Thursday, January 10, 2013

KIO စစ်ဆင်ရေးနှင့် အနာဂါတ် နိုင်ငံရေး ပြသနာ

( တရုတ်နိုင်ငံ အခြေစိုက် စစ်ရေး အကဲ ခတ် ဦးအောင်ကျော်ဇော နှင့် ရွှေဟင်္သာ သတင်းဌာနက မေးမြန်း ထားချက် )

10, January 2013 Written by ရွှေဟင်္သာသတင်းဌာန

မြန်မာ အစိုးရဘက်က မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ လဂျာယန်-လိုင်ဇာလမ်းကြောင်းပေါ်မှာရှိနေတဲ့ KIA တပ်တွေ ဒီလမ်းကြောင်းကနေ ဆုတ်ခွာပေးဖို့ ရာဇသံပေးခဲ့ ပြီး နောက်ပိုင်းမှာ တိုက်ပွဲများ ခါတိုင်းထက်ပိုမို ပြင်းထန်လာပါတယ်။ အစိုးရတပ်တွေဟာ KIA စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်လာတဲ့ အထိ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

တိုက်ပွဲတွေမှာလည်းဘဲ အစိုးရ တပ်ဘက်က လေကြောင်း ပစ်ကူတွေ အပါအဝင် တာဝေးပစ် ဟော်ဝစ်ဇာတွေ၊ လောင် ချာတွေ အသုံးပြုပြီးတော့ ရှေ့တန်းစစ်မြေပြင် တပ်တွေကို ပစ်ကူပေးခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အစိုးရဟာ KIO ဌာနချုပ်ကို ထိမ်းချုပ်နိုင်တဲ့ နေရာတွေကိုပါ ရယူလာနေပါတယ်။

KIO ကတော့ နိုင်ငံရေးအရ ဆွေးနွေးကြရင် လက်ရှိ ဖြစ်ပွား နေတဲ့စစ်ရေး ပြသနာတွေ အလိုလို ပြေလည်သွားလိမ့် မယ်လို့ပြောကြားချက်တွေ ရှိခဲ့ပေမဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့ ရွှေလီဆွေးနွေးမှာဘဲ ရပ်တန့်နေခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် ကချင်ကို ဘာကြောင့် စစ်ဆင်ရေး လုပ်နေရခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ် နိုင်မလဲ ? ဒီစစ်ပွဲကိုဘယ်လို အဆုံးသတ်ကြမလဲ ? ဆိုတာ တွေကို ဒီတိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေတဲ့ တရုတ်နိုင်ငံ အခြေစိုက် စစ်ရေး အကဲ ခတ် ဦးအောင်ကျော်ဇောကို ရွှေဟင်္သာ သတင်းဌာနက မေးမြန်း ထားပါတယ်။

ရွှေဟင်္သာ (မေး) - ကချင်ကို ထိုးစစ်ဆင်နေတဲ့ အစိုးရရဲ့ စစ်ရေး အကြောင်းပြချက် အပေါ်မှာ ဆရာ ဘယ်လိုသုံးသပ် ပါလဲ?

ဦးအောင်ကျော်ဇော (ဖြေ) - ဒါက လမ်းကြောင်းရှင်းဖို့ သူတို့ပြောပေမယ့် ဒါကအပေါ်ယံအကြောင်း ပြချက်ပါ၊ ဒါက အဓိကမဟုတ်ပါဘူး၊ လဂျားယန်က ကချင်တပ်တွေ ဆုတ်ပေးပါလို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ဆုတ်ပေး စေချင်ရင် လည်း ကချင်ဖက်ကဆုတ်ပေးမယ့် အနေအထားမှာရှိပါတယ်၊ အခုသူတို့ဟာက ဒီဇင်ဘာ (၃၀) ရက်နေ့က လည်း ၇၇၁ စခန်းကို သိမ်းလိုက်တယ်။ အဲတာ KIA တပ်ရင်း ၂၃ ရဲ့ဌာနချုပ် စခန်းပါ။ အရင်တုန်းက အတူတူ နေခဲ့တဲ့နေ ရာလေ။ အဲဒီ ၇၇၁ စခန်းအောက်မှာ သူတို့ စခန်း တစ်ခု ရှိပါတယ်၊ အဲဒီ စခန်းလောက်အထိ သူတို့လာလို့ရပြီးသား ပါ။ ဒီတော့ ၇၇၁ ကို တက်တိုက်စရာ လိုလားဗျာ။ အခုဆို နောက်ဆုံး ဖွန်ဗျဉ်ဘွမ် (KIA တပ်ရင်း ၂၄ ဌာနချုပ်) စခန်း အထိတောင် တက်တိုက်လာတယ်။ ဒီတော့ ဒီစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က လမ်းကြောင်းရှင်းဖို့ မဟုတ်နိုင် ဘူး လိုင်ဇာကို စစ်ရေး အရ ထိန်းချုပ်နိုင်ပြီး ခြိမ်းခြောက်လို့ရတဲ့ ကုန်းမြင့်စခန်းတွေကို သူတို့လိုချင်လို့ပဲ။

ရွှေဟင်္သာ (မေး) - ဓါတု လက်နက် အချို့ အသုံးပြု တယ်လို့ ရှေ့တန်း သတင်းတွေက ဆိုပါတယ်၊ ဒီအခြေ အနေ ပေါ်မှာ ဆရာသိထားတာလေး ပြောပြပေးပါ။

အောင်ကျော်ဇော (ဖြေ) - ဓါတု လက်နက် ဆိုတာတော့ လက်နက်အကြီးတော့ မဟုတ်ဘူး၊ အဆင့်မြင့်တဲ့ အမျိုးအ စားတွေမဟုတ်ဘူး၊ ဓါတု လက်နက် အမျိုး အစား လို့ပြောရင် အကြုံးဝင်တဲ့ ရိုးရိုး တန်းတန်း သာမန် စစ်ပွဲတွေမှာ သုံး တဲ့ လက်နက် အချို့ကို သုံးတာ ရှိပါတယ်၊ အဲဒီကျည်ဆံတွေကနေ အငွေ့တွေ ထွက်ပြီး မူးဝေ အော့အန် တာလောက် အဲလိုမျိုး အပျော့စား သုံးတာတွေ ရှိပါတယ်။ ဒါတွေ ကလည်း ဓါတု လက်နက်လို့ ပြောရင် အကြုံးဝင်ပါတယ်။ Chemical Warfare လောက်ထိ သုံးတာမဟုတ်ပါဘူး။

ရွှေဟင်္သာ (မေး) – ကချင်စစ်ရေး ပြသနာဟာ ငြိမ်းချမ်းရေး ဖြေရှင်း နိုင်သေးခြင်း မရှိတဲ့ နောက်ဆက်တွဲ ပြသနာလို့ သုံးသပ်ချက်တွေ ရှိပါတယ်၊ ဒီအပေါ် ဆရာ့ အမြင်ဘယ်လို ရှိပါသလဲ။

အောင်ကျော်ဇော (ဖြေ) - စစ်ရေးဆိုတာ နိုင်ငံရေးရဲ့ အဆက်ပဲလေ၊ နိုင်ငံရေး အရဖြေရှင်း နိုင်ရင် စစ်ရေး အရ ဖြေ ရှင်းနိုင်မယ်၊ အမှန်ပြောရရင် ဒီလမ်းကြောင်းဟာ ဖြေရှင်းနိုင်တဲ့ လမ်းကြောင်းပဲ ဖြစ်တယ်။ ကျွှန်တော်တို့ ပြောနေ တာ က နိုင်ငံရေးအရ ဆွေးနွေးနိုင်မယ့် အခြေအနေ အချက်အလက်တွေကို ဖန်တီးနိုင်ရန် တပ်တွေကို ရပ်ထားလို့ရတယ်၊ လိုင်ဇာကို မသိမ်းဘူး၊ လမ်းကြောင်း စိုးမိုးရေး သက်သက်ပဲ ဆိုရင် ဘာလို့ တပ်မ ၈၈၊ ၂၂၊ ၃၃၊ ၁၀၁ ပါ ရောက်နေ တာလဲ ဒီလောက် တပ်အင်အား လိုပါသလား၊ တက်နေတာက အခုမှ တက်နေတာ မဟုတ်ဘူး မနှစ် ကတည်းက တက်ထိုးနေတာလေ၊ လဂျားယန်မှာ သူတို့တပ်တွေရှိတယ်၊ ရဟတ်ယာဉ်တွေလည်း ဆင်းလို့ရတယ်၊ သူတို့အဓိက ရည်ရွယ်ချက်က လိုင်ဇာကို အထီးကျန် ဖြစ်အောင်၊ လိုင်ဇာက ကေအိုင်အိုရဲ့ စီးပွားရေး အဆောက် အအုံမြို့လေ၊ ဒီ တောင့်တင်းနေတဲ့ KIO လိုင်ဇာကို သူတို့က အားနည်းသွားအောင် Financial Blow လုပ်တာ၊ လိုင်ဇာကိုမသိမ်းဘူး၊ သိမ်းရင်သူတို့ နိုင်ငံရေး သိက္ခာကျတယ်။ အခု ၇၇၁ ကုန်းရတယ်၊ ဖွန်ဗျဉ်ဘွမ်ကို ရမယ်ဆိုရင် လိုင်ဇာကို မသိမ်းပေ မယ့် ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ရေး အရ ထိန်းချုပ် ထားနိုင်ပြီလေ။

ရွှေဟင်္သာ (မေး) – ဒီစစ်ပွဲရဲ့ အဆုံးသတ်က ဘယ်လို ဖြစ်လာနိုင်မလဲ

အောင်ကျော်ဇော (ဖြေ) - စစ်ပွဲက အချိန်တစ်ချိန်ရှိလာပြီဗျ၊ အမှန်ပြောရရင် ရပ်သင့် တယ်လို့ထင်ပါတယ်၊ အထူး သဖြင့် ထိုးစစ်ဆင်နေတာက ဗမာတပ်လေ၊ KIA က ခံစစ်ဆင်နေတဲ့ တပ်ကို၊ သူမရပ်ပဲ ဆက်ထိုးရင်တော့ ဒီ့ထက် ဆိုး ကျိုးတွေ အများကြီး မြင်ရမယ်။

တစ်အချက်က အမျိုး သားရေး ပြသနာကြီး ပေါ်လာတော့မယ်၊ ကချင်တွေရဲ့ ဗမာမုန်းတီးရေး စိတ်ဓါတ်တွေ ကိန်း အောင်းလာတော့မယ်၊ ဗမာတပ်က ရှေ့ကပြင်ထိုးနေတယ်ဆိုရင် သူတို့ နောက်တန်းတပ်တွေကို ကေအိုင်အေက ပြန် ထိုးလို့ရတယ်၊ ဝင်တိုက်ရမှာ၊ ဒါပေမယ့် အခု ကေအိုင်အေကမထိုးဘူး။ အဲလို မြို့ပေါ် တိုက်ပွဲတွေ ဖြစ်လာရင် အရပ် သားတွေ သေကြေမှု၊ ဒုက္ခ သည်တွေ အများကြီး ဖြစ်လာလိမ့်မယ်။

ဟိုတုန်းက ကရင်-ဗမာ အင်းစိန် တိုက်ပွဲ အပြီး မြင်ရတဲ့အဖြစ် အပျက်တွေမျိုး ခင်ဗျားတို့ မြင်ရ ကြားရတော့မှာ။ ဗမာ တပ်တွေ အနေနဲ့ လုပ်သင့်တာက စစ်အရှိန်လျော့၊ နိုင်ငံရေးအရ စကား ပြောနိုင်အောင် ကြိုးစား၊ ပြောချင်ရင် ပြော လို့ ရရမှာပေါ့။ အဖြေ ရှိရမှာပေါ့။ ခိုင်မာတဲ့ ကတိကဝတ် တွေပေး။ ပြသနာ ဖြစ်ထားရင် ပြသနာကို ရှင်းနိုင်မယ့် အ ဖြေ ရှိကို ရှိရမယ်။

အခု အနေအထားမျိုး ဗမာ တပ်ကဆက်ထိုးနေမယ်ဆိုရင် ကျွှန်တော် မြင်ယောင်တာတော့ ခင်ဗျားတို့ မကြာခင် ကြား ရမှာပါ၊ ကချင်ပြည်နယ်က မြို့ကြီးတွေရဲ့ ဘယ်မြို့တွေမှာ မြို့ပေါ်တိုက်ပွဲတွေ ဖြစ်လာတော့မယ်၊ အဲဒါ ဆိုရင် အရင် တုန်းကနဲ့ မတူတဲ့ ပြသနာတွေက အမျိုးသားရေး ပြသနာက ပိုကြီးထွားလာမယ်၊ ရထားတဲ့ ငြိမ်းချမ်းရေး အရှိန်လည်း ပျောက်သွားလိမ့်မယ်။

မြို့တွင်း မုန်းတီးမှုကြောင့် သတ်ဖြတ်မှုတွေဖြစ်လာလိမ့်မယ်၊ ခင်ဗျားတို့ ကြားမိလား မသိဘူး၊ ကရင်-ဗမာ အင်းစိန် စစ်ပွဲ အပြီး ဖြစ်ခဲ့တဲ့ ပြွှန်တာဆာ၊ ဒိုက်ဦး၊ ဖြူး တို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်မျိုး ဖြစ်လာခဲ့ရင် ကရင် ကိစ္စ တောင်မှ နှင်ပေါင်း (၆၀) လောက်လုံးပန်းလာရတယ်။ ကချင်ကိစ္စထပ်ဖြစ်လာရင် ကျွှန်တော်တို့ တိုင်းပြည် တိုးတက် ရေးက အဝေးကြီး ဖြစ်သွားလိမ့်မယ်။

လူကြီးသားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများက ကူညီလုပ်ကိုင်မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ

မြန်မာ့ စီးပွားရေး သတင်းများ  ဇန်နဝါရီ ၁၀၊ ၂၀၁၃

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးသားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများက ကူညီလုပ်ကိုင်မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများမှ အကွက်ဝယ်ယူ ဦးဆောင်ကူညီ လုပ်ကိုင်ပေးမှုများသည် ၆၀ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီး ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
''ကျောက်စိမ်း ကျောက်မျက် တင်ပို့ခြင်းကို အမေရိကန်အစိုးက ကန့်သတ်ထားတဲ့ အကြောင်းအရင်းကတော့ သူတို့ ပိတ်ပင် ကန့်သတ်ထားတဲ့သူတွေက ကျောက်မျက် ကျောက်စိမ်းအသင်းမှာ ပါဝင်နေလို့ ဖြစ်မယ်လို့ ယူဆပါတယ်။အရင် အစိုးရလက်ထက်က ခရိုနီတွေက ကျောက်မျက်အသင်းမှာ တာဝန်ယူထားတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးနေရတဲ့အတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။
အမေရိကန်အစိုးရက ကန့်သတ်ထားတဲ့ သူတွေ ကျောက်မျက်အသင်းမှာ တာဝန်တွေ မယူထားဘူးဆိုရင် ပတ်ဆို့မှုတွေ ရုပ်သိမ်းသွားနိုင်ပါတယ်''ဟု ဦးလှဆွေက ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးက ရရှိတဲ့ ငွေကြေးများကို ခ၀ါချရာတွင် ကျောက်စိမ်း ကျောက်မျက်က ရတယ်လို့ စာရင်းပြလျင် ငွေမဲမှ ငွေဖြူဖြစ်ဖို့ လွယ်ကူကြောင်း၊ မူးယစ်ဆေးဝါး နာမည်ပျက်ရှိသည့် အဖွဲ့အစည်း ကျောထောက်နောက်ခံ ကုမ္ပဏီများကိုလည်း လုပ်ကွက် ချထားပေးခြင်းများကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း ဦးလှဆွေက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုမှ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ရာတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ထွက်ကုန်များမပါရှိဘဲ ချန်လှပ်ခဲ့ခြင်းအပေါ် လုံးဝပြေလျော့ပေးရေး အမေရိကန်အစိုးရသို့ တောင်းဆိုပေးသွား ရန်အဆိုအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်၌ ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

ခရိုနီကြီးများ၏ အကူအညီနှင့် ပတ်သက်၍ ဒေါ်စု သဘောထား ထုတ်ဖော် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် NLD ၏ လူမှုရေးလုပ်ငန်းလုပ်ငန်းများကို ပံ့ပိုးနေသည်ဟုဆိုသည့် ခရိုနီများနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ထုတ်ဖော် ပြောကြားလိုက်သည်။ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပသည့် ဆဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေး ခတ္တနားနေချိန် မေးခွန်းကို NLD ဥက္ကဋ္ဌက ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

“ခရိုနီလို့ ခေါ်ခံရတဲ့သူတွေက NLD နဲ့ တခြား လူမှုရေးလုပ်ငန်းလုပ်သူတွေကို ပံ့ပိုးတယ်ဆိုလို့ရှိရင် ဘာဖြစ်လဲ ပံ့ပိုးပါစေပေါ့။ ပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿ ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့ နေရာမှာ သုံးတယ်ဆိုတာကောင်းတဲ့ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

NLD ၏ ရံပုံငွေပွဲအချို့နှင့် ပညာရေးဆိုင်ရာပွဲများတွင် Air Bagan, Sky Net နှင့် AGD Bank တို့မှ အဓိက အလှူရှင်များအဖြစ် ပံ့ပိုးပေးသည့် ကိစ္စရပ်များအတွက် ဝေဖန်မှုများရှိနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် က ခရိုနီအပေါ် ၎င်း၏ အမြင်ကို ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“NLD ကို ချဉ်းကပ်လာတာလား၊ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလားဆိုတာကို အန်တီ မကြည့်ဘူး။ လုပ်တာက ဘာအတွက် လုပ်တာလဲ ဘာကို ထောက်ပံ့တာလဲ၊ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူကို အကျိုးပြုမယ်၊ ဒီမိုကရေစီပြောင်းလဲရေးကို အကျိုးပြုမယ်၊ လိုအပ်နေတဲ့ ပညာရေး ကိစ္စတွေကို အကျိုးပြုမယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့် ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြုလုပ်ခဲ့သည့် ရံပုံငွေပွဲတွင် လေလံတင်ရောင်းချသည့် ဂစ်တာတလက်ကို ရွှေသံလွှင်ကုမ္ပဏီပိုင်ဆိုင်သည့် Sky Net ရုပ်သံလိုင်းပိုင်ရှင် ဦးဝင်းနိုင် က ကျပ် ၅၈၈ သိန်းဖြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အပြိုင် လေလံကြေးပေး၍ ဝယ်ယူခဲ့ပြီးနောက် NLD နှင့် ၈၈ စသည့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်ဆံမှုများ ရှိလာခဲ့ကြသည်။

ခရိုနီဆိုသည်မှာ ယခင် စစ်အစိုးရလက်ထက်များက ချမ်းသာလာပြီး တယောက်နှင့်တယောက် ချမ်းသာပုံချင်း မတူညီ၊ မတရားမှုများ လုပ်ခဲ့သလား၊ မလုပ်ဘူးလားဆိုသည်ကိုလည်း စိစစ်ရမည်၊ သို့သော် မည်သူပင်ဖြစ်စေ ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့ဟူ၍ သတ်မှတ်ရမည်ဖြစ်ပြီး ပြစ်မှုရှိသူများကိုလည်း ပြုပြင်ပိုင်ခွင့် ပေးရမည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

“လူတယောက်ကို ကြည့်တဲ့အခါ လူတွေဟာ တခါဆိုးလို့ အမြဲတမ်းဆိုးနေမယ်လို့ ပြောလို့မရပါဘူး” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး ဒီမိုကရေစီနိုင်ငံများတွင် သူဌေးဖြစ်နေသူများသည် ယခင်က စက်မှုတော်လှန်ရေးကာလက တရားမျှတသော နည်းလမ်းဖြင့် ဖြစ်ခဲ့ခြင်းမဟုတ်ဘဲ ခေါင်းပုံဖြတ်မှုတွေ ရှိခဲ့ကြောင်း၊နောက်ပိုင်းတွင် ပရိဟိတ လုပ်ငန်းများ လုပ်သည့် မိသားစုများ ဖြစ်လာကြောင်း ခရိုနီ သမိုင်းကြောင်းကို ရှင်းပြသေးသည်။

NLD ပါတီ ပညာရေး ကွန်ယက် နှစ်နှစ်ပြည့်၊ အခမဲ့ ပညာဒါန ကျောင်းများ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို ခရိုနီများဖြစ်ကြသည့် Sky Net ၊ Air Bagan နှင့် AGD Bank တို့မှ လုပ်ငန်းရှင်များက ငွေကျပ် သိန်း နှစ်ထောင်ကျော် လှူဒါန်းခဲ့ကြသည်။အဆိုပါရံပုံငွေပွဲမှ သိန်းပေါင်း ငါးထောင်ကျော် ရရှိခဲ့ပြီး စီစဉ်စရိတ် သိန်းနှစ်ထောင်ကျော်နှင့် ကျန်ငွေ အသားတင် သိန်း သုံးထောင်ကျော်ရှိသဖြင့် အဆိုပါငွေများကို နယ်စပ်ပညာရေးတွင် သုံးမည်ဟု NLD ပညာရေးကော်မတီက ဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန် ၂၀၁၅ တွင် စတင်လည်ပတ်မည်

ရန်ကုန်တိုင်း ဒေသကြီး သံလျင်မြို့နယ်တွင် အကောင်အထည်ဖော်နေသော သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းသည် လာမည့် ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင် လည်ပတ်နိုင်မည်ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် ကျင်းပသည့် သီလဝါ စက်မှုဇုန် နှင့်ပတ်သက်သော ရှင်းလင်းဆွေးနွေးပွဲအပြီးတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က စက်မှုဇုန်လုပ်ငန်းများ ၂၀၁၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“၂၀၁၅ မှာ စတင်လည်ပတ်နိုင်မယ်၊ အခုချိန်ကတည်းက နိုင်ငံပေါင်းစုံက ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေပြီ၊ အထူးစီးပွား ရေးဇုန်အတွက် Master plan(လုပ်ငန်းစီမံချက်)ကိုတော့ မြန်မာနိုင်ငံမှာ တခါမှမရှိသေးတဲ့ပုံစံမျိုး ဆွဲနေတယ်၊ အကုန်လုံးတော့ စနစ်ကျအောင် လုပ် သွားမယ်”ဟု ဝန်ကြီး ဦးဆက်အောင်က ပြောသည်။
အဆိုပါ စီမံကိန်းတည်ဆောက်ရေးတွင် ဂျပန်နိုင်ငံကရင်းနှီးမြှုပ်နှံသူအဖြစ် မြန်မာနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်ပြီး ဂျပန်ကုမ္ပဏီကြီးများဖြစ်သည့် Sumitomo ၊ Mitsubishi ၊ Marobuni ကုမ္ပဏီများနှင့် ဂျပန်အစိုးရအဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံရန် မြန်မာ-ဂျပန် သဘော တူ ညီချက် ရယူထားကြောင်း သိရသည်။ ယင်းစီမံကိန်း မြေဧရိယာ အကျယ်အ၀န်းသည် ဟက်တာ ၂၄၀၀ ရှိကြောင်း သီလ၀ါ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ၀န်ကြီး ဦးဆက်အောင်က ပြောသည်။
“ဂျပန်နိုင်ငံဘက်က မြန်မာအစိုးရကိုလည်း ပါဝင်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုပေမယ့် အကြောင်းပြန်ထားတာတော့ မရှိသေးဘူး၊ သူတို့ က အစိုးရပိုင်းပါဝင်မှ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ယုံကြည်မှုတွေရှိလာမယ်လို့ ပြောထားတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံခွင့် ပေးရန်အတွက် အများပိုင်ကုမ္ပဏီကြီး တည်ထောင်သွားပြီး ရှယ်ယာများ ရောင်းချ၍ ပြည်တွင်း၊ ပြည်ပ မခွဲခြားဘဲ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံခွင့်ကို တပြေးညီ လုပ်ကိုင် ခွင့်ပြုမည်ဟု သိရသည်။
“ပိုက်ဆံမရှိလို့ မလုပ်နိုင်တာမျိုးမဖြစ်အောင် ဂျပန်ဘက်က ချေးငွေဆောင်ရွက်ပေးမှာကြောင့် မလုပ်နိုင်စရာအကြောင်း လုံးဝမရှိဘူး၊ မြန်မာနိုင်ငံမှာလုပ်တဲ့စီမံကိန်းကို မြန်မာနိုင်ငံသားတွေအများဆုံး ပါနိုင်ဖို့ စဉ်းစားထားတယ်”ဟု ဦးဆက်အောင်က ပြောသည်။
ဆွေးနွေးပွဲ၌ UMFCCI ဥက္ကဌ ဦးဝင်းအောင်က “ထိရောက်မှု ရှိနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်မယ်၊ လုပ်သားကိစ္စတွေ အပါအဝင် အားလုံးကို အကျိုးရှိအောင် လုပ်သွားမှာပါ”ဟု ပြောသည်။သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း မြေနေရာများကို ဝယ်ယူရန်အတွက် လုပ်ငန်းရှင်များက စဉ်းစားကြသော်လည်း နိုင်ငံတကာ တွင် အကောင်အထည်ဖော်နေသော စီးပွားရေးဇုန်လုပ်ငန်း မြေနေရာများထက် အဆမတန် ဈေးမြင့်နေခြင်းကြောင့် သင့်လျော်သည့် နှုန်းထားဖြင့် လုပ်ကိုင်သွားနိုင်ရန် ညှိနှိုင်းနေကြောင်းလည်း သိရသည်။
ဆက်လက်၍ ဦးဆက်အောင်က“နိုင်ငံတကာမှာ ဖြစ်နေတဲ့ ဈေးထက် များနေတာကြောင့် အဲ့ဒီဈေးနဲ့တော့မသွားဘူး၊ သင့်တော်တဲ့နှုန်းနဲ့ပဲ သွားမယ်၊ လုပ်ငန်းရှင်တွေအရှုံးပေါ်အောင်တော့ လုပ်လို့မရဘူး”ဟု ပြောသည်။သီလဝါဇုန်အတွင်းရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT)တွင် ၁၆ နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့သည့် အငြိမ်းစား အရာရှိတဦးကလည်း“အထူး စီးပွားရေးဇုန် လုပ်မယ်ဆိုရင်တော့ လမ်းတွေကောင်းဖို့ လိုတယ်၊ ရေ လိုအပ်ချက်တွေလည်း ရှိတယ်၊ လျှပ် စစ်မီး ရရှိဖို့လည်း လိုတယ်၊ သီလဝါမှာက အဲ့ဒီလိုအပ်ချက် တွေအများကြီး ရှိနေတယ်”ဟု ပြောပြသည်။
လက်ရှိအခြေအနေအရ အလုပ်သမား ပြဿနာများ ရှိနေ၍ ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ ထိုအခြေအနေများကြောင့် လုပ်ငန်းရှင် များ အနေဖြင့် စက်ရုံတည်ဆောက်အရေးအတွက် စဉ်းစားနေကြရကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် ကုမ္ပဏီ လုပ်ငန်းရှင် တဦးဖြစ်သူ ဦးကျော်လင်း က ပြောဆိုသည်။သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် Master plan ကို လာမည့် ဒီဇင်ဘာ လကုန် အပြီးရေးဆွဲမည်ဖြစ်ပြီး နိုင်ငံတကာမှ ဥပဒေ ရေးရာ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းနေကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကော် မတီများ ဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

အလုပ်အကိုင်သစ်များ ဖန်တီးမည့် ရင်းနှီးမြှုပ်နှံမှု အရေးတကြီးလို

မြန်မာနိုင်ငံအနေဖြင့် အာရှကျားနိုင်ငံများကဲ့သို့ ပြည်ပပို့ကုန်ထုတ်လုပ်ရေးကို အခြေခံသည့် စီးပွားရေးစနစ်ကို ပြောင်းလဲရန် အရေးပေါ်လိုအပ်နေပြီး အလုပ်အကိုင်သစ်များကို ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မှသာ နိုင်ငံ့စီးပွား ခေါင်းထောင်နိုင်မည်ဟု ထိပ်တန်း အမေရိကန်မဂ္ဂဇင်း Foreign Policy ၏ ဆောင်းပါးတစောင်က တိုက်တွန်းရေးသားလိုက်သည်။
ဩစတြေးလျ မက်ကွာရီ တက္ကသိုလ်တွင် စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ယူ စာတမ်းအတွက် မြန်မာပြည် စီးပွားရေးကို လေ့လာနေသူ ဂျဲရက်ဘစ္စင်းဂါးက Think Again: Burma’s Economy ဆောင်းပါးတွင် မြန်မာ့စီးပွားရေးကို သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ သစ်၊ ကျောက်စိမ်းနှင့် သယံဇာတ ရောင်းရငွေများပေါ်တွင်သာ တည်မှီနေကြောင်း၊ မြန်မာ့ပို့ကုန် ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၉၀ ရာခိုင်နှုန်းမှာ ယင်းကဏ္ဍများတွင်သာ ဖြစ်ကြောင်း၊ ယင်းမှာ အလုပ်အကိုင်သစ်များကို မဖန်တီးပေးနိုင်ကြောင်း၊ အဆိုပါ ဝင်ငွေများမှာ အစိုးရအတွက် ကောင်းမွန်သော်လည်း အစိုးရမှာ ယင်းဝင်ငွေကို ကုန်ထုတ်လုပ်မှုတွင် ပြန်လည်ရင်းနှီးရန် မစွမ်းဆောင်နိုင်ကြောင်း ရေးသားထားသည်။
“ဤသို့ ဖြစ်နေသော်ငြား နေပြည်တော်တွင် ပြန့်နှံ့နေသော အမြင်သဘောမှာ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ညီမျှခြင်း ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်ပုံရသည်။ ထိုအယူအဆ မှားသည်။ ရင်းနှီးမြှုပ်နှံမှု ပုံစံ အမျိုးမျိုးသည် တိုင်းပြည် စီးပွားရေးအပေါ် အခြေခံကျကျ သက်ရောက်မှု အမျိုးမျိုး ဖြစ်စေသည်။ နည်းပညာနှင့် ကျွမ်းကျင်မှု အတတ်တို့ကို သယ်ဆောင်လာသည့် ရင်းနှီးမြှုပ်နှံမှုသည် အကျိုးရှိသည်။ သို့သော် သယံဇာတ ရင်းနှီးမြှုပ်နှံမှုမှာ အန္တရာယ်ရှိနိုင်သည်။ အကြောင်းမှာ ပြန်လည် အသုံးမချနိုင်သည့် ပိုင်ဆိုင်မှုများကို ရောင်းချခြင်းဖြင့်သာ ဝင်ငွေကို ဖန်တီးခြင်းကြောင့်ပင်” ဟု ထောက်ပြဝေဖန်ထားသည်။
ထို့အပြင် အရင်းခံ ပြဿနာမှာ အရင်းအနှီး မရှိ၍ မဟုတ်ဘဲ ကုန်ထုတ်လုပ်ရေးအတွက် စီးပွားရေးစနစ် ကိုယ်နှိုက်ကပင် အစွမ်းမထက်၍ ဖြစ်ကြောင်းလည်း ဆိုသည်။
ဥပမာအားဖြင့် ခြံ မြေ ဈေးများ ခေါင်ခိုက်အောင် မြင့်နေကြောင်း၊ မြေတဧက အမေရိကန်ဒေါ်လာ တသန်းကျော် ပေါက်နေကာ ဘန်ကောက်ထက်ပင် မြင့်ကြောင်း၊ တခြား အကြောင်းများကြောင့်လည်း ဈေးနှုန်းမြင့်လာရသော်ငြား အဓိက အကြောင်းတခုမှာ ရင်းနှီးမြှုပ်နှံရန် အခွင့်မရှိ၍၎င်း ဘဏ်များ၌လည်း အလုပ်မဖြစ်၍၎င်း တိုက် ခြံမြေ၊ ရွှေ၊ ကျောက်မျက် ဈေးကွက်များတွင်သာ ဝင်ရောက် ရင်းနှီးကြသောကြောင့်ဟု ရေးသားထားသည်။
တချိန်တည်းတွင် ကျေးလက်ဒေသများတွင် ငွေချေးနိုင်မှု လုံးဝကင်းမဲ့နေကြောင်း၊ အစိုးရ စိုက်ပျိုးရေး ဘဏ်များသည် တောင်သူများ လိုအပ်ချက်၏ သုံးပုံတပုံသာ ငွေထုတ်ချေးနိုင်ပြီး ပုဂ္ဂလိကဘဏ်များကို ငွေထုတ်မချေးရန် ပိတ်ပင်ထားကြောင်း၊ ထို့ကြောင့် ပြင်ပငွေချေးသူများထံတွင် တလ ၁၀ ရာခိုင်နှုန်း အတိုးဖြင့် ငွေချေးနေရ၍ လယ်သမားများ အကြွေးသံသရာလည်ကာ ဆင်းရဲတွင်းမှ ရုန်းမလွတ်နိုင်ဟုလည်း ဝေဖန်ရေးသားထားသည်။
စီးပွားရေးပိတ်ဆို့မှုမှာ တိုင်းပြည်စီးပွားရေးကို ထိခိုက်ခဲ့သော်လည်း ပုဂ္ဂလိကကဏ္ဍအတွက် အကြီးဆုံးပြဿနာ မဟုတ်ဟုလည်း ရန်ကုန်နှင့် မန္တလေးရှိ စီးပွားရေးသမားများကို ကိုးကား၍ဆိုသည်။ နှစ်ပေါင်းများစွာကြာ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍကို ဒုက္ခပေးနေသည်မှာ လျှပ်စစ်မီး မလုံလောက်ခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်း၊ လာဘ်စားခြင်းတို့ဖြစ်ပြီး ပြဿနာများမှာ အစိုးရ၏ လက်တွင်း၌သာရှိကြောင်း၊ စီးပွားရေးပိတ်ဆို့မှုမှာ ကြီးမားသော အမေရိကန်ဈေးကွက်ကို လက်လွှတ်ရခြင်းနှင့် အမေရိကန် ငွေကြေးဝန်ဆောင်မှုကို သုံးမရခြင်းတို့ကြောင့် နောက်ထပ် အကြီးဆုံး အခက်အခဲဖြစ်သည်ဟု ရေးသားသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ အမျိုးမျိုး ပြောင်းနေသည့် မူဝါဒ၊ ဘက်မလိုက်သည့် တရားစီရင်ရေး ကင်းမဲ့မှုစသည့် များမြှောင်သော အခြားအကြောင်းများကလည်း စီးပွားရေးလုပ်ငန်းများကို စရိတ် ပိုထောင်းစေကြောင်းလည်း ဆိုသည်။
ဆောင်းပါးရှင်က စီးပွားရေးပိတ်ဆို့မှုခံရသော ခရိုနီနှင့် စစ်တပ်ပိုင် ကုမ္ပဏီများအဖို့ ပိတ်ဆို့မှုကို ကျော်လွှားရန် ငွေကြေး အရင်းအမြစ်များနှင့် နိုင်ငံတကာ အဆက်အသွယ်ကောင်းများကို ရရှိထားပြီဖြစ်သော်လည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်သော အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်တို့က ပိတ်ဆို့မှုကြောင့် ခါးစည်း အခံရဆုံး ဖြစ်နေတော့သည်ဟု ဆိုထားသည်။
“စီးပွားရေး ဆက်လက် ပိတ်ဆို့ထားခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှု စိုးရိမ်ချက်များ ဖော်ထုတ်ခြင်းကို မကူညီနိုင်သလို ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးရေး တို့ကိုလည်း နှောင့်နှေးစေလိမ့်မည်” ဟု မှတ်ချက်ပေးထားသည်။
မြန်မာပြည် နိုင်ငံရေးဖွဲ့စည်းပုံ ပြောင်းလဲနေသော်လည်း စီးပွားရေး ချုပ်ကိုင်မှုက မပြောင်းလဲဘဲ ပုဂ္ဂိုလ်ရေး နီးစပ်မှုဖြင့်သာ စခန်းဆက်သွားနေကြောင်းလည်း ဆိုသည်။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုရာ၌ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အဆက်အသွယ်ကောင်းနှင့် ငွေရှိသူများသာ အခွင့်ထူး ခံစားကြရကြောင်း ထောက်ပြထားသည်။
မြန်မာပြည်အနေဖြင့် ခိုင်မာတောင့်တင်းသည့် အခွန်စည်းကြပ်မှုစနစ် ကင်းမဲ့နေပြီး အသစ်ပြုလုပ်ထားသော ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ ထပ်မံဝင်လာသော အခွန်အတုပ် များကိုလည်း မြန်မာပြည်သူတို့ မခံစားရကြောင်းလည်း ဆိုသည်။ (တပ်ပိုင် စီးပွားရေး လုပ်ငန်းများကလည်း အခွန်ပေးစရာ မလိုပေ။) “တိုင်းပြည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် ဆန့်ကျင်စွာ ပြုပြင်ပြောင်းလဲမှု အများအပြားသည် လက်တဆုပ်စာ လူနည်းစု ကောင်းစားရေးသို့သာ ဦးတည်နေတော့သည်” ဟု ဆောင်းပါးရှင်က မှတ်ချက်ပြုထားသေးသည်။
စီးပွားရေးနှင့် ပတ်သက်၍ အချင်းပွားနေသည်မှာ “ခေါင်းမာဂိုဏ်း” နှင့် “ပြုပြင်ရေးဂိုဏ်း” မဟုတ်ဟုလည်း ဆိုသည်။ အတိတ်ကို လွမ်းနေသူမှာ အနည်းငယ်မျှသာဟု ဆိုပြီး စီးပွားရေးစနစ်သစ်ကို မည်သို့ ပုံဖော်မည်ဆိုသည့်အပေါ် လွန်ဆွဲနေကြောင်းသာ ဖြစ်သည်ဟု ဆိုသည်။ တဘက်တွင် နိုင်ငံတကာဈေးကွက်သို့ တံခါးဖွင့်လိုက်သောကြောင့် အကျိုးအမြတ် ရရှိလာသော လုပ်ငန်းများနှင့် အဆင့်မှီ ကုန်ပစ္စည်းများအတွက် အမြဲ ဈေးပိုပေးနေရသော စားသုံးသူများရှိပြီး တခြားတဘက်တွင် စီးပွားရေး စနစ်ဟောင်းအောက်တွင် လုပ်ငန်း တည်ထောင်ခဲ့သူများနှင့် အကယ်၍ တိုင်းပြည်ကို တံခါးဖွင့်ရာတွင် အလွန်မြန် အရမ်းဖွင့်ပါက လုပ်ငန်း ဆုံးရှုံးသွားနိုင်သူများ ရှိကြောင်း ဆိုသည်။
ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအပေါ် ငြင်းခုံနေကြသော်လည်း တိုင်းပြည်၏ ၇၀ ရာခိုင်နှုန်း အလုပ်လုပ်နေကြသော စိုက်ပျိုးရေး ကဏ္ဍကဲ့သို့ အရေးပေါ် လိုအပ်နေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကိုမူ မေ့ထားကြကြောင်း ပြောသည်။ မြေယာများ သိမ်းယူမှုနှင့် မြေယာစီမံခန့်ခွဲရေးများမှာ လယ်သမားများအတွက် အကျိုးမရှိသလောက် ဖြစ်ကြောင်းလည်း ဆိုသည်။ လယ်စိုက်သူများ ငွေမဖြစ်ဟု ဆိုလိုက်ပြီး (စရိတ်ထောင်း သောကြောင့်) ငွေဖောင်းပွနှုန်း မြင့်နေပြီး (နိုင်ငံခြားငွေလဲနှုန်းကြောင့်) စပါးဈေးကျနေ၍ အကြွေးတင်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ဟု ဆိုထားသည်။ ချေးငွေနှင့် လက်လှမ်းမှီသော ကုမ္ပဏီများ၏ ကန်ထရိုက်စိုက်ပျိုးရေး လုပ်ငန်းသာ တွင်ကျယ်လာနေပြီး တောင်သူများ ကျောမွဲဘဝက လွတ်ဖွယ်မမြင်၍ ပုံဖျက်ထားသော မြန်မာ့စီးပွားရေးပင်ဟု နိဂုံးချုပ်ထားသည်။
ဆောင်းပါးရှင်က နောက်ဆုံးအကြံပြုချက်မှာ ကျေးလက်စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် ရေရှည်နည်းနာရှိမှ ဟူ၍ပင်။ အခွန်ကင်းလွတ်ခွင့် ပြုထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အဖြေမဟုတ်။ လယ်ယာ အလုပ်သမားများ၏ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးရန်၊ အမှန်တကယ် တိုင်းတာ တွက်ချက်နိုင်မည့် လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍ တည်ထောင်ရန်နှင့် သယံဇာတရောင်းရငွေများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အခြေခံ အဆောက်အဦများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှသာ တိုင်းပြည်စီးပွားရေး အစစ်အမှန် ဖွံ့ဖြိုးနိုင်မည်ဟု အကြံပြုထားသည်။

ရွှေ ဓာတ်ငွေ့ပိုက်လိုင်း လုပ်သားများ၏ လစာ တလနီးပါး မရသေးဟုဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း၊ ဓာတ်ငွေ့သန့်စင် စက်ရုံတည်ဆောက်ရေး လုပ်ငန်း စသည်တို့ကို တာဝန်ယူထားသည့် တွဲဘက် ကန်ထရိုက် ကုမ္ပဏီများက ဒေသခံ အလုပ်သမား များကို တလနီးပါးအထိ လုပ်ခ ရှင်းမပေးသည့် ဖြစ်ရပ်များ ရှိနေကြောင်း ကြားသိရသည်။
“တပတ်ကို တကြိမ် လုပ်ခတွေ ရှင်းပေးခဲ့တယ်။ အခု လုပ်ခ ရှင်းမပေးတာ ၂၈ ရက်ရှိပြီ။ တခြား လုပ်စရာလည်း မရှိတော့ ဒီမှာပဲ ဆက် အလုပ်ဆင်းနေရတယ်။ တချို့ လစာမရလို့ ဆက်မလုပ်တော့ တာတွေလည်း ရှိတယ်” ဟု ကျောက်ဖြူ မြို့နယ် မလည်ကျွန်း ကျေးရွာရှိ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွင် နေ့စားလုပ်နေသည့် ကိုခင်ရီက ပြောသည်။
နေ့စား အလုပ်သမားများသည် မနက် ခြောက်နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ အလုပ်ဆင်းရပြီး နေ့လယ်စာ စားချိန်နှင့် နားချိန်ကို မနက် ၁၁ နာရီခွဲမှ ၁ နာခွဲအထိ ရရှိကြောင်း သိရသည်။ အများအားဖြင့် မြေကျင်းတူး၊ မြေသယ် စသည့် အလုပ်များကို လုပ်ကိုင်ရပြီး လုပ်အားခအဖြစ် တရက်လျှင် ၃၅၀၀ ကျပ်နှုန်း ရရှိကြသည်။
“ကျနော်တို့က ဒီပိုက်လိုင်း စီမံကိန်းရဲ့ တစိတ်တပိုင်းကိုပဲ တာဝန်ယူထားတဲ့ တွဲဘက် ကန်ထရိုက်ဆိုတော့ ကျနော်တို့ အထက်က ကုမ္ပဏီကြီးတွေက ငွေရှင်းမှပဲ အလုပ်သမားခတွေ ပေးနိုင်ပါတယ်။ အခုလည်း ရစရာရှိတာ မရတော့ ကြန့်ကြာနေတာပါ” ဟု ပိုက်လိုင်း တည်ဆောက်ရေး တစိတ်တပိုင်းကို တာဝန်ယူထားသည့် MCC ကုမ္ပဏီမှ အလုပ်သမားရေးရာ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း သွယ်တန်းမှု စီမံကိန်းအတွက် ရခိုင်ပြည်နယ်အတွင်း ၂၀၂ ကီလိုမီတာ တည်ဆောက်ရန် တာဝန်ယူထားသည့် အိန္ဒိယ ကုမ္ပဏီတခုဖြစ်သည့် Punj Loid ကုမ္ပဏီမှ တာဝန်ရှိသူ တဦးကလည်း နေ့စား အလုပ်သမား များအတွက် လုပ်ခလစာများကို ၁၅ ရက်လျှင် တကြိမ်ထုတ်ပေးလေ့ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာမှုများ ရှိနိုင်သည်ဟု ဖြေရှင်းပြောဆိုသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ ပိုက်လိုင်း တည်ဆောက်ရေး၊ ဓာတ်ငွေ့သန့်စင် စက်ရုံ တည်ဆောက်ရေး စသည့် လုပ်ငန်းများအတွက် ဒေသခံ များကို အလုပ်ပေးထား နိုင်သော်လည်း ဒေသခံ အများစုမှာ နေ့စား အလုပ်သမားများ အဖြစ်သာ ရပ်တည်နေရကြောင်း သိရသည်။
“ကျနော်တို့ ဓာတ်ငွေ့ သန့်စင်စက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဒေသခံ ၃၀ ရာခိုင်နှုန်း ခန့်ထားပါတယ်။ အများဆုံးကတော့ မြေသယ်၊ ကျင်းတူးစတဲ့ အလုပ်ကြမ်းတွေမှာ ခန့်ထားတာပါ။ ကျနော်တို့ အနေနဲ့ ဒေသခံတွေကို ဒီထက်ပိုကောင်းတဲ့ အလုပ်အကိုင်တွေမှာ ခန့််ထားချင်ပေမယ့် ပညာအရည်အချင်း၊ လုပ်ငန်း ကျွမ်းကျင်မှုလိုအပ်ချက် တွေ အများကြီး ရှိတဲ့အတွက် အဲဒီလို မလုပ်နိုင်ပါဘူး” ဟု MGC ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးဇော်မင်းဦးက ဆိုသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ၀င်ရောက်လာချိန်တွင် ဒေသခံများ၏ ပညာရေး အခြေအနေ နိမ့်ကျမှု၊ လုပ်ငန်း မကျွမ်းကျင်မှု၊ အရည်အသွေး မပြည့်မီမှုတို့သည် မြန်မာနိုင်ငံအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ကြောင်း ရွှေ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆန့်ကျင် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ဦးဝင်းအောင်က ပြောကြားခဲ့သည်။
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို တရုတ်၊ အိန္ဒိယနှင့် ကိုရီးယား နိုင်ငံများနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့က ခွဲဝေ ရယူကြမည်ဖြစ်ကြောင်း သိရသည်။ ခွဲဝေယူရာတွင် တရုတ်နိုင်ငံမှ ရာခိုင်နှုန်း အများဆုံးအဖြစ် ၅၀ ဒဿမ ၉ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှရရှိမည့် သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ်အတွက် အသုံးပြုမည်၊ မပြုမည်ကို တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပေ။

ရွှေဓာတ်ငွေ့ပိုင်းလိုင်းကြောင့် ပျက်စီးသွားသည့်လယ်မြေများ အတွက် လျော်ကြေး မသေချာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းအတွက် မြေယာ သိမ်းယူခြင်း မခံရသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ၊ စားကျက်မြေ များအတွက် နစ်နာကြေး မရသည့် လယ်သမားများ ရှိနေသေးကြောင်း သတင်းရရှိသည်။
စက်ရုံ တည်ဆောက်မှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် တစ်ဧကလျှင် ကျပ် ၃ သိန်းခွဲနှုန်းဖြင့် ၂ နှစ်စာ လျော်ကြေး သတ်မှတ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက လယ်ယာမြေများကို ကုမ္ပဏီက ပြန်ဖော်ပေးမည်ဟု စာချုပ်တွင် ပါရှိကြောင်း သိရသည်။ ဓာတ်ငွေ့ သန့်စင် စက်ရုံတည်ဆောက်မှုကြောင့် လယ်မြေ ပျက်စီးခဲ့ရသည့် လယ်သမား ၉၀ ဦး ရှိသည့်အနက် ၅၈ ဦးသာ လျော်ကြေးရရှိပြီး ကျန်လယ်သမားများ လျော်ကြေး ရရှိရေးမှာ မသေမချာ ဖြစ်နေကြောင်း ကျောက်ဖြူ လူမှုကွန်ယက်က ဆိုသည်။
“စီမံကိန်း လုပ်နေတာပဲ သုံးလေးနှစ်ရှိနေပြီ။ အခုမှ လျော်ကြေး လာပေးတယ်။ လယ်သမားတွေက မခံနိုင်တော့လို့ မီဒီယာနဲ့ ဆက်သွယ်တော့မှ ပေးတဲ့ ပုံစံဖြစ်နေတယ်။ ပြီးတော့ ရတဲ့သူက ရ၊ မရတဲ့ သူက မရ ဖြစ်နေတယ်” ဟု ကျောက်ဖြူ လူမှုကွန်ယက်မှ ကိုထွန်းထွန်းနိုင်က ပြောသည်။
ကျောက်ဖြူမြို့နယ် လိပ်ခမော် ကျေးရွာအုပ်စုရှိ (MGC) ကုမ္ပဏီ၏ ဓာတ်ငွေ့သန့်စင် စက်ရုံတည်ဆောက်ရာတွင် မြေစာပုံခြင်းနှင့် တောင်ကုန်းများ ဖြိုဖျက်ခြင်းတို့ကြောင့် ပျက်စီးသွားသည့် လယ်ယာမြေနှင့် စားကျက်မြေများအတွက် ဇန်န၀ါရီလ ၅ ရက်နေ့က မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ တဆင့် နစ်နာကြေးများ ပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ငွေကြေးအခြေအနေအပေါ် မူတည်ပြီးတော့ ရတဲ့အတိုင်းအတာနဲ့ ပေးထားတာပါ။ အကုန်လုံးပေးမှာပါ။ အမြဲသိမ်းတွေ (လယ်ယာမြေ လုံးဝ သိမ်းလိုက်ခြင်း) ကို အရင်ကတည်းက ပေးတယ်။ အခုက ဒီဆောက်လုပ်ရေးကြောင့် မြေစာကျတာတို့၊ ရွှံ့ရည်ကျတာတို့၊ အဲဒီလို ပျက်စီးမှုကြောင့် ဖြစ်လာတာတွေကို ကျနော်တို့က ထပ်ပေးတာပါ” ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ဖွဲ့စည်းထားသည့် မြေယာနှင့် သီးနှံ လျော်ကြေးပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် လယ်မြေများ ပျက်စီးသည့် အပြင် စားကျက်မြေများလည်း ပျက်စီးမှုရှိကြောင်း၊ သို့ရာတွင် စားကျက်မြေများအတွက် လျော်ကြေးမရရှိကြောင်း ဒေသခံ လယ်သမားတဦးက ဆိုသည်။
“စားကျက်ဆိုတော့ မြေလွတ်မြေရိုင်းထဲ ပါသွားတာနေမှာ။ လျော်ကြေးမရဘူး။ စုဆောင်းထားတဲ့ ကောက်ရိုးက မိုးမကုန်ခင် ကုန်မှာ။ ကောက်ရိုးအသစ် မထွက်နိုင်ခင်စပ်ကြား၊ ကြားထဲက တလလောက်မှာ နွားတွေ ဘာကျွေးရမလဲ မသိသေးဘူး” ဟု ကျောက်ဖြူမြို့နယ် ပြားတဲ ကျေးရွာမှ လယ်သမား ဦးစံသာကျော်က ပြောသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ကို ဖြတ်သန်းသွားမည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အကောင်အထည် ဖော်ရာတွင် လယ်ယာမြေ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး နစ်နာကြေး၊ လျော်ကြေး ပေးမှုများမှာလည်း ညီမျှမှု မရှိဟု လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆို နေကြသည်။

SME ဖွံ့ဖြိုးရေး ကော်မတီများဖွဲ့

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME) များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ” နှင့် “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ” တို့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ပထမ ကော်မတီကို သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဒုတိယ ကော်မတီကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

မြန်မာ-အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပမည်

မြန်မာ-အမေရိကန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ လမ်းမတြော်မို့နယ် မင်းရဲကျော်စွာလမ်း UMFCCI အဆောက်အအုံ ပထမထပ် အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို UMFCCI အသင်းဝင်များနှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ ကုန်သည်များအသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး အဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းများ တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍ အပါဝင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆွေးနွေးချက်များ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယင်း ဆွေးနွေးပွဲ တက်ရောက်လိုသူများ အနေဖြင့် UMFCCI နိုင်ငံတကာ ဆက်ဆံရေးဌာနသို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ သတ္တုတွင်းအသင်း ဝင်ရန် မြန်မာလုပ်ငန်းရှင်များ အသင်းဖွဲ့မည် 

အာဆီယံ သတ္တုတွင်းအသင်းသို့ ဝင်နိုင်ရန်အတွက် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

“အသင်းချုပ်မှာ သတ္တုထုတ်လုပ်သူတွေ သန့်စင်သူတွေ ရောင်းယ်သူတွေ သတ္တုနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်း
အသီးသီးက လုပ်ငန်းရှင်ကုမ္ပဏီတွေ၊ ပညာရှင် အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းမှာ ဖြစ်ပါတယ်” ဟု အသင်းချုပ် ဖြစ်မြောက်ရေး ကော်မတီမှ ဦးစိုးမိုး က ပြောသည်။

ယင်းအတွက် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ ရွေးချယ်မှုကို နေပြည်တော်၊ သတ္တုတွင်း
ဝန်ကြီးဌာနရှိ သီရိရတနာခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။

“ဝင်ရောက် ရွေးချယ်ခံမယ်ဆိုရင် သတ္တုလုပ်ငန်း လုပ်နေသူ၊ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ အသင်းအဖွဲ့ကို စိတ်ဝင်စားသူ စတဲ့ အနေအထားများ ရှိရန် လိုအပ်ပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အသင်းချုပ် ဖွဲ့စည်းပြီးပါက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ခေတ်မီ စက်ယန္တာယားများ တင်သွင်းရေး၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ပူးပေါင်းဖြေရှင်းရန်၊ နိုင်ငံတကာ အတွေ့အကြုံများ ဖလှယ်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

“အာဆီယံ မိတ်ဖက်နိုင်ငံတွေ၊ အဲဒီနိုင်ငံတွေရဲ့ နောက်မှာ ပါလာနိုင်တဲ့ နိုင်ငံတွေ၊ အနောက် ဥရောပ နိုင်ငံတွေ ရင်းနှီးမြှုပ်နှံဖို့ လာရင် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းကို လာရောက်ဆက်သွယ် ဆွေးနွေးနိုင်အောင်
လို့ပါ၊ နိုင်ငံတကာမှာလည်း ဒီလို အသင်းတွေ ထားပြီး ဆက်သွယ်ကြရတာပါပဲ” ဟု ဦးစိုးမိုး က ပြောသည်။

လတ်ရှိတွင် မြန်မာနိုင်ငံ၌ သတ္တု၊ သတ္တုနှင့် ဆက်စပ်ပစ္စည်း လုပ်ကိုင်သည့် လုပ်ငန်းပေါင်း ၂၀၀ ကျော် ရှိနေကြောင်း သိရှိရသည်။ 

NLABR 
Web-site: 			www.nlabr.com
Facebook: 			Sa Maung
Facebook: 			Miraculous Master For English Language မြန်မာ့ စီးပွားရေး သတင်းများ ဇန်နဝါရီ ၁၀၊ ၂၀၁၃

Facebook: Miraculous Master For English Language

ငွေ ၃သိန်း မတန်သည့် လူ့အသက် တစ်ချောင်း

Nay Min's photo.
ငွေ ၃သိန်း မတန်သည့် လူ့အသက် တစ်ချောင်း

၁.၁.၂၀၁၃ ရက်နေ့ ညနေမှာ တစ်တန်းကျောင်းသားလေးက
 လမ်းဘေးမှာ ကစားနေရင်း စည်းမဲ့ကမ်းမဲ့လွှတ်ကျောင်းထားတဲ့ နွားအုပ်တစ်အုပ်ရောက်လာပြီး အထဲက နွားတစ်ကောင်က ကလေးငယ်ကို ကန်သွားခဲ့ပါတယ်။
ကလေးခမျာ လမ်းဘေးမှာပဲ လဲကျပီးသတိလစ်သွားတာခနခနပါပဲ။ လူကြီးတွေရောက်လာပီး နှာတွေမှုတ်မှ သတိပြန်လည်လာပြီး ဆေးခန်းသွား ပြခဲ့ပါတယ်။ ဆရာဝန်က 
ဘာမှမဖြစ်ဘူး ဆိုပြီ ဆေးနှစ်လုံးထိုးပြန်လွှတ်လိုက်ပါတယ်။

ဒါပေမယ့် ကာယကံရှင်မိသားစုက ကလေးမေးစေ့နာနေလို့ ဓါတ်မှန်ရိုက် ချင်တာနဲ့ သွားရိုက်ပီး ဘေးကပ်လျှက်က နောက်ထပ်ဆေးခန်းကို ထပ်ပြတော့ မေးစေ့ က အရိုးအက်သွားလို့ ဆေးရုံကို ချက်ချင်းတက်ဖို့ ဆေးစာရေးပြီး ညွှန်လိုက်ပါတယ်။

ဒါကြောင့် ဆေးရုံကို ချက်ချင်းတက်ပီး ဆေးကုသမှုခံယူပါတယ်။ ကုသမှု ခံယူတယ်သာပြောတယ်။ရောက်ကတည်းက ပါရာစီတမောနဲ့ ဘာမီတွန် နှစ်မျိုးဘဲ တိုက်တယ်တဲ့ဗျာ။ အံ့ရော.. ဆေးရုံတဲ့ဗျာ..။

နွားရှင်ကလည်း ကိုယ်တိုင်မလိုက်ပါဘဲ ကိုယ်စားလှယ်ဆိုသူကိုလွှတ်လို့ အဲဒီကိုယ်စားလှယ်က ငွေကိုးထောင် (၉၀၀၀)သာပေးပီး ဓါတ်မှန်ရိုက်ခပဲ ရှင်းပေးသွားပါတယ်။

နွားရှင်က နွားကိုရာဂဏန်းနီးပါး မွေးမြူပြီး ဒီလောက်တောင် ကရုဏာ ခေါင်းပါးသလားဗျာ။

ကလေးရဲ့မိခင်က ပုလင်းခွံကောက်ပီး ရောင်းတယ်၊ လဆန်းတစ်ရက်နေ့ ထီပေါက်စဉ် ရောင်းတယ်။ လင်ယောင်္ကျားနဲ့လည်း ကွဲနေတာ နှစ်ချီကြာနေပီ။ နေတာက ကျူးကျော်ရပ်ကွက်မှာ တစ်နှစ်လုံး ရေ၀ပ်နေတဲ့ အိမ်စုတ်သေးသေးလေးမှာပါ။

ဒီလောက်ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်ကို ဆေးရုံက ဂရုစိုက်သလားမမေးနဲ့။ လှည့်တောင်မကြည့်ဘူး။

အဲဒီလို စေတနာအပြည့်နဲ့ အပြုအစုကောင်းတဲ့ ဆေးရုံနဲ့ ကိုယ်ချင်းစာစိတ်ပြည့်ဝတဲ့ နွားရှင်အမျိုးသားကောင်းတို့ရဲ့ ကောင်းမှုတွေ ကြာင့် အပြစ်မဲ့တဲ့ကလေးငယ်လေးခမျာ (၅.၁.၂၀၁၃) နေ့မှာ သေဆုံးသွားခဲ့ ပါတယ်။

သေတော့မှ နွားရှင်ဘက်က( ကိုယ်စားလှယ်ပဲလာတာနော်) ငွေနှစ်သိန်းခွဲ ပဲနစ်နာကြေးဆိုပီး လာပေးပါတယ်။ ဒါတောင် သေသေချင်းတစ်သိန်းပဲ အရင်ပေးထားပီး ကျန်ငွေကို သဂြိုလ်ပီး မှ ပေးနိုင်မယ်တဲ့။ ဘယ်လောက်လူမဆန်လိုက်သလဲဗျာ။

ကျနော်ကိုလာအကူအညီတောင်းတော့ မနက် ၈း၃၀။ နေ့လည် ၁ နာရီိ သဂြိုလ်တော့မယ်။ အဲတော့မှ ကျနော်လည်း ချက်ချင်း အမှုဖွင့်ဖို့ အားချင်းလုပ်ရတော့တာပေါ့။ ကျနော် ရှေ့နေခမယူဘဲ စေတနာနဲ့ မခံချင်စိတ်ကြောင့် အကျိုးဆောင်ပေးတာပါ။

ကလေးအလောင်းက ဒဏ်ရာကို စစ်ဆေးမယ်ဆိုတော့ ပုံမှာမြင်တဲ့အတိုင်း ရင်ခွဲပြီးနေပြီ။ ဒီနေ့ရုံးပိတ်ရက်ဖြစ်နေတော့  ဆေးရုံမှာ အလောင်းကို ဘာတွေစစ်ဆေးထားသလဲဆိုတာ မသိရတော့ သဂြိုလ်ဖို့ကို မနက်ဖြန် ရွှေ့လိုက်ရတယ်။

မနက်ဖြန် ဆေးရုံက ဒဏ်ရာမစစ်ဆေးပဲ ရင်ခွဲလိုက်တယ်ဆိုရင်တော့ ဒီနေ့ ကျနော်ဖွင့်ခဲ့တဲ့ နွားရှင်ကို စွဲထားတဲ့အမှုမှာ နွားကြောင့်ရတဲ့ဒဏ်ရာကြောင့် သေတာပါလို့ သက်သေပြဖို့ ခဲယဉ်းသွားပီလေ။ ဒါကြောင့် မနက်ဖြန် ဆေးရုံမှာ ကလေးရဲ့ ရင်ခွဲစစ်ဆေးချက် အဖြေကို ရင်တမမနဲ့ စောင့်ကြည့်ရတော့မယ်။

ကျနော့်အမြင်ကတော့ ကလေးငယ် မသေသင့်ဘဲ သေဆုံးရတာပါ။ ကလေးငယ်ကို ပြုစုကုသမှု လိုအပ်ခဲ့တဲ့ ဆေးရုံရဲ့ ညံ့ဖျင်းမှုကြောင့်လား။
လူမှုရေးမရှိ၊ ဂရုဏာမရှိတဲ့ စည်မဲ့ကမ်းမဲ့ နွားတွေကိုလွှတ်ကျောင်းတဲ့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးသမား နွားရှင်ကြောင့်လား။

သေချာတာကတော့ သူတို့နှစ်ဦးစလုံး အပြစ်မကင်းကြပါဘူး။ ကြားထဲက အပြစ်မဲ့ကလေးငယ်ကတော့...သနားစရာဗျာ....
အသက်တစ်ချောင်းရဖို့ခဲယဉ်းရတဲ့ကြားထဲ...ရခဲလှတဲ့လူ့ဘ၀မှာ...
အင်း......ဆင်းရဲ့မှုကို ခုတုံးလုပ်ပြီး ယိုးမယ်ဖွဲ့ အပြစ်တင်ရတော့မှာပေါ့လေ။

ဆေးရုံကိုသွားစုံစမ်းတော့ သူတို့ ရင်ခွဲစစ်ဆေးပြီးသားမို့ ထပ်မစစ်ပေးနိုင်ပါဘူးတဲ့။ (သူတို့က မှုခင်းနဲ့ပတ်သက်တဲ့စစ်ဆေးတဲ့ ပုံစံနဲ့စစ်ဆေးတာလား...သာမန်အလောင်းစစ်ဆေးနည်းနဲ့စစ်ဆေးတာလား..ဆိုတာလည်း ရေရာသေချာတဲ့အဖြေ မရခဲ့ပါဘူး)

ကြားရတဲ့ သတင်းတွေကတော့ နွားရှင်က သူ့ကိုတရားစွဲလည်း ဂရုမစိုက်ပါဘူးတဲ့. အကြောင်းက ဆေးရုံအုပ်နဲ့သူ အပေးအယူတွေနဲ့ အလောင်းစစ်ဆေးတာတွေကို သေချာစီမံထားလို့ပါတဲ့.(ရပ်ကွက်ထဲက ကြားရတဲ့သတင်းပါ) သေချာဟုတ်မဟုတ်ကတော့ ဆေးစစ်ချက်အဖြေထွက်မှပဲ သိရမှာပေါ့။

အကယ်ရွေ့များ ဆေးစစ်ချက်အဖြေက နွားကန်ဒဏ်ရာကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ သုံးသပ်ချက်များပါလာရင် နွားရှင်အပေါ် ကျနော်တို့ စွဲဆိုထားတဲ့ အမှုက အဟောသိကံ ဖြစ်သွားနိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရဲစခန်းမှာ မနေ့က အမှုဖြစ်စဉ်တောင်မပြောရသေးဘူး စခန်းမှုးကဘာပြောလဲဆိုတော့ ...ကလေးမသေဆုံးခင် ကုတင်ပေါ်က လိမ့်ကျတယ်မလားတဲ့.....
စဥ်းစားကြည့်ပါ....သူပြောလိုက်တဲ့စကားအတိမ်အနက်က ဘယ်လိုဥိးတည်နေတယ်ဆိုတာ...ဆိုလိုတာ..ကလေးကပဲ ကုတင်ပေါ်ကပြုတ်ကျလို့ သေတဲ့ပုံစံမျိုး....
ထမင်းစားကြည့်တဲ့သူတိုင်း စဉ်းစားတတ်ပါတယ်.....

ကျနော်စဉ်းစားကြည့်တာတစ်ခုရှိတယ်..ကလေးက ကုတင်ပေါ်ကပြုတ်ကျတာ ခေါင်းနဲ့လုံးဝမထိဘူး..ထိုင်လျှက်အနေအထားနဲ့ကျတာ။ ကုတင်ပေါ်ပြန်တင်တော့ နာတယ်ဆိုပြီး အော်ဟစ်ရင်း ဆုံးသွားတာပါ။ဒီတော့ စဉ်းစားမိတာက နွားကန်ခံရစဉ်က ရင်ညွန့်နံရိုးများ အကယ်ရွေ့ ကျိုးခဲ့ရင် သာမန်အခြေအနေမှာ မသိသာပေမယ့် ပြင်းပြင်းထန်ထန်လှုပ်ရှားမိရင် ကိုယ်တွင်း ကလီစာတွေကို ကျိုးတဲ့နံရိုးက ထိုးစိုက်မိပြီး သေဆုံးတတ်တယ်ဆိုတာ ကျနော်ကြားဖူး တွေ့ဖူးလို့ပါ.
အခုကလေးလည်း ဒီလိုပဲလို့ကျနော် ထင်ပါတယ်။

နောက်တစ်ခုက ဆေးရုံမတက်ခင် ရိုက်ခဲ့တဲ့ ဓါတ်မှန်ကို အပြင်ဆရာဝန်က ကြည့်ဲပီး မေးရိုးကျိုးလို့ ချက်ချက်းဆေးရုံတက်ခိုင်းတာကို ရင်ခွဲစစ်တော့ မေးရိုးကို ခွဲစိတ်စစ်ထားတာ မတွေ့ရဘူး။

မနက်ဖြန်နေ့လည် ၁ နာရီမှာတော့ ကလေးငယ်ကို သဂြိင်္ုလ်ပါတာ့မယ်။
ဆေးရုံဆေးစာက ကျနော်တို့ အတွက် အသုံးမကျဘဲ နွားရှင်ဘက်က အသာပေးရေးထားမယ်ဆိုရင်တော့ ကျနော်တို့က နွားရှင်ဘက်က မြှားကို ဆေးရုံဘက်ကို လှည့်ရတော့မယ်ထင်တယ်။ နွားရှင်ကို မိမိနစ်နာမှုအတွကိ အရေးဆိုရာကနေ နောက်ထပ် လူအများ ကလေးငယ်လို ဆေးရုံရဲ့ ပေါ့ဆကုမှုကြောင့် မလိုလားအပ်ဘဲ အသက်မဆုံးရုံးရအောင် လုပ်ဆောင်ရတော့မယ်လေ။

ကလေးရဲ့မိဘတွေဘက်က အရှင်ဦးဝီရသူ(မစိုးရိမ်)ကို လိုအပ်လာရင် အကူအညီတောင်းဖို့နဲ့ မဖြစ်မနေအခြေအနေရောက်ခဲ့ရင် ကလေးငယ်ကို သာဓကပြပြီး ဆေးရုံတွေရဲ့ ပေါ့ဆမှု၊ ဂရုမစိုက်မှု၊ အလေးအနက်မထားမှု၊ တို့ကို သိရှိပြုပြင်နိုင်ဖို့ ဆန်ဒ ဖော်ထုတ်ကြမယ်လို့လဲ ကြားသိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ. ကျနော်ကတော့ ဥပဒေဘောင်ထဲက အတတ်နိုင်ဆုံးကြိုးစားပြီးမှ နောက်ဆုံးအဆင့်ကို ရွေးစေချင်တယ်။

အကယ်ရွေ့နစ်နာသူဘက်က အမှန်တရား ရပ်တည်မှုမရှိလို့ လုပ်သင့်လုပ်ထိုက်တာကို ကလေးမိဘနဲ့ အမှန်တရားမြတ်နိုးသူတွေက လုပ်ဆောင်ခဲ့ရင် မိတ်ဆွေတို့အနေနဲ့ ထောက်ခံအားပေးကြမှာလား....လို့ မေးချင်ပါတယ်ဗျာ..

(၁).... ဆေးရုံကိုသွားစုံစမ်းတော့ သူတို့ ရင်ခွဲစစ်ဆေးပြီးသားမို့ ထပ်မစစ်ပေးနိုင်ပါဘူးတဲ့။ (သူတို့က မှုခင်းနဲ့ပတ်သက်တဲ့စစ်ဆေးတဲ့ ပုံစံနဲ့စစ်ဆေးတာလား...သာမန်အလောင်းစစ်ဆေးနည်းနဲ့စစ်ဆေးတာလား..ဆိုတာလည်း ရေရာသေချာတဲ့အဖြေ မရခဲ့ပါဘူး) ကြားရတဲ့ သတင်းတွေကတော့ နွားရှင်က သူ့ကိုတရားစွဲလည်း ဂရုမစိုက်ပါဘူးတဲ့. အကြောင်းက ဆေးရုံအုပ်နဲ့သူ အပေးအယူတွေနဲ့ အလောင်းစစ်ဆေးတာတွေကို သေချာစီမံထားလို့ပါတဲ့.(ရပ်ကွက်ထဲက ကြားရတဲ့သတင်းပါ) သေချာဟုတ်မဟုတ်ကတော့ ဆေးစစ်ချက်အဖြေထွက်မှပဲ သိရမှာပေါ့။ အကယ်ရွေ့များ ဆေးစစ်ချက်အဖြေက နွားကန်ဒဏ်ရာကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ သုံးသပ်ချက်များပါလာရင် နွားရှင်အပေါ် ကျနော်တို့ စွဲဆိုထားတဲ့ အမှုက အဟောသိကံ ဖြစ်သွားနိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရဲစခန်းမှာ မနေ့က အမှုဖြစ်စဉ်တောင်မပြောရသေးဘူး စခန်းမှုးကဘာပြောလဲဆိုတော့ ...ကလေးမသေဆုံးခင် ကုတင်ပေါ်က လိမ့်ကျတယ်မလားတဲ့..... စဥ်းစားကြည့်ပါ....သူပြောလိုက်တဲ့စကားအတိမ်အနက်က ဘယ်လိုဥိးတည်နေတယ်ဆိုတာ...ဆိုလိုတာ..ကလေးကပဲ ကုတင်ပေါ်ကပြုတ်ကျလို့ သေတဲ့ပုံစံမျိုး.... ထမင်းစားကြည့်တဲ့သူတိုင်း စဉ်းစားတတ်ပါတယ်..... ကျနော်စဉ်းစားကြည့်တာတစ်ခုရှိတယ်..ကလေးက ကုတင်ပေါ်ကပြုတ်ကျတာ ခေါင်းနဲ့လုံးဝမထိဘူး..ထိုင်လျှက်အနေအထားနဲ့ကျတာ။ ကုတင်ပေါ်ပြန်တင်တော့ နာတယ်ဆိုပြီး အော်ဟစ်ရင်း ဆုံးသွားတာပါ။ဒီတော့ စဉ်းစားမိတာက နွားကန်ခံရစဉ်က ရင်ညွန့်နံရိုးများ အကယ်ရွေ့ ကျိုးခဲ့ရင် သာမန်အခြေအနေမှာ မသိသာပေမယ့် ပြင်းပြင်းထန်ထန်လှုပ်ရှားမိရင် ကိုယ်တွင်း ကလီစာတွေကို ကျိုးတဲ့နံရိုးက ထိုးစိုက်မိပြီး သေဆုံးတတ်တယ်ဆိုတာ ကျနော်ကြားဖူး တွေ့ဖူးလို့ပါ. အခုကလေးလည်း ဒီလိုပဲလို့ကျနော် ထင်ပါတယ်။ နောက်တစ်ခုက ဆေးရုံမတက်ခင် ရိုက်ခဲ့တဲ့ ဓါတ်မှန်ကို အပြင်ဆရာဝန်က ကြည့်ဲပီး မေးရိုးကျိုးလို့ ချက်ချက်းဆေးရုံတက်ခိုင်းတာကို ရင်ခွဲစစ်တော့ မေးရိုးကို ခွဲစိတ်စစ်ထားတာ မတွေ့ရဘူး။

မနက်ဖြန်နေ့လည် ၁ နာရီမှာတော့ ကလေးငယ်ကို သဂြိင်္ုလ်ပါတာ့မယ်။ ဆေးရုံဆေးစာက ကျနော်တို့ အတွက် အသုံးမကျဘဲ နွားရှင်ဘက်က အသာပေးရေးထားမယ်ဆိုရင်တော့ ကျနော်တို့က နွားရှင်ဘက်က မြှားကို ဆေးရုံဘက်ကို လှည့်ရတော့မယ်ထင်တယ်။ နွားရှင်ကို မိမိနစ်နာမှုအတွကိ အရေးဆိုရာကနေ နောက်ထပ် လူအများ ကလေးငယ်လို ဆေးရုံရဲ့ ပေါ့ဆကုမှုကြောင့် မလိုလားအပ်ဘဲ အသက်မဆုံးရုံးရအောင် လုပ်ဆောင်ရတော့မယ်လေ။ ကလေးရဲ့မိဘတွေဘက်က အရှင်ဦးဝီရသူ(မစိုးရိမ်)ကို လိုအပ်လာရင် အကူအညီတောင်းဖို့နဲ့ မဖြစ်မနေအခြေအနေရောက်ခဲ့ရင် ကလေးငယ်ကို သာဓကပြပြီး ဆေးရုံတွေရဲ့ ပေါ့ဆမှု၊ ဂရုမစိုက်မှု၊ အလေးအနက်မထားမှု၊ တို့ကို သိရှိပြုပြင်နိုင်ဖို့ ဆန်ဒ ဖော်ထုတ်ကြမယ်လို့လဲ ကြားသိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ. ကျနော်ကတော့ ဥပဒေဘောင်ထဲက အတတ်နိုင်ဆုံးကြိုးစားပြီးမှ နောက်ဆုံးအဆင့်ကို ရွေးစေချင်တယ်။ အကယ်ရွေ့နစ်နာသူဘက်က အမှန်တရား ရပ်တည်မှုမရှိလို့ လုပ်သင့်လုပ်ထိုက်တာကို ကလေးမိဘနဲ့ အမှန်တရားမြတ်နိုးသူတွေက လုပ်ဆောင်ခဲ့ရင် မိတ်ဆွေတို့အနေနဲ့ ထောက်ခံအားပေးကြမှာလား....
လို့ မေးချင်ပါတယ်ဗျာ.....

သြော် အဲဒါကြောင့် ဒေါ်စုက ပြောခဲ့တာ ထင်ပါတယ် စီးပွားရှာ ချင်ရင်
ဆရာဝန် မလုပ်နဲ့တဲ့ သြော်    .............ငွေ ၃သိန်းတောင်
မတန်တဲ့ အသက် တစ်ချောင်းပါလား

သြော်...မျက်ရည် ၀ဲမိပါတယ်

From:KoHein TayZa

လွှတ်တော် ဥက္ကဋ္ဌက အမတ်များကို သတိပေး

ပြည်ထောင်စု လွှတ်တော်နာယက အမတ်များကို သတိပေး

နေပြည်တော်၊ ဇန်နဝါရီ ၁၀

ယနေ့ကျင်းပ ပြုလုပ်သည့် ဆဌမ အကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ်များကို ခွင့်ပျက်ကွက်မှု မရှိစေရန် သတိပေး ပြောကြားလိုက်ကြောင်း နေပြည်တော် သတင်းထောက်က သတင်းပေးပို့သည်။

ယခု သုံးလနီးပါးကြာ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍရေး ကိစ္စရပ်များ ဆွေးနွေးရန် ရှိသောကြောင့် ယင်းသို့ သတိပေး ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပသော ပဉ္စမအကြိမ် အဆိုပါ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး ခွင့်ယူ ပျက်ကွက်ခဲ့ရာ အများဆုံးခွင့်ယူသည့် အမတ်ဦးရေ အဖြစ် စံချိန်တင်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ပြောကြားသည်။
Voice

The Voice

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ခ်ျဆိုးရော့စ်တွေ့ဆုံ

DVB TV News
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါ ၁၀ ရက် ညနေ ၅ နာရီက နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်မှာ အမေရီကန်နိုင်ငံ Open Society Foundation ရဲ.ဥက္ကဋ္ဌ ဖြစ်သူ ဂျော့ခ်ျဆိုးရော့စ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တိုင်းမ် မဂ္ဂဇင်းရဲ့ ယခုအပတ်ထုတ် မဂ္ဂဇင်း မျက်နှာဖုံးဦးသိန်းစိန်အလှည့်

Hmuu Zaw

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ယခုအပတ်ထုတ် မဂ္ဂဇင်း မျက်နှာဖုံး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့  အတွေးအမြင်၊ ဘဝဖြတ်သန်းမှု၊ ပြုပြင်ပြောင်းလဲမှုနောက်ခံအကြောင်းရင်း၊ အနာဂတ်မျှော်မှန်းချက်၊ စိန်ခေါ်မှုများနဲ့ ဖြေရှင်းမည့်အာဂျင်ဒါများ စသည်တို့ကို HANNAH BEECH ကိုယ်တိုင် သီးသန့်တွေ့ဆုံမေးမြန်းပြီး ရေးသားဖော်ပြထားပါတယ်။

HANNAH BEECH ဟာ နိုင်ငံတော်သမ္မတကြီး မွေးဖွားရာ ကျုံကူးရွာကလေးကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရှုထောင့်ပေါင်းစုံက ရေးသား ဖော်ပြထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

မဂ္ဂဇင်း ကာဗာမှာတေ့ နိုင်ငံတော်သမ္မတကြီးရဲ့ ဓါတ်ပုံနဲ့အတူ
President Thein Sein is trying to transform a military state into thriving democracy.
Can he succeed -and will Burma's generals let him? ဆိုပြီး ဖော်ပြထားပါတယ်။