Sunday, January 6, 2013

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက်ဖမ်းဆီးရမိနေ။


ကောင်းမြတ်သူ(ကလေး)
The Hot News
January 6, 2013

ကလေးဒေသတွင်တစ်ဖက်နိုင်ငံမှဖြတ်ကျော်ခိုးဝင်လာသောဘင်္ဂါလီများအုပ်စုလိုက်မကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ၊ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့တောင်ပိုင်းခုံဒိုးမြို့သာတွင်ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ကိုလည်းကောင်း၊ထိုနေ့မှာပင်လျှင်ကလေး-ဂန့်ဂေါရထားလမ်းဘေးကြံသာရွာတွင်ဘင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊(၂၀၁၃)ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင်ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်းဖမ်းဆီးရမိလျှက်ရှိ့ကြောင်းသိရသည်။ယခုဖမ်းဆီးရမိသော ဘင်္ဂါလီများမှာအိန်္ဒိယနိုင်ငံမီဇိုရမ်ဖက်မှတစ်ဆင့်ချင်းပြည်နယ်ကိုဖြတ်၍ကလေးဒေသသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။
““ကလေးဒေသထဲကိုခိုးဝင်လာနေတဲ့ဘင်္ဂါလီတွေရဲ့သတင်းတွေကတော့နေရာတိုင်းမှကြားနေရတယ်။တချို့ဘင်္ဂါလီတွေဆိုရင်ကလေးမြို့ထဲကအဆက်အသွယ်ကနေတစ်ဆင့်လိုင်းကားစီးပြီးမုံရွာ၊မန္တလေးကိုလိုက်သွားကြတယ်လို့သတင်းရတယ်။အခု လည်းဖမ်းမိလိုက်တဲ့ဘင်္ဂါလီတွေဆိုတာအ၀တ်တစ်ထည်ကိုယ်တစ်ခုပဲပါတယ်၊ပိုက်ဆံလည်းများများမပါကြဘူး၊လမ်းအဆက်အသွယ်တွေကနေတစ်ဆင့်စရိတ်ယူပြီးသွားကြတယ်လို့ပြောသံကြားရတယ်။ကလေးဒေသမှာဖြစ်နေတဲ့သတင်းတွေအရလွတ်ထွက်သွား တဲ့ဘင်္ဂါလီတွေလည်းအများကြီးလို့ပြောသံကြားရတယ်။””—-ဟုကလေးဒေသခံတစ်ဦးမှပြောသည်။
ကလေးဒေသသို့ခိုးဝင်လာသောဘင်္ဂါလီများမကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ တရားဝင်သိရသောသတင်းများအရပြီးခဲ့သည့်(၂၀၁၂)ခုနှစ်စက်တင်ဘာလ(၁၄)ရက်နေ့က၊တမူးနယ်စပ်မှခိုးဝင်လာသောဘင်္ဂါလီ(၁၀)ယောက် ကလေးနယ်ပေါက်တောရွာတွင်လည်းကောင်း၊အောက်တိုဘာ(၆)ရက်နေ့တွင်ကလေးနယ်လက်ပံချောင်းကျေးရွာတွင်- ဘင်္ဂါလီ(၃)ယောက်၊အောက်တိုဘာ(၁၄)ရက်နေ့တွင်ဘင်္ဂါလီ(၁၆)ယောက်၊အောက်တိုဘာ(၂၀)ရက်နေ့တွင်ကလေးမြို့ဈေးင်္ကြးအရှေ့ဖက်တိုက်တန်းတွင်ဖမ်းမိသောဘင်္ဂါလီ(၁)ယောက်၊အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကလေးမြို့ပေါ် တွင်ဖမ်းမိသောဘင်္ဂါလီ(၃)ယောက်၊နိုဝင်ဘာ(၅)ရက်နေ့တွင်ကလေးမြို့အနောက်ဖက်ချင်းတောင်ခြေရင်းလျှို အတွင်းမှဖမ်းမိသောဘင်္ဂါလီ(၁၉)ယောက်တို့ကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဝမ်ပေါင်ကားလေးပေါ်ကကျွန်တော်

DVB TV News's video.
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေးသပိတ်စခန်းများအကြမ်းဖက်ဖြိုခွဲခံရမှု ၁ လပြည့် နေ.ဆန္ဒပြပွဲတွင် ဆားလင်းကြီးမြို.နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်နှင့်တွေ.ဆုံမေးမြန်းခြင်း။

ယမ်းငွေ့ဝေဆဲ ကချင်မြေ



Written by နေထွန်းနိုင် 
Sunday, 06 January 2013 14:11

(၁)

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညသန်းခေါင်အချိန်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်ဆီကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စာတစ်စောင် ရောက်လာခဲ့ပါတယ်။သတိပေး အကြောင်းကြားရန်ကိစ္စ။လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း ၀င်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်းတစ်လျောက်ရှိ ကေအိုင်အေအဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး ကေ အိုင်အေအဖွဲ့သို့ သတိပေးသွားရန် အကြောင်းကြားအပ်ပါသည်။ စာပါ အကြောင်းအရာက ဒီလောက်မျှ။ စာပိုဒ်ရဲ့အောက်ခြေမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

လဂျားယန်ဒေသဆိုတာ KIO/KIA ဌာနချုပ်(လိုင်ဇာ)မြို့ရဲ့ အနောက်ဘက် ၆ မိုင်ခန့်အကွာမှာ ရှိပါတယ်။ မြစ်ကြီးနားကနေ မိုင် ၇၀ ခန့်အကွာမှာ ရှိနေပါတယ်။ မြစ်ကြီးနား-လိုင်ဇာလမ်းဆုံ၊ ဗန်းမော်လမ်းခွဲ မိုးလဲတံတားကို မရောက်ခင်မှာ 'လိုင်ဇာမြို့မှ ကြိုဆိုပါ၏'ဆိုတဲ့ မုခ်ဦးကို အရင်တွေ့ရပါမယ်။ ဒီမုခ်ဦးကို ကျော်ဝင်သွားရင် လိုင်ဇာမြို့ထဲ ရောက်ပါမယ်။ လိုင်ဇာမြို့ထဲ ဆက်သွားရင်တော့ KIO/KIA ဌာနချုပ်၊ နောက်ပြီး တရုတ်နိုင်ငံ နယ်စပ်ထွက်ပေါက်ကို ရောက်ပါလိမ့်မယ်။ မိုးလဲ တံတားဘက်ကို ဖြတ်ပြီး ဆက်သွားရင် ဗန်းမော်ကို ရောက်ပါမယ်။ လိုင်ဇာကိုသွားသည် ဖြစ်စေ၊ ဗန်းမော်ကို သွားသည်ဖြစ်စေ လဂျားယန်ကို ကျော်ဖြတ်ရပါလိမ့်မယ်။

၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ အပစ်အခတ် ရပ်စဲရေး ၁၇ နှစ် တာကာလမှာတော့ လဂျားယန်ဒေသဟာ အစိုးရနဲ့ KIO အကြား bufier zone လို ဖြစ်နေခဲ့ပါတယ်။ အစိုးရတပ်တွေရဲ့ ရှေ့တန်းစခန်းရှိခဲ့သလို KIA တပ်ဖွဲ့ဝင်တွေကလည်း ဒီနယ်မြေမှာ လွတ်လပ်စွာသွားလာ လှုပ်ရှားခဲ့ပါတယ်။နောက်ပြီး အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးရုံး၊  KIO ရဲ့ ဆက်ဆံရေးရုံးစတဲ့ ရုံးအဆောက်အအုံတွေလည်း လဂျားယန်မှာ ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လတိုက်ပွဲတွေ ပြန်စပြီးနောက်မှာ အစိုးရတပ်တွေက လိုင်ဇာအစပ် လဂျားယန်ဘက်ကနေ ဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ လဂျားယန်ဒေသမှာ ရှိနေတဲ့ နယ်မြေအများစုကို KIA က ထိန်းချုပ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၃ ခုနှစ်ထဲ ရောက်လာချိန်အထိ မြစ်ကြီးနားမြို့မှာ မှောင်အတိဖြစ်ဆဲ၊ မီးစက်သံတွေကြားဆဲ၊ ဖုန်းလိုင်းတွေက ပြတ်တောက်နေဆဲ.....

လဂျားယန်ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထဲမှာ နာမည်ကြီးလာခဲ့ပါတယ်။ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ KIA ၊ABSDF (မြောက်ပိုင်း) ပူး ပေါင်းတပ်တွေနဲ့ အစိုးရတပ်တွေအကြား မြေပြင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ အစိုးရတပ်ဘက်က ကျဆုံးတာတွေရှိခဲ့တယ်။ ဖမ်းဆီးခံခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ တိုက်ပွဲဗီဒီယိုတွေဟာ အင်တာနက်ပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒီအချိန်ကစလို့ လဂျားယန်ဟာ လူအများ အာရုံကျရာ ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ လဂျားယန်ကို ထပ်ပြီး အာရုံကျစေခဲ့တဲ့ အကြောင်းရင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ သတိပေး အကြောင်းကြားစာကြောင့် ဖြစ်ခဲ့ပါတယ်။ သတိပေးစာဟာ စစ် ရေးနည်းနဲ့ ရာဇသံပေး ခြိမ်းခြောက်လာတယ်လို့ KIO က ယူဆခဲ့ပါတယ်။ကန့်ကွက်ကြောင်း အကြောင်းကြားစာကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံ ကို ပို့ခဲ့တာပါ။

ကချင်ပြည်နယ်ရဲ့ စစ်ပွဲအရှိန်က ဒီဇင်ဘာလ ၂၀ နောက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ အထူးသဖြင့် လဂျားယန်ဒေသနဲ့ ပန်ဝါဒေသဘက်မှာ အစိုးရတပ်နဲ့ KIAတို့အကြား   မြေပြင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့တာပါ။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စခဲ့တဲ့ ကချင်စစ်ပွဲဟာ ၂၀၁၂ ခုနှစ် နှစ်ကုန်ချိန်အထိ ရပ်စဲသွားတယ် မရှိခဲ့ပါဘူး။ လဂျားယန်ဒေသမှာ တပ်မတော်နဲ့ KIA တပ်တွေ မြေပြင်တိုက်ပွဲတွေ ရှိခဲ့သလို ပန်ဝါဘက်မှာတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ NDA-K (ဒီမိုကရေစီသစ် တပ်မတော်-ကချင်)နဲ့ KIA တို့အကြား မြေပြင်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ် မိုင်တိုင် ၅ နဲ့ ၆ ၀န်းကျင်မှာ ဖြစ်ခဲ့ကြတာပါ။ အဲဒီနေရာမှာ လူနေထိုင်မှုမရှိပါဘူး။ တရားမ၀င် သတ္တုတွင်းအချို့တော့ ရှိနေပါတယ်။ NDA-K ရဲ့ ဥက္ကဋ္ဌက ဦးစခုန်တိမ့်ယိမ်း ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်နေသူပါ။ ပန်ဝါဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ နယ်ခြားစောင့်တပ်တွေရဲ့ အကူအညီတောင်းခံမှုကြောင့် တပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တွေက ပစ်ကူပေးခဲ့ရတယ်လို့ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိအချို့က ပြောဆိုခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ NDA-K ဆိုတာကလည်း ကချင်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်ဖြစ်လို့ KIA ရဲ့ တိုက်ခိုက်မှုကို အလျော့ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။

မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော်လမ်းပိုင်း တစ်လျောက်။ တဘက်ယန်၊ မလန်းယန်၊ မလိယန်၊ ကန်တော်ယန်၊ နန်ဆန်ယန်၊ လဂျားယန် စတဲ့ ဒေသတွေမှာ ဖြစ်နေခဲ့တဲ့ မြေပြင်တိုက်ပွဲတွေဟာ ဒီဇင်ဘာလဆန်းပိုင်းကစပြီး တစ်စထက်တစ်စ ပြင်းထန်လာခဲ့တာပါ။ ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ပိုင်းမှာတော့ အပြင်းထန်ဆုံး အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ နယ်မြေမှာသာမက အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ နယ်မြေအတွင်းမှာပါ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။

KIO ရဲ့ လက်အောက်ခံ တပ်အဖွဲ့အစည်းဖြစ်တဲ့ KIA မှာ တပ်မဟာ ခြောက်ခုရှိပါတယ်။ ကချင်ပြည်နယ်တွင်း ပန်ဝါဒေသဘက်မှာ KIA ရဲ့ တပ်မဟာ(၁)ရှိနေပြီး ဖားကန့်၊ မြစ်ကြီးနား၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်းအစရှိတဲ့ ဒေသတွေမှာ တပ်မဟာ(၂) ရှိခဲ့ပါတယ်။ တပ်မဟာ (၃) က မိုင်ဂျာယန် ဒေသဘက်မှာ ရှိနေ ပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာမိုးညဲ၊ လွယ်ဂျယ်၊ ကွတ်ခိုင်အစရှိတဲ့ ဒေသတွေမှာ တပ်မဟာ(၄) ရှိနေပါတယ်။ ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာဒေသမှာ တပ်မဟာ(၅)ရှိနေပြီး မကြာသေးခင် ကမှ ယာယီဖွဲ့စည်းထားတဲ့ တပ်မဟာ (၆)က ပန်ဝါ-လိုင်ဇာ-လဂျားယန် စတဲ့ ဒေသတွေမှာ ရှိနေခဲ့ပါတယ်။
မြေပုံအရ လဂျားယန်ဒေသဟာ မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက်စွန်းမှာ ရှိနေပါတယ်။ မြစ်ကြီးနားမြို့ကနေ လဂျားယန်ကို သွားနိုင်ဖို့အတွက် မြစ်ကြီးနား-လိုင်ဇာလမ်းကို အသုံးပြုရပါလိမ့်မယ်။ တိုက်ပွဲ ဖြစ်နေချိန်မှာတော့ မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော်လမ်းကို ဘယ်သူမှ အသုံးမပြုတော့.....

(၂)

ဒီဇင်ဘာလ ၂၅ ရက်နေ့။ ခရစ္စမတ်နေ့။ ခရစ်ယာန် ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နေ့ထူးတစ်ခု။ မြစ်ကြီးနားမြို့ကို ရောက်ရှိချိန်မှာ မီးစက်သံတွေက စောင့်ကြိုနေပါတယ်။ ဖုန်းလိုင်းဆက်သွယ်မှုတွေ ပြတ်တောက်နေပါတယ်။ ညဦးပိုင်းရောက်ချိန်မှာ မြစ်ကြီးနားမြို့တစ်ခုလုံး မှောင်အတိကျလျက်။ခရစ္စမတ်နေ့ရဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ ဆုတောင်းပွဲတွေဟာ ည ၈ နာရီကျော်မှာ ပြီးဆုံးသွားခဲ့ပြီး ည ၉ နာရီ နောက်ပိုင်းမှာတော့ မြစ်ကြီးနားမြို့ပေါ်က လမ်းတွေမှာ လူသွားလူလာ သိပ်မ ရှိတော့ပါဘူး။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့နဲ့ ၀ိုင်းမော်မြို့ကို မီးပေးနေတဲ့ မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပေးလိုင်းတွေ ပြတ်ကျခဲ့ပါတယ်။ ဒီလိုပြတ်ကျခဲ့တဲ့အတွက် မြစ်ကြီးနားမြို့နဲ့ ၀ိုင်းမော်မြို့တို့ လျှပ်စစ်မီးရရှိမှု ပြတ်တောက်သွားခဲ့ပါတယ်။ ဘူးခါးကုမ္ပဏီက လုပ်ကိုင်နေတဲ့ မလိရေအား လျှပ်စစ် စက်ရုံကို KIO က ပိုင်ဆိုင်ထားပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အသုံးပြုနေတဲ့ လျှပ်စစ်ဓာတ်အားကလည်း မလိရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကရရှိတဲ့ လျှပ်စစ် ဓာတ်အားပဲ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်မှုကြောင့် ဓာတ်အားပေးလိုင်းတွေ ထိခဲ့ရတဲ့ အကြောင်းရင်းကို KIO ဘက်ကစပြီး သတင်းထုတ်ခဲ့ပါတယ်။ အစိုးရတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပေးလိုင်းတွေ ထိခဲ့ရတယ်လို့ ဆိုတာပါ။ စစ်ဘက်ဆိုင်ရာ အရာရှိ တချို့က KIO ရဲ့ ပြောဆိုမှုကို လက်မခံခဲ့ပေမဲ့ တရားဝင် အတည်ပြုပြောဆိုခဲ့သူ မရှိခဲ့ပါဘူး။ သူတို့အနေနဲ့ မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပေးလိုင်းတွေကို ထိခိုက်အောင်လုပ်စရာ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မလိရေအားလျှပ်စစ် စက်ရုံက ထွက်တဲ့ ဓာတ်အားကို သုံးတဲ့အတွက် မြစ်ကြီးနားမြို့ခံတွေက KIO ထံကို တစ်လကျပ်သိန်း ၂၆၀၀ ဓာတ်အားခ ပေးသွင်းရတယ်ဆိုတဲ့ မှတ်ချက်ပြု ပြောဆိုတာတွေကို စစ်ဘက်ဆိုင်ရာ အရာရှိအချို့ထံက ကြားခဲ့ရပါတယ်။ ဓာတ်အားပေးစက်ရုံပျက်ရင် ပြင်ရမှာက KIO ရဲ့ တာဝန်ပဲမို့ ဖျက်ဆီးစရာ အကြောင်း မရှိဘူးလို့က ပြန်ပြောခဲ့တာ တွေလည်းရှိပါတယ်။ အမှန်တကယ်အားဖြင့်တော့ နှစ်ဖက်တိုက်ပွဲအကြားမှာ မလိရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပေးလိုင်းတွေ ထိခိုက်ခဲ့တာပါ။ 

ဒီကြားထဲမှာပဲ ရာနှုန်းပြည့်နီးပါး ပြီးနေပြီဖြစ်တဲ့ ချီဗွေငယ် ရေအားလျှပ်စစ်ကတစ်ဆင့် မြစ်ကြီးနားမြို့ ကို လျှပ်စစ်မီးပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ချီဗွေငယ် ဆိုတာ မြစ်ဆုံစီမံကိန်းလုပ်တဲ့အခါ အသုံးပြုဖို့ တရုတ်ကုမ္ပဏီ CPI က ကြိုတင်တည်ဆောက်ခဲ့တဲ့ ရေအားလျှပ်စစ် စက်ရုံဖြစ်ပါတယ်။ မြို့ခံ တချို့ကတော့ ချီဗွေငယ်ကို အကြောင်းပြုပြီး CPI တစ်ကျော့ဝင်လာမှာကို စိုးရိမ်ခဲ့ကြသူတွေ ရှိပါတယ်။

၂၀၁၂ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၃ ခုနှစ်ထဲ ရောက်လာချိန်အထိ မြစ်ကြီးနားမြို့မှာ မှောင်အတိဖြစ်ဆဲ၊ မီးစက်သံတွေကြားဆဲ၊ ဖုန်းလိုင်းတွေက ပြတ်တောက်နေဆဲပဲ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ခံတွေက ကချင်စစ်ပွဲသတင်းကို သိလိုဇောထက် မီးဘယ်တော့ရမလဲ၊ ဖုန်းလိုင်း ဘယ်တော့ကောင်းမလဲ ဆိုတာကိုပဲ သိချင်စိတ် ထက်သန်နေခဲ့ပါတယ်။

(၃)

ကချင်ဒေသမှာ စစ်ရှိန်မြင့်လာတဲ့နောက် မြစ်ကြီးနားကို သွားဖို့ ရွေးချယ်ခဲ့တာဟာ စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ထံက ထင်မြင်ချက်တွေကို သိလိုတာကြောင့် ဖြစ်ပါတယ်။ KIO က တောင်းဆိုထားတဲ့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့ကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က လက်ခံထားချိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ အဖြေရှာရမယ့် ကိစ္စဖြစ်လာပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရုံကလွဲပြီး ထိုးစစ်မပြုလုပ်ရလို့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တပ်မတော်ကို ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်ကို လိုက်နာလျက်ရှိတယ်လို့ တပ်မတော်ဘက်က ပြောဆိုခဲ့တာ ရှိပါတယ်။ ကချင်ပြည်နယ်ကို စစ်ဘက်ရေးရာ တာဝန်ယူထားတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကိုယ်တိုင်က သူတို့အနေနဲ့ ခုခံကာကွယ်ရုံကလွဲပြီး ထိုးစစ်မပြုလုပ်ရဘူးဆိုတဲ့ သမ္မတညွှန်ကြားချက်ကို လိုက်နာလျက်ရှိတယ်လို့ ၂၀၁၂ခုနှစ် အောက်တိုဘာလကုန်ပိုင်း ရွှေလီမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲမှာ တရားဝင်ပြောခဲ့ပါတယ်။ KIO ဘက်ကတော့ တပ်မတော်က ထိုးစစ်ကို ဆက်တိုက် လုပ်ဆောင်နေတယ်လို့ နေ့စဉ် သတင်းထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်နဲ့ KIA အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ထိုးစစ်လား၊ခံစစ်လားဆိုတဲ့ ပုစ္ဆာထဲမှာ အဖြေမထွက်နိုင်ဖြစ်ခဲ့ရပါတယ်။ KIO ဘက်က ထိုးစစ်လို့ပြောခဲ့ပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေထံက စစ်ရေးလျို့ဝှက်ချက် မဟုတ်တဲ့ မြေပြင် သတင်းအချက်အလက်တွေရဖို့ လိုအပ်လာပါပြီ။ သူတို့ဆီကနေ မြေပြင်သတင်းအချက်အလက် တစ်စုံတစ်ရာကို ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ လက်တွေ့မှာတော့ ဒီမျှော်လင့်ချက်ဟာ အချည်းနှီး ဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်မှာ ကချင်ပြည်နယ် မြို့တော်ခန်းမကို သွားခဲ့ပါတယ်။ သာမန်ရုံးချိန်မှာ တွေ့ရဖို့ ခက်ခဲလှတဲ့ ပြည်နယ်ဝန်ကြီးတချို့နဲ့ တွေ့ခွင့်ရဖို့ သွားခဲ့တာပါ။ အဲဒီနေ့ မနက်ပိုင်းမှာ ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် တရုတ်သံရုံးက ကချင်ပြည်နယ်အစိုးရကို အမေရိကန်ဒေါ်လာ နှစ်သောင်း လာလှူပါတယ်။လှူဒါန်းမှုကို အလှူငွေလက်ခံပွဲဆိုပြီး ပြည်နယ်မြို့တော်ခန်းမမှာ ခမ်းခမ်းနားနား လုပ်ခဲ့တာပါ။ ကချင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ၊ ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် အစရှိသူတို့ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမစခင်မှာပဲ ဗိုလ်မှူးကြီးသန်းအောင်နဲ့ တွေ့ဖို့ ကြိုးစားခဲ့ပါတယ်။

ဗိုလ်မှူးကြီး သန်းအောင်ဆိုတာ ကချင်ပြည်နယ် အစိုးရနဲ့ KIO တို့အကြား စေ့စပ်ညှိနှိုင်းရေး ကိစ္စရပ်တွေမှာ အတွင်းကျကျ ပါဝင်ထားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး သန်းအောင်ဆီကနေ 'ကျွန်တော်တို့ အလုပ်များနေတယ်၊' 'ဒီဒေသကတော့ အခြားဒေသတွေနဲ့ ပုံစံမတူဘူး' 'သတင်းတွေကတော့ ခင်ဗျားတို့လည်း သိထားပြီးသားပဲ'ဆိုတဲ့ စကားတွေပဲ ရခဲ့ပါတယ်။ မေးခွန်း မေးခွင့်မရခဲ့ပါဘူး။အလှူငွေလက်ခံပွဲအပြီး ကချင်ပြည်နယ် အစိုးရ၀န်ကြီးရုံးကို သွားခဲ့ပြီး အကြိမ်ကြိမ် တွေ့ခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ထိုနည်းတူစွာပါပဲ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေကို တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် 'တိုင်းမှူးအလုပ် များနေတယ်' 'သတင်းပို့ထားပေးပါမယ်' ဆိုတဲ့ စကားတွေပဲ ပြန်ရခဲ့ပါတယ်။

ကျွန်တော်တို့လိုချင်နေတာ မြေပြင်သတင်း အချက်အလက်တွေပါ။ ကျွန်တော်တို့ သိချင်တာက သတင်းစာရှင်းလင်းပွဲရောက်မှ ထုတ်ပြမယ့် ဓာတ်ပုံတွေ၊ မြေပုံတွေ၊ အကြောင်းအရာတွေ မဟုတ်ပါဘူး။ အစိုးရ သတင်းစာကပြောတဲ့ အချက်အလက်တွေ မဟုတ်ပါဘူး။ စစ်ရေးလျို့ဝှက်ချက်မဟုတ်တဲ့ အချက်အလက်တွေကို ပါဝင်ပတ်သက်နေတဲ့ တာဝန်ရှိသူတွေဆီက တိုက်ရိုက်သိချင်ပါတယ်။ သတင်းဓာတ်ပုံတွေ လိုချင်တယ်။ KIO က ပြောနေတာတွေ မဟုတ်ဘူးဆိုရင် မဟုတ်တဲ့ အကြောင်းကို အချက်အလက်တိတိကျကျနဲ့ နာမည်တပ် ပြန်ဖြေရှင်းပေးနိုင်တဲ့သူကို လိုချင်ပါတယ်။ တိုက်ပွဲနဲ့ ဆက်စပ်လို့ ဖြစ်ပျက်နေတဲ့ သတင်းတွေအတွက် အတည်ပြုချက်ရှာတိုင်း ပြည်နယ် အစိုးရအဖွဲ့က စစ်ရုံးကိုလွှဲ၊ စစ်ရုံးက ပြည်နယ်အစိုးရကို ပြန်လွှဲ။ တာဝန်ခံဖြေမယ့်သူကမရှိ ဆိုတဲ့ အခြေအနေဖြစ်နေပါတယ်။ မြစ်ကြီးနားမှာ ဖြစ်နေတဲ့ အခြေအနေတွေက ဗလမင်းထင်တံတားနားမှာ ကင်မရာ ကိုင်ရုံနဲ့ သတင်းထောက်လို့ သက်သေ အထောက်အထားနဲ့ဆိုသည့် တိုင်ခွင့်ပြုချက်မရှိရင် အဖမ်းခံရမယ့်ကိန်းဆိုက်နေပါတယ်။ ခွင့်ပြုချက်တောင်းပြန်တော့လည်း 'သတင်းပို့ ထားပါတယ်' ဆိုတဲ့ စကားနဲ့တင်  လှည့်ပြန်ခဲ့ကြရပါတယ်။

မြေပုံအရ လဂျားယန်ဒေသဟာ မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက်စွန်းမှာ ရှိနေပါတယ်။ မြစ်ကြီးနားမြို့ကနေ လဂျားယန်ကို သွားနိုင်ဖို့အတွက် မြစ်ကြီးနား-လိုင်ဇာလမ်းကို အသုံးပြုရပါလိမ့်မယ်။ တိုက်ပွဲ ဖြစ်နေချိန်မှာတော့ မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော်လမ်းကို ဘယ်သူမှ အသုံးမပြုတော့ပါဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ်ဆိုရင် မြစ်ကြီးနားအထွက် ၀ိုင်းမော်မြို့ကို ကျော်ပြီးလို့ ရွှေညောင်ပင်ကို ရောက်ရင် ရှေ့ဆက်တက်လို့ မရတော့ပါ ဘူး။ ရွှေညောင်ပင်ကို ကျော်ပြီး ဆက်သွားနိုင်ဖို့ စစ်ဘက်ဆိုင်ရာရဲ့ ခွင့်ပြုချက်လိုလာပါပြီ။ စစ်ဘက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။ တိုက်ပွဲသတင်းအခြေအနေမှန်၊ မြေပြင်အချက်အလက် ဒါတွေသိရဖို့ဆိုတာ လဂျားယန်နဲ့ အနီးဆုံးတစ်နေရာကို ရောက်မှ သိနိုင်မယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ တိုက်ပွဲသတင်း အခြေအနေတွေကို KIO ဘက်က နေ့စဉ် ထုတ်ပြန်နေပါတယ်။ မေးသမျှ မေးခွန်းတိုင်းကို ပြန်ဖြေပေးမယ့်သူ ရှိနေပါတယ်။ တပ်မတော်ဘက်ကတော့ အသေးစိတ်ဖြေကြားပေးမယ့်သူ မရှိဖြစ်နေပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့။ မြစ်ကြီးနားကို ရောက်တာ သုံးရက်တိုင်ခဲ့ပါပြီ။ တိုက်ပွဲအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်သိရတာ ဘာမှမရှိသေးပါဘူး။ သိရတဲ့ သတင်းတွေအရ တိုက်ပွဲအရှိန်က ဆက်မြင့်နေတုန်းပါပဲ။ လဂျားယန် ကို ရောက်ဖို့ဆိုရင် လိုင်ဇာဘက်က သွားမှ ဖြစ်နိုင်တော့မယ်ဆိုတာကို သိလာရပါတယ်။ မြစ်ကြီးနား-ကန် ပိုက်တီးလမ်း။ အဲဒီကတစ်ဆင့် တရုတ်နိုင်ငံကို ဖြတ်ပြီး လိုင်ဇာကိုသွား၊လိုင်ဇာကတစ်ဆင့် လဂျားယန်ကို ဆက်သွားဆိုတဲ့ လမ်းကြောင်းတစ်ခု ကို ရေးဆွဲလိုက်ပါတယ်။တပ်မတော်၊ NDA-K အသွင်ပြောင်း နယ်ခြားစောင့်တပ်(၁၀၀၃)၊ အခန့်မသင့်ရင် KIO တပ်တွေနဲ့တွေ့ပြီး ပြဿနာဖြစ်နိုင်တဲ့ မြစ်ကြီးနား-ကန်ပိုက်တီးလမ်းဟာ 'ဘာမှမဖြစ်ရင် ဘာမှမဖြစ်နိုင်ဘူး ဆိုတဲ့ အခြေအနေမျိုးပါ။ တရုတ် နိုင်ငံထဲက ဖြတ်သွားရမှာမို့ တရုတ်ရဲတွေရဲ့ အန္တရာယ်ကလည်း ရှိနေပါသေးတယ်၊အန္တရာယ်များတယ်ဆိုတဲ့ ပြောဆိုမှုတွေကြားကပဲ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ လိုင်ဇာကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ဆက်လက်ဖော်ပြပါမည်။
http://news-eleven.com

ဘင်္ဂါလီများအတွက် အီရန်က အကူအညီ တန်(၃၀) ပို့လိုက်ပြီ


(Coral arakan အတွက် သောင်းကြွယ် ရေးသားသည်။)
စစ်တွေ ၊ ၀၆ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊

အီရန်နိုင်ငံ လခြမ်းနီအသင်း က တန် ၃၀ ရှိအစားအသောက်၊ စောင် နှင့် အခြား အခြေခံ လိုအပ်သောအထောက်အပံ့ပစ္စည်းများကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူဆလင် ဒုက္ခသည်များသက်သက် အတွက် ရည်စူးကာ မြန်မာနိုင်ငံ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် မနေ့က ဇွန်န၀ါရီ ငါးရက်နေ့က ပေးပို့လိုက်ပြီဖြစ်သည် ဟု Press TV သတင်းဌာန က ဖော်ပြသည်။

IRCS (ခေါ်) အီရန် လခြမ်းနီအသင်း အကြီးအကဲ မာမွတ်မိုဇဖာ (Mahmoud Mozaffar) ကိုယ်တိုင် ရခိုင်ပြည်သို့လိုက်လာ၍ အထောက်အပံများကို ဝေငှခြင်း အလုပ်ကို ကြီးကြပ်နိုင်ရန် လိုက်လာမည် ဟု ပြောကြားသည်။

ထို့အပြင် ဒုက္ခသည်စခန်းများ ဆောက်လုပ်ရန် လိုအပ်ချက်များ နှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ရေး လိုအပ်ချက်များကိုပါ ကွင်းဆင်း ဆန်းစစ်သွားမည် ဟု မာမွတ်မိုဇဖာ က ပြောကြားသည်။

ကချင်ဒေသKNU မှ ကူညီနိုင်ရန် စီစဉ်


ကချင်ဒေသ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကူညီပံ့ပိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ   
news-eleven.com
ကချင်ဒေသ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကူညီပံ့ပိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ သတင်းစာ ရှင်းလင်းပွဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားခဲ့သည်။

အဆိုပါ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် သတင်းစာ ရှင်းလင်းပွဲအား ဇန်န၀ါရီလ ၅ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ရိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် ကျင်းပခဲ့သည်။

“ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ပထမအဆင့် အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့အထိ ပီပီပြင်ပြင် မရှိသေးဘူးလို့ ကျွန်တော်တို့ ပြောရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်အခတ် ရပ်စဲရေးကို ပီပီပြင်ပြင် ဖြစ်တဲ့အထိ ဆက်ပြီး ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ နောက်တစ်ခု ကချင်မှာဖြစ်တဲ့ကိစ္စ တွေ့ဆုံဆွေးနွေးဖို့ဟာ အနှောင့်အယှက် မဟုတ်သော်လည်း အဟန့်အတား ဖြစ်စေတဲ့ အပိုင်းတွေ တွေ့ရှိရတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ဆက်ပြီး ကြိုးစားဆောင်ရွက် သွားပါမယ်” ဟု (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားခဲ့သည်။

“သမ္မတကြီးနဲ့ တွေ့တဲ့အခါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်ကြမယ် ဆိုတဲ့ အစီအမံတွေကို ပြောပါတယ် KNU ခေါင်းဆောင်များ တင်ပြထားတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း သမ္မတကြီးက ဖြေကြားပေးပါတယ်။ နိုင်ငံရေးအရ ငြိမ်းချမ်းရေးအရ စာပွဲဝိုင်းမှာ ဆက်ပြီးလုပ်ကြမယ် အခြားအဖွဲ့တွေ ပါလာအောင်လည်း လုပ်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပေးရပါတယ်။ ဒါကလည်း ဒီကိုလာတဲ့ KNU ခေါင်းဆောင်ကြီးများရဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရထားပိုဆောင်ရေး ၀န်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာန အဲ့ဒီက ၀န်ကြီးတွေလည်း သွားတွေ့ပြီးတော့ နယ်မြေဒေသ ဖွံ့ဖြိုးရေး ကိစ္စတွေကိုလည်း မေးမြန်းတာ ရှိပါတယ်။ နောက်တစ်ခုကလည်း အကယ်၍့ ဖြစ်နိုင်ရင် ပြည်ထောင်စုနေ့ (၁၂) ရက်နေ့မှာ ကရင်တိုင်းရင်းသား ခေါင်းဆောင်အပါအ၀င် အခြားတိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားဖို့ရှိတဲ့ အကြောင်း သမ္မတကြီးက ပြောလိုက်ပါတယ်” ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက “လိုင်ဇာဒုက္ခသည် ၄၀၀၀၀ ဆိုတာ အရမ်းကို နည်းပါတယ်။ ဟိုဘက်မှာ ၄၀၀၀၀၊ ဒီဘက်မှာ ၄၀၀၀၀ အစိုးရနဲ့ နောက်ထပ်တိုက် ပွဲတွေဖြစ်ပြီး ထပ်တိုးလာတယ်လို့လည်း သတင်းကြားရတယ်။ ဒီလို လုံခြုံရေး စိတ်မချရလို့ ရွှေ့ပြောင်းရတဲ့ လူတွေက တစ်နှစ်လောက် ရှိနေပြီ။ အဲ့ဒီတစ်နှစ် အတွင်းမှာ ကလေးတွေလည်း စာမသင်ရ၊ ကျန်းမာရေး၊ လူမှုရေး၊ စားရေးသောက်ရေး အကုန်လုံး ချို့တဲ့ ဒါတွေကို ဖြေရှင်းဖို့အတွက် ဆွေးနွေးပွဲ အကြိမ်ကြိမ်တိုင်းမှာ ထည့်ပြောပါတယ်။ အစိုးရဘက်မှာ ရှိတဲ့ ၄၀၀၀၀ ကတော့ ဒီဘက်က လုပ်ပေးနေပါတယ်။ ဟိုဘက်မှာရှိတဲ့ အဖွဲ့တွေကိုလည်း အခြား NGO တွေက ထောက်ပံ့တာတွေလည်း ရှိပါတယ်။ UNHCR ကလည်း သူတို့ ထောက်ပံ့ချင်တယ်။ ခွင့်ပြုပေးပါလို့ ပြောပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ခွင့်ပြုပါတယ်။ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေက ခွင့်ပြုချက် လိုပါတယ်။ အဲ့ဒီဘက်မှာတော့ ကျွန်တော်တို့ လုံခြုံရေး တာဝန်ယူမယ်။ ဟိုဘက်မှာတော့ လုံခြုံရေးကို သူတို့ကို တာဝန်ပေးရမယ်။ ဘယ်အဖွဲ့လာလာ ခွင့်ပြုဖို့ ဆန္ဒရှိပါတယ်။ စည်းကမ်းချက်လေးတွေနဲ့ပေါ့” ဟု ပြောကြားခဲ့သည်။

“စစ်အခြေအနေ လျှော့ချဖို့ အပစ်အခတ် ရပ်စဲဖို့ နိုင်ငံတော်အစိုးရကိုရော သမ္မတကြီးကိုပါ မေတ္တာရပ်ခံ ထားပါတယ်။ အပစ်အခတ် ရပ်စဲရေးကို နည်းလမ်းရှာပြီးတော့ လက်တွေ့ အခြေအနေပေါ် သုံးသပ်ပြီး ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်ပွဲတွေ ရှေ့ဆက်ဖြစ်မယ်ဆိုရင် အခြေအနေ ပိုဆိုးနိုင်တဲ့အပေါ် ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကျမှုဟာ မှန်ကန်ပါတယ်။ ပြည်တွင်းစစ် အနှစ် (၆၀) ကျော် ပြည်သူတွေရဲ့ဘ၀အတွေ့ အကြုံအရ သူတို့ရဲ့ စဉ်းစားမှုဟာ မှန်ကန်ပါတယ်။ နိုင်ငံတော် အစိုးရက ချမှတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အနေနဲ့ရော ကရင်အမျိုးသားတွေ အနေနဲ့ပါ လက်မခံနိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေး စားပွဲခုံပေါ်မှာ ရောက်ပြီဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ အချင်းချင်း ဖြစ်တဲ့ပြဿနာ အိမ်တွင်းရေး ပြဿနာအနေနဲ့ သဘောထားပါတယ်။ နိုင်ငံတော် အစိုးရကလည်း ဒီလိုဘဲ သဘောထားတယ်။ လက်မခံနိုင်တဲ့ ကိစ္စတွေကို နှစ်ဦးနှစ်ဘက် စာပွဲဝိုင်းမှာ ဖြေရှင်းသွားဖို့အတွက် ယုံကြည်ကြတယ်။ သဘောတူညီကြတယ်” ဟု ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့ပါသည်။
--------------------------------------------------------------------------------------------------------------

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း KNU ပြောကြား   

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ-မြ၀တီ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်းပြည် တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ အတွင်းရေးမှူး ဖဒိုစောမန်းမန်းက ဇန်န၀ါရီလ ၆ ရက်နေ့က ပြောကြားခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ ရောက်ရှိစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီး စစ်ရေးနှင့် ပတ်သက်သည့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် စစ်ဖက်ဆိုင်ရာ ကိစ္စရပ်များအား ပြောဆိုရန် ကာကွယ်ဦးစီးချုပ်ရုံးရှိ ဘုရင့်နောင်ခန်းမတွင် ဇန်န၀ါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အတွင်းရေးမှူး ဖဒိုစောမန်းမန်းက “ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကျွန်တော်တို့ ကေအန်ယူ ခေါင်းဆောင်တွေ ဒါပထမဆုံး တွေ့ဆုံတာပါ။ အဓိကကတော့ ကျွန်တော်တို့နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်တာ ပိုမိုခိုင်မြဲဖို့နဲ့ ကချင်ပြည်နယ်ဘက်က ကိစ္စတွေမှာ အားလုံးပူးပေါင်းပြီး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ဖို့ ပြောဆိုခဲ့တာပါ။ နိုင်ငံတော်သမ္မတနဲ့ တွေ့တုန်းကလည်း ဒီအချက်တွေပါပဲ” ဟု Eleven Media Group သို့ ပြောကြားခဲ့သည်။

“သူ့သဘောထားကို ကျွန်တော်တို့အမြင်ကို ပြောရရင် အပစ်အခတ် ရပ်စဲရေးတွေလုပ်ဖို့ ဆောင်ရွက်ဖို့ မခဲယဉ်းဘူးလို့မြင်တယ်။ တိုင်းရင်းသား အားလုံးနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်တဲ့ နေရာမှာ ၇၅ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့လည်း ကျွန်တော်တို့ကို ပြောပါတယ်။ တစ်ချိန်တည်းမှာ တိုင်းပြည် တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မယ်လို့ မြင်ပါတယ်။ ဒီလိုတွေ့ဆုံမှုကြောင့် ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်တဲ့အခါ တိုးတက်မှု ရှိနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ပြီးရင် နိုင်ငံရေး ဆွေးနွေးမှု အစပျိုးဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်တာ ဖြစ်တဲ့အတွက် အပစ်အခတ် ရပ်စဲရေးလုပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုမရှိရင် ဒီအပစ်အခတ် ရပ်စဲရေးဟာ ခိုင်မြဲနိုင်ဖို့ အခက်အခဲရှိပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး ပူးပေါင်းအဖြေရှာဖို့ အဓိက လိုအပ်တယ်” ဟု ဖဒိုစောမန်းမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကလည်း” ကရင်အမျိုးသား အစည်းအရုံး ဘက်ကလည်း လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော်ကလည်း နောက်ကရှိတယ်ဆိုတဲ့ Message ကို သူတို့လိုချင်တယ်။ ကျွန်တော်ထင်ပါတယ် ဟိုတစ်နေ့က ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း တွေ့ချင်တယ်လို့ သူတို့ပြောလိုက်တဲ့ နောက်မှာလည်း အဲဒီအဓိပ္ပါယ် ပါပါလိမ့်မယ်။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း နွေးနွေးထွေးထွေးနဲ့ တွေ့ဆုံပြီး စကားပြောကြတယ် ဆိုတာကလည်း တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူတို့နောက်ကနှေ Support လုပ်ပါတယ်ဆိုတဲ့ Message ကို ပေးချင်တာပါ။ တွေ့ဆုံမှုက နွေးနွေးထွေးထွေးနဲ့ ပြီးဆုံးခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် အဖွဲ့မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေး မူဝါဒ လမ်းစဉ်များဖြစ်သည့် အပစ်အခတ် ရပ်စဲရေး၊ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး အဆင့်ဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအရ ပူးပေါင်း ပါဝင်နိုင်အောင် ဆောင်ရွက်နိုင်ရေး စသည့် အဆင့်လေးဆင့် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်များသည် ဇန်န၀ါရီလ ၆ ရက်နေ့တွင်ပင် နေပြည်တော်မှ ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်ရှိ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံမှု ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
http://www.news-eleven.com

“မြန်မာမိန်းကလေးဟုယူဆရသူပုဇွန်ကန်ဘောင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ”



၂၀၁၃ ဇန်န၀ါရီ ၅ထိုင်းနိုင်ငံအရှေ့ပိုင်း ဘန်ကောက်မြို့ နှင့်၇၅ကီလိုမီတာအကွာ တွင်ရှိသော   ချာချင်းစောင် မြို့အမှတ်(၃) ရပ်ကွက် ဘန်ကရောက်ရွာရှိ  ပုဇွန်ကန်ဘောင်တွင် မြန်မာမိန်းကလေးဟု ယူဆရသူတစ်ဦး သေနတ်ဖြင့် ပြီးခဲ့သည့် ညက ပစ်သတ်ခံခဲ့ ရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ခေါင်စွတ်နှင့် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။

             လူသတ်မှုဖြစ်ပွားခဲ့သည့် နေရာသို့ သက်ဆိုင်ရာနယ်မြေရဲ စခန်းနှင့်ကယ်ဆယ်ရေး လာရောက် စစ်ဆေးခဲ့ရာလက်နှစ်ဘက်ကို ကြိုးဖြင့်ချည်နှောင်ထားသည်။

              တုတ်အမာဖြင့်ဦးခေါင်းကိုရိုက်ထားသောဒဏ်ရာများနှင့်လည်ပင်းကျိုးနေသည်။ ထို့နောက် သေနတ်ဒဏ်ရာ ၁၀ချက်ထက်မနည်းတွေ့ရှိရကြောင်းတာဝန်ရှိရဲကပြောသည်။

            ပုဇွန်ကန်ပိုင်ရှင် နန်းဘွန်မီး အသက် ၃၆ နှစ်  ထွက်ဆိုချက်အရ မနက် ၄ နာရီခန့်တွင် ခွေးပောာင် သံကြားသော်လည်း ထ,မကြည့်ခဲ့ကြောင်း၊   မနက်မိုးအလင်း ပုဇွန်ကန် ဘက်သို့ သွားရာ အလောင်းကိုတွေ့ ၍ သက်ဆိုင်ရာကို အကြောင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

                 ယ္ခု အသတ်ခံရသောမိန်းခလေး သည် ပုဇွန်ကန်သို့ မကြာခဏလာကြောင်း၊ ပုဇွန်ကန်တွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားတစ်ယောက်နှင့် သမီးရည်းစား ဖြစ်သည်ပာု ယူဆကြောင်း၊

 တစ်နေ့ထဲ တွင် ပုဇွန်ကန် မှ အလုပ်သမား ဖုန်းဆက် ခွင့်ယူပြီးနောက် ဖုန်းပြန်ဆက်သွယ်ခဲ့သော်လည်း  ဆက်သွယ်၍ မရပဲပျောက်နေကြောင်း  ထွက်ဆိုခဲ့သည်။

  အမှုမှန် ပေါ်ပေါက်နိုင်ရန်  အတွက် ချာချင်းစောင် နယ်မြေ ရဲစခန်းမှ အပူတပြင်း စုံစမ်းနေသည်ပာု Thairath နှင့် khonsod သတင်းစာ တွင်ဖေါ်ပြထားသည်။

(အဓမ္မပြုကျင့်ခံရခြင်းရှိမရှိနှင့် အသက်အရွယ်/နာမည်တို့အားရေးသားထားခြင်းမရှိပါ။)

 ရွှေလုပ်သား
shwemyanmarmediagroup.blogspot.com

Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်   

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက် ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်ဟု သိရသည်။
Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက် ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင် စစ်ဆေးသွားမည်

Black Box အား စစ်ဆေးရန် ကမ်းလှမ်းခဲ့သည့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ဌာနများမှာ အစိုးရဌာနများသာဖြစ်ပြီး၊ Black Box အား အစိုးရဌာန အချင်းချင်းသာ ချိတ်ဆက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) မှာ လေယာဉ်ပျံသန်းမှု အမြင့်၊ မြန်နှုန်း စသည့် လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး၊ အချိန်တစ်လ အထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) သည် လေယာဉ်မှူးနှင့် လေကြောင်းထိန်းသိမ်းရေး တာဝါ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်းသော Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန် တစ်ဦးနှင့် မြေပြင်မှ ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့သည်။
news-eleven.com

ရုပ်ရှင်ပွဲတော်တွင်ပြသရန်ရုပ်ရှင်ကားများဖိတ်ခေါ်

ဒေါက်တာဘွဲ့ရကြီးကိုအကြံပြုခြင်း

https://www.facebook.com/photo.php?fbid=556596997701081&set=a.462509523776496.118224.461892507171531&type=1&theater
-------------------------------------------------------------------------------------------------

မော်ကွန်းမဂ္ဂဇင်းနှင့် ဒေါက်တာဇာနည်အင်တာဗျူး, 28 Nov 2012 မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဇာနည်ဆိုသူကပြင်းပြင်းထန်ထန်
တိုက်ခိုက်ထားတာဖတ်ရတယ်။

ကောက်နုတ်ချက်။
သူလွတ်လာပြီးတော့ အစိုးရကသူ့ကိုနိုင်ငံရေးအရ လူရာသွင်းတဲ့အချိန်၊ အနောက်နိုင်ငံကခေါင်းဆောင် တွေနဲ့ ဆက်ဆံပြီး သူ့ကိုတစ်ကမ္ဘာလုံးက လေးလေးစားစား ဆက်ဆံတဲ့အချိန်မှာ လူမျိုးစုတွေရဲ့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မတူတာက သူတို့တတွေ ဒုက္ခရောက်ပြီး မိုးထဲရေထဲ ရောက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့မဆိုင်သလိုနေတယ်။ ရခိုင်ပြည်နယ်မှာနှစ်ဘက် စလုံးက တစ်ယောက်ကိုတစ်ယောက် သတ်နေဖြတ်နေကြတဲ့ အချိန်မှာ တစ်ဘက်ကိုဝင်ပြီးတော့ မားမား မတ်မတ်ရပ်ပေးလိုက်မယ်ဆိုရင် အဲဒီတစ်ဘက်ကိုအားပေးအားမြှောက်ပြုရာကျမှာစိုးလို့
 ရှောင်တယ်ပေါ့ ဗျာ။
.......................................................................................................................................................

 ဒေါ်အောင်ဆန်းစုကြည်က တစ်ဘက်နဲ့တစ်ဘက် စစ်တိုက်နေ တဲ့အချိန်မှာ ဘယ်ဘက်မှာမှဝင် မပါချင်ဘူးဆိုတဲ့အခါကျတော့ ကချင်ဘက်က ခံစားကြရတာက ဒေါ်အောင် ဆန်းစုကြည်က သူတို့ကိုလုံးဝ သံယောဇဉ်မရှိဘူး၊ နောက် solidarity (သွေးစည်းတဲ့ အနေအထားမျိုး) မရှိ ဘူးလို့ ခံစားရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလွတ်လာတဲ့အခါမှာ ဘာလုပ်ပေးလဲဆိုတော့တိုင်းပြည်အတွက် ဒီအချိန်ထိ လုပ်ပေးခဲ့တာက နည်းပြီးတော့ ဦးသိန်းစိန်တို့အစိုးရအတွက် အကျိုးဖြစ်တဲ့ အလုပ်တွေကိုပဲ ဒေါ်အောင်ဆန်း စုကြည်ကလုပ်နေတယ်လို့ကျွန်တော်က အဲလိုပဲသုံးသပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေလို တိုင်းပြည်ကို စည်းစည်းလုံးလုံးဖြစ်အောင် ဦးဆောင်နိုင်မယ်လို့ အားလုံးက မျှော်လင့်ထားတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီအာဏာရဖို့ကိစ္စ၊ သူကိုယ် တိုင် သမ္မတဖြစ်ဖို့ ကိစ္စကို နံပါတ်တစ်အရေးထားပြီးတဲ့အခါမှာ တိုင်းပြည်ကိုသွေးချောင်းစီးတဲ့အနေအထား မျိုးမှာ သူနဲ့မဆိုင်သလိုနေတဲ့အခါမှာကျတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမြင်ဘက်ကကြည့် မယ်ဆိုရင်တော့ သူဟာအလွန်ကိုဆုံးရှုံးတယ်။

ရှေ့လာမယ့် အနှစ် ၂၀ လောက်မှာ လက်ရှိဗမာနိုင်ငံကို ပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင် ဒီကာလကို သမိုင်း ဆရာတွေက ဘယ်လိုရေးမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူပြည်သားတွေ အကုန်လုံး ကို စည်းလုံးညီညွတ်မှုကိုပေးဖို့ အလားအလာရှိလျက်နဲ့ အဲဒီအခွင့်အရေးကို အဆုံးရှုံးခံတဲ့ နိုင်ငံရေးသမား လို့ပဲ သူ့ကိုသုံးသပ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။
..........................................................................................................................................................


တုံ့ပြန်ချက်။


"အစိုးရကသူ့ကိုနိုင်ငံရေးအရ လူရာသွင်းတဲ့အချိန်၊"  ဆိုတဲ့အသုံးအနုန်းဟာတော်တော့်ကိုနှိမ့်ချတိုက်ခိုက်တဲ့စကားရပ်ဖြစ်တယ်။
ဦးသန်းရွှေ၊ဦးခင်ညွန့်တို့နောက်ပိုင်းစစ်အာဏာရှင်ဒီဖက်မျိုးဆက်ဟာဒေါ်အောင်ဆန်းစုကြည်ထက်အသက်အရွယ်အားဖြင့်လည်း
ငယ်တယ်။တဦးချင်းအမြင်အရဆိုရင်စစ်ဖက်မှာလည်းလေးစားချစ်ခင်သူတွေများပါတယ်။ဝန်ကြီးရာထူးပေးမယ်အစရှိသဖြင့်ယခင်
နအဖကမ်းလှမ်းခဲ့တာတွေအများကြီးရှိခဲ့ပါတယ်၊
ညောင်နှစ်ပင်ခန်းမထဲခေါ်ပြီးလွှတ်တော်အမတ်သုတ်သင်ပွဲကအစပြုလို့မြန်မာနိင်ငံပါလီမာန်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်
လာဖို့ပဲရင်ဆိုင်ခဲ့တယ်။နအဖကလည်းလမ်းပြမြေပုံဘန်းပြပြီးလုပ်ချင်တာတွေလုပ်နေခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်ကိုအပြစ်ရှာပြီး
အကျယ်ချူပ်ချထားလိုက်ရင်ကိစ္စအကုန်ပြီးတယ်ထင်ခဲ့ပေမဲ့ဘ၀အပျက်ခံထောင်ထဲမှာအသေခံပြီးနအဖ၊န၀တကိုတော်လှန်ခဲ့တဲ့သူရဲ
ကောင်းတွေအများကြီးပေါ်ပေါက်ခဲ့ပါတယ်။ဒီအချိန်မှာဒဏ်ရာဘလပွနဲ့ဘေးရောက်နေပေမယ့်အပြုံးမပျက်ဖူး၊သူတို့ရဲ့ကြိုးပမ်းခဲ့မှုကို
ဂုဏ်ယူလျက်ရှိပါတယ်။
ဦးသန်းရွှေကလည်းသူအနားယူမယ့်အချိန်အထိလမ်းပြမြေပုံကိုဆွဲပြီးအလွတ်ရုန်းသွားခဲ့ပါပြီ။တကယ်ဆိုဒေါ်အောင်ဆန်းစုကြည်ဟာ
စစ်တပ်အစိုးရကိုလူရာသွင်းတယ်သုံးရင်တော့မှန်နိုင်ပါလိမ့်မယ်။စစ်တပ်ထဲကအာဏာရူးအချို့ဟာနေရာပါဝါရနေတာကလွဲလို့ဂုဏ်
သိက္ခာအပိုင်းမှာမှာတော့သုညအောက်မှာရှိပါတယ်။
နိုင်ငံတခုမှာခေတ်ရေစီးကြောင်းအတိုင်းသွားတဲ့အခါ နှစ်၂၀ကျော်အတိုက်အခံတွေရဲ့စွန့်လွှတ်မှုကြောင့်ပဲဆိုဆို၊ဦးသန်းရွှေရဲ့
လမ်းပြမြေပုံကြောင့်ပဲပြောပြော လက်ရှိမှာဒီအခြေအနေရှိနေခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာတော့ချိန်ခွင်လျှာဘယ်လိုရှိလဲသူမချိန်ထိုးခဲ့တယ်။အတိုက်အခံအင်အားစုဟာစိတ်ဓါတ်ခွန်အား
ကလွဲလို့ရုပ်ပိုင်းဆိုင်ရာမှာအလွန်အမင်းထိလိုက်နေတာတွေ့ရတယ်။ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်သာရှေ့ကမားမားရပ်ရင်
ချောက်ထဲခုန်ချဖို့ဝန်လေးသူတွေမဟုတ်ကြပါဖူး။မျိုးဆက်သစ်လူငယ်လေးတွေထဲကဒီငြိမ်းလင်းတို့ဆိုရင်ထောင်ထဲတောင်
အသင့်ရောက်နေကြပြီ။ကြံဖွတ်ကအဖြူအစိမ်းဝတ်သလိုအန်န်အယ်ဒီကလူငယ်လေးတွေကလည်းပင်နီဝတ်ချင်နေကြပြီ။
တကယ်ဆိုသူ့ဟာသူလွှတ်တော်ကြီးရှိနေလဲငါအသိအမှတ်မပြုနိင်ဖူးဆိုခဲ့ရင်လည်းရခဲ့တာပါပဲ။အားလုံးကိုထောက်ထားပြီးနည်းဗျူ
ဟာအသစ်တရပ်ကစားဖို့လွှတ်တော်ထဲဝင်လိုက်တာပါ။နှစ်တရာကျော်ဖြစ်ချင်ခဲ့တာတွေဒေါ်အောင်ဆန်းစုကြည်ကိုတလထဲနဲ့
တော့အပြီးမလုပ်ခိုင်းကြနဲ့လေ။ကိုယ်မြင်တာထင်တာလေးလည်းအားထုတ်ကြဖို့လိုမယ်ထင်ပါတယ်။
တကယ်ဆိုနအဖဟာဒေါ်အောင်ဆန်းစုကြည်ဘာအသစ်ထွင်အုံးမလဲဆိုတဲ့စိတ္တဇနဲ့ကြောက်ရွံ့နေခဲ့ရတာပါ။
လွှတ်တော်ထဲသူတို့ခေါ်လို့သွားတာမဟုတ်ဖူးနိုင်ငံသားတယောက်ရပိုင်ခွင့်စည်းမျဉ်းစည်းကမ်းအတိုင်းသွားတာပါ။ကြားဖြတ်ရွေး
ကောက်ပွဲမှာဦးဌေးဦးတို့တကယ်ကိုသွေးပျက်ညတွေဖြတ်သန်းခဲ့ရတာအမှန်ပါပဲ။
အဲဒီတော့မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှာလူရာအသွင်းမခံရတာကဇာနည်ပဲဖြစ်လိမ့်မှာပါ။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူပြည်သားတွေ အကုန်လုံး ကို စည်းလုံးညီညွတ်မှုကိုပေးဖို့ အလားအလာတရပ်အနေနဲ့
ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့တာဝန်ပေးချက်အရစွန့်စွန်စားစားဒုတိယပင်လုံညီလာခံခေါ်ဖို့လုပ်ခဲ့တယ်၊အနိမ့်ဆုံးအွန်လိုင်းနဲ့
အီးမေးလ်ကဖြစ်ဖြစ်ပေါ့။တိုင်းရင်းသားအစုအဖွဲ့တွေဖုတ်လေသည့်ငပိရှိတယ်လို့တောင်မမှတ်တဲ့အပြင်သူတို့ဖာသူ့တို့တောင်
လုပ်ပြလိုက်ကြသေးတယ်။သေနတ်နထင်နားတေ့တော့မှအမေကယ်ပါဆိုရင်တော့နောက်ဘ၀ကြမှပဲသားရယ်လို့ပြောရမလိုပါပဲ။
အာအက်ဖ်အေကတဆင့်ရဲရင့်ငယ်မေးမြန်းတုံးကစစ်အစိုးရကိုရင်ဆိုင်ဖို့မှာတိုင်းရင်းသားတွေကလည်းသူ့အပေါ်ယုံယုံကြည်ကြည်
နဲ့ရပ်တည်ပေးကြဖို့လိုတယ်လို့ဖြေဆိုခဲ့ဖူးပါတယ်။
ဆိုတော့ကာတိုင်းရင်းသားအရေးမလုပ်ခဲ့တာမဟုတ်ဖူးလက်လျော့ခဲ့ရတာဆိုပိုမှန်ပါမယ်။ထိန်းမနိုင်သိမ်းမရတဖက်နဲ့တဖက်သတ်
ဖြတ်နေတဲ့သတ်ကွင်းထဲအမေစုကိုအတင်းကြီးတွန်းပို့နေသူတွေမေးကြည့်ချင်ပါတယ်။ကိုမြအေးလိုသတ္တိရှိရှိလိုင်ဇာကိုသွားကြပါလား။
အမေစုပြောတာကဦးအောင်မင်းတို့ပြေလည်အောင်မဆွေးနွေးနိုင်ဖူးအမေစုဆွေးနွေးပေးပါကမ်းလှမ်းလာရင်လာရင်လက္ခံမယ်ပြောပြီး
သားပဲ၊စစ်ပွဲတွေရပ်ပါဆိုပြီးစကားလောက်နဲ့တော့အမေစုလည်းပြောခဲ့တာပါပဲ။
သေချာတာတခုကဒီနိုင်ငံမှာစစ်လက်နက်ကိုင်တဖွဲ့ထက်ပိုမရှိသင့်တော့ပါဖူး။ပြည်တွင်းစစ်ဟာခါးသီးလှပါတယ်။
တကယ့်ထိပ်တိုက်လုပ်နေတဲ့နိုင်ငံရေးမှာအသုံးအနုံးကအစပရိယာယ်တွေကအများကြီးပါ။
အချိန်အားတိုင်း၊ပါးစပ်ယားတိုင်းကလေးလိုလို၊ခွေးလိုလိုရိသဲ့သဲ့လုပ်တာတွေရပ်တန်းကရပ်ဖို့ဒေါက်တာဘွဲ့ရကြီးကိုအကြံပြုလိုပါတယ်။
ရဲရင့်ငယ်(1/6/2013)

ယူနန်နယ်ထဲက တရုတ်ကျေးရွာတွေ မြန်မာစစ်တပ်က ပစ်လိုက်တဲ့ ဗုံးမှန်

Wai Yan De Mo
မြန်မာစစ်တပ်မှ စစ်လေယာဉ်များ ဝေဟင်ပိုင်နက် ကျူးကျော်ဝင်ရောက်လာခြင်း မရှိဟု တရုတ်သတင်းဋ္ဌာနက ကြေငြာပြီး နာရီဝက်မပြည့်ခင်မှာပဲ ယူနန်နယ်ထဲက တရုတ်ကျေးရွာတွေ မြန်မာစစ်တပ်က ပစ်လိုက်တဲ့ ဗုံးမှန်ပါတော့တယ်..။


https://www.facebook.com/photo.php?v=557133957634965&set=vb.100000150984325&type=2&theater

ဒုရဲအုပ် အယောင်ဆောင်၍ ရခိုင်အမျိုးသမီးငယ် တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မူ ရန်ကုန်တွင် ဖြစ်ပွား

နိရဉ္စရာသတင်းဌာန

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ် တစ်ဦးအားတရားလိုနှင့် အမည်မသိသူတစ်ဦးမှ ဒုရဲအုပ် အယောင်
ဆောင်ကာ ဖမ်းဆီးမူ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အယောင်ဆောင်သူများအား ယခုအချိန်ထိ အရေးယူရန် ပျက်ကွက်နေကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်။ အမှတ်(၄) ကျောက်တော်ကြီးလမ်း၊ ၊ မရမ်းကုန်းမြို့နယ် အဆောင် တစ်ခုတွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ် မစုစုလိုင်အား ည(၈)နာရီ အချိန်တွင် အာရုဏ်ဦး ပီနံအိတ် ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်ခင်မျိုးဆွေနှင့် မိမိကိုယ်ကို ဘုရင့်နောင်ရဲစခန်းမှ ဒုရဲအုပ်ဆိုသူ တစ်ဦးက ငွေကြေးအလွဲသုံးစား လုပ်ထားသည်ဟု စွပ်စွဲပြီး ဘုရင့်နောင် ရဲစခန်းသို့ လိုက်ခဲ့ပါဟု ဆိုကာ ခေါ်ဆောင်သွားခဲသည်ဟု သိရသည်။

မစုစုလိုင်မှ မိမိမှာ မည်သည့် ငွေကြေးကိုမှ အလွဲသုံးစားပြုလုပ်ထားခြင်း မရှိပါဟု ပြောကြားသော်လည်း ဒုရဲအုပ် အရှိန်အ၀ါကို သုံးကာ မစုစုလိုင်အား အတင်း ခေါ်ယူသွားခဲ့သည်ဟု သိရပါသည်။

သို့သော် တရားလို ဒေါ်ခင်မျိုးဆွေနှင့် ဒုရဲအုပ်ဆိုသူတို့သည် မစုစုလိုင်အား ဘုရင့်နောင် ရဲစခန်းသို့ လိုက်ခဲ့ပါဟု ဆိုသော်လည်း ရဲစခန်းသို့ ခေါ်ယူခြင်း မဟုတ်ဘဲ မရမ်းကုန်းမြို့နယ် အမှတ် (၃) အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူသွားခဲ့သည်ဟု ဆိုပါသည်။

အမှတ် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်းရှေ့တွင် မစုစုလိုင်အား ငွေ ၁၅ သိန်းကျော် အလွှဲသုံးစားမူ ပြုလုပ်သည်ဟု စွပ်စွဲပြီး ၀န်ခံ ပြောဆိုခိုင်းခဲ့သည်ဟု ဆိုပါသည်။

မစုစုလိုင်မှ မိမိ တစ်စုံတစ်ရာ အမှား ပြုလုပ်ခဲ့ခြင်း မရှိပါကြောင်း အကြိမ်ကြိမ် ငြင်းဆန်ခဲ့သဖြင့် ၎င်းနောက်ပိုင်း မစုစုလိုင်အား ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုပါသည်။

ထိုသို့ စွပ်စွဲခံရသဖြင့် မစုစုလိုင်မှာ အကြောက်လွန်ပြီး ဆရာဝန်ပြရသော အနေအထားသို့ ရောက်ရှိလာသဖြင့် သူမ၏ အဖိုးတော်စပ်သူ ဦးဝင်း၊ အမိ-ဒေါ်ငွေသိန်း၊ ဦးလေးတော်စပ်သူ ဦးအောင်နိုင်စိုး၊ ညီအစ်ကို မောင်နှမ တော်စပ်သူ ဦးမျိုးမြင့်ဦးနှင့် ဦးသန်းထိုက်တို့သည် ဘုရင့်နောင်ရဲစခန်းသို့ အခင်း ဖြစ်ပွားပြီး သုံးရက်အကြာ ဇူလိုင်လ ၂၈ ရက်နေ့တွင် သွားရောက် မေးမြန်း စုံစမ်း ခဲ့သည်ဟု သိရပါသည်။

ဘုရင့်နောင် ရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသော ဒု-ရဲအုပ် သက်ကိုကိုမောင်မှ မိမိတို့စခန်းမှ ဒုရဲအုပ် တစ်ဦးတစ်ယောက်ကိုမှ တာဝန်ပေးစေခိုင်းခဲ့ခြင်း မရှိပါကြောင်း၊ ထိုသို့ ဒုရဲအုပ် အမည်ဖြင့် မစုစုလိုင်အား ခေါ်ဆောင်သွားသူကို မိမိ မသိပါကြောင်းနှင့် ဇူလိုင်လ ၂၈ ရက်နေ့ထိ မစုစုလိုင်အား တစ်စုံ တစ်ဦးကမျှ အမူ ဖွင့်၍ မရှိခဲ့ပါကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်


သို့အတွက် မိသားစုများ အိမ်သို့ စိတ်အေး လက်အေးဖြင့် ပြန်လာခဲ့ကြသည်ဟု သိရသည်။
၎င်းနောက်ပိုင်းတွင်မှ ဒေါ်ခင်မျိုးဆွေ၊ အာရုဏ်ဦးပီနံအိတ်ရောင်းဝယ်ရေး(ပိုင်ရှင်)မှ မစုစုလှိုင်အား ငွေစာရင်းကွာဟမှုဖြင့် ငွေကျပ် ၁၅၁၀၈၀၀၊ ရလိုမှုနှင့် တရားလိုပြု၍ ဘုရင့်နောင် စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်ဟု ဆိုသည်။

သို့အတွက် သြဂတ်စ်လ ၇ ရက်နေ့တွင် ဒု-ရဲအုပ် သက်ကိုကိုမောင်နှင့် ရဲမေတဦး၊ အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ပေးအပ်သူ တဦးတို့သည် လာရောက်၍ မစုစုလိုင်အား ဘုရင့်နောင်ရဲစခန်းသို့ ခေါ်ဆောင်ပြီး ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်ဟု သိရသည်။

ဘုရင့်နောင် ရဲစခန်းတွင် ချုပ်နှောင်ပြီး ၁၃ ရက်အကြာ သြဂတ်စ်လ ၂၀ ရက်နေ့တွင် ဘုရင့်နောင်ရဲ စခန်းမှ အင်းစိန် ဗဟိုထောင်သို့ ပို့ဆောင် ချုပ်နှောင်ထားသည်။

မစုစုလှိုင်သည် အာရုဏ်ဦး ပီနံအိတ်ရောင်းဝယ်ရေး၊ မဋ-၁၃/ ယုဇနလမ်း၊ ၁ရပ်ကွက်၊ ဘုရင့်နောင် ပွဲရုံတန်း မရမ်းကုန်းမြို့နယ်တွင် အရောင်းစာရေး တာဝန်ဖြင့် (အစမ်းခန့်ကာလ) ၂၀၁၂ ခုနှစ်မေလ ၅ နေ့မှ စတင်၍ လုပ်ကိုင်ခဲ့ပါသည်။

အလုပ် လုပ်ပြီး ၃၈ ရက် အကြာ ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် မွတ်ဆလင် ဆိုင်တွင် အလုပ် လုပ်ရန် မသင့်တော်၍ အလုပ်မှ နုတ်ထွက်ခဲ့ပါသည်။

အလုပ်မှ နုတ်ထွက်ပြီး (၄၂) ရက်ကြာမှ ဇူလိုင်လ ၂၅ ရက်နေ့တွင် အလုပ်တွင် စာရင်းဇယားကွာဟ မှုရှိသည်ဟုဆိုကာ အလုပ်ပိုင်ရှင် ဒေါ်ခင်မျိုးဆွေမှ တရားစွဲဆိုခဲ့သည်ဟု သိရသည်။


မစုစုလှိုင်မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဆင်တန်းရှောင်ကျေးရွာမှဖြစ်ပြီး B.Sc (Zoology) ဖြင့် ဘွဲ့ရထားသူတဦးဖြစ်သည်။

မစုစုလှိုင်အမှုအား နိုဝင်္ဘာလ ၃၀ ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံး၌ ကြားနာချိန်တွင် ရခိုင်သံဃာတော် များနှင့် ရခိုင်အမျိုး
သား ၂၀ ခန့် တက်ရောက် ကြားနာခဲ့သည်။ သို့သော်လည်း အမူကိုတစ်စုံတစ်ရာ စစ်ဆေးခြင်း မရှိကြောင်း သိရသည်။

ကချင်မကောင်းကြောင်း ကရင်ကိုပြော

Aungmyo Tun

ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့  ကေအင်ယူ ခေါင်းဆောင်တို့ 
တွေ့ ဆုံပွဲသတင်း ဖတ်ပြသွားတဲ့အထဲက တချို့ နားထောင်ပြီး ကေအင်ယူ ကို
ကေအိုင်အို နဲ့  လှည့်တိုက်ပေးသလား ထင်ရအောင် အတော်လေး အံ့သြ
မှင်သက်မိတယ်။ ကေအိုင်အို အနေနဲ့  ပြည်သူတွေ၊ အခြားဝန်ထမ်းဌာနတွေကို
ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွက်၊ အထိနာရတဲ့အတွက် သူတို့ ဘက်က
ခံစားသဘောနဲ့  ပြန်လှန်တိုက်ခိုက်ရတယ်။ အခုတက်ရောက်လာတဲ့
ကရင်တိုင်းရင်းသား ကေအင်ယူအဖွဲ့ အနေနဲ့  ကချင်လက်နက်ကိုင် ကေအိုင်အို
အဖွဲ့ လို ပြည်သူတွေနဲ့  အရပ်သားပစ်မှတ်များအပေါ် တိုက်ခိုက်ခြင်းမရှိတဲ့
အတွက် ကေအင်ယူ ကို ကာ/ချုပ် အနေနဲ့  အသိအမှတ်ပြုပါကြောင်း
ပြောဆိုသွားတဲ့အပေါ် ငြင်းချက်ထုတ်ရမယ်။ ဒီလို ငြင်းချက်ထုတ်တဲ့အခါ
ကေအင်ယူ ဘက်က စစ်ရေးသဘောအရ ဒါမျိုးတွေ အလားတူလုပ်ဆောင်တယ်
ဆိုပြန်ရင်လည်း ကာ/ချုပ် ဆင်ထားတဲ့ အကွက်ထဲ ကားခနဲ ကျမယ် ဆိုတာ
နားလည်ငြား ပြောစရာရှိတာတော့ မြိုသိပ်ထားလို့  မဖြစ်ချေဘူး။

ကျွန်တော့်ကို ၁၉၆၈ ခုနှစ်မှာ မွေးတယ်။ သတင်းစာကို ၂ တန်းထဲက
စွဲစွဲဖတ်တတ်လို့  ကလေးဘ၀ နိုင်ငံရေး ဘာရယ်မှန်းမသိခင် သတင်းစာမှာ
ဖော်ပြထားတဲ့ ခေါင်းကြီးတွေ၊ ရှေ့ ဖုံး နောက်ဖုံး သတင်းတွေ၊ ဆောင်းပါးတွေ၊
ကြွေးကြော်သံဆိုတာမျိုးတွေကို စာကိုယ်သတင်း မဖတ်ခဲ့ပေမယ့် တပ်ခဲ့ကြတဲ့
ခေါင်းစည်းစကားလုံးများကိုတော့ ထူးထူးခတ်ခတ် အမှတ်ရနေတာ အခုထိ။
အဖျက်သမား၊ သောင်းကျန်းသူ စသဖြင့် လူသတ်သမား မခေါ်ရုံတမယ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့  အယူဝါဒအခြေခံ လက်နက်ကိုင်တို့ ကို
ပြစ်ပြစ်နှစ်နှစ် တူးတူးခါးခါး ရေးသားဖော်ပြခဲ့ကြတာ ဘယ်မေ့လိမ့်မလဲ။
အခြား သတင်းစာ၊ အခြား ပြိုင်ဖတ်စရာ စာစောင်ဆိုလို့  မူးလို့ ရှူစရာမရှိ
ခေတ်ကာလမှာ အစိုးရထုတ်သတင်းစာတွေက ရေးသားဖော်ပြမှုမှန်သမျှ
အမှတ်တမဲ့ မရှိခဲ့တဲ့အတွက် အဖုံဖုံအမျိုးမျိုးသော လက်နက်ကိုင်အဖွဲ့ များကို
သေးသိမ်နာမည်ပျက်အောင်၊ သိက္ခာကျ နာလန်မထူနိုင်အောင် တစ်ဘက်သတ်
ရေးသားခဲ့ပြီး စစ်တပ်မဟုတ်တဲ့ အခြားလက်နက်ကိုင်တွေရဲ့  ရည်မှန်းချက်
ပန်းတိုင်ကို ပုံဖျက်ခဲ့တဲ့သဘောကို နည်းနည်း အရွယ်ရောက်လာမှ သိရတယ်။

ကိုယ်တွေ့ ကြုံရတာ တစ်ခုပြောမယ်။ ၁၉၈၅ ခုနှစ်လောက်က ရန်ကုန်မြို့ မှ
မြန်မာပြည်အောက်ပိုင်း ရေးမြို့ ဆီသို့  မီးရထားနဲ့  ခရီးထွက်ခဲ့ဖူးတယ်။
နှစ်ကရင်ဘူတာ နားမှာ ကျွန်တော်စီးနင်းလာတဲ့ရထား ခရီးဆက်လို့  မရတဲ့အခါ
ရထားပေါ်ကနေပြီး အကျိုးအကြောင်းစုံစမ်းကြည့်တော့ ချောင်းကူးတံတား
တစ်ခု ဗုံးဖောက်ခွဲတာခံရပြီး တံတားကျိုးသွားတဲအတွက် ရေး ဘက်က
ထွက်လာတဲ့ရထားတစ်စင်း အဲဒီတံတားကျိုးအနား ရောက်လာတာကို စောင့်ပြီး
ဟိုဘက်ဒီဘက် ခရီးသည်တွေ ရထားချင်း လဲစီးလို့  လိုရာခရီး ဆက်ခဲ့ကြတာကို
ခုထိ မမေ့နိုင်သေးဘူး။ ပြောလက်စနဲ့  မြင်ခဲ့ ကြုံခဲ့ရတာတစ်ခုကို ဖောက်သည်
ချဦးမယ်။ စီးနင်းလာတဲ့ ရထားပေါ်ကမဆင်းမီ အပြင်ဘက်ကမြင်ကွင်းတွေကို
လှမ်းကြည့်ရင်း စစ်သားနှစ်ယောက်က နောက်ကလိုက်၊ အရပ်သားတစ်ဦးက
ရှေ့ က အူလျားဖားလျားပြေးနေတဲ့ ရန်ကုန်က ခုမှ လာတဲ့သူအတွက်
ထူးဆန်းတဲ့မြင်ကွင်းကို တွေ့ ရလို့  ဒီလမ်းခရီး စီးနင်းနေကျ ခရီးသည်တချို့ ကို
စပ်စုကြည့်တဲ့အခါ အဲဒါ “ပေါ်တာ” ဆွဲနေတာလို့  ပြန်ဖြေကြတယ်။
ပုဆိုးဝတ်နဲ့  အရပ်သားက ထွက်ပြေး၊ အစိမ်းပုပ်ရောင် ယူနီဖောင်းနဲ့ စစ်သားက
နောက်ကလိုက်ဖမ်းတာ ပေါ်တာ လို့  မျက်ဝါးထင်ထင် နားလည်လိုက်တာ
အဲဒီကတည်းက မမေ့နိုင်သေးဘူး။

ကာ/ချုပ် စကားကို ပြန်ဆက်ရအောင်။ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ရာထူးရာခံ ရနေမှတော့၊ စစ်တပ်ရဲ့  ထိပ်ခေါင် ဧရာမနေရာ ရောက်နေမှတော့
စစ်တပ်သမိုင်း၊ စစ်တပ်သဘော၊ စစ်တပ်ရဲ့  သုတေသန အလုပ်များကို
တစ်ဖက်ကမ်းခတ် မဟုတ်ရင်တောင် အခြေခံမှအစ နောကျေမွှေနှောက်
ထဲထဲဝင်ဝင် ရှိပြီးသားဆိုတာ ကျွန်တော် ယုံကြည်တယ်။ သို့ သော်..
ကေအင်ယူ ကရင်လက်နက်ကိုင်အဖွဲ့ ဟာ ပြည်သူလူထုနဲ့  အရပ်သားဌာနတွေ
ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိတဲ့အတွက် လက်ရှိ ကာ/ချုပ်အနေနဲ့ 
ကရင်အဖွဲ့ ကို အသိအမှတ်ပြုတယ် ဆိုတဲ့ စကားဟာ ရိုးရိုးသားသား
မှားယွင်းစွာ ပြောလိုက်တယ်လို့ ကို မထင်မိဘူး။ အမျိုးသားစာကြည့်တိုက်မှာ
ဖြစ်ဖြစ်၊ တက္ကသိုလ်များ စာကြည့်တိုက်မှာဖြစ်ဖြစ် ဒါမှမဟုတ်လည်း
စစ်တပ် သုတေသနဌာနတွေမှာဘဲဖြစ်ဖြစ် မဆလ ခေတ်၊ ငြိမ်/ပိ နဲ့  န၀တ
နအဖ ခေတ်များက ထုတ်ဝေခဲ့တဲ့ အစိုးရသတင်းစာတွေကို လှန်လှောကြည့်ရှု
စေချင်တယ်။ ကရင်၊ ကချင်၊ ရှမ်း စတဲ့ အင်အားကြီး လက်နက်ကိုင်တွေဘက်က
အစိုးရကို ပုန်ကန်ထောင်ထားခြားနားတဲ့ စစ်ရေးတိုက်ခိုက်မှုတွေကြောင့်
နောက်ဆက်တွဲ ဖြစ်ရပ်တွေအပေါ် အစိုးရတွေက ဘယ်လို သုံးနှုန်းရေးသား
ခဲ့သလဲ ဆိုတာ မြေပြန့် တောင်ပေါ် ပြည်သူလူထုအားလုံး အလွတ်ကျက်မှတ်
စရာမလိုလောက်အောင် အမှတ်သညာထဲ စွဲပြီးသားဖြစ်တယ်။

ဒီနေ့ ဒီအချိန်မှာ ကေအင်ယူ ကရင်အဖွဲ့ အပါအ၀င် အဖွဲ့ တချို့ နဲ့  အပြစ်ရပ်၊
အစိုးရရုံးစိုက်ရာ နေပြည်တော်အထိ ခေါ်ပြီး ကေအင်ယူ ဥက္ကဌနဲ့  တွေ့ ဆုံချိန်
နိုင်ငံရေးအခြေအနေမှာ ကေအင်ယူကို ဖော့ဖော့ဖာဖာ ချွေးသိပ်ပြီး
မီးကုန်ယမ်းကုန် တိုက်ခိုက်နေတဲ့ အခြား တိုင်းရင်းသားအဖွဲ့ ဖြစ်တဲ့ ကေအိုင်အေ
ကချင်အဖွဲ့ ဘက် ဒီမငြိမ်းချမ်းမှု၊ ဒီတိုက်ပွဲ၊ ဒီပြည်တွင်းစစ်ဟာ သူတို့ ကြောင့်
ဖြစ်နေရတာလို့  ကချင်မကောင်းကြောင်း ကရင်ကိုပြောနေတာတွေဟာ
အမျိုးသားချင်း ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှရေး၊
ပြည်တွင်းစစ် အမှန်ချုပ်ငြိမ်းရေးတို့ အတွက် ဘယ်လိုမှ အထောက်အကူ
မဖြစ်နိုင်တဲ့အပြင် ငြိမ်းချမ်းရေးအတွက် ပိုလို့ တောင် အလှမ်းဝေးစေတယ်လို့ 
ထင်မြင်ယူဆမိကြောင်းပါ။

https://www.facebook.com/aungmyo.tun.52/posts/462145970511111

ပြည်နယ်နဲ့တိုင်းကျူးကျော်တိုက်ခံရတာပါထည့်သင့်တယ်။

လက်တလုံးခြားနာဂစ်ဥပဒေပါ။
ဓါတ်ပုံ- ခွန် ဒီးယမ်

ဂျပန်ဝန်ကြီးစစ်သင်းချိုင်းအသွားဆန္ဒပြသူတရုတ်များအားအရေးယူ

MIJ
တရုတ်လူမျိုး စစ်သားဟောင်း မစ္စတာ လျိုတကျောင်း(ခ)ဦးကြည်မြင့် အပါအဝင် ကျား (၅)ဦး၊ မ (၁)ဦး၊စုစုပေါင်း (၆)ဦး တို့မှ အလျား (၁၇)ပေ၊ အနံ (၁၆)လက္မခန့်ရှိ အဖြူရောင် အဝတ်စပေါ်တွင် အနက်ရောင် တရုတ်စာတမ်းများ ကပ်၍ ဆန္ဒဖေါ်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် မင်္ဂလာဒုံရဲစန်းမှ ၄င်းနေ့တွင်ပင် (ပ)၂၁/၂ဝ၁၃၊ ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း MIJ မှ သတင်းရရှိ ပါသည်။

ယနေ့ညနေ ၅ နာရီ ၁၅ မိနစ်မှ လိုင်ဇာမြို့ကို စတင်ပစ်ခတ်နေပြန်ပြီ။

သတင်းစုဗူး's photo.

ယနေ့ညနေ ၅ နာရီ ၁၅ မိနစ်မှ လိုင်ဇာမြို့ကို စတင်ပစ်ခတ်နေပြန်ပြီ။

ယနေ့မနက်ပိုင်းတွင် လိုင်ဇာမြို့အား ၁၀၅ မမဖြင့် ၈ ချက်ပစ်ခတ်ပြီး လဂျားယန်နှင့် လ၀ါယန်အား အချက် ၇၀ ကျော် ပစ်ခတ်ပြီးဖြစ်သည်။

ွှThe government army has resumed shooting Laiza at 5: 15: PM.
This morning, Laiza got 8 shots of 105 MM, more than 70 times to Lawa Yang and Laja Yang.

Laiza hpe ya Shana de 5:15 kaw nna kalang bai gap hpang wa sai. Dai hpawt 105 MM hte Laiza hpe 8 lang gap nna, Laja Yang hte Lawa Yang hpe 70 lang jan gap ma ai.

Khon Ja
Mai Ja Yang
Chinese mobile +86 14787324063, 15368672927

ယနေ့မနက်ပိုင်းတွင် လိုင်ဇာမြို့အား ၁၀၅ မမဖြင့် ၈ ချက်ပစ်ခတ်ပြီး လဂျားယန်နှင့် လ၀ါယန်အား အချက် ၇၀ ကျော် ပစ်ခတ်ပြီးဖြစ်သည်။

The government army has resumed shooting Laiza at 5: 15: PM.
This morning, Laiza got 8 shots of 105 MM, more than 70 times to Lawa Yang and Laja Yang.

Laiza hpe ya Shana de 5:15 kaw nna kalang bai gap hpang wa sai. Dai hpawt 105 MM hte Laiza hpe 8 lang gap nna, Laja Yang hte Lawa Yang hpe 70 lang jan gap ma ai.

Khon Ja
Mai Ja Yang
Chinese mobile +86 14787324063, 15368672927

သွား.. ယူဘူး...ရိက္ခာပဲမှန်အောင်ပို့။။။

ဘင်္ဂါလီပြန်လည်နေရာချထားရေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကျောက်ဖြူဒေသခံများနှင့် ဆွေးနွေး

r
ကျောက်ဖြူ ၊ ၀၆ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ရခိုင်ပြည်နယ်စက်မှုလက်မှုဝန်ကြီး ဦးသာလူချေ နှင့် စည်ပင်သာယာရေးဝန်ကြီးဦးလှဟန် တို့အဖွဲ့သည် ယနေ့ နေ့လယ်(၁)နာရီခန့်တွင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျောက်ဖြူလူငယ်အဖွဲ့ နှင့် ကျောက်ဖြူ မြို့မိမြို့ဖ တို့အား နှစ်ဖွဲ့ခွဲ တွေ့ဆုံကာ ဘင်္ဂလီများအား ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ဒေသပြင်ပတွင်ရောက်ရှိနေသော ပုန်းရှောင်ဘင်္ဂါလီများကို ကျောက်ဖြူမြို့နယ်အတွင်း ပြန်လည် နေရာချထားရန်အတွက် ၄င်းတို့ ကြိုတင်ရွေးချယ်ထားသော နေရာ(၃)နေရာကိုချပြဆွေးနွေးခဲ့သည်။ထိုနေရာများမှာ ပြင်ဖြူမော် ၊ ငသန့်သာကျွန်း နှင့် အစိုင်းကြီးကျွန်း တို့ဖြစ်ကြသည်။
၎င်းနေရာသုံးခုစလုံးအားလက်မခံကြောင်း ကျောက်ဖြူလူငယ်အဖွဲ့က ပြန်လှန်ဆွေးနွေးသွားခဲ့သည်။


AZG အား မြေပုံမြို့ဒေသခံများက လက်မခံ
By Kaw Kar Nu
စစ်တွေ ၊ ၀၆ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral arakan News ၊ [ သတင်း ]

ဟော်လန် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ AZG (MSF) အနေဖြင့် အစဉ်အဆက် ခွဲခြားဆက်ဆံမှုများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်သာမက ပြီးခဲ့သော ဒီဇင်ဘာ (၂၇)ရက်နေ့ ၄င်းတို့၏ ခရီးစဉ်တွင် ဘင်္ဂါလီ နှစ်ဦးကို ခေါ်ဆောင်လာခဲ့သည့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ်စေမည်ဟု သုံးသပ်သည့်အတွက် မြေပုံဒေသခံများက AZG အား မလာစေလိုကြောင်း ငြင်းပယ်လိုက်သည် ဟု ဒေသခံအချို့က Coral Arakan အား သတင်းပေးပို့သည်။
AZG ၏ လုပ်ဆောင်မှုများကို ဒေသခံလူထုများအား မနေ့က နံနက် ကိုးနာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ရှင်းလင်းပွဲပြုလုပ် ရှင်းပြရာ၊ ဒေသခံများက AZG အား ထိုကဲ့သို့ ငြင်းပယ် ပြောဆိုခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
အဆိုပါ အခမ်းအနားသို့ မြို့ပေါ်မှ ကျောင်းထိုင်ဆရာတော် ငါးပါး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ အခြားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အကျိုးတော်ဆောင်အဖွဲ့ဝင်များ(မြို့မိမြို့ဖများ) ၊ မြို့နယ် အမျိုးသမီး ကွန်ရက် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း နှစ်ရာခန့် တက်ရောက်ခဲ့ကြသည် ဟု ဆိုသည်။


ရခိုင်အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်သူအဖြစ် ရဲကခြိမ်းခြောက်ကာ စွပ်စွဲခိုင်းသည်ဟု ဘင်္ဂါလီသက်သေ က ကျောက်တော်တရားရုံးတွင် ထွက်ဆို

===============================
[ Citizen Journalist Corner / 05 January 2013 / Coral Arakan News]

၃.၁.၂၀၁၃ နေ. ကျောက်တော်တရားရုံး မှ ထူးခြားသတင်း
(ကျောက်တော်မြို.မိမြို.ဖတစ်ဦးသတင်းပေးပို.ချက်)
ကျောက်တော်မြို.နယ် ဂုတ်ပီထောင့် ကျေးရွာ မှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံထားရသော ဦးထွန်းဝင်း အား ကုလား-ရခိုင် ပဋိပက္ခ တွင်ပါဝင်သည်ဟု စွတ်စွဲရ်ျ အပေါက်ဝ ရဲစခန်းမှ ဒုရဲအုပ် လှဝင်း က အမှုစွဲတင် ။
တရားလိုဟုပြောသော ကုလား အာမီရာမောက်(ခ)မောင်သိန်းရွှေ က သူ.အနေဖြင့် ဆန္ဒမပါဘဲ ဒုရဲအုပ် လှဝင်း အတင်းအဓမ္မ ခြိမ်းခြောက်တိုက်တွန်း သဖြင့် လက်မှတ်ရေးထိုးပေးလိုက်ရကြောင်းထွက်ဆို။
တရားလိုပြသက်သေတစ်ဦးဖြစ်သော ကုလား ရော်ဘီရှော အား လည်း အဆိုပါ ရဲအရာရှိကပင် ခြိမ်းခြောက်ထွက်ဆိုခိုင်းကြောင်း သိရှိရ ။
အဆိုပါ တရားစွဲတင်ရန် ကိစ္စ ကို ထိုရွာမှ မျိုးထွန်းနိုင် နှင့် ကျေးရွာလူကြီး ၃ ဦး တို. စတင်ခြင်းဖြစ်သည် ဟု သိရ။
တရားလို ကုလားနှစ်ဦး ကို ရဲ မှ ၀ိုင်းရံပြီး တရားရုံးသို. .ခေါ်ဆောင်လာခြင်းကို ကျောက်တော်မြို.မိမြို.ဖ များနှင့် လူထုများ မကျေမချမ်းဖြစ်ကြရ။
၁၁.၁.၂၀၁၃ သောကြာနေ.ရုံးချိန်း တွင် ကုလားများ မြို.တွင်းသို. မ၀င်ရောက်နိုင်အောင် မြို.လူထုက တားဆီးမည်ဟု မြို.လူထုအစည်းအဝေးက ယနေ.ဆုံးဖြတ်ကြကြောင်းသိရှိရသည် ။


By Than Tun Than

================================
[ CJ Corner / 05 January 2013 / Coral Arakan News ]
CJs' Corner သတင်းများကို အယ်ဒီတာအဖွဲ့ ၏ ပြင်ဆင်တည်းဖြတ်မှုမပါဘဲ မူရင်းရေးသားသူ၏ အာဘော် အတိုင်း ဖော်ပြထားပါသည်။

(KNU) ခေါင်းဆောင်များအတွေ့အကြုံ ရှင်းလင်းပွဲ လုပ်

Eleven Media Group
ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များသည် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ကရင်တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ထင်ရှားသူများအား ဇန်န၀ါရီလ ၆ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) တွင် တွေ့ဆုံခဲ့ကြသည်။ ''KNU ၁၅ ကြိမ်မြောက် ညီလာခံကနေ ရွေးကောက်တင်မြောက်လိုက်တဲ့ ဥက္ကဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU ဗဟိုကော်မတီဝင်တွေဟာ နိုင်ငံတော်သမ္မတကြီးရယ် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံပြီးတဲ့ အချိန်မှာ ရန်ကုန်မှာရှိတဲ့ ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်း အသီးသီးက ဦးဆောင်သူတွေနဲ့ တွေ့ဆုံပြီး အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်တာပါ။ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ သမ္မတကြီးနဲ့ တွေ့ပြီး ဘာတွေဆွေးနွေးခဲ့တယ် ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ပြီး ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာပေါ် မူတည်ပြီး ရှင်းလင်းပွဲလုပ်တာပါ'' ဟု မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။ —

မဖြစ်နိုင်တဲ့ပခုက္ကူစကားရည်လုပွဲကန့်သတ်ချက်

ပခုက္ကူ ဦးအုန်းဖေ စာကြည့်တိုက်ကော်မတီ ဥက္ကဌ ဦးတင့်ဆွေ နှင့် အမျိုးသား စာပေဆုရ ဒေါက်တာသက်လွင်တို့ ဦးစီး၍ ပခုက္ကူမြို့တွင် စာဆိုတော်နေ့ အထိမ်းအမှတ် “လူ့ဘ၀တွင်ပညာရေးသည် စီးပွားရေးထက် အရေးကြီးသည်” ခေါင်းစဉ်ဖြင့် (၆-၁-၂၀၁၃) ရက်တွင် စကားရည်လုပွဲ ကျင်းပရန် သက်ဆိုင်ရာတာဝန်ရှိသူများအား ကြိုတင်၍ ခွင့်ပြု မိန့်တောင်းခံ ခဲ့ပါသော်လည်း ကျင်းပမည့်နေ့ရောက် မှ မြို့နယ်အုပ်ချုပ်ရေးမှူး မှ ကန့်သတ်ချက်(၄) ချက်ပါသော ရုံးစာဖြင့် ခွင့်မပြု နိုင်ကြောင်း ပြန်ကြားလာခဲ့ကြောင်း သိရသည်။

ပေါ်ပြူလာ နယူးဂျာနယ်

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်ပြုပြင်မွမ်းမံရေး အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

"လွတ်တော်မှာ နိုင်ငံရေးဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်က ကေအင်ယူ ကို ပြောကြား"

RFA Burmese

မြန်မာသမ္မတ ဦးသိန်းစိန် က ကရင် အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ကို ဇန်နဝါရီလ ၅ ရက် မနေ့ညနေက တွေ့ဆုံခဲ့ရာမှာ ကာလရှည်ကြာပြီဖြစ်တဲ့ မိမိတို့ အချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေကို မိမိတို့ လက်ထက်မှာ အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အပစ်အခတ် ရပ်စဲရေးကနေ စတင်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်လုပ် ဆောင်ရန်အတွက် မိမိတို့(KNU)အဖွဲ့က ဆန္ဒရှိကြောင်း၊ နိုင်ငံတစ်ဝန်းမှာ အပစ်အခတ်ရပ်စဲမှုများ ရှိနေပြီဖြစ်ပေမယ့် ကချင်ပြည်နယ် ပဋိပက္ခကတော့ ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နေကြောင်း၊ ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့ ကူညီလိုကြောင်း ပြန်လည်ပြောကြားပါတယ်။

အဲဒီနောက် သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ မြန်မာ တပ်မတော်ကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရုံမှ အပ စတင် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ မိမိတို့ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ရာမှာ မတူကွဲပြားမှုများ ကို ဖယ်ရှားပြီး တူသည်များကို ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံရေး အဆင့်ဆွေးနွေးဖို့အတွက် တိုင်းရင်းသား ကိုယ်စားလှယ်အားလုံး ပါဝင်တဲ့ လွှတ်တော်ဟာ ဆွေးနွေးရန် အကောင်းဆုံး နေရာဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
နေပြည်တော် က အဲဒီ တွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေကို တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဦးသိန်းစိန်နှင့်အတူ မြန်မာအစိုးရဖက်က ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီ နဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ကြံပီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဖက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး(၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြတဲ့ ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

နေရာအထားမှားလေတော့........


မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်း သူငယ်ချင်းတယောက်အလုပ်ကို ၀ိုင်းကူလုပ်ပေးရင်းနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (Myanmar Economic Corporation-MEC) နှင့်တကွ ၄င်း၏လက်အောက်ခံ စက်ရုံများသို့ ရောက်ဖြစ်ခဲ့သည်။ MEC ရုံးချုပ်တွင်းမှအစ စက်ရုံများအားလုံးမှာ တပ်မတော်မှထိပ်ပိုင်းအရာရှိကြီးများ၊ ဗိုလ်ကြီး၊ ဗိုလ်လတ်၊ ဗိုလ်ငယ်၊ ဗိုလ်ဘုစုခရုတို့ဖြင့်ဖွဲ့စည်းထားပြီး ယခင်စစ်အာဏာရှင်တို့၏ အုပ်ချုပ်ပုံယန္တရားအတိုင်း လည်ပတ်နေဆဲဖြစ်သည်။

ထိုသို့သူငယ်ချင်းအားဝိုင်းလုပ်ပေးရင်းဖြင့် တနေ့ နယ်မြို့တမြို့မှ တပ်မတော်စက်ရုံတရုံသို့ ရောက်သွားခဲ့သည်။ စက်ရုံတွင်လုပ်ရန်လိုအပ်သည်များကို လုပ်ပြီးနောက် ၀န်ထမ်းတဦးမှ စက်ရုံမှူး (ဗိုလ်မှူးကြီး) မှ ခဏတွေ့ချင်ပါသည်ဟု ပြောလာသဖြင့် စက်ရုံမှူးနှင့်တွေ့ရန် ခဏစောင့်နေရသည်။

စက်ရုံမှူးရုံးခန်းတွင်းရောက်သွားသည့်အခါ အသက် ၆၀ နီးပါးအရွယ် ရည်ရည်မွန်မွန်နှင့် ပွင့်လင်းဖော်ရွှေပုံရသော စက်ရုံမှူးကို (အငြိမ်းစားဗိုလ်မှူးကြီး ဟုထင်ရသည်) တွေ့ရသည်။ သူကပင်စ၍ ဘယ်ကုမ္ပဏီကလဲ၊ ဘာရာထူးနဲ့လုပ်နေတာလဲ၊ အဆင်ပြေမပြေ စသည့် အလ္လာပသလ္လာပ စကားတို့ဖြင့် မေးမြန်းပြောဆိုပြီးနောက် ယနေ့မြန်မာနိုင်ငံသည် ယခင်ကနှင့်မတူဘဲ တိုးတက်ပြောင်းလဲလာပုံကို ရွှန်းရွှန်းဝေအောင် ပြောဆိုနေပါတော့သည်။ ကျနော်လည်း အလိုက်သင့်အလျားသင့် ပြန်လည်ပြောဆိုနေချိန်တွင် သူက “တပ်မတော်စစ်သားများအပေါ် ပြည်သူတယောက်အနေဖြင့် ဘယ်လိုအမြင်ရှိသလဲ” ဟု ဗြုန်းကနဲ ကောက်ခါငင်ခါ မေးလာခဲ့သည်။

ဤနေရာတွင် ကျနော်၏၀တ်ထားပုံကို ကြားဖြတ်ဖော်ပြလိုသည်။ ကျနော်ကအမြဲတမ်းလိုလို ဂျင်းဘောင်ဘီနှင့် စပို့ရှပ် (သို့) ရှပ်လက်တိုနှင့် လျှောက်သွားနေလေ့ရှိသည်။ ရှမ်းလွယ်အိတ်ပင်နီရောင်ကို ခပ်တိုတိုထုံးထားပြီး ဘေးတွင်လွယ်ထားလေ့ရှိသည်။ ထိုပင်နီရောင်လွယ်အိတ်ကြောင့်ပင် ထိုစကားမျိုးမေးသည်ဟု ထင်ရပါသည်။

“ကျနော်ပွင့်ပွင့်လင်းလင်း ပြောလို့ရနိုင်မလားခင်ဗျာ” ဟု စကားပလ္လင်ခံ၍ အရင်ပြန်မေးရသည်။

“ဟာ ရပါတယ်။ ပြောပါ ပြောပါ”

“တပ်မတော်နဲ့ တပ်မတော်သားဆိုတာ တိုင်းပြည်တပြည်မှာ မရှိမဖြစ်လိုအပ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးပါ။ ဒါပေမယ့်………..”

“အင်း………..”

သူ့ဆီမှ အင်းအရှည်ကြီးဆွဲသံကိုကြားရသည်။ ကျနော်လည်း စကားခဏဖြတ်ထားပြီးမှ မထူးဇာတ်ခင်းကာ

“အန်ကယ်တို့ ယူနီဖောင်းအပြည့်အစုံမှာ ဦးထုပ်လည်းပါတယ်ထင်ပါတယ်။ အဲဒီ့ဦးထုပ်ကို ဦးထုပ်ထားတဲ့နေရာမှာမထားဘဲ ဖိနပ်စင်ပေါ်မှာ တင်ထားရင် ကြည့်လို့မြင်လို့ တော်ပါ့မလားခင်ဗျာ။”

ပြန်ပြောသံမကြားရ။

“တပ်မတော်ဆိုတာ နိုင်ငံရဲ့ရန်မှန်သမျှကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းလို့ ကျနော်မြင်သလို တပ်မတော်သားစစ်သားတွေရဲ့ စစ်ထဲဝင်ချင်တဲ့ ရည်ရွယ်ချက်ကလည်း ဒီလိုပဲလို့ ကျနော်မြင်ပါတယ်။ စီးပွားရေးလုပ်ဖို့၊ နိုင်ငံရေးလုပ်ဖို့ စစ်ထဲဝင်ကြတာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။

ဒါပေမယ့် ခုအစိုးရလက်ထက်မှာ တပ်မတော်က တိုင်းပြည်ရဲ့စီးပွားရေးတွေကို ချုပ်ကိုင်ချယ်လှယ်နေတာ၊ ခုနအန်ကယ်ပြောတဲ့ တိုးတက်လာပါပြီဆိုတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေဟာ ယူနီဖောင်းတွေတကားကားနဲ့ နိုင်ငံရေးပိုင်းမှာ ပါဝင်နေတာတွေဟာ အမြင်မတော် ဆင်တော်နဲ့ခလောက်လို ဖြစ်နေပါတယ်။

ကျနော်စကားအမှားပါရင် ခွင့်လွှတ်ပါအန်ကယ်။ လက်ရှိကျနော်တို့နိုင်ငံရဲ့ တပ်မတော်ဟာ အုပ်ချုပ်သူတစုရဲ့ နေရာအထားအသိုလွဲမှားနေတဲ့အတွက် အမြတ်တနိုးနဲ့လေးလေးစားစားရှိရမယ့် ဦးထုပ်ကို ဖိနပ်စင်ပေါ်တင်ထားသလို အကြည့်ရအရမ်းဆိုးနေပါသေးတယ် အန်ကယ်”

ကျနော်ရပ်လိုက်သည်။ ဆက်မပြောတော့။ ခဏကြာတော့မှ သူ့ဆီမှစကားတခွန်းထွက်လာသည်။

“အန်ကယ်တို့ကလည်း အထက်အမိန့်အရ ထားရာနေစေရာသွားပါကွာ”

ထို့နောက်တွင်တော့ ကျနော်တို့ စကားလမ်းကြောင်းပြောင်းသွားကြသည်။ သူကလည်း လူကြီးတယောက်မှ ဆုံးမသည့်အနေဖြင့် အလုပ်ကိုကြိုးကြိုးစားစား၊ ရိုးရိုးသားသားလုပ်ရန် စကားများကိုသာပြောဆိုပြီး ခဏအကြာ ကျနော်လည်း ရန်ကုန်ပြန်ရင် ကားလက်မှတ်အချိန်မီဝယ်ရမည်ဖြစ်သောကြောင့် နှုတ်ဆက်ထွက်လာခဲ့တော့သည်။

မောင်ပါလ
၀၆.၀၁.၂၀၁၃
https://www.facebook.com/photo.php?fbid=10200374416306724&set=a.1944046884580.114478.1344730884&type=1

ဖက်ကြပြန်ပြီ....


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ

မြ၀တီ