Monday, January 7, 2013

လက်ပံတောင်းတောင် အရေး အစီရင်ခံစာ လကုန် တင်မည်၊ မည်သည့် အကြောင်းနှင့်မဆို ဖျတ်သိမ်းရေး ဦးတည်မည်

The Myanma Age's photo.
လက်ပံတောင်းတောင် အရေး အစီရင်ခံစာ လကုန် တင်မည်၊ မည်သည့်
အကြောင်းနှင့်မဆို ဖျတ်သိမ်းရေး ဦးတည်မည်

ရန်ကုန်၊ ဇန်နဝါရီ ၇။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအဝင် အကြမ်းဖက်ဖြိုခွင်းမှု
အတွက် နိုင်ငံတော်မှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခုလ မကုန်ခင်အတွင်း အစီအရင်ခံစာ တင်မည်ဖြစ်ကြောင်း ဒေါ်အောင်
ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဌ အဖြစ် တာဝန်ပေးအပ်ထားခြင်း ခံရကြောင်း သိရပြီး ယခုလအတွင်း
တွင်လည်း နိုင်ငံရပ်ခြား ခရီးစဉ် အဖြစ် ဟာဝိုင်ရီရှိ ဟိုနိုလူလူ အားသွား
ရောက်မည် ဖြစ်ကြောင်းနှင့် ၎င်းကမှတစ်ဆင့် ကိုရီးယားသို့ ထပ်မံသွား
ရောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ပံတောင်းတောင် အတွက် စုံစမ်းရေးကော်မရှင်က အချိန်ပြည့်အလုပ်
လုပ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော် နားတဲ့ အချိန်တွေမှာလည်း သွား တဲ့အဖွဲ့တွေရှိပါတယ်။ ဇန်နဝါရီ လကုန်ခါနီး အမေစု ခရီးသွားမယ်။ မသွားခင်မှာဘဲ လက်ပံတောင်းတောင် အရေးနဲ့ ပက်သက်ပြီး အစီရင်ခံစာ တင်မယ်လို့ သိရပါတယ်” ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဆက်လက်ပြီး လက်ပံတောင်းတောင်တွင် သပိတ်စခန်းများ ဖွင့်လှစ်ထား
မှုနှင့် ပက်သက်၍ “ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ နစ်နာဆုံးရှုံး
မှုတွေ မရှိဘဲနဲ့ ဘယ်သူမှ ဆန္ဒပြမှာ မဟုတ်ဘူး။ ဆန္ဒထုတ်ဖော်မှုတွေဟာ ကိုတော့ ကန့်ကွက်စရာ ဘာအကြောင်းမှမရှိပါဘူး။ ဒါပေမယ့် ဆန္ဒထုတ်ဖော်
တဲ့ အခါနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းမှု အဆင့်လာရဦးမယ်။ အဲဒီအခါ အားလုံးယုံကြည်တဲ့ ဒေါ်စုပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ ရလဒ်
ကို စောင့်ကြည့်စေချင်တယ်” ဟုထပ်မံပြောကြားသည်။

ယမန့်နေ့ ညနေပိုင်းတွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန်အတွက်
သပိတ်စခန်းဖွင့်လှစ်ထားသော တုံရွာတွင် အရေးပေါ် အစည်းအဝေးကြီး
ပြုလုပ်ခဲ့ကြောင်း သိရပြီး အဆိုပါ အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေး
ကော်မရှင်မှ မည်သို့ပင် ဆုံးဖြတ်စေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံ
ကိန်းအား ရပ်ဆိုင်းသွားရန် ဆက်လက် တောင်းဆိုသွားမည်ဟု ဆုံးဖြတ်
ခဲ့ကြကြောင်း ဒေသံများထံမှ သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပက်သက်၍ “ စုံစမ်း
စစ်ဆေးရေးကော်မရှင်က အစီရင်ခံစာမှာ ဒီမှာရှိတဲ့ ကျေးရွာတွေကိုလည်း မဖျတ်ခိုင်းဖို့ရယ်။ လယ်မြေတွေ ဆုံးရှုံးခဲ့တဲ့ သူတွေအတွက်လဲ ငွေရေးကြေး
ရေး အနေနဲ့အကူအညီ ပြန်ပေးဖို့။နောက်ပြီး လက်ပံတောင်းမှလုပ်နေတဲ့ သတ္တုတူးဖော်ရေးနဲ့ ကုန်ကြမ်းတွေကို အရင်လုပ်ခဲ့တဲ့ စပါယ်တောင်
မှာပြန်လုပ်ဖို့ စတဲ့ ဟာတွေ ပါဖို့ ဒီမှာရှိတဲ့ လူတွေက မျှော်လင့်ထားတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် လက်ပံတောင်းတောင် စီမံကိန်း ဖျတ်သိမ်း
ရေးကိုဘဲ အားလုံးက ဦးတည်ထားတယ်” ဟု မုံရွာမြို့တွင် လက်ပံတောင်း
တောင်အရေး ဆောင်ရွက်နေသော ဆရာတော်တစ်ပါးက မြန်မာ့ခေတ်သို့ မိန့်ကြားသည်။

စူးရှ
ဓာတ်ပုံ - စူးရှ

ရန်ကုန်၊ ဇန်နဝါရီ ၇။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအဝင် အကြမ်းဖက်ဖြိုခွင်းမှု အတွက် နိုင်ငံတော်မှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခုလ မကုန်ခင်အတွင်း အစီအရင်ခံစာ တင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဌ အဖြစ် တာဝန်ပေးအပ်ထားခြင်း ခံရကြောင်း သိရပြီး ယခုလအတွင်းတွင်လည်း နိုင်ငံရပ်ခြား ခရီးစဉ် အဖြစ် ဟာဝိုင်ရီရှိ ဟိုနိုလူလူ အားသွား ရောက်မည် ဖြစ်ကြောင်းနှင့် ၎င်းကမှတစ်ဆင့် ကိုရီးယားသို့ ထပ်မံသွား ရောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ပံတောင်းတောင် အတွက် စုံစမ်းရေးကော်မရှင်က အချိန်ပြည့်အလုပ်
လုပ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော် နားတဲ့ အချိန်တွေမှာလည်း သွား တဲ့အဖွဲ့တွေရှိပါတယ်။ ဇန်နဝါရီ လကုန်ခါနီး အမေစု ခရီးသွားမယ်။ မသွားခင်မှာဘဲ လက်ပံတောင်းတောင် အရေးနဲ့ ပက်သက်ပြီး အစီရင်ခံစာ တင်မယ်လို့ သိရပါတယ်” ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဆက်လက်ပြီး လက်ပံတောင်းတောင်တွင် သပိတ်စခန်းများ ဖွင့်လှစ်ထား မှုနှင့် ပက်သက်၍ “ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ နစ်နာဆုံးရှုံး မှုတွေ မရှိဘဲနဲ့ ဘယ်သူမှ ဆန္ဒပြမှာ မဟုတ်ဘူး။ ဆန္ဒထုတ်ဖော်မှုတွေဟာ ကိုတော့ ကန့်ကွက်စရာ ဘာအကြောင်းမှမရှိပါဘူး။ ဒါပေမယ့် ဆန္ဒထုတ်ဖော် တဲ့ အခါနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းမှု အဆင့်လာရဦးမယ်။ အဲဒီအခါ အားလုံးယုံကြည်တဲ့ ဒေါ်စုပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ ရလဒ် ကို စောင့်ကြည့်စေချင်တယ်” ဟုထပ်မံပြောကြားသည်။

ယမန့်နေ့ ညနေပိုင်းတွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန်အတွက် သပိတ်စခန်းဖွင့်လှစ်ထားသော တုံရွာတွင် အရေးပေါ် အစည်းအဝေးကြီး ပြုလုပ်ခဲ့ကြောင်း သိရပြီး အဆိုပါ အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ မည်သို့ပင် ဆုံးဖြတ်စေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းအား ရပ်ဆိုင်းသွားရန် ဆက်လက် တောင်းဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပက်သက်၍ “ စုံစမ်း စစ်ဆေးရေးကော်မရှင်က အစီရင်ခံစာမှာ ဒီမှာရှိတဲ့ ကျေးရွာတွေကိုလည်း မဖျက်ခိုင်းဖို့ရယ်။ လယ်မြေတွေ ဆုံးရှုံးခဲ့တဲ့ သူတွေအတွက်လဲ ငွေရေးကြေး ရေး အနေနဲ့အကူအညီ ပြန်ပေးဖို့။နောက်ပြီး လက်ပံတောင်းမှလုပ်နေတဲ့ သတ္တုတူးဖော်ရေးနဲ့ ကုန်ကြမ်းတွေကို အရင်လုပ်ခဲ့တဲ့ စပါယ်တောင် မှာပြန်လုပ်ဖို့ စတဲ့ ဟာတွေ ပါဖို့ ဒီမှာရှိတဲ့ လူတွေက မျှော်လင့်ထားတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် လက်ပံတောင်းတောင် စီမံကိန်း ဖျတ်သိမ်း ရေးကိုဘဲ အားလုံးက ဦးတည်ထားတယ်” ဟု မုံရွာမြို့တွင် လက်ပံတောင်း တောင်အရေး ဆောင်ရွက်နေသော ဆရာတော်တစ်ပါးက မြန်မာ့ခေတ်သို့ မိန့်ကြားသည်။

စူးရှ
ဓာတ်ပုံ - စူးရှ

နေပြည်တော် သမ္မတရုံးက ငြင်းနိုင်ရင် ထပ်မံငြင်းပေးပါ။

သမ္မတရုံးက ငြင်းနိုင်ရင် ထပ်မံငြင်းပေးပါ။
=======================
ဇန်နာ၀၇ီလ ၆ ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်
အခု လိုင်ဇာ မြို့ထဲသို ဟောင်ဝေဇာ အမြောက်နဲ့ လှမ်းပစ်နေပါပြီ လိုင်ဇာမှာ အရပ်သားတွေ အများကြီး ရှိနေကြပါတယ် အခုအရပ်သားတွေကတော့ လိုင်ဇာ ကို တိုက်ရိုက် အခုလိုလက်နက်ကြီးတွေနဲ့ ပစ်သွင်းမယ်လို့ မထင်ထားတဲ့အတွက် ပြင်ဆင်မှု အားနည်းနေပါတယ်။
အခုဆို ကေအိုင်အေ စစ်သားဆိုလို့ လိုင်ဇာထဲမှာ မရှိပါဘူး လိုင်ဇာနဲ့ ၃ ဖာလုံအကွာမှာ အားလုံး အဆင့်ဆင့် ခံစစ်အတွက် နေရာယူထားကြပါတယ် ကျနော်တို့ အခု လိုင်ဇာ မြို့သူတဦးအား မေးကြည့်ရာ "လိုင်ဇာကို အခုလို လက်နက်ကြီးများနဲ့ ပစ်သွင်းတာကတော့ လူမဆန်ဘူးလို့ ပြောပါတယ်။ ကျမတို့က ဘယ်သူ့ အောက်မှာ မဆို ကိုယ့်ထမင်းကိုယ်စားပြီး နေ နေကြရတာပါ။"
"အခုလိုလုပ်တာကတော့ ကျမတို့ အတော်ကြီး ခံပြင်းတယ်" ဟု ပြောဆိုပါသည်။ လွန်ခဲ့သော ၂ရက်အကြာ သိမ်းခဲ့သော ပွိုင့် ၇၇၁ ကုန်းပေါ်ကနေ တလက်စပ် ပစ်နေပါတယ်။ပြီးတော့ ဟန်ကိုင်ကလည် အခု ထပ်မံပစ်ခတ်နေပါတယ်။ အခု ထပ်မံ ချေမှုန်းရေး လုပ်လာပုံက မြန်မာစစ်တပ်မှ အရပ်သားများ နေထိုင်နေသော နေရာများကို ပစ်ခတ်လာသည်ဟု သိရသည်။

(ဂိုရှယ်လေး)

လိုင်ဇာအနီး မြန်မာထိုးစစ် ပြင်းထန်

07.01.2013 by VOA

ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောင့်ကျနေကြရပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေက ကချင်ရွာတွေထဲ အထိကိုပါ ကျရောက်နေပြီးတော့ စစ်ပြေးဒုက္ခသည်စခန်းတွေအတွင်းမှာရှိတဲ့ ဒုက္ခသည်တွေ ကတုတ်ကျင်းတွေမှာ ဝင်ပြီး ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းက KIA ကချင်အမျိုးသားလွတ်မြောက်ရေးတပ် အခြေစိုက်ရာ လိုင်ဇာမြို့တ၀ိုက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာကြောင်း KIA နဲ့တွဲပြီး ခုခံစစ်ဆင်နွဲနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသ ပြောရေးဆိုခွင့်ရှိသူ ကိုလဆိုင်းက ပြောပါတယ်။

“ဒီမနက် တိုက်ပွဲအခြေအနေကတော့ အခု သူတို့ မုံးလိုင်းချောင်း အရှေ့ခြမ်းပေါ့နော်။ ဖုန်းယန် တဝိုက်ပေါ့။ ဖုန်းယန်နဲ့ လွယ်မောက်ယန်ကြား တောင်ကြောမှာ သူတို့ ထိုးစစ်ဆင်လာတယ်ပေါ့။ လက်နက်ကြီး ပစ်တာ ပိုများလာတယ်။ လက်နက်ကြီးပစ်တဲ့နေရာက သုံးနေရာ- လေးနေရာလောက် ရှိတယ်။ တော့ဖုန်းယန်၊ ဖုန်းပြင်တောင်ကနေပြီးတော့ ၁၀၅ မမ သုံးလက်နဲ့ ပစ်တယ်။ နောက်တခုက ဘုမ်ဆွမ်ကနေ ပစ်တယ်။ နောက်တခုက မဲန်မော်ကနေ ပစ်တယ်။ နောက် မဲန်တေးကနေ ပစ်တယ်။ အဲဒီလိုမျိုး လက်နက်ကြီးတွေ ချိန်ထားပြီးတော့မှ ဒီဘက် တကြောလုံးကို ပစ်နေကြတယ်။ မုံးလိုင်းချောင်းရဲ့ အနောက်ဘက်က ၇၇၁ တောင်ကြော အဲဒါလည်း သူတို့ ထိုးစစ်ဆင်နေတယ်။ မုံးလိုင်းချောင်းအရှေ့ခြမ်း ၊ မြစ်ကြီးနား၊ ဗန်းမော် ကားလမ်းနဘေး တလျှောက်မှာ ရှိတဲ့ တောင်ကြောတွေကို သူတို့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် သူတို့ကတော့ လိုင်ဇာကို အဓိက အပေါ်စီးကနေ ခြိမ်းခြောက်နိုင်အောင်လို့ ထိုးစစ်ဆင်နေတယ်လို့ ကျနော်တို့က ခန့်မှန်းပါတယ်။”

နှစ်ဖက်တိုက်ပွဲတွေအတွင်းကနေ ပစ်ခတ်နေတဲ့လက်နက်ကြီးကျည်ဆံတွေကြောင့်ရွာသားတွေ တိမ်းရှောင်နေရပြီး ရွာတွေအထိ လက်နက်ကြီးကျည်ဆံတွေ ကျရောက်နေတယ်လို့ ဆိုပါတယ်။

“သူတို့ ခုနက ပစ်တာဆိုလို့ရှိရင် လဝါယန်ဆိုလို့ရှိရင်တော့ လဝါယန်၊ လဂျာနဲ့ တမိုင် နှစ်မိုင်လောက် ပဲ ဝေးတဲ့ရွာပေါ့နော-လဝါယန်မှာဆိုလို့ရှိရင်တော့ အများကြီးလာကျတယ်။ ကျောင်းမှာ လာ ကျတော့- ကျောင်းနားဝန်းကျင်မှာ လာကျတယ်။ ဘယ်သူမှတော့ မရှိတော့ဘူး။ ရွာထဲမှာ ကျတယ်။ လိုင်ဇာအထဲမှာလည်း တစ်လုံးကျတယ်။ လိုင်ဇာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ဝန်းကျင်မှာ လက်နက်ကြီး ကျည်တွေ ကျရောက် ပေါက်ကွဲတယ်ပေါ့။ ဒေသခံတွေ အကုန်လုံးကတော့ ဘယ် အကုန် တိမ်းရှောင်နိုင်မလဲ၊ တရုတ်ပြည်ကိုပြေးဖို့ နေရာ- တရုတ်ပြည်ကို ဝင်မယ်ဆိုလို့ရှိရင်လည်း ဟိုတလောတုန်းကလည်း တရုတ်ရဲတွေက ဒုက္ခသည်တွေ အကုန်လုံးကို မောင်းပြန်ခိုင်းတယ်ဆိုတော့ ဒီဘက်က လူတွေလည်း လန့်နေတာပေါ့နော။ နေ့စဉ်နေ့တိုင်း မနက်မိုးလင်းတာနဲ့တော့ လက်နက်ကြီးသံတွေ ကြားနေရတဲ့အခါကျတော့ အထိတ်တလန့်တော့ ဖြစ်နေရတာပေါ့။ အမှန်ဆို ကျောင်းတွေ ဖွင့်ရတော့မှာ။ ကျောင်းတွေတောင်မှ လတ်တလော ထိုးစစ်ဆင်မှု အရမ်းများလာတဲ့အခါကျတော့ ခေတ္တ၊ ခဏ ပိတ်ထားတာ ကျနော်တို့ တွေ့ရတယ်။”

ကချင်ပြည်နယ်မှာ KIO/ KIA လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး ကို အဓိကပိတ်ဆို့ပြီး တပ်မတော် စစ်ကြောင်းတွေကို မိုင်းထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း နဲ့ပိတ်ဆို့ ခြိမ်းခြောက်မှုတွေလုပ်နေတဲ့ ပွိုင့် ၇၇၁ တောင်ကုန်းနဲ့ ပတ်ဝန်းကျင် ဒေသကို မြန်မာ့ တပ်မတော်က ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရတယ်ဆိုပြီး မြန်မာအစိုးရက ဇန်န၀ါရီလ ၄ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ခရစ္စမတ်ကာလကစပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်တွေသုံးပြီး ဗုံးကြဲ တိုက်ခိုက်မှု တွေကြောင့် ဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော်ဟာ ဒုက္ခသည်စခန်းတွေဆီကို ရောက် ရှိလာကြပြီး ဒီရက်ပိုင်းမှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒုက္ခသည် အရေအတွက် ပိုများ လာနေတယ်လို့ ဒုက္ခသည်စခန်းက တာဝန်ရှိသူ ဦးဒွဲပီစက ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ လေကြောင်းကနေ အကူရိက္ခာပို့တာလို့ ပြောပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂနဲ့ အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတွေက အပြစ်မဲ့ ပြည်သူတွေရဲ့ အသက် အန္တရာယ် ဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ကြဉ်စေလိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ မှာလည်း ကချင်စစ်ပွဲရပ်ဖို့ တောင်းဆိုမူတွေလည်း ရှိနေပါတယ်။ ကချင်ဒုက္ခသည်စခန်းတွင်းမှာတော့ ဒုက္ခသည်တွေအတွက် စိုးရိမ်ရတာကြောင့် ကတုတ်ကျင်းတွေ တူးပြီး အရေးပေါ်အသုံးပြုနိုင်ဖို့ စီစဉ်ထားကြောင်း ကချင်ဒုက္ခသည်စခန်းကော်မတီက တာဝန်ရှိသူ ဦးဒွဲပီဆကပြောပါတယ်။

“ကျနော်တို့ပတ်ဝန်းကျင်မှာ ဆက်တိုက်လိုလို တိုက်ပွဲတွေက နေ့တိုင်းလိုလိုဖြစ်နေတယ်လေ။ နောက် လက်နက်ကြီးတွေနဲ့လည်း နေ့တိုင်းလိုလို လှမ်းပစ်နေတယ်။ လေယာဉ်ပျံလည်းပဲ လာတိုက်တယ်။ ဗုံးလာကြဲတယ်ဆိုတော့ ကျနော်တို့က ဒုက္ခသည်တွေကို အမှုမဲ့ အမှတ်မဲ့ မနေကြဖို့ သတိထားပေးတဲ့အနေနဲ့ ကျနော်တို့ ဒီလို လုပ်ထားပေးတာပါ။ အကယ်၍များ ဖြစ်လာရင်လည်းပဲ သိပ်ပြီး စိတ်ချလုံခြုံတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေက အမှုမဲ့ အမှတ်မဲ့ မနေဘဲနဲ့ သတိထားပြီးမှ နေဖို့အတွက် ကျနော်တို့ အစီအစဉ်လုပ်ထားတာပါ။ အကယ်၍များ ဖြစ်လာခဲ့ရင် ခိုအောင်းနိုင်ဖို့ သတိပေးထားတာမျိုးမရှိရင် ကျနော်တို့က စိုးရိမ်တဲ့အတွက်ကြောင့် သတိပေးတဲ့ အနေနဲ့ တပ်လှန့်တဲ့သဘောပဲ။ ”

မြန်မာအစိုးရနဲ့ KIO တို့ဟာ ၁၇ နှစ်ကြာ အပစ်ရပ်စဲပြီးမှ နိုင်ငံရေးအရ ပြေလည်မှု မရတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လကစပြီး တိုက်ခိုက်မှုတွေ ပြန်စနေတာလည်း ဖြစ်ပါတယ်။

လိုင်ဇာအနီးမှာ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်

2013-01-07 by RFA

ကချင်ပြည်နယ်မှာ လဂျားယန်စခန်းနဲ့ တမိုင်လောက်သာဝေးပြီး ကေအိုင်အေ တပ်ရင်း ၂၄ အခြေစိုက်ထားတဲ့ ဖွန်းပျဉ်ဘွမ်ဆိုတဲ့ တောင်ကုန်းတဝိုက်ကို အစိုးရတပ်တွေက ဒီကနေ့ ဇန်နဝါရီလ ၇ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီကနေ့ မနက် ၉နာရီလောက်က ဟန်းကိုင်တောင်နဲ့ ဘွမ်ဆန် ဆိုတဲ့နေရာကနေ ကေအိုင်အေ စခန်းထိုင် အဲဒီ ဖွန်းပျဉ်ဘွမ်ဆိုတဲ့နေရာကို အစိုးရတပ်ဖက်က လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ ပစ်ခတ်ခဲ့တယ်လို့ အဲဒီနေရာတဝိုက်မှာရှိတဲ့ RFA သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ ညနေ ၃နာရီခွဲလောက်မှာ စစ်ရဟတ်ယဉ် ၃စီးနဲ့ ဂျက်တိုက်လေယဉ် ၂စီး ရောက်လာပြီး စစ်ရဟတ်ယဉ် ၂စီးကတော့ ဒီဇင်ဘာ ၃ဝရက်နေ့က အစိုးရတပ်တွေ သိမ်းပိုက်လိုက်တဲ့ ပွိုင့် ၇၇၁တောင်ကုန်းပေါ် ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ စစ်ဂျက်တိုက်လေယဉ် ၂စီးကတော့ အမြင့်ပိုင်းကနေ ခေတ္တ ပျံဝဲနေခဲ့ပြီး ရဟတ်ယဉ် ၂စီး ပျံတက်သွားပြီးနောက်ပိုင်း ဂျက်တိုက်လေယဉ် ၂စီးက အပေါ်ကနေပစ်ခတ်သွားတာကို မြင်တွေ့ရတယ်လို့ပြောပါတယ်။

အခုလို ပွိုင့် ၇၇၁တောင်ကုန်းကို ဆင်းသက်ရတဲ့အကြောင်းကတော့ လက်နက်ခဲယမ်းကျည်ဆံတွေ လာပို့တာဖြစ်နိုင်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်နဲ့ ကေအိုင်အေ တပ်မှုးတွေက ယူဆကြပါတယ်။ လိုင်ဇာဖက်မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုရဲထက်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/laiza-attack-mass-weapon-01072013093103.html

ယှဉ်တွဲ နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။"ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ)

Ar Mrat Khine's photo.
ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ)::::

“နောင်တစ်ချိန် ထပ်မဖြစ်စေဖို့က အတူယှဉ်တွဲနေထိုင်လို့ ဘယ်လိုမှ မရတော့ဘူးလို့ တောင်းဆိုနေတဲ့ ရခိုင်လူမျိုးတွေရဲ့ ဆန္ဒကို အလေး ထားသင့်တယ်။ ကြောက်စရာကောင်းတဲ့ အယူဝါဒရှိတဲ့ လူမျိုးတွေက အရမ်းအန္တရယ်ရှိတယ်။”

“ရခိုင်လူမျိုးတွေအနေနဲ့လည်း ယနေ့လက်ရှိ ကျင့်သုံးမယ်ဆိုတဲ့ နိုင်ငံသားဥပဒေအတိုင်း ကျင့်သုံးဖို့၊ ဥပဒေကို အလေးထားဖို့ တောင်းဆိုနေကြတယ်။ အရင်ကလို
နိုင်ငံတစ်ခု လုံးရဲ့ ရေရှည် အနာဂတ်ကို မျက်ကွယ်ပြုပြီး ကိုယ့်အတွက်ပဲ ကြည့်ခဲ့တဲ့ လူတွေ ထပ်ပေါ်လာရင် ဒီကိစ္စတွေက ပြီးသွားမှာ မဟုတ်ဘူး။”

“နောက်ပြီး အတူယှဉ်တွဲမနေနိုင်ဘူးလို့ ပြောတဲ့သူက လူ့အခွင့်အရေးပေတံနဲ့
အပုတ်ခံရတယ်ဗျ ဘင်္ဂါလီတွေ ဒေသခံတွေကို စော်ကားခဲ့တာတွေ၊ စီးပွား
ရေးတောင့်တင်း နေတာတွေဟာ အစိုးရအဆက်ဆက်က မြောက့်ပင့်ခဲ့
တာကြောင့် လို့ယူဆတယ်။ ခေတ်အဆက်ဆက် လက်ပေးလာက်ယူ နည်းတွေ မျိုးစုံနဲ့ နိုင်ငံတွင်းက ပင်လယ်ကမ်းစပ်မြို့တွေ၊ မြဝတီလိုနယ် စပ်မြို့တွေမှာလုပ်ငန်းရှင်ကြီးတွေအဖြစ်အကုန်ရောက်နေတယ်။ နယ်စပ်ကို ဘယ်လောက် ပိတ်ပိတ် ဝင်နေဦးမှာဘဲ။ ကျွန်တော်တို့ဆီမှာပင်လယ် လမ်းကြောင်း၊ ကုန်းတွင်းလမ်းကြောင်းကလည်း
လုံခြုံမှု မရှိဘူး။ လူတွေကလည်း ကြောက်လန့်နေရတယ်။ဒေသတွင်းမှာ ရှိတဲ့
စစ်တပ်က လည်း ချွတ်ချုံကြနေတယ်။”

“ဒီတော့ နောက်ကျောကို လုံအောင် ကာရမယ်။ ပြီးမှ ဒီမှာရှိတဲ့ လူတွေကို
ဥပဒေအရ ခွဲခြားပေးပြီး ရှိတဲ့ပြည် နယ်နဲ့ တိုင်းတွေမှာ ဘယ်လို ခွဲထားရမ
လဲဆိုတာကို အစိုးရက စဉ်းစားသင့်နေပြီ။”

“အစ္စရေးနဲ့ ဂါဇာလို ကျွန်တော် တို့ဆီမှာလည်း အုတ်တံတိုင်းကာမှ ဖြစ်တော့မယ်။ ဒီမှာကတော့ အတူယှဉ်တွဲ နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီနေ့ထိ ကျွန်တော်တို့ဆီက လယ်တွေ၊ သခွါးခင်းတွေကို မကြာခဏ လာ ဖျတ်ဆီး တယ်။ အခုဆိုအလုပ်မယ့်သူတွေတောင် မရှိတော့ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက သူတို့ဘာသာ လုပ်နေတယ် ဆိုပေမယ့် ထောင့်စေ့အောင် လုပ်လား၊မလုပ်လား ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးလေ။”

“ကော်မရှင်ဆိုတာက စုံစမ်းတာပဲရှိမယ်။ သွားကြည့် ကြတယ်။မေးသင့်တာမေးတယ်။အစီအရင်ခံစာလည်း တင်ပြီးပြီ။ အစီရင်ခံစာကို အကောင်အထည်ဖော်ရမှာက
အုပ်ချုပ်ရေးအာဏာပိုင်ဗျ။ အဲဒီနေရာမှာ လည်း အုပ်ချုပ်ရေးက နှစ်မျိုးရှိတယ်။ ဒေသနဲ့ဗဟိုပေါ့ဗျာ။ဒေသအုပ်ချုပ်ရေးအာဏာပိုင်ရဲ့ ပြုမှုဆောင်ရွက်ပုံဟာ အရမ်းကို အရေးကြီးတယ်။
ကျွန်တော် ကတော့ သိပ်အားမရဘူး။ ဒေသအာဏာပိုင်တွေရဲ့ ဖွဲ့စည်းပုံကလည်း မခိုင်မခန့် ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဒုတိယအကြိမ်ဖြစ်ပြီးတော့ ပဋိပက္ခအလွန် ချဉ်းကပ်ပုံက ပဋိပက္ခအသွင်ဆောင်တဲ့ ပုံစံမျိုးတွေ ဖြစ်လာရင် အရမ်း အန္တရယ်ရှိတယ်။”

Ref:မြန်မာ့ခေတ် ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ)::::

Ref:မြန်မာ့ခေတ်

Dropping bombs စစ်ဆင်ရေးကို စတင်ပြီ...

https://www.facebook.com/photo.php?v=386771338082573&set=vb.100002491307580&type=2&theater

သံဃာတော်အရှင်သူမြတ်များအား တင်လျှောက်ပန်ကြားခြင်း

မြန်မာနိုင်ငံအတွင်း နေထိုင်သီတင်းသုံးကုန်ကြသော သံဃာတော် အရှင်သူမြတ်များဘုရား...
တပည့်တော်တို့ ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) မှစစ်မက်ဖြစ်ပွားရာ ဒေသအတွင်းရှိ ပြည်သူလူထုကိုယ်စား လေးစားစွာ ပန်ကြားလျှောက်ထားအပ်ပါသည် ဘုရား...
တပည့်တော်တို့၏ တိုင်းပြည်သည် ဘာသာတရားများ ဖူးပွင့်စုံစွာ တည်ရှိလှပနေသည့် တိုင်းပြည်ဖြစ်ပါသည် ဘုရား ။
သာယာအေးချမ်းသောတိုင်းပြည်ကို စစ်အာဏာရှင် အစိုးရက စစ်ပွဲများ ဖန်တီး၍ ဖျက်စီးနေပါသည် ဘုရား
အတုမရှိ မြတ်စွာဘုရားရှင်သည် လူသားတို့ အား သွန်သင်ဆုံးမ ဟောကြားတော်မူခဲ့သော ဓမ္မနှင့် အဓမ္မ တရားများကို တပည့်တော် တို့ နာယူ၊ခံယူခဲ့ပြီးဖြစ်ပါသည်ဘုရား ...
ယခုအခါတွင် ကချင်ပြည်နယ်အတွင်း အဓမ္မတရားများပြည့်နှက်ပြန့်နှံ့နေသည်ကို အရှင်ဘုရားများလည်း သိရှိပြီးဖြစ်ပါမည်ဘုရား...
ထိုအဓမ္မတရားများကြောင့် ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားရာဒေသအတွင်းရှိ ပြည်သူလူထုများ ဒုက္ခပင်လယ် ဝေလျှက် အကူညီမဲ့ဖြစ်နေပါသည်ဘုရား ...ကလေးငယ်များ၊ သက်ကြီးရွယ်အိုများသည်လည်း အေးခဲလှတဲ့ဆောင်းရာ သီကြားမှာ စားဝတ်နေရေး ခက်ခဲလှသည့်အပြင် လက်နက်ကြီးများ၊ စစ်တိုက်လေယာဉ်တွေပေါ်ကနေ ရော့ကက် ဒုံးများ၊ ဗုံးကြီးများ၊ စက်သေနတ်များနဲ့ နေ့ရောညပါ ပစ်ခတ်ခံနေရသဖြင့် သတ္တ၀ါများ သေကြေပျက်စီး ဆုံးရှုံးနေရသလို၊ ပြည်သူအများ စိုးရိမ်ပူပန်ထိတ်လန့်ပြီး နေထိုင်နေရပါသည် ဘုရား....
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာဆွေးနွေးရန်နှင့် တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲ၍ စစ်ပြေငြိမ်းရန် အထူးလိုအပ်နေပါသဖြင့် ဆရာတော် အရှင်သူမြတ်များ အနေဖြင့် သတ္တ၀ါတို့၏ ဘေးဥပါတ်အန္တရာယ် ကျရောက်နေမှုအား ကြင်နာသနား ဂရုဏာထား၍ ကချင်ပြည်နယ်အတွင်း မတရားဆင်နွှဲနေသော အဓမ္မ စစ်ပွဲကို တခဲနက် ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်ပေးကြပါရန် တပည့်တော်တို့ ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) မှ ရိုသေလေးမြတ်စွာ လျှောက်ထားပန်ကြားအပ်ပါသည် အရှင်သူမြတ်များဘုရား....
ရက်စွဲ။ ၇ .၁ . ၂၀၁၃ ခုနှစ်
ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း)

https://www.facebook.com/photo.php?v=587299034620021

ရခိုင်စက်လှေ လုပ်သားအား ပင်လယ်ထဲတွင် ဘင်္ဂါလီများက သေနတ်ဖြင့်ပစ်ခတ်

Coral Arakan News Agency
ပေါက်တောမြို့နယ်၊ သဲခုံကျွန်းမှရေလုပ်သားတစ်ဦးဖြစ်သူ ကိုစံသန်းမောင် (ခေါ်) ချင်းတောင်း(၃၃နှစ်)သည် ယနေ့နံနက် ၃နာရီခွဲခန့်တွင် အွိုင်စတာမီးပြအနီးပင်လယ်ပြင်တွင် ကမ်းဝေးငါးဖမ်းလှေတစ်စီးမှ ငါးဝယ်ယူနေစဉ်၊ အနီးမှဖြတ်သွားသည့် ဘင်္ဂလီများပါသည်ဟု ယူဆရသည့်လှေတစ်စီးမှ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသွားသည် ဟု ဆိုသည်။ တိုက်ခိုက်ခံရသည့် နေရာ ၀န်းကျင်တွင် ဆင်တက်မော် ၊ အနောက်ရွဲ ၊ စစ်ကဲပြင် အစရှိသော ဘင်္ဂါလီ ရွာကြီးများ တည်ရှိကြသည်။ ဘင်္ဂလီ -ရခိုင်ပဋိပက္ခအပြီး ဘင်္ဂလီများသည် လုံခြုံရေးအားနည်းသောနေရာများတွင် ရခိုင်များအား ရန်စတိုက်ခိုက်လေ့ရှိပြီး တရားခံများအားဖမ်းဆီးရမိသည်ဟုမကြားရပေ။ ပြီးခဲ့သောဒီဇင်ဘာလ (၂၆) ရက်နေ့ ကလည်း ဂဏန်းဖမ်းနေသောပေါက်တောမြို့နယ် စိုင်တုတ်ရွာသားရခိုင်ရေလုပ်သားနှစ်ဦးအား ဘင်္ဂလီများက ဖမ်းဆီးသွားသဖြင့်ဒေသခံများ ကသွားရောက်ကယ်ဆယ်ရာ ဒဏ်ရာများဖြင့်လွတ်မြောက်လာသည်။ ယနေ့ဒဏ်ရာရှိသော ကိုချင်းတောင်းအား စစ်တွေနာရေးကူညီမှုအသင်းက စစ်တွေ အင်းပေါက်ဝကမ်းတွင် သွားရောက်ကြိုယူကာ စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။ ==================== သတင်း နှင့် ဓါတ်ပုံ - မင်းခရီ — 
ရခိုင်စက်လှေ လုပ်သားအား ပင်လယ်ထဲတွင် ဘင်္ဂါလီများက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်
စစ်တွေ ၊ ၇ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ( သတင်း) 
By Murm Khari
ပေါက်တောမြို့နယ်၊ သဲခုံကျွန်းမှရေလုပ်သားတစ်ဦးဖြစ်သူ ကိုစံသန်းမောင် (ခေါ်) ချင်းတောင်း(၃၃နှစ်)သည် ယနေ့နံနက် ၃နာရီခွဲခန့်တွင် အွိုင်စတာမီးပြအနီးပင်လယ်ပြင်တွင် ကမ်းဝေးငါးဖမ်းလှေတစ်စီးမှ ငါးဝယ်ယူနေစဉ်၊ အနီးမှဖြတ်သွားသည့် ဘင်္ဂလီများပါသည်ဟု ယူဆရသည့်လှေတစ်စီးမှ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသွားသည် ဟု ဆိုသည်။
တိုက်ခိုက်ခံရသည့် နေရာ ၀န်းကျင်တွင် ဆင်တက်မော် ၊ အနောက်ရွဲ ၊ စစ်ကဲပြင် အစရှိသော ဘင်္ဂါလီ ရွာကြီးများ တည်ရှိကြသည်။  
ဘင်္ဂလီ -ရခိုင်ပဋိပက္ခအပြီး ဘင်္ဂလီများသည် လုံခြုံရေးအားနည်းသောနေရာများတွင် ရခိုင်များအား ရန်စတိုက်ခိုက်လေ့ရှိပြီး တရားခံများအားဖမ်းဆီးရမိသည်ဟုမကြားရပေ။ 
ပြီးခဲ့သောဒီဇင်ဘာလ (၂၆) ရက်နေ့ ကလည်း ဂဏန်းဖမ်းနေသောပေါက်တောမြို့နယ် စိုင်တုတ်ရွာသားရခိုင်ရေလုပ်သားနှစ်ဦးအား ဘင်္ဂလီများက ဖမ်းဆီးသွားသဖြင့်ဒေသခံများ ကသွားရောက်ကယ်ဆယ်ရာ ဒဏ်ရာများဖြင့်လွတ်မြောက်လာသည်။ 
ယနေ့ဒဏ်ရာရှိသော ကိုချင်းတောင်းအား စစ်တွေနာရေးကူညီမှုအသင်းက စစ်တွေ အင်းပေါက်ဝကမ်းတွင် သွားရောက်ကြိုယူကာ  စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။
====================
သတင်း နှင့် ဓါတ်ပုံ - မင်းခရီ ရခိုင်စက်လှေ လုပ်သားအား ပင်လယ်ထဲတွင် ဘင်္ဂါလီများက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

သတင်း နှင့် ဓါတ်ပုံ - မင်းခရီ