လပ်ရေး နေ့ အထိမ်း အမှတ် ပွဲကို ပါတီ ရုံးချုပ် တွင် မနက် ၁၁ နာရီမှ စတင် ကျင်းပ မည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွတ်လပ်ရေး နေ့ ကြေညာ စာတမ်း ကိုလည်း ဖတ်ကြား သွားမည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က လွတ်လပ်ရေး နေ့တွင် နိုင်ငံရေး ပါတီ ဥက္ကဋ္ဌ များကို ညစာ စားပွဲဖြင့် ဧည့်ခံမည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညစာ စားပွဲ တက်ရောက်မည် ကို သေချာ မသိရ သေးကြောင်း ၄င်းက ထပ်လောင်း ပြောကြား သည်။

အီရန်နှင့် အမေရိကန် ဟော်မုဇ် ရေလက်ကြားမှာ ငြိ.....

မြ၀တီ
ဟော်မုဇ် ရေလက်ကြား အနီး အီရန်ရေတပ် စစ်ရေး လေ့ကျင့်မှု

အီရန်ရေတပ်မှ မဟာဗျူဟာ မြောက်ဖြစ်သည့် ဟော်မုဇ် ရေလက်ကြား အနီး စစ်ရေးလေ့ကျင့် နေသည့် ၅ ရက်ကြာ အတောအတွင်း ၎င်းတို့၏ တပ်ဖွဲ့များ အနီးသို့ ချဉ်းကပ်လာသည့် ပြည်ပ လေယာဉ်များနှင့် သင်္ဘောများအား ကြိမ်ဖန်များစွာ သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖော်ပြ ခဲ့ပါသည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ် အဖွဲ့များ၏ ကင်းထောက် လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ် များနှင့် စစ်သင်္ဘော များအား အီရန်နိုင်ငံ၏ ရေတပ်နှင့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များမှ သတိပေး နှင်ထုတ်မှု များ ပြုလုပ်ခဲ့သည်မှာ အကြိမ် ၃ဝ ရှိပြီ ဖြစ်ကြောင်း စစ်ရေး လေ့ကျင့်ခန်းမှ ရေတပ် ဗိုလ်ချုပ်ကြီး Amir Rastgari ၏ ပြောရေးဆိုခွင့် ရှိသူ Mehr မှ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းအနေဖြင့် ၎င်းတို့၏ လေယာဉ်နှင့် စစ်သင်္ဘော များအား အလေးထားသည့် အနေဖြင့် ၎င်းတို့ တပ်ဖွဲ့များ အနီးသို့ ချဉ်းကပ်လာသည့် ပြည်ပ လေယာဉ်များနှင့် စစ်သင်္ဘော များအား သတိပေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Rastgri မှ ပြောကြားခဲ့ပါသည်။

အီရန် နိုင်ငံသည် အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု ဥပဒေ တစ်ရပ်အပေါ် ပြစ်တင်ပြောကြား

အီရန် နိုင်ငံသည် လက်တင် အမေရိက နိုင်ငံများနှင့် ဆက်ဆံရေးအား ထိခိုက်စေသော ဥပဒေ တစ်ရပ်ကို အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု အပေါ် ဒေသတွင်း ကိစ္စများတွင် ဗြောင်ကျလွန်းသော ကြားဝင် စွက်ဖက်မှု တစ်ခုဖြစ်ကြောင်း ပြစ်တင်ပြောကြား ခဲ့ပါသည်။

အီရန် - လက်တင် အမေရိက နိုင်ငံများ ဆက်ဆံရေးတွင် ကြားဝင် စွက်ဖက်မှုသည် အမေရိကန် တို့အနေဖြင့် ကမ္ဘာ့ ဆက်ဆံရေးသစ်နှင့် ရင်းနှီး ကျွမ်းကျင်မှု မရှိသည်ဟု ဖော်ပြ နေခြင်းပင် ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ရာမင်းမက်မန် ပါရက်(စ)မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အမေရိကန် နိုင်ငံသည် စစ်အေးကာလ အခြေအနေ များအတိုင်း လုပ်ဆောင် လျက်ရှိကြောင်း၊ ယနေ့ကမ္ဘာရှိ နိုင်ငံများ၏ အခွင့်အလမ်းကို လေးစားသင့် ကြောင်းနှင့် ကမ္ဘာ့လူထုသည် အဆိုပါကဲ့သို့ ကြားဝင် စွက်ဖက်မှု မျိုးကို လက်မခံကြောင်း ရာမင်းမှ ထပ်လောင်း ပြောကြားခဲ့ ပါသည်။

အီရန် နိုင်ငံသည် နိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် အပြန်အလှန် လေးစားမှုနှင့် အကျိုးရှိ မှုများကို အခြေခံပြီး ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလျက် ရှိကြောင်း ၎င်းမှ ပြောကြားခဲ့ ပါသည်။ အမေရိကန် နိုင်ငံသည် လက်တင် အမေရိက ဒေသတွင် အီရန် နိုင်ငံမှ လွှမ်းမိုးရန် ကြိုးပမ်းလာမှုကို တုံ့ပြန်သည့် အနေဖြင့် သံတမန်ရေးနှင့် နိုင်ငံရေး ဆိုင်ရာ မဟာဗျူဟာ တစ်ရပ်အဖြစ် ဥပဒေသစ် တစ်ခုကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြဋ္ဌာန်း ခဲ့ကြောင်း သိရှိရ ပါသည်။
http://www.myawady.net.mm/allnews/global/item/3436-2013-01-02-15-42-31
http://www.myawady.net.mm/allnews/global/item/3435-2013-01-02-15-40-02